← Chapters

အခန်း ၉၇

Vol. 8 Ch. 97

အခန်း ၉၇

Vol. 8 Ch. 97

စုချန်ယန်က ဖုန်းကို ရှောင်လုဆီ ပြန်ပေးကာ လွယ်အိတ်ထဲကနေ သူမရဲ့ဖုန်းကို ယူလိုက်သည်။

ဒီတစ်လော သူမ အလုပ်များလွန်းသဖြင့် ဖုန်းကို စစ်ဆေးဖို့ အချိန်မရှိပေ။ သူမအားလပ်‌နေတဲ့အချိန်တိုင်း ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံရသည်။

လွန်ခဲ့တဲ့နှစ်ရက်အတွင်းမှာ WeChat မက်ဆေ့ချ်နည်းနည်းဘဲရှိပေမယ့် စုချန်ယန်က စိတ်မရှုပ်ချင်တာကြောင့် သူမဖုန်းကို အသံတိတ် မုဒ်ထားထားတာဖြစ်သည်။

သူမက WeChat ကိုဖွင့်ပြီး အခြေအနေအကြောင်းမေးချင်ပေမယ့် သူမတို့ရဲ့ group လေးမှာ မက်ဆေ့ချ်တွေနဲ့ ပေါက်ကွဲနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

မတော်တဆဖြစ်ပြီး မကြာခင်မှာပဲ ဟန်စုန့်ရွှယ်က အဖွဲ့ထဲမှာ ပြင်းထန်တဲ့ စည်းချက်နဲ့ မားကတ်တင်းမက်ဆေ့ချ်တွေကို forward လုပ်လာသည်။

ဟန်စုန့်ရွှယ် - [ဒါကဘာလဲ? ဒီငတုံး မားကတ်တင်းအကောင့်က အရှက်ကိုမရှိဘူး၊ ဘာတဲ့ ငါ့အစ်မကို ဆေးသုံးထားတယ်တဲ့လား? ‌ဒါကို အကြိမ်ငါးရာလောက် forward လုပ်ရင် အစ်မသူတို့တွေကို တရားစွဲလို့ရတယ် အစ်မထန်ချီ]

[တချို့ဖန်တွေက အရူးလိုပဲ တုံးလိုက်တာ။ သူတို့တွေ အရိုက်ခံရရင်တောင် မလုံလောက်ဘူး။ ငါသာသူတို့နဲ့တွေ့ရင် အုတ်ခဲနဲ့ကိုရိုက်ပစ်ဦးမယ်!]

[အစ်မ၊ အဲဒီလူက ဘယ်သူလဲဆိုတာ ကျွန်မကိုပြော၊ လေယာဉ်ပေါ်မှာ သူ့အတွက် diss rap ရေးပေးမယ်!]

အဲ့ဒီအချိန်မှာ လူတိုင်းက ရိုက်ကူးရေးနေရာကို သွားနေတဲ့လမ်းမှာရှိနေကြတဲ့အတွက် လူသိပ်အများကြီးက သူမကို ပြန်မတုံ့ပြန်လာပေ။ ဟန်စုန့်ရွှယ်တစ်ယောက်ထဲ groupထဲမှာ ပေါက်ကွဲနေသည်။

စုချန်ယန် - [အစ်မထန်ချီက သူ့ဖုန်းကို မစစ်ရသေးတာလဲ ဖြစ်နိုင်တယ်။ စိတ်အေးအေးထားသင့်တယ်။ နားလည်မှုလွဲတာဖြစ်လိမ့်မယ်။ အစ်မထန်ချီက နင်နဲ့ မတူဘူး။ သူက စိတ်လိုက်မာန်ပါမလုပ်တတ်ဘူး]

ဟန်စုန့်ရွှယ် - [.....]

[နင့်အစ်မကို ချီးမွမ်းချင်ရင်လည်း ချီးမွမ်းလိုက်ပါ။ ဘာလို့ ငါ့ကို လာနင်းနေတာလဲ?]

[လွန်ခဲ့တဲ့ရက်က နင့် ငါ့စာကိုဘာလို့ပြန်မဖြေတာလဲ?နာမည်ကြီးလာလို့ အခုငါနဲ့တောင် စကားမပြောချင်တော့ဘူးလား?]

