နဂါးတောင်ကြားမှ “ပညာရှင်”
Vol. 51 Ch. 841
မာရီယာက အံ့အားသင့်ရာ၌ သတိပြန်ဝင်လာခဲ့သည်။ သူ၏ လောင်ကျွမ်းနေသော အကြည့်က ချန်လွေ့ကို ပထမဆုံးအကြိမ် ရင်ဆိုင်ကြည့်နေပုံရသည်။ “မင်း နာမည်က...”
“ရစ်ချက်၊ ရှေးအဂ္ဂိရတ်အဖွဲ့အစည်းရဲ့ ဆက်ခံသူပါ။”
“ရှေးအဂ္ဂိရတ်အဖွဲ့အစည်းလား။” မာရီယာက အနည်းငယ် ကြက်သေသေသွားခဲ့ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “နဂါး တောင်ကြားရဲ့ မဟာအကြီးအကဲ မာရီယာ။ ငါက နဂါးဧကရာဇ် အရှင်မင်းကြီး ပါဂရစ်ဇ်ကို အပြည့်အဝ ကိုယ်စားပြုနိုင်တယ်။”
ထိုအရာက မာရီယာသည် ချန်လွေ့က အဆင့်တူအဖြစ် အမှန်တကယ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ ချန်လွေ့၏ စွမ်းရည်အပြင် နဂါးများနှင့် စစ်သည်တော်များ၏ အသက်ကို ချုပ်ကိုင်ထားသော စာချုပ်ကလည်း အရေးအပါဆုံး အကြောင်းရင်း ဖြစ်ပေသည်။
“ဒီတော့..ရစ်ချက်။ ငါ နားမလည်တာက ဒါကို လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ မင်း ဘာရမှာလဲ။”
“ကျုပ်က အဓိပ္ပာယ်မရှိတဲ့ အမုန်းတရားတွေ၊ အသေအကြေတွေကို ဆက်မဖြစ်စေချင်ဘူး။ နဂါးတောင်ကြားရဲ့ ရန်သူအစား မိတ်ဆွေပဲ ဖြစ်ချင်တယ်။” ချန်လွေ့က ပြောလိုက်၏။ “တခြား အကြောင်းတွေတော့ ရှိပါတယ်။ အခု ရှင်းပြလို့ အဆင်မပြေလို့ပါ။ ဒါပေမဲ့ နဂါးတောင်ကြားအတွက် ဒီပူးပေါင်းမှုက အကျိုးအမြတ်ရှိပြီးတော့ ထိခိုက်မှုလည်း မရှိပါဘူး။”
“မင်းရဲ့ စကားတွေမှာ ခြိမ်းခြောက်တဲ့ အသုံးအနှုန်းမပါပေမဲ့ သေချာပေါက် ခြိမ်းခြောက်မှုတစ်ခုကို ခံစားနေရတုန်းပဲ။” မာရီယာက မျက်မှောင်ကြုတ်လိုက်၏။ “မင်းလက်ထဲမှာ နဂါးတွေ အများကြီးရဲ့ အသက်တွေ ရှိနေတယ်။ ငါ့မှာ နောက်ထပ် ရွေးစရာ ရှိတဲ့ပုံ မပေါ်ဘူး။ ကောင်းပြီလေ။ ငါတို့ အခုပဲ စာချုပ် ချုပ်ကြတာပေါ့။”
ချန်လွေ့က ခဏစဉ်းစားပြီး လက်ထဲ၌ ဝိညာဉ်စာချုပ်ကို ဖန်တီးလိုက်သည်။ “တစ်ချက်ကြည့်ပေးပါ။ သတ်မှတ်ချက်တွေက ဘယ်လိုနေလဲ။”
“အရင် ကြည့်လိုက်ဦးမယ်။ အမ်....နဂါးတောင်ကြားက နဂါးတွေကို စာချုပ်ချုပ်သူကို လုံးဝ မထိခိုက်ရဘူး။ စမ်းသပ်ချက် အတွင်း မတော်တဆ အသေအကြေ ဖြစ်မယ်ဆိုရင် နဂါးတောင်ကြားက စမ်းသပ်ချက် ခင်းကျင်းထားတဲ့ တိုင်တန်တွေနဲ့ လေဒြပ်စင်ကောင်တွေကို မထိခိုက်ရဘူး။ ရေရှည် လက်တွဲမှု။ ကပ်ဘေးအန္တရာယ် တစ်ခုခု ကြုံလာရရင် အကူအညီပေးဖို့ လိုတယ် ဟုတ်လား။ ဒီအကြောင်းကို ပြန်ပြင်ရမယ်။” မာရီယာက သေသေချာချာ ဖတ်နေပြီး သတ်မှတ်ချက်ထဲ၌ ပြန်ပြင်ရန် လိုအပ်သော အချက်များကို အဆက်မပြတ် ထောက်ပနေခဲ့သည်။
