← Chapters

အခန်း ၈၅

Vol. 7 Ch. 85

အခန်း ၈၅

Vol. 7 Ch. 85

"အံ့ဩစရာပဲ၊ အံ့ဩစရာပဲ! ဒီဝတ်စုံက အရမ်း အံ့ဩဖို့ကောင်းတယ်!" ရှောင်လုက လုံးဝကို သဘောကျသွားပြီး စုချန်ယန်ဆီ လျှောက်သွားကာ လက်နှစ်ဖက်ကို ဖွင့်ပြီး စုချန်ယန်ကို အပေါ်အောက် သေချာကြည့်ကာ အဲ့ဒါနဲ့တင် မကျေနပ်နိုင်ဘဲ သူမရဲ့လက်နဲ့ ထိချင်နေသည်။

"လုယင်း"

ရုတ်တရက်၊ လင်းယွီက အနောက်ကနေ ခေါ်လာခဲ့သည်။

ရှောင်လုရဲ့အာရုံက ပြောင်းသွားပြီး စုချန်ယန်ကို သူ့အရှေ့ တွန်းလိုက်ကာ စိတ်လှုပ်ရှားစွာနဲ့ ပြောခဲ့သည်။ "ဝမ်းကွဲအစ်ကို၊ ဒီဝတ်စုံနဲ့ ချန်ယန်ကြည့်လို့မကောင်းဘူးလား!"

အစတုန်းက ဒီဝတ်စုံကိုဝတ်ရတာ စုချန်ယန် မရှက်ပေမယ့် ရုတ်တရက် လင်းယွီ အရှေ့ကို အတွန်းခံလိုက်ရတော့ သူမရဲ့ အတော်ကြာ ကွယ်မြုပ်နေတဲ့ ရှက်ရွံ့မှုက ပြန်ပေါ်လာကာ သူ့မျက်လုံးကို ကြည့်ဖို့ သူမမှာ နည်းနည်းကြောက်လန့်သလို ခံစားလိုက်ရသည်။

ထင်ယောင်ထင်မှားဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် သူမပေါ်ကျနေတဲ့ သူ့အကြည့်က ပူလောင်သလို ခံစားရသည်။

စုချန်ယန်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်က ပူတက်လာကာ လင်းယွီရဲ့ တည်ငြိမ်တဲ့အကြည့်က သူမကို ပိုပြီးတော့တောင် ပူလောင်လာစေသည်။

နောက်တစ်ခဏမှာ သူ့ကိုကြည့်ဖို့ ခေါင်းမော့လိုက်ပေမယ့် မမျှော်လင့်ဘဲ သူ့ရဲ့နက်မှောင်နေတဲ့ အကြည့်နဲ့ ဆုံလိုက်ရသည်။

ထိုမျက်လုံးများမှာ အညိုရောင်ဖြစ်နေပေမယ့် ယခုအချိန်တွင်တော့ စုချန်ယန်မှာ နေရောင်အောက်က ဖုံးကွယ်ထားတဲ့ ခံစားချက်များကို မြင်နိုင်သလိုမျိုး နက်နဲတဲ့ ရေကန်ထဲ ကြည့်မိသလို ခံစားရသည်။

စုချန်ယန်ရဲ့ အကြည့်နဲ့ ဆုံမိတဲ့အခိုက်အတန့်မှာ သူ့အကြည့်တွေက ပိုလေးနက်လာသည်။

“အင်း၊ မဆိုးပါဘူး” လင်းယွီက အကြည့်လွှဲလိုက်ပြီး သူ့အင်္ကျီမှ ဖုန်းကို ထုတ်ကာ “ငါဂရုစိုက်ရမယ့် ကိစ္စတစ်ခုကုမ္ပဏီမှာ ရှိသေးတယ်၊ နောက်မှပြန်လာခဲ့မယ်"

တခြားသူတွေဆီက တုံ့ပြန်မှုကို မစောင့်ဘဲ လင်းယွီက ထထွက်သွားသည်။

လင်းယွီသည် အဝတ်လဲခန်းမှ ထွက်လာပြီး မြေအောက်ကားပါကင်ဆီ ဓာတ်လှေကားဖြင့် ဆင်းလိုက်သည်။ ကားဒရိုင်ဘာထိုင်ခုံတွင် ထိုင်ကာ ကားပြတင်းပေါက်ကိုဖွင့်လိုက်ပြီး နဖူးကို လက်နှင့်ထောက်ကာ အသက်ပြင်းပြင်းရှူသွင်းသည်။

