← Chapters

အခန်း ၉၄

Vol. 8 Ch. 94

အခန်း ၉၄

Vol. 8 Ch. 94

မိုးရွာပြီးစလေထုကို ဖန်တီးဖို့အတွက် ဝန်ထမ်း‌တွေက မြေပြင်ပေါ်တွင် ရေနည်းနည်းဖြန်းလိုက်ကြသည်။

"နေရာယူမယ် -- အက်ရှင်!"

ယွင်ရှောင်ရှီက လင်းတု ဘတ်စကတ်ဘောကစားတာကိုကြည့်လို့ပြီးတော့ ကျောင်းဆီပြန်လာခဲ့သည်။

ယောက်ျားလေးနဲ့ မိန်းကလေးအဆောင်တွေကို ကစားကွင်းဖြင့် ခြားထားသည်။ ယွင်ရှောင်ရှီက သူမအိပ်ဆောင်ဆီပြန်‌တော့ လင်းတုကို မလိုက်ပို့ခိုင်း‌တော့ဘဲ အမြန်ပြန်အနားယူဖို့ ပြောလိုက်သည်။

အလင်းရောင်မှိန်ပျပျနဲ့ ကစားကွင်းကိုဖြတ်သွားတုန်းမှာ သူမက လင်းတုကို ရေချိုးပြီးရင် အိပ်ယာဝင်ဖို့နဲ့ မနက်ကျရင် မနက်စာအတူစားကြဖို့ မက်ဆေ့ခ်ျပို့လိုက်သည်။

သူမ မက်ဆေ့ခ်ျပို့ပြီးပြီးချင်း လင်းတုက ဖုန်းခေါ်လာသည်။

ယွင်ရှောင်ရှုက ပြုံးပြုံးရွှင်ရွှင်နဲ့ ဖုန်းပြန်ဖြေလိုက်သည်။ "ဘာဖြစ်လို့လဲ?"

"ငါ အိပ်ဆောင်နားရောက်ခါနီးနေပြီ -- အား!"

အဲ့ဒီအချိန် အမှောင်ထုထဲကနေ ပုံရိပ်အများအပြား ပေါ်ထွက်လာသည်။ ယွင်ရှောင်ရှုရဲ့ ပါးစပ်နဲ့ နှာခေါင်းကို အနောက်ကနေ အုပ်လိုက်ပြီး သူမရဲ့ဖုန်းဟာလည်း ဘမ်း ခနဲ မြေပြင်ပေါ်ပြုတ်ကျသွားသည်။

"ရှောင်ရှီ? ရှောင်ရှီ?"

ဖုန်းတစ်ဖက်တွင် လင်းတုက ယွင်ရှောင်ရှီရဲ့နာမည်ကိုလှုပ်ရှားစွာနဲ့ ခေါ်လိုက်သည်။

"အွန်း! လင်း…”

ယွင်ရှောင်ရှီက ဘာတွေဖြစ်နေတယ်ဆိုတာ နားမလည်ပေ။ သူမက ရုန်းကန်ပြီး အကူအညီတောင်းဖို့ ကြိုးစားပေမယ့် သူမရဲ့ အသံ‌တွေက ကြီးမားတဲ့ လက်တစ်ဖက်ဆီကနေ အအုပ်ခံလိုက်ရသည်။

"ယွင်ရှောင်ရှီ၊ လင်းတုရဲ့ ချစ်သူ?"

“အား!”

လူတစ်ယောက်က ယွင်ရှောင်ရှီကို မြေပြင်ပေါ်ပစ်ချလိုက်တော့ မိုးရေနဲ့ ရွံ့တွေက သူမအဝတ်မှာ ပေရေသွားသည်။

ဟာလာဟင်းလင်း ကစားကွင်းမှာ ဗလာဖြစ်နေပြီး အလင်းရောင်မှိန်မှိန်ထဲမှာ သူမရှေ့က သူစိမ်းတွေရဲ့ မျက်နှာများကို မြင်ရဖို့ ခက်သည်။

"ရှင်တို့တွေက ဘယ်သူတွေလဲ?"

