အတိတ်နှင့် အသိအကျွမ်းဟောင်း
Vol. 51 Ch. 843
(၃)နာရီ ကြာပြီးနောက် နတ်သူငယ်ဘုရင်၊ မဟာအကြီးအကဲ နတ်မိမယ်နဂါးနှင့် ချန်လွေ့တို့က လူတိုင်း၏ မျက်စိရှေ့သို့ ရောက်ရှိလာကြသည်။ နဂါးနှင့် စစ်သည်တော်များအားလုံး၏ စတ်ထဲ၌ လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရပြီး သူတို့အသက်ကို ထိန်းချုပ်ထားသော စာချုပ်စွမ်းအားက ပျောက်ကွယ် သွားလေပြီ။ ထို့နောက် နဂါးတောင်ကြားနှင့် မုန်တိုင်းကျွန်းတို့၏ ပူးပေါင်း ဆောင်ရွက်မှု တရားဝင် စတင်ပြီဖြစ်ကြောင်း မဟာအကြီးအကဲ မာရီယာက ကြေညာခဲ့သည်။ မုန်တိုင်းကျွန်းက အနာဂတ်တွင် နဂါးများနှင့် နဂါးစစ်သည်တော်များအတွက် တစ်ခုတည်းသော လေ့ကျင့်ရေးကွင်းပြင် ဖြစ်လာမည် ဖြစ်သည်။ နဂါးစစ်သည်တော် စမ်းသပ်ချက်ကိုလည်း နောက်ဆုံးပေါ်ပုံစံအတိုင်း ဆက်လက် ဆောင်ရွက်ပေမည်။
ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချလိမ့်မည်ဟု နဂါးအများအပြားက မထင်မှတ်ထားခဲ့ကြပေ။ သူတို့ ရောက်လာရသည့် ရည်ရွယ်ချက်က မုန်တိုင်းကျွန်းမှ တိုင်တန်များနှင့် လေဒြပ်စင်ကောင်များအားလုံးကို ချေမှုန်းရန် ဖြစ်သည်။ သူတို့က နဂါလင်းလက်အင်ပါယာမှ ဂရစ်ဖွန် ဗိုလ်ခြေကိုပင် ခေါ်လာခဲ့သော်လည်း ရလာဒ်က မုန်တိုင်းကျွန်းနှင့် ပူးပေါင်းခြင်းအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့လေသည်။ မဟာအကြီးအကဲ၊ နတ်သူငယ်ဘုရင်နှင့် “ရစ်ချက်”တို့အကြား ညှိနှိုင်းမှူက မည်သို့ဖြစ်သွားကြောင်း မသိရသော်လည်း စာချုပ်၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည့်အတွက် နဂါးများနှင့် စစ်သည်တော်များက နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့လေသည်။
မဟာအကြီးအကဲ မာရီယာ၏ လုပ်ပိုင်ခွင့်က နဂါးဧကရာဇ် ပါဂရစ်ဇ်ပြီးလျှင် ဒုတိယ ဖြစ်သည်။ ထို့ကြောင့် ထိုဆုံးဖြတ်ချက်ကို အကြီးအကဲနှစ်ဦး အပါအဝင် မည်သူကမှ မေးခွန်းမထုတ်ရဲပေ။ အမှန်တကယ်၌ အတွင်းဇာတ်လမ်းတစ်ခုခု ရှိရပေမည်။
