← Chapters

အခန်း ၈၉

Vol. 7 Ch. 89

အခန်း ၈၉

Vol. 7 Ch. 89

လင်းယွီက သူမကို ပြုံးပြပြီး ကော်ဖီ စားပွဲဆီ လျှောက်သွားကာ အပေါ်ကပန်းအိုးကို ယူလိုက်ပြီး ရေချိုးခန်းဆီ သွားလိုက်သည်။ စုချန်ယန်ရဲ့ မျက်လုံး တွေက သူ့လှုပ်ရှားမှု တွေကို လိုက်ကြည့်ရင်း သူ့လက်ထဲတွင် နေကြာပန်းတစ်ပွင့် ကိုင်ထားတာကို သူမ သတိထားမိသွားသည်။

ခဏအကြာ သူကပန်းအိုးကို ကော်ဖီစားပွဲပေါ်ပြန်တင်ကာ စုချန်ယန်ဘက် လှည့်ပြီး "မနက်ဖြန် ပြန်လာခဲ့မယ်"

စုချန်ယန်က ခေါင်းခါလိုက်ပြီး “မလိုပါဘူး ကျွန်မတို့ တတ်နိုင်…”

လင်းယွီ - “ရတယ်၊ ငါ့ဥယျာဉ်ထဲမှာ အများကြီးရှိတယ်။ နောက်ရက်တွေမှာ မင်းကြိုက်တဲ့ဟာတွေကို လာကြည့်လို့ရတယ်။ ဒီပန်းတွေကို စိတ်ပူစရာမလိုဘူး။ မနက်ဖြန် ပြန်လာခဲ့မယ်"

လင်းယွီက စုချန်ယန် ပြောချင်တာကို တိတ်တဆိတ် ဖယ်ထုတ်လိုက်ပြီး နှုတ်ဆက်ကာ ထွက်သွားလိုက်သည်။

တံခါးပိတ်လို့ပြီးတော့ စုချန်ယန်က ဝင်ပေါက်မှာ ခဏရပ်လိုက်သည်။ ပိတ်ထားတဲ့ တံခါးကို ကြည့်လိုက်ပြီးနောက်တော့ ကော်ဖီ စားပွဲပေါ်ရှိ ပန်းအိုးထဲက လတ်ဆတ်နေတဲ့ နေကြာပန်းတွေကို ကြည့်လိုက်သည်။

လင်းယွီက သူမကို ပန်းအိုးတစ်လုံးပေးပြီး ပန်းအိုးထဲထည့်ဖို့ သူ့အိမ်က ပန်းတွေကို ဘာလို့ ယူလာတာလဲဆိုတာ သူမ နားမလည်တော့ဘူး။ သူမနဲ့ လုယင်းက သူလိုငါလို ဖြစ်လွန်းတယ်လို့ သူထင်ပြီးသူတို့ရဲ့ ကောင်းကင်ယံကို ချဲ့ထွင်ဖို့ ပန်းတွေကို ယူလာပေးချင်နေတာလား ဒါမှမဟုတ် သူ့ဘာသာသူ ပျင်းနေလို့ပဲလား?

ရှောင်လုအခန်းထဲကနေ ထွက်လာတော့ စုချန်ယန်က ကော်ဖီစားပွဲရှေ့တွင် ရပ်ကာ ပန်းအိုးထဲမှ နေကြာပန်း‌တွေကို ရှေးဟောင်းပစ္စည်း လေ့လာနေသလိုမျိုး တည့်တည့် စိုက်ကြည့်နေသည်။

ရှောင်လုက သမ်းလိုက်ပြီး "နင်ဘာလုပ်နေတာလဲ?"

စုချန်ယန်က သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက်တော့ နေကြာပန်းတွေကို ဆက်လက်လေ့လာဖို့ ခေါင်းငုံ့လိုက်သည်။

"အိုး အဲ့ဒါတွေကို ဘယ်ကရတာလဲ? လှလိုက်တာ" ရှောင်လုကလျှောက်လာပြီး နေကြာပန်းတွေကို ဆွဲရင်း ပြောလိုက်သည်။

စုချန်ယန်က သူမလက်ကို လှမ်းရိုက်လိုက်ပြီး "နင့်ရဲ့ဝမ်းကွဲအစ်ကိုက ဒါတွေပို့လာတာ"

"ငါ့ဝမ်းကွဲအစ်ကိုက ပို့လာတာလား?" ရှောင်လုရဲ့ တုံ့ပြန်မှုက စုချန်ယန် ထက်ပင် ပိုချဲ့ကား‌နေသည်။ "ငါ့ဝမ်းကွဲအစ်ကိုက ဒါတွေကို သူကိုယ်တိုင်ပို့လာတာလား?"

