← Chapters

အခန်း ၉၃

Vol. 8 Ch. 93

အခန်း ၉၃

Vol. 8 Ch. 93

"အနာဂတ်မှာ မင်း အလုပ်မလုပ်နိုင်တော့ရင် ကိုယ် ပွဲကစားရမယ့်‌နေ့တိုင်း ကိုယ့်နောက်ကို လိုက်ရမယ်"

ယွင်ရှောင်ရှီက မကျေမနပ်နဲ့ပြောလာသည်။ "ငါ့မိဘတွေက နင်ကစားတာကို ကြည့်လို့ရအောင် ငါ့ကို တက္ကသိုလ်ထားဖို့ အလုပ်ကြိုးစားနေရတာလား?"

"ကိုယ် မင်းကို ထောက်ပံ့‌ပေးနိုင်တယ်။ မင်းကို နေ့တိုင်း ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်၊ မင်းကို ကိုယ့်ဘေးမှာ ထားပြီး ကိုယ်ကလွဲရင် ဘယ်သူကမှ မလိုချင်တော့အောင် ပျင်းရိတဲ့လူတစ်ယောက်ဖြစ်အောင် ထားမယ်"

ယွင်ရှောင်ရှီက သူ့ကို စိုက်ကြည့်လိုက်ပြီး “နင့်မှာ ဒီလိုလှပတဲ့အတွေးတွေ ရှိနေတာပဲ။ နင် ငါ့ကို ထောက်ပံ့ဖို့ တတ်နိုင်လို့လား?"

"ရပါတယ်! အနာဂတ်မှာ မင်းမှာကိုယ့်အတွက် ရင်သွေးလေးတွေ ရှိလာနိုင်တယ်... မဟုတ်ဘူး၊ မေ့လိုက်တော့။ ကလေးမွေးရတာ အရမ်းနာရတယ်လို့ ပြောကြတယ်။ မင်းက ကိုယ့်အတွက် တစ်ခုဘဲ ကူညီပေး ဒါမှမဟုတ် ကလေးမလိုချင်ရင်လည်း မင်းကအရသာရှိတဲ့ အစားအစာတွေကို နေ့တိုင်းလုပ်ပေးပြီး ကိုယ် ဘတ်စကတ်ဘောကစားတာကို လာကြည့်ပေါ့"

ယွင်ရှောင်ရှီက သူ့ခါးကို နီရဲ‌နေတဲ့ မျက်နှာနဲ့ ဆွဲဆိတ်လိုက်ပြီး "မဟုတ်တာတွေ လာမပြောနေနဲ့"

လင်းတုက နာကျင်မှုကို မခံစားရရုံသာမက သူမရဲ့လက်ဖဝါးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သူမကိုညင်သာစွာနဲ့ နမ်းရှိုက်လိုက်ပြီး "ဒါပေမယ့် မင်းအလုပ်ကြိုးစားတယ်ဆိုတာ ကိုယ်သိပါတယ်၊ မင်းလုပ်ချင်တာဘာဘဲဖြစ်ဖြစ် ကိုယ်ထောက်ပံ့ပေးမယ်"

"Cut!"

"မင်းတို့နှစ်ယောက် အရမ်းကောင်းတယ်! မင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အံ့မခန်းပဲ" ဒါရိုက်တာက စိတ်လှုပ်ရှားစွာနဲ့ မတ်တပ်ရပ်လိုက်ပြီးပြီး "ဒီsceneကို လုံးလုံး သိမ်းလို့ရတယ်!"

စုချန်ယန်က အမျိုးသားသရုပ်ဆောင်ရဲ့လက်ကို လွှတ်လိုက်ပြီး ဒါရိုက်တာကို ပြုံးပြလိုက်ကာ "ကျေးဇူးတင်ပါတယ်"

ကောင်လေးက အံ့အားသင့်စွာနဲ့ ပြောလာသည်။“ချန်ယန် မင်းရဲ့ စွမ်းဆောင်ရည်က ငါထင်ထားတာထက် အများကြီး ပိုကောင်းတာပဲ”

စုချန်ယန်က သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကို အမြဲတမ်း ယုံကြည်မှုရှိကာ ဒါရိုက်တာကို ပြောလိုက်သည်။ “ဒါရိုက်တာ၊ ဆက်လုပ်ကြရအောင်”

"ကောင်းပြီ၊ ဆက်ကြရအောင်!"