စကားပြောနေခဲ့စဉ်အတွင်း ချန်လွေ့က မည်သည့်ကြောင့် လွန်ခဲ့သော နှစ်ပေါင်းနှစ်သောင်းက အိမ်မှ ထွက်ပြေးခဲ့ရကြောင်း သိရှိသွားခဲ့ရသည်။ အမှန်တကယ် ပြောရလျှင် ထိုကဲ့သို့ လက်ထပ်ပွဲမှ “ထွက်ပြေးခြင်းက” အမှန်တကယ် မယုံနိုင်စရာ ကောင်းလှပေသည်။ ယောက္ခထီးက နောက်ပိုင်းတွင် ထိုကောင်လေး၏ မိသားစုထဲ သွားခဲ့ပြီး ရိုက်နှက်ကာ ပစ္စည်းများ လုယက်ခဲ့လေသည်။ ထိုအရာက ပို၍ပင် ရှက်စရာကောင်းလှ၏။
ယောက္ခထီး၏ “ဘုရင်”ဟူသော ဂုဏ်ပုဒ်က နတ်သူငယ် မျိုးနွယ်စု၏ အန္တိမ အုပ်ချုပ်သူကို ကိုယ်စားပြုခြင်း မဟုတ်ပေ။ နတ်သူငယ်မျိုးနွယ်စု ကိုးကွယ်ကြသော လရောင်နတ်ဘုရားမက အမျိုးသမီး ဖြစ်သည့်အတွက် မင်းဆက်အားလုံးမှ ဧကရီများ အားလုံးက နတ်သူငယ်အမများသာ ဖြစ်လေသည်။ အထီးများက မည်မျှ ထူးချွန်စေစကာမူ နတ်သူငယ် ဧကရာဇ် မဖြစ်လာနိုင်ပေ။ အစွမ်းထက်ဆုံးနှင့် နတ်သူငယ်မျိုးနွယ်စုအတွက် ကြီးကြီးမားမား အကျိုးပြုခဲ့သော နတ်သူငယ်များသာလျှင် “ဘုရင်”ဟူသော အထူးဂုဏ်ပုဒ်ကို ရရှိနိုင်ကာ ထိုအရာက ဧကရီပြီးလျှင် ဒုတိယ အဆင့်အတန်းကို ပြသနေသည်။ ထိုအရာက အန္တိမဂုဏ်သိက္ခာ ကိုလည်း ကိုယ်စားပြုပေသည်။ နတ်သူငယ်မျိုးနွယ်စု၏ ရှည်လျားသော သမိုင်းကြောင်းထဲ၌ သရဖူဆောင်းသော ဘုရင်များမှာ လက်တစ်ဆုပ်စာသာ ရှိခဲ့သည်။
စပန်ဆာဝါဒီဂျာက နှစ်သောင်းချီအတွင်း ကျောက်စိမ်း သစ်တောပင်လယ်၏ ပထမဆုံး နတ်ဘုရားတစ်ပိုင်း အစွမ်းထက် ပုဂ္ဂိုလ် ဖြစ်လေသည်။ သူ၏စွမ်းအားက ကြီးမားလွန်းလှသည်။ နာမည်ကျော်ကြားသည့် ချောမောလှသူလည်းဖြစ်ကာ နတ်သူငယ် မျိုးနွယ်စု၏ အနုပညာရှင်နှင့် မှော်စက်ဝိုင်းဆရာသခင်လည်း ဖြစ်သည့်အလျောက် စပန်က နတ်သူငယ်မများစွာ၏ အိပ်မက်ချစ်သူ ဖြစ်ခဲ့လေသည်။ သူက ထိုစဉ်က နတ်သူငယ် ဧကရီနှင့် အကောင်းဆုံး စုံတွဲဟု သတ်မှတ်ခံခဲ့ရလေသည်။
သို့သော်လည်း စပန်က နောက်ဆုံးတွင် ပြိုင်ဘက်တစ်ယောက် ဖြစ်ခဲ့သော မာရီယာကို ရွေးချယ်ခဲ့သည်။ ထိုအဖြစ်အပျက်က နတ်သူငယ်မျိုးနွယ်စုထဲ၌ အုတ်အော်သောင်းတင်း ဖြစ်သွားစေပြီး နောက်တွင် စပန်ကို အကြီးအကဲများက နယ်နှင်လိုက်ကာ ကျောက်စိမ်း သစ်တောပင်လယ်မှ ထွက်သွားခဲ့ရသည်။ နောက်ပိုင်းတွင် ကြီးမားလှသော ဖြစ်ရပ်တစ်ခုက ကျောက်စိမ်း သစ်တောပင်လယ်၌ ဖြစ်ပျက်ခဲ့သည်။ ယုံကြည်မှုများ ညစ်နွမ်းနေသော သက်ကြွေနတ်သူငယ်များက နတ်သူငယ် ဧကရီကို ခြိမ်းခြောက်ပြီး ထိန်းချုပ်ခဲ့သည်။ သူတို့က အထွတ်အမြတ် အမွေအနှစ်ဖြစ်သော သဘာဝသစ်ပင်ကိုပင် ရယူရန် ကြိုးစားခဲ့ကြသည်။ နောက်ကွယ်မှ ကြိုးကိုင်သူမှာ စပန် ကို ထွက်သွားရန် တွန်းအားပေးခဲ့သော မဟာအကြီးအကဲ အီဖိသ် ဖြစ်လေသည်။