ယွင်ရှောင်ရှီရဲ့ လက်မောင်းတွေမှာ ခြစ်ရာတွေနဲ့အတူ သူမအနားချဉ်းကပ်လာတဲ့ သူစိမ်းတွေကို ကြောက်လန့်စွာနဲ့ ကြည့်နေသည်။

သူတို့ထဲက တစ်ယောက်က ပြောလာသည်။ “ငါတို့က ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက လင်းမိသားစုကြောင့် ဒီညငါတို့ ဒီကိုရောက်နေတာဘဲ။ ဒီမျိုးစေ့ရိုင်း လင်းတုကို ဘာလို့ကြိုက်တာလဲ? ဒီနေ့တော့ ငါတို့ကလင်းမိသားစုကို သင်ခန်းစာတစ်ခု ပေးရုံဘဲ။ သူတို့သာထပ်လုပ်ရဲရင်တော့…...အမ်း”

ယွင်ရှောင်ရှီရဲ့မျက်နှာမှာ ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေပေမယ့် သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ လင်းတုဆီကနေ ဖုန်းခေါ်ဆိုမှုကို သူမလက်ခံရရှိပြီးဖြစ်တဲ့အတွက် တစ်ခုခုမှားနေတာကို သူသတိပြုမိပါက သူမကို လာရှာလိမ့်မည်။ သူမ အချိန်တစ်ခုလောက်အထိ တောင့်ခံထားရမယ် .....

"ရှင်တို့တွေက ဒီက ကျောင်းသားတွေ မဟုတ်ဘူး။ ရှင်တို့ကို ဘယ်သူ ဝင်ခွင့်ပေးလိုက်တာလဲ?"

လူတစ်ယောက်က ရှေ့ကိုလျှောက်လာပြီး ထိုင်ချလိုက်ကာ ယွင်ရှောင်ရှီရဲ့မေးကို အတင်းဆွဲကိုင်ကာ သူမကို မော့ကြည့်လာဖို့ အတင်းအကြပ်လုပ်လိုက်သည်။ လရောင်ဖျော့ဖျော့‌အောက်မှာ သူမရဲ့မျက်နှာကို သူတွေ့လိုက်ရသည်။

"မင်းက တော်တော် ချောတာပဲ၊ နှမျောစရာပဲ"

ယွင်ရှောင်ရှီက စက်ဆုပ်တာကို သည်းခံထားပေမယ့် ဆက်မသည်စခံနိုင်တော့ဘဲ "ရှင်တို့က လင်းမိသားစုနဲ့ ရန်ငြိုးရှိတာလား? ဒါပေမယ့် အဲ့ဒါက လင်းတုနဲ့ရော ကျွန်မနဲ့ရော ဘာမှ မဆိုင်ပါဘူး"

“ဒါက မင်းနဲ့ ပတ်သက်တာ‌ရှိတယ်၊ ဘယ်လိုလုပ် မရှိဘဲနေမှာလဲ"

ယွင်ရှောင်ရီရဲ့ စကတ်အဖြူက ညစ်ပတ်လွန်းသဖြင့် မူလပုံစံကို‌တောင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ အေးစက်တဲ့ ချွေး‌တွေက သူမဆံပင်‌တွေမှာ စိုရွှဲကာ မျက်နှာပေါ်တွင် ကပ်နေသည်။

သူမမှာ တည်ငြိမ်အောက် အတတ်နိုင်ဆုံး ကြိုးစားနေရသည်။ အခုလက်ရှိ ကစားကွင်းမှာ ဘယ်သူမှ မရှိကြပေ။ အကူအညီတောင်းရင်တောင် တစ်ယောက်ယောက်ရောက်လာဖို့ အနည်းဆုံး နှစ်မိနစ်လောက် အချိန်ယူရသည်။ အဲဒါက သူတို့အတွက် ပြန်ပေးဆွဲပြီး ခေါ်သွားဖို့အတွက် လုံလောက်တဲ့အချိန်ပင်။ သူမလုပ်နိုင်တာကတော့ တတ်နိုင်သမျှ အချိန်ဆွဲထားဖို့ပင်။