သူ ဝန်မခံချင်ပေမယ့် စုချန်ယန်ကို သူမြင်လိုက်ရတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်လုနီးပါး ခံစားလိုက်ရသည်။ အကယ်၍ သူသာ အခန်းထဲမှာ ဆက်နေရင်‌တော့၊ မသင့်လျော်တဲ့ တုံ့ပြန်မှု‌တွေ ရှိလာမလားပင်။

မျက်စိကိုမှိတ်ပြီး စုချန်ယန်ကို စိတ်ထဲကန ခဏလောက် ဖယ်ထုတ်လိုက်တာက သူ့ကို ထိန်းမနိုင်သိမ်းမရမဖြစ်အောင် တားဆီးနိုင်လိမ့်မယ်လို့ သူထင်ခဲ့ပေမယ့် မှောင်မိုက်နေတဲ့ ကားပါကင်တွင် သူတစ်ယောက်တည်း ရှိနေတာတောင်မှ မလွတ်မြောက်နိုင်သေးပေ။ နောက်ပိုင်းတွင် သူ့မှာထိန်းချုပ်မှု ပျောက်ဆုံးသွားသည်။

ဒီအခြေအနေတွင် ကားမောင်းခြင်းက လက်တွေ့မကျသည်မှာ ထင်ရှားသည်။ သူက စီးကရက်တစ်ဗူးကို ကားပေါ်မှ ဆွဲထုတ်လိုက်ပြီး အနံ့ကို မကြိုက်ပေမယ့် အခုလက်ရှိ ဆေးလိပ်သောက်ခြင်းက သူ့စိတ်နှင့်ကိုယ်ကို အေးချမ်းစေလိမ့်မည်ဟု သူမျှော်လင့်သည်။

စုချန်ယန်ရဲ့အသွင်အပြင်မှာ ပင်ပန်းနွမ်းနယ်ပြီး သနားစရာပုံစံ‌လေးပင်။ သာမန်လူတစ်ဦးမှာ သူမ ခံစားခဲ့ရတဲ့ဒုက္ခကြောင့် စိတ်လှုပ်ရှားပြီး ထိန်းမနိုင်သိမ်းမရဖြစ်သင့်သည်။

ဒီလိုအမှားမျိုးက အရမ်းရှက်ဖို့ကောင်းတယ်။

သူတော့ သွားပြီ

သူစုချန်ယန်ကို ရိုးရိုးသားသားနဲ့ မကြည့်နိုင်တော့ဘူး။

သူ့အတွက်တော့ စုချန်ယန်က ပုံသွင်းလို့ရတဲ့ ကျောက်စိမ်းနှင့်တူသည်။ သူ့လက်ထဲတွင် သူမသည် ခရစ်စတယ်လိုမျိုး ပိုမိုကြည်လင်‌တောက်ပလာရန် မျှော်လင့်ထားပြီး သူမကို ကမ္ဘာထိတိုင် ဖော်ပြပြီး သူမကို စုစည်းမှုတစ်ခုအဖြစ် ပြောင်းလဲချင်သည်။

ထိန်းချုပ်မှု ဆုံးရှုံးသွားပြီးတဲ့နောက် လင်းယွီမှာ နောင်တရပြီး နောင်တရမိသည်။

ဒီခံစားချက်နှစ်ခုကို သူကြုံတွေ့ခဲပေမယ့်ပေါ့။

Terry လည်း ပြင်ဆင်ပြီးတဲ့နောက်၊ ဝတ်စုံဆရာက သူတို့ရဲ့ သံကြိုး‌ေတွကို ကို ချိတ်ဆက်ပြီး မူရင်းသီချင်း ကို ရှိုးမှာ မပြသမီ နောက်ဆုံး အစမ်းလေ့ကျင့်မှု ပြုလုပ်ခဲ့ရာ မျှော်လင့်ထားတဲ့အတိုင်း Terry က အလွန်အမင်းကျေနပ်သွားသည်။

