← Chapters

သတ်မှတ်ချက်များ

Vol. 51 Ch. 840

သတ်မှတ်ချက်များ

Vol. 51 Ch. 840

မာရီယာ၏ မျက်နှာသွင်ပြင်နှင့် နတ်မိမယ်နဂါးဟူသော သရုပ်တို့ကြောင့် ချန်လွေ့ အံ့အားသင့်သွားခဲ့သည်။ ဇိုလာက နဂိုက လူသားလောကကနေ လာခဲ့ပြီးတော့ သုတေသနနဲ့ စူးစမ်း ရှာဖွေဖို့အတွက် နတ်ဆိုးဘုံကို ရောက်လာတာလို့ ပြောခဲ့တာ မှတ်မိတယ်။ ဒါဆိုရင် မဟာအကြီးအကဲ နတ်မိမယ်နဂါးက ဇိုလာနဲ့ ပတ်သက်နေတာများလား။

ဒါပေမဲ့လည်း သူတို့က မျက်နှာအသွင်အပြင် နည်းနည်း ဆင်တူပြီးတော့ နတ်မိမယ်နဂါးတွေ ဖြစ်ပြီး‌တော့ သွေးသား တော်စပ်ရင်တောင် ဘာမှ အဓိပ္ပာယ် မရှိဘူး။ နဂါးတွေကြားက တိုက်ပွဲက လူသားနဲ့ နတ်ဆိုးတွေထက် မနိမ့်ဘူး။ အက်ဂ်လက်စ်နဲ့ အူးကလီးရက်စ်တို့က အကောင်းဆုံး ဥပမာတွေပဲ။ အခု ဇိုလာရဲ့ နာမည်ကို ပြောလိုက်တာက မိုက်မဲရာကျတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်လူက နဂါးတောင်ကြားရဲ့ မဟာအကြီးအကဲဆိုတာကို ဆုံးဖြတ်ပြီးပြီဆိုတော့ အခုလက်ရှိ အခက်အခဲတွေကို ဖြတ်ကျော်ဖို့ ကြိုးစားတာပေါ့။

မဟာအကြီးအကဲက ရောက်ရှိလာသည်နှင့် ရန်သူကို လွှမ်းမိုးသော အားသာချက်ဖြင့် ထိန်းချုပ်လိုက်ကြောင်း မြင်သည့်အခါ နဂါးနီ ရက်ဇ်ဆိုလာက အလွန်ပျော်ရွှင်သွားပြီး အလျင်အမြန် ရှေ့တက်လာလိုက်သည်။ “မဒမ်-မာရီယာ အချိန်မီ ရောက်လာလို့ တော်သေးတာပေါ့.....”

မာရီယာက လက်ကိုမြှောက်လိုက်ပြီး ရက်ဇ်ဆိုလာ စကားပြောနေသည်ကို တားလိုက်ကာ ချန်လွေ့အား စိတ်ဝင်စားစွာဖြင့် ကြည့်နေလိုက်သည်။

“[ယုံကြည်မှုချပ်ကာ]လား။ မဟုတ်ဘူး။ ဒါက [ယုံကြည်မှု ချပ်ကာ] ဆိုရင် မင်းက နတ်ဘုရားတစ်ပိုင်း ဒါမှမဟုတ် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ယုံကြည်သူပဲ ဖြစ်ရမယ်။ ဒါပေမဲ့ [ ယုံကြည်မှု ချပ်ကာ ] ဒီလိုပုံစံနဲ့ စွမ်းအားက နတ်ဘုရားယောင်အဆင့်ရဲ့ ယုံကြည်သူမှာတောင် မရှိနိုင်ဘူး။” မာရီယာက မေးစေ့ကို အသာအယာ ပွတ်သပ်လိုက်သည်။ “မင်းရဲ့ ဥပဒေသ စွမ်းအားက နည်းနည်း ထူးဆန်းတယ်။ သာမန် တိုင်းပြည်အဆင့်ထက် အများကြီး သာလွန်တယ်။ အထူးသဖြင့် အဲဒီ အချိန်ဥပဒေသ လိုမျိုးပေါ့။ ဒါပေမဲ့ ဥပဒေသအပေါ်မှာ မင်းရဲ့ တကယ့် နားလည်မှုက တိုင်းပြည်အဆင့် မရောက်သေးဘူးလို့ ငါ ခံစားမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက စမ်းသပ်ပစ္စည်းကောင်း တစ်ခုပဲ။”