ကျန်တဲ့ sceneတွေက အခက်အခဲမရှိ ချောချောမွေ့မွေ့ပင်။ သို့ပေမယ့် စုချန်ယန်က လင်းတုအပေါ် ချစ်ခြင်းမေတ္တာနဲ့ အနာဂတ်မျှော်လင့်ချက် တွေကို ဇာတ်ကောင်ရဲ့ အတွင်းစိတ်ခံစားချက်‌ေတွကိုပုံဖော်ဖို့အတွက် အကောင်းဆုံးကြိုးစားသည်။

သူတို့ နှစ်ယောက်က ကောင်းကောင်းမွန်မွန် လက်တွဲညီတဲ့အတွက် NG များများစားစား မရှိ‌ပေ။ ညနေ ၅ နာရီမထိုးသေးခင် သူတို့ရဲ့ ဇာတ်ဝင်ခန်းတွေ အကုန်လုံး ရိုက်ကူးပြီးသွားပြီဖြစ်သည်။

ဒါရိုက်တာဝမ်နဲ့ ကျန်းဟုန်တို့မှာ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ မမှောင်ခင် သူတို့က စုချန်ယန်ရဲ့ ဇာတ်ကောင်ပုံရိပ်ကို ပြီးပြည့်စုံစေရန်အတွက် ဇာတ်ကောင်ရဲ့လေးနက်၊ စိတ်ရင်းမှန်၊ ဘဝနဲ့လေ့လာမှုတွင် အလွန်ကောင်းမွန်တဲ့ အရည်အသွေး တွေကိုပြသဖို့ sceneနည်းနည်းထပ်ရိုက်လိုက်သည်။

လင်းယွီရောက်လာတဲ့အချိန်မှာ စုချန်ယန်က တစ်နေ့တာရဲ့နောက်ဆုံးဇာတ်ဝင်ခန်းကို ပြီးသွားပြီဖြစ်ပြီး တဲအောက်တွင် မောပန်းနွမ်းနယ်စွာ ထိုင်နေကာ ရေသောက်ဖို့ပင် ခက်ခဲနေသည်။

စုချန်ယန်က သူ့ကို အားနည်းစွာနဲ့ ကြည့်လိုက်ပြီး "မန်နေဂျာလင်း"

လင်းယွီက မျက်မှောင်ကြုတ်လိုက်ကာ “အဆင်ပြေရဲ့လား?”

စုချန်ယန်က ခေါင်းခါလိုက်ပြီး "ဗိုက်ဆာတယ်၊ အရမ်းဗိုက်ဆာတယ်"

ရှောင်လုကလည်း ဝင်ပြောလာသည်။ "ချန်ယန်က နေ့လည်စာအတွက် နံ‌စော်တိုဟူး နည်းနည်းပဲ စားရသေးတယ်"

စုချန်ယန် အံ့အားသင့်သွားသည်။ သူမအခုထိနေ့လယ်စာ မစားရသေးတာကို မေ့တေ့ာမလို့။

တွေးနေရင်းနဲ့ စုချန်ယန်ရဲ့ ဗိုက်က အရမ်းမသက်မသာဖြစ်လာသည်။

"ဟင့်အင်း ငါထပ်မလှုပ်နိုင်တော့ဘူး။ ငါ ဗိုက်ဆာလို့သေတော့မယ်” စုချန်ယန်က ဝမ်းနည်းတဲ့မျက်နှာနဲ့ ပြောလာသည်။

တကယ်တော့စုချန်ယန်က ရုပ်ရှင်ရိုက်ရင်းနဲ့ ထမင်းစားဖို့ မေ့သွား‌လေ့ရှိသည်။ အချိန်အတိုင်းအတာတစ်ခုအထိ၊ သူမက ရေရှည်အာဟာရချို့တဲ့မှုကြောင့် သူမဘယ်လောက်စားစား ကိုယ်အလေးချိန် မတက်တာပင်။

လင်းယွီက ဒီစကားကိုကြား‌တော့ သူ့မျက်နှာက နည်းနည်းမဲမှောင်သွားပြီး "ဘာလို့ အစားမှန်မှန်မစားတာလဲ?"

