← Chapters

အခန်း ၉၉

Vol. 8 Ch. 99

အခန်း ၉၉

Vol. 8 Ch. 99

စုချန်ယန်က သူမရဲ့လက်ကို ရိုက်လိုက်ပြီး "ကျန်းရှစ်ချီက နင့်ကို ဒုက္ခပေးမယ်လို့ ထင်နေတာလား? အများဆုံးတော့ သူက ရွဲ့စောင်းတဲ့ မှတ်ချက်တွေဘဲ ပေးလိမ့်မယ်။ သူ့ရဲ့မ‌ဖော်‌ရွေတတ်တဲ့ အမူအရာကြောင့် လှည့်စားမခံရစေနဲ့၊ တကယ်တော့ သူက မကောင်းတဲ့လူ မဟုတ်ပါဘူး"

"ငါက ဒီတိုင်း ပြောရုံပါ။ နင်သိလား? လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ့အတွက် ရည်ရွယ်ထားတဲ့ကြော်ငြာတစ်ခုကို လက်ခံခဲ့ရ‌ပေမယ့် ပုံစံနဲ့ ပိုအံဝင်ခွင်ကျဖြစ်လို့ ငါနဲ့‌ပြောင်းလိုက်တယ်‌လေ။ နောက်တော့ စပွန်စာပေးတဲ့သူရဲ့အဖေဆီကနေ ငါ့ကို အကြံပြုခဲ့တဲ့သူက ကျန်းရှစ်ချီလို့ ကြားခဲ့ရတယ်"

ကျန်းရှစ်ချီက မိန်းကလေးအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်‌ယောက်ဖြစ်သည်။ သူမသည် ဖြူစင်ပြီး တောက်ပတဲ့ အသွင်အပြင်ရှိကာ ဘေးအိမ်က ကောင်မလေးလို ခံစားချက်မျိုး ပေးစွမ်းသည်။

စုချန်ယန်က ခေါင်းညိတ်လိုက်ကာ "ဒါဆို နင်သူ့ကို ကျေးဇူးတင်သင့်တယ်"

ဟန်စုန့်ရွှယ် ရဲ့အမူအရာက အဆင်မပြေဖြစ်လာပြီး "ငါသွားပြီးတော့သူ့ကို ကျေးဇူးတင်ရင် သူငါ့ကို မျက်လုံးလှိမ့်ပြတာ ဒါမှမဟုတ် ငါ့ကို လျစ်လျူရှုလိုက်မှာ ဒါမှမဟုတ် ငါ့ကို အရူးလို့ ခေါ်မယ်လို့ နင်ထင်လား?"

စုချန်ယန် တွေးကြည့်တော့ ဒါက တကယ် ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရသည်။

"ဒါဆို နင်ဘာဆက်လုပ်မှာလဲ?"

"နောက်ထပ် ငါဘာလုပ်လို့ရမှာလဲ? ငါ့အ‌နေအထားက အားနည်းတော့ ငါ့မာနကို မျိုချပြီး သူ့ကို ကျေးဇူးတင်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး"

စုချန်ယန်က သူမကို အံ့အားသင့်စွာကြည့်လိုက်ပြီး လက်ဆန့်ထုတ်ကာသူမဆံပင်ကို တို့ထိပြီး သက်ပြင်းချလိုက်သည်။ "ကောင်းပြီ၊ နောက်ဆုံးတော့ နင်ကြီးပြင်းလာပြီပဲ"

ဟန်စုန့်ရွှယ် - "..."

"ငါ့ကို မူလတန်းကျောင်းသားလေးလို့ နင်ထင်နေတာလား?"

"နင်ဘယ်လိုထင်လဲ?"

