← Chapters

အခန်း ၈၁

Vol. 7 Ch. 81

အခန်း ၈၁

Vol. 7 Ch. 81

အပိုင်း ၈၁

"ဝင်ခဲ့ပါ"

အခန်းထဲကနေ အသံထွက်လာသည်။ စုချန်ယန်က အသက်ရှူတည်ငြိမ်အောင် လုပ်လိုက်ပြီး သူမစိတ်ထဲမှာ Terry က ဘယ်လိုပုံမျိုးလဲ စိတ်ကူးကြည့်လိုက်သည်။

သူမ ဗီဒီယို‌တွေထဲမှာ တွေ့ဖူးသလိုမျိုးလား? သူမက တံလါးလက်ကိုင်ကို ကိုင်လိုက်ပြီး ညင်ညင်သာသာနဲ့ တံခါးကို တွန်းဖွင့်လိုက်သည်။

စုချန်ယန် မော့ကြည့်လိုက်တော့ suit ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်က တံခါးနားမှာ ရပ်နေတာကို တွေ့လိုက်ရသည်။

"မင်္ဂလာပါ..."

စုချန်ယန်မှာ အံ့ဩနေသည်။ Terry က နိုင်ငံခြားသားမဟုတ်ဘူးလား? သူမအရှေ့က အမျိုးသားက အရှေ့တိုင်းမျက်နှာနဲ့။

"Miss စု မင်္ဂလာပါ" အမျိုးသားက နည်းနည်း ဦးညွှတ်လိုက်ပြီး လက်ဆန့်လိုက်သည်။

စုချန်ယန်ကလည်း ယဉ်ယဉ်ကျေးကျေးနဲ့ သူမလက်ကို ဆန့်ထုတ်လိုက်ပြီး သူနဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ"

အမျိုးသားက ပြုံးလိုက်ပြီး သူမလက်ကိုလွှတ်လိုက်ကာ အခန်းထဲကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းတို့နှစ်ယောက် အရင်စကားပြောကြပါ။ မေးစရာတွေရှိရင် ကျွန်တော့်ကို လွတ်လွတ်လပ်လပ် လာရှာလို့ရပါတယ်"

ပြောလို့ပြီးတော့ သူက စုချန်ယန်ကို ခေါင်းညိတ်ပြလိုက်ကာ ထွက်သွားပြီး သူ့အနောက်က တံခါးကို ပိတ်လိုက်သည်။

စုချန်ယန်က အခန်းထဲကို ကြည့်လိုက်ပြီး အဲ့ဒီတော့မှ အထဲမှာ နိုင်ငံခြားသားနှစ်ယောက်က ဆိုဖာပေါ်မှာထိုင်နေမှန်း သတိထားမိလိုက်သည်။

Terry က အမျိုးသားအဆိုတော်ဖြစ်ပြီး သူ့ဘေးက အမျိုးသမီးက သူ့လက်ထောက်များလား? သူမက အဲ့ဒီလိုလည်း မဝတ်စားထားဘူး။ သူက Terryနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ သူများလား?

စုချန်ယန်က လူနှစ်ယောက်ရဲ့ မျက်နှာတွေကို ကြည့်လိုက်သည်။ Terryက သူ့ရဲ့ ပရိုဖိုင်ပုံနှင့်ကွဲပြားသည်။ စုချန်ယန်က သူ့ကိုကြည့်နေတာကို သူမြင်တော့ သူက လက်ပြလိုက်ပြီး "Hello!"

စုချန်ယန်မှာ အံ့အားသင့်သွားသည်။ ဒါက နှုတ်ဆက်နေတာမှန်း သူမ သိပေမယ့် ပြဿနာက သူမ အင်္ဂလိပ်စကား မပြောတတ်ဘူးလေ!

ဒီမှာ သူမတစ်ယောက်ထဲ နိုင်ငံခြားသားနဲ့ယောက်နဲ့ ဘယ်လိုမျိုး ဆက်သွယ်ပြောဆိုမှာလဲ?