“ဟုတ်တယ်"

“သူ…”

ရှောင်လုက အံ့အားသင့်သွားပြီး စုချန်ယန်ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

စုချန်ယန်က မျက်ခုံးပင့်လိုက်ပြီး နားမလည်နိုင်ဖြစ်သွားသည်။ "နင့်ရဲ့ဝမ်းကွဲအစ်ကိုက ဘာအဓိပ္ပါယ်လဲ? ငါတို့က အရမ်း သာမာန်ဆန်လွန်းပြီး သူလိုငါလိုဖြစ်နေတယ်လို့ သူထင်နေလို့ ငါတို့ရဲ့ ကောင်းကင်ကို ကျယ်ပြန့်‌စေဖို့ ပန်းတွေ ပို့ပေးနေတာလား?"

ရှောင်လု - “…”

သူမက စုချန်ယန်ကို အထင်သေးသလို ကြည့်လိုက်ပြီး“နင် အချစ်ဇာတ်လမ်း‌တွေနဲ့ အလာ့ဂျစ်ဖြစ်ထားတာလား? ငါ့ရဲ့ဝမ်းကွဲအစ်ကိုက အီတလီလူမျိုးကွဲ‌လေ၊ သူတို့က ဘဝဓလေ့ထုံးတမ်း‌တွေကို အထူးဂရုပြုကြတာ။ အိမ်က အရမ်းငြီး‌ငွေ့စရာ‌ကောင်းလွန်းတယ်လို့ သူထင်နေတာဖြစ်မယ်၊ အတွေးမလွန်နဲ့"

ရှောင်လုက စုချန်ယန်ကို ထမင်းစားခန်းဆီ တွန်းပို့လိုက်ပြီး ပေါင်မုန့်တစ်ပိုင်းကို ယူကာ သူမပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး "စားရအောင်၊ စားရအောင်"

စုချန်ယန်မှာ ဦးနှောက်ခြောက်နေပြီး မစားနိုင်သေးပေ။

သူမ သတိလွတ်နေတာကိုမြင်တော့ ရှောင်လုက သူမကို အောက်ကနေ ကန်လိုက်ပြီး "ဘာလို့ဒီလောက်တွေးနေတာလဲ? နားမလည်ရင်လည်း လွှတ်ထားလိုက်။ ငါ့ဝမ်းကွဲအစ်ကိုက အရမ်းနက်နဲတယ် နင် သူ့အတွေးတွေကို နားလည်နိုင်မှာ မဟုတ်ဘူး"

စုချန်ယန်က အဲ့ဒါကို စဉ်းစားမိပြီး အဓိပ္ပါယ်ရှိတယ်လို့ ခံစားရလိုက်ရသည်။

လင်းယွီရဲ့ အတွေး‌တွေက သူတို့လို သာမန်လူ တွေထက် ကျော်လွန်‌နေမှာ အသေအ‌ချာပဲ။

စုချန်ယန်က အဲ့ဒါကို သိပ်အကြာကြီး မတွေးမနေတော့ပေ။ ရှောင်လု နဲ့ မနက်စာစားပြီး‌တော့ ထုပ်ပိုးပြီး အပြင်ထွက်လည်ဖို့ အဆင်သင့်ဖြစ်နေပြီ။

စုချန်ယန်ရဲ့ ကျော်ကြားမှုမှာ ယခင်ကနှင့်မတူတော့ပါချေ။ သူမအပြင်သွားတဲ့အခါ ပရိသတ်တွေရဲ့ မှတ်မိခြင်းကို ခံရလေ့ရှိပြီး မနေ့ညက အောင်မြင်တဲ့ ဖျော်ဖြေမှုကြောင့် ဘာမတော်တဆမှ မဖြစ်စေဖို့ ရှေးရိုးဆန်တဲ့ အဝတ်အစားမျိုး ဝတ်လိုက်ကြသည်။