စကားပြောနေရင်းနဲ့ ကားက တဖြည်းဖြည်း စရွေ့လာသည်။

စုချန်ယန်နဲ့ ဟန်စုန့်ရွှယ်တို့က ထန်ချီ မျက်လုံးမဖွင့်ဘဲ တချိန်လုံး အိပ်နေတဲ့ချိန်မှာ ပေါ့ပေါ့ပါးပါး စကားပြောနေကြသည်။

သွားမယ့်နေရာကိုရောက်တော့ အစီအစဉ်အဖွဲ့က ဧည့်သည်တွေကို ကားပေါ်ကနေဆင်းဖို့ စီစဉ်ပေးသည်။

စုချန်ယန် ခေါင်းမော့ပြီး ကားပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။ ကားက ကားပါကင်နဲ့တူတဲ့ ရပ်ထားတဲ့ကားအများအပြားဖြင့် ဝန်းရံထားတဲ့ ဝင်းငယ်နဲ့ဆင်ပြီး ခေတ်ဟောင်းအဆောက်အအုံရဲ့ အနောက်ဘက်တွင် ရပ်သွားသည်။

"ငါတို့ရောက်ပြီ" စုချန်ယန်က သူမပခုံးပေါ်မှာ အိပ်နေတဲ့ ဟန်စုန့်ရွှယ်ကို နှိုးလိုက်သည်။

"တကယ်လား?" ဟန်စုန့်ရွှယ်က သားရေမယိုနေတဲ့ သူမရဲ့ ပါးစပ်ထောင့်ကို သုတ်လိုက်ပြီး အပြင်ဘက်ကိုလှမ်းကြည့်လိုက်သည်။

"ဒါက ဘယ်နေရာလဲ?"

"ငါလည်း မသိဘူး။ အရင်ဆင်းရအောင်"

စုချန်ယန် စကားပြောနေတုန်းမှာ ထန်ချီက ကားတံခါးကိုဖွင့်ကာ ထွက်သွားပြီး ချင်ယို့ကလည်း အနောက်ကနေလိုက်သွားကာ စုချန်ယန်က နောက်ဆုံးမှထွက်လာသည်။

ဧည့်သည် ကိုးယောက်လုံး ကားပေါ်က ဆင်းပြီးနောက် ခြံဝင်းအလယ်မှာ ရပ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းနေကြသည်။ အရမ်းစွဲမက်ဖွယ်ကောင်းတဲ့ မွှေးကြိုင်တဲ့ရနံ့ကို ဖျော့တော့တော့ ရလိုက်ပြီး ဘယ်နေရာကနေ ထွက်လာတာလဲဆိုတာကိုလည်း မသိပေမယ့် အစာစားချင်စိတ်ကိုတော့ အောင်အောင်မြင်မြင်နဲ့ လှုံ့ဆော်ပေးလိုက်သည်။

လက်ထောက်ဒါရိုက်တာက ပုံမှန်အတိုင်း အသံချဲ့စက်ကိုကိုင်ကာ သူတို့ရဲ့တည်နေရာကို လူတိုင်းအား မိတ်ဆက်ပေးလိုက်သည်။ အရာအားလုံးက ပုံမှန်အတိုင်းဘဲဖြစ်ပြီး ထန်ချီရဲ့ ကိစ္စတွေ အလွှမ်းမိုး မခံရသလိုပဲ ဧည့်သည်တွေရဲ့ အပြုအမူကလည်း အရင်အတိုင်းလိုပင်။

ဒီသာယာတဲ့လေထုက ထန်ချီအပေါ် ဖိအားတွေကို သိသိသာသာ လျော့ကျစေပြီး နောက်ဆုံး‌တော့ သူမရဲ့မျက်နှာပေါ်မှာ အပြုံးပေါ်လာသည်။

လူတိုင်းက ထန်ချီကို အလွန်အမင်း အာရုံမစိုက်နေကြဘဲ အပြန်အလှန် နားလည်မှုနဲ့ သူတို့ရဲ့ ပုံမှန်ပုံစံကို ထိန်းသိမ်းထားကြသည်။

"စီချွမ်ရဲ့ ထူးခြားတဲ့ပင်ကိုယ်လက္ခဏာတွေကို အားလုံးသိကြလား?" လက်ထောက်ဒါရိုက်တာက မေးလိုက်သည်။

လက်ထောက် ဒါရိုက်တာပြောနေတဲ့အချိန်မှာ စုချန်ယန်ကခုနကအနံ့ဘယ်က ထွက်လာလဲဆိုတာကို စဉ်းစားနေဆဲဖြစ်သည်။ ဘာပြောနေလဲဆိုတာကို သူမလုံးဝမသိပါချေ။

"မာကျောက်!"

"လက်ဖက်ရည်!"

"စီချွမ်ပန်းထိုးတာလည်း ရှိတဲ့ပုံပဲ?"