စာချုပ်ပါ အကြောင်းအရာများကို အတည်ပြုပြီးနောက် မာရီယာက လက်ညှိုးထိုးပြီး နာမည်ကို လက်မှတ်ထိုးလိုက်သည်။ ချန်လွေ့က ပြုံးလိုက်သည်။ “မဟာအကြီးအကဲက တကယ့်ကို တဲ့တိုးဆန်တဲ့သူပဲ။”
ထိုသို့ပြောပြီးနောက် သူလည်း လက်မှတ်ထိုးလိုက်ပြီး စာချုပ်က အလင်းရောင်ခြည်နှစ်ခုအဖြစ် ပြောင်းလဲသွားကာ မာရီယာနှင့် ချန်လွေ့တို့၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး စာချုပ် ချုပ်လိုက်ခြင်းကို ကိုယ်စားပြုနေ၏။ မာရီယာက အနည်းငယ် အံ့အားသင့်သွားသည်။ တစ်ဖက်လူက သတ်မှတ်ချက် အချို့ ထပ်ထည့်လိမ့်မည်ဟု သူ ထင်ထားသော်လည်း အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
မဟာအကြီးအကဲ နတ်မိမယ်နဂါးက နဂါးနီနှင့် ရွှေနဂါးတို့နှင့် အကြည့်ချင်း အလျင်အမြန် ဖလှယ်ပြီးနောက် ထိတ်လန့် သွားခဲ့သည်။ “ရစ်ချက်။ မင်း ခုနက ပြိုင်ပွဲစာချုပ်ကို မပယ်ဖျက် ခဲ့ဘူးလား။”
တိုင်းပြည်အဆင့်နှင့်အထက် အစွမ်းထက်ပုဂ္ဂိုလ်များက စာချုပ်တစ်ခုထက် ပိုချုပ်နိုင်ကြသည်။ ဥပမာ သူတို့တွင် ညီတူမျှတူ စာချုပ်နှင့် ကျွန်-အစေခံ စာချုပ်တို့ ချုပ်ဆိုနိုင်ကြသည်။ သို့သော်လည်း အမျိုးအစားတူ စာချုပ်ကို တစ်ခုသာ ချုပ်ဆို နိုင်ကြလေသည်။ ဆိုလိုသည်မှာ တစ်ချိန်တည်း၌ ညီတူမျှတူ စာချုပ်နှစ်ခုကို ချုပ်ဆို၍ မရခြင်းပင်။ အကယ်၍ ချန်လွေ့က ပူးပေါင်းရေး စာချုပ်ကို လက်ခံချင်လျှင် ယခင်စာချုပ်ကို ပယ်ဖျက် ရပေမည်။
“အိုး...ကျုပ် ရှင်းပြဖို့ မေ့သွားတယ်..” ချန်လွေ့က ယခုမှ သတိရသွားသလို ဖြစ်နေသည်။ “ကျုပ်ရဲ့ ပါရမီက ညီတူမျှတူ စာချုပ် နှစ်ခုထက် ပိုပြီးတော့ လက်ခံနိုင်တဲ့ပုံပဲ။”
နဂါးနီ အကြီးအကဲ၏မျက်နှာက အတော်ကြာ ရှုံ့တွ သွားခဲ့သည်။ ထိုအမူအရာအရ သူက “မင်းမေကြီးဒေါ်ကိုမေ့....” ဟူ၍ ပေါ်နေခြင်း ဖြစ်လောက်ပေသည်။
မာရီယာ၏ မျက်မှန်က အေးစက်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ သူ၏ မူလအကြံက ချန်လွေ့၏ အကြံအစည်းနောက်လိုက်ပြီး နဂါးများ၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားသော အဓိကစာချုပ်ကို ပယ်ဖျက်ကာ ဓားစာခံ လုပ်ထားသော ခြိမ်းခြောက်မှုကို ဖယ်ရှားရန် ဖြစ်သည်။ ထိုစာချုပ်၌ သူ၏ နတ်ဘုရားတစ်ပိုင်း အဆင့်ဖြင့် ပယ်ဖျက်ရန်အတွက် တစ်ခုခု ပေးဆပ်ရန်သာ လိုအပ်ပေသည်။ သူက တစ်ဖက်လူနှင့် အမှန်တကယ် ပူးပေါင်း မပေါင်းက သူ့လက်ထဲတွင်သာ ရှိလေသည်။ သို့သော်လည်း ယခုတွင် “ရစ်ချက်”က အမှန်တကယ် စာချုပ်နှစ်ခုကို တိတ်တိတ်လေး ဝါးမျိုလိုက်လေသည်။ ခုနက သူ မည်သည့် တောင်းဆိုချက်ကိုမျှ မလုပ်ခဲ့သည်မှာ အံ့သြစရာမရှိပေ။
စာချုပ်နှစ်ခုလုံးက အကျုံးဝင်နေပြီး ဆိုလိုသည်က တစ်ဖက်လူသည် ထိုနဂါးများ၏ အသက်ကို ထိန်းချုပ်ထားဆဲ ဖြစ်သည့်အတွက် မာရီယာကလည်း သူ့ကို ဘာမှ မလုပ်နိုင်တော့။
ချန်လွေ့က မာရီယာ၏ တုံ့ပြန်မှုကို သတိထားမိသွားပြီး ချက်ချင်း ပြောလိုက်သည်။ “ကျုပ်ကို အထင်မလွဲပါနဲ့။ မဒမ် မာရီယာ။ ကျုပ်က အရင်ဆုံး စမ်းသပ်ချက်ကွင်းပြင်ကို ပြီးမြောက်စေချင်တာပါ။ ပြီးရင်တော့ အရင်က စာချုပ်ကို သေချာပေါက် ပယ်ဖျက်ပေးပါ့မယ်။”
မာရီယာ၏ မျက်နှာအမူအရာက မပြောင်းလဲဘဲ ရှိနေပြီး ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။ ဒါက ပူးပေါင်း ဆောင်ရွက်တာဆိုတော့ နှစ်ဖက် ဖြစ်မှရမယ်။ စမ်းသပ်ချက် ကွင်းပြင်က အတော်လေး ကြီးမားတဲ့ စီမံကိန်း ဖြစ်တာကြောင့် နဂါးတောင်ကြားက ပညာရှင်တွေ ဒါကို ပြန်စိစစ်ပြီးတော့ အတည်ပြုဖို့ လိုအပ်တယယ်။ ရေဒြပ်စင် နေရာလွတ် အစီအရင်ကို သုံးပြီးတော့ နဂါးတောင်ကြားကနေ ပညာရှင်တစ်ယောက် ခေါ်လိုက်မယ်လေ။ သူက နဂါးထွင်းစာနဲ့ ရှေးမှော်စာလည်း ကျွမ်းကျင်တယ်။ ဒါပေမဲ့ ဒီလိုနေရာလွတ် အစီအရင်ကို တည်ဆောက်ဖို့က တစ်ရက်တော့ကြာမယ်။ ဘယ်လိုထင်လဲ။”
“ကောင်းပြီလေ။” ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ [ဓူဝံကြယ် အသွင်ပြောင်းခြင်း] အတွက် အချိန်အကန့်အသတ်က ကုန်တော့မည်ဖြစ်ကာ ထိုအကြံပြုချက်က သူ့စိတ်ထဲ၌ ရှိနေသည့် အတိုင်းပင် ဖြစ်လေသည်။
ထို့နောက် အကြီးအကဲနှစ်ယောက်က နဂါးများ၊ နဂါး စီးနင်းသူများနှင့် ဂရစ်ဖွန် စီးနင်းသူများကို ဦးဆောင်ပြီး နေရာတွင်ပင် စခန်းချခဲ့သည်။ ထိုစဉ် ချန်လွေ့က လေဒြပ်စင်ကောင်များနှင့် တိုင်တန်များနှင့်အတူ တိမ်တိုက် နန်းတော်သို့ ပြန်လာခဲ့သည်။
ချန်လွေ့နှင့် အခြားသူများ ထွက်သွားသည်နှင့် မာရီယာနောက် လိုက်နေသော နဂါးနီ အကြီးအကဲ ရက်ဇ်ဆိုလာက မေးလိုက်၏။ “မဟာအကြီးအကဲ။ ခုနက ဘာလို့ စာချုပ်ကို မပယ်ဖျက်ခဲ့တာလဲ။ ခင်ဗျားက နတ်ဘုရားတစ်ပိုင်းအဆင့်ပဲ။ အဲဒါက...”
