အခန်း ၉၀
Vol. 7 Ch. 90
စုချန်ယန်ရဲ့ နောက်ခံအကြောင်းနဲ့ လင်းယွီဆီကနေ သင်ယူပြီးတဲ့နောက်မှာ စုချန်ယန်အတွက် သနားစရာ ဘာမှမရှိဘူးလို့ ရှောင်လုမှာ ထင်ခဲ့ပေမယ့် သူမရဲ့ အတိတ်နဲ့ အတွေ့အကြုံတွေအတွက်တော့ နည်းနည်း ဝမ်းနည်းမဆုံးနိုင်ဖြစ်နေဆဲပင်။
ရှောင်လုက ကားတံခါးကိုဖွင့်ကာ သူမဘက်လှည့်ပြီး အေးစက်စက်နဲ့ ပြောလိုက်သည်။ "ဒီမှာ ခဏစောင့်နေ"
ဆယ်မိနစ်လောက်ကြာတော့ သူမလက်ထဲ နံစော်တို့ဟူးပူပူလေးနဲ့အတူ ကားဆီပြန် ရောက်လာပြီး စုချန်ယန်ကို ပေးလိုက်သည်။
"ကျေးဇူးပဲ"
စုချန်ယန်က နံစော်တို့ဟူးကို လက်ခံလိုက်ပြီး ရှောင်လု ကျေးဇူးတင်လိုက်ကာ ကျေနပ်စွာနဲ့ ကိုက်လိုက်သည်။ ပူလွန်းလို့ သူမမှာ အသက်ပြင်းပြင်းရှူလိုက်ရသည်။ သူမက အဲ့ဒါကို ထွေးထုတ်ဖို့ ဝန်လေးနေပြီး သူမရဲ့မျက်လုံးတွေက အဖိုးတန်ရတနာတစ်ခု ရထားသလိုပင်။
ရှောင်လုက မတတ်နိုင်ဘဲ ရယ်လိုက်ပြီး တစ်ရှူးတစ်ရွက်ကို သူမဆီ ပေးလိုက်သည်။ "နင့်အဝတ်တွေပေါ် မကျစေနဲ့"
"ဒီအရသာ... ငါနောင်တမရဘဲ သေလို့နိုင်ပြီ!"
ရှောင်လုက ကူကယ်ရာမဲ့စွာ ခေါင်းခါပြီး ကားစက်နှိုးလိုက်သည်။ "သွားကြရအောင်"
"နင် တက္ကသိုလ်ကို တကယ်သွားချင်တာလား?" ရှောင်လု မေးလိုက်သည်။
စုချန်ယန်က လင်းယွီရဲ့ စကားကို သတိရကာ အလွန်အကျွံ မစားခဲ့ပေ။ သူမက ခရီးသည်ထိုင်ခုံမှာ ထိုင်ကာ မေ့မေ့လျော့လျော့နဲ့ ရှောင်လုကို ကျွေးလိုက်သည်။
“ငါ သွားကြည့်ချင်တယ်” စုချန်ယန်က မိန်းမောနေပုံရသည်။ "ငါ ကုမ္ပဏီနဲ့ စာချုပ်သက်တမ်းကုန်သွားရင် တစ်နှစ်လောက် ပြန်လေ့လာပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဖို့ စီစဉ်ထားတယ်"
"နင် ကျောင်းပြန်တက်ချင်လို့လား?" ရှောင်လုက ခေါင်းညိတ်လိုက်သည်။ "ဒါက အဓိပ္ပါယ်ရှိတယ်။ နင်က ကောလိပ်တက်ဖို့ အရွယ်ရောက်နေပြီ။ ဒါပေမယ့် နင် လိုက်နိုင်ပါ့မလား?"
