အခန်း ၉၅
Vol. 8 Ch. 95
အမျိုးသားက သူမရဲ့ခြေကျင်းဝတ်ကိုကိုင်ကာ သူ့ဆီဆွဲလိုက်ပြီး ဒူးထောက်ကာ သူ့ခြေနှစ်ဖက်ကြားတွင် သူမကိုယ်ကိုပို့လိုက်သည်။
ယွင်ရှောင်ရှီက တုန်လှုပ်သွားပြီး အသနားခံပေမယ့် သူမမှာ ခုခံဖို့ ခွန်အားမရှိတော့ပေ။
“အစ်ကိုကြီး၊ မြန်မြန်လုပ်။ ကျွန်တော်တို့လည်း စောင့်နေတာ” အနီးနားမှ တစ်စုံတစ်ဦးက တိုက်တွန်းလာသည်။
ယွင်ရှောင်ရှီရဲ့ ခန္ဓာကိုယ်မှာ အနောက်တွင် စောင့်ကြိုနေတဲ့အရာကို သဘောပေါက်သွားသလို တောင့်တင်းသွားသည်။ သူမသည် အဲ့ဒီလူကို အစွမ်းကုန် ကန်ထုတ်ပြီး မြေပြင်ပေါ် မတ်တပ်ရပ်ကာ လှည့်ပြေးတော့သည်။
“ရှောင်ရှီ… ရှောင်ရှီ…”
လင်းတုရဲ့အသံမှာ အဝေးကနေ ထွက်ပေါ်လာပြီး ယွင်ရှောင်ရှီရဲ့မျက်နှာတွင် မျက်ရည်တွေ စီးကျလာသည်။
"လင်း...ဝူး!"
ယွင်ရှောင်ရှီမှာ စကားတောင်မဆုံးလိုက်ခင် လူတစ်ယောက်က သူမရဲ့ ပါးစပ်နဲ့ နှာခေါင်းကို လက်နဲ့ အုပ်ပြီး နောက်ကနေ လှမ်းဆွဲလိုက်သည်။
သူက သူမကို မြေကြီးပေါ်တွန်းချလိုက်ပြီး သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ဖိလိုက်တာက သူမကို အသက်ရှူရခက်စေခဲ့သည်။ ယွင်ရှောင်ရှီသည် သူမပတ်ပတ်လည်မှာရှိတဲ့ ပြန့်ကြဲနေတဲ့မြက်ပင်တွေကို အားလျော့စွာနဲ့ ဆုပ်ကိုင်လိုက်သည်။
"ဝူး!"
လင်းတုရဲ့အသံကို သူမကြားလိုက်ရပြီး တုံ့ပြန်ဖို့ အသည်းအသန်ကြိုးစားလိုက်သည်။ အဲ့ဒီလူက လင်းတု ရှာတွေ့သွားမှာ စိုးနေတဲ့ပုံပေါ် နေတဲ့အတွက် သူက ယွင်ရှောင်ရှီရဲ့လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ယွင်ရှောင်ရှီရဲ့နဖူးတွင် သွေးကြောတွေ ထောင်လာပြီး သူမရဲ့မျက်လုံးတွေမှာ သွေးရောင်လွှမ်းလာသည်။ သူမ ခေါင်းကို လှည့်ကြည့်လိုက်တော့ လင်းတုရဲ့ပုံရိပ်မှာ တောအုပ်အပြင်ဘက်ကနေ တဖြည်းဖြည်း နီးကပ်လာသည်ကို တွေ့လိုက်ရသည်။
လင်တု… လင်တု…
လင်တုသည် တောအုပ်ထဲက ပုံအချို့ကို ယောင်ဝါးဝါး မြင်လိုက်သည်။
"ဘာကြည့်နေတာလဲ? မင်းလည်း စမ်းကြည့်ချင်လို့လား?"
လင်းတုသည် အတွင်းဘက်ကို လှမ်းမကြည့်ချင် ခဏလောက် တုန့်ဆိုင်းသွားပြီး "ရှောင်ရှီ?"
