အခန်း ၈၆
Vol. 7 Ch. 86
ပရိသတ်တွေရဲ့ အားပေးမှုကြားတွင် စုချန်ယန်ကို ဝန်ထမ်းတွေက ကူပေးလိုက်သည်။
တစ်စုံတစ်ခုအတွက် လုံးလုံးလျားလျား မြှုပ်နှံပြီး ပင်လယ်ရေလို စိတ်ခံစားချက်တွေကို လောင်းထည့်လိုက်တဲ့အခါ၊ အသက်ရှူကြပ်ရာမှ အပြင်းအထန် လွတ်မြောက်ပြီး ဖျော်ဖြေတင်ဆက်မှုမှာ ကိုယ့်ခံစားချက်တွေကို ရှာတွေ့ရင်တောင်မှ အလွယ်တကူ လွတ်မြောက်နိုင်တဲ့ အရာတော့ မဟုတ်ပေ။
ပရိသတ်တွေရဲ့ လက်ခုပ်သံ၊ ဝမ်းသာအားရနှင့် မျက်ရည်များသည် စုချန်ယန်ကို ပင်လယ်ထဲကနေ ဆွဲထုတ်နေသည့် လက်နှင့်တူသည်။ လူတစ်စုက သူမနာမည်အော်ဟစ်နေသံကို ကြားလိုက်ရပြီး သူမ နောက်လှည့်ကြည့်လိုက်သည်။
သူမက အရမ်းသနားစရာကောင်းတဲ့ ပုံပေါက်နေမှန်း သူမ သိပေမယ့် သူမက အနုပညာရှင်တစ်ယောက်ဆိုတာကို သူမရဲ့ နှလုံးသားထဲမှာ ရှင်းရှင်းလင်းလင်းသိထားပြီးပြီဖြစ်ကာ သူမရဲ့အကောင်းဆုံးဘက်ခြမ်းကိုလည်း ပရိသတ်ဆီပြသရန် လိုအပ်သည်။
မျက်ရည်တွေက သူမရဲ့အမြင်အာရုံကို မှုန်ဝါးစေပေမယ့် အလင်းနှင့်အရိပ်တို့ဆုံရာတွင် အားတင်းကာ အပြုံးတစ်ခုကို ထုတ်ပြလိုက်သည်။
“ချန်ယန်…” ရှောင်လု လင်းယွီရဲ့ဘေးတွင် ငြိမ်သက်စွာနဲ့ ပရိသတ်ရှေ့ဆုံးတန်းတွင် ထိုင်နေသည်။
စုချန်ယန်မှာ ကြောက်မက်ဖွယ်ကောင်းသော သီချင်းနဲ့ ကခုန်မှုတွင် သူမသည် အထူးစိတ်ဒဏ်ရာများ ခံစားခဲ့ရသူများရဲ့ နှလုံးသားကို ခံစားလိုက်ရသလိုပင်။
စုချန်ယန်က နှုတ်ဆိတ်နေပေမယ့် သူမရဲ့ လှုပ်ရှားမှုတွေအပေါ် ပရိသတ်တွေဆီကနေ အာရုံစိုက်မှုကို အပြည့်အဝ ရရှိထားပြီး သူတို့ရဲ့ ခံစားချက်တွေကို နက်နက်နဲနဲ ဆွဲခေါ်နေသည်။
စတူဒီယိုထဲရှိ စင်ပေါ်တွင် ခဏလောက်အမှောင်ဖုံးသွားပြီး host ကလည်း စင်ပေါ်တွင် မပေါ်လာသလို မီးတွေလည်း လုံးဝ မှိတ်သွားသည်။ မီးတွေ ပြန်လင်းလာမှ ပရိသတ်တွေကလည်း အလိုလိုလက်ခုပ်တီးကြသည်။
လင်းယွီမှာ အတွေးထဲကနေ ရုန်းထွက်နေပုံရပြီး သူ့ဘေးနားက ရှောင်လုကို ကြည့်ကာ "စင်နောက်ကို သွားရအောင်"
ရှောင်လုက ခဏလောက် တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
သူတို့ စင်ပေါ်ကနေ ဆင်းသွားတဲ့အခါ စုချန်ယန်ရဲ့ စိတ်ခံစားချက်တွေ ပျောက်ကွယ်သွားတဲ့ပုံပေါ်ပေမယ့် ရှောင်လုကတော့ အနည်းငယ် စိုးရိမ်မကင်းဖြစ်နေသည်။
သူမ ဖျော်ဖြေရေး နယ်ပယ်အကြောင်း သိပ်မသိပေမယ့် သူတို့ရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားလွန်းတဲ့ သရုပ်ဆောင်တွေက ကျန်းမာရေးထိခိုက်စေကြောင်း ကြားဖူးသည်။