သူ မပြောပြီးခင်မှာပင် မာရီယာက တင်းမာစွာဖြင့် ဖြတ်ပြောလိုက်သည်။ “ငါ မလုပ်ချင်ဘူး ထင်လို့လား။ အဲဒီကောင်မှာ ဘယ်လိုပါရမီ၊ ဘယ်လို လျို့ဝှက်ပညာရပ် ရှိနေလဲ မသိဘူး။ စာချုပ်ကို ငါ အတင်း ပယ်ဖျက်လို့ မရနေဘူး။”
မဟာအကြီးအကဲ ဖြစ်သည့်အလျောက် မာရီယာက ထိုကဲ့သို့ အကွက်ဆင်ခံရမှုကို လက်မခံချင်ပေ။ အစပိုင်းတွင် သူက ဥပဒေသ စွမ်းအားကို အသုံးပြုပြီး စာချုပ်ကို ပယ်ဖျက်ရန် ကြိုးစားလိုက်သောအခါ စာချုပ်စွမ်းအားက သူ့ဝိညာဉ်နှင့် ပေါင်းစပ်နေကြောင်း တွေ့လိုက်ရသည်။ သူက ၎င်းကို လုံးဝ မချေမှုန်းနိုင်လျှင် ၎င်းကို ပယ်ဖျက်ရန် မဖြစ်နိုင်ပေ။
နဂါးနီနှင့် ရွှေနဂါးတို့၏ မျက်နှာအမူရာက တစ်ချိန်တည်း ပြောင်းလဲသွားကြသည်။ ဒီအခြေအနေက တစ်ဖက်လူရဲ့ စွမ်းအားက တစ်ဖက်လူထက် နိမ့်မှပဲ ဖြစ်နိုင်တာ။ “ရစ်ချက်”က အသေအချာကို တိုင်းပြည်အဆင့်ပဲ ရှိသေးတာ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
“ဟမ့်။ စာချုပ်ကို အတင်းပယ်ဖျက်လို့ မရဘူးဆိုရင် စာချုပ်က နဂါးတောင်ကြားက နဂါးတွေ သူ့ကို မထိခိုက်ရဘူးလို့ပဲ ကန့်သတ်ထားတာ။” မာရီယာ၏ မျက်မှန်နောက်မှ ထူးဆန်းသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ “နဂါး တောင်ကြားမှာ နဂါးတွေတင်ရှိတာ မဟုတ်ဘူး။”
မေရိုခရီရာက ရုတ်တရက် ပြောလိုက်သည်။ “မဟာအကြီးအကဲ ပို့ချင်တဲ့ ပညာရှင်က .... ဆာ-စပန် လား။”
ရက်ဇ်ဆိုလာ၏ မျက်လုံးများ အရောင်တောက်သွား၏။ “ဒီကောင်က မီးပြီးလို့သာ ကျုပ်ကို နိုင်ခဲ့တာ။ ဆာ-စပန်သာ ဆိုရင်တော့ သူက အဲဒီကောင်ကို သေချာပေါက် အပိုင်းပိုင်း ဖြစ်အောင် လုပ်နိုင်မှာပဲ။ အဲဒါဆိုရင် စာချုပ်က ရှိတော့မှာ မဟုတ်ဘူး။”
“အပိုင်းပိုင်း လုပ်စရာတော့ မလိုဘူး။ ဒါပေမဲ့ စာချုပ်ကိုတော့ ပယ်ဖျက်ရမယ်။ ပြီးတော့ ဒီကောင်လေးကို ငါတို့တွေ သင်ခန်းစာ ပေးရမယ်။ အကြီးအကဲရှေ့မှာ လှည့်စားရဲတယ်။” မာရီယာက နဂါးနီအကြီးအကဲကို ဖျတ်ခနဲ ကြည့်လိုက်သည်။ “တကယ်တော့ လေ့ကျင့်ရေးကွင်းပြင်အကြောင်း အကြံအစည်က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ဒါပေမဲ့ ရက်ဇ်ဆိုလာ။ မင်းက နဂါးတောင်ကြားကို အရှက်ရစေခဲ့တယ်။ ပြီးတော့ မျိုးနွယ်တူတွေ အများကြီးရဲ့ အသက်ကို ပျက်စီးစေလုနီးပါး ဖြစ်ခဲ့တယ်။ မင်းက ကြွယ်ဝမှုရဲ့ ငါးပုံတစ်ပုံကို ဒဏ်ကြေးအနေနဲ့ ပေးဆောင်ရမယ်။ ပြီးရင် နဂါးတောင်ကြားကို ပြန်ပြီးတော့ နှစ်၁၀၀ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရမယ်။”