စုချန်ယန်က အတွင်းထဲမှာ ထိတ်လန့်နေပေမယ့်အပြင်ဘက်မှာတော့ တည်ငြိမ်နေသည်။

သူမက လူနှစ်ယောက်ဆီ လျှောက်လာ‌တော့ တစ်ဖက်မှာထိုင်နေတဲ့ အမျိုးသမီးက စုချန်ယန်ကို သူမရဲ့မျက်လုံးတွေနဲ့ စောင့်ကြည့်နေသည်။ စုချန်ယန်က သူမကိုတစ်ချက်ကြည့်လိုက်ပြီး ရင်းနှီးနေသလို ခံစားရပေမယ့် သူမ ဘယ်သူလဲဆိုတာကိုတော့ မမှတ်မိပေ။

"Hello" စုချန်ယန်က လူနှစ်ယောက်ဆီ နည်းနည်းဦးညွှတ်လိုက်သည်။

Terryကလည်း ဆိုဖာပေါ်ကနေ ထလိုက်ပြီး သူမကို လူကြီးလူကောင်းဆန်ဆန် ဦးညွှတ်လိုက်သည်။ နောက်တော့ သူမရဲ့ ဘေးမှာချထားတဲ့ ညာလက်ကို ကိုင်လိုက်ပြီး လက်ဖမိုးပေါ် ညင်ညင်သာသာ နမ်းလိုက်သည်။

သူက စုချန်ယန်စိတ်ကူးထားတဲ့ ပုံနဲ့ သိပ်အများကြီး မကွာခြားပေ။ သူက သာမာန်လူတွေထက် ပိုကြည့်ကောင်းတယ်လို့ဘဲ ခံစားရသည်။

"မင်းက ကိုယ်တွေးထားတာထက် ပိုချောတာပဲ" Terryက တောက်တာက်ပပ ပြုံးလိုက်ပြီး တရုတ်စကားကို သွက်သွက်လက်လက်နဲ့ ပြောလာသည်။ အသံက နည်းနည်းအဆင်မပြေဖြစ်ပေမယ့် နားလည်နိုင်သေးသည်။

စုချန်ယန်က သက်သာရာရသလို တိတ်တိတ်လေးသက်ပြင်းချလိုက်ပြီး "ကျေးဇူးပါ"

Terryက လှည့်လိုက်ပြီး တစ်ဖက်က အမျိုးသမီးကို ညွှန်ပြလိုက်ကာ သူမကို မိတ်ဆက်ပေးလိုက်သည် "ဒါက ကိုယ့်သူငယ်ချင်း။ ကိုယ်မင်းကို တွေ့မယ်လို့ သူကြားတော့ သူက မင်းကိုတွေ့ဖို့ အရမ်းစိတ်ဝင်စားနေတာ"

အဲ့ဒီအချိန်မှာ အမျိုးသမီးက အနည်းငယ်ပြုံးကာ မတ်တပ်ရပ်လိုက်ပြီး စုချန်ယန်ဆီ လျှောက်လာသည်။

"မင်္ဂလာပါ" သူမက သူမရဲ့ တရုတ်စကားကလည်း အရမ်းကောင်းနေတာကို အံ့ဩနေတဲ့ စုချန်ယန်ဆီ လက်ကမ်းပေးလိုက်သည်။

စုချန်ယန်က သူမနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပြီး "မင်္ဂလာပါ၊ ကျွန်မက စုချန်ယန်ပါ"

အမျိုးသမီးက နှုတ်ခမ်းကွေးလိုက်ပြီး "တို့သိပါတယ်၊ တို့နာမည်က Maryပါ"

စုချန်ယန်က သူမကို အံ့ဩတကြီး ကြည့်လိုက်သည်။ သူမ ရင်းနှီးနေသလိုဖြစ်နေတာ မအံ့ဩတော့ဘူး။

အမျိုးသမီးက သူမရဲ့အမူအရာကြောင့် ကျေနပ်သွားပြီး နက်နက်ရှိုင်းပြုံးလိုက်ကာ "လင်းယွီက တို့အကြောင်း မင်းကို‌ပြောခဲ့တဲ့ပုံဘဲ"