အမှောင်ထဲမှာ လူလေးယောက်ရှိ‌နေပြီး လင်းတုတစ်ယောက်ထဲ မလာဖို့ဘဲ ယွင်ရှောင်ရှီဆုတောင်းရသည်။

"မင်းရဲ့အသားက အရမ်းဖြူတာဘဲ။ ဒီမျိုးစေ့ရိုင်းအတွက် ရှက်စရာဘဲ"

သူက သူ့လက်‌တွေကို မြေကြီးပေါ်မှာ သုတ်လိုက်ပြီး ယွင်ရှောင်ရှီရဲ့ပါးပြင်ပေါ် အမှိုက်တွေကို ခါထုတ်လိုက်သည်။

ယွင်ရှောင်ရှီမှီာ သူမရဲ့ တုန်လှုပ်နေတဲ့ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ မျက်ရည်တွေ စီးကျလာကာ သူမရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို လျှောချလိုက်သည်။

"ကျွန်မက ကျောင်းသားပဲ၊ မနက်ဖြန် ကျွန်မကျောင်းသွားရမှာ... ကျွန်မကို လွှတ်ပေးလို့ရမလား? ရှင်တို့ရဲ့မျက်နှာတွေကိုလည်း ကျွန်မ မတွေ့ခဲ့ပါဘူး၊ ရှင်တို့ကို ကျွန်မသတင်းမပို့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မတောင်းပန်ပါတယ်"

အဲ့ဒီလူကယွင်ရှောင်ရှီရဲ့ပခုံးပေါ် သူ့လက်ကိုတင်လိုက်ပြီး သူမရဲ့ကော်လာကို အသာအယာဆွဲကာ "မင်းနာခံနေသရွေ့ ငါတို့ မင်းကို အခက်မတွေ့စေပါဘူး"

ယွင်ရှောင်ရှီရဲ့ ရင်ထဲမှာ နစ်မြုပ်သွားပြီး သူမရဲ့မျက်နှာမှာ အရောင်ဖျော့သွားသည်။ သူမခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ အဲ့ဒီ‌ယောက်ျားရဲ့လက်ကို အတင်းတွန်းထုတ်လိုက်သည်။

“လင်းတု…လင်းတု…”

ယွင်ရှောင်ရှိက သူ့နာမည်ကို ကူကယ်ရာမဲ့ အော်ခေါ်လိုက်ပေမယ့် ရုတ်တရက် မြေပြင်ပေါ်လဲကျသွားကာ သူမရဲ့လည်ချောင်းက ကြေမွသွားသလိုမျိုး ပြင်းထန်စွာ ဆို့နင့်သွားသည်။

“အဟွတ်…”

အဲ့ဒီယောက်ျားက သူမနားထဲကို တိုးတိုးလေးပြောလိုက်သည်။ “စိတ်မပူပါနဲ့၊ ငါတို့ မင်းကို မထိခိုက်စေပါဘူး”

ယွင်ရှောင်ရှီက ငိုရှိုက်ကာ အရူးအမူးရုန်းကန်ပေမယ့် တခြားလူတွေက သူမကို တင်းတင်းကျပ်ကျပ် ချုပ်ထားသည်။

သူမရဲ့ ရုန်းကန်မှုတွေက အဲ့ဒီအမျိုးသားကို စိတ်အနှောင့်အယှက်ဖြစ်စေသွားပြီး ယွင်ရှောင်ရှီရဲ့ဆံပင်ကို ဖမ်းကိုင်ကာ သူမရဲ့နဖူးကို မြေပြင်ပေါ်ပြင်းထန်စွာ ရိုက်ချလိုက်သည်။ သွေးတွေက ချက်ချင်း စိမ့်ထွက်လာကာ မျက်နှာအနှံ့ စီးကျလာသည်။

“အား…”

ယွင်ရှောင်ရှီဆီကနေ တအင့်အင့်နဲ့ရှိုက်သံထွက်လာပေမယ့် လူတစ်ချို့က သူမကို ကွင်းပြင်ကနေ မလာပြီး အနီးနားက တောအုပ်ဆီ ဦးတည်သွား‌နေတာကြောင့် သူမရဲ့ခွန်အားတွေ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

"Cut ! ခဏနားပြီး အပြီးသတ်မှာ အနီးကပ်ရိုက်ချက် နည်းနည်းယူမယ်"

"ရှောင်ရှီ!"