နတ်သူငယ်မျိုးနွယ်စု သေရေးရှင်ရေး ဖြစ်နေချိန်၌ စပန်က ရန်ငြိုးဟောင်းများကို စွန့်ပစ်ပြီး နတ်မိမယ်နဂါးနှင့်အတူ ကျောက်စိမ်း သစ်တောပင်လယ်ထဲ ဖောက်ဝင်ကာ အီဖိသ် အပါအတင် သက်ကြွေနတ်သူငယ် အားလုံးကို သတ်ပစ်ခဲ့သည်။ သူက သဘာဝသစ်ပင်ပေါ်မှ ကျိန်စာ၏ ဖျက်ဆီးစွမ်းအားကိုပင် ချိပ်ပိတ်ခဲ့သည့်အတွက် နတ်သူငယ်မျိုးနွယ်စု တစ်ခုလုံးကို ကယ်တင်ရန် သူ၏စွမ်းအင်ပင် လျော့ကျသွားခဲ့ရသည်။ ထိုအကြောင်းကြောင့် စပန်က နတ်သူငယ်ဘုရင်ဟူသော ဂုဏ်ပုဒ်ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။ သူ၏ သူရဲကောင်းဆန်သော လုပ်ရပ်များကို နတ်သူငယ်မျိုးနွယ်စုက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း ခဲ့ကြ၏။
ယောက္ခထီး၏ ခမ်းနားလှသော လုပ်ရပ်များက ချန်လွေ့က ဆွံ့အသွားစေခဲ့သည်။ လက်စသတ်တော့ နတ်သူငယ်ဘုရင်ရဲ့ နဂိုစွမ်းအားက နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်နေတာကိုး။ ဒါပေမဲ့ သူက သဘာဝသစ်ပင်ကို ကယ်တင်ခဲ့တဲ့အတွက် တိုင်းပြည် အဆင့်ကို ပြန်ကျသွားခဲ့သည်။ ထိုကျိန်စာကြောင့် သူက ယခုဘဝတွင် အဆင့်မတက်နိုင်တော့ပေ။
အမှန်တကယ်၌ သဘာဝသစ်ပင်ကို ချိပ်ပိတ်ပြီးနောက် စပန်၏ အခြေအနေက အတော်လေး ဆိုးရွားနေခဲ့သည်။ သူ၏ အသက်ဓာတ်က အနိမ့်ဆုံးအထိ ရောက်ရှိသွားခဲ့၏။ မာရီယာက လျို့ဝှက်ပညာရပ်တစ်ခုကို အသက်သွင်းပြီး ချစ်သူအတွက် အသက်တဝက်ကို မျှဝေခဲ့၍သာ နတ်သူငယ်၏အသက်ကို ကယ်တင်နိုင်ခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် ချန်လွေ့က ယောက္ခထီးနှင့် သူ၏ မိန်းမတို့၏ အချစ်ကို ပိုမို၍ နားလည်သွားခဲ့ပြီး ကျောက်စိမ်း သစ်တောပင်လယ်မှ သဘာဝသစ်ပင်က မည်သည်ကြောင့် တစ်ရက်ပြီးတစ်ရက် ညှိုးခြောက်လာကြောင်းကို သဘောပေါက် သွားခဲ့သည်။ စပန်၏ ချိပ်ပိတ်မှုက ထိုကဲ့သို့ ဖျက်ဆီးကျိန်စာ မပါတော့ဟန်တူလေသည်။
