အခန်း ၉၂
Vol. 7 Ch. 92
လင်းယွီက ခဏလောက်တိတ်ဆိတ်သွားပြီး မေးလိုက်သည်။ "မင်းဘယ်လိုထင်လဲ?"
စုချန်ယန် - "သူပြောပုံအရဆို ကျွန်မသာ ဒီဇာတ်ကောင်ကို လက်မခံရင် ကမ္ဘာပျက်သွား တော့မယ့်ပုံပဲ"
လင်းယွီ က ကူကယ်ရာမဲ့စွာနဲ့ ပြောလာသည်။ “မနေ့ညက သူတို့ ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီးသွားပြီ ဇာတ်ကောင်နေရာက မဆိုးပါဘူး။ မင်းကိုင်တွယ်လို့နိုင်တယ်၊ ဒါပေမယ့် ဒီနေ့က မင်းရဲ့ အနားယူရက်လေ။ မင်း သေသေချာချာ စဉ်းစားမယ်လို့ မျှော်လင့်တယ်။ မနက်ဖြန် ပရိုဂရမ်ကို ရိုက်ကူးရဦးမှာ၊ မမေ့နဲ့"
စုချန်ယန် က ခဏလောက်စဉ်းစားလိုက်ပြီး "ဒီနေ့ည ကျွန်မ နည်းနည်းထပ်စားလို့နိုင်သေးတယ်၊ နားချိန်မှာ အစားအသောက်နဲ့ ပြန်ပြင်ဆင်တာပေါ့"
လင်းယွီ - “…”
ခဏကြာတော့ သူက ရယ်လိုက်ကာ “စုချန်ယန် မင်း…”
စုချန်ယန်က နောက်ပြောင်တာကို ရပ်လိုက်ပြီး ပြောလိုက်သည်။ “မန်နေဂျာ လင်း၊ ကျွန်မ အဆင်ပြေပါတယ်၊ ကျွန်မလုံလုံ လောက်လောက်အနားယူပြီးပြီ”
စုချန်ယန်က ပျင်းရိသလို ဟန်တောင်ရတာ သဘေကျပြီးပျင်းရမှာကို အိမ်မက်မက်နေတာဖြစ်သည်။ အပြစ်မရှိဘဲ သူမ မပျင်းရိခင်မှာ၊ ဘယ်ဒုက္ခကိုမဆို ခံနိုင်ရည်ရှိနိုင်သည်။
ဒါ့အပြင် သူမက သရုပ်ဆောင်ရတာကို နှစ်သက်ပြီး သူမနဲ့မသက်ဆိုင်တဲ့ ခံစားချက်တွေနဲ့ ဘဝကို ဖြတ်သန်းရတာကိုလည်း သဘောကျသည်။
စုချန်ယန်က သူမရဲ့အနားယူချိန်ကို စွန့်လွှတ်ဖို့ ဆန္ဒရှိ နေတာကြောင့် လင်းယွီလည်း များများစားစား မပြောတော့ဘဲ ခဏနေကျမှ သူလာမယ်လို့သာ ပြောလိုက်သည်။
စုချန်ယန်က “OK” လို့ နှစ်ကြိမ်ပြောလိုက်ပြီးနောက်မှာ ဖုန်း ချလိုက်သည်။
ကျန်းဟုန်က ချက်ချင်းမေးလိုက်သည်။ “Mr.လင်းက ဘာပြောလဲဟင်?”