ညအချိန်နီးလာသည်နှင့်အမျှ အဖွဲ့သားတွေကလည်း စင်နောက်မှာ စောင့်ဆိုင်းနေကြသည်။

ဒီအစီအစဥ်သည် သီချင်းဆို၊ အကပြိုင်ပွဲတစ်ခုဖြစ်ပြီး သီချင်းပုံစံကို ကန့်သတ်ချက်မရှိသဖြင့် တရုတ်နိုင်ငံတွင် အတော်လေး ရေပန်းစားသည်။ တယ်ရီကိုလည်း ပါဝင်ရန် ဖိတ်ကြားထားပြီး ဒိအပိုင်းက ဧည့်သည်လေးဦးနှင့်အတူ ဖိုင်နယ်အပိုင်းဖြစ်သည်။ ဒီပွဲကို အင်တာနက်ကနေ တိုက်ရိုက်ထုတ်လွှင့်နေသည်။

ပွဲမစခင် နာရီဝက်အလိုမှာရှောင်လုက စုချန်ယန် ရဲ့ Weibo ကို သုံးပြီး ပရိုမိုးရှင်းဓာတ်ပုံတင်လိုက်သည်။ ချက်ခြင်းပဲ၊ မှတ်ချက်များစွာ ထွက်ပေါ်လာသည်။

[ကုမ္ပဏီက ငါ့ညီအစ်မကို ထပ်ပြီးဗိုက်ဆာအောင်ထားပြန်ပြီလား!]

[စုချန်ယန်ရဲ့ ဝတ်စုံက အံ့ဩစရာဘဲ]

[အစ်မက လှတယ်! ဘာမဆို ကိုင်တွယ်နိုင်တယ်]

အချိန်နီးလာသည်နှင့်အမျှ၊ ပရိသတ်အများအပြားသည် စတူဒီယိုထဲသို့ ဝင်ရောက်လာကာ ဆယ်မိနစ်ကျော်သွားတဲ့အခါ ထိုင်ဖို့ ခုံအလွတ်မရှိတော့ပေ။

စုချန်ယန်နဲ့ Terry တို့က တတိယမြောက် ဖျော်ဖြေသူများဖြစ်ပြီး အခုတော့ စောင့်ဆိုင်းခန်းထဲမှာ ရှိနေဆဲဖြစ်သည်။

ရှောင်လုက ဖုန်းဆက်လို့ပြီးတော့ အပြင်က‌နေပြန်လာပြီး စုချန်ယန်ကတော့ Weibo မှာ ရှာဖွေနေသည်။

“ဘော့စ်လင်းက ပရိသတ်ရဲ့ ရှေ့ဆုံးတန်းမှာ။ နောက်နင် စင်ပေါ်တက်တဲ့အခါ သူ့ကိုတွေ့ရလိမ့်မယ်"

စုချန်ယန်က ခေါင်းညိတ်ပြီး "အိုး"

Terry က စုချန်ယန် နားကပ်လာသည်။ သူ့တွင် ညှိုးနွမ်းတဲ့ အသွင်အပြင်နှင့် ဂရုမစိုက်တဲ့ လေထုရှိသည်။ စုချန်ယန်ရဲ့ဘေးမှာထိုင်နေတော့ သူ့ပုံစံက သနားစရာကောင်းတဲ့ အရာလေးတွေကို အနိုင်ကျင့်တတ်တဲ့ ညစ်ညမ်းတဲ့လူဆိုးဟောင်းတစ်ယောက်လိုမျိုး ကြည့်ရတာ အဆင်မပြေလှပေ။

" တစ်ဖက်ကို နည်းနည်း ရွှေ့ပြီး ချန်ယန်နဲ့ ဝေးဝေးမှာနေ၊" ရှောင်လုက သူတို့ကြားမှာ ညပ်ထိုင်လိုက်သည်။သူမမှာ သူတို့ရဲ့ အစမ်းလေ့ကျင့်မှုကို ကြည့်ပြီး ဒေါသထွက်နေဆဲပင်။

စုချန်ယန်က Terry ချည်နှောင်ထားတဲ့ ဒဏ်ရာရငှက်တစ်ကောင်နှင့် တူပြီး ထွက်ပြေးရန် အသည်းအသန်ကြိုးစားသော်လည်း မလွတ်မြောက်နိုင်ပေ။ ရှောင်လုမှာ ဒေါသအရမ်းထွက်လွန်းလို့ Terry ကို ရိုက်နှက်လုနီးပါးပင်။

Terryက နှုတ်ခမ်းစူပြီး “အချစ်‌လေးရယ်၊ စိတ်မပူပါနဲ့။ ငါက သူ့ကိုနှစ်သိမ့်ပေးချင်ရုံပါ"

"မလိုဘူး"

