← Chapters

အခန်း ၉၆

Vol. 8 Ch. 96

အခန်း ၉၆

Vol. 8 Ch. 96

"ချန်ယန်? နိုးပြီလား? ဘယ်လိုခံစားရလဲ?"

သူမအပေါ်တွင် ရင်းနှီးတဲ့မျက်နှာတစ်ခု ပေါ်လာပြီး စုချန်ယန်က သူ့ကို ဗလာသက်သက်ကြည့်နေကာ သူမရဲ့စိတ်ကလည်း နည်းနည်း နှေးကွေးနေသည်။

သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး ပိုးသတ်ဆေးအနံ့ရလိုက်တော့ သူမဆေးရုံရောက်နေမှန်း သိလိုက်ရသည်။

ရုတ်တရက်ဆိုသလိုပဲ သူမ ဒီကမ္ဘာကို စရောက်လာတဲ့အချိန်တုန်းကလည်း မျက်လုံးဖွင့်လိုက်တော့ ဆေးရုံခန်းထဲမှာ လဲလျောင်းနေခဲ့တာကို သတိရလိုက်သည်။

"အဆင်ပြေပါတယ်"

စုချန်ယန် အသိပြန်ဝင်လာ‌တော့ အာခေါင်ခြောက်နေသလိုခံစားလိုက်ရသည်။ သူ မမတတ်နိုင်ဘဲ လည်ပင်းကိုထိလိုက်သည်။

ရှောင်လုက သူမအတွက် ရေနွေးနွေးတစ်ခွက်ကို ထည့်ပေး‌ပြီး ပြောလာသည်။ "အသက်ရှုကြပ်ပြီး စိတ်လှုပ်ရှားသွားတာကြောင့် နင်သတိလစ်သွားတယ်လို့ပြောတယ်"

စုချန်ယန်က ထထိုင်လိုက်ပြီး ရေတစ်ငုံသောက်လိုက်သည်။ “ကျေးဇူးပဲ၊ ရိုက်ကူးရေးရော ပြီးသွားပြီလား?"

ရှောင်လုက သူမကို စိတ်တိုစွာနဲ့စိုက်ကြည့်လိုက်ပြီး "နင်နိုးလာတာတောင်မှ နင့်ရဲ့ကျန်းမာရေးကိုတောင် စိတ်မပူနေဘူးလား?"

နွေးထွေးတဲ့ရေက စုချန်ယန်ရဲ့ လည်ချောင်းကို စိုစွတ်သွားစေပြီး သူမမှာ ချက်ချင်းဘဲ ပိုသက်တောင့်သက်သာရှိလာသည်။ သူမရဲ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာပြီး "ငါ့ခန္ဓာကိုယ်ကို ငါသိပါတယ်"

ရှောင်လုက နှုတ်ခမ်းစူလိုက်ကာ “စိတ်မပူနဲ့ ပြီးသွားပြီ။ ဒါရိုက်တာက နင့်ကိုအရမ်းစိတ်ကျေနပ်နေတာ နောင်ကျရင်လည်းသင့်တော်တဲ့ ဇာတ်ကောင်တွေကို တွေ့ရင် ဦးစားပေးမယ်လို့ ပြောတယ်"

ဒါရိုက်တာဝမ်သည် လုပ်ငန်းနယ်ပယ်တွင် နာမည်ကောင်း နည်းနည်းရှိတာကြောင့် စုချန်ယန် အတွက် သူ့အလုပ်တွင် ပါဝင်ခွင့်ရခြင်းက သေချာပေါက် ကောင်းမွန်တဲ့အရာဖြစ်သည်။

စုချန်ယန်က အဲ့ဒီစကားကိုကြားတော့ သူမရဲ့မျက်နှာမှာ ချက်ချင်း အိုကျသွားပြီး "ဟင့်အင်း ငါတော်တော် ပင်ပန်းနေပြီ"

ရှောင်လုက သူမကို မထီမဲ့မြင်တဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး "နင်ပင်ပန်းနေတာကို သိသေးတယ်လား? နင်အလုပ်ကို ကြိုးကြိုးစားစားလုပ်နေရတော့ ငါက နင်ပျော်နေတယ်ထင်နေတာ"