စုချန်ယန် ခေါင်းခါလိုက်သည်။ "ငါလည်းမသိဘူး"
စုချန်ယန် ဖျော်ဖြေရေးနယ်ပယ်ထဲ မဝင်ခင်တုန်းက ကျောင်းသားဘဝကို တောင်းတခဲ့သည်။ တစ်ခါတစ်ရံတွင် သူမသည် ကျောင်းနံရံကနေ ခိုးဝင်ကာ နားထောင်တတ်ပြီး တစ်ခါတစ်ရံတွင်တော့ အခြားသူတွေဆီမှ သင်ကြားရေးပစ္စည်းတွေကို တောင်းလေ့ရှိကာ စိတ်အားထက်သန်တဲ့ အတန်းဖော်တွေနဲ့ ဆုံတဲ့အခါမှာတော့ သူတို့က သူမကို တက်ကြွစွာ သင်ကြားပေးလေ့ရှိသည်။
ဒါကြောင့် စုချန်ယန်က စာဖတ်ဝါသနာ ပါသူတိုင်းအတွက် စာအုပ်ဆိုင်ဖွင့်ချင်တာဖြစ်သည်။
ခဏလောက် တိတ်ဆိတ်သွားပြီးတော့ ရှောင်လုက မေးလာသည်။ "နင်အဲဒါကို သေချာစဉ်းစားပြီးပြီလား? တစ်နှစ်ပြီးရင် ကုမ္ပဏီနဲ့ စာချုပ်ချုပ်တာကို အဆုံးသတ်လိုက်မှာလား?"
စုချန်ယန်က ခေါင်းညိတ်လိုက်သည်။ “အင်း၊ ငါစဉ်းစားပြီးပြီ။ ဖျော်ဖြေရေးနယ်ပယ်ကို သိပ်မကြိုက်သလို ငါ့အလုပ်ကိုလည်း မကြိုက်ဘူး"
"နင် ငါတို့ကိုလည်း အဲ့ဒီလောက်ထိ မကြိုက်ဘူးပေါ?"
စုချန်ယန်က ရယ်လိုက်သည်။ "ဘာတွေပြောနေတာလဲ"
ရှောင်လု - "နင်က ဒီလို ခိုင်မာတဲ့ သဘောထားနဲ့မဆိုင်းမတွဘဲ ထွက်သွားတော့မယ်၊ နင်ကတော့ ငါ့ဝမ်းကွဲအစ်ကိုနဲ့ ငါ့ကို လုံးဝ လွမ်းနေမှာ မဟုတ်ဘူးမလား?"
စုချန်ယန်က ပါးစပ်နားကို နံ့စော်တိုဟူးတစ်ပိုင်းယူလာပြီး "ငါ ကုမ္ပဏီကနေပဲ နှုတ်ထွက်တာလေ၊ ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားတာမှ မဟုတ်ဘဲ။ ငါတို့က အဆက်အသွယ် မပြတ်နိုင်ဘူး မဟုတ်လား? ဒါအပြင် ဒါက လာမယ့်နှစ်မှ လုပ်မယ့် ကိစ္စတွေပါ"
ရှောင်လုက သူမပါးစပ်နားက နံစော်တို့ဟူးကို ပါးစမ်ထဲထည့်လိုက်ပြီး “အချိန်ကုန်တာက အရမ်းမြန်တယ်၊ ငါ့ဝမ်းကွဲအစ်ကိုက အရမ်းအလုပ်များတာ။ နင်နုတ်ထွက်ပြီးရင် သူတော့တခြားအနုပညာရှင်နဲ့ လက်တွဲလုပ်မယ်ထင်တယ်။ အဆက်အသွယ်လုပ်ဖို့ အချိန်ရှိတယ်ဆိုရင်တောင် တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ဖို့ ခက်လိမ့်မယ်”
သူမ စကားတွေထွက်ပြီးတဲ့နောက်မှာ ကားထဲတွင်ငြိမ်သက်သွားသည်။
တကယ်တော့ ရှောင်လုရဲ့ စကားကို စုချန်ယန်ကောင်းကောင်းနားလည်သည်။