ပြောရရင် ကိုယ့်ရဲ့ အခန်းကဏ္ဍကို အရမ်း နက်နက်ရှိုင်းရှိုင်းနဲ့ သရုပ်ဆောင်ပြီးရင်တောင်မှ ကျန်းကျန်းမာမာ ရှိတတ်တဲ့ သရုပ်ဆောင်တစ်ယောက်တော့ရှိသည် - စုန့်မင်ကန်ပါပင်။
နှစ်ယောက်သား မတ်တပ်ထရပ်ပြီး စင်နောက်ဘက်ဆီ သွားလိုက်သည်။ သူတို့စင်္ကြံထဲကို မဝင်ခင် host က မျက်ရည်တွေကို သုတ်ပြီး သူ့ရဲ့ကတ်ကို ယူကာ စင်ပေါ်ကို သွားလိုက်သည်။ သီချင်းနဲ့ အကကြောင့် ပရိသတ်တွေက ထိတ်လန့်တုန်လှုပ်နေကြဆဲပင်။
“ဒါက အရမ်းပြီးပြည့်စုံပြီး အဓိပ္ပါယ်ရှိတဲ့ ဖျော်ဖြေမှုတစ်ခုဘဲ ဖြစ်ပါတယ်၊ Terryက ဒီညမှာ အနိုင်ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူကတော့အောင်မြင်ပြီးသားပါ။ အံ့သြစရာကောင်းတဲ့ ဖျော်ဖြေတင်ဆက်မှုအတွက် Terry နဲ့ Miss စုချန်ယန် ကို ချီးကျူးဂုဏ်ပြုလိုက်ကြရအောင်"
Host စကားက လူစုလူဝေးထဲ ဗုံးပစ်ချလိုက်သလိုမျိုး ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။
" အကသမားက တကယ်ပဲ စုချန်ယန်လား? "
"ငါ သူ့ကို မှတ်ကိုမမှတ်မိဘူး!"
"တကယ်တော့ သူက ငါ့ညီမဘဲ! ငါတော့ jackpot ပေါက်သွားပြီ!"
"စုချန်ယန်က အံ့သြစရာပဲ!!"
. . . . .
စင်နောက်ဆီ လျှောက်လာရင်း လင်းယွီရဲ့ ခြေလှမ်းတွေက ဒယိမ်းဒယိုင်ဖြစ်နေသည်။ သူက ကိုယ်ကို လှည့်ကာ လက်ခုပ်သံတွေ ပိုကျယ်လောင်လာတဲ့ ပရိသတ်ဆီသို့ ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု မထင်မှတ်ဘဲ ပေါ်လာသည်။
စုချန်ယန်မှာ အချိန်တစ်နှစ်သာ ရှိတော့ ပေမယ့်လည်း စုချန်ယန်သည် ကမ္ဘာပေါ်တွင် အတောက်ပဆုံးသော ကျောက်စိမ်းတစ်တုံး ဖြစ်လာမည်ဖြစ်သည်။ ဒီကျောက်စိမ်းတုံးက သူ့ရဲ့စုဆောင်းမှုတစ်ခုမဖြစ်ချင်ရင်တောင်မှ
မဟုတ်ဘူး…
သူ ဒီလောက် တစ်ကိုယ်ကောင်းမဆန်သင့်ဘူး။ တောက်ပပြီး တောက်ပြောင်နေတဲ့ အရာတွေကို ပိုင်ဆိုင်ဖို့ ခဏတာ စိတ်ကူးတောင် မမှားပါဘူး။
သူမကို သူကိုယ်တိုင် မီးမောင်းထိုးပြနိုင်တာနဲ့တင် လုံလောက်ပြီ။
စင်နောက်က အနားယူတဲ့ နေရာကို ရောက်တာနဲ့ ဝတ်စုံဆရာက ရှောင်လုနဲ့ တခြားသူတွေကို တံခါးဝမှာ တားလိုက်ပြီး “Missစု ရဲ့ စိတ်အခြေအနေက မတည်မငြိမ်ဖြစ်နေတော့ သူ့ဆီ ဘယ်သူမှ မသွားတာကောင်းမယ်"