သူတို့စကားပြောနေတုန်း တံခါးခေါက်သံကြားတော့ ရှောင်လုက သွားဖွင့်လိုက်သည်။

"ချန်ယန် နိုးပြီလား?" လင်းယွီက တံခါးဝမှာ ရပ်ကာ မေးလိုက်သည်။

ရှောင်လုက ဘေးဘက် တိုးဘေးလိုက်ပြီး “နိုးလာပြီ အားအပြည့်နဲ့ ငါ့ကိုလာငြင်းနေတယ်"

စုချန်ယန်က အပြစ်ကင်းစွာနဲ့ မျက်တောင်ခတ်လိုက်ကာ တွေးလိုက်သည် ငါဘယ်တုန်းက နင်နဲ့ငြင်းနေလို့လဲ? ?

လင်းယွီနဲ့ ဒါရိုက်တာဝမ်တို့ ဝင်လာတော့ စုချန်ယန် နည်းနည်းရှက်သွားသည်။ "ရှင့်ကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်"

ဒါရိုက်တာဝမ်က သူမအဆင်ပြေနေတာကိုတွေ့တော့ သက်ပြင်းတစ်ချက်ချရင်း "ဒါက ငါတို့ရဲ့ ပေါ့ဆမှုပါ။ မင်းရဲ့အခြေအနေကို အချိန်မီ ဂရုမစိုက်မိလိုက်ဘူး။ မင်းနဲ့သရုပ်ဆောင်တဲ့ မင်းသားက မင်းကို လူကိုယ်တိုင် တောင်းပန်ချင်နေတယ်"

စုချန်ယန်က ခေါင်းခါလိုက်ကာ "ရပါတယ်၊ ဒါက သူ့အပြစ်မဟုတ်ပါဘူး"

လင်းယွီက စုချန်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ရတယ် သူနဲ့တွေ့လိုက်တော့ သူ့စိတ်အေးသွားမှာပေါ့"

ဒါကိုကြားတော့ စုချန်ယန်လည်း ဘာမှထပ်မပြောတော့ပေ။

လင်းယွီက ကုတင်ဘေးကို လျှောက်လာပြီး လက်ထဲက ပလတ်စတစ်အိတ်ကို ကုတင်ဘေးရှိ စားပွဲပေါ်တင်လိုက်သည်။ သူက ဖြူဖျော့နေတဲ့ မျက်နှာနဲ့ စုချန်ယန်ကို လှည့်ကြည့်လိုက်ကာ "မင်း ဗိုက်ဆာနေလား? မင်းညဘက် အဆာပြေစားဖို့ ဝယ်လာတယ်"

စုချန်ယန် အံ့အားသင့်သွားပြီး လင်းယွီကို သံသယအကြည့်နဲ့ကြည့်လိုက်သည်။ ဘာဖြစ်နေတာလဲ? မန်နေဂျာလင်းက.သူမအတွက် ညဘက်စားဖို့ အဆာပြေတွေ ဝယ်လာပေးတယ်လား?

သူမရဲ့အကြည့်က ရောက်လာတဲ့ လူနည်းနည်းကို လှည့်ပတ်ကြည့်လိုက်ကာမေးလိုက်သည်။ “ရှင်ကျွန်မကို ညာပြောခဲ့တာလား? ကျွန်မကျန်းမာရေးက တစ်ခုခုဖြစ်‌နေလို့လား? ကုလို့မရတဲ့ရောဂါရှိနေတာလား?"