ချန်လွေ့ ရှင်းရှင်းလင်းလင်း မပြောပြနိုင်သော အရာအချို့ ရှိနေလေသည်။ သူက သူ၏ နာမည်အရင်းနှင့် ဇိုလာ၏ သက်ဆိုင်သော ကိစ္စအချို့ကို ပြောပြခဲ့သည်။ သမီးဖြစ်သူက နတ်ဆိုးဘုံ၌ ရှိနေကြောင်း သိပြီးနောက် နတ်သူငယ်ဘုရင်နှင့် နတ်မိမယ်နဂါးတို့က နတ်ဆိုးဖြစ်နိုင်လောက်သော သားမက် ဖြစ်သူအပေါ် ထူးထူးခြားခြား ခံစားချက် အပြောင်းအလဲများ မရှိခဲ့ပေ။ သမီးဖြစ်သူ ဘေးကင်းကြောင်း သတင်းက သူတို့အတွက် ဝမ်းသာစရာ ဖြစ်နေပြီ ဖြစ်သည်။
ချန်လွေ့သည် ခုနက နတ်သူငယ်ဘုရင်၏ လေးစားမှုကို ခံခဲ့ရပြီး ရှေးမှော်စာ အကြောင်း “ဆွေးနွေးခဲ့ရခြင်း”က အတော်လေး ကံကောင်းခဲ့ပြီ ဖြစ်လေသည်။ ၎င်းနှင့်ယှဉ်လျှင် မဟာအကြီးအကဲ နတ်မိမယ် နဂါးက ကိုယ်တွယ်ရ လံုးဝ မလွယ်ကူပေ။
ချန်လွေ့၏ ယခင်လောက၌ ယောက္ခမဖြစ်သူကို “ရုပ်ဝါဒီ”၊ “ဥစ္စာ”၊ “စည်းကမ်းချက်များ” အစရှိသော အဓိက စကားလံုးများနှင့် ချိတ်ဆက်နေသော ဇာတ်လမ်းများစွာကို ကြားခဲ့ရသည်။ အချို့ကမူ အတော်လေး ပြဇာတ်ဆန်ပြီး ထူးဆန်းလှပေသည်။
နေရာ မတူညီကြသော်လည်း တူညီမှုအချို့ ရှိနေသည်မှာ အသေအချာပင်။ ယောက်ျားကောင်းတစ်ယောက်နှင့် ရှိနေသော အမျိုးသမီးတစ်ယောက်အနေဖြင့် ယောက္ခမကဲ့သို့ သတ္တဝါမျိုးက သူ့သမီး ယှဉ်နိုင်သောအရာ မဟုတ်ပေ။
မဒမ်-နတ်မိမယ်နဂါး၏ ပထမဆုံးမေးခွန်းက ချန်လွေ့၏ အရှိုက်တည့်တည့်ကို ထိသွားခဲ့သည်။ မင်းမှာ မိန်းမ ဘယ်နှယောက် ရှိလဲ။
နဂါးတောင်ကြားရဲ့ မဟာအကြီးအကဲ ဆိုတဲ့အတိုင်းပဲ သူ့မှာ တကယ့်ကို နိုင်ငံရေး အမြင်တွေ ပြင်းပြတယ်။ ချန်လွေ့က ယောက္ခထီကိုး အတုခိုးကာ “ဘာပြောလိုက်တာလဲ”ဟု တကယ် ပြောချင်နေသော်လည်း တကယ့်လက်တွေ့က ရက်စက်ပေသည်။ ထိုကဲ့သို့ ဖော့ပြောရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက “တစ်ယောက်ထက် ပိုကြောင်း” ဝေဝေဝါးဝါး ပြန်ဖြေပြီး ဇိုလာက “တန်ဖိုးအထားရဆုံး” ဖြစ်ကြောင်း အလေးပေး ပြောခဲ့သည်။
မဒမ်-နတ်မိမယ်နဂါး ယောက္ခမက ထိုအဖြေနှင့် ပတ်သက်ပြီး လုံးဝ မကျေနပ်ပေ။ သို့သော်လည်း မမျှော်လင့်ထားစွာပင် သူက “မင်းမှာ ရင်းနှီးတဲ့ ညီအစ်မတွေ ဘယ်နှယောက်ရှိလဲ” ဟူ၍ မမေးခဲ့ပေ။ ထိုအစား သူက “ဇိုလာက အစွမ်းထက်ဆုံးလား”ဟု မေးခဲ့သည်။ ထိုကဲ့သို့ အပြစ်ကင်းသော မေးခွန်းက ချန်လွေ့အား မဒမ်-မာရီယာ၏ စိတ်နှလုံးမကောင်းမှုကို ပထမဆုံးအကြိမ် မြင်တွေ့သွားရစေသည်။ သူက “အတွင်းရေး တိုက်ခိုက်မှုများ” နှင့် “သွေးပျက်ဖွယ် မောင်းမဆောင်ကိစ္စ”များကို တွေးလိုက်မိ၏။ သူက ၎င်းကို ယောက္ခမ၏ ရွေးချယ်သောစံနှုန်းနှင့် ချိတ်ဆက်လိုက်ရာ ကြက်သီးထသွားတော့သည်။