Terry နဲ့ ရှောင်လု က စိုးရိမ်တကြီးကြည့်ရင်း “ကျွန်မတို့ သူ့ကို တစ်ယောက်တည်း ထားလို့မရဘူး။ သရုပ်ဆောင်တွေက သူတို့ရဲ့ အခန်းကဏ္ဍထဲ အရမ်း နက်နက်ရှိုင်းရှိုင်း ဝင်သွားရင် မတော်တဆမှုတွေ ဖြစ်တတ်တယ်လို့ ကြားဖူးတယ်”
Terry က ခေါင်းညိတ်သဘောတူလိုက်သည်။ “အနည်းဆုံးတော့ သူ့ကို တစ်ယောက်တည်းမထားနဲ့။ Miss စုက စာနာနားလည်နိုင်စွမ်း အားကောင်းတဲ့အတွက် သူတစ်ယောက်တည်း ထားထားတာ အရမ်းအန္တရယ်များတယ်"
ဝတ်စုံဆရာက နည်းနည်း ချီတုံချတုံ ဖြစ်နေပြီး “ဒါပေမယ့် Miss စုက ပြောတယ်…”
“ဝင်ခွင့်ပြုပါ” လင်းယွီက သူတို့နောက်ကနေ လျှောက်သွားပြီးတံခါးအဟကြားကနေ လှမ်းကြည့်လိုက်တော့ ဘာလှုပ်ရှားမှုမှ မရှိနေပေ။
တကယ်တော့ လင်းယွီကို စုချန်ယန် ဆွဲဆောင်ခဲ့တာက သူမရဲ့ အခန်းကဏ္ဍနဲ့ စိတ်ခံစားမှုအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ သူမရဲ့ ရှားပါးတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ပင်ကိုယ်စာနာမှုစွမ်းရည်တို့ပင်။
ဒါကြောင့် လင်းယွီက အငြင်းပွားဖွယ်အကကို သူမကိုယ်စား ရွေးချယ်ခဲ့တာဖြစ်သည်။
“ဒါ…” ဝတ်စုံဆရာက တုံ့ဆိုင်းသွားသည်။
သူမရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံကို အခြေခံရရင် အခုချိန်မှာ စုချန်ယန်ရဲ့ အနီးနားတွင် သူမ၏ စိတ်ခံစားမှုကို ပိုမိုဆိုးရွားစေနိုင်တဲ့ အမျိုးသားတွေကို သွားခွင့်မပြုတာက အကောင်းဆုံးဖြစ်သည်။
လင်းယွီက သူမ တွေးနေတာကိုမြင်ပြီး ပြုံးလိုက်ကာ "စိတ်မပူပါနဲ့ ချန်ယန်အနားကို မသွားပါဘူး။ သူ့ရဲ့ လက်ရှိအခြေအနေကို အတည်ပြုချင်ရုံပါ"
ရှောင်လု ကလည်း "ချန်ယန်က ဘော့စ်လင်းကို ယုံတယ်၊ သူ့ကို ဝင်ကြည့်ခွင့်ပေးလိုက်ပါ"
အစကတော့ ရှောင်လုမှာ သူမဘာသာသွား လိုက်ချင်ပေမယ့် စုချန်ယန်ရဲ့ အခြေအနေ ပိုဆိုးသွားနိုင်စေတဲ့ မတော်တဆ တစ်ခုခု မှားပြောမိမှာ စိုးတာကြောင့်ပင်။
ဝတ်စုံဆရာက ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ၊ သူ့ကိုတော့မနှောင့်ယှက်ပါနဲ့” လို့သာ ပြောနိုင်တော့သည်။
လင်းယွီက ခေါင်းညိတ်ပြပြီး ကျေးဇူးတင်လိုက်သည်။ “ကောင်းပါပြီ ခင်ဗျားလည်း ပင်ပန်းသွားရပြီ၊ အရင် အနားယူပါ”
ပြောလို့ပြီးတော့ သူက တံခါးကို ဂရုတစိုက် တွန်းဖွင့်ကာ အထဲသို့ ဝင်သွားလိုက်ပြီး ညင်သာစွာ ပိတ်လိုက်သည်။
အခုက ည၉နာရီ၃၀လောက် ရှိနေပြီဖြစ်ကာ ဧည့်ခန်းမှာ မီးမဖွင့်ထားတာကြောင့် ပြတင်းပေါက် အပြင်ဘက်မှ ဝင်လာတဲ့ အလင်းရောင်နဲ့ပဲ အခန်းရဲ့ ပုံစံကို ယောင်ဝါးဝါး မြင်နေရပါသည်။