မျက်မှန်နောက်မှ မျက်လုံးများ အပါအဝင် “စမ်းသပ်ပစ္စည်း” ဟူသော စကားလုံးတို့က ချန်လွေ့အား ရင်းနှီးသလို ခံစားသွားရ စေသည်။ သူက ဇိုလာနှင့် ပထမဆုံး စတွေ့စဉ်က အချိန်ကို ရောက်သွားသလို ဖြစ်နေခဲ့သည်။ နတ်မိမယ်နဂါး အားလုံးက အရူး သိပ္ပံပညာရှင်တွေဆိုတဲ့ တူညီမှု ရှိနေတဲ့ပုံပဲ။

“မဒမ်-မာရီယာက နတ်ဘုရားတစ်ပိုင်း အဆင့်ကို ရောက်နေပြီ။ ကျုပ်မှာ ထူးခြားတဲ့ စွမ်းရည်တချို့ ရှိပေမဲ့ ခင်ဗျားရဲ့ပြိုင်ဘက် ဖြစ်ဖို့ ဝေးလွန်းနေသေးတယ်။” ချန်လွေ့က ခေါင်းခါလိုက်သည်။ “ဒါပေမဲ့ ရက်ဇ်ဆိုလာက အရှုံးပေးလိုက်ပြီ။ စာချုပ်စည်းမျဉ်းအရဆိုလျှင် မဒမ်-မာရီယာကလွဲပြီးတော့ ဒီမှာရှိတဲ့ နဂါးတွေနဲ့ စစ်သည်တွေ အားလုံးရဲ့ သေခြင်းရှင်ခြင်းက ကျုပ်လက်ထဲကို ရောက်နေပြီ။ မဒမ်က ကျုပ်ကို အလွယ်လေး သတ်နိုင်လောက်တယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် စာချုပ်စွမ်းအားကို အသက်သွင်းပြီးတော့ သူတို့ကို အတူတူ သေခိုင်းဖို့ ကျုပ်မှာ ယုံကြည်ချက် အပြည့်အဝ ရှိတယ်။”

မာရီယာက မျက်မှောင်ကြုတ်ပြီး ရက်ဇ်ဆိုလာကို ကြည့်လိုက်သည်။ “သူပြောတာ အမှန်ပဲလား။”

ရက်ဇ်ဆိုလာ၏ မျက်တောင်များက အပြစ်ရှိစိတ်ကြောင့် တွန့်နေခဲ့ပြီး မကောင်းသောကံကိုသာ အပြစ်တင်နေခဲ့သည်။ မာရီယာက ငါ အရှုံးပေးပြီး ခဏကြာမှ ရောက်လာခဲ့တယ်။ သူက ခြေတစ်လှမ်း စောသွားခဲ့ရင်....

နဂါးနီက မာရီယာအရှေ့တွင် ထိုကဲ့သို့ မပြောရဲပေ။ ထို့ကြောင့် သူက အပြစ်ကို လွှဲချလိုက်၏။ “ဒီကောင် အတော်လေး ဉာဏ်များတယ်။ ဒါက မီးဒြပ်စင်စွမ်းအားပြီးတယ်။ စာချုပ်ချုပ်ဖို့ သူလှည့်စားတာကို ကျုပ် ခံခဲ့ရတာ။ အဲဒါနဲ့...”

“ရှုံးတာက ရှုံးတာပဲ။” မာရီယာက နှာမှုတ်လိုက်သည်။ “မင်းရဲ့ တုံးအမှုနဲ့ မောက်မာမှုက မင်းအသက်ကို ထိခိုက်စေခဲ့သလို မင်းရဲ့မျိုးနွယ်တွေနဲ့ စစ်သည်တွေ အများကြီးကိုလည်း ထိခိုက်စေခဲ့တယ်။”

ရက်ဇ်ဆိုလာက ခေါင်းငုံ့ထားပြီး အသံ မထွက်ရဲပေ။ မာရီယာက နဂါးနီကို လျစ်လျူရှုလိုက်ပြီး ချန်လွေ့ကို ပြန်ကြည့်ကာ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ “မင်းရဲ့ အချိန်ဥပဒေသက အတော်လေး မယုံနိုင်စရာကောင်းတယ်။ မင်းစိတ်ထဲက စာချုပ် စွမ်းအားကို အသက်မသွင်းနိုင်ခင် မင်းကို သတ်ဖို့ ငါ ယုံကြည်ချက် မရှိဘူး။”