ရိုးရိုးသားသားပြောရရင် ဒါရိုက်တာက စုချန်ယန်ကို အရမ်းစိတ်ဝင်စားသည်။
သူမရဲ့မျက်နှာ၊ ရုပ်ရည်၊ စိတ်နေစိတ်ထားပဲဖြစ်ဖြစ်၊ ဒါကြောင့်လည်း ဖျော်ဖြေရေးလောကမှာ ချောမောလှပတဲ့ မျက်နှာတွေ အများကြီးထဲမှာ သူမဖျော်ဖြေရေးလောကထဲကို ဝင်ရောက်လာတာဟာ မျက်စိကျစရာမရှိပေ။
ပရိသတ်ကို တကယ်မှတ်မိစေတာက သူတို့ရဲ့ ချို့ယွင်းချက်လေးတွေပင်။ ဒါပေမယ့် စုချန်ယန်မှာတောဘ ဒီအရာတွေ မရှိပေ။ သူမက အလွန်ပျော့ပျောင်းပြီး အဝတ်အစား ဒါမှမဟုတ်မိတ်ကပ်လိမ်းခြယ်မှုဖြင့် အရာအားလုံးကို လိုက်လျောညီထွေ ဖြစ်စေနိုင်သည့် မမျှော်လင့်ထားသော အကျိုးသက်ရောက်မှုများကို ပြုလုပ်နိုင်သည်။
ပုံပန်းသဏ္ဍာန် အနည်းငယ် ပြုပြင်ပြောင်းလဲခြင်းဖြင့် သူမသည် ဘယ်ဇာတ်ကောင်မဆို ဖြစ်လာနိုင်သည်။
ဒါရိုက်တာက သူမကို ဇာတ်ကောင်နေရာ မကမ်းလှမ်းခင် တုံ့ဆိုင်းနေတယ်ဆိုတာက တစ်ဖက်မှာသူမရဲ့ သရုပ်ဆောင်စွမ်းရည်ကို မသိတာကြောင့် ဇာတ်ရုပ်ကို ကိုင်တွယ်နိုင်မလားဆိုတာ မသေချာတာကြောင့်ပင်။
အခြားတစ်ဖက်တွင်မူ သူမရဲ့အထောက်အထားက အနည်းငယ် ထိလွယ်ရှလွယ် ဖြစ်တယ်လို့ သူထင်တဲ့အတွက် အငြင်းပွားဖွယ်စရာတွေကို သူ မဖန်တီးချင်ပေ။
သို့ပေမယ့် မနေ့ညက စုချန်ယန်ရဲ့ ပေါက်ကွဲအားပြင်းတဲ့ ဖျော်ဖြေမှုကို မြင်တွေ့ပြီးနောက်မှာ ဒါရိုက်တာက သူမကို အဆုံးမရှိ ချီးကျူးခဲ့သည်။ ဇာတ်ရုပ်အတွက် ပိုသင့်တော်တဲ့ သရုပ်ဆောင်များစွာကို သူတွေ့ဖူးတာကြောင့် သူမနေရာကို အစားထိုးဖို့ တခြားအနုပညာရှင်ရှာရန် ခက်ခဲခဲ့သည်။
အဲ့ဒီအတွက်ကြောင့်၊ ဒါရိုက်တာက audition လုပ်စဉ် ပိုမိုတင်းကျပ်လာပေမယ့် စုချန်ယန်ကို တက္ကသိုလ်မြို့တွင် မတော်တဆ မဆုံခင်အထိ သူလိုချင်တဲ့အကျိုးသက်ရောက်မှုကို မရရှိခဲ့ပါချေ။
"မန်နေဂျာလင်းက သဘောတူတယ်" စုချန်ယန်က ခေါင်းညိတ်ပြလိုက်သည်။
ရှောင်လုက စုချန်ယန်ပခုံးပေါ်လက်တင်ပြီး သက်ပြင်းချလိုက်ကာ "ဒါက ရှားရှားပါးပါး အနားယူချိန်ဘဲ နင်က လုံးဝကို ရင်ဝယ်မပိုက်ထားဘူး"
စုချန်ယန်လည်း သက်ပြင်းချလိုက်ကာ “နည်းလမ်းမရှိဘူးလေ၊ အခွင့်အရေးက ငါ့လက်ထဲ တွန်းပို့လာတာ ငါဒီတိုင်း မပစ်ထုတ်လိုက်ချင်ဘူး"
တဲတွေအများကြီးဆောက်ထားတဲ့ ကစားကွင်းကို ကျန်းဟုန်နဲ့အတူ သူတို့ ရောက်လာကြသည်။ ဦးလေးတစ်ယောက်လို ၀တ်ဆင်ထားတဲ့ ဒါရိုက်တာက တဲတစ်ခုအောက်တွင် ရပ်ကာ စုချန်ယန်ကို နွေးထွေးစွာနဲ့နှုတ်ဆက်လာသည်။