နွေခေါင်ခေါင်မှာ နေရောင်က တောက်လောင်မနေပေ။ ရွှေရောင်သန်းနေတဲ့ နေရောင်ခြည်မှာ စုချန်ယန်ရဲ့ အရေပြားပေါ် ဖြာကျတောက်ပနေပြီး သိသိသာသာဖြူဝင်း နေစေသည်။

ရှောင်လုရဲ့အကြံပြုချက်အရ စုချန်ယန်က ဓာတ်ပုံတစ်ပုံရိုက်ပြီး ထင်သာမြင်သာရှိစေရန် Weiboပေါ် တင်လိုက်သည်။ ပို့စ်တင်နေတုန်း သူမက သူမရဲ့ပင်မစာမျက်နှာကို ကြည့်လိုက်တော့ သူမတွင် Follower နှစ်သန်းနီးပါးရှိကြောင်း တွေ့လိုက်ရသည်။

Weibo မှာ အခုလေးတင် ပို့စ်တင်ထားတာဖြစ်ပြီး ဖန်တွေက followerနှစ်သန်းရဲ့ အကျိုးခံစားခွင့်တွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုနေကြပြီဖြစ်သည်။

ကားထဲမှာ ထိုင်နေတဲ့ စုချန်ယန်က ရှောင်လုကို ကြည့်လိုက်ပြီး " ဖန် တွေရဲ့ အကျိုးကျေးဇူးတွေက ဘယ်လိုမျိုးလဲ?"

"ဖန်နဲ့ အနုပညာရှင်ကြားက ထုံးတမ်းစဉ်လာ စည်းမျဉ်းတစ်ခုလို့ ထင်တယ်၊ သူတို့က follower သန်း‌လောက် ရောက်တဲ့အခါ ပရိသတ်ကို အကျိုးခံစားခွင့် ပေးရတယ်" ရှောင်လုက ပြန်ပြောလာသည်။

မနေ့ညက ဖျော်ဖြေတင်ဆက်မှုကို တွေ့ကြုံပြီးနောက် စုချန်ယန်ရဲ့ follower အ‌ရေအတွက်မှာ မြင့်တက်လာပြီး နှစ်ရက်အတွင်း follower နှစ်သန်းအထိ တိုက်ရိုက်ခုန်တက်သွား‌တော့မယ့်ပုံပင်။

စုချန်ယန်က ခဏလောက်စဉ်းစားလိုက်ပြီး အဟော့ဆုံးမှတ်ချက်တစ်ခုအောက်မှာ ပြန်ဖြေလိုက်သည်။ "ဒီတစ်လော နည်းနည်းအလုပ်များနေလို့ follower နှစ်သန်းရောက်တဲ့အခါ လူတိုင်းအတွက် ပရိသတ်အကျိုးခံစားခွင့်တွေ ပြင်ဆင်ပေးပါ့မယ်"

[အိုဘုရားရေ! ငါ့ကို သတိထားမိသွားပြီ!]

[အစ်မ ကျေးဇူးပြုပြီး ကူညီကြပါ! အရမ်းချစ်တယ်! ကောင်းကင်နဲ့မြေကြီးကို ထိန်းချုပ်နိုင်တဲ့ အခန်းကဏ္ဍကို ယူဖို့ စဉ်းစားနေတာလား? ငါအဲ့ဒါကို အရမ်းတွေ့ချင်တယ်!]

[အစ်မမျက်နှာမှာ မျက်နှာအမူအရာမရှိတဲ့အခါ ငါ့အစ်မရဲ့စူပါမားကတ်ကို စိတ်ကူးထားတယ်!1]

စုချန်ယန်က မှတ်ချက်ပေးလို့ပြီး‌တော့ ချက်ချင်းပြန်ဖြေလာဖို့ မမျှော်လင့်ထားပေ။ သူမက ရှုပ်ထွေးစွာနဲ့ မေးလာသည်။ “အစ်မရဲ့ စူပါမားကတ်က ဘာကိုပြောတာလဲ?"

ရှောင်လုကအံ့သြသွားပြီး "ဘာကိုလဲ?"