"ဘာ ရှောင်ရှီလဲ? မင်းလည်းစိတ်ဝင်စားရင် ငါတို့နဲ့ လာဂျွိုင်းလို့ရတယ်နော်။ ငါ့သူငယ်ချင်းက အရမ်းရက်ရောတာ"
လင်းတုမှာ ဒီလူက သူ့သူငယ်ချင်းကို ကူပြီးစောင့်ကြည့်ပေးနေတယ်လို့ ထင်ရတဲ့လူနဲ့ အချိန်ဖြုန်းဖို့ အချိန်မရှိပါချေ။ ဒီလိုအရာတွေကို အရင်ကလည်း သူကြားဖူးသည်။
လင်းတုက ပြန်မဖြေဘဲ ခေါင်းကို လှည့်ကာ မိန်းကလေး အိပ်ဆောင်ဆီ ပြေးသွားလိုက်သည်။
“ရှူး…”
ထွက်သွားတဲ့ လင်းတုရဲ့ ကျောပြင်ကိုကြည့်ရင်း ယွင်ရှောင်ရှီရဲ့ မျက်နှာပေါ်သို့ မျက်ရည်တစ်စက်ကျလာသည်။ လင်းတုရဲ့ပုံရိပ် ဝေးကွာလာသည်နဲ့အမျှ သူမရဲ့ ရုန်းကန်လှုပ်ရှားမှုများကလည်း တဖြည်းဖြည်း နှေးကွေးလာသည်။ စိတ်ပျက်အားငယ်စွာဖြင့် မျက်လုံးကိုမှိတ်ထားရင်း ပါးလွှာတဲ့လေက သူမရဲ့အသိစိတ်ကို ချောက်ထဲသို့ ဆွဲငင်သွားသည်။
လင်းတု…
လင်းတု…
ကျေးဇူးပါဘုရား…ကျေးဇူးပါဘုရား နင် မဝင်လာခဲ့လို့
နင်ရူးနေတာလား? ဘာလို့တစ်ယောက်တည်းလာခဲ့တာလဲ?
"F***! သူ့ကိုလွှတ်လိုက်တော့! မင်း သူ့ကိုသတ်ချင်နေတာလား!"
လင်တု ထွက်ခွာသွားတာကို မြင်ရတော့ စိတ်သက်သာရာ ရသွားတဲ့ အဖော်က လှည့်ကြည့်လိုက်တော့ ယွင်ရှောင်ရှီရဲ့ လည်ပင်းမှာ တင်းတင်းကျပ်ကျပ် ရှိနေတဲ့ အမျိုးသားရဲ့လက်ကို တွေ့လိုက်ရသည်။ သူ့အောက်ရှိ ယွင်ရှောင်ရှီမှာတတာ့လုံးဝ သတိလစ်သွားသည်။
အဲ့ဒိလူက အံ့အားသင့်သွားကာ ရုတ်တရက် သူ့လက်ကို လွှတ်လိုက်ပြီး သူ့အောက်ရှိ မလှုပ်မယှက်ဖြစ်နေတဲ့ ယွင်ရှောင်ရှီကို ကြည့်ကာ သူ့မျက်နှာတွင် အံ့အားသင့်စရာအရိပ်အယောင်တွေ ထွက်ပေါ်လာသည်။ "ငါ...ငါ ကသူ လင်းတုကို ခေါ်လိုက်မှာကြောက်လို့ ထိန်းထားတာ လွှတ်သွားတာ ..."
"မင်း *****!"
အဖော်က အနားကပ်လာကာ ယွင်ရှောင်ရှီရဲ့အသက်ရှုသံကို စစ်ဆေးကြည့်လိုက်ပြီး သူ့မျက်နှာက အနည်းငယ် ရုပ်ဆိုးသွားသည်။ "မင်း ငတုံးကောင် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုက သေဒဏ်ပေးခံရလိမ့်မယ်!"