စုချန်ယန်မှာ အရင်တုန်းက Maryနဲ့ တစ်ခါမှ မတွေ့ဖူးပေ။ သူမမြင်ဖူးတဲ့ တစ်ခုတည်းဓာတ်ပုံမှာ လင်းယွီ၏ ပုံစံနှင့် အလွန်ဆင်တူသည်။

သူမ‌အရှေ့က အမျိုးသမီးမှာ ဓာတ်ပုံထဲကနဲ့ အရမ်းကွာသည်။ ဓာတ်ပုံထဲတွင် Maryရဲ့ ပုံမှာ နူးညံ့ပြီးသနားကြင်နာတတ်တဲ့ပုံအပြင် ရက်စက်ပုံလည်းရသည်။ ဒါပေမယ့် အပြင်မှာတော့ သူမက ဒီအရည်အချင်းနှစ်ခုနဲ့ လုံးကို မအပ်စပ်နေပေ။

သူမရဲ့ပုံက နူးညံ့ပြီးပျော့ပြောင်းပုံမပေါ်သလို ရက်စက်တတ်သည့်ပုံလည်း မပေါ်ဘဲ၊ သူမ၏မိတ်ကပ်၊ ခန္ဓာနဲ့ အဝတ်အစားတို့က ဆွဲဆောင်မှုရှိတဲ့ နတ်ဘုရားမလိုပင်။

စုချန်ယန်မှာ အကြည့်တစ်ချက်နဲ့တင် ရင်းနှီးသလိုခံစားလိုက်ရတာ မအံ့ဩတော့ပါဘူး။ နိုင်ငံခြားသားအများစုရဲ့ ပုံစံကို သူမ မခွဲခြားနိုင်ပေမယ့် Maryရဲ့ ပုံစံနဲ့ စိတ်နေသဘောထားတို့ဟာတော့ တစ်ကြိမ်တွေ့ဖူးရုံနဲ့တင် မမေ့ချင်စရာပင်။

"မင်းက တို့စိတ်ကူးထားတာနဲ့ မတူဘူးဘဲ။ တို့ နည်းနည်းတော့ စိတ်ပျက်မိတယ်" Maryက သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ပွင့်ပွင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသားပြောလာသည်။

သူမနဲ့စုချန်ယန်တို့သည် ပုံစံတူ အသွင်အပြင်တူကြသည် : နှစ်ယောက်စလုံးတွင် တောက်ပပြီး စွဲမက်ဖွယ်အလှရှိသည်။ သို့ပေမယ့် Maryက သူမရဲ့ အလှကို အဝတ်အစားနှင့် မိတ်ကပ်များဖြင့် ပြသလေ့ရှိပြီး စုချန်ယန်ကတော့ မဝံ့ကြွားဘဲ သူမ၏အသွင်အပြင်ကို ဂရုမစိုက်ပေ။

ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် Maryက စုချန်ယန်အပေါ်သူမရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့သည်။

Maryရဲ့ မှတ်ချက်ကို ကြားပြီးတော့ စုချန်ယန်က အံ့အားသင့်စွာ ပြုံးလိုက်သည်။ "ကျွန်မက လူတွေကို ကျေနပ်ကို မလုပ်နိုင်ဘူး။ ရှင်လည်း ကျွန်မကို အံ့ဩသွားစေတယ်၊ ရှင်လည်း ကျွန်မစိတ်ကူးထားတာနဲ့ မတူဘူးဘဲ"

Maryက သူမရဲ့ လှပတဲ့ မျက်လုံးတွေကို မှေးလိုက်ပြီး သူမလက်ကိုမလွှတ်ခင် အဓိပ္ပါယ်အပြည့်နဲ့ အကြည့်တစ်ချက်ပေးလိုက်သည်။

သူမ လွှတ်လိုက်သည်နှင့် စုချန်ယန်က မဖော်ပြဘဲ သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