စုချန်ယန်မှာ သူ နည်းနည်း ဒေါသထွက်နေတဲ့ပုံကို မြင်တော့ ဇာတ်ပုလိုက်ကာ “မေ့သွားလို့ပါ၊ မန်နေဂျာလင်း၊ ကျွန်မ ဗိုက်အရမ်းဆာနေပြီ"

လင်းယွီမှာ တကယ်ကို ဒေါသထွက်နေပေမယ့် သူမရဲ့သနားစရာကောင်းတဲ့ အသွင်အပြင်ကို မြင်လိုက်ရတဲ့အခါမှာတော့ ဒေါသမထွက်နိုင်တော့ပေ။

အနီးနားက ဝန်ထမ်းတွေက ဒါကိုကြားတော့ သူမကို အံ့ဩတကြီးနဲ့ ကြည့်လာကြသည်။

"Missစု နေ့လည်စာ မစားရ သေးဘူးလား။ ကိုယ့်ကိုကိုယ် အဆာမခံနဲ့လေ။ ဝန်ထမ်းတွေမှာထားတဲ့ နေ့လည်စာက နာရီဝက်လောက်ဆို ရောက်တော့မယ်။ လောလောဆယ် ဗိုက်ပြည့်အောင် သရေစာတစ်ခုခုစားလို့တော့ရတယ်"

စုချန်ယန်က ထိုင်ခုံကနေ မျက်နှာလေးကို မော့လာပြီး "စားဖို့တစ်ခုခုရှိလား?"

"ငါတို့ဆီမှာ ကွတ်ကီးနည်းနည်းရှိတယ်"

စုချန်ယန်က အဲ့ဒါတွေကို ယူဖို့ လက်ထုတ်လိုက်ပေမယ့် ကြီးမားတဲ့ လက်တစ်စုံက လမ်းတစ်ဝက်မှာတင် ဖြတ်ယူသွားသည်။

လင်းယွီက ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မလို‌ေတာ့ပါဘူး။ ငါ သူ့ကို စားဖို့ခေါ်သွားလိုက်မယ်"

စုချန်ယန်က မျက်တောင်ခတ်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။ "ဒီည ကျွန်မမှာ နောက်ထပ် တစ် scene ရှိသေးတယ်"

လင်းယွီက နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ရင်း “ဒီနားလေးတင်ပဲ"

"ကောင်းပြီ ဒါဆို ကျွန်မနည်းနည်း ပိုစားလို့ရမလား?" စုချန်ယန်က မေးလိုက်သည်။

လင်းယွီက ပြန်မတုံ့ပြန်ဘဲ သူမကို ထကာသွားစားဖို့ ပြောလိုက်သည်။

ဒါရိုက်တာကို နှုတ်ဆက်ပြီးတဲ့နောက် လင်းယွီက သူတို့တွေကို ရုပ်ရှင်ရိုက်တဲ့နေရာကနေ ခေါ်ထုတ်သွားသည်။

စုချန်ယန်ကို နေ့လည်စာမကျွေးဘဲ သရုပ်‌ဆောင်ဖို့ ဆွဲလာမိတဲ့အတွက် ဒါရိုက်တာမှာ အပြစ်ရှိသလို ခံစားလိုက်ရပြီး သူတို့ကို ညစာလိုက်ကျွေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် လင်းယွီက ယဉ်ယဉ်ကျေးကျေးနဲ့ ငြင်းပယ်လိုက်သည်။

စားသောက်ဆိုင်ဆီသွားရာလမ်းတွင် ကားမှာ တိတ်ဆိတ်နေသည်။

ရှောင်လုက ရှေ့ထိုင်ခုံမှာ ကားမောင်းရင်းအာရုံစိုက်နေချိန်စုချန်ယန်က အရမ်းဗိုက်ဆာနေကာ မျက်တောင်ခတ်ဖို့တောင် ပျင်းရိနေသည်။