မနီးမဝေးတွင် လင်းတုမှာ ကစားကွင်းကနေ အလင်းရောင်မှိန်မှိန်ကို မြင်လိုက်ရသည်။ ဒါက ယွင်ရှောင်ရှီ အိပ်ဆောင်ဆီ ပြန်သွားတဲ့လမ်းဖြစ်တာကို သူသတိရသွားသည်။ မသိစိတ်ကနေ သူလှမ်းကြည့်လိုက်တော့ စခရင်ကွဲနေတဲ့ ဖုန်းခေါ်ထားတဲ့ဖုန်းကို တွေ့လိုက်ရပြီး တစ်ဖက်လူကတော့ လင်းတုဖြစ်တဲ့ သူကိုယ်တိုင်ပင်။
“ရှောင်ရှီ…”
လင်းတုရဲ့ မျက်နှာမှာ ဖြူဖျော့လာပြီး နားရွက်တွေတုန်ခါလာသည်။ တစ်ခုခုကို သူသတိရသွားပုံရပြီး သူဖြတ်လာခဲ့တဲ့ တောအုပ်ငယ်လေးဆီကို ပြန်လှည့်လိုက်သည်။
"ယွင်ရှောင်ရှီ!"
ယွင်ရှောင်ရှီက မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေတာကို မြင်လိုက်ရတဲ့အခါ လင်းဒူတကိုယ်လုံး တုန်လှုပ်သွားသည်။ သူ့မျက်လုံးတွေ ရုတ်တရက် ပြူးကျယ်သွားပြီး “ရှောင်ရှီ…”
“မင်းတို့ သူ့ကို ဘာလုပ်လိုက်တာလဲ!”
သူက အဝေးကို အရူးအမူးပြေးသွားတဲ့ လူတွေကို ကြည့်ကာ အနီးဆုံးလူကို ကန်လိုက်ပြီး ကော်လာကို ဆွဲကိုင်ကာ ကျယ်လောင်တဲ့ အက်ကွဲသံနဲ့အတူကို နှာခေါင်းကို ထိုးလိုက်သည်။ အဲ့ဒီလူက အော်ဟစ်ပြီး ချက်ချင်း သတိလစ်သွားတော့သည်။
လင်းတုက အဲ့ဒီလူရဲ့ ခြေထောက်တွေကို ဆွဲလိုက်တော့ မထင်မှတ်ဘဲ ယွင်ရှောင်ရှီကို ထိမိသွားသည်။
“ရှောင်ရှီ… ရှောင်ရှီ…”
သူက ယွင်ရှောင်ရှီကို ကို မြေပြင်ပေါ်ကနေ မလိုက်တော့ သူမရဲ့ နှလုံးခုန်နှုန်းတွေ ရပ်သွားတယ်လို့ ခံစားလိုက်ရပြီး သူ့မျက်လုံးတွေ သွေးနီရောင်သန်းလာသည်။ သူက ဒေါသထွက်စွာ မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားစွာနဲ့အော်ဟစ်လာသည်။ “ရှောင်ရှီ… ကိုယ်တောင်းပန်ပါတယ်…”
“Cut! Pass! အားလုံးပဲ ဂုဏ်ယူပါတယ်!”