မဖော်ပြပေမယ့်လည်း Maryရဲ့ အရှိန်အဝါက မယုံနိုင်လောက်အောင် ပြင်းထန်ပြီး သူမရဲ့ အပြောအဆို ‌လေသံက တင်းမာတဲ့ ခံစားချက်ကို ပေးသည့်တိုင်အထူးကောင်းမွန်ခြင်း မရှိပါချေ။ ဒါက သူမရဲ့ ပုံစံကနေ မမြင်သာပေမယ့် စုချန်ယန်ကတော့ ထိတ်လန့်နေဆဲပင်။

"ဝိုး! Maryရဲ့ အရှေ့မှာ မင်းမကြောက်နေဘူးဘဲ!" Terryက အံ့အားသင့်စွာ ပြောလာသည်။ သူက စုချန်ယန်ရဲ့ ပခုံးပေါ်လက်တင်လိုက်ပြီး သူမကို ဆိုဖာပေါ်မှာ ထိုင်စေလိုက်သည်။

"မင်းက အံ့ဩစရာဘဲ! ငါMaryကို သိလာတာ ခုနစ်နှစ်၊ ရှစ်နှစ်လောက်ရှိပြီ။ တစ်ခါတစ်လေ ငါသူ့ကို ကြည့်တဲ့အခါ ကြောက်နေတုန်းဘဲ"

စုချန်ယန်က တကယ် မကြောက်နေပေမယ့် Mary က လင်းယွီရဲ့ တစ်ချိန်က ကျော်ကြားခဲ့တဲ့ နာမည်ကြီးတစ်ယောက် ဖြစ်တာကြောင့် သူမက လင်းယွီကို အရှက်ရစေမှာ စိုးရိမ်နေသည်။

"စာချုပ်သက်တမ်း ဘယ်လောက်ရှိပြီလဲ?" Maryက ဆိုဖာကို မှီထိုင်လိုက်ကာ သူမရဲ့စိန်တပ်ထားတဲ့ လက်သည်းတွေကို သာမာန်ကာလျှံကာ မြှောက်လိုက်သည်။

စုချန်ယန်က သူမကို စီနီယာတစ်ယောက်လိုမျိုး ဆက်ဆံကာ ရိုးရိုးသားသားနဲ့ ပြန်ဖြေလိုက်သည်။ "နှစ်လပါ"

"သူက မင်းကို ဘာလို့ရွေးလိုက်တာလဲ?" Mary က ဆက်ပြီးမေးလိုက်သည်။

သူမဆီကနေ မေးခွန်းတွေ ထပ်ခါထပ်ခါ ကြားနေရတော့ စုချန်ယန်က ချက်ချင်းမဖြေလိုက်ဘဲ တိတ်ဆိတ်သွားသည်။

စုချန်ယန်မှာ ပေါ့ပေါ့ပါးပါး ကိုယ်ရည်ကိုယ်သွေးရှိပြီး သူစိမ်းတစ်ယောက်နဲ့ ပထမဆုံးတွေဆုံမှုမှာ တစ်ဖက်လူက ဖျော်ဖြေရေးနယ်ပယ်တွင် စီနီယာကျနေပါစေ လူကို လုံးဝထိန်းချုပ်နေတာကိုတော့ သူမ သဘောမကျပေ။ ဒီတော့ ဘာဖြစ်လဲ?

အတော်ကြာ စဉ်းစားပြီးသွားတော့ စုချန်ယန်က ပြန်မေးလိုက်သည်။ " Miss Mary၊ ရှင်တရုတ်စာ သင်ထားတာလား? ရှင်စကားပြောတာ သိပ်ကောင်းတာဘဲ"

Maryက သူမရဲ့ လက်သည်းတွေကို သဘောကျနေတာကနေ ရပ်လိုက်ကာ မမျှော်လင့်ထားစွာ စုချန်ယန်ရဲ့ အဖြေကို စိတ်မကျေနပ်တဲ့ပုံနဲ့ မျက်လုံးပင့်ကြည့်လိုက်သည်။

သူမက စုချန်ယန်ကို ပြန်မဖြေချင်‌ပေ။ သူမနဲ့ လူချင်းတွေ့လို့ပြီးတော့ ဒီအမျိုးသမီးက သူမနဲ့မတူဘူးဆိုတာကို သိလိုက်ရသည်။