စုချန်ယန်မှာ အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ ဝေါဟာရနှင့် မရင်းနှီးပါ‌ချေ။ အပ်ဒိတ်တွေက အရမ်းမြန်လွန်းတယ်။ သူမရဲ့ အမြင်မှာတော့ ပရိသတ်တွေက "ပန်းခင်းလမ်းကို လျှောက်တယ်"2 လို့ဘဲ ပြောလေ့ရှိသည်။

ရှောင်လုက သူမကို လှည့်ကြည့်လာပြီး ရယ်ချင်တာကို ထိန်းထားကာ“ငါလည်း မသေချာပေမယ့် အရေးကြီးတယ်လို့တော့ ခံစားရတယ်။ ငါ့ဝမ်းကွဲအစ်ကိုကို မေးကြည့်ချင်လား?"

စုချန်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး “သူ့ကို ဘာလို့မေးမှာလဲ? Baidu မှာ ကိုယ့်ဘာသာကိုယ် ရှာလို့ရတယ်"

ရှောင်လုက ပြောလိုက်သည်။ “Baidu မှာဆို စူပါမားကတ်ကိုဘဲ ပြလိမ့်မယ်။ အခြားအဓိပ္ပါယ်တွေကို မသိဘူး။ ငါ့ဝမ်းကွဲအစ်ကိုက နင့်ရဲ့မန်နေဂျာ။ တစ်ခုခု နားမလည်ရင် သူ့ကို မေးသင့်တယ်”

စုချန်ယန်က သူမကို သံသယနဲ့ ကြည့်လိုက်သည်။

ရှောင်လုက လေးနက်နဲ့ အမူအရာနဲ့ ရှေ့တည့်တည့်ကြည့်ကာ "သူ့ကို မြန်မြန်မေးကြည့်လိုက်။ နင့်မှာ သူ့WeChat အကောင့် မရှိဘူးလား? ငါလည်းသိချင်တယ်"

စုချန်ယန်ကတော့ ဒီအသေးအမွှားကိစ္စအတွက်နဲ့ လင်းယွီ အနှောက်အယှက်ပေးစရာ မလိုဘူးဟု တွေးမိသည်။ သို့ပေမယ့်လည်း လင်းယွီchat box ကိုသူမဖွင့်လိုက်သည်။

“ငါ့ဝမ်းကွဲအစ်ကိုကို မေးကြည့်လိုက် ဘာများ ထိခိုက်သွားမှာ မို့လို့လဲ?” ရှောင်လုက ဆက်ပြီး တိုက်တွန်းလာသည်။

"ဘာမေးရမှာလဲ?" စုချန်ယန်က မေးလိုက်သည်။

“ 'စူပါမားကတ်' က ဘာကိုပြောတာလို့သူ့ကို မေးလိုက်လေ…”

“တင်一”

ရှောင်လု စကားမဆုံးခင် စုချန်ယန်က လက်ချောင်းကို ဖြေလျော့လိုက်ပြီး အသံမက်ဆေ့ခ်ျတစ်ခု ပေးပို့လိုက်သည်။

ရှောင်လုရဲ့မျက်နှာမှာ အေးခဲသွားပြီး"စုချန်ယန်! နင်ငါ့ကို ထောင်ဖမ်းလိုက်တယ်!"

စုချန်ယန်က အပြစ်ကင်းစင်စွာနဲ့ မျက်တောင်ခတ်လိုက်ပြီး " နင်ငါ့ကို အရင်ထောင်ဖမ်းတာလေ။ ဒီစကားက သေချာပေါက် မကောင်းဘူးလောက်ဘူး"

"ငါ့အတွက် အမြန်ပြန်ဖျက်လိုက်!"

စုချန်ယန်က ပြုံးလိုက်ပြီး "ဟုတ်ပါပြီ၊ ငါသိပြီ"

သူမမက်ဆေ့ခ်ျကို ပြန်ဖျက်ခါနီး နောက်တစ်စက္ကန့်မှာဘဲ လင်းယွီက သူမကို ဖုန်းခေါ်လာသည်။

စုချန်ယန် - “…”

ရှောင်လု - “…”

နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက် တိတ်တိတ်လေး ကြည့်လိုက်ကြသည်။

ရှောင်လုက သက်ပြင်းချလိုက်ပြီး "နင်ပြော၊ ငါ့ဝမ်းကွဲအစ်ကိုက အဲ့ဒါ ဘာကိုဆိုလိုမှန်း သိမှာ မဟုတ်ဘူး"

စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး ဖုန်းကို မဝံ့မရဲနဲ့ ပြန်ဖြေလိုက်သည်။

"ဟယ်လို မန်နေဂျာ လင်း" စုချန်ယန်ရဲ့အသံက ရှင်းရှင်းလင်းလင်းကို ယုံကြည်မှုကင်းမဲ့နေခဲ့သည်။

တစ်ဖက်က‌နေ စက္ကန့်နည်းနည်းလောက် တိတ်နေတော့ လင်းယွီက မေးလိုက်သည်။ "အဲ့ဒီမှာ လုယင်းရှိ‌‌ နေလား?"