ဒါရိုက်တာက "Cut!” လို့အော်လိုက်တဲ့အခိုက်မှာ ရှုဟောက်ကအပြေးအလွှားနဲ့ စုချန်ယန်ဘေးမှာ စုဝေးနေတဲ့ လူတချို့ကို တွန်းထုတ်လိုက်ကာ မေးလိုက်သည်။ “အဆင်ပြေရဲ့လား?"

စုချန်ယန်က ရှုဟောက်က ဇုန်ထဲဝင်လာတာကို သိတာကြောင့် အသက်ရှူသွင်းလိုက်သည်။ သူမကခေါင်းယမ်းလိုက်ကာ အထူးရိုက်ချက် တွေကို ရိုက်ကူးဖို့အခြားသူ‌တွေနဲ့အတူ သူမရဲ့ မူလအနေအထားဆီ ပြန်သွားလိုက်သည်။

ရှောင်လုက ထိတ်လန့်နေတုန်းပင်။ “ဒါက အရမ်းကြောက်စရာကောင်းတယ်။ ငါ့မှာမတက်နိုင်ဘဲ သူတို့ကို ရိုက်နှက်ချင်သွားတဲ့အထိဘဲ။ ကြည့်ရတာ အရမ်းနာကျင်ရတယ်”

လင်းယွီက သူမကို တစ်ချက်ကြည့်လိုက်ပေမယ့် မတုံ့ပြန်ဘဲ ဇာတ်ညွှန်းနဲ့အတူ ဒါရိုက်တာဝမ်နဲ့ ကျန်းဟုန်တို့ကိုရှာဖို့ လှည့်လိုက်သည်။

"ဒါရိုက်တာဝမ် တောင်းပန်ပါတယ်၊ ကျွန်တော့်မှာ အဆိုပြုချင်စရာတစ်ခု ရှိလို့" လင်းယွီက သူတို့နှစ်ယောက်ကို ပြောလိုက်သည်။

ဒါရိုက်တာဝမ်နဲ့ ကျန်းဟုန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ပြောပါ"

လင်းယွီက စုချန်ယန်ဆီ လှမ်းကြည့်လိုက်သည်။

စုချန်ယန်က scene တစ်ခုကို ပြန်လည်ရိုက်ကူးဖို့ ဗီဒီယိုရိုက်တဲ့သူနဲ့ပူးပေါင်းကာ သူမပုံမှာ အရမ်းဖရိုဖရဲဖြစ်နေသည်။

လင်းယွီ က ပြောလာသည်။ "ဒီအပိုင်းရဲ့ သက်ရောက်မှုက မပြင်းထန်ဘူး"

ကျန်းဟုန်က မျက်မှောင်ကြုတ်လိုက်ပြီး “မစ္စတာ.. လင်း ခင်ဗျားမှာဘာ အိုင်ဒီယာများရှိလို့လဲ?"

လင်းယွီက ခေါင်းညိတ်ပြလိုက်ပြီး ရှင်းပြလိုက်သည်။ “ဇာတ်ညွှန်းအရဆို လင်းတု ရောက်လာတဲ့အချိန်မှာ ယွင်ရှောင်ရှီက သေနေပြီ။ သူက ဒေါသတကြီးနဲ့ ပြန်ပေးဆွဲသူတွေထဲက တစ်ယောက်ကို သတ်ပစ်လိုက်တယ်။ ဇာတ်ကြောင်းမှာဘာ ပြဿနာမှမရှိပါဘူး၊ ဒါပေမယ့် ကွဲလွဲမှုနဲ့ တင်းမာမှုတွေက အခုထိ မပြေလည်သေးဘူး"

ဒါရိုက်တာဝမ်က စဉ်းစားလိုက်ပြီး မေးလိုက်သည်။ "ခင်ဗျားသာဆိုရင် ဒီsceneကို ဘယ်လိုပြောင်းမှာလဲ?"