ကျန်းရှစ်ချီက ရုတ်တရက်ပေါ်လာပြီး ဟန်စုန့်ရွှယ် ရဲ့မှတ်ချက်အောက်မှာ ရီပလိုင်းပြန်လာသည်။ [@စုချန်ယန်]

စုန့်မင်ကန် - [@စုချန်ယန်]

ချီဖု - [@စုချန်ယန်]

. . . .

စုချန်ယန် ပေါ်လာပြီးတဲ့နောက်မှာ လူအများအပြား ဆက်တိုက်ပေါ်လာသည်။

ဟန်စုန့်ရွှယ် - [? ? ?]

[အားလုံး ဒီမှာရှိနေကြတာလား? ငါ မက်ဆေ့တွေ အများကြီး ပို့ထားတာတောင် ဘယ်သူမှ ငါ့ကို ဘာလို့ စာမပြန်ကြတာလဲ?]

ကျန်းရှစ်ချီ - [နင်ပြောတာရိုင်းလို့လေ]

ချင်ယို့ လည်းဝင်ပြောလာသည် - [အစ်မထန်ချီက ဒီကိစ္စကြောင့် လောလောဆယ် စိတ်ဖိစီးနေတာ။ နင် အဲ့ဒါကို groupထဲ လာမပို့သင့်ဘူးလေ]

ဟန်စုန့်ရွှယ် - [....]

[ငါ့အစ်မအတွက် ကူပြီး စိတ်လွတ်သွားလို့ပါ]

[စုချန်ယန် ဘယ်မှာလဲ? သူဘာလို့ပြန်ပျောက်သွားတာလဲ?]

စုချန်ယန်မှာ လေ့ကျင့်ရေး စတဲ့နေ့ကတည်းက စစ်ဆေးဖို့ထွက်သွားပြီး ဟန်စုန့်ရွှယ် သူမကို မက်ဆေ့ချ်ပေါင်းများစွာ ပို့ထားတာကို တွေ့လိုက်ရသည်။

နောက်ပိုင်းတွင်၊ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်ညက ဖျော်ဖြေပွဲအပြီး အခြားလူ‌တွေလည်း သူမဆီ မက်ဆေ့ချ်တွေ ပို့လာကြသည်။ ဟန်စုန့်ရွှယ်က သူမရဲ့ ဖျော်ဖြေပွဲနဲ့ ပတ်သက်လောက်မယ့် မက်ဆေ့ခ်ျတွေ အနည်းဆုံး တစ်ရာလောက် ပို့ခဲ့မည် ဖြစ်မည်။

အဲ့ဒီအတောတွင်းမှာ ထန်ချီက သူမကို အောင်မြင်တဲ့ ဖျော်ဖြေပွဲအတွက် ဂုဏ်ပြုကြောင်း မက်ဆေ့ခ်ျပို့ခဲ့သေးသည်။

စုချန်ယန် အဖွဲ့လိုက်စကားပြောခန်းဆီ ပြန်သွားလိုက်ပေမယ့် ကျန်တဲ့သူတွေအားလုံးက တိတ်ဆိတ်နေပြီး ဟန်စုန့်ရွှယ်တစ်ယောက်ထဲသာ စကားပြောနေဆဲဖြစ်သည်။

စုချန်ယန်က ပြန်ဖြေလာသည် - [ဒီရက်ပိုင်းနည်းနည်းလောက် အလုပ်ရှုပ်နေလို့ ဖုန်းကို စစ်ဆေးဖို့ အချိန်မရှိလို့ပါ။ တောင်းပန်ပါတယ်]

ဟန်စုန့်ရွှယ်က သူမနဲ့ ခဏလောက် စကားစမြည်ပြောပြီး နောက်တော့ သူမ လေယာဉ်ပေါ် တက်ရတော့မယ်လို့ ပြောလာသည်။

စုချန်ယန်က စကားပြောခန်းကို ပိတ်လိုက်ပြီး ထန်ချီရဲ့ နာမည်ကို နှိပ်လိုက်ကာ တစ်ခုခုပြောချင်ပေမယ့် ဘာပြောရမှန်းမသိ ဖြစ်နေသည်။