ဒါရိုက်တာရဲ့ စကားကိုကြားတော့ လင်းယွီနဲ့ ရှောင်လု အပါအဝင် ရိုက်ကွင်းက ဝန်ထမ်းတွေအားလုံး မတတ်နိုင်ဘဲ သက်ပြင်းချလိုက်ကြသည်။
ဒီလိုဇာတ်ကွက်မျိုး ရိုက်ကူးရတာ တကယ်ကို ပင်ပန်းပြီး ကြောက်စရာကောင်းလှသည်။ ဂရုမစိုက်မိရင် အမျိုးသမီး သရုပ်ဆောင်မှာ ဒဏ်ရာရတတ်ပေမယ့် ကံကောင်းထောက်မစွာ ဒီနေ့မှာ ယာယီပြဿနာနည်းနည်းပဲ ရှိခဲ့သည်။
"ဟူး! နောက်ဆုံးတော့ ပြီးသွားပြီ။ အားလုံးပဲ အရင်အနားယူလိုက်ပါ။ ရှုဟောက်၊ အနီးကပ်ရိုက်ချက် နည်းနည်း ရိုက်မယ်"
"နားလည်ပါပြီ ဒါရိုက်တာ"
ဒါရိုက်တာက လင်းယွီဘက်လှည့်ပြီး ပြောခဲ့သည်။ “မစ္စတာလင်း၊ Miss စုက တကယ်ကို အံ့သြစရာပဲ။ သူ့ရဲ့ သရုပ်ဆောင်မှုမှာ ဘာအမှားအယွင်းမှကို မတွေ့ရဘူး။ မင်းသမီးအသစ်တစ် ယောက်လို့တောင် လုံးဝမထင်ရဘူး။ အနာဂတ်မှာ ကျွန်တော်တို့ ဆက်လက်ပြီး လက်တွဲဆောင်ရွက်သင့်တယ်"
လင်းယုက ပြုံးပြီး ခေါင်းညိတ်ပြပေမယ့် သူ့အကြည့်ကတော့ စုချန်ယန်ဘက်မှာပဲ ရှိနေသည်။
ရှုဟောက်က သတိလစ်နေတဲ့ စုချန်ယန်ကို လက်နှစ်ဖက်နဲ့ လှုပ်လိုက်ကာ တိုးတိုးလေးပြောလိုက်သည်။ "ချန်ယန်၊ အခုပြီးသွားပြီ"
"ချန်ယန်?"
ရှောင်လုလည်း စုချန်ယန်မှာ တစ်ခုခုမှားနေတာကို သတိပြုမိပြီး လင်းယွီကို ရိုက်လိုက်ကာ ပြောလိုက်သည်။ "ဝမ်းကွဲအစ်ကို၊ ချန်ယန်ရဲ့ အခြေအနေက တစ်ခုခုမှားနေတဲ့ပုံဘဲ"
လင်းယွီလည်း အံ့အားသင့်သွားပြီး ထိုင်ခုံကနေ ချက်ချင်းထရပ်လိုက်သည်။
နောက်တစ်ခဏမှာတော့ ရှုဟောက်က သူတို့ဘက်လှည့်ကာ အော်ပြောလာသည်။ "ဒါရိုက်တာ၊ ချန်ယန် မူးလဲသွားတဲ့ပုံဘဲ"
"ဘာ?"
ဒါရိုက်တာက အံ့အားသင့်စွာနဲ့ မတ်တပ်ရပ်လိုက်ပေမယ့် လင်းယွီက သူ့ရှေ့ကနေ ပြေးသွားသည်။
"ချန်ယန်? ချန်ယန်?"
လင်းယွီက ရှုဟောက်ရဲ့လက်ထဲကနေ စုချန်ယန်ကို ဆွဲယူလိုက်သည်။ စုချန်ယန်ရဲ့ မျက်နှာမှာ ဖြူဖျော့နေပြီး မလှုပ်မယှက်ဖြစ်နေသည်။
သူမနဲ့ အပြိုင် သရုပ်ဆောင်တဲ့ အမျိုးသား သရုပ်ဆောင်က တုန်လှုပ်သွားပြီး “ကျွန်တာ်သူ့ကို အရမ်းရိုက်ခဲ့မိလို့လား?။ ကျွန်တော်…”
စုချန်ယန်ရဲ့ သရုပ်ဆောင်ချက်မှာ သူမ သိလိုက်ဘဲ အရမ်းနစ်ဝင်သွားသည်…
လင်းယွီက စုချန်ယန်ကို မြေပြင်ပေါ်ကနေ မလိုက်ကာ လေးနက်တဲ့ အမူအရာနဲ့ ပြောခဲ့သည်။ “ကားသွားယူ ဆေးရုံသွားရအောင်”
“ခဏစောင့်”
ရှောင်လုက လှည့်ပြေးသွားပြီး ကားသွားယူသည်။ နှစ်မိနစ်အကြာ သူမသည် စုချန်ယန်ကို ဆေးရုံဆီမောင်းပို့ပေးလိုက်သည်။ ဒါရိုက်တာက စိတ်ပူသွားပြီး သူဆေးရုံသွားတုန်းမှာ တခြားသရုပ်ဆောင်တွေကို နှစ်သိမ့်ပေးဖို့ ကျန်းဟုန်ကို တောင်းဆိုလိုက်သည်။
ကားထဲတွင် လင်းယွီက စုချန်ယန် အသက်ရှုရလွယ်ကူစေဖို့ သူမကို အနောက်ထိုင်ခုံပေါ်မှာ လှဲစေလိုက်သည်။
"ဒေါက်တာ!"