အရင်ကလည်း သူမ ဒီလိုမျိုးတွေ အများကြီးကြုံဖူးသည်။ သူတို့နှစ်ယောက် အတူရှိတဲ့အခါ ဘဝမှာ ခင်မင်ရင်းနှီးတဲ့ ဝိညာဉ်တွေကို တွေ့ခဲ့ရသလိုမျိုး ခံစားခဲ့ရပေမယ့် ခွဲခွာရတဲ့အခါမှာတော့ နောက်ထပ် စိတ်ခံစားချက်တွေက အချိန်နဲ့အမျှ ရွေ့လျားသွားမှာပင်။
အနီးကပ်ဆုံး ဆက်ဆံရေးတွေတောင် အချိန်အတော်ကြာ ခွဲခွာသွားပြီးနောက်မှာ ပြတ်ပြတ်သားသား ပြန်ဖြစ်သွားမှာပင်။
စုချန်ယန်က အကြောင်းကို ရှင်းရှင်းလင်းလင်းသိ ပေမယ့် တစ်ခါတစ်လေ သူမများ တစ်ခုခုကို ဆုပ်ကိုင်ထားနိုင်မလားဆိုတာ စမ်းကြည့်ချင်သေးသည်။
သို့ပေမယ့် ရှောင်လုနဲ့ လင်းယွီတို့က မတူညီသောကမ္ဘာနှစ်ခုမှ လူများဖြစ်ကြောင်း သူမ သိသည်။ သူတို့ရဲ့ လုပ်ငန်းခွင်ဆက်ဆံရေး ပြီးဆုံးသွားပါက အနာဂတ်တွင် သူတို့တွေ ဆုံနိုင်မယ့်လမ်းဆုံလမ်းခွ မရှိတော့ပါချေ။
စုချန်ယန်က ဒီအကြောင်းကို တွေးထားပြီးသားမို့ တစ်နှစ်အတွင်းမှာ ပြင်ဆင်ထားဖို့ သူမကိုယ်သူမအမြဲသတိပေးနေပြီး အချိန်ကန့်သတ်ချက် ပြည့်သွားတဲ့အခါ သူတို့ရဲ့ဆက်ဆံရေးက အချိန်နဲ့အမျှ ပျောက်ကွယ်သွားတော့မည်ကို သူမ လုံးလုံးလက်ခံနိုင်သင့်သည်။
ဒီအကြောင်းကိုတွေးရင်း သူမစိတ်ထဲ ဝမ်းနည်းသွားမိသည်။
စုချန်ယန် ရယ်မောလိုက်သည်။ သူမက စိတ်ကူးယဉ်ဆန်တဲ့သူတစ်ယောက်မဟုတ်သလို သူမရဲ့ပြဿနာ တွေအတွက်နဲ့ အခြားသူတွေကိုလည်း အပြစ်မတင်ပေ။ ခင်မင်မှုပဲဖြစ်ဖြစ် တခြားအရာတွေပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးတိုင်းကိုသူမ မြတ်နိုးသည်။
ရှောင်လုက သူမကို တက္ကသိုလ်ဆီ မောင်းပို့ပေးခဲ့သည်။ စုချန်ယန် ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ နုပျိုလှပတဲ့ မျက်နှာတွေ၊ တက်ကြွ သန်စွမ်းမှု အပြည့်နဲ့ လူငယ်တွေနဲ့ ပြည့်နေသည်။
“ဆင်း၊ ငါ နင့်ကို လိုက်ပတ်ပြမယ်” ရှောင်လုက ပြောလိုက်သည်။
စုချန်ယန်က မက်စ်နဲ့ ဦးထုပ်ကို ဆောင်းကာ ကားထဲကနေထွက်လာသည်။
ဒီနေ့မှာတော့ သူမ သာမန်ကျောင်းသား လေးတစ်ယောက်လို အဖြူရောင် စကတ်အတိုနဲ့ အပြာနုရောင် ဆွယ်တာအင်္ကျီကို ၀တ်ထားသည်။