"ရှောင်လု" စုချန်ယန်က သူမကို ပွတ်လိုက်ပြီး Terry အား "တောင်းပန်ပါတယ် ရှောင်လု ရဲ့အကျင့်ကတည့်တိုး‌ပြောတတ်လို့ပါ။ သူက တခြားဘာကိုမှ ဆိုလိုတာ မဟုတ်ပါဘူး"

“ရပါတယ်၊ အဆင်ပြေပါတယ်။”

ည ၈ နာရီ တိတိတွင် အစီအစဉ်ကို အချိန်မှန် စတင်ခဲ့သည်။

စင်ပေါ်ရှိဖျော်ဖြေနေတာကို ဧည့်ခန်းထဲရှိTVပေါ်တွင် ပြသနေသည်။

Hostက စင်ပေါ်တက်ကာ ပရိသတ်နှင့် စကားအနည်းငယ်ပြောဆိုပြီး လေထုကို နွေးထွေးစေကာ ဖျော်ဖြေရန် ပထမဆုံးဧည့်သည်ကို ဖိတ်ကြားလိုက်သည်။

စုချန်ယန်က ဂီတကို နားမလည်သလို ဂီတပုံစံများကို လည်းနားမလည်ပေ။ သူမက ကြောင်တက်တက်နဲ့ နားထောင်နေပေမယ့် ပရိသတ်တွေကတော့ ကောင်းကောင်းကို တုံ့ပြန်နေသည်။

ပထမ ဧည့်သည် ဖျော်ဖြေလို့ တော့ hostက စင်တက်ကာအမှာစကား ပြောကြားပြီး ဒုတိယ ဧည့်သည်အား ဖျော်ဖြေရန် ဖိတ်ကြားသည်။ တစ်ချိန်တည်းမှာပဲ ပရိုဂရမ်ဝန်ထမ်းတွေက စုချန်ယန်နဲ့ Terry ကိုစင်အနောက်မှာ ပြင်ဆင်ထားဖို့ ပြောလာသည်။

စုချန်ယန်နှင့် Terry တို့က ၀တ်စုံဆရာနှင့်အတူ စင်ဝင်ပေါက်ဆီ ရောက်လာသည်။ ဘာပြဿနာမရှိတဲ့အတွက် သူမသည် ဝတ်စုံဆရာကို နှုတ်ဆက်ပြီး လင်းယွီကိုရှာရန် ပရိသတ်ဆီ သွားလိုက်သည်။

"Miss စု စိတ်လှုပ်ရှားနေတာလား?" တယ်ရီက မေးလိုက်သည်

စုချန်ယန်က သူမရဲ့ လက်ချောင်းတွေကို လက်သီးပုံစံကွေးကာ လက်ဖဝါးနှင့် ဖိထားသည်။ အထူးသဖြင့် ဒါက Terry ရဲ့နောက်ဆုံးပွဲဖြစ်စဥ်တာကို လွန်ခဲ့တဲ့ နှစ်နာရီကမှ သူမ သိလိုက်ရသောကြောင့် လုံးဝစိတ်ပူမနေဘူးလို့ ပြောရန် မဖြစ်နိုင်ပေ။ သူတို့တစ်ခုခု မှားသွားပါက ချန်ပီယံဆုနဲ့လွဲသွားနိုင်သည်။

Terryက စိတ်အေးလက်အေးနဲ့ သူမကို နှစ်သိမ့်ပေးရင်း “စိတ်မပူပါနဲ့။ ဆုရဖို့အတွက် ဒီ death metal သီချင်းကို ရွေးခဲ့တာ မဟုတ်ဘူး။ ကိုယ့်ရဲ့အလုပ်ကို ပြသဖို့ ဒီစင်မြင့်ကိုသုံးခဲ့တာ။ ကိုယ့်ရဲ့ သီချင်းနဲ့ အကပုံစံကို တရုတ်ပရိသတ်တွေက အလွယ်တကူ လက်မခံနိုင်ဘူးဆိုတာ မင်းလည်း သိသားပဲ။ ဒါပေမယ့် အထူးတလည်လိုအပ်နေတဲ့ အဖွဲ့တွေရဲ့စိတ်ခံစားချက်‌တွေကို လူတိုင်းနားလည်နိုင်ဖို့ ဒီနည်းလမ်းကို သုံးဖို့မျှော်လင့်ထားတယ်။ ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် သူတို့တွေ ကြင်ကြင်နာနာ ဆက်ဆံနိုင်မယ်လို့ မျှော်လင့်တယ်"

သူ့စကားက စုချန်ယန်ကို လှုပ်ခတ်သွားစေခဲ့သည်။

သူမအသက်ပြင်းပြင်းရှူလိုက်ကာ ခေါင်းညိတ်ပြပြီးနောက် မျက်လုံးမှိတ်ကာ သူ့စိတ်ခံစားချက်များကို ဖော်ထုတ်လိုက်သည်။

“အထူးတလည် စိတ်ဒဏ်ရာ… သူတို့က ဘာကို ခံနိုင်ရည်ရှိမှာလဲ?"

ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလား?

မသန်မစွမ်း လူတစ်ယောက်လိုမျိုး ကြီးမားတဲ့ကျောက်တုံးကြီးက ရုတ်တရက် အစိပ်စိပ် အမွှာမွှာကွဲထွက်သွားသည်။

ခန္ဓာကိုယ်ကို ဖြိုခွဲပြီး စိတ်ဝိညာဉ်ကို ကြေမွစေသည်။

သူတို့က အပြစ်ကြိုးတွေနဲ့ ချည်နှောင်ထားပြီး၊ ထပ်ခါထပ်ခါ နာကျင်စေသည်။

စင်မြင့်ပေါ်ရှိ ဂီတသံရပ်သွားပြီး စုချန်ယန်က မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

သူမသည် အခြားသူများရဲ့ ဘဝကို ဒီနည်းအတိုင်း တွေ့ကြုံခံစားနိုင်သလိုမျိုး အခြားသူ‌တွေရဲ့ခံစားချက်များထဲတွင် မိမိကိုယ်ကို နှစ်မြှုပ်ကာ ပျော်ရွှင်ခဲ့သည်။

စုချန်ယန်မှာ ခံစားချက်များ ဝင်လာသည်ကို သိလိုက်ရပြီး Terry လည်း သူမကို မနှောင့်ယှက်ဘဲ တိတ်တဆိတ် ရပ်နေလိုက်သည်။

Host က စင်ပေါ်တက်ပြီး သူတို့ ဖျော်ဖြေနေတဲ့ သီချင်းနဲ့ အကတွေကို မိတ်ဆက်ပေးပြီးနောက် စင်ပေါ်ရှိ အလင်းများအားလုံး ပျောက်ကွယ်သွားသည်။

"ချန်ယန်သွားရအောင်" Terryက ခပ်တိုးတိုးပြောလာသည်။

သူတို့နှစ်ယောက်က စင်ရှေ့ဆီ ဖြည်းဖြည်းချင်း သွားလိုက်သည်။

မည်းမှောင်နေသော ပတ်ဝန်းကျင်တွင် ပရိသတ်တွေလည်း တိတ်ဆိတ်နေသည်။

တိတ်ဆိတ်ငြိမ်သက်‌နေတဲ့ ပတ်ဝန်းကျင်တွင်၊ အကျဉ်းသားရဲ့ ခြေထောက်ပေါ်က သံကြိုးပွတ်တိုက်သံများလိုမျိုး သံကြိုးအသံက ရုတ်တရက် ထွက်ပေါ်လာသည်။

“Swish一”

အသံနှင့်အတူ စင်မြင့်အလယ်တွင် အလင်းတန်းတစ်ခု ပေါ်လာသည်။

မီးရောင်အောက်တွင် ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက် ရပ်နေသည်။

အမျိုးသမီးက ဆံပင်တွေ ဖွာနေပြီး နဖူးတွင် ချွေးတွေ စိုရွှဲနေကာမျက်နှာ‌ပေါ်တွင် ကပ်နေသည်။ သူမ၏မျက်လုံးနှင့် နဖူးတစ်ဝိုက်တွင် ခရမ်းရောင်အတွင်းကြေဒဏ်ရာများ ရှိနေပြီး သူမ၏မျက်နှာသည် စက္ကူကဲ့သို့ဖြူ‌ဖျော့နေသည်။

သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အရေးကြီးတဲ့ အစိတ်အပိုင်းများကို ချည်ထည်ဖြင့် ဖုံးအုပ်ထားပြီး ခန္ဓာကိုယ်‌‌ အောက်ပိုင်းတွင်‌တော့ သွေးစွန်း‌နေသည့်စကတ်ဖြင့် ဖုံးအုပ်ထားသည်။