“ပွင့်ပွင့်လင်းလင်း ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဒမ်-မာရီယာ။” ချန်လွေ့က အသာလေး ခေါင်းညိတ်လိုက်သည်။ “တကယ်တော့ နဂါးတွေနဲ့ စစ်သည်တော်တွေရဲ့ အသက်တွေကို ကိုင်တွယ်ရတာ ကောင်းတာ မဟုတ်ဘူးဆိုတာကိုလည်း ကျုပ် သိပါတယ်။ အခြေအနေတွေ ပေးမယ်ဆိုရင်တော့ စာချုပ်ကို ပယ်ဖျက်ပေးဖို့ ကျုပ် စဉ်းစားပေးနိုင်ပါတယ်။”

“မင်းက စာချုပ်ကို ပယ်ဖျက်မယ် ဟုတ်လား။” မာရီယာ၏ မျက်လုံးများက ထိတ်လန့်သော အငွေ့အသက်တစ်ခု ဖြစ်သွား၏။ တိုင်းပြည်အဆင့် ရောက်ပြီးနောက်တွင် သူက စာချုပ်ကို ပယ်ဖျက်နိုင်သော စွမ်းရည် ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ ပယ်ဖျက်ခြင်းက စွမ်းအားအကန့်အသတ် ရှိပြီး အတော်လေး ပေးဆပ်ရမည်ဖြစ်သည်။ တစ်နည်းပြောရလျှင် သူတို့နှစ်ယောက်လုံးက တိုင်းပြည်အဆင့် ဖြစ်နေသည့်အတွက် အချင်းချင်း စာချုပ်ကို မပယ်ဖျက်နိုင်ကြပေ။ သို့မဟုတ်ပါက ထိုသို့ ရက်ဇ်ဆိုလာ ပြုလုပ်ခဲ့မည်မှာ ကြာလေပြီ။ သို့သော်လည်း ချန်လွေ့အတွက် အရှိန်အဝါ အနည်းငယ် အသုံးပြုရုံဖြင့် “စိတ်ဝိညာဉ်ကွင်းဆက်”ကို အလွယ်တကူ ပယ်ဖျက်နိုင်လိမ့်မည်ကို မာရီယာပင် စိတ်ကူးနိုင်လိမ့်မည် မဟုတ်ပေ။

“ဒါက အသေးအဖွဲ ပါရမီ တစ်ခုပါပဲ။” ချန်လွေ့က ပုခုံးတွန့်ကာ ထပ်ပြောလိုက်သည်။ “ကျုပ်က တန်ဖိုးနည်းနည်း ပေးဆပ်ဖို့ပဲ လိုတာပါ။”

ရက်ဇ်ဆိုလာ၏ မျက်နှာအမူအရာက ပို၍ပင် ဆိုးဝါး သွားခဲ့သည်။ တစ်ဖက်လူက တကယ်ကြီး စာချုပ်ကို ပယ်ဖျက် နိုင်နေတယ်။ ဒီ‌တော့ သူက ရှုံးသွားရင်တောင် ဘာမှမဖြစ်ဘူး။ လက်စသတ်တော့ ငါတို့ စာချုပ် ချုပ်ပြီးကတည်းက ငါက လုံးဝ သားကောင် ဖြစ်နေခဲ့တာပဲ။

မာရီယာ၏ မျက်မှန်နောက်တွင် အံ့အားသင့်သော အမူအရာ တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ “အတော်လေး အံ့သြစရာ ကောင်းတဲ့ “အသေးအဖွဲ” ပါရမီပဲ။ ဒီတော့ မင်းရဲ့ သတ်မှတ်ချက်တွေက ဘာလဲ။”

ချန်လွေ့က နောက်ဘက်မှ လေဒြပ်စင်ကောင်များနှင့် တိုင်တန်များကို ဖျတ်ခနဲ ကြည့်လိုက်သည်။ “ကျုပ်လိုချင်တာက ရိုးရှင်းပါတယ်....”