ရှောင်လုက ပုံဖျက်ဂျာကင်အင်္ကျီနဲ့ အနက်ရောင်ဂျင်းဘောင်းဘီကို ဝတ်ထားကာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းနေသည်။
သူမက ဆံပင်တိုတိုကို သပ်တင်လိုက်ပြီး နေကာမျက်မှန်တပ်ထားကာ "သွားကြရအောင်"
၀တ်စားဆင်ယင်မှု ပုံစံအမျိုးမျိုးနဲ့ မိန်းကလေးနှစ်ဦးက လမ်းပေါ်ထွက်လာကြသည်။ သူတို့ရဲ့ အရပ်အမောင်းနဲ့ ပုံစံက သာမန်လူတွေနဲ့ မတူဘဲ ထူးထူးခြားခြား ဖြစ်နေတဲ့အတွက် စူးစမ်းတဲ့အကြည့်တွေက ရံဖန်ရံခါ သူတို့အပေါ် ရောက်လာကြပေမယ့် စုချန်ယန်ကို ဘယ်သူမှ မမှတ်မိကြပေ။
တစ်လမ်းလုံး အကြည့်ခံနေရပေမယ့် သူတို့နှစ်ယောက်ကတော့ စိတ်မသက်မသာမဖြစ်ဘဲ လိုက်ပတ်သွားနေကြသည်။
“မနက်ဖြန် ငါတို့ အစီအစဉ် ရိုက်ကူးရမယ်။ ငါတို့နဲ့အတူ တစ်ခုခု ယူလာသင့်လား?" ရှောင်လုက နောက်ပြောင်လိုက်သည်။
စုချန်ယန်က သူမကို လှမ်းဆွဲလိုက်ပြီး "အရင်က ငါ အရမ်းလောဘကြီးတာ။ ဒီတစ်လောမှ မန်နေဂျာလင်းက ငါ့ကိုကောင်းကောင်း ဆက်ဆံနေတာကြောင့် ငါဘာကိုမှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး"
“ဟေး နင်က တော်တော်လေးကို နစ်မြုပ်ထားတာဘဲ"
စုချန်ယန်က သူမကို လျစ်လျူရှုလိုက်ပြီး စာကြည့်တိုက်ကို ဖြတ်သွားတဲ့အခါ ကျောင်းသားတွေ အများကြီးထိုင်နေတဲ့ အထဲကို လည်ပင်းဆန့်ပြီး ကြည့်လိုက်သည်။
"ဝင်ကြည့်ချင်လား" ရှောင်လုက မေးလိုက်သည်။
စုချန်ယန်က ခေါင်းညိတ်ပြီး "အင်း"
သူတို့နှစ်ယောက် စာကြည့်တိုက်ထဲ ဝင်သွားတော့ စာကြည့်တိုက်မှူးက သူတို့ကို အကြိမ်အနည်းငယ်လောက် စိုက်ကြည့်နေသည်။
စာကြည့်တိုက်အထဲတွင် စုချန်ယန်က နှစ်ခေါက်လောက် လိုက်ပတ်လိုက်သည်။ စာလေ့လာနေကြတဲ့ လေထုက အရမ်းကောင်းမွန်ပြီး လူတိုင်းက အရမ်းအလေးအနက်ထားကြသည်။
စုချန်ယန်က သေချာဂရုတစိုက် ကြည့်နေသည်ကို မြင်တော့ ရှောင်လုက တိတ်တဆိတ် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ သူမရဲ့ကျောဘက်ကို ဖုန်းနဲ့ဓာတ်ပုံရိုက်လိုက်သည်။ သူမက ကြုံရာ ရိုက်ချက်တစ်ခုရိုက်လိုက်ပေမယ့် အဲ့ဒါက ပန်းချီကားတစ်ချပ်လိုပင်။