"မင်္ဂလာပါ၊ မင်္ဂလာပါ"
သူတို့ အနားရောက်လာတော့ ဒါရိုက်တာက ရှေ့နှစ်လှမ်း တိုးလာပြီး သူ့လက်ကို စုချန်ယန်ဆီ ကမ်းပေးလိုက်သည်။ "ကျွန်တော့်နာမည်က ဝမ် ပါ၊ ဒါရိုက်တာ ဝမ်"
စုချန်ယန်က ယဉ်ကျေးစွာနဲ့ လက်ဆွဲနှုတ်ဆက်ပြီး သူမရဲ့ မက်စ်နဲ့ ဦးထုပ်ကို ချွတ်လိုက်သည်။ "မင်္ဂလာပါ ဒါရိုက်တာ ဝမ်။ ကျွန်မက စုချန်ယန်ပါ"
ဒါရိုက်တာဝမ်က စိတ်လှုပ်ရှားနေပြီး ပြုံးတောင်မပြနိုင်တော့ပေ။ "Missစု၊ ဒါက ကံတရားပဲ! မင်းနဲ့ ဒီဇာတ်ကောင်နေရာက အတူတူရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဘဲ! အစတုန်းက ဒီတက္ကသိုလ်မှာ ကံစမ်းဖို့ကလွဲလို့ ရွေးချယ်စရာမရှိခဲ့ပေမယ့် မထင်မှတ်ပဲ Missစုနဲ့ ဆုံလာတယ်။ Missစုက အနုပညာမေဂျာ ကျောင်းသူလား?"
စုချန်ယန်က ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး ရှောင်လုနဲ့ ကျွန်မက လာကြည့်ကြည့်ရုံပါ"
“ကောင်းလိုက်တာ၊ ကောင်းတယ်! အံ့သြစရာပဲ!”
ဒါရိုက်တာဝမ်က စုချန်ယန်ကို တွေ့ရတာ အရမ်းဝမ်းသာနေတယ်ဆိုတာ သိသာသည်။
အခုလို လက်ငင်းရိုက်ကူးရေးလုပ်ရတာ တကယ်ကို အလုပ်ရှုပ်သည်။ အဖွဲ့သားတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ထားရမည် ဖြစ်သည်။ ဒီလိုနည်းနဲ့ အဖွဲ့သားအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုအားလုံးမှာ အချည်းနှီးပင်ဖြစ်လိမ့်မည်။
စုချန်ယန်က ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကျွန်မတို့ အရင် အဆင်သင့်ပြင်ရအောင်။ ကျွန်မက မနက်ဖြန်မှာ ပရိုဂရမ်တစ်ခု ရိုက်ကူးရိုက်မှာမို့ နေ့တစ်ဝက်ပဲ အချိန်ရှိတော့တယ်"
"ဟုတ်တာေပါ့၊ ဇာတ်ညွှန်းကိုကြည့်ပြီး Missစုရဲ့ ဇာတ်ကောင်ကို သိအောင်လုပ်လိုက်ပါဦး"
ဒါရိုက်တာက သူတို့ကို အဝတ်လဲခန်းဖြစ်တဲ့ ပိတ်ခန်းထဲကို ခေါ်သွားလိုက်သည်။
“ဆရာမ၊ မင်းက Miss စုကို မိတ်ကပ်လိမ်းတာတာဝန်ယူရမယ်။ ဝတ်စုံအတွက်က…”
ဒါရိုက်တာက စုချန်ယန်ကို အပေါ်အောက် ကြည့်လိုက်တော့ ပေါ့ပေါ့ပါးပါး ၀တ်စားထားတဲ့သူမက ကာရိုက်တာနဲ့ လိုက်လျောညီထွေရှိနေတာကို တွေ့လိုက်ရပြီး “အဝတ်အစား လဲစရာ မလိုတော့ဘူး၊ ရိုးရိုးရှင်းရှင်းဘဲ လုပ်ရအောင်။ မိတ်ကပ်အများကြီးမလိမ်းဘဲ အသားအရည်ကိုဘဲ အရောင်တင်လိုက်။ ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်ဖို့အတွက်ကိုတော့ ဌာနဆိုင်ရာတွေနဲ့ သရုပ်ဆောင်တွေကို အကြောင်းကြားထားလိုက်မယ်"