သူက နောက်လှည့်လိုက်သောအချိန်တွင် အသေမှတ် ထားသော စိတ်ဝိညာဉ်စွမ်းအားက ရုတ်တရက် မတည်မငြိမ် ဖြစ်လာသည်။ အင်အားကြီး ဝိညာဉ် လှုပ်ရှားမှု တစ်လှိုင်းက သူ့ဆီကို ကျူးကျော်လာပြီး အာရုံလွင့်နေသည်ကို အခွင့်ကောင်း ယူကာ လျို့ဝှက်ပညာရပ်ကို အသုံးပြုနေပုံရသည်။ သို့သော်လည်း ထိုဝိညာဉ်လှုပ်ရှားမှုက ချန်လွေ့အပေါ် မည်သည့် သက်‌ရောက်မှုမျှ မရှိခဲ့ပေ။

ခုနက ဘာမှ မဖြစ်ခဲ့သလိုပင် ချန်လွေ့က ခေါင်းပြန်လှည့် လိုက်သည်။ သူက မာရီယာအား အသာလေး ကြည့်လိုက်၏။ “စကားတစ်လုံးပဲ.....ငြိမ်းချမ်းရေးပေါ့။ မဒမ် ဘယ်လိုထင်လဲ။”

“မင်းရဲ့စွမ်းအားက အတော်လေး ထူးခြားတယ်။ မင်းက နတ်ဆိုးတစ်ပိုင်းအဆင့် ဝိညာဉ်တိုက်စားမှု စွမ်းအားကို ကာရံထားနိုင်ပြီးတော့ ငါ့ရဲ့ အလစ်တိုက်ခိုက်မှု လုံးဝ မထိရောက်အောင် ဖြစ်သွားစေတယ်။ မင်းမှာ စာချုပ်ကို ပယ်ဖျက်နိုင်တဲ့ စွမ်းရည်ရှိတာကို ငါ အခု ယုံကြည်သွားပြီ။” မာရီယာက ခုနက ပြုလုပ်ခဲ့သော အလစ်တိုက်ခိုက်မှုကို မဖုံးကွယ်ထားခဲ့ပေ။ “မင်းရဲ့ စွမ်းရည်နဲ့ မင်းထိန်းချုပ်ထားတဲ့ အပေးအယူတွေနဲ့ဆို ညှိနှိုင်းဖို့အတွက် မင်းက တကယ် အရည်အချင်း ပြည့်မှီတယ်။”

နတ်ဘုရားတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရသည့် အတွက်ကြောင့် ချန်လွေ့က သေသေချာချာ ပြင်ဆင်ထား၏။ သူက တလျှောက်လုံး လိုရမည်ရ နတ်ဘုရားဝါးမျို မျက်နှာဖုံးကို ဝတ်ထားခဲ့သည်။ အဆောင်ပစ္စည်း(၇)ခုထဲမှ တစ်ခုဖြစ်သည့် အလျောက် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးက ဝိညာဉ်ထိန်းချုပ်မှုကို လုံးဝ ပြီးစေခဲ့ပြီး မာရီယာ၏ အလစ်တိုက်ခိုက်မှုကို အလကား ဖြစ်စေခဲ့သည်။ နတ်ဘုရား-ဝါးမျို မျက်နှာဖုံး မရှိဘဲနှင့်ပင် ၎င်းကို စူပါစနစ်ဖြင့် ဖြေရှင်းနိုင်လေသည်။

“ငြိမ်းချမ်းရေး ဟုတ်လား။ တကယ့်ကို အံံ့သြစရာကောင်းတဲ့ စကားလုံး တစ်ခုပဲ။” မဟာအကြီးအကဲ နတ်မိမယ်နဂါးက ပြုံးလိုက်ပြီး အတော်လေး ဆွဲဆောင်မှု ရှိနေ၏။ “နှစ်တစ်သောင်း အတွင်းမှာ နဂါးတွေက မုန်တိုင်းကျွန်းပေါ် လုံးဝ ခြေမချဘူး။ ဘယ်လိုလဲ။”

“နှစ်တစ်သောင်း ကျော်ရင်ကော။” ချန်လွေ့က ခေါင်းခါ လိုက်သည်။ “ကျုပ်က တကယ့်ငြိမ်းချမ်းရေး လိုချင်တယ်။ ရေတို စစ်ပြေငြိမ်းတာမျိုး မဟုတ်ဘူး။ ကျုပ်လက်အောက်ခံတွေပဲဖြစ်ဖြစ်၊ ကျုပ်မိတ်ဆွေ လေဒြပ်စင်ကောင်တွေပဲဖြစ်ဖြစ်ပေါ့။ အရင် စမ်းသပ်ချက်တွေမှာ သူတို့အားလုံးက ဆုံးရှုံးမှုတွေ ဒဏ်ရာတွေ ရခဲ့တယ်။ အဲဒါကြောင့် နဂါးတောင်ကြားက လျော်ကြေးပေးရမယ်။”