သူမ၏လည်ပင်းကို သံကြိုးဖြင့် ရစ်ပတ်ထားပြီး သူမ၏ ဘယ်ဘက်လက်မောင်းနှင့် ညာခြေထောက်တို့ကို သံကြိုးဖြင့် ရစ်ပတ်ထားသောကြောင့် စကတ်ကို တစ်ဖက်နိမ့်တစ်ဖက်မြင့် ဖြစ်နေစေသည်။

သူမက နောက်ပြန်ဆုတ်သွားပုံရပြီး သံကြိုးပွတ်သံက စတူဒီယိုတစ်ခုလုံး ပဲ့တင်ထပ်သွားကာ လူတွေကို ထိတ်လန့်သွားစေသည်။

နှေးကွေးတဲ့ နိမိတ်ဖတ်သံက စတင်လာပြီး အမျိုးသမီးက ထိတ်လန့်သွားပုံရကာ အမှောင်ထုထဲတွင် သူမ၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသော သံကြိုးက လူတိုင်း၏မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။

စတူဒီယိုထဲရှိ အမျိုးသားရဲ့ ညည်းသံက အမျိုးသမီးရဲ့ ထိတ်လန့်တဲ့အမူအရာနဲ့ တွဲပြီး လူတွေရဲ့ ဦးရေပြားကို တုန်လှုပ်သွားစေသည်။

ရှောင်လုမှာ သူတို့အစမ်းလေ့ကျင့်တာကို ကြိုပြီးကြည့်ခဲ့ပေမယ့် ဒီမြင်ကွင်းက သူမကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေတုန်းပင်။

အမျိုးသားရဲ့အသံက သားကောင်ရှာတွေ့သော သားရဲလိုမျိုး စိတ်အေးလက်အေးနှင့် ပျော်မြူးနေတဲ့ အသံဖြစ်သည်။

နောက်တစ်ခဏတွင် စတူဒီယိုရှိ မီးလုံးများပွင့်လာပြီး စင်ပေါ်ကမီးတွေကတော့ ပြန်မှိန်သွားသည်။

အမျိုးသမီးက မှောင်ရိပ်ထဲတွင် ရှိနေစဉ် ဖရိုဖရဲဖြစ်နေတဲ့ အမျိုးသားက အလင်းရောင်ထဲတွင် ရှိနေသည်။

အလင်းနှင့်အ‌မှောင်ရိပ်ကြား နယ်နိမိတ်သည် ကမ္ဘာပေါ်ရှိ အဖြူအမည်းနှင့်ပင် တူလှသည်။

ပရိတ်သတ်‌တွေရဲ့ မျက်လုံး‌တွေက အမှောင်ထောင့်နားက အရိပ်အယောင်နောက်သို့ လိုက်ကာ သူမရဲ့ တွန်းကန်ရုန်းကန်မှုက သူတို့ရဲ့ နှလုံးသားကို လက်နဲ့ ညှစ်နေသလိုပင်။

အမျိုးသမီးရဲ့ ရုန်းကန်မှု‌က ပိုမိုပြင်းထန်လာသည်နှင့်အမျှ အမျိုးသားက သံကြိုးကိုဆွဲကာ သူ့ဆီသို့ ဆွဲခေါ်လာသည်။

အမျိုးသမီးက တိတ်ဆိတ်စွာနေပြီး အမျိုးသားကနတ်ဆိုးလိုမျိုး လည်ချောင်းထဲကနေ အော်ဟစ်လာသည်။

အမျိုးသားက အမျိုးသမီးကို သူ့ဘေးဆီ ပြန်ဆွဲလိုက်တဲ့အခါ ပရိတ်သတ်တွေ အရမ်းလန့်သွားကြသည်။

အမျိုးသမီးကို သူ့ လက်ထဲရှိသံကြိုးဖြင့် ဆွဲချလိုက်သည်။

သူက အောက်ကိုငုံ့ပြီး သူ့လက်ထဲက အမျိုးသမီးရဲ့မျက်နှာကို ပွတ်သပ်အော်ငေါက်ရင်း သူမ၏မိုက်မဲမှုနဲ့ အားကိုးရာမဲ့မှုကို ပြက်ရယ်ပြုနေသည်။

အမျိုးသမီးက သူ့ကို လွှတ်ပေးဖို့ တောင်းပန်သလိုမျိုး သူ့ခြေထောက်ကို ဆုပ်ကိုင်ထားသည်။ ထိုလူသည် ထရပ်ကာ ဆူညံတဲ့ ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။