တံခါးဝမှ သူနာပြုတစ်ဦးက လူနာတစ်ယောက်ရဲ့မိသားစုကို လမ်းပြနေချိန် ရုတ်တရက် လူတစ်စုက အပြေးအလွှားဝင်လာသည်ကို တွေ့လိုက်ရသည်။ ရှေ့ကလူမှာ အရမ်းချောမောပြီး သူ့လက်နှစ်ဖက်ဆီ သူမလှမ်းကြည့်လိုက်တဲ့အခါမှာတော့ လန့်သွားသည်။
"ဘာဖြစ်လို့လဲ?" သူနာပြုက အမြန်ပြေးလာပြီး သူ့လက်ထဲမှာရှိတဲ့ မိန်းကလေးက သွေးတွေ ရွှဲနစ်နေပြီး မျက်နှာဖြူဖျော့နေတာကို တွေ့လိုက်ရသည်။
လင်းယွီက အတော်အတန် တည်ငြိမ်သွားပြီး ရှင်းပြခဲ့သည်။ "ဒါက သူ့ခန္ဓာကိုယ်ကထွက်တဲ့ သွေးတွေ မဟုတ်ဘူး။ သူက ရိုက်ကူးရေး လုပ်နေတုန်း သတိလစ်သွားလို့ပါ"
ရှောင်လုကလည်း ထပ်ပေါင်းပြောလာသည်။ "ဒါက အသက်ရှူကြပ်တာလို့ ထင်တယ်"
သူနာပြုက အံ့အားသင့်သွားပြီး “ရှင်တို့တွေ ကျွန်မနဲ့လိုက်ခဲ့ပါ၊ လူကို ဆေးရုံကုတင်ပေါ် အရင်တင်လိုက်ကြပါဦး"
စုချန်ယန်ကို ကုတင်ပေါ် ထားလိုက်ပြီး သူနာပြုက ဆရာဝန်ကို ခေါ်လိုက်သည်။ ဆရာဝန်က စုချန်ယန်ရဲ့ အခြေအနေကို စစ်ဆေးလိုက်ပြီး အောက်ဆီဂျင်မက်စ်ကိုတပ်ပေးလိုက်ကာ လူအုပ်ဘက်ဆီသို့ လှည့်လာသည်။
" အန္တရာယ်မရှိပါဘူး။ ဒါက hypoxia နဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်လှုပ်ရှားမှုကြောင့် ဖြစ်တာပါ။ သူ့ကို အောက်ဆီဂျင်နည်းနည်းပေးပြီး ခဏလောက် အနားယူခိုင်းလိုက်ပါ"
အားလုံးက သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်ကြသည်။
လင်းယွီက ဆရာဝန်ကို ကျေးဇူးတင်စကား ပြောဖို့ရှေ့တိုးလာသည်။
သူနာပြုက သူ့ဘေးမှာ ရပ်နေကာ ထိတ်လန့်နေဆဲဖြစ်သည်။ “ရှင်က စိုးရိမ်တကြီးနဲ့ပြေးလာပြီး သူ့မှာလည်း သွေးတွေနဲ့ ဆိုတော့ တစ်ခုခုဖြစ်သွားတယ်လို့ ကျွန်မထင်လိုက်တာ"
လင်းယွီက သူမကို ခေါင်းညိတ်ပြလိုက်ကာ “ခင်ဗျားကို လန့်သွား စေတဲ့အတွက် တောင်းပန်ပါတယ်"
သူနာပြုက ချက်ချင်းလက်ယမ်းပြလိုက်ပြီး “မဟုတ်တာ၊ မဟုတ်တာ၊ အဆင်ပြေပါတယ်။”
လင်းယွီက ရှောင်လု ဘက်လှည့်ပြီး မေးလိုက်သည်။ "မင်းကားထဲမှာ အဝတ်အစားတွေ အပိုရှိလား?"