ပြောလို့ပြီးတဲ့နောက်မှာ သူက စုချန်ယန်ကို ဇာတ်ညွှန်း ကမ်းပေးကာ ထွက်သွားသည်။
မိတ်ကပ်ပညာရှင်က သူမရဲ့ဆံပင်ကို ပုံသွင်းနေချိန် စုချန်ယန် ဇာတ်ညွှန်းကို စတင်ဖတ်လိုက်သည်။
မျှော်လင့်ထားတဲ့အတိုင်း ကျန်းဟုန် ပြောခဲ့သလိုမျိုး ထူးထူးခြားခြား ကျွမ်းကျင်မှုမရှိလည်း သရုပ်ဆောင်နိုင်သည့် ဇာတ်ရုပ်ဖြစ်သည်။ စာကြောင်းအများကြီးမရှိပေမယ့် ဇာတ်ကောင်က အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်သည်။
ဇာတ်ညွှန်းအရ သူမသည် အမျိုးသားဇာတ်လိုက်ရဲ့ အချစ်ဦး၊ ဖြူစင်ပြီး အပြစ်ကင်းသော မိန်းကလေးတစ်ဦးဖြစ်သည်။ ကံမကောင်းစွာနဲ့ဘဲ အမျိုးသားဇာတ်လိုက်ရဲ့ ရှုပ်ထွေးတဲ့နောက်ခံက သူ့ရဲ့အချစ်ဦးကို ထိခိုက်စေတဲ့ ရန်သူတွေရဲ့ လက်စားချေမှုကို ဖြစ်ပေါ်စေခဲ့သည်။
သူမက ဖျက်စီးခံရတော့မယ့် အချိန်မှာ ကြံမိကြံရာ အပြင်းအထန်တိုက်ခိုက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လည်ပင်းညှစ်သတ်ခံခဲ့ရသည်။ ဇာတ်လိုက်ရောက်လာတဲ့အခါမှာတော့ သူမက ဝမ်းနည်းစွာနဲ့ သေဆုံးသွားခဲ့ပြီဖြစ်သည်။
အမျိုးသားဇာတ်လိုက်က ဒေါသထွက်စွာနဲ့ ရန်သူတစ်ယောက်ကို သတ်ပြီး ထောင်ကျသွားခဲ့သည်။ သို့ပေမယ့် အခြားသော ရာဇ၀တ်ကောင်များကို သူ့ရဲ့အချစ်ဦးသေဆုံးမှုအပေါ် အပြစ်မပေးရသေးပေ။
ဒီဇာတ်လမ်းကတော့ သူထောင်ကလွတ်လာပြီးတဲ့နောက်မှာ သူ့ရဲ့အချစ်ဦးအတွက် လက်စားချေဖို့ ကြိုးစားနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ဇာတ်လမ်းကို ရိုက်ကူးမှာဖြစ်သည်။ ဒီဖြစ်ရပ်တွေအတွင်းမှာ သူ့ကို အမျိုးသမီးဇာတ်လိုက်က ကုသပေးပြီး သူတို့နှစ်ယောက် ချစ်မိသွားပေမယ့် မတူညီတဲ့အဆုံးသတ်နှစ်ခုရှိနေသည်။
ဗားရှင်းတစ်ခုတွင် သူက သူ့ရဲ့ အချစ်ဦးအတွက် လက်စားချေရန် ကြိုးပမ်းနေကာ နောက်ဆုံးတွင် သောကကြောင့် သတ်သေသွားခဲ့သည်။ အခြားဗားရှင်းကတော့ သူ့ရဲ့စွဲလမ်းမှုမှ လွတ်မြောက်ပြီး ရာဇ၀တ်မှုကျူးလွန်သူများကို တရားမျှတမှုရရှိစေရန် ဥပဒေသို့ အယူခံဝင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။