နဂါးနီက ချွေးများ ရွှဲနစ်သွားခဲ့သည်။ “နားလည်ပါပြီ။ မဟာအကြီးအကဲ။”
ကြွယ်ဝမှု ငါးပုံတစ်ပုံက နဂါးများအတွက် အတော်လေး နာကျင်စရာ ကောင်းလှသော်လည်း သူက မဟာအကြီးအကဲ၏ ညွှန်ကြားချက်များကို မဆန့်ကျင်ရဲပေ။ အကြောင်းမှာ မဟာအကြီးအကဲက နဂါးတောင်ကြား၌ စိတ်နှလုံးမကောင်းသူဟု နာမည်ကျော်ကြားခြင်းကြောင့်ပင်။ နဂါးဧကရာဇ်ပင် ၎င်းကြောင်း အနည်းငယ် ဟန့်တားခံနေရသည်။ သူ ငြင်းလိုက်လျှင် ကြွယ်ဝမှု ငါးပုံတစ်ပုံထက် ပိုမို ဆံုးရှုံးရလောက်ပေသည်။
အခြားတစ်ဖက်တွင်တော့ ချန်လွေ့က လေဒြပ်စင်ဘုရင်နှင့် အခြားသူများနှင့်အတူ တိမ်တိုက်နန်းတော်သို့ ပြန်ရောက်လာ၏။
လေဒြပ်စင်ဘုရင် ဆက်သ်တိုင်း၏ ပထမဆုံးစကားက အောက်ပါအတိုင်းပင်။ “မင်းဘာလို့ မလှုပ်ရှားခင် ငါသေတဲ့အထိ ဒါမှမဟုတ် နဂါးနီ ဒဏ်ရာအပြင်းအထန် ရတဲ့အထိ ဘာလို့ မစောင့်ခဲ့တာလဲ။”
ချန်လွေ့ အံ့အားသင့်သွားပြီး ခပ်တည်တည် ခေါင်းခါလိုက်၏။ “ခင်ဗျားလည်း တိုင်တန်တွေကို လက်မလျှော့ခဲ့ဘူးလေ။”
“လေဒြပ်စင်ကောင်တွေကို အရင်စမ်းသပ်ချက်တွေမှာ နဂါးတောင်ကြားက ထိခိုက်စေခဲ့တယ်။ ပြီးတော့ ဒြပ်စင်ဘုရင် ဒြပ်စင်ဘုရင်ဆိုတဲ့ ဂုဏ်သိက္ခာ ရှိတယ်လေ။”
“ဒါဆိုလည်း ကျုပ်မှာ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိတာပေါ့။” ချန်လွေ့က အလေးအနက် ပြောလိုက်သည်။ “ဒြပ်စင်စစ်ပွဲရဲ့ အမှန်တရားကို ကျုပ် နားမလည်ပေမဲ့ ကျုပ်ရဲ့မိတ်ဆွေ မိုးရီကတော့ သူ့ရဲ့ အကြီးမားဆုံးပြိုင်ဘက်က ဒြပ်စင်စစ်ပွဲ အပြင်မှာ အတော်တဆ သေသွားတာကို မလိုချင်ဘူးဆိုတာ ကျုပ် သိတယ်။”
လေဒြပ်စင်ဘုရင်က ချန်လွေ့က ခဏတာ စိုက်ကြည့်ပြီး အသာလေး ခေါင်းညိတ်လိုက်သည်။ “မြေဒြပ်စင်ဘုရင်က လူရွေး မမှားခဲ့ဘူးပဲ။ နဂါးစမ်းသပ်ချက်ကွင်းပြင်ကို အောင်အောင်မြင်မြင် တည်ထောင်ပြီးပြီဆိုရင် တိုင်တန်တွေနဲ့ လေဒြပ်စင်ကောင်တွေ အပေါ် နဂါးတွေရဲ့ ခြိမ်းခြောက်မှုက ရှိတော့မှာ မဟုတ်ဘူး။ ဒီကျေးဇူးကို ငါ အမှတ်ရနေမှာပါ။ မင်း အကူအညီလိုတိုင်း လေဒြပ်စင်ကောင်တွေက အင်အားနဲ့ပတ်သက်ပြီး တွန့်တိုနေမှာ မဟုတ်ဘူး။”