"စီချွမ်ရဲ့ထူးခြားချက်က ဟော့ပေါ့ဖြစ်ရမယ်"

“ဟော့ပေါ့” ဆိုတဲ့ စကားလုံးကို စုချန်ယန် ကြားလိုက်တာနဲ့ သူမရဲ့ အာရုံက ချက်ချင်း ပြန်ရောက်လာပြီး မျက်လုံးတွေ တောက်ပလာသည်။

"ဘာဟော့ပေါ့လဲ? ပရိုဂရမ်အဖွဲ့က ငါတို့ကို ဟော့ပေါ့စားဖို့ ဖိတ်မယ်တဲ့လား?"

လက်ထောက်ဒါရိုက်တာက မျက်ခုံးပင့်လိုက်ပြီး "Miss စု၊ မင်းနားထဲမှာ အစားကလွဲရင် တခြားဘာကိုမှ မကြားဘူးလား?"

အရင်အပိုင်း နှစ်ခုတွင် စုချန်ယန်ရဲ့ကြည့်ရှုမှုနှုန်းမြင့်တဲ့ ကလစ်တချို့ရှိတာကြောင့် ပရိုဂရမ်အဖွဲက သူမကို ကင်မရာရိုက်ချက်တွေ ပိုဖန်တီးဖို့ ကြိုးစားနေသည်။

စုချန်ယန်က အပြစ်ကင်းစွာနဲ့ ပြန်ဖြေလိုက်သည်။ "မဟုတ်ဘူး၊ ကျွန်မနားက အရေးမကြီးတဲ့ စကားလုံး‌တွေကို ရွေးထုတ်ပိတ်ဆို့လိုက်တာ"

လူတိုင်းက ကျယ်လောင်စွာနဲ့ ရယ်မောကြတော့သည်။

လက်ထောက်ဒါရိုက်တာက အပြုံးတစ်ဝက်နဲ့ သူမကိုကြည့်လိုက်ပြီး "မင်းရဲ့မန်နေဂျာ မစ္စတာလင်းက ဒီအပိုင်းမှာ မရှိနေဘူး။ မင်းကအရမ်းသတ္တိရှိပြီး မင်းလုပ်ချင်တာမှန်သမျှ လုပ်နိုင်နေတဲ့ပုံပဲ"

စုချန်ယန် - "ဘာတွေပြောနေတာလဲ? ကျွန်မဘယ်တုန်းက စည်းမဲ့ ကမ်းမဲ့ လုပ်ခဲ့ဖူးလို့လဲ?"

လက်ထောက်ဒါရိုက်တာက အေးစက်စွာ နှာမှုတ်လိုက်ပြီး "ဒါဆို ခုနက ပြောခဲ့တဲ့ အထူးပြုထုတ်ကုန်တွေအပြင် စီချွမ်မှာ တခြားဘာတွေရှိလဲ?ပြောပြပါဦး"

စုချန်ယန်က ချက်ချင်းပဲ ပြန်ဖြေလာသည်။ "တန်တန်ခေါက်ဆွဲ၊ ပိုပိုကြက်သား၊ ချဉ်စပ်ခေါက်ဆွဲ၊ သီတံနဲ့အကင်တွေ..."

စုချန်ယန်က ချက်နည်းစာအုပ်တစ်အုပ်လုံး ရွတ်တော့မှာကို မြင်လိုက်ရတော့ လက်ထောက်ဒါရိုက်တာက အမြန် ဖြတ်ပြောလိုက်သည်။ "အစားအသောက်တွေက လွဲပြီးတော့!"

"အစားအသောက်တွေက လွဲပြီးတော့ ပန်ဒါတွေလား?"

လက်ထောက်ဒါရိုက်တာက သူမကို “မင်းကို ခွင့်မလွှတ်ဘူး” ဆိုတဲ့ အကြည့်တစ်ချက် ပေးလိုက်ပြီး မေးခွန်းကို နောက်လူဆီ ပြောင်းလိုက်သည်။

ချီဖုအလှည့်ရောက်တော့ သူက မတ်မတ်ရပ်ကာ ဂုဏ်ယူစွာနဲ့ ပြောလာသည်။ "ပါးအာ့သို!"