အထက်ပါများမှာ ချန်လွေ့နှင့် ယောက္ခထီး၊ ယောက္ခမများနှင့် “လူတွေ့မေးမြန်းသော” အပိုင်းတစ်ခုသာ ဖြစ်ပေ၏။ ထိုနေရာမှ ထွက်သွားပြီးတော့ တစ်စုံတစ်ယောက်က ချွေးများ စိုရွှဲနေ တော့သည်။
ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် စပန်နှင့် မာရီယာတို့က သားမက်ဖြစ်သူအား အတော်လေး ကျေနပ်နေခဲ့သည်။ သူတို့ နှစ်ယောက်က အတော်လေး အသိပညာ ကြွယ်ဝသောကြောင့် ဒြပ်စင်အရင်းအမြစ်စွမ်းအား (၆)ခုလုံးကို ရရှိရန် မည်မျှ ခက်ခဲကြောင်း သိကြလေသည်။ ထိုအရာက ချန်လွေ့သည် မည်သည့်အတွက်ကြောင့် လေဒြပ်စင်ကောင်များကို ကာကွယ်ရန် အသည်းအသန် တိုက်ခိုက်နေရခြင်းကို ရှင်းပြပေသည်။ ထိုအဖြစ်အပျက် တစ်ခုတည်းကပင် သားမက်ဖြစ်သူ၏ ပင်ကိုစရိုက်နှင့် ဇိုလာအပေါ် ချစ်မြတ်နိုးမှုများကို ပြသနေလေသည်။ မျိုးနွယ်မတူသည်က ပြဿနာ မဟုတ်ပေ။ အကြောင်းမှာ နတ်သူငယ် ဘုရင်နှင့် မဟာအကြီးအကဲ နတ်မိမယ်နဂါးတို့လည်း ထိုစဉ်က ထိုကဲ့သို့ပင် ဖြစ်လေသည်။
ယောက္ခမနှင့် ယောက္ခထီးတို့ကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည့်အတွက် သားမက်ဖြစ်သူက သားသမီးကျင့်ဝတ်ကို ပြသရန် လိုအပ်လေသည်။ တိုင်းပြည်စွမ်းအားရှိသော အထူး အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်သည့်အလျောက် အဆောင်ပစ္စည်း သို့မဟုတ် အထူး အဆောင်ပစ္စည်းယောင် မဟုတ်လျှင် သာမန် ပစ္စည်းများက သိပ်ပြီး တန်ဖိုး မရှိလှပေ။ နတ်သူငယ်ဘုရင် သဘာဝသစ်ပင်ကို ချိပ်ပိတ်ခဲ့စဉ်က အသက်ဓာတ် အများအပြားကို ကုန်ဆုံးခဲ့ပြီး မာရီယာက အသက်တဝက်ကို ဝေမျှခဲ့ခြင်းကို စဉ်းစားပြီး ချန်လွေ့က အသက်ရှည်ဆေးရည် နှစ်ပုလင်း ပေးခဲ့၏။ ထိုလက်ဆောင်က နတ်သူငယ်ဘုရင်နှင့် မဟာအကြီးအကဲ နတ်မိမယ်နဂါးတို့အား အတော်လေး ပျော်ရွှင်စေခဲ့သည်။ ပုံစံ အမျိုးမျိုးပြောင်းလဲ၍ရသော အထူး လက်ဆောင် “မှော်ငှက်တောင် ပိုးဇာလွှာ”က မဒမ်-ယောက္ခမအား ပို၍ပင် ပြုံးစေခဲ့သည်။ ကံဆိုးစွာပင် ကုန်ကြမ်းများ မလုံလောက်သည့် အတွက်ကြောင့် ယောက္ခထီးဖြစ်သူအတွက် နောက်ထပ် အဆောင်ပစ္စည်းယောင် အလင်းချပ်ကာကို မပြုလုပ်ပေးနိုင်ခဲ့ပေ။