ရှောင်လုက ခေါင်းညိတ်လိုက်ကာ "ရှိတယ်"
"သွားယူလိုက်"
ရှောင်လုက ခေါင်းညိတ်လိုက်ပြီး လင်းယွီကို မဝံ့မရဲနဲ့ကြည့်လိုက်သည်။
လင်းယွီက ခေါင်းငုံ့ကြည့်လိုက်ပြီး သူ့စိတ်အခြေအနေမကောင်းတာကို သတိထားမိလိုက်သည်။
မိုးတွေ ရွှံ့တွေနဲ့သွေးတွေ ရောနေကာ သူ့မှာ အလွန်ညစ်ပတ်နေသည်။
လင်းယွီမှာ ငယ်ငယ်ကတည်းက ဒီလောက်ထိ သနားစရာကောင်းတဲ့ အခြေအနေကို မရောက်ဖူးချေ။
သူက ခေါင်းယမ်းပြီး “ငါ အဆင်ပြေတယ်။ မင်းအဝတ်အစား အရင်သွားယူပြီးတော့ စုချန်ယန်ကို ကူသုတ်ပေးလိုက်ဦး"
ရှောင်လုက ဆေးရုံခန်းထဲကနေ ချက်ချင်း ထွက်သွားလိုက်သည်။
သူနာပြုက တုံ့ဆိုင်းနေပြီး မေးလာသည်။ "ချန်ယန်? သူက စုချန်ယန်လား?"
လင်းယွီက သူမကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ "ကျေးဇူးပြုပြီး ဘယ်သူ့ကိုမှ မပြောပါနဲ့"
"ရပါတယ်၊ သူအရင်ကလည်း ကျွန်မတို့ ဆေးရုံမှာတက်ဖူးတယ်"
လင်းယွီက အံ့အားသင့်သွားပြီး "ဘယ်တုန်းကလဲ?"
"လွန်ခဲ့တဲ့ နှစ်လကျော်လောက်က ယန်ရှို့ရီ ကြောင့်"
ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ စုချန်ယန်ကို လင်းယွီလှည့်ကြည့်လိုက်သည်။
သူနာပြုက သက်ပြင်းချပြီး ပြောခဲ့သည်။ “ဆေးရုံတက်ချိန်ကနေ ဆင်းချိန်အထိ သူတစ်ယောက်တည်းပဲလေ”
လင်းယွီမှာ သူ့နှလုံးသားကို အပ်တစ်ချောင်းနဲ့ ထိုးနေသလို ခံစားလိုက်ရသည်။
ဒါက သနားစရာမဟုတ်ပေမယ့် ရင်နာရသည်။
စုချန်ယန်မှာတော့ အိပ်ပျော်နေပြီး ဖြစ်ပျက်သွားတာတွေကို လုံးဝ မသိလိုက်ပေ။
သူမက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသလို ခံစားလိုက်ရပြီး အိပ်မက်ကလည်း မကောင်းလှပေ။
သူမ ငယ်ငယ်တုန်းကဟာတွေကို အိမ်မက် မက်ခဲ့သည်။
သူမရဲ့မွေးရပ်မြေသည် နှစ်သစ်ကူးကာလတွင် မီးရှူးမီးပန်းများ ပစ်ဖောက်နိုင်တဲ့ သေးငယ်ပြီး မဖွံ့ဖြိုးသေးတဲ့ မြို့တစ်မြို့ဖြစ်သည်။ နှစ်သစ်ကူးအကြိုနေ့တွင် ကောင်းကင်ယံ၌ မီးရှူးမီးပန်းပစ်သံများကို တစ်ညလုံးနီးပါးကြားနေရသည်။