သူက မျက်လုံးတွေကို မှိတ်လိုက်ပြီး အမှောင်ထဲမှာ ကျင့်သားရအောင် စောင့်လိုက်သည်။
သူ့ရှေ့က ပုံရိပ်တွေ နည်းနည်း ရှင်းလင်းလာတဲ့အခါ ဆိုဖာရဲ့ ထောင့်လေးတွင် ကွေးနေတဲ့စုချန်ယန် ကို တွေ့လိုက်ရသည်။
သူက တိတ်တိတ်လေး ခြေလှမ်းနည်းနည်း လှမ်းလိုက်ပြီး "ချန်ယန်၊ မင်းအဆင်ပြေရဲ့လား"
စုချန်ယန်သည် လက်တွေကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး သူမရဲ့ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်နေပုံရသည်။ သူမက အလိုလို ဆိုဖာပေါ် လှဲချလိုက်ပြီး အမှောင်ထဲမှာ ပုန်းနေချင် ပုံပေါ်သည်။
“ကျွန်မ အဆင်ပြေပါတယ်…” စုချန်ယန်က အခန်းထဲ ဝင်လာတဲ့သူက လင်းယွီမှန်း သိပေမယ့် သူမသာ သတိမထားမိရင် ချောက်ထဲ အဆွဲခံရတော့မလိုမျိုး ကြောက်လန့်ကာ ထွက်ပြေးချင်သလိုမျိုး မတတ်နိုင်ဘဲ ခံစားလိုက်ရသည်။
"ငါ မင်းကို လာကြည့်လို့ရမလား"
“မရဘူး!” စုချန်ယန်ရဲ့အသံမှာ ချက်ချင်းကို စူးရှလာသည်။
လင်းယွီက မတ်တပ်ရပ်လိုက်ပြီး သူမအနားကို ဆက်မသွားတော့ပေ။
“မင်းရဲ့ ဖျော်ဖြေမှုက အရမ်းအောင်မြင်သွားလို့ ဂုဏ်ယူပါတယ်"
သူမနား သိပ်မနီးကပ်သရွေ့ စုချန်ယန်က သူမရဲ့ စိတ်ကို ခဏလောက် ထိန်းသိမ်းထားနိုင်ပုံရသည်။
"ကျေးဇူးတင်ပါတယ်" လို့ စုချန်ယန်က လုံးထွေးနေတဲ့ အသံနဲ့ ပြေလာသည်။
လင်းယွီက သူမကို စိတ်ရှည်ရှည်နဲ့ ချော့မော့နေသည်။ “မနက်ဖြန် တစ်ရက်လောက် အနားယူလို့ရတယ်။ သွားချင်တဲ့နေရာရှိလား။ ရှောင်လုကို လိုက်ပို့ခိုင်းလိုက်မယ်"
စုချန်ယန်က ခေါင်းခါသည်။ သူမသည် အများအားဖြင့် အားလပ်ချိန်နည်းပါးပြီး တစ်ယောက်တည်း ကုန်ဆုံးလေ့ရှိသည်။ သူမသွားချင်သည့် နေရာမရှိသလို သူမဘယ်ကို သွားနိုင်မှန်းလဲမသိပေ။
"ရုပ်ရှင်ရုံရော?"
စုချန်ယန် က ခေါင်းခါသည်။
"အပန်းဖြေဥယျာဥ်?"
ခေါင်းခါ ဆဲပင်။
"အလှပြင်ဆိုင်?"
နောက်ထပ် ခေါင်းခါလာပြန်သည်။
လင်းယွီက မသိစိတ်မှ ရှေ့ကို ခြေလှမ်းအနည်းငယ်တိုးကာ စုချန်ယန်နဲ့ ပိုမိုနီးကပ်ရန် ကြိုးစားနေကြောင်း သူ့အသံနဲ့ အသိပေးနေသည်။ စုချန်ယန် မတုံ့ပြန်တာကို သူမြင်တော့ သက်ပြင်းတစ်ချက် ချလိုက်သည်။
"အစားအသောက်ပွဲကြီး?"
စုချန်ယန်မှာ အံ့အားသင့်သွားပြီး ခေါင်းညိတ်ပြဖို့ တုံ့ဆိုင်းသွားပေမယ့် အဆုံးမှာတော့ မဝံ့မရဲနဲ့ တိုးတိုးလေးပြောလာသည်။ “မန်နေဂျာလင်းက ကျန်မကို ခွင့်ပြုပေးမှာလား?"