ထိုလက်ဆောင်များနှင့်ယှဉ်လျှင် စပန် နှင့် မာရီယာတို့ကို လာတွေ့ရန်အတွက် ဇိုလာအား လူသားလောကထံ ဖျောင်းဖျပြီး ခေါ်လာမည်ဟု ချန်လွေ့ ကတိပေးခဲ့ခြင်းက အပျော်ရဆုံး ဖြစ်၏။ [ ကြယ်ဂိတ် ] ကို ချန်လွေ့ကလွဲပြီး အခြားသူများ အသုံးမပြုနိုင်ဘဲ သာမန် နေရာလွတ် ခရီးသွားခြင်းကလည်း အန္တရာယ် များလွန်းသည့် အတွက်ကြောင့် လူသားလောကသို့ ဝင်ရောက်ရန် အန္တရာယ်အကင်းဆုံး နည်းလမ်းမှာ နှစ်၁၀၀အတွင်း အစီအရင် ပွင့်မည်ကို စောင့်ဆိုင်းနေရန်သာ ဖြစ်လေသည်။
နဂါးများအတွက် နှစ်၁၀၀က ဘာမှ မဟုတ်ပေ။ မည်သို့ပင် ဆိုစေကာမူ မာရီယာနှင့် စပန်တို့က နှစ်၂၀၀၀၀ စောင့်ခဲ့ပြီးပြီ ဖြစ်လေသည်။
နောက်ဆုံးတွင် နဂိုက သတ်ဖြတ်ခြင်းသည် ပူးပေါင်းခြင်း အဖြစ်သို့ ပြောင်းလဲသွားပြီး မူလ ရန်သူက မိတ်ဆွေ ဖြစ်သွားကာ နဂါးစစ်သည်တော်များက သုံးလေးရက်အတွက် တရားဝင် စတင်လာမည့်စမ်းသပ်ချက်ကို ပိုမို၍ အာရုံစိုက်နေကြတော့သည်။ ထိုမတိုင်ခင် နဂါးစစ်သည်တော်များနှင့် ဂရစ်ဖွန် စီးနင်းသူများက မာရီယာ၊ စပန်နှင့် ချန်လွေ့တို့ကို စမ်းသပ်ချက်ကွင်းပြင် အစီအရင် ခင်းကျင်းရန် ကူညီပေးကြရပေမည်။
“ဆာ-ရစ်ချက်...” နဂါးစစ်သည်တော်တစ်ယောက်၏အသံ ထွက်ပေါ်လာသည်။ “တတိယအဖွဲ့က ဆာ တောင်းဆိုထားတဲ့ တောင်ကြားနားက မှော်စက်ဝိုင်းကို ခင်းကျင်းပြီးပါပြီ။ သွားကြည့်ပေးပါဦး။”
နဂါးစစ်သည်တော်၏ အမူအရာက အတော်လေး လေးစားနေလေသည်။ နဂါးစစ်သည်တော်တစ်ယောက် အသေအချာ ရွေးချယ်ထားသော လူတော်တစ်ယောက်ဖြစ်ပြီး အများစုက မောက်မာကသည်။ သို့သော်လည်း အထူးအဆင့် နဂါးနီနှင့် ရွှေနဂါးတို့ကို အနိုင်ယူနိုင်ပြိး မဟာအကြီးအကဲနှင့် စာချုပ်ချုပ်ထားသော ထိုလျို့ဝှက်ဆန်းကြယ်သူ အရှေ့တွင်တော့ နဂါးစစ်သည်တော်များက ကြောက်ရွံ့ ရိုသေခြင်းသာ ရှိကြလေသည်။
ချန်လွေ့က ခေါင်းညိတ်လိုက်ပြီး နဂါးစစ်သည်တော်နှင့်အတူ တောင်ကြားသို့ သွားလိုက်သည်။ သေသေချာချာ စစ်ဆေးပြီး နောက်တွင် ချန်လွေ့က ခေါင်းညိတ်ကာ တတိယအဖွဲ့မှ နဂါးစစ်သည်တော် တစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။ “အားလုံး ကြိုးစားခဲ့ကြပါတယ်။ မင်း ဒီမှာနေခဲ့ပြီးတော့ စမ်းသပ်ဖို့အတွက် ငါ့ကို ကူညီပေး။ တခြားသူတွေ ပြန်နားလို့ရပြီ။”