ပုံမှန်အားဖြင့် သူမကအသားမစားရပေမယ့် နေ့စဉ်လိုအပ်တဲ့ အာဟာရတွေကိုတော့ ဘယ်တုန်းကမှ လျစ်လျူမရှုခဲ့ပေ။ အများစုမှာ စိတ်ကြောင့် ဗိုက်ဆာနေတာဖြစ်ပေမယ့် အခုတော့ သူမမှာ ရုပ်ပိုင်းဆိုင်ရာအရပါ ဗိုက်ဆာနေပြီဖြစ်သည်။

လင်းယွီက အမူအရာမဲ့စွာနဲ့ သူမဘေးမှာထိုင်နေကာ ဘာစကားတစ်ခွန်းမှလည်းမပြောပေ။

သူနည်းနည်း ဒေါသထွက်နေပေမယ့် ဘာကြောင့် ဒေါသထွက်နေရသလဲ ဒါမှမဟုတ် သူဒေါသထွက်သင့်လားဆိုတာမသေချာပေ။

ဆာလောင်မှုကြောင့်ဖြူဖျော့ နေတဲ့ စုချန်ယန်ရဲ့မျက်နှာက သူ့ကို ဒေါသထွက်စေသည်။

အလုပ်က အရေးကြီးတယ်ဆိုရင်တောင် ကိုယ့်ကျန်းမာရေးကို လစ်လျူမရှုသင့်ပေ။

စုချန်ယန် အစားအသောက်ကို ထူးထူးခြားခြား မက်မောတဲ့ အကြောင်းရင်းကို သူအခုမှ နည်းနည်း နားလည်လာသည်။ သူမက အာရုံစူးစိုက်လွန်းတာကြောင့် အစာစားဖို့ မေ့သွားတတ်တာဖြစ်သည်။

စားသောက်ဆိုင်ကိုရောက်တော့ စားပွဲထိုးက သီးသန့်အခန်းကို ခေါ်သွားပြီး ဟင်းလျာတွေ တစ်ပန်းကန်ပြီး တစ်ပန်းကန် လာချသည်။

စုချန်ယန်ရဲ့ဗိုက်က ဆာလောင်မှုနဲ့အတူ ချဉ်လာပေမယ့် လင်းယွီရဲ့မျက်နှာမကောင်းတာကို သူမသတိထားမိတော့ တူတွေကိုတောင် တိုက်ရိုက်မကိုင်ရဲပေ။

ရှောင်လုက သူတို့ကြားမှာ ထိုင်ကာ အ‌ေရှ့ကြည့်လိုက် အနောက်ကြည့်လိုက်နဲ့ သူမဝမ်းကွဲအစ်ကိုရဲ့ စိတ်အခြေအနေ မကောင်းတာကြောင့် လုံးဝသတိထားနေရပြီး သူမလည်း မလှုပ်ရဲပေ။

လင်းယွီက စုချန်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး စားစရာ‌တွေအပြည့်နဲ့ စားပွဲကို မျက်နှာချင်းဆိုင်ရင်း ဆာလောင်မှုကို တွန်းလှန်ဖို့ ကြိုးစားနေတာကို တွေ့လိုက်ရသဖြင့် သူအော်ရယ်လုနီးပါးပင်။

အစီအစဉ်ရိုက်ကူးနေချိန်မှာတောင် သူ့ရဲ့ခရီးဆောင်အိတ်ထဲမှာ အဆာပြေမုန့်တွေကို ခိုးထည့်တက်ပေမယ့် အခုတော့တစ်နေကုန် ဗိုက်ဆာနေတာတောင် သူ့ရှေ့မှာ ကြောက်နေတာလား?

"ဗိုက်မဆာဘူးလား?" လင်းယွီက သူမကို အပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်သည်။

စုချန်ယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သတိကြီးကြီးနဲ့ မေးလိုက်သည်။ "မန်နေဂျာလင်း ကျွန်မဗိုက်ဆာသင့်တယ်လို့ ရှင်ထင်လား?"