အများစုမှာ မြောက်ပိုင်းဒေသမှဖြစ်ပြီး ဒေသိယစကားကို နားမလည်တာကြောင့် လူတိုင်း ရှုပ်သွားကြသည်။ အားလုံးက ချီဖုကို နားမလည်စွာနဲ့ ကြည့်နေကြသည်။

တခြားသူတွေက နားမလည်တာကိုမြင်တော့ ချီဖုက ရှင်းပြလာသည်။ “ဒါက မိန်းမကြောက်တဲ့ယောက်ျားကို ပြောတာလေ။ မင်းတို့တွေ အွန်လိုင်းမသုံးကြဘူးလား?"

စုန့်မင်ကန်က ရုတ်တရက် သဘောပေါက်သွားပြီး "မိန်းမကိုကြောက်ရတာလား? ဒါကို မင်းကဘာလို့ဂုဏ်ယူနေတာလဲ?"

ချီဖုက ပြန်ဖြေလာသည်။ “မင်း နားမလည်ပါဘူး။ ဒါက ငါတို့ စီချွမ်နဲ့ ချုံးချင်က အမျိုးသားတွေရဲ့ အချစ်ဇာတ်လမ်းပဲ။ သူတို့ မိန်းမတွေရဲ့ စကားကို အကုန်လုံး နားထောင်ကြတာ"

"ရှင်က စီချွမ်ကလား?" စုချန်ယန်က အံ့အားသင့်စွာနဲ့ မေးလိုက်သည်။

ချီဖုက လူတိုင်း သူ့ကိုကြည့်နေတာကို တွေ့တော့ ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကုတ်လိုက်ပြီး "ငါက ဒီကနဲ့မတူဘူးလား? မပြန်လာရတာ အတော်ကြာပြီ"

“မေးချင်တာ ကြာပြီ။ ရှင်တို့ရဲ့ စီချွမ်နဲ့ ချုံးချင် ဒေသမှာ ယောက်ျားတွေက တကယ်ပဲ ဟင်းချက်တာလား?"

“ဒါက ရှားရှားပါးပါး ဖြစ်ရိုးဖြစ်စဉ်ပါ။ အနည်းဆုံးတော့ ငါ့ပတ်ဝန်းကျင်က မိသားစုတွေမပါဘူး။ ဒါပေမယ့် ငါ့အမေက ငါ့ကို ဟင်းချက်နည်း သင်ပေးရတာ ကြိုက်တယ်" ချီဖုကခေါင်းခါလိုက်သည်။

"စီချွမ်မှာ ဘယ် ဟော့ပေါ့က အကောင်းဆုံးလဲ?"

"'မင်းကိုချစ်တယ်'ဆိုတာကို စီချွမ်ဘာသာစကားနဲ့ ဘယ်လိုပြောတာလဲ?"

"စီချွမ်က လူတွေက ထိပ်တိုက်ရင်ဆိုင်တဲ့နည်းနဲ့ ပြောတဲ့အခါ၊ သူတို့ရဲ့ စကားတွေကို ထပ်တူထပ်မျှသုံးရတာ ကြိုက်တယ်လို့ ငါကြားဖူးတယ်"

"စကားမစပ်၊ မင်းရဲ့ဒေသမှာ ခွက် ကို ဘယ်လိုခေါ်လဲ?"

မေးခွန်းတွေ တစ်သီတစ်တန်းကြီးကို ရင်ဆိုင်ရင်း ချီဖုက တစ်ယောက်ချင်းစီကို ပြန်ဖြေလာသည်။

"ပေ့ပေး"

လူတိုင်း - “…”

“အဖုံး ကိုရော ဘယ်လိုခေါ်လဲ?”

"ကိုင့်ကိုင်" ချီဖုက အလေးအနက်နဲ့ပြောနေသည်။

လူတိုင်းက ရယ်ချင်တာကို အောင့်ထားရသည်။

"အသီးအနှံတွေ အခွံနွှာတာကိုရော?"

"ဖီ့ဖီ"

"ပေါက်စီကိုရော?"

"မို့မို"

စုချန်ယန်က အံ့သြသွားပြီး– “အသား ကိုရော ဘယ်လိုခေါ်လဲ?"