လင်းယွီ - “…”

လင်းယွီက သူမကို မထီမဲ့မြင်ပြုကာ ပြန်ပြောလာသည်။ “မင်းမှာ ကုလို့မရတဲ့ ရောဂါရှိ၊ မရှိ မသေချာပေမယ့် မင်းဦးနှောက်ကတော့ တစ်ခုခု ဖြစ်နေတဲ့ပုံပဲ"

လင်းယွီက ကူကယ်ရာမဲ့စွာနဲ့ ပြောလာသည်။ “မင်း ညစာမစားရသေးဘူး မဟုတ်လား? မင်းအတွက် ဖက်ထုပ်ဝယ်ခဲ့တယ်၊ ဒါက ဒီနားမှာရှိတဲ့တစ်ခုတည်းသောအရာပဲ"

စုချန်ယန်က သူ့ကို မော့ကြည့်ပြီး မေးလိုက်သည်။ "ဒါက ကျွန်မအတွက် ဆုလား?"

လင်းယွီက ခဏတုံ့ဆိုင်းသွားပြီး "ဒါက မင်းအတွက် လျော်ကြေး"

“အိုး…” စုချန်ယန်က နားလည်ပုံပေါက်ပေမယ့် နားမလည်ပါချေ။ ဘာဘဲဖြစ်ဖြစ် သူမညဘက်မှာ လုံလုံ ‌လောက်လောက်စွာ မစားခဲ့ပါချေ။ ရုပ်ရှင်ရိုက်ဖို့ လေ့ကျင့်ခန်းလုပ်ပြီး ခဏလောက် အိပ်လိုက်ရတာနဲ့ နည်းနည်း ဗိုက်ဆာလာသည်။

စုချန်ယန်မှာ သူမက လူနာပဲလို့ ခံစားရတာကြောင့် များများစားစား မစိုးရိမ်ပေ။ သူမက ကုတင်ဘေးက ဘုတ်ပြားကို မြှင့်လိုက်ပြီး ပလတ်စတစ်အိတ်ထုပ်ကို ဖွင့်လိုက်သည်။

အဲ့ဒီအချိန် လင်းယုက ကုတင်ဘေးမှာ မတ်တပ်ရပ်ကာ မေးလာသည်။ “မင်း ဘယ်လိုနေလဲ? မနက်ဖြန် အစီအစဉ်မှာ ပုံမှန်အတိုင်း ပါနိုင်ရဲ့လား?"

ရိုးရိုးသားသားပြောရရင် စုချန်ယန်ရဲ့ခေါင်းမှာ နည်းနည်းမူးနေသေးပေမယ့် ပရိုဂရမ်အဖွဲ့နဲ့ အပိုင်းခြောက်ပိုင်းစာ စာချုပ်ချုပ်ထားပြီးပြီဖြစ်ကာ အပိုင်းတစ်ပိုင်းလွတ်သွားပါက သူမရဲ့လစာကို နုတ်ယူသွားမည်ဖြစ်သည်။

အရင်တုန်းကတော့ ပိုက်ဆံတွေကသူမနဲ့ မဆိုင်တဲ့အတွက် စုချန်ယန် မစိုးရိမ်ခဲ့ပါချေ။ နောက်ဆုံးမှာတော့ သူမမှာအခုအချိန်ထိ ငွေလုံလုံ‌လောက်လောက်သေးပါ‌ချေ။ ဒါပေမယ့် <Travel> variety show ကတော့ မတူပါ‌ပေ။

သူမလည်း ပါဝင်ပြီးသားဖြစ်ပြီး ပိုက်ဆံတွေကလည်း သူမရဲ့အိတ်ထဲမှာ ချည်နှောင်ထားသည်။ တခြားအကြောင်းတစ်ခုခုကြောင့် ပါးစပ်ထဲရောက်လာတဲ့ ဘဲတစ်ကောင်ကို သူမဆုံးရှုံးချင်ဘူး။

စုချန်ယန် - “ကျွန်မ အဆင်ပြေပါတယ်၊ ရိုက်ကူးရေးအပေါ် ထိခိုက်မှာ မဟုတ်ဘူး"

လင်းယွီက သူမကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေပေမယ့် အတင်းမတိုက်တွန်းဘဲ ဒါရိုက်တာဝမ်နဲ့ အတူ အခန်းထဲက လှည့်ထွက်သွားသည်။