လင်းယွီက အံကြိတ်ကာ ဘာမှပြန်မပြောပေ။

စုချန်ယန်က ဆက်ပြောလာသည်။ "ဒါဆို ကျွန်မဗိုက်ဆာလို့ မရဘူး"

သူက စကားမပြောလာဘဲ စုချန်ယန်ကလည်း ဘယ်သူက ပိုပြီးစိတ်ရှည်လဲဆိုတာ ပြိုင်‌နေသလိုမျိုး တူကိုရွှေ့ဖို့ငြင်းပယ်လိုက်သည်။

နောက်ဆုံးလင်းယွီမှာ သည်းမခံနိုင်တော့ဘဲ သက်ပြင်းချလိုက်ကာ "စားတော့၊ ညနေ ရိုက်စရာရှိသေးတယ်"

ဒီတော့မှ စုချန်ယန်က တူကို ကောက်ကိုင်လိုက်ပြီး တိုးတိုးတိုးလေး ရေရွတ်လိုက်သည်။ "ဒါဆို ရှင်ကဘာလို့ စိတ်ဆိုးနေတာလဲ?"

ရှောင်လု - “…”

သူမရဲ့ဝမ်းကွဲအစ်ကိုပြောတာ မှန်မှန်း အခုမှ သူမသဘောပေါက်သွားတော့သည်။ စုချန်ယန်က အခြေအနေကို အခွင့်ကောင်းယူတတ်တဲ့သူပဲ။

လင်းယွီက ရယ်လိုက်ပြီး “မြန်မြန်စား"

"ကျွန်မ ကြိုက်တာစားလို့ရလား?"

“အင်း”

လင်းယွီက ခေါင်းညိတ်လိုက်ပြီး ထပ်‌ပြောလာသည်။ "ဒီဟာတွေပဲရမယ်"

“အိုး”

ဒီတော့မှ စုချန်ယန်က သက်သာရာရသလို သက်ပြင်းတစ်ချက်ချလိုက်ပြီး အားရပါးရစားတော့သည်။

ဒါပေမယ့် သူမရင်ထဲမှာတော့ အသိစိတ်ရှိသေးသည်။ ဒီညမှာ သူမရိုက်ရမယ့် အက်ရှင်ဇာတ်ဝင်ခန်းတစ်ခုရှိတဲ့အတွက် အန်မိမှာကြောက်လို့ သူမအလွန်အကျွံမစားရဲပါချေ။

မပြန်ခင် စုချန်ယန်က လင်းယွီကို မေးလိုက်သည်။ "မန်နေဂျာလင်း တကယ်တော့ ကျွန်မ အများကြီးမစားခဲ့ဘူး။ ဒီည တစ်ခုခုစားလို့ရမလား?"

သူမက သူမရဲ့ကြည်လင်နေတဲ့ မျက်လုံးတွေနဲ့ ချစ်စရာကောင်းဟန်ဆောင်ကာ လင်းယွီကိုကြည့်လိုက်သည်။

လင်းယွီမှာ သူမရဲ့အကြည့်ကြောင့် ကြောင်အသွားပြီး ယောင်ဝါးဝါးနဲ့ ပြန်‌ဖြေလာသည်။ "အင်း"

သူ့အဖြေကိုကြားတော့ စုချန်ယန်က ဝမ်းသာအားရ မျက်လုံးမှေးလိုက်ပြီး ရှောင်လုနဲ့အတူ ထွက်သွားလိုက်သည်။

စုချန်ယန်က သနားစရာကောင်းဟန်ဆောင်ပြီး အခွင့်ကောင်းယူသွားတာကို သူသဘောမပေါက်သေးခင်အထိ လင်းယွီမှာ နေရာမှာဘဲရပ်နေပြီး သူမကိုငေးကြည့်နေမိသည်။

သူတို့သုံးယောက် တက္ကသိုလ်ဆီ ပြန်ရောက်လာတဲ့အခါ၊သူမအဝတ်အစားတွေ စုတ်ပြဲသွားမယ့် sceneတစ်ခုရှိတဲ့အတွက် အဖွဲ့သားတွေက သူမရဲ့အတိုင်းအတာအတိုင်း သူမအတွက် အဝတ်အစားတွေကို ပြင်ဆင်ထားပြီးဖြစ်သည်။