လင်းယွီက ပြန်ဖြေလာသည်။ "ကျွန်တော်သာဆိုရင် ယွင်ရှောင်ရှီကို တောအုပ်ထဲခေါ်သွားတာကို လင်းတုက မြင်လိုက်ပေမယ့် အဝေးကနေဆိုတော့ သတိမထားမိလိုက်ဘူး။ ယွင်ရှောင်ရှီက လင်းတုကို မြင်လိုက်ပေမယ့် သူက ဆို့နင့်နေပြီး အသံမထွက်နိုင်ဘဲ လင်းတုထွက်သွားတာကိုဘဲ ကြည့်နေနိုင်တာ‌ကြောင့် သူ့သတိထားမိအောင် အသံထွက်ဖို့ ရုန်းကန်‌နေပေမယ့် နောက်ဆုံးမှာ လည်ပင်းညှစ်သတ်ခံလိုက်ရမယ်။ လင်းတုက ကစားကွင်းနားဆီ လျှောက်သွားပြီး ယွင်ရှောင်ရှီ ပြုတ်ကျခဲ့တဲ့ ဖုန်းကို တွေ့လိုက်တဲ့အခါ တောအုပ်ထဲကလူမှာ ယွင်ရှောင်ရှီဖြစ်နိုင်တာကို သူသဘောပေါက်ပေမယ့် အဲ့ဒီနေရာ ရောက်သွားတဲ့အခါမှာတော့ အချိန်နှောင်းသွားပြီလို့ ပြောင်းလိုက်မယ်"

ကျန်းဟုန်က သူ့ပေါင်သူရိုက်လိုက်ပြီး "လင်းတုရဲ့နောင်တက နောက်ထပ်တစ်ခါတဟုန်ထိုး တက်လာပြီး အထွတ်အထိပ်ကို ရောက်သွားမယ်! Mr. လင်း ခင်ဗျားက ဉာဏ်ကြီးရှင်ပဲ!”

လင်းယွီက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး "ဒီနည်းက ပရိသတ်ရဲ့ စိတ်ခံစားမှုကို ပိုကောင်းအောင် တွန်းပို့နိုင်တယ်"

ဒါရိုက်တာဝမ်ကက စားပွဲခုံကိုရိုက်လိုက်ပြီး "ဒီလိုဘဲပြောင်းကြရအောင်!"

ဒါရိုက်တာဝမ်က စုချန်ယန်၊ ရှုဟောက် နဲ့ တခြားသရုပ်ဆောင်‌တွေကို ခေါ်ပြီး ဒီပြကွက်ကို သူတို့ဆီ ထပ်ပြီး ရှင်းပြလိုက်သည်။

ရှုဟောက်ရဲ့ ဇာတ်ကောင်နေရာကိုရောက်တဲ့အခါ ဒါရိုက်တာဝမ်က အ‌လေးအနက် ‌ပြောလိုက်သည်။ “ဟောက်ကျီ၊ ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးရင် ပရိသတ်ရဲ့ ဝေဖန်မှုကိုတော့ ခံရနိုင်တယ်”

ရှုဟောက်က ဂရုမစိုက်စွာ ပြန်ဖြေလာသည်။ “ဒီဇာတ်ကားကို လက်ခံလိုက်ကတည်းက ဝေဖန်ခံရဖို့ အဆင်သင့်ပါပဲ။ ဒီsceneသာ မပါခဲ့ရင်တောင် ကိုယ့်ကောင်မလေးကို အိပ်ဆောင်ကို ပြန်လိုက်မပို့ ပေးတဲ့အတွက် ဝေဖန်ခံရမှာပါဘဲ"