တောင်းဆိုတာက အသုံးမဝင်မှန်း အမျိုးသမီးက သိပေမယ့် အမျိုးသားဆီက ပြန်ဆွဲခံရရင်တောင်မှ ရှောင်လွှဲဖို့ လုံးဝလက်မလွှတ်ပေ။

သူ့ခြေထောက်နားမှာ အသက်ရှုမဝလို့ လဲလျောင်းနေတဲ့ အမျိုးသမီးကို ကြည့်ပြီး သူက အမျိုးသမီးရဲ့ ဆံပင်ကို ဆွဲကိုင်ကာ သူ့ကို မော့ကြည့်ခိုင်းသည်။ သူက သူမရဲ့နောက်ကျောကို ဖိပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ ရူးသွပ်နေသလိုမျိုး ဖျော်ဖြေနေသည်။

သီချင်းသံက နှေးကွေးတဲ့ စည်းချက်ဆီ ဝင်ရောက်လာကာ အမျိုးသမီးက လက်လျှော့လိုက်သည်။

သူမက မြေပြင်ပေါ်သို့ လဲကျသွားကာ ပါးပြင်ပေါ်သို့မျက်ရည်များ စီးကျလာပြီး သူမရဲ့ ခန္ဓာကိုယ်ပေါ်ရှိ သံကြိုးများဖြင့် ငရဲသို့ ဆွဲငင်ခံရတော့မည့် သူမ၏ အမူအရာမှာ ဗလာကျင်းလာသည်။

ပရိတ်သတ်ထဲရှိ ရှောင်လုဆီကလည်း မျက်ရည်များကျကာ အချို့က ငိုရှိုက်သံလေးများပင် ထွက်ပေါ်လာသည်။

အမျိုးသားရဲ့ ဟောက်သံကိုရင်ဆိုင်ရတဲ့အခါ အမျိုးသမီးက ထုံကျင်လာပြီး အမျိုးသားက စိတ်ဝိညာဉ်ကို ဖောက်ပြန်ပျက်စီးစေပြီဟု ထင်ကာ မိမိကိုယ်ကို ကျေနပ်နေသည်။

သူကကျေနပ်စွာ သက်ပြင်းရှူထုတ်လိုက်ပြီး တဖြည်းဖြည်း ဂီတစည်းချက် အရှိန်အဟုန်နဲ့အတူ ခေါင်းငုံ့ကာ သူ့လက်ထဲရှိ သံကြိုးကို လွှတ်ပေးလိုက်တော့ အမျိုးသမီးက နောက်တစ်ကြိမ် လွတ်မြောက်တော့မည် မဟုတ်မှန်းယုံကြည်လိုက်သည်။

တကယ်တော့ အမျိုးသမီးက နောက်တစ်ခါ ထွက်မပြေးခဲ့ပေ။ ပိုပိုပြင်းလာတဲ့ ဒရမ်တီးခတ်မှုမှာ အမျိုးသမီးက ခေါင်းကို မပြီး သူမရဲ့မျက်နှာမှာ မျက်ရည်တွေ ဖုံးလွှမ်းကာ ပရိသတ်ကို သနားစရာကောင်းတဲ့ အပြုံးတစ်ခု ပြသလာသည်။

သေလုမြောပါး အလင်းရောင်လိုမျိုး သူမသည် ရုတ်တရက် မြေပြင်မှ ထလာကာ ထိုလူကို ထိုးကြိတ်ပြီး လည်ပင်းကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။

ယောက်ျားက နာကျင်စွာ ညည်းညူရင်း သူ့ရဲ့အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးပုံရိပ်က တုန်တုန်ယင်ယင်နဲ့ ခြေထောက်တွေကို ကွေးကာ အမျိုးသမီးရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။

တစ်ခဏချင်းမှာပဲ သီချင်းသံ ရပ်သွားတော့ ပရိသတ်အားလုံး တိတ်ဆိတ်သွားကြသည်။

ဘယ်သူမှ မတုံ့ပြန်လာကြဘဲ မျက်စိရှေ့ရှိမြင်ကွင်းကြောင့် အားလုံး အံ့ဩသွားကြသည်။

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က လက်ခုပ်စတီးလာကာ ပရိသတ်ဆီမှ အချိန်အတော်ကြာအောင် မိုးခြိမ်းသံလို လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။

All Chapters