ရှောင်လုက သူမဖုန်းကြည့်နေရာကနေ ခေါင်းမော့ကြည့်လိုက်တော့ စုချန်ယန်ကိုကြည့်ရတာ စိတ်ပူပန်နေသည့်ပုံပေါ်နေသည်။ သူမက ပုခုံးကို ညင်ညင်သာသာ ပုတ်လိုက်ရင်း အပြုံးနဲ့ ပြောလာသည်။

"ဘာတွေတွေးနေတာလဲ? အစ်မထန်ချီက ဖျော်ဖြေရေးလောကထဲမှာ နှစ်အတော်ကြာအောင် လုပ်လာခဲ့တာ။ ဒီလိုမျိုး လူထုသဘောထားကို သူ ကိုင်တွယ်နိုင်ပါတယ်"

စုချန်ယန်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ငါသိပါတယ်၊ ဒါပေမယ့် ထူးဆန်းတယ်လို့ ခံစားရတယ်။ အစ်မထန်ချီက ဒီလိုမျိုးလုပ်မယ့်လူလို မထင်ဘူး”

ရှောင်လု - "လူချင်းတွေ့တဲ့အခါကျရင် သူ့ကိုမေးလိုက်လေ"

အဲဒီအချိန်မှာပဲ အသံလွှင့်စက်ကနေ သူတို့ကို လေယာဉ်ပေါ်တက်လို့ရပြီဖြစ်ကြောင်း သတိပေးလာသည်။ စုချန်ယန်က တခြားဘာမှ မပြောတော့ဘဲ ဖုန်းနဲ့ တက်ဘလက်ကို ဖယ်လိုက်ပြီး လေယာဉ်ပေါ်တက်ဖို့ အဆင်သင့်ပြင်လိုက်သည်

"ဒီတစ်ခါတော့ မုန့်တွေ မဖွက်ထားဘူး မဟုတ်လား?" ရှောင်လုက စလိုက်သည်။

စုချန်ယန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး"ဟင့်အင်း စီချွမ်းနဲ့ ချုံးချင် ဒေသမှာ အရသာရှိတဲ့ အစားအစာတွေ အများကြီးရှိတယ်။ ဒါတွေကို မလွှတ်လိုက်နိုင်ဘူး"

ရှောင်လုက နှုတ်ခမ်းစူလိုက်ပြီး "နင်အဲ့ဒါတွေအကြောင်း နည်းနည်းသိပုံဘဲ"

“ဟုတ်တယ်” စုချန်ယန် က ပြန်ဖြေလိုက်သည်။

နာရီအနည်းငယ်ကြာ ပျံသန်းပြီးတဲ့နောက် နှစ်ယောက်သား လေဆိပ်သို့ ရောက်လာသည်။

စုချန်ယန်နဲ့ရှောင်လုတို့ လော်ဘီထဲ ဝင်လိုက်တာနဲ့ တပြိုင်နက် နှစ်ဖက်စလုံးကနေ အော်သံတွေကို ကြားလိုက်ရသည်။

"စုချန်ယန်!"

"မာမား Goose မင်းကို ချစ်တယ်!"

"မိန်းမ! ဒီကိုကြည့်ပါဦး မိန်းမ!"

"ချန်ယန်! ချန်ယန်!"

စုချန်ယန်နဲ့ ရှောင်လုတို့ နှစ်ယောက်လုံး အံ့အားသင့်သွားကာ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ကြသည်။

လေဆိပ်စင်္ကြံရဲ့ တစ်ဖက်တစ်ချက်စီတွင် လူများစွာကစုချန်ယန်နဲ့ အခြားဧည့်သည်နာမည်တွေ ရေးထားတဲ့ ဆိုင်းဘုတ်‌တွေကို ကိုင်ကာ ရပ်နေကြသည်။

စုချန်ယန်အရင်က ဒီလိုအခြေအနေမျိုး ကြုံဖူးသည်။ ပုံမှန်အားဖြင့်‌တော့ သူမရဲ့မန်နေဂျာက လေဆိပ်တွင် ပရိသတ်တွေနဲ့ တွေ့ဖို့ သူမရဲ့ ခရီးစဉ်ကို တမင်တကာ ပေါက်ကြားလိုက်လေ့ရှိသည်။