လင်းယွီလက်ထွက် အနုပညာရှင်နှစ်ဦးဟာ လူအများကိုပထမဆုံးအကြည့်တစ်ချက်တွင် မင်သက်သွားစေလောက်အောင် ပုံစံနဲ့ စတိုင်တွေက တူညီလှသည်။ သို့ပေမယ့် စုချန်ယန်မှာ သူမရဲ့ ရုပ်ရည်သွင်ပြင်ကိုသိပ်အသုံးမပြုတဲ့အတွက် သူမရဲ့ ပုံစံနဲ့ မယှဉ်နိုင်သည်မှာ သိသာသည်။

Maryက သူမရဲ့ အနီရောင် နှုတ်ခမ်းတွေကို မြှင့်လိုက်ပြီး ဖြူဖွေးနေတဲ့ သွားတန်းတွေကို ပေါ်လာစေကာ "လင်းယွီက တရုတ်ယဉ်ကျေးမှုတွေကို သဘောကျတော့ တို့က သူ့ဆီကနေ အကြံတောင်းဖူးတယ်"

Maryရဲ့ အခုလက်ရှိ သူမအပေါ် အမြင်ကို စုချန်ယန်နားမလည်ပါချေ။

မူလက သူမပိုင်ထားတဲ့ ရာထူးကို အခုတော့ စုချန်ယန်က ယူသွားသည်။ သူမက လင်းယွီနဲ့ ဘာဆက်ဆံရေးမှ မရှိတာတောင်မှ စုချန်ယန်က သူမရဲ့နေရာကို လုယူထားတာကြောင့် သူမကို ရန်လိုမုန်းတီးမှုတွေ ဖြစ်စေသည်။

လင်းယွီနဲ့ သူမရဲ့ဆက်ဆံရေးက စုချန်ယန်ထက် အများကြီး ပိုနီးကပ်ကြောင်းပြချင်လို့ ဒီမေးခွန်းကို ဖြေခဲ့တာဖြစ်သည်။

"ဟုတ်တယ်၊ မန်နေဂျာလင်းရဲ့ တရုတ်စကားက အရမ်းကောင်းတယ်" စုချန်ယန်က ပြတ်ပြတ်သားသား တုန့်ပြန်လိုက်သည်။

"လင်းယွီက အရမ်းကောင်းတဲ့လူဘဲ မဟုတ်လား? သူကအရမ်းဂရုစိုက်တယ်၊ တာဝန်ယူမှုရှိပြီး သူ့အလုပ်ကိုလည်း အလေးအနက်ထားတယ်။ သူက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ကောင်းကောင်းခွဲခြားထားတာ" Maryက ပြောလိုက်သည်။

Maryရဲ့ အမူအရာက လင်းယွီအကြောင်းပြောတာနဲ့ ပိုပြီး လေးနက်လာကာ မောက်မာသလို လျစ်လျှူရှုတတ်တဲ့ အရိပ်အယောင်လေးတောင် မပါချေ။ သူမရဲ့ မျက်လုံးတွေက ထင်ရှားတဲ့ စွဲလမ်းမှုကို ပြ‌သနေသည်။

"ဝိုး! ကိုယ်လည်း သူ့ကို အရမ်းစိတ်ဝင်စားပေမယ့် သူနဲ့လူချင်းတွေ့ဖို့ တစ်ခါမှ အခွင့်အရေးမရဘူး။ သူဒီနေ့လာလိမ့်မယ်လို့ ကိုယ်ထင်ထားတာ" Terry က စိတ်မကောင်းစွာနဲ့ ပြောလိုက်သည်။

"သူလာမှာ မဟုတ်ဘူး၊ လင်းယွီက ဒီလိုပွဲမျိုးအတွက် လူကိုယ်တိုင်လာမှာ မဟုတ်ဘူး" Maryက ပြောလိုက်သည်။