စုချန်ယန်နဲ့ တွဲဖက်သရုပ်ဆောင်တဲ့ အမျိုးသားသရုပ်ဆောင်တစ်ယောက်က မိနစ်အနည်းငယ်အကြာမှာ သစ်သီးအိတ်တွေသယ်ပြီး ဆေးရုံကိုရောက်လာသည်။

သူက စုချန်ယန်ကို အလေးအနက်နဲ့ တောင်းပန်ခဲ့ပြီး အပြစ်ရှိသလိုခံစားရတဲ့အတွက် စကားတောင် ကောင်းကောင်းမပြောနိုင်ပေ။

စုချန်ယန်က ဒါဟာ သူ့အပြစ်မဟုတ်ဘူးလို့ သူ့ကို ပြောပြီး နှစ်သိမ့်ပေးလိုက်သည်။

သို့ပေမယ့် ဖျော်ဖြေရေးနယ်ပယ်မှာ တစ်ယောက်ယောက်ကို စော်ကားလိုက်တာနဲ့ အနာဂတ်လမ်းဟာ ခက်ခဲလာလိမ့်မည်။ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ၊ အထူးသဖြင့် သီချင်း ကပြဖျော်ဖြေပွဲညအပြီး သူမက ရေပန်းစားတဲ့စာရင်းထဲ ရောက်လာပြီး စုချန်ယန်ရဲ့ အွန်လိုင်းပေါ်တွင် ရေပန်းစားမှုမှာ အလွန်မြင့်တက်လာသည်။ ဒါ့အပြင် သူမသည် လက်ရှိမှာ Starlight Entertainment လက်အောက်ရှိ အနုပညာရှင်တစ်ဦးလည်းဖြစ်သည်။

အမျိုးသားသရုပ်ဆောင်မှာ စုချန်ယန် ဒေါသထွက်မှာစိုးပြီးဆက်တောင်းပန်‌လိုက်သည်။

အဆုံးမှာတော့

ရှောင်လု သည်းမခံနိုင်တော့ဘဲ သူ့ကိုထွက်သွားဖို့ တွန်းအားပေးလိုက်သည်။

သူ အခန်းထဲကနေ ထွက်သွားပြီးနောက်မှာ ရှောင်လုက တံခါးကိုပိတ်ပြီး စုချန်ယန်ကို ကြည့်လိုက်သည်။ နှစ်ယောက်စလုံးက သက်သာရာရသလို သက်ပြင်းချလိုက်ကြသည်။

စုချန်ယန်က ခေါင်းအုံးကို မှီကာ သက်ပြင်းချလိုက်သည်။ "ရုပ်ရှင်ရိုက်တာတောင် ဒီလောက်ထိ မပင်ပန်းဖူးဘူး"

ရှောင်လုမှာလည်း ကူကယ်ရာမဲ့စွာနဲ့ ပြောလာသည်။ “သူက ချဲ့ကားလွန်းတာပဲ။ ငါ့မှာ သူငိုတော့မယ်လို့တောင် ထင်လိုက်တာ"

သူမကိုမြင်တဲ့အခါ အဲ့ဒီယောက်ျားရဲ့ ကြောက်ရွံ့‌နေတဲ့အမူအရာကိုတွေးရင်း စုချန်ယန်မှာ မတတ်နိုင်ဘဲ ဝမ်းနည်းသွားရသည်။

“သူက သာမန်လူတစ်ယောက်ပဲ။ ယောက်ျားတွေအတွက် ရိုးရှင်းတဲ့ ထမင်းတစ်နပ်က သူ့အတွက်တော့ တစ်လလုံးရဲ့လစာတစ်ဝက်လောက် ဖြစ်နိုင်တယ်။ ဖျော်ဖြေရေးနယ်ပယ်မှာ သာမန်လူတွေ ရှင်သန်ဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ နင်သိလား? အမှားနည်းနည်းလေးနဲ့တင် သူ့အလုပ်ကိုဆုံးရှုံးသွားစေနိုင်တာမို့ ဒီအခွင့်အရေးကို သူက တန်ဖိုးထား‌နေတာ” စုချန်ယန်မှာ အိမ်မက်ကြောင့် ဖြစ်မည် စိတ်ထဲကအတိုင်း ပြောလိုက်သည်။