စုချန်ယန်က ဘာထင်မြင်ချက်မပြဘဲ တိတ်ဆိတ်စွာနဲ့ နားထောင်နေသည်။

တကယ်တော့ လင်းယွီ အကြံပေးလိုက်တဲ့ ဇာတ်ကွက်က အရေးကြီးသလို ပရိသတ်ရဲ့ စိတ်ခံစားမှုကိုလည်း ပိုမိုနက်ရှိုင်းတဲ့ အဆင့်မှာ လှုံ့ဆော်ပေးနိုင်သည်။ ဒါရိုက်တာပြောသလိုပဲ ဒီဇာတ်ဝင်ခန်းကို ထုတ်လွှင့်ပြီးရင်တော့ ရှုဟောက် သရုပ်ဆောင်တဲ့ ဇာတ်ကောင်ကို ဝေဖန်ခံရဖွယ်ရှိသည်။

ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်က ဇာတ်ကောင်ရဲ့ ရှုထောင့်ကနေ တွေးကြတာမဟုတ်ပေ။ သူတို့မှာဘုရားသခင်ရဲ့ မျက်လုံးအမြင်ရှိတာကြောင့် အဖြစ်ဆိုးများစွာကို သူတို့ရဲ့မျက်လုံးထဲကနေ အလွယ်တကူ ရှောင်ရှားနိုင်သည်။ ဇာတ်ကောင်က သူတို့ကို ရှောင်ဖို့ ပျက်ကွက်ရင် ဝေဖန်ခံရတာ သာမာန်ပင်။

ဒီလောကတွင် ပြီးပြည့်စုံတဲ့ အရာမရှိတာကြောင့် ဘယါအလုပ်နဲ့ ဇာတ်ကောင်မဆို ဝေဖန်မှုက‌နေ ရှောင်ရှားနိုင်မည်မဟုတ်ဟု ဆိုရပေမည်။

ရှုဟောက်က ကန့်ကွက်ခြင်းမရှိတာကြောင့် ဒီsceneကို ဆက်ရမည်။

ကျန်းဟုန်နဲ့ ဒါရိုက်တာဝမ် တို့က သူတို့ကို ဇာတ်ဝင်ခန်းက အမြန်ထည့်လိုက်ရတာကြောင့် အသေးစိတ်နဲ့ တုံ့ပြန်မှု‌တွေကို သရုပ်ဆောင်‌တွေကိုယ်တိုင် ဆုပ်ကိုင်ကာ ဖော်ပြနိုင်ဖို့ သူတို့ကို အသေအချာ ထပ်ရှင်းပြလိုက်သည်။

ဘာပြဿနာမှမရှိဘူးလို့ အတည်ပြုပြီးနောက်မှာတော့ ရိုက်ကူးရေးစတင်ဖို့ ပြင်ဆင်တော့သည်။

"နေရာယူ -- အက်ရှင်!"

“အား!”

အဲ့ဒီယောက်ျားက ယွင်ရှောင်ရှီကို သစ်ပင်ဆီ အပြင်းအထန် တွန်းလိုက်သည်။ သူမရဲ့နောက်ကျောမှာ ကြမ်းတမ်းတဲ့သစ်ပင်ရဲ့ပင်စည်ကိုထိမိသွားပြီး သူမရဲ့‌ဝေဝါး‌နေတဲ့အသိစိတ်မှာ ချက်ချင်းပင် နာကျင်မှုနှင့်အတူ ဖုံးလွှမ်းသွားသည်။

ယွင်ရှောင်ရှုမှာ သနားစရာကောင်းတဲ့ အခြေအနေမှာ ရှိနေပြီး နေရာမှာ ရပ်ဖို့ကိုသူမရဲ့ ရှိသမျှ ခွန်အား အားလုံးနည်းပါးစိုက်ထုတ်ထားရသည်။

သူမအနားဆီ တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာတဲ့ ယောက်ျား‌တွေကို ကြည့်ပြီး သူမမှာထိန်းမနိုင်သိမ်းမရ တုန်ယင်လာကာ သူမရဲ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်လာသည်။

“မလာနဲ့…ကူညီပါ! ကူညီကြပါ!" ယွင်ရှောင်ရှီက သစ်ပင်ကို မှီလိုက်ပြီးနောက်ပြန်ဆုတ်ကာ သူမရဲ့နဖူးဆီမှလည်း သွေးတွေ စီးကျလာပြီး တစ်ကိုယ်လုံး စွန်းထင်းသွားသည်။

သန့်ရှင်းပြီး နူးညံ့သိမ်မွေ့တဲ့ ယွင်ရှောင်ရှီက ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်လာတာလဲ။

“အတွဲတွေက မင်းတို့ရဲ့ကျောင်းက တောအုပ်လေးဆီ မကြာခဏ လာကြတယ်လို့ ကြားတယ်။ လင်းတုနဲ့မင်းရောဒီကိုရောက်ဖူးလား?"