ရိုးရိုးသားသားပြောရရင် စုချန်ယန်လိုမျိုး ကြည့်ကောင်းတဲ့လူကို ရှောင်လုတစ်ခါမှ မမြင်ဖူးပါချေ။ သူမသာ ယောက်ျားလေးဆိုရင် စုချန်ယန်ကို သေချာပေါက် သဘောကျမိမှာ။ ဒါပေမယ့် ဝမ်းနည်းစရာပဲ။
ရှောင်လု စိတ်ထဲ ရုတ်တရက် အတွေးတစ်ခုဝင်လာတဲ့အခါ သူမခေါင်းကိုယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။ သူမက အခုလေးတင်ရိုက်ထားတဲ့ ဓာတ်ပုံကို လင်းယွီဆီ ပို့ပေးလိုက်သည်။
[ရှောင်ချန်ယန်က စာကြည့်တိုက်ထဲမှာ~]
[သူက အရမ်းနာခံတာပဲ။ သူ့အတွက် ညီမဝယ်ပေးခဲ့တဲ့ နံစော်တို့ဟူးကို နည်းနည်းပဲစားတယ်~]
[စာကြည့်တိုက်ကို သူတကယ်သဘောကျတဲ့ပုံပဲ~]
ရုံးခန်းထဲမှာ ပစ္စည်းတွေ စီစဉ်နေတဲ့လင်းယွီက သူ့ဖုန်း လင်းသွားတော့ တစ်ချက်ကြည့်လိုက်သည်။ လုယင်းပို့လာတဲ့ နောက်ဆုံးမက်ဆေ့ခ်ျပင်။
သူက ခဏလောက် တုံ့ဆိုင်းသွားပြီး ပစ္စည်းတွေကို စုစည်းလိုက်ကာ သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး WeChat ကို ဖွင့်လိုက်သည်။
ထိပ်ဆုံးမှာ စုချန်ယန်ရဲ့ ဓာတ်ပုံတစ်ပုံရှိနေသည်။
စခရင်ပေါ်က ပုံလေးကို ကြည့်ရင်းနဲ့ လင်းယွီရဲ့ နှုတ်ခမ်းက မသိစိတ်ကနေ ကွေးတက်သွားကာ သူ့ရဲ့စုဆောင်းမှုထဲ သိမ်းဆည်းထားလိုက်သည်။
မိနစ်ဝက်အကြာ ရှောင်လုဆီကို စာရောက်လာခဲ့သည်။
ပထမ မက်ဆေ့ချ်က ယွမ် 20,000 လွှဲပေးလာတာဖြစ်သည်။
[သူ့ကို လမ်းဘေးအစားအစာစားဖို့ မခေါ်သွားနဲ့]
ရှောင်လုက လျှာနဲ့ ကျွတ်စ်သတ်လိုက်ပြီး - [အစ်ကို၊ အလုပ်နဲ့ပတ်သက်တဲ့ အကြောင်းတွေကလွဲရင် စာမြန်မြန်ပြန်လာတာ ဒါပထမဆုံးအကြိမ်ပဲ]
လင်းယွီ - [ ဒီညမင်းတို့အတွက် စားသောက်ဆိုင်ကို ငါကြိုပြီး ဘွတ်ကင်တင်ပြီးသွားပြီ၊ လိပ်စာပို့ပေးလိုက်မယ်"
ရှောင်လု အံ့ဩသွားခဲ့သည်။ - [ယွမ် 20,000 က ဒီနေ့အတွက် ကုန်ကျစရိတ် မဟုတ်ဘူးလား?]
လင်းယွီ - [ မဟုတ်ဘူး၊ အဲ့ဒါက မင်းကို ဆုချတာ]
ရှောင်လုက ရှုပ်ထွေးသွားပြီး မေးလိုက်သည်။ - [ဘာအတွက် ညီမကိုဆုချတာလဲ?]
[ဓာတ်ပုံ ကောင်းကောင်းရိုက်ခဲ့လို့လေ၊ မင်းရဲ့ ဓာတ်ပုံရိုက်စွမ်းရည်တွေ တိုးတက်လာပြီ]
ရှောင်လု - "? ? ?”