ပရိသတ် တွေရဲ့တုံ့ပြန်မှုအပေါ်အခြေခံကာ နောက်ဆုံးဗားရှင်းကို ရွေးချယ်နိုင်တာကြောင့် ဇာတ်ညွှန်းအတွက် မတူညီတဲ့အဆုံးသတ်နှစ်ခုကို ပြင်ဆင်ထားသည်မှာ မထူးဆန်းပါချေ။
သူမသရုပ်ဆောင်ရမယ့် ဇာတ်ကောင်က အမျိုးသားဇာတ်လိုက်ရဲ့ အမှတ်တရတွေထဲမှာသာ ပေါ်လာမှာဖြစ်ပြီး ဇာတ်ဝင်ခန်းအနည်းငယ်သာ ရှိပေမယ့် ဇာတ်လမ်းအတွက် အရေးပါသည်။
ဇာတ်ညွှန်းကိုဖတ်လို့ပြီးတော့ စုချန်ယန်က သူမသရုပ်ဆောင်ရမယ့်အပိုင်းတွင် အမျိုးသားဇာတ်လိုက်နှင့် စည်းစိမ်ဥစ္စာကင်းမဲ့တဲ့ ရိုးရိုးရှင်းရှင်း အချစ်ဘဝတစ်ခုသာ ပါဝင်သည်ကို သိလိုက်ရသည်။
ဒီနေရာကို ရောက်တာနဲ့ စုချန်ယန်နည်းနည်း မကျေမနပ်ဖြစ်သွားသည်။
ဒါရိုက်တာပြန်လာတဲ့အခါ စုချန်ယန်က ဇာတ်ညွှန်းကို လက်ထဲမှာကိုင်ကာ မေးလိုက်သည်။ "ဒါရိုက်တာဝမ်၊ ဇာတ် ကောင်သေသွားတဲ့ ဇာတ်ဝင်ခန်းကို ဘာလို့မရိုက်တာလဲ? ကောင်းမွန်တဲ့ မှတ်ဉာဏ်တွေကို ပုံဖော်ထားရုံနဲ့ ပရိသတ်ရဲ့ စိတ်ခံစားမှုကို အပြည့်အဝ မနှိုးဆွနိုင်လောက်ဘူးလို့ ထင်တယ်"
ဒါရိုက်တာဝမ်က အံ့အားသင့်သွားပြီး “ဒီsceneက ပြင်းထန်လွန်းပြီး ပေါက်ကွဲစွမ်းအားအဆင့်တစ်ခုလိုတယ်။ သရုပ်ဆောင်ရဲ့ ပုံရိပ်အတွက် မကောင်းသလို အရင်က အမျိုးသမီး အနုပညာရှင်ကလည်း မရိုက်ချင်တဲ့အတွက် ဖျက်လိုက်တာ"
စုချန်ယန် က သူ့ကို မော့ကြည့်လိုက်ကာ မေးလိုက်သည်။ "ဒါရိုက်တာ၊ ဒီsceneကို ပြန်ထည့်လို့ရမလား? ဒီ scene နဲ့ဆိုရင် အမျိုးသားဇာတ်ဆောင်ရဲ့ စိတ်အားထက်သန်မှုက ပရိသတ်တွေကို စာနာနားလည်စေဖို့ ပိုလွယ်ကူလာလိမ့်မယ်"
ဒါရိုက်တာဝမ်က ခေါင်းညိတ်လိုက်သည်။ " အဲဒါကို ပြန်ထည့်လို့ရတယ်၊ ဒါပေမယ့် အဲ့ဒီ scene ညဘက်ဖြစ်လိမ့်မှာဆိုတော့၊ Missစုရဲ့အချိန်ကို နှောင့်နှေးသွားလိမ့်မယ်"
စုချန်ယန် ပြုံးလိုက်ကာ "အဆင်ပြေပါတယ်။ မနက်ဖြန် ကျွန်မ ကားပေါ်မှာ အိပ်လို့ရပါတယ်"
"ကောင်းပါပြီ အဆင်သင့်ဖြစ်ပြီလား? ကျွန်တော်တို့ရဲ့ သရုပ်ဆောင်တွေနဲ့ စက်ယန္တရားတွေ အားလုံး နေရာယူထားပြီးပြီ'
မိတ်ကပ်ပညာရှင်က စုချန်ယန်ရဲ့ဆံပင်ကို နားရွက်နောက်ပို့ပေးလိုက်ပြီး ပြန်ဖြေလိုက်သည်။ "အဆင်သင့်ဖြစ်ပါပြီ"
စုချန်ယန်ကို မီးလုံးတွေ ကင်မရာတွေ တပ်ဆင်ထားတဲ့ ကစားကွင်းအစွန်းဆီ ပို့လိုက်ပြီး သရုပ်ဆောင်အနည်းငယ်ကလည်း လမ်းဘေးတွင် စောင့်ဆိုင်းနေကြသည်။
"မင်္ဂလာပါ!"