“လျော်ကြေး ဟုတ်လား။” တိတ်ဆိတ်နေခဲ့သော နဂါးနီက သရော်ပြုံး ပြုံးလိုက်သည်။ “မင်းမှာ အရည်အချင်းရှိတယ် ထင်လား။”

“အရှုံးသမားတွေက စကားပြောခွင့် မရှိဘူး။”

ချန်လွေ့၏စကားကြောင့် ရက်ဇ်ဆိုလာ၏ မျက်နှာ နီရဲသွားပြီး မာရီယာက နဂါးနီကို ဖျတ်ခနဲ ကြည့်လိုက်၏။ “ပါးစပ်ပိတ်ထား။”

ရက်ဇ်ဆိုလာ သိမ့်သိမ့်တုန်သွားပြီး ပြောချင်သမျှ အရာအားလုံးကို မျိုချထားလိုက်သည်။ မဟာအကြီးအကဲ နတ်မိမယ်နဂါးက အတော်လေး အာဏာရှိပုံရသည်။

“ဘယ်လို လျော်ကြေးမျိုးကို မင်းလိုချင်တာလဲ။” လက်ရှိတွင် နဂါးအကြီးအကဲနှစ်ကောင်၊ ဧရာမနဂါးများ၊ စစ်သည်တော်များနှင့် နဂါးလင်းလက်အင်ပါယာမှ ဂရစ်ဖွန်စီးနင်းသူများ၏ အသက်က ချန်လွေ့လက်ထဲတွင် ရှိနေသည့်အတွက် မာရီယာက အရဲစွန့်မည် မဟုတ်ပေ။

“အသေးစိတ် လျော်ကြေးကို ကျုပ်မိတ်ဆွေ လေဒြပ်စင်ဘုရင် ဆက်သ်တိုင်းက ဆုံးဖြတ်မှာပါ။ ကျုပ်က အချက်တစ်ခုကိုပဲ အလေးပေး‌ ပြောချင်တယ်။” ချန်လွေ့က လက်ညှိုးထောင်လိုက်၏။ “နဂါးစီးနင်းသူ စမ်းသပ်ချက်က အမုန်းတရားရဲ့ ဇစ်မြစ်ပဲ။ အဲဒါကြောင့် နဂါးတောင်ကြားက မုန်တိုင်းကျွန်းကို ကတိတစ်ခု ပေးဖို့ လိုတယ်....”

မာရီယာက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “မုန်တိုင်းကျွန်းမှာ ဘယ်တော့မှ စမ်းသပ်ချက် မလုပ်ဖို့လား။”

ချန်လွေ့က ပြုံးပြပြီး ခေါင်းခါသည်။ “ကံမကောင်စွာနဲ့ပဲ ခင်ဗျားတွေးတာ မှားတယ်။ မဒမ်-မာရီယာ။ ကျုပ်လိုချင်တဲ့ ကတိက လုံးဝ ဆန့်ကျင်ဘက်ပဲ။ အနာဂတ် စမ်းသပ်ချက်တွေနဲ့ စမ်းသပ်ချက် အကုန်လုံးကို မုန်တိုင်းကျွန်းမှာပဲ လုပ်ရမယ်။”

“တိုင်တန်တွေနဲ့ လေဒြပ်စင်ကောင်တွေမှာ အင်အား အတော်လေး ရှိတယ်။ ဒါက နဂါးတွေနဲ့ နဂါးစီးနင်းသူတွေ လေ့ကျင့်ပြီး တိုးတက်ဖို့အတွက် အခွင့်အရေးကောင်း တစ်ခုပဲ။ ဒါပေမဲ့ စမ်းသပ်ချက်ကို လုံးဝသုတ်သင်သတ်ဖြတ်နေတဲ့ ပုံစံမျိုး လုပ်စရာမလိုဘူး။ အထူးသဖြင့် ဖြေရှင်းလို့မရတဲ့ ဒီလို အမုန်းတရားနဲ့ ရန်လိုမှုတွေကြောင့်ပေါ့...”