ဒီကမ္ဘာက တကယ်ကို ထူးဆန်းသည်။ တစ်ချို့လူတွေက သာမန်လူတွေ တစ်သက်လုံး မပိုင်ဆိုင်နိုင်တဲ့ အရာတွေနဲ့ မွေးဖွားလာကြသည်။ သာမန်လူတွေက တောင်တက်ဖို့ ကြိုးကြိုးစားစား လုပ်နေရပေမယ့် သူတို့ကတော့မွေးကတည်းက အဲဒီနေရာမှာ ရပ်တည်နေနိုင်ကြသည်။

ဒါပေမယ့် စုချန်ယန်ကတော့ ဒီအရာက တရားမျှတမှုမရှိဘူးလို့ ဘယ်တုန်းကမှ မတွေးပါချေ။

မွေးကတည်းက အထွတ်အထိပ်မှာ ရပ်တည်နေသူတွေကလည်း အဲဒီနေရာမှာ ရှိနေဖို့ အစွမ်းကုန် ကြိုးစားရမည်ဖြစ်သည်။ သာမာန်လူများမှာ သာမန်ဖြစ်တဲ့အတွေ့အကြုံရှိတာကြောင့် အဆင့်ဆင့် မှန်မှန်တက်နိုင်သည်။ သူတို့က လဲကျရင်တောင်မှ ပြန်ထနိုင်သေးပါသည်။

သူတို့ရဲ့ နောက်ခံအခြေအနေတွေက ဘယ်လိုဘဲပင်ရှိ‌နေပါ‌စေ ဒီကမ္ဘာပေါ်က လူတိုင်းမှာ အလားတူ ဒါမှမဟုတ် ကွဲပြားတဲ့ ဝေဒနာများကို ခံစားကြရမည်ဖြစ်သည်။

ရှောင်လုက ပျင်းပျင်းရိရိနဲ့ အကြောဆန့်လိုက်ပြီး နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုနဲ့အတူ ခေါင်းနောက်ကို လက်ပို့လိုက်ပြီး ကုတင်ဆီ လျှောက်သွားကာ ပြောလာသည်။ "သူတို့ဘဝကို ပိုကောင်းဖို့ ကြိုးကြိုးစားစား လုပ်တဲ့သူတွေ ဟုတ်လား?"

စုချန်ယန်က ခဏလောက် အံ့အားသင့်သွားပြီး ခေါင်းညိတ်လာသည်။ “ဟုတ်တယ်”

လင်းယွီပြန်ရောက်လာတဲ့အခါ ဒါရိုက်တာဝမ်က ရိုက်ကွင်းကို ပြန်ရောက်နေပြီဖြစ်သည်။ သုံးယောက်သား ဆေးရုံက‌နေဆင်းကာ အိမ်ပြန်ခဲ့ကြသည်။

အလုပ်ပြီးတဲ့ ရက်နည်းနည်းအကြာ စုချန်ယန်မှာ ထပ်ပြီး မရပ်မနား အလုပ်လုပ်ခဲ့ရပြန်သည်။ အိမ်မှာ ရေချိုးလို့ပြီးတော့ အတွေးတွေကို ဖြေဖျောက်ဖို့ ကုတင်ပေါ် တိတ်တိတ်လေး အိပ်လိုက်တယ်။

အချိန်ကြာလာ‌တော့ သူမ သတိမထားမိဘဲ အိပ်ပျော်သွားသည်။

နောက်တစ်နေ့ နံနက်စောစောတွင် ရှောင်လုက စုချန်ယန်ကို ဘေဂျင်းလေဆိပ်သို့ လိုက်ပို့ပေးသည်။