ဒီတော့ ငွေရှာရတာ ဒီလောက် လွယ်တယ်လား?
နောက်ပြီး ငါ့ဝမ်းကွဲအစ်ကိုက စိတ်ကောင်းဝင်နေတဲ့ပုံဘဲ။
ရှောင်လုက ရုတ်တရတ် စိတ်အားထက်သန်လာပြီး ဖုန်းကို ကောက်ကိုင်လိုက်ကာ နောက်ထပ်ဓာတ်ပုံရိုက်လိုက်သည်။ သို့ပေမယ့် ပုံထဲတွင် အရပ်ရှည်ရှည် ပိန်ပါးပါး ယောက်ျားလေးတစ်ယောက်က တစ်ချိန်ထဲမှာ ပေါ်လာပြီး နှစ်ယောက်သားက တစ်ယောက်နဲ့ တစ်ယောက် တီးတိုးပြောရင်း အတူတူ ရပ်နေကြသည်။
ရှောင်လုက ဓာတ်ပုံကို လင်းယွီဆီ ပို့ပေးလိုက်ပြီး ဖုန်းကို ပိတ်လိုက်သည်။ သူတို့ပြောတာကို နားထောင်ချင်စိတ်နဲ့ တိတ်တိတ်လေး လိုက်သွားလိုက်သည်။
"မင်းဘာကို ရှာရမှန်းမသိရင် မင်းအတွက် ကိုယ် တစ်ခုခု အကြံပေး ပေးမယ်"
စာကြည့်တိုက်က အတော်လေး တိတ်ဆိတ်နေတဲ့အတွက် ကောင်လေးက တိုးတိုးလေး ပြောလိုက်သည်။
စုချန်ယန်က ခေါင်းခါလိုက်ပြီး "မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်"
"မင်းက ကျောင်းသားပဲလား? ဘယ်မေဂျာကလဲ?"
"ကျွန်မက ကျောင်းသား မဟုတ်ပါဘူး"
ကောင်လေးက သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ စုချန်ယန်က မှတ်မိသွားမှာ စိုးတဲ့အတွက် ခေါင်းငုံ့လိုက်ပြီး "တောင်းပန်ပါတယ် ကျွန်မသွားရတော့မယ်"
စုချန်ယန်က ပြောပြီးတာနဲ့ လွတ်လမ်းကိုရှာကြည့်လိုက်တော့ ရှောင်လုက စာအုပ်စင်ဘေးမှာ ပုန်းနေပြီး သက်သာရာရသလို သက်ပြင်းချတာကို တွေ့လိုက်ရသည်။
ကောင်လေးက အတွေးတစ်ချို့နဲ့ သူမနောက်ကျောကိုလှမ်းကြည့်လိုက်သည်။
"သူက နင်နဲ့ စကားပြောဖို့ ကြိုးစားနေတာလား?"
စုချန်ယန်က ကူကယ်ရာမဲ့ ခေါင်းညိတ်လိုက်သည်။ "ကဲ သွားကြရအောင်"
ရှောင်လုက သူမကို စနောက်ပြီး လင်းယွီပေးတဲ့ ဆုေကြးယွမ် 20,000 ကို ခွဲပေးဖို့ ဖုန်းထုတ်လိုက်သည်။ သို့ပေမယ့် သူမ မနှိပ်ရသေးခင်မှာဘဲ မက်ဆေ့ချ်တစ်ခုကို တွေ့လိုက်ရသည်။
[အကြောင်းပြချက်မရှိ ပျက်ကွက်ခြင်းကြောင့် လဝက်လစာ နုတ်ယူခြင်း]
ရှောင်လု - [အစ်ကို နင်အရမ်းရက်စက်တာပဲ။ ချန်ယန်ဆို ခွင့်ပြုချက်မရှိဘဲ မနုတ်ဘူး]
လင်းယွီ - [ငါ မင်းအကြောင်း ပြောနေတာ]
ရှောင်လု - [ဘာဖြစ်လို့လဲ?]