တိုင်တန်ခေါင်းဆောင် အိုးရှင်းနက်စ်က်လည်း ပြောလိုက်သည်။ “မြင့်မြတ်တဲ့သခင်။ သခင်က တိုင်တန်တွေကို ကယ်တင်လိုက်ပြန် ပါပြီ။ သခင်က တိုင်တန်တွေအတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့တဲ့ အတွက်ကြောင့် တိုင်တန်တွေကလည်း သခင့်အတွက် တိုက်ခိုက်ဖို့ သစ္စာဆိုပါတယ်။ ဒီနေ့ကစပြီးတော့ သခင်က တိုင်တန်တွေရဲ့ တကယ့် အရှင်သခင်ပါပဲ။ အနာဂတ်မှာ သခင်က တိုင်တန်အသစ်တွေ ဖန်တီးနိုင်တယ်ဆိုရင် ကျုပ်က တပ်မှူး စိတ်ဆန္ဒကို အသုံးပြုတော့ သူတို့ကို သခင့်ရဲ့ ထိန်းချုပ်မှု အောက်မှာ အညံ့ခံစေမှာပါ။”
ချန်လွေ့၏ မျက်လုံးများ အရောင်တောက်သွား၏။ ဒိုရူဒါရဲ့ လျို့ဝှက်ဂိုဒေါင်ထဲကနေ ငါရခဲ့တဲ့ သလင်းကျောက်ပြားက တိုင်တန်တွေ ထုတ်လုပ်တဲ့ အချက်အလက် အပြည့်အစုံကို မှတ်တမ်းတင်ထားတာ။
တိုင်တန်တွေရဲ့ အဟုန်က အတော်လေး စွမ်းအားကြီးတယ်။ ဒါပေမဲ့ သူတို့က သဘာဝအရ သောင်းကြမ်းတယ်။ အဲဒါကြောင့်ပဲ အဲဒီတုန်းက ပုန်ကန်မှု ဖြစ်ခဲ့တာ။ အခုတော့ အိုးရှင်းနက်စ်ရဲ့ တပ်မှူးစိတ်ဆန္ဒနဲ့ တိုင်တန်တွေကို လုံးဝ ထိန်းချုပ်လို့ ရနိုင်ပြီ။ ဒါက သေချာပေါက် မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာ တစ်ခုပဲ။ တိုင်တန်တွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေထဲက တစ်ခုက လေဒြပ်စင်ကောင်တွေရဲ့ လေအမြုတေပဲ။ ဒါကို ဒိုရူဒါက လေဒြပ်စင်ကောင်တွေဆီကနေ အတင်းဆွဲထုတ်ခဲ့ပြီးတော့ လေဒြပ်စင်ကောင်တွေကို သေစေခဲ့တယ်။ အဲဒါကြောင့် လေဒြပ်စင်ဘုရင်က စစ်ကြေညာခဲ့တယ်။ ဆက်သ်တိုင်း ပြောတဲ့ အတိုင်းဆိုရင် သူက လေဇစ်မြစ်အပိုင်းအစကို သုံးပြီးတော့ အရည်အသွေးပိုမြင့်တဲ့ လေအမြုတေကို ဖန်တီးနိုင်တယ်။ ဒါပေမဲ့ အရေအတွက် အကန့်အသတ်နဲ့ပဲ။
လေဒြပ်စင်ကောင်များက ချန်လွေ့ ကူညီခဲ့ခြင်းအတွက် အပြန်အလှန် အနေဖြင့် ဆက်သ်တိုင်းက ပုံမှန် အချိန်တစ်ခု ကြာပြီးတိုင်း လေအမြုတေအချို့ပေးရန် ဆန္ဒရှိသည်။ ထိုပြဿနာကို ဖြေရှင်းပြီးနောက် ချန်လွေ့က စိတ်သာသာရာ ရသွားပြီး [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ကို ပိတ်ကာ အကာအကွယ် အိပ်စက်ခြင်းသို့ ရောက်ရှိသွားတော့သည်။