“…ကာ့ကား”

“Pfft一”

တစ်ယောက်ယောက်က ရယ်လာပြီး မကြာခင်မှာဘဲ ခြံဝင်းတစ်ခုလုံး ရယ်မောသံတွေနဲ့ ပြည့်နှက်သွားသည်။

ဒါက... ချစ်စရာစကားလုံးတွေသုံးပြီး လေးနက်တဲ့အမူအရာ ရိုးသားတဲ့လေသံနဲ့ပြောနေတဲ့ ကြွက်သားတောင့်တင်းတဲ့ အမျိုးသားတစ်ယောက်ပင်။ မြင်ကွင်းက တကယ်ကို ရယ်စရာကောင်းလှသည်။

“ငါ့ကိုကယ်ပါဦး....ဒါက အရမ်းရယ်ရတာဘဲ။ ငါတော့ အနာဂတ်မှာ စီချွမ်ကယောက်ျားနဲ့ သေချာပေါက်ကို လက်ထပ်မယ်!"

"သူက ဘာလို့ ဒီလောက်ချစ်စရာကောင်းနေရတာလဲ?"

"မင်းတို့တွေ တခြားသူတွေကို ဆဲရင်ရော ဘယ်လိုလဲ?"

ချီဖုက သူတို့ကြားချင်တဲ့ဟာကို သိပြီး တွန့်ဆုတ်စွာနဲ့ ပြောလာသည်။ "ရှင်းရန် ပန့်ပန့်"

"ဟားဟား... ဒါရိုက်တာ၊ သူ တားထားတဲ့ စကား သုံးလိုက်တယ်။ သူ့ပိုက်ဆံကိုဖြတ်၊ သူ့ပိုက်ဆံကိုဖြတ်!"

လက်ထောက်ဒါရိုက်တာရဲ့ မျက်နှာမှာ အိုးဖင်လိုမျိုး မည်းသွားပြီး "ငါ့ကို လက်ထောက်ဒါရိုက်တာလို့ မြင်သေးတယ်လား?"

စုချန်ယန်က စကားလုံးနည်းနည်းနဲ့ အာရုံလွှဲနိုင်တာဘဲ!

ထန်ချီက လူစုလူဝေးအလယ်တွင် ရပ်နေပြီး သူတို့ရဲ့ပေါ့ပေါ့ပါးပါးနဲ့ ရွှင်လန်းတဲ့အသွင်ကို ကြည့်ကာ သူမရဲ့ပါးစပ်ထောင့်တွင် ခါးသီးတဲ့အရိပ်အယောင်ပေါ်လာသည်။

နေရာတိုင်းမှာ လူကောင်းနဲ့ လူဆိုး‌တွေရှိ‌ပေမယ့်ကံမကောင်းစွာနဲ့ဘဲ သူမက စရိုက်လက္ခဏာကို ကောင်းကောင်းမဆုံးဖြတ်နိုင်ဘဲ သိပ်မကောင်းတဲ့လူတွေနဲ့ ကြုံခဲ့ရတယ်။

သူမ အိတ်ထဲက ဖုန်းက ရုတ်တရက် တုန်ခါသွားတော့ ထန်ချီရဲ့ ကိုယ်က ချက်ချင်းတောင့်တင်းလာပြီး သူမရဲ့ အမူအရာကလည်း အေးခဲသွားသည်။

မကောင်းဆိုးဝါးက သူမကိုထပ်ညှဉ်းဆဲဖို့ လာပြီ။

ဖုန်းတုန်ခါမှုက သေမင်းကျိန်စာလိုပင်။

ထန်ချီက လက်ဖဝါးကို တင်းတင်းဆုပ်လိုက်သည်။ စူးရှတဲ့နာကျင်မှုက သူမကို ခဏ‌လောက်ငြိမ်သက်‌စေသည်။

လက်ထောက်ဒါရိုက်တာက အကြောင်းအရာကို ပြန်ပြောလာတော့ လူတိုင်းက တိတ်ဆိတ်သွားသည်။ ထန်ချီဖုန်းကို ချလိုက်သည်။

ပရိုဂရမ်ရဲ့ ပထမပိုင်းကနေစပြီး ပရိုဂရမ်အဖွဲ့က သူတို့ရဲ့ ဖျော်ဖြေရေးပစ္စည်း‌တွေကို သိမ်းသွားခြင်းမရှိပေ။

“တစ်မနက်လုံး ပြေးလွှားနေရတော့ ဗိုက်ဆာနေရောပေါ့။ မင်းတို့ရဲ့အနောက်မှာ နေ့လည်စာအဖြစ် စားရမယ့်နေရာဖြစ်တဲ့ ဟိုးအရင်ကတည်းက တည်ထားတဲ့ ဟော့ပေါ့ဆိုင်တစ်ခုရှိတယ်"