သို့ပေမယ့် စုချန်ယန်မှာ အခြားသူတွေရဲ့အချိန်ကို ဖြုန်းတီးရတာကြောင့် အဲ့ဒီလိုမျိုးကို သဘောမကျသဖြင့် ခဏလောက်သာ တွေ့နိုင်သည်။ တချို့က ဒီအတွက်နဲ့ ခရီးဝေးကနေ လာခဲ့ရတာက မတန်ပေ။

ဒါ့အပြင် လေဆိပ်မှာ အများသူငှာနေရာတစ်ခုဖြစ်ပြီး အခြားဖြတ်သွားဖြတ်လာများအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်စေနိုင်သည်။

ကံကောင်းထောက်မစွာနဲ့ သူတို့ကို လာကြိုတဲ့ ဖန်တွေက ဘေးဘက်နှစ်ဖက်စလုံးတွင်သာ ရပ်နေပြီး လမ်းကြောင်းကို မပိတ်ဆို့ထားပါချေ။

စုချန်ယန်က သူတို့ကို ကြည့်လိုက်‌တော့ ချက်ချင်း အော်ဟစ်လာကြသည်။

"အားး အားး အားး မိန်းမ.....မိန်းမ...."

"ဒီကိုကြည့်၊ ဒီကိုကြည့်!"

"စုချန်ယန် ငါတို့ဆီမှာ အရသာရှိတဲ့ အစားအစာတွေ အများကြီးရှိတယ်။ နင်ဒီမှာ ပျော်ရွှင်မယ်လို့ ငါတို့မျှော်လင့်တယ်!”

"စီချွမ်းစတိုင် ပြုတ်ထားတဲ့ အစားအစာတွေနဲ့ ခေါက်ဆွဲပါတဲ့ ဟော့ပေါ့အစပ်လေ!"

စုချန်ယန်မှာ စီချွမ်းနဲ့ ချုံးချင် ဒေသိယစကားဖြင့် တစ်စုံတစ်ယောက်က စကားပြောနေတာကို ကြားလိုက်ရသည်။ သူမ အပြည့်အဝ နားမလည်နိုင်ပေမယ့် သူတို့ဘာကိုဆိုလိုသလဲဆိုတာ ခန့်မှန်းနိုင်သည်။

စုချန်ယန်က သူမရဲ့တံငါသည်ဦးထုပ်နဲ့ မက်စ်ကို ချွတ်ကာ ရှောင်လုနဲ့အတူ စင်္ကြံဆီမသွားခင် သူတို့ကို လက်ဝှေ့ယမ်းပြလိုက်သည်။

"ပိုအေးလာပြီ! အဝတ်တွေများများ ဝတ်!”

"အစ်မကို အရမ်းချစ်တယ်! အစ်မရဲ့ခန္ဓာကိုယ်အတွက် ငါအရမ်းဆာလောင်နေတယ်! အစ်မ၊ ငါ့ရဲ့စူပါမားကတ်!"

စုချန်ယန်မှာ ဒီရင်းနှီးတဲ့ စကားလုံးကို ကြားလိုက်‌တော့ ခဏရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။

အဲ့ဒီမိန်းကလေးမှာ အသက်ဆယ့်ခုနစ်နှစ် ဒါမှမဟုတ် ဆယ့်ရှစ်နှစ်လောက်ရှိကာ ကျယ်လောင်စွာအော်လိုက်ရတဲ့အတွက် မျက်နှာကနီမြန်းနေသည်။

စုချန်ယန်က ခဏလောက် တုံ့ဆိုင်းသွားပြီး ပြောလာသည်။ "မင်း... စာကောင်းကောင်းလေ့လာပြီး အနာဂတ်မှာ အင်တာနက်ကို လျှော့သုံး"

ကောင်မလေး အံ့အားသင့်သွားကာ “…”

“အားး အားးအားးးအားး!”

"အစ်မငါ့ကို စကားပြောနေတယ်!"