“မင်း ခဏခဏ သွားလို့ရတယ်” လင်းယွီက ပြောလိုက်သည်။
မမျှော်လင့်ဘဲ စုချန်ယန်က ဒီစကားကိုကြားပြီးနောက်မှာတောင် သိပ်မတုံ့ပြန်လာပေ။ အဲ့ဒီအစား သူမက ခေါင်းကို ဒူးကြားတွင်မြှုပ်ထားကာ သူမရဲ့တင်းမာနေတဲ့ ကိုယ်က ပြေလျော့သွားသည်။
"ဘာဖြစ်လို့လဲ?" လင်းယွီက တိုးတိုးလေး မေးလိုက်သည်။
သူက စကားတစ်ခွန်းစီပြောရင်း စုချန်ယန်နဲ့ ပိုနီးကပ်လာသည်။
စုချန်ယန်က ဒါကိုသိပေမယ့် ကြောက်တယ်လို့ မခံစားရပေ။
သူမကိုယ်တိုင် ဒါက ထူးဆန်းတာကို သိလိုက်ရသည်။ စင်ပေါ်ကနေ အဝတ်လဲခန်းဆီ ပြန်လာတဲ့လမ်းတွင် သူမရဲ့ ခန္ဓာကိုယ်သည် နိမ့်ပါးတဲ့ ခံစားချက်မျိုးဖြင့် ဖုံးလွှမ်းသွားတော့မည်ကို သူမ ခံစားခဲ့ရသည်။
ဒီလိုအခြေအနေမျိုးမှာ သူမက အရင်ကလိုပဲ ဒီခံစားချက်ကို ဖြည်းဖြည်းချင်း တစ်ယောက်တည်း ရင်ဆိုင်ဖို့ ရွေးချယ်ခဲ့သည်။ ဒီအချိန်တွင် တခြားသူတွေရဲ့ပုံစံက သူမအတွက် ပိုဆိုးသွားစေလိမ့်မယ်။
ဒါပေမယ့် လင်းယွီကတော့ မတူပေ။
စုချန်ယန် သူ့ကို ဓာတ်လှေကားအဝင်ဝမှာ ပထမဆုံးအကြိမ်တွေ့ပြီးကတည်းက သူမအပေါ် သူချန်ခဲ့တဲ့အမြင်က ညင်သာခြင်းပါပေ။ သူက စုချန်ယန် ကို အများကြီး ကူညီပေးခဲ့ပြီးသူမကို အမြဲတမ်း ညင်ညင်သာသာဆက်ဆံကာ တခါတရံ တင်းကြပ်ပုံပေါက်ပေမယ့် ဒါက သူ့အလုပ်တာဝန်ဆိုတာ စုချန်ယန် သိသည်။
စုချန်ယန်ရဲ့ နှလုံးသားထဲတွင် လင်းယွီရဲ့ ပုံရိပ်မှာ နတ်သားတစ်ပါးနှင့် ပိုတူသည်။ သူက သူမကို မနာကျင်စေသလို သူမဆီ မကောင်းမှုတစ်စုံတစ်ရာ ယူဆောင်လာပေးမည်မဟုတ်ကြောင်း သူမ ခံစားနိုင်သည်။ လင်းယွီသည် သူမစိတ်နှလုံးထဲတွင် အကြွင်းမဲ့ ယုံကြည်နိုင်သူဖြစ်သည်။
သူမရဲ့ စိတ်ထဲတွင် ထင်ယောင်ထင်မှား ဖြစ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒါက စုချန်ယန်ရဲ့ အရိုးသားဆုံး အတွေးဖြစ်သည်မှာ သေချာသည်။
ဒါကြောင့် လင်းယွီက သူမရှေ့မှာ ရပ်လိုက်တဲ့အခါ မျက်ရည်ယိုစီးကျသော မျက်နှာနဲ့ သူမက သူ့ကို မော့ကြည့်ကာ ကလေးလို အပြစ်ကင်းစွာ မေးလိုက်သည်။ “ကျွန်မ ကျောင်းတက်လို့ရမလား?”