နဂါးစစ်သည်တော်များ ဦးညွှတ်ကာ ထွက်သွားပြီးနောက် နဂါးစစ်သည်တော်တစ်ဦးက ချန်လွေ့ကိုကြည့်ပြီး တစ်ခုခုပြောရန် တုံ့ဆိုင်းနေခဲ့သည်။ ချန်လွေ့က သူ့ကို ပြုံးပြပြီး မှော်စက်ဝိုင်းကို အသက်သွင်းလိုက်သည်။ “ဟုတ်ပါပြီ။ အခု အပြင်ကလူတွေ ငါတို့ ပြောတာကို မကြားရတော့ဘူး။ ငါ ပြောတော့ မလို့ပဲ။ မတွေ့ရတာ ကြာပြီးနော်။ ဆာ-ရွှေရောင်စစ်သည်တော်။ မင်းက သိပ်မကြာခင် တကယ့် နဂါးစစ်သည်တော်လို့ ခေါ်ရတော့မလားပဲ။”
နဂါးစစ်သည်တော်က စိတ်လှုပ်ရှားသောပုံစံ ပြသလိုက်ပြီး ဒူးတစ်ဖက် ထောက်လိုက်၏။ “တကယ်ပဲ။ တကယ် အရှင်မင်းသား အာသာပဲ။”
ထိုနဂါးစစ်သည်တော်က သစ္စာခံခဲ့သော ဆမ်မြူရယ်ပင် ဖြစ်၏။ နဂါးတောင်ကြား စမ်းသပ်ချက် ပထမအကျော့ကို အောင်မြင်စွာ ဖြတ်ကျော်သွားပြီးနောက် ဆမ်မြူရယ်က ပြန်လည် စမ်းသပ်မှုတွင် အရည်အချင်း ပြည့်မှီခဲ့သည်။ သူက မင်းကို ကျော်ဖြတ် နိုင်သည်နှင့် တရားဝင် နဂါးစစ်သည်တော် ဖြစ်လာပေမည်။
မှော်ဆရာခံတပ်တွင် ချန်လွေ့က စိတ်ဝိညာဉ်ကွင်းဆက် အားလုံးကို ပယ်ဖျက်ခဲ့သည့် အတွက်ကြောင့် “အရှင်မင်းသား”က ကျရှုံးသွားပြီဟု ဆမ်မြူရယ် ထင်ထားခဲ့သည်။ ထို့ကြောင့် သူက ရှင်းပြ၍မရအောင် စိတ်ဓာတ်ကျပြီး ပူဆွေးနေခဲ့ရသည်။ နောက်ပိုင်း သူက အီနာထံမှ အဆက်အသွယ်ရလာပြီး သူ၏သခင်က အသက်ရှင် နေသေးကြောင်း ကြားလိုက်ရသည့်အခါမှသာ သူက ယုံကြည်ချက်နှင့် တိုက်ခိုက်ချင်စိတ်များ ပြန်ရလာခဲ့သည်။
ချန်လွေ့က အီနာကို အိပ်မက်ဆိုးတောနက်၌ ကယ်တင် ပြီးနောက်တွင် ဆမ်မြူရယ် မစိုးရိမ်စေရန်အတွက် အသူရာအား အီနာကို ပြောပြရန် အထူးညွှန်ကြားခဲ့သည်။ ယခုတွင် မုန်တိုင်းကျွန်း၌ သူက ဆမ်မြူရယ်နှင့် ပြန်လည်ဆုံတွေ့ရာ အလွန် ပျော်ရွှင်ရလေသည်။ ယခင်က အထူးအခြေအနေကြောင့် သူက ဆမ်မြူရယ်ကို မဆက်သွယ်နိုင်ခဲ့သော်လည်း ယခုတွင် အခွင့်အရေး ရသွားလေပြီ။
“သွေးသစ္စာ အလင်းက မရှိတော့မှတော့ ငါတို့က မိတ်ဆွေတွေ ပါပဲ။ ဒီလိုမျိုးတွေ မလိုပါဘူး။”