ရိုက်ကူးရေးမစခင် ဒါရိုက်တာက စုချန်ယန်အတွက် ကောက်ကာငင်ကာ ရေးထားပေးတဲ့ သနားညှာတာမှုကိုတောင်းခံတဲ့ စာသားနည်းနည်းသာပါတဲ့ ဇာတ်ညွှန်းကို သူမဆီ ပေးလိုက်သည်။

ဒီ scene က လူငါးယောက်လောက်နဲ့ ရိုက်ဖို့လိုတဲ့အတွက် အတောလေးကို ပရမ်းပတာနိုင်သည်။ ရိုက်ကူးရေးမှာ သရုပ်ဆောင်တွေ မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတွေ ရှိနိုင်တာကြောင့် ဒါရိုက်တာမှာ စုချန်ယန် နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ထားသည်။

ညဘက် ပိုမှောင်လာတဲ့အခါ ဒါရိုက်တာက စုချန်ယန်ကို ပြင်ဆင်လို့ရပြီဖြစ်ကြောင်း ပြောလိုက်သည်။

အခြားအမျိုးသားဘသရုပ်ဆောင်လေးယောက်က စုချန်ယန်အနားကို ချဉ်းကပ်လာတဲ့အခါ အနည်းငယ်ရှက်ရွံ့နေကြသည်။

"Missစု၊ ကျွန်တော်တို့မှာ စည်းရှိပါတယ်။ ဒါကြောင့် စိတ်မပူပါနဲ့"

စုချန်ယန်က ပြုံးပြလိုက်ပြီး အဆင်ပြေပါတယ်လို့ ပြောလိုက်သည်။

သူမ လှည့်ကြည့်လိုက်တော့ လင်းယွီက ထိုင်ခုံမှာ ထိုင်ကာ မျက်မှောင်ကြုတ်ရင်း ဒီ scene အတွက် ဇာတ်ညွှန်းကို ဖတ်နေသည်ကို မြင်လိုက်ရသည်။

မနေ့က စုချန်ယန်ရဲ့ ဖျော်ဖြေမှုမှာ လင်းယွီရဲ့စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲ ဖြစ်သည်။

“မန်နေဂျာ လင်း၊ ရှင်အလုပ်များနေရင် ပြန်သွားလို့ရတယ်။ ရိုက်လို့ပြီးရင် ရှောင်လုနဲ့အတူ ရှိနေမှာ"

လင်းယွီက မော့ကြည့်ကာ ပြောလိုက်သည်။ “အဆင်ပြေတယ်”

ဒါကိုကြားတော့ စုချန်ယန်က တခြားဘာမှ ပြန်မပြောတော့ဘဲ သူမခံစားချက်တွေကို ပြင်ဆင်ဖို့ သွားလိုက်သည်။

အမျိုးသားဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ မင်းသားကတော့ ရှုဟောက်ဖြစ်သည်။ သူကဘေးနားမှာ ရပ်နေပြီး ဒါရိုက်တာက သူ့ရိုက်ကွက်မှာ ခံစားချက်တွေ နေရာမကျမှာကို စိုးရိမ်တဲ့အတွက် ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ခိုင်းဖို့ စီစဉ်ထားသည်။

ရိုက်ကူးမှုမစခင် စုချန်ယန်က အမျိုးသားသရုပ်ဆောင်ဆီ လျှောက်သွားပြီး အနောက်ကနေ သူရဲ့ပခုံးကို လက်နဲ့ပုတ်ကာ "နောက်မှတွေ့ကြမယ်"

အမျိုးသားသရုပ်ဆောင်က ခဏလောက် အံ့အားသင့်သွားပြီး သူမနောက်ထပ်ကြုံရမယ့်အရာ တွေကို သူစိတ်ကူးထားပြီးသားတဲ့ပုံစံနဲ့ စုချန်ယန်ကို လေးလေးနက်နက်ကြည့်လိုက်သည်။

All Chapters