ယွင်ရှောင်ရှီက တုန်လှုပ်သွားပြီး သူမရဲ့ခြေထောက်တွေမှာ အားပျော့လာကာ သစ်ပင်အမြစ်ကိုတက်နင်းမိပြီး မြေပေါ်လဲကျသွားသည်။

“ကယ်ကြပါ…လင်းတု… ငါ့ကိုကယ်ပါဦး…” ယွင်ရှောင်ရှီက မတ်တပ်ရပ်ဖို့ ခွန်အားမရှိတော့ဘဲ သူမလက်တွေကို သုံးကာ မြေပြင်ပေါ်မှာဘဲ နောက်ကို ဆုတ်ဆုတ်သွားပေမယ့် သူမအရှေ့ရှိလူမှာ သူမရဲ့ခြေကျင်းဝတ်ကို လွယ်လွယ်နဲ့ ဆွဲယူလိုက်ကာ သူ့ဆီသို့ ဆွဲခေါ်လိုက်သည်။

"အော်၊ ခပ်ကျယ်ကျယ်အော်၊ တခြားလူတွေကတော့ ဒါကပျော်နေတယ်လို့ထင်မှာဘဲ မဟုတ်လား?" အဲ့ဒီလူက နှာရှုံ့လိုက်သည်။

ယွက်ရှောင်ရှီက ကိုယ်ကို ကွေးကာ တုန်ယီ‌နေပြီး "ငါ့ကိုသွားခွင့်ပေးပါ… တောင်းပန်ပါတယ်… လွှတ်‌ေပးပါ…”

"ငါတို့ပြောတာကို နာခံနေသရွှေ့ မင်းကိုဘာမှလုပ်ဘူးလို့ ငါတို့ပြောခဲ့သားပဲ...."

“Cut!”

လူအုပ်ကြီး အံ့အားသင့်သွားကာ သူတို့ရဲ့ လှုပ်ရှားမှုတွေက ရပ်တန့်သွားသည်။

ဒါရိုက်တာက ပြောလာသည်။ “မင်းက လူမိုက်၊ ပြန်ပေးဆွဲသမား၊ လူဆိုး။ ပိုရက်စက်ဖို့ လိုတယ်။ မင်းရဲ့တိုက်ခိုက်မှုက အရမ်းညှင်သာလွန်းတယ်။ ခြေကျင်းဝတ်ကနေဆွဲတဲ့ sceneကို ပြန်ရိုက်ရအောင်"

စုချန်ယန်လည်း ဒါကို သဘောပေါက်ပြီး သူမရဲ့အဖော်သရုပ်‌ဆောင်တွေနဲ့ မျက်နှာချင်းဆိုင် သရုပ်ဆောင်ဖို့ နေရာပြန်ယူလိုက်သည်။

မိတ်ကပ်ပညာရှင်က စုချန်ယန်ရဲ့မျက်နှာပေါ်ရှိသွေး‌တွေကိုထိဖို့ လုပ်လိုက်သည်။

စုချန်ယန်က သူမအရှေ့ကလူကို ပြောလိုက်သည်။ "အဆင်ပြေပါတယ်၊ ကျွန်မအတွက် စိတ်မပူပါနဲ့"

သို့ပေမယ့် ရိုးရိုးသားသား ပြောရရင် ဒါတွေက အရမ်းကွာသွားမှာကို စုချန်ယန် စိုးရိမ်နေတာဖြစ်သည်။

အမျိုးသားသရုပ်ဆောင်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ကိုးရိုးကားယားနဲ့ ပြောလာသည်။ "တောင်းပန်ပါတယ် ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်"

“ဆက်မယ် - အက်ရှင်!”

All Chapters