စုချန်ယန် လျှောက်လာတာနဲ့ ကောင်လေးတစ်ယောက်က သူ့ဆီပြေးလာပြီး နှုတ်ဆက်လာသည်။
ကောင်လေးက ချောမောပြီး သပ်ရပ်တဲ့ အသွင်အပြင်နဲ့ဖြစ်သည်။ သူ့ရဲ့ ညာဘက်မျက်ခုံးကိုရိတ်ထားပြီး သူမပြုံးတဲ့အခါကျရင် ကြမ်းတမ်းတဲ့ပုံပေါ်သည်။
"မင်္ဂလာပါ"စုချန်ယန်က သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ သူကဒီဇာတ်ကားရဲ့ အမျိုးသားဇာတ်ဆောင်ဖြစ်လိမ့်မည်။
စုချန်ယန်က သဘာဝအတိုင်း ထက်မြက်တဲ့ အလှတရားကို ပိုင်ဆိုင်ထားပေမယ့် မိတ်ကပ်ပညာရှင်က သူမရဲ့မျက်နှာအသွင်အပြင်ကို ပျော့ပျောင်းစေကာ သူမကို အလွန်နူးညံ့တဲ့ပုံပေါက်အောင် ပြင်ထားပေးသည်။
"မင်း variety show တွေကိုကြည့်ဖူးတယ်။ မင်းကတကယ်ချစ်ဖို့ကောင်းတာပဲ။ အသားစားရတာ ကြိုက်တာလား?"
စုချန်ယန်က ယဉ်ကျေးစွာနဲ့ ခေါင်းခါလိုက်ပြီး “ ဒါပေါ့ ဘယ်ဟုတ်ပါ့မလဲ။ ဒါက အစီအစဉ် သက်ရောက်မှုအတွက်ပဲလေ”
"Pfft一"
ရှောင်လုက အနောက်ကနေ ရယ်လိုက်သည်။
စုချန်ယန်က လှည့်ကာ သူမကို စိုက်ကြည့်လိုက်သည်။
ကောင်လေးက ပြုံးလိုက်ပြီး “မင်းနဲ့ အလုပ်တွဲလုပ်ရဖို့ မမျှော်လင့်ထားဘူး။ သင့်တော်တဲ့ သရုပ်ဆောင်တွေကို ရှာမတွေ့ရင် ဒါရိုက်တာက ဒီscene တွေကို လက်လျော့ဖို့ စီစဉ်နေပေမယ့် အဲဒါတွေက အရမ်းအရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်”
စုချန်ယန်က ခေါင်းညိတ်ပြလိုက်ပြီး “ဒါရိုက်တာနဲ့ စောစောက ပြောလိုက်တယ်။ သေသွားတဲ့ ဇာတ်ကွက်ကိုလည်း ရိုက်ကူးဖို့ ဒါရိုက်တာကိုလည်း ပြောထားပြီးပြီ မင်းအတွက် စာသားတချို့ ရှိလိမ့်မယ်။ အဲဒါအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်"
ကောင်လေးက သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
လက်ထောက်ဒါရိုက်တာက သူတို့ကို ကြိုခေါ်ပြီး သက်ရောက်မှုကို စမ်းသပ်ဖို့ ဇာတ်ကွက်တစ်ခုကို ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်သည်။
အဆုံးမှာတော့ သူတို့နှစ်ယောက်ရဲ့ အနာဂတ်အကြောင်း အတူတူပြောကြတဲ့ sceneတစ်ခုကို ရွေးချယ်လိုက်သည်။
ဒီsceneတွင် စုချန်ယန်အတွက် စာသားတွေအများဆုံးပါဝင်ပြီး လက်ထောက်ဒါရိုက်တာက သူမကို စာသားတွေ မှတ်မိစေဖို့ မိနစ်အနည်းငယ်အချိန်ပေးလိုက်သည်။
စုချန်ယန်မှာ မှတ်ဉာဏ်ကောင်းပြီး ရုပ်ရှင်ရိုက်နေတဲ့အတောတွင်းမှာ သူမရဲ့ စာသားတွေကို ဘယ်သောအခါမှ မမေ့ပေ။
ငါးမိနစ်လောက်ကြာတော့ စုချန်ယန်က လက်ထောက်ဒါရိုက်တာကို သွားတွေ့ပြီး အဆင်သင့်ဖြစ်ပြီလို့ ပြောလိုက်သည်။
ဝန်ထမ်းတွေက သူတို့ကို ကစားကွင်းထဲက ထိုင်ခုံတွေဆီ ပို့ပေးသည်။
"အက်ရှင်!"