မာရီယာ၏ မျက်လုံးများ အရောင်‌တောက်သွား၏။ “ဆက်ပြော....”

“ရိုးရှင်းတဲ့ တိုက်ပွဲတွေ အပြင်ကို အခက်အခဲတွေနဲ့ ထောင်ခြောက်တွေ အမျိုးမျိုးလည်း ရှိမယ်။ ထိုစမ်းသပ်ချက်တွေ တကယ် ကျော်လွှားနိုင်တဲ့ သူတွေပဲ နောက်ဆုံး အနိုင်ရရှိသူတွေ ဖြစ်လာမယ်။ လေ့ကျင့်ရေး ခရီးလမ်းက ခက်ခဲပြီးတော့ အန္တရာယ် များတဲ့အတွက် မတော်တဆ ထိခိုက်သေကြေမှုတွေတော့ ရှိမှာပဲ။ ဒါပေမဲ့ အရင်က တိုက်ပွဲတွေထက် စာရင်တော့ ဒါက လုံးဝကို ကွဲပြားတဲ့ အယူအဆ တစ်ခုပဲ။”

ချန်လွေ့၏အသံက အထူးသဖြင့် ယုံကြည်ချင်စိတ် ဖြစ်နေစေသည်။ “အတိတ်က အမုန်းတရားကို ကျုပ် မငြင်းနိုင်ပေမဲ့ အတိတ်က အတိတ်ပါပဲ။ အသက်ရှည်ကြတဲ့ နဂါးတွေဆိုတော့ ဘယ်လိုမျိုး ရှေ့ကို ကြိုကြည့်ရမလဲဆိုတာ ကျုပ်ထက် ပိုပြီး‌တော့ သိလောက်မှာပါ။ နဂါးတောင်ကြားက ရင်းနှီးမှုနှင့် စိတ်ရင်းကို ပြသမယ်ဆိုရင် မုန်တိုင်းကျွန်းက နဂါးတွေအတွက် လေ့ကျင့်ဖို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါက နှစ်ဖက်လုံး အကျိုးရှိတဲ့ ရလာဒ်ဆိုတာ အသေအချာပဲ။”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် အံကြိတ်နေခဲ့သော နဂါးနီသည်ပင် တွေးနေသော အမူအရာတစ်ခု ဖြစ်နေခဲ့သည်။

“ငါ လေးစားတာက မင်းရဲ့ စွမ်းရည်နဲ့ သတ္တိကို မဟုတ်ဘူး။ မင်းရဲ့ နှုတ်စလျှာစကိုပဲ။” မာရီယာက ချန်လွေ့ကို စိုက်ကြည့်လိုက်သည်။ “ဒီကမ်းလှမ်းချက်က အတော်လေး ကောင်းတဲ့ပုံစံပါပဲ။ ဒါပေမဲ့ ဖော်ပြချက်က ဘယ်လောက်ပဲလှလှ၊ တကယ့်လက်တွေ့လောက် ယုံနိုင်စရာ မကောင်းဘူး။ နဂါးတွေရဲ့ စမ်းသပ်ချက်က အတော်လေး အရေးပါတဲ့ ဖြစ်ရပ်တစ်ခုပဲ။ ပြီးတော့ မင်းပြောတဲ့ အခက်အခဲတွေ၊ ထောင်ခြောက်တွေနဲ့ နဂါးတွေအတွက် အကောင်းဆုံး လေ့ကျင့်ရေးနေရာ ဆိုတာကို ငါ သံသယဝင်နေတုန်းပဲ။”

ချန်လွေ့က ပြုံးလိုက်သည်။ သူက ဟင်းလင်းပြင်ထဲ၌ လက်ချောင်းများကို အလျင်အမြန် လှုပ်ရှားလိုက်ပြီးနောက် ဥပဒေသ စွမ်အားများရှိသော သင်္ကေတများ တစ်ခုပြီးတစ်ခု ခုန်ထွက်လာခဲ့သည်။

“မှော်စက်ဝိုင်းလား။” ချန်လွေ့၏ မျက်လုံးများ အရောင် တောက်သွား၏။ “အ‌တော်လေး စုပေါင်းအရေအတွက်များတဲ့ ဒြပ်စင် မှော်စက်ဝိုင်းပဲ။ ထပ်နေတဲ့ ဂုဏ်သတ္တိတွေတောင် ရှိတယ်...။ နေဦး။ အဲဒါက အဆင့်(၆) နေရာလွတ် တည်ဆောက်ပုံပဲ။ မယုံနိုင်စရာကောင်းတဲ့ မှော်စက်ဝိုင်း အောင်မြင်မှုပဲ။ မင်းရဲ့ မှော်စက်ဝိုင်းအဆင့်က မဟာဆရာသခင်အဆင့်လောက် ရှိနေပြီ။ ပြီးတော့ အ‌တော်လေး အစွမ်းထက်တဲ့ တစ်ယောက်ပဲ။ ဒါပေမဲ့...”