သူ့လေသံကို သုံးသပ်ရမယ်ဆိုရင် ဘာခံစားချက်မှ မရှိပေ။ စုချန်ယန်က သူမ မျက်လုံးထောင့်ကနေ ခေါင်းကို အသည်းအသန် ခါနေတဲ့ ရှောင်လုကိုမြင်ပေမယ့် ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ သူ ရှိတယ်"

ရှောင်လုက သူမကို စိုက်ကြည့်လိုက်ပြီး "သစ္စာဖောက်" ဆိုတဲ့စကားကို နှုတ်ခမ်းလှုပ်‌ကာ ပြောလိုက်သည်။

“သူ့ကို ဖုန်းပေးလိုက်” လင်းယွီက ညွှန်ကြားလိုက်သည်။

“အိုး"

စုချန်ယန်က ပြန်တုံ့ပြန်လိုက်ပြီး ရှောင်လုရဲ့ နား နားမှာ ဖုန်းကပ်ပေးလိုက်သည်။

“ဝမ်းကွဲအစ်ကို” ရှောင်လုက လေသံလေးလေးနဲ့ ပြန်ဖြေလာသည်။

စုချန်ယန်ကတော့ တစ်ဖက်က ဘာပြောသွားမှန်း မသိပေမယ့် ရှောင်လုက မျက်နှာပျက်သွားပြီး ရေရွတ်လိုက်သည်။ “နောက်တာပါ”

"ချန်ယန်က အရွယ်ရောက်နေပြီ!"

စုချန်ယန်မှာ လင်းယွီဘာပြောလိုက်လဲဆိုတာ မသိပေ။

"ဟုတ်ပြီ၊ ဟုတ်ပြီ သိတယ်။ ကိုယ့်ညီမထက် အစ်ကိုကသူ့ကို ပို ကောင်းကောင်းဆက်ဆံတာ!"

ရှောင်လုက ဟစ်အော်ပြီး စုချန်ယန်ကို ပြောလိုက်သည်။ "ငါ့ဝမ်းကွဲအစ်ကို နင့်ကို ရှာနေတယ်"

လင်းယွီက ရှောင်လုကို ကြိမ်းမောင်း‌နေတာ ကြည့်ပြီး စုချန်ယန် နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမက ဖုန်းကို နား နား ဖြည်းဖြည်းချင်း ကပ်လိုက်သည်။ လင်းယွီစကားမပြောခင် သူမက အရင်အော်ပြောလာသည်။ "အစ်ကိုလင်း ကျွန်မတောင်းပန်ပါတယ်"

လင်းယွီ - “…”

ခဏ‌လောက်ငြိမ်သက်ပြီးတော့ လင်းယွီက သူမကို မ‌အော်လာဘဲ ပြောခဲ့သည်။ "အင်တာနက် လျှော့သုံး"

နောက်တော့ ဖုန်းချသွားသည်။

စုချန်ယန်က ချက်ချင်း သက်သာရာရသလို သက်ပြင်းချလိုက်ပေမယ့် ရှောင်လုဆီကနေ မျက်လုံးလှိမ့်ပြတာရလိုက်သည်။

ရှောင်လု မတတ်နိုင်ဘဲ ရယ်လိုက်သည်။ "စုချန်ယန် နင်က တော်တော် လိမ္မာတာပဲ။ နင် တမင်သက်သက် လိမ္မာသလို သရုပ်ဆောင်လိုက်တော့ ငါ့ဝမ်းကွဲအစ်ကိုက နင့်ကို ဆူဖို့မတတ်နိုင်တော့ဘူးပေါ့"

စုချန်ယန်က သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ “ဒါက အရေးပေါ် ရှောင်ရှားမှုလို့ ခေါ်တယ်။ မန်နေဂျာလင်း ဒေါသထွက်ပြီး ငါတို့ကို အပြင်ထွက်လည်ခွင့် မပေးရင် ဘယ်လိုလုပ်မလဲ?”