ညက အတော်လေး အေးချမ်းလှပေသည်။ နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် နဂါးတောင်ကြားမှ လွှတ်လိုက်သော “ပညာရှင်” ရောက်လာပြီဖြစ်ကြောင်း နဂါးများထံမှ သတင်း ရောက်ရှိလာသည်။
ချန်လွေ့က ချက်ချင်းပင် ငွေရည်ကြိုနေရာကို ပြေးသွားလိုက်၏။ ယခုတစ်ခေါက် [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ကို အသက်မသွင်းဘဲ သူက ရန်သူကို ဇဝေဇဝါ ဖြစ်စေရန် အနိမ့်ဆင့် နတ်ဆိုးအထိ [ အသက်အောင့် ] စွမ်းရည်ကို အဆုံးစွန် အသုံးပြုလိုက်လေသည်။
ယခုတစ်ခေါက် နဂါးတောင်ကြား လွှတ်လိုက်သော “ပညာရှင်”က စပန်ဟုခေါ်ပြီး ငွေရောင်ဆံပင်ရှိကာ ခန့်ညားသော မျက်နှာနှင့် ထူးခြားသော စရိုက်ရှိသည့် ယောက်ျားတစ်ယောက် ဖြစ်ပေသည်။ ချန်လွေ့ကို အံ့သြသွားစေဆုံးမှာ စပန်၏ နားများက ချွန်နေခြင်းဖြစ်ပြီး [ သရုပ်ခွဲမျက်လုံး ] မပါဘဲနှင့်ပင် ထိုသူ၏ သရုပ်ကို သိနိုင်လေသည်။ နတ်သူငယ် မျိုးနွယ်စု။
နဂါးတောင်ကြားက လွှတ်လိုက်တဲ့ ပညာရှင်က တကယ်ကြီး နတ်သူငယ်တစ်ယောက် ဖြစ်နေတာပဲ။
ထိုနတ်သူငယ်၏ စွမ်းအားက SS+ အဆင့်ဖြစ်ပြီး တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ဖြစ်လေသည်။ ငွေမျက်လုံးများက ချန်လွေ့ကို ဖျတ်ခနဲ အသာလေး ကြည့်လိုက်ရာ အလွန်ကြီးမားသော စိတ်ဖိအားတစ်ခု ဖြစ်စေခဲ့လေသည်။
ရုတ်တရက် ချန်လွေ့က ပြင်းထန်သော သတိထားရမည့် အာရုံတစ်ခု ခံစားလိုက်ရသည်။ နတ်သူငယ်ဆိုတော့ စာချုပ်ထဲက “စာချုပ် ချုပ်သူကို ထိခိုက်အောင် မလုပ်ရဘူး” ဆိုတာက အကျုံးမဝင်တော့ဘူး။ အချက်အလက်နဲ့ စိစစ်ချက်အရတော့ ဒီနတ်သူငယ်က မှော်ပညာကိုရော ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကိုရော လေ့ကျင့်ထားတယ်။ နတ်သူငယ်မျိုးနွယ်စုရဲ့ အတော်လေး အားနည်းတဲ့ SS အဆင့် ခန္ဓာအမျိုးအစားကလွဲရင် ကျန်တဲ့ အစွမ်းသတ္တိတွေက အစွမ်းအထက်ဆုံးဖြစ်တဲ့ SS+ အဆင့်ကို ရောက်နေပြီ။ ပြီးတော့လည်း သူက လေဒြပ်စင်နဲ့ ရေဒြပ်စင်ကို ကျွမ်းကျင်တယ်။ ဒါက ကြောက်စရာ ရန်သူတစ်ယောက်ပဲ။ [ကျက်သရေအလင်းခန္ဓာ] ဖြစ်ဖြစ်၊ [ မီးဇာမဏီအမာရွတ် ] ပဲဖြစ်ဖြစ် အသုံးမဝင်ဘူး။