Clapperboard ကို ဆက်ခနဲ ရိုက်ပြီး ရှုတင်စတော့သည်။
ယွင်ရှောင်ရှီက လက်ထဲမှရှိတဲ့ တွင်းထွက်ရေကို သူမအနားကလင်းတုဆီ ပေးလိုက်သည်။
လင်းတုက သူမကို တစ်ချက်ကြည့်လိုက်ပြီး မတတ်နိုင်ဘဲ ပြုံးလိုက်ကာ “မင်းဘာလို့ လာဖို့အချိန်ရှိတာလဲ?မင်းရဲ့ စမ်းသပ်ချက်တွေ ပြီးသွားပြီလား?
ယွင်ရှောင်ရှီ က ခေါင်းခါလိုက်ပြီး "ဟင့်အင်း ငါ နင့်ကို ရေဘူးပေးဖို့လာတာ ပြီးရင် ပြန်သွားမှာ"
လင်းတုက ဒီစကားကိုကြားတဲ့အခါ မျက်လုံးတွေ ပြူးကျယ်သွားပြီး သူမရဲ့ခါးကို လက်တစ်ဖက်နဲ့ဆွဲလိုက်ပြီး သူ့ရင်ခွင်ထဲ ထည့်လိုက်ကာ "ဒီကို ရောက်နေပြီးတာတောင်၊ ထွက်ပြေးချင်သေးတာလား? ကိုယ်နဲ့ခဏလောက် အတူမလိုက်ပေးချင်ဘူးလား?"
ယွင်ရှောင်ရှီက ခေါင်းလှည့်လိုက်ကာ သူမပခုံးပေါ်မှာ တင်ထားတဲ့ သူ့မျက်နှာကို ကိုင်လိုက်ကာ သူ့ရဲ့ ပါးပြင်ကို ပွတ်လိုက်သည်။ အရပ်ရှည်ရှည်နဲ့ အကောင်ကြီးကြီး ကောင်လေးက ကိုင်တွယ်ရ ခက်တဲ့ပုံပေါ်ပေမယ့် ယွင်ရှောင်ရှီရဲ့ ဘေးမှာဆိုရင်တော့ နာခံတတ်တဲ့ golden retriever ကြီးလိုပင်။
"နှုတ်ခမ်းမစူနေနဲ့" ယွင်ရှောင်ရှီက သူ့မျက်နှာကို ညှစ်လိုက်သည်။ "နင်က မကြာခင်ဘဲပြိုင်ပွဲမှာ ပါရတော့မှာမို့ ကောင်းကောင်း လေ့ကျင့်"
"မင်းကြည့်ဖို့လာမှာလား?"
"ဒါပေါ့ ငါ့ရဲ့ ချစ်စရာအကောင်းဆုံး ချစ်သူကောင်လေးရဲ့ပြိုင်ပွဲကို ဘယ်လိုလုပ် မလာဘဲနေရမှာလဲ?"
လင်းတုက မျက်လုံးတွေ ပျောက်သွားတဲ့အထိ ရယ်လိုက်ကာ "ဒါဆို မင်း ပြန်သုံးသပ်ဖို့ မသွားတော့ဘူးလား?"
ယွင်ရှောင်ရှီ - "သုံးသပ်ချက်က နင့်လောက် အရေးမကြီးပါဘူး"
လင်းတုက ယွင်ရှောင်ရှီကို ကျေနပ်စွာနဲ့ ပွေ့ဖက်ထားပြီး သူ့မျက်လုံးတွေထဲမှာတော့ အနာဂတ်ကို မျှော်လင့်ထားမှုများနှင့် အပြည့်ပင်။