လင်းယွီ - [သူ့ရဲ့ ဘေးကင်းမှုနဲ့ သူစိမ်းတွေ သူ့အနားမကပ်စေဖို့ မင်းမှာ တာဝန်ရှိတယ်]
ရှောင်လု - “…”
[ငါက နင့်ညီမပါဟ!]
[ကိုယ်ရေးကိုယ်တာ အမြတ်အစွန်းအတွက်နဲ့ငါက မတရား ဆက်ဆံတယ်လို့ မင်းထင်နေတာလား?]
"နင်ဘာလုပ်နေတာလဲ?" စုချန်ယန် လှည့်ကြည့်လိုက်တော့ သူ့ဖုန်းကို ကျိန်ဆဲနေတဲ့ ရှောင်လုကို တွေ့လိုက်ရသည်။
ရှောင်လုက မည်းမှောင်နေတဲ့ မျက်နှာနဲ့ သူမဆီ ချဉ်းကပ်လာပြီး သူမပခုံးပေါ် လက်တင်လိုက်ကာ "ငါ့ဝမ်းကွဲအစ်ကိုက နှလုံးသားမရှိဘူးလို့ နင်ထင်လား?"
စုချန်ယန်က အံ့ဩသွားပေ့မယ့် ခေါင်းခါလိုက်သည်။ "ဟင့်အင်း မန်နေဂျာလင်းက ငါတွေ့ဖူးသမျှထဲ လူသားအဆန်ဆုံးလူပဲ"
ရှောင်လုက သူမရဲ့ ဒူးကို ညှပ်လိုက်ပြီး သူမရဲ့အနောက်ဘက်ကနေ ကိုယ်ကို ရစ်ပတ်လိုက်ကာ မျက်လုံးကို အန္တရာယ်ရှိသလို ကျဉ်းမြောင်းလိုက်ပြီး "ဟမ်? ထပ်ပြောပါဦး?"
စုချန်ယန်ရဲ့ဦးထုပ်က သူမကြောင့် လိမ်ထွက်သွားလုနီးပါးဖြစ်နေပြီး အလျင်အမြန် တောင်းပန်လိုက်သည်။ "ဟုတ်ပြီ၊ ဟုတ်ပြီ နင်မှန်တယ်၊ နင့်ရဲ့ဝမ်းကွဲအစ်ကိုက နှလုံးသားမရှိဘူး"
ဒီတော့မှ ရှောင်လုက သူမကို စိတ်ကျေနပ်စွာနဲ့ လွှတ်ပေးလိုက်သည်။
"ငါ့ဝမ်းကွဲအစ်ကိုက နင့်အပေါ်တော့ အကြင်နာဆုံးပဲ" ရှောင်လုက နှုတ်ခမ်းစူလိုက်သည်။
နှစ်ယောက်သား စာကြည့်တိုက်ကနေထွက်လာပြီး လမ်းမပေါ် တွင် သွားလာနေကြတဲ့ သူတွေရှိလည်းရှိနေကြသည်။
သူမ စကားကိုကြားတော့ စုချန်ယန်က ပြုံးလိုက်ပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ပေ။
စုချန်ယန်နဲ့ ရှောင်လုတို့ စားသောက်ဆိုင်တစ်ဆိုင်ကိုဖြတ်သွားတော့ နေ့လည်စာစားဖို့ နေရာတစ်ခုရှာရန် ဆွေးနွေးလိုက်ကြပြီး နေ့လည်ပိုင်းတွင် တက္ကသိုလ်ထဲမှာ ပျော်ရွှင်စွာစားသောက်ကြပြီး ညနေပိုင်းတွင်တော့ လင်းယွီ ကြိုတင်မှာထားသည့် စားသောက်ဆိုင်ဆီ သွားလိုက်ကြသည်။