ချန်လွေ့က မရှင်းပြခဲ့ပေ။ သူက လက်အမူအရာ ပြောင်းလဲလိုက်ရာ သင်္ကေတများ ပြောင်းလဲသွားပြန်သည်။

“နဂါးထွင်းစာ!!” ရွှေနဂါး မေရိုစခီရာက လွှတ်ခနဲ ပြောလိုက်၏။

နဂါးနီ ရက်ဇ်ဆိုလာက အနည်းငယ် အံ့အားသင့် နေသော်လည်း သူ့မျက်လုံးထဲ၌ ပို၍ပင် အထင်သေးးနေခဲ့သည်။ နဂါးတွေ အရှေ့မှာ နဂါးထွင်းစာကို ကြွားလုံးထုတ်တာက ကိုယ့်ကိုကိုယ် အရှက်ခွဲတာပဲ။ သို့သော်လည်း နဂါးနီ၏ အထင်‌သေးမှုက ခဏအကြာတွင် အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ထိတ်လန့်မှုအဖြစ် ပြောင်းလဲ သွားတော့သည်။

ချန်လွေ့က ‌တော်မတော်ကို ကျွမ်းကျင်သူတစ်ယောက်က သိနိုင်ပေသည်။ ရက်ဇ်ဆိုလာက နဂါးထွင်းစာကို နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်ခဲ့သည်။ သူက နဂါးတောင်ကြား၌ နဂါးထွင်းစာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်၏။ သူ၏ စွမ်းဆောင်မှုများက မဟာအကြီးအကဲ မာရီယာပြီးလျှင် ဒုတိယသာ ဖြစ်သည်။ သို့သော် သူ့ရှေ့မှ လျို့ဝှက်ဆန်းကြယ်သောသူ ပြသသော နဂါးထွင်းစာတွင် နဂါးမာန်စွမ်းအား မရှိသော်လည်း တကယ့်အဆင့်က သူ့ထက် များစွာ သာလွန်နေပြီး မာရီယာထက်ပင် မနိမ့်ကျပေ။

မာရီယာ၏ ခရမ်းရောင်မျက်လုံးက မယုံကြည်နိုင်သော အမူအရာ လက်ခနဲ ဖြစ်သွားခဲ့သည်။ သူက စကားပြောတော့မည့် အချိန်တွင် ခုန်ပေါက်နေသော သင်္ကေတများ ပြောင်းလဲသွားပြန်၏။ ထိုအရာက မှော်စက်ဝိုင်းနှင့် နဂါးထွင်းစာတို့နှင့် လုံးဝ ကွဲပြားမှု တစ်ခု ဖြစ်နေသည်။ သင်္ကေတအနည်းငယ်ဖြင့်ပင် ရှေးကျပြီး အထီးကျန်သော ခံစားချက်ကို ခံစားမိနိုင်လေသည်။

မာရီယာက ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး အသံကုန် အော်ပြောလိုက်၏။ “နတ်ဘုရား ဘာသာစကား---ရှေးမှော်စာ!!”

“လေဒြပ်စင်ကောင်တွေ၊ တိုင်တန်တွေနဲ့ ပြီးတော့ မှော်စက်ဝိုင်း၊ နဂါးထွင်းစာ၊ ရှေးမှော်စာ..” ချန်လွေ့၏ မျက်နှာပေါ်က မျက်နှာဖုံး ပျောက်ကွယ်သွားခဲ့ပြီး ယုံကြည်ချက်ရှိသော အပြုံးမျိုး ပြသလိုက်၏။ “ဒါက မုန်တိုင်းကျွန်းဟာ နဂါး စမ်းသပ်ချက်အတွက် အကောင်းဆုံး နေရာဆိုတာကို သက်သေဖြစ်စေလား။”

All Chapters