ဆမ်မြူရယ်က မနာခံဘဲ ခေါင်းကို ငုံ့ထားကာ ပြောလိုက်သည်။ “ကျုပ်ရဲ့ စွမ်းအားက အကန့်အသတ် ရှိပြီးတော့ အရှင်မင်းသား အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေတာ သိပါတယ်။ ဒါပေမဲ့ ကျုပ်ကို အခွင့်အရေးတစ်ခု ပေးပါ။ ကျုပ် ပိုအစွမ်းထက်အောင် ကြိုးစားပြီးတော့ အရှင်မင်းသားနောက်ကို အမှန်တကယ် လိုက်ဖို့အတွက် အရည်အချင်း ပြည့်မှီအောင် လုပ်မှာပါ။ သွေးသစ္စာ အလင်းကတော့.....အရှင်မင်းသားကို ကျုပ် သစ္စာခံပြီးကတည်းက ကျုပ် မသေမချင်း ဝိညာဉ်ထဲမှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားခဲ့ပါပြီ။ အရှင်မင်းသားက ကျုပ်ကို မေ့ပျောက်သွားတာမျိုး မဟုတ်ရင် သစ္စာခံတာက အမြဲတမ်း အကျိုးသက်ရောက်မှု ရှိနေမှာပါ။”
ချန်လွေ့ သက်ပြင်းချပြီး ရှေ့တက်ကာ ဆမ်မြူရယ်ကို ကိုင်လိုက်သည်။ “ငါက မင်းရဲ့ သစ္စာတရားနဲ့ မထိုက်တန်ဘူး။ တကယ်တော့ ငါ့မှာက ရည်မှန်းချက် ကြီးကြီးမားမား မရှိဘူး....”
“ကျုပ်ကို ခန့်မှန်းခွင့်ပြုပါ။ အရှင်မင်းသားက ရည်မှန်းချက် မရှိတာ မဟုတ်ပါဘူး။ ရည်မှန်းချက် ကြီးလွန်းတာပါ။ ဒီနေ့ အရှင်မင်းသားရဲ့ အစွမ်းကို မြင်ပြီးတော့ ကျုပ်စိတ်ထဲမှာ ထင်ထားခဲ့တာတွေကို ပိုသေချာစေခဲ့တယ်။” ချန်လွေ့ ခေါင်းခါလိုက်သည်။ “ဒါပေမဲ့ အရှင်မင်းသားရဲ့ လျို့ဝှက်ချက်တွေကို ကျုပ် စူးစမ်းရှာဖွေမှာ မဟုတ်ပါဘူး။ ကျုပ် တောင်းဆိုချင်တာက ဒီအခွင့်အရေးနဲ့ ဂုဏ်ကျက်သရေကို ပေးအပ်ဖို့ပါပဲ။”
“ကောင်းပြီလေ။ မင်း ပတ်သက်မှာ မကြောင်ရင်၊ စိတ်ပျက်ရမှာ မကြောက်ရင်ပေါ့။” ချန်လွေ့က ဆမ်မြူရယ်၏ ပုခုံးကို ပုတ်လိုက်၏။ “ဒါပေမဲ့ အလင်းသွေးသစ္စာက မလိုဘူး။ အာသာ မရှိရင်တောင်၊ “အရှင်မင်းသား” မရှိရင်တောင် ဆမ်မြူရယ်က ငါ ယုံကြည်လို့ရတဲ့ မိတ်ဆွေတစ်ယောက် ဖြစ်နေတုန်းပဲ ဆိုတာကို မှတ်ထားရမယ်။”
ဆမ်မြူရယ်၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ “ဒါနဲ့ အရှင်မင်းသား။ ကျုပ်မှာ နောက်ထပ် တောင်းဆိုစရာတစ်ခု ရှိတယ်။ အရှင်မင်းသားက ဒီစမ်းသပ်ချက်ကို တာဝန်ယူထားတာဆိုတော့ ကျုပ်ကို တတိယနေရာရအောင် လုပ်ပေးလို့ ရမလား။”
ချန်လွေ့က ကြက်သေသေသွားခဲ့သည်။ ဆမ်မြူရယ်က မသမာနည်းကို အသုံးချသူမျိုး မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် ထိုသို့ တောင်းဆိုရသည်မှာ အထူးအကြောင်းရင်း တစ်ခုခု ရှိရပေလိမ့်မည်။