"ညီမ ကြိုးကြိုးစားစား စာလေ့လာမယ်၊ သေချာ‌ပေါက်ကို ကြိုးကြိုးစားစား လေ့လာမယ်!"

"အစ်မ၊ အစ်မကို အရမ်းကြိုက်တယ်! အနာဂတ် ညီမမှာ ပိုက်ဆံရှိလာရင် အစ်မကို ဂရုစိုက်ပေးမယ်!"

. . . . .

စုချန်ယန်က ကူကက်ရာမဲ့စွာနဲ့ ပြုံးလိုက်ပြီး ဆက်မနေတော့ဘဲ ထွက်သွားသည်။

"စုချန်ယန်! သတိထားပါ ထန်ချီနဲ့ ခပ်ဝေးဝေးနေ!"

"တစ်ခုခုဖြစ်ခဲ့ရင် ငါတို့ကို သေချာ‌ပေါက်ပြောပြ!"

စုချန်ယန်မှာ ခဏလောက် ရပ်သွားပြီး အလိုလို မျက်မှောင်ကြုတ်လိုက်သည်။ ရှောင်လုက သူမရဲ့ပခုံးကို အနောက်ကနေ ဆွဲလိုက်ပြီးသူမ နား အနားမှာ တိုးတိုးလေးပြောလိုက်သည်။ “သွားကြရအောင်”

စုချန်ယန်က နှုတ်ခမ်းကို စူလိုက်ပြီး အရှေ့ကိုဆက်လျှောက်သွားသည်။

"သူ့ကိုမထိနဲ့! ငါ့ရဲ့ ငန်းမလေးဆီကနေ မင်းလက်ကိုဖယ်လိုက်!"

"မင်းလက်ကိုဖယ်လိုက် ! ငါချဉ်လာပြီ!"

“ဟင့်အင်း! လွှတ်လိုက်! စုချန်ယန် သူနဲ့ အရမ်းမကပ်နဲ့!"

ရှောင်လု - “…”

သူမက ခေါင်းကို လှည့်လိုက်ပြီး လူအုပ်စုကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ “ငါက မိန်းကလေး!”

ရှောင်လုရဲ့ ထုံးစံအတိုင်း ဝတ်စားဆင်ယင်မှုပုံစံက သာမာန်မိန်းကလေးတွေထက် ကွဲပြားပြီး သူမရဲ့ အသားအရည်ကလည်း နည်းနည်းပိုညိုသည်။

ဒီနေ့မှာ သူမက အနက်ရောင် သားရေဂျာကင်အင်္ကျီကို ၀တ်ထားပြီး ပုံစံတူ ဘောင်းဘီနဲ့အတူ တောက်ပြောင်တဲ့ သားရေဖိနပ်တစ်ရံကို ဝတ်ထားသည်။ သူမက စုချန်ယန်ထက် ခေါင်းတစ်ဝက်ခန့်မြင့်ပြီး လျှာထိုးဦးထုပ်နဲ့ မက်စ်ကို ဝတ်ထားသည်။ သူမရဲ့ အသွင်အပြင်က ယောက်ျားတစ်ယောက်လိုပင်။

"ဘယ်လိုမှမဖြစ်နိုင်ဘူး!"

“လွန်သွားပြီ! အခုပိုတောင်ချဉ်လာပြီ!"

"မင်းတို့နှစ်ယောက်လုံးက မိန်းကလေးတွေပဲ ဘာလို့ ငါ့မိန်းမ မလုပ်တာလဲ?"

ရှောင်လုက စုချန်ယန်ပေါ်မှီလိုက်ပြီး လက်နှစ်ချောင်းကို နဖူးပေါ်တင်ကာ တမင်တကာ အမူအရာလုပ်လိုက်ပြီး သူတို့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

“လွန်သွားပြီ!”

"သူက ငါ့မိန်းမရဲ့ လက်ထောက်လား? သူ့ကို မီးရှို့ပစ်!”

"စိတ်ဆိုးတယ် ဒါပေမယ့် ငါ သူ့ကို မရိုက်နိုင်ဘူးလို့ ခံစားရတယ်!"