အစီအစဉ်တတိယမြောက်ရိုက်ကူးမည့်နေရာမှာ စီချွမ်းနဲ့ ချုံးချင် ဒေသတွင်ရှိပေမယ့် အဓိကတည်နေရာကို‌တော့ ပရိုဂရမ်အဖွဲ့မှ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ကုမ္ပဏီမှာ ကိစ္စတချို့ရှိနေတဲ့ပုံပေါ်တဲ့အတွက် လင်းယွီက သူတို့နဲ့အတူ မလိုက်ခဲ့ပေ။ ဒါပေမယ့်တစ်ကြိမ် သူတို့မှာ စီချွမ်းနဲ့ချုံးချင် ဒေသတွင် တစ်ရက်အပိုနေမည်ဖြစ်ပြီး လင်းယွီက သူ့အလုပ်ပြီးသွားတဲ့အခါ သူတို့နဲ့အတူပူးပေါင်းမည်ဖြစ်သည်။

လေဆိပ်က စောင့်ဆိုင်းရာနေရာတွင် နာရီဝက်ကျော်ကြာ စောင့်ပြီးနောက် စုချန်ယန်က တက်ဘလက်တစ်လုံးကို ကိုင်ထားပြီး ရှောင်လုကလည်း သူမဘေးတွင်ထိုင်ကာ Weibo ကြည့်နေသည်။

စုချန်ယန်က တံငါသည် ဦးထုပ်နဲ့ မက်စ်ကို ၀တ်ထားသည်။ သူမ ခေါင်းငုံ့လိုက်တဲ့အခါ ဦးထုပ်အစွန်းက သူမရဲ့မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ စောင့်ဆိုင်းခန်းထဲရှိ လူတိုင်းက ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်ရှုပ်နေကြပြီး ဘယ်သူမှ သူမကိုသတိမထားမိကြပေ။

“ချန်ယန်…”

အဲ့ဒီအချိန် ရှောင်လုက ရုတ်တရက် သူမကို တစ်ဖက်ခြမ်းဆီဆွဲလိုက်သည်။

စုချန်ယန်ရဲ့လက်ကချော်သွားပြီး သူမပုံဆွဲတဲ့နေရာမှာ အမှားလုပ်မိလိုက်သည်။ သူမက လုပ်ဆောင်ချက်ကို ပြန်ဖျက်ဖို့ အေးအေးဆေးဆေးနဲ့ စခရင်ကို နှစ်ချက်နှိပ်လိုက်ပြီး ရှောင်လုကို ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ?"

ရှောင်လုက ဖုန်းစခရင်ကို သူမအရှေ့ တွန်းလိုက်ပြီး ပြောလာသည်။ "ထန်ချီတော့ ပြဿနာတက်နေပြီ"

စုချန်ယန်က အံ့အားသင့်သွားပြီး တက်ဘလက်ကို ချကာဖုန်းကို ယူလိုက်သည်။

ဖုန်းစခရင်ပေါ်တွင် #TravelTanQiPubliclyBeatsUpAFan# ဟူသော ခေါင်းစီးဖြင့် ပါပါရာဇီဓာတ်ပုံများ ပါဝင်သည်။

ပုံထဲတွင် ထန်ချီက လမ်းတစ်ဖက်တွင် ရပ်နေကာ မျက်နှာ ဝါးထားတဲ့ အမျိုးသားကို ကိုယ်ထိလက်ရောက် တိုက်ခိုက်လုနီးပါး လက်ညှိုးထိုးကာ ဆဲရေးနေသည်။ ကာတွန်းGIF နှစ်ခုအပါအဝင် လုပ်ငန်းစဉ်တစ်ခုလုံးကို ကင်မရာတွင်ရိုက်မိထားသည်။

စုချန်ယန်က မျက်ခုံးပင့်ကာ ဓာတ်ပုံ တွေကို နှိပ်လိုက်‌တော့ ထန်ချီရဲ့ အမူအရာတွေကို ပုံကြီးချဲ့ထားသည်။ စိတ်ပျက်အားငယ်မှုနဲ့ နာကျင်မှုများဖြင့် ပြည့်နှက်နေတဲ့ သူမရဲ့အမူအရာမှာ အနည်းငယ် ကွဲထွက်‌နေတာကို သူမ တွေ့လိုက်ရသည်။

ဒီနေရာမှာ တစ်ခုခုနားလည်မှုလွဲနေတာ ဖြစ်မယ် မဟုတ်လား?

All Chapters