စုချန်ယန်မှာ အခြားသွားစရာမရှိတဲ့ ပျက်စီးနေတဲ့အဆောက်အအုံတစ်ခုတွင် နေထိုင်ခဲ့သည်။ လုံခြုံရေးအစောင့်ဟောင်းက သူမအတွက် စိတ်မကောင်းဖြစ်ပြီး ဆောင်းလေအေးကို ခံနိုင်ရည်ရှိဖို့အတွက် ပြတင်းပေါက်နဲ့ သစ်သားတံခါးပါတဲ့ အခန်းကို ရှာပေးခဲ့သည်။
သူမရဲ့အခန်းပြတင်းပေါက်မှာ အစောင့်ရုံးခန်းကို မျက်နှာမူထားပြီး ပြတင်းပေါက်ကို မှီကာအစောင့်ရုံးခန်းထဲက တီဗီကိုကြည့်ရတာ သူမသဘောကျသည်။
သူမမှာ ရှင်းရှင်းလင်းလင်း မမြင် မကြားရပေမယ့် အဝေးကနေကြည့်ရုံဖြင့် အအေးဓာတ်နဲ့တိတ်ဆိတ်နေတဲ့ အခန်းမှာ အနည်းငယ် ပူနွေးလာကာ ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေမှာ မကြာခဏ ပြောလေ့ရှိတဲ့ ဘီလူးတွေကို မောင်းထုတ်လိုက်တဲ့ပုံပင်။
သို့ပေမယ့် နှစ်သစ်ကူးအကြိုနေ့မှာ စုချန်ယန်က ပြတင်းပေါက်မှာ တစ်ညလုံးရှိနေပေမယ့် အစောင့်ရုံးခန်းထဲက အလင်းရောင်ကတော့ မပေါ်လာပါချေ။
စုချန်ယန်မှာ ပျက်စီးနေတဲ့ အဆောက်အအုံတွင် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ တစ္ဆေတွေနဲ့ နတ်ဆိုးတွရဲ့အော်သံလိုမျိုး ကျယ်လောင်သော မီးရှူးမီးပန်းသံတွေက သူမပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေပြီး စုချန်ယန်မှာ ကြောက်လန့်နေပေမယ့် သူမက ငိုလည်းမငို ရေးကြီးခွင်ကျယ်မလုပ်ဘဲ ပြတင်းပေါက်အောက်ခြေနားတွင် တိုးဝှေ့ပူးကပ်နေသည်။
နှစ်သစ်ကူးအကြိုအပြီးမှာ လုံခြုံရေးအစောင့်အဟောင်းကလည်း ဘယ်တော့မှ မပေါ်လာတော့ပေ။
နောက်ပိုင်းမှာ နှစ်သစ်ကူးအကြိုနေ့တွင် လုံခြုံရေးအစောင့်ဟောင်းက နှလုံးဖောက်ပြီး ဆုံးသွားတယ်လို့ သူမကြားခဲ့ရသည်။
စုချန်ယန်သည် သူမရဲ့အတိတ်မှာ သည်းမခံနိုင်တာကြောင့်မဟုတ်ဘဲ မလိုအပ်တာကြောင့် သူမရဲ့အတိတ်တွေထဲမှာ မနေလိုပေ။ သူမမှာ ရှေ့ကိုမျှော်ကြည့်ပြီး သူမရဲ့လက်ရှိဘဝကို ဆုပ်ကိုင်ထားကာ သူမမျှော်မှန်းနိုင်တဲ့ အနာဂတ်ကို စောင့်မျှော်ချင်သည်။
ဒါကြောင့် သူမရဲ့ အတိတ်ကို ရုတ်တရက် အိပ်မက်မက်လာတဲ့အခါ သူမနည်းနည်း စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။