ယခင်အပိုင်းက အဖြစ်အပျက်ပြီးတဲ့နောက်တွင် လူတိုင်းက ပရိုဂရမ်အဖွဲ့အပေါ် မယုံကြည်မှု အပြည့်ရှိနေသည်။ လက်ထောက်ဒါရိုက်တာရဲ့ စကားကိုကြားတဲ့အခါ ဘယ်သူကမှ ပျော်ရွှင်မှုမပြလာပေ။ စုချန်ယန်ရဲ့ မျက်နှာမှာတောင်မှ သံသယတွေနဲ့ ပြည့်နှက်နေသည်။

" ဒီလှည့်ကွက်ကို ထပ်ဆွဲဖို့ လုပ်နေတာလား?"

"ငါ‌ပြောလိုက်မယ်၊ ငါတို့နောက်တစ်ခါတော့ လွယ်လွယ်နဲ့ ကျဆုံးမှာမဟုတ်ဘူး"

အရင်အပိုင်းတုန်းက ပင်လယ်စာဈေးမှာ အော်ဟစ်ပြီး ပင်လယ်စာရောင်းရတဲ့ မြင်ကွင်းကို တွေးမိလိုက်တိုင်း လူတိုင်း ရင်ထဲမှာ အေးစက်သွားသည်။

ပစ္စည်းတွေရောင်းလို့ သူတို့ မျက်နှာပျက်ရတာကြောင့်မဟုတ်ဘဲ မဟုတ်ဘဲ ဒီမြင်ကွင်းကို မ‌တွေးကြည့်ချင်ရုံပင်။ သူတို့အဖွဲ့ကို မသိတာတောင်မှ ပျော်ပျော်ပါးပါး လာရောက်ပူးပေါင်းကြတဲ့သူတွေ အများကြီးရှိ‌သေးသည်။ သူတို့ ပါးစပ်က တနေကုန် မရပ်ရဘဲ အဆုံးမှာတော့ အမှားအယွင်းတွေ အများကြီး ဖြစ်ခဲ့သည်။

လက်ထောက် ဒါရိုက်တာက စူတူတူမျက်နှာပေးနဲ့ “မင်းတို့ရဲ့သဘောထားက ငါတို့ကိုအရမ်းနာကျင်စေတယ်"

ဟန်စုန့်ရွှယ် - "ဟီးဟီး"

"ဟီးဟီး"

"ဟီးဟီး"

လက်ထောက်ဒါရိုက်တာက လည်ချောင်းရှင်းလိုက်ပြီး "သိပ်အများကြီး မတွေးပါနဲ့၊ ဒီတစ်ခါတော့ ပရိုဂရမ်အဖွဲ့က လူတိုင်းကို ကျွေးမှာပါ။ အရင်ကလိုပဲ ညစာမစားခင် ဂိမ်းနည်းနည်းဆော့ဖို့တော့ လိုတာပေါ့"

စုချန်ယန်ရဲ့ မျက်နှာက အမူအရာမဲ့သွားပြီး "အရင်တစ်ခေါက်ကလိုမဟုတ်ဘဲ၊ ကျွန်မတို့က ထိုင်စားရဖို့ သီချင်းတွေကို ခန့်မှန်း ရဦးမယ်မဟုတ်လား?"

ဟန်စုန့်ရွှယ်က ပြောလာသည်။ “ဒါက အဆင်မပြေဘူးးနော်။ ရှင်တို့‌တွေ စုချန်ယန်ကို အနိုင်ကျင့်နေတာမဟုတ်ဘူးလား?"

"ဒါပေါ့ ဘယ်ဟုတ်ပါ့မလဲ၊ ဆိုင်ထဲဝင်ပြီး အဆင်သင့်လုပ်ကြရအောင်"

ဝန်ထမ်းတွေက ပစ္စည်းတွေကို သယ်လာကာ စုချန်ယန်ရဲ့အဖွဲ့ကို နေရာသစ်ဆီ ပြောင်းပေးလိုက်ကာ ဧည့်သည်တွေကို အားလပ်ချိန်ပေးလိုက်သည်။

All Chapters