"မန်နေဂျာလင်းက အရမ်းကောင်းတဲ့လူပါ" စုချန်ယန်က အခိုင်အမာ ပြောလိုက်သည်။

သုမရဲ့ ရင်ထဲမှာ ရံဖန်ရံခါ မကျေမနပ် ဖြစ်တတ်ပေမယ့် လင်းယွီကိုတော့ သူမဘယ်တုန်းကမှ အပြစ်မတင်ပါချေ။

စုချန်ယန်က လင်းယွီဟာ အရမ်းကောင်းတဲ့လူလို့ ပြောတာကြားတော့ Maryရဲ့ စိတ်အခြေအနေက အများကြီး တိုးတက်လာသည်။ သူမရဲ့လေသံက အရင်ကထက် ပိုပျော့ပြောင်းသွားကာ "သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ မင်းအရမ်းလွတ်လပ်တယ် မဟုတ်လား? လင်းယွီက တို့တွေရဲ့ ကိုယ်ပိုင်ဘဝကို ဘယ်တုန်းကမှ အနှောင့်အယှက်မပေးဘူး"

စုချန်ယန်က ဒါကိုတော့ သဘောမတူနိုင်ပေ။

တစ်ခဏလောက် တိတ်နေပြီးတော့ စုချန်ယန်က ရုတ်တရက်မေးလာသည်။ "မန်နေဂျာလင်းက ရှင့်ကို ချိန်းတွေ့ခွင့်ပေးလား?"

Maryက ခေါင်းညိတ်လိုက်ပြီး "ဒါပေါ့၊ သူက တို့ရဲ့ ကိုယ်ပိုင်ဘဝကို ဘယ်တုန်းကမှ အနှောင့်အယှက်မပေးဘူး"

စုချန်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး "ဒါပေမယ့် ချိန်းတွေ့တာက အနုပညာရှင်တစ်‌ယောက်ရဲ့အလုပ်ကို မထိခိုက်စေဘူးလား?"

"လင်းယွီကတော့ အဲ့ဒီလိုမထင်ဘူး။ သူက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ကောင်းကောင်း ခွဲထားတယ်။ မင်းမှာ အရည်အချင်းရှိလို့ သူမင်းကို ရွေးခဲ့တာဖြစ်ပြီး မင်းရဲ့ ကိုယ်ပိုင်ဘဝအတွက်တော့ သူက ဘယ်တော့မှ ထည့်သွင်း မစဉ်းစားပေးဘူး"

စုချန်ယန်က အံ့ဩသွားသည်။ ဒါက တကယ်ဘဲ ဒီလိုမျိုးလား?

ဒါက ဒီလိုမျိုး ဖြစ်ပုံရတယ်။

သူမ Starlight Entertainmentနဲ့ လက်မှတ်ထိုးတုန်းက စုချန်ယန်မှာ သူမပတ်ဝန်းကျင်တွင် အရှုပ်အရှင်းများစွာရှိခဲ့သည်။ သူမက လင်းရှို့ရီနဲ့ ရန်ငြိုးရှိတဲ့အကြောင်း လင်းယွီကို ကြိုပြောပြထားပြီး အဲ့ဒီအချိန်တုန်းက လင်းယွီမှာ ဂရုစိုက်တဲ့ပုံမပေါ်ချေ။

ယန်ရှို့ရီရဲ့ ဆက်ဆံရေးကို ဖော်ထုတ်လိုက်တဲ့အခါ ကုမ္ပဏီက လူမှုဆက်ဆံရေးကို ဘာမှ မလုပ်ပေးဘဲ လူမှုဆက်ဆံ‌ရေးအားလုံးကို ယန်ရှို့ရီကိုယ်တိုင် လုပ်ဆောင်ခဲ့ရသည်။

ဒီဟာက သူ့ရဲ့ လူမှုဆက်ဆံရေးကို ဖော်ထုတ်လိုက်ရင်တောင်မှ ကုမ္ပဏီက ဂရုမစိုက်ကြောင်း ပြနေသည်။ နောက်တော့၊ သူ့ကိုယ်သူ ထိန်းချုပ်ဖို့ ကြံစည်မှုတွေပေါ်လာပြီး လင်းယွီရဲ့ အရှေ့မှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာစေသည်။

All Chapters