သူမစကားပြောနေရင်း ဖုန်းထဲက browser ကိုဖွင့်လိုက်ပြီး “စူပါမားကတ် အင်တာနက် ဘန်းစကား” ဆိုတဲ့ keywords ကို ရှာလိုက်သည်။ “စူပါမားကပ် Me” ဆိုတဲ့ စကားလုံးက ရှာဖွေရေးဘားမှာ ခုန်တက်လာသည်။ စုချန်ယန်က အဲ့ဒါကို မသိစိတ်က နှိပ်လိုက်သည်။

ခဏအကြာ စုချန်ယန် အမူအရာမဲ့စွာနဲ့ browser ကိုပိတ်လိုက်သည်။

ရှောင်လုက ရယ်လိုက်ပြီး မေးလိုက်သည်။ "နင်ဘာတွေ့လိုက်လို့လဲ?"

စုချန်ယန်က သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

ရှောင်လုက စိတ်ရှုပ်ထွေးသွားပြီး မေးလိုက်သည်။ "နင်ဘာတွေ‌တွေးနေတာလဲ?"

"ငါတို့ အခုချက်ချင်း ရန်ဖြစ်ရင် ငါအနိုင်ရနိုင်မလားလို့ တွေးနေတာ"

ရှောင်လုက လှောင်ရယ်လိုက်သည်။ "နင်က? နင့်ရဲ့ခြေလက်တွေကို ငါခွင့်ပြုထားရင်တောင် နင်ငါ့ကို ရိုက်နိုင်မှာ မဟုတ်ဘူး"

စုချန်ယန်က သူမကို စိုက်ကြည့်နေပြီး ဝမ်းနည်းစွာနဲ့ အမှန်တရားကို သဘောပေါက်လိုက်သည်။ ရှောင်လုက သူမရဲ့ ခြေလက်တွေကို အသုံးပြုခွင့်ပေးထားပေမယ့် သူမက‌တော့ အနိုင်ယူနိုင်ဆဲပင်။

“ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ဆယ်မိနစ်လောက် ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပြီ” စုချန်ယန်က ခေါင်းလှည့်ကာ ပြောလိုက်သည်။

ရှောင်လုက လမ်းဘေးမှာ ကားရပ်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်တော့ မွှေးရနံ့တွေ ဝင်လာသည်။ "နင် သေချာလား?"

စုချန်ယန်က ဒရိုင်ဘာထိုင်ခုံရဲ့ ပြတင်းပေါက်အပြင်ဘက်က ရနံ့ကို ခွေးလေးလိုမျိုး ရှူရှိုက်ရင်း လမ်းဘေးတွင် နံစော် တိုဟူးစားစရာ ရောင်းတဲ့ကား ရပ်ထားတာကို တွေ့လိုက်ရသည်။

“ဟေ့၊ တချို့လူတွေက အခုတော့ ကြယ်ပွင့်ကြီးတွေဖြစ်နေပြီဆိုတော့ သူတို့ကိုယ်တိုင် ပစ္စည်းသွားဝယ်ရတာ အဆင်မပြေတော့ဘူး။ ငါတို့ ဘာလုပ်သင့်လဲ?"

စုချန်ယန် - “…”

သူမ တစ်ဖက်လူဆီကနေ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခံထားသလို ခံစားလိုက်ရသည်။

"နင် မုန်းစရာ ကောင်းလိုက်တဲ့ ရှောင်လု" သူမ ပြောလိုက်သည်။

ရှောင်လုက ပခုံးတွန့်လိုက်ပြီး "ဒါဆို စားမှာလား မစားဘူးလား?"

စုချန်ယန်က နာခံစွာနဲ့ ခေါင်းညိတ်လိုက်သည်။ “စားချင်တာပေါ့။ ရူးမတတ်ပဲ"

ဝိတ်ချနေချိန်တုန်းက စုချန်ယန်က အသားဟင်းအများစုကို မစားနိုင်ရုံသာမက ဆီနဲ့ဆားများများပါတာတွေကိုတောင် ထိလို့မရခဲ့ပါချေ။

မွှေးပျံ့တဲ့ရနံ့ကို နမ်းရှိုက်ရင်း စုချန်ယန်မှာ လိုချင်တပ်မက်စွာနဲ့ သွားရည်တွေ ယိုလာခဲ့သည်။

All Chapters