ရှောင်လုကအနိုင်ရသွားပုံပေါ်ပြီး စုချန်ယန်က ကူကယ်ရာမဲ့စွာနဲ့ ပြောလာသည်။ "နင် ကလေးဆန်နေတာလား?"

"ငါဘယ်မှာ ကလေးဆန်လို့လဲ? ဒါကပျော်စရာမကောင်းဘူးလား?" ရှောင်လုက ပြန်ပြောလာသည်။

"သူတစ်ပါးကို နှောင့်ယှက်လို့ အပြစ်တင်ခံရမှာကို မကြောက်ဘူးလား?" စုချန်ယန်က မေးလိုက်သည်။

"အပြစ်တင်ခံရတာလား? သူတို့မှာ သတ္တိရှိရင် ငါနဲ့လာရှင်းလေ။အဲဒီအထဲက တစ်ရာ‌လောက်‌တောင်ငါနဲ့ မယှဉ်နိုင်ဘူး"

ပရိတ်သတ်‌တွေရှေ့ကနေ ထွက်လာပြီးတဲ့နောက် စုချန်ယန်က လက်ယမ်းပြလိုက်ပြီး ဦးထုပ်နဲ့မက်စ်ကိုဝတ်ကာ တံခါးဝက ဝန်ထမ်းတွေကို တွေ့လိုက်ရသည်။ သူတို့က သူမကို ဇိမ်ခံကားကြီးထဲ ခေါ်သွားကြသည်။

"အစ်မချန်ယန်"

သူကားထဲ ဝင်ပြီးတဲ့နောက်မှာ ချင်ယို့က ခုံပေါ်မှာ မှီကာ တက်ဘလက်နဲ့ စာ‌လေ့လာ‌နေတာကို သူမတွေ့လိုက်ရသည်။

သူမက မော့ကြည့်လိုက်ပြီး စုချန်ယန်ကို နှုတ်ဆက်လိုက်ပြီးနောက် ခေါင်းငုံ့သွားသည်။

စုချန်ယန် ကားပေါ်ရောက်တဲ့အခါ ရှောင်လုက တခြားနေရာကို ခေါ်ဆောင်သွားသည်။ ကားထဲတွင် ချင်ယို့ပဲ ပါကာ သူ့ဘေးတွင်လည်း ကင်မရာ‌တွေ တပ်ထားသည်။

" ထပ်ပြီးတစ်ယောက်တည်း လာတာလား?" စုချန်ယန်က ထိုင်လိုက်ပြီး မေးလိုက်သည်။

ချင်ယို့က နာနာခံခံနဲ့ ခေါင်းညိတ်လိုက်ပြီး “မားက အလုပ်များလို့ မလာနိုင်ဘူး။ လူတိုင်းက ညီမကို ဂရုစိုက်သလို ညီမဘာသာလည်း ဂရုစိုက်နိုင်ပါတယ်။ မားက အတူလိုက်လာဖို့ မလိုပါဘူး"

စုချန်ယန်က ရယ်လိုက်ပြီး "အခြားသူတွေရော ရောက်ပြီလား?"

ချင်ယို့က ခေါင်းခါလိုက်ပြီး "ဟင့်အင်း အစ်မက ဒုတိယမြောက်ပဲ"

“ကောင်းပါပြီ၊ စာကိုပဲ အာရုံစိုက်လုပ်တော့” စုချန်ယန်က ပြောလိုက်သည်။

အဲဒါနဲ့ သူမလည်း အိတ်ထဲက ဖုန်းကို ထုတ်ပြီး လေယာဉ်ပျံမုဒ်ကို ပိတ်လိုက်သည်။

ချင်ယို့က အလေးအနက်နဲ့ စာလေ့လာနေတဲ့ပုံ မပေါ်ချေ။ ရံဖန်ရံခါ သူမ စုချန်ယန်ကို လှမ်းကြည့်တတ်ပေမယ့် စုချန်ယန်က သူ့ဖုန်း သူကြည့်ရင်း အလုပ်ရှုပ်နေပြီး ချင်ယို့ရဲ့ သေးငယ်တဲ့ လှုပ်ရှားမှုတွေကို သတိမထားမိချေ။

All Chapters