မှိန်ဖျော့ဖျော့အလင်းထဲတွင် စုချန်ယန်ရဲ့မျက်လုံးတွေထဲနဂါးငွေ့တန်းဂလက်ဆီများ စိမ့်ဝင်နေပုံရသည်။ သူမသည်.အချိန်အတော်ကြာ လျှောက်သွားနေတဲ့ ခွေးလေခွေးလွင့်တစ်ကောင်နှင့်တူပြီး လင်းယွီက သူမလိုချင်သည့် တုံ့ပြန်မှုကို ပေးမည်ဟု မျှော်လင့်ထားသည်။
သူမကို ဒီလိုမျိုး မြင်လိုက်ရတဲ့အခါ လင်းယွီရဲ့ လက်ချောင်းတွေက မသိစိတ်ကနေ တွန့်ချိုး သွားသည်။ သူ့လည်ချောင်းတွေ တရွေ့ရွေ့ တရွေ့ရွေ့နဲ့ စုချန်ယန် ရဲ့ပါးပြင်ပေါ်က တောက်ပနေတဲ့ မျက်ရည်တွေကို သုတ်ဖို့ သူ့ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
သို့ပေမယ့် သူ့ရဲ့လက်ချောင်းတွေက လေထဲတွင် ခဏလောက်ရပ်သွားပြီး သူ့လုပ်ရပ်က သူမကို နာကျင်စေသွားမလား ဆိုတာ မသေချာပေ။
စုချန်ယန်က သူ့လက်မှာ သူမနဲ့ အရမ်းနီးနီးကပ်ကပ်ရှိနေကြောင်း သတိမထားမိဘဲ အမှောင်ထုထဲတွင် ရှင်းရှင်းလင်းလင်း မမြင်ရတဲ့ သူ့ကို ငေးကြည့်နေသည်။ အချိန်အတော်ကြာအောင် ဘာမှ မတုံ့ပြန်လာတော့ သူမအမူအရာက တဖြည်းဖြည်း အဆင်မပြေဖြစ်လာသည်။
“ကျွန်မ…”
နောက်အခိုက်အတန့်တွင် နွေးထွေးတဲ့လက်တစ်ဘက်က ပျက်စီးလွယ်တဲ့ အနုပညာလက်ရာတစ်ခုကို ထိနေသလိုမျိုး စုချန်ယန်ရဲ့ပါးပြင်ကို လက်ချောင်းထိပ်များဖြင့် အသာအယာ ပွတ်သပ်ပေးလာသည်။
စုချန်ယန်က အံ့အားသင့်သွားပြီး ခဏလောက် အသိလွတ်သွားကာ လင်းယွီကို ဗလာသပ်သပ်နဲ့ ကြည့်နေမိသည်။
စုချန်ယန်က ကြောက်ရွံ့တဲ့ အရိပ်အယောင် မပြတာကို မြင်တော့ လင်းယွီက တိတ်တဆိတ် သက်ပြင်းချကာ သူမရဲ့ပါးပြင်ပေါ်ကသူ့လက်ချောင်းတွေရဲ့ အားကိုအနည်းငယ်တိုးလိုက်ပြီး မျက်နှာတစ်ခုလုံး ဖုံးနေတဲ့ ဆံပင်တွေကို သပ်တင်လိုက်ကာ သူမရဲ့မျက်နှာတစ်ခုလုံး ပေါ်လာစေခဲ့သည်။
"ဘာလို့ ကျောင်းတက်ချင်ရတာလဲ" လင်းယွီက ဒီမေးခွန်းတွေနဲ့ စုချန်ယန်ရဲ့ "နာကျင်နေတဲ့" ခံစားချက်မှ ဆွဲထုတ်နိုင်ရန် မျှော်လင့်ကာ ဘာမှမဖြစ်သလိုမျိုး ပြုမူလိုက်သည်။
သို့ပေမယ့် သူ့လက်က စုချန်ယန်ရဲ့ ပါးပြင်ကို ထိလိုက်တာနဲ့ သူမရဲ့စိတ်တွေက လွတ်ထွက်သွားပြီး ကြောက်ဖို့တောင် မတွေးနိုင်တော့ပေ။
သူမက ရုပ်သေးရုပ်တစ်ခုလို ပြန်ဖြေလာသည်။ “ကျောင်းမတက်ဖူးလို့၊ ကြည့် ကြည့်ချင်တယ်”
စကားပြောပြီးနောက် စုချန်ယန်မှာ နားမလည်နိုင်စွာ ရှက်ရွံ့သွားသည်။ အရင်တုန်းကတော့ သူမရဲ့ နောက်ခံက အရမ်းသနားဖို့ ကောင်းတယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးခဲ့ပေ။ သူမ လိမ်ခဲ့ရင်တောင် ကုမ္ပဏီရဲ့ တောင်းဆိုချက်ကြောင့်ပဲ ဖြစ်သည်။