အခန်း ၁၀၀
Vol. 8 Ch. 100
စုချန်ယန်က လက်ဆေးကြောပြီးလို့ ထွက်လာတော့ သန့်စင်ခန်းအပြင်ဘက်ရှိ စင်္ကြံကပြတင်းပေါက်နားမှာ တစ်ယောက်တည်း ရပ်နေတဲ့ထန်ချီကို တွေ့လိုက်ရသည်။
သူမက ဖုန်းပြောနေပုံရပြီး အနောက်မှာ လူရှိနေတာကို သတိမထားမိဘဲ အရမ်းစိတ်လှုပ်ရှားနေပုံရသည်။
စုချန်ယန်မှာ တခြားသူတွေရဲ့ကိုယ်ရေးကိုယ်တာကို မစပ်စုချင်ပေမယ့် သူမထွက်သွားတော့မယ့်အချိန်မှာ ထန်ချီရဲ့ မထိန်းချုပ်နိုင်တော့တဲ့ အသံကို ကြားလိုက်ရသည်။ "ရှင် တင်းတင်းကို ရှာရဲရင် တစ်ပြားတစ်ချပ်တောင်ရဖို့ မစဉ်းစားနဲ့"
စုချန်ယန်ရဲ့ ခြေလှမ်းတွေတုံ့ဆိုင်းသွားပြီး မသိစိတ်ကနေ နောက်ပြန်လှည့်ကြည့်လိုက်သည်။
ထန်ချီက ပြောပြီးသွားတာနဲ့ သူမအသံကျယ်သွားတာကို သတိထားမိပြီး စိုးရိမ်စွာနဲ့ နောက်လှည့်ကြည့်လိုက်တော့ စုချန်ယန်ရဲ့အကြည့်နဲ့ ဆုံသွားသည်။
ထိုအခိုက်အတန့်မှာ သူမ မျက်လုံးထဲတွင် အေးခဲသွားပြီး မျက်ရည်တွေ စီးကျလာသည်။
စုချန်ယန်ရဲ့ ရင်ထဲမှာ တင်းကျပ်သွားပြီး သူမ တစ်ခုခုပြောချင်ပေမယ့် ထန်ချီက လှည့်သွားပြီဖြစ်သည်။
သူမက ဖုန်းတစ်ဖက်ကလူကို တစ်ခုခုကို အလျင်စလိုပြောလိုက်ပြီး ပြတ်ပြတ်သားသားနဲ့ ဖုန်းချလိုက်ကာ စုချန်ယန်ဆီ လှည့်လာသည်။
စုချန်ယန်မှာ တိုက်ရိုက်ပဲ ထွက်သွားရမလား မသေချာဘဲ နေရာမှာဘဲ ရပ်နေလိုက်သည်။
"ချန်ယန် ကြားလိုက်တာလား?"
တန်ချီက မျက်လုံးထောင့်က မျက်ရည်တွေကို သုတ်လိုက်ပြီး စုချန်ယန်ကို ဖျစ်ညှစ်ပြုံးပြလိုက်သည်။
စုချန်ယန်ရဲ့ အမူအရာမှာ ရှုပ်ထွေးသွားပြီး ခေါင်းညိတ်ပြလိုက်ကာ "တောင်းပန်ပါတယ် ကျွန်မ ဖြတ်သွားရင်းနဲ့"
ထန်ချီက မျက်ရည်တွေ စီးကျနေတာကို မတားဆီးနိုင်တော့ဘဲ ခေါင်းခါလိုက်ကာ "ညီမ... အဲဒါကို လျှို့ဝှက်ထားလို့ရမလား?"
သူမကိုကြည့်ရင်း စုချန်ယန် နည်းနည်း စိတ်မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။ ထန်ချီမှာ သူမရဲ့ရင်ထဲတွင် နူးညံ့သိမ်မွေ့တဲ့ အစ်မတစ်ယောက်အဖြစ်ဘဲ အမြဲမြင်ဖူးပြီး သူမရဲ့ ခံစားချက်ဘက်ကို တစ်ခါမှ မပြခဲ့ဖူးပေ။ သူမရဲ့ စိတ်ခံစားချက်တွေက သူမကို ဒီလိုမျိုး ပြုမူဖို့အတွက် အတိုင်းအတာတစ်ခုအထိ တည်ဆောက်ထားတာဖြစ်မည်။
စုချန်ယန်က တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်ေပမယ့်မတတ်နိုင်ဘဲ ပြောလိုက်သည်။ "အစ်မထန်ချီ အစ်မ ခြိမ်းခြောက်ခံနေရရင် ပိုက်ဆံက အကောင်းဆုံး ဖြေရှင်းချက်မဟုတ်ဘူး။ တစ်ဖက်လူက ပိုရက်စက်လာပြီး နောက်ဆုံးမှာ အစ်မနဲ့ အစ်မရဲ့မိသားစုကို ဖျက်ဆီးပစ်လိုက်လိမ့်မယ်”
တကယ်တော့ ထန်ချီရဲ့စကားကိုကြားတာနဲ့ ဘာဖြစ်နေလဲဆိုတာ စုချန်ယန် ခန့်မှန်းမိသည်။
တစ်ဖက်လူတွင် ထန်ချီရဲ့ အားနည်းချက်ဖြစ်တဲ့ ခုနတုန်းက ထန်ချီပြောခဲ့တဲ့ “တင်းတင်း” နဲ့ ဆက်စပ်နေနိုင်တာ အဲ့ဒါကို ငွေနဲ့ လဲလှယ်ဖို့ အတင်းအကျပ်ခိုင်းစေနေရုံပင်။
ပွင့်ပွင့်လင်းလင်းပြောရရင် စုချန်ယန်မှာ ဖျော်ဖြေရေးနယ်ပယ်တွင် ဒီလိုမျိုးတွေ အများကြီးတွေ့ဖူးသည်။ အများသူငှာအမြင်အနေနဲ့ သာမန်လူတွေအတွက် အရေးမပါတဲ့အရာမှာ သူတို့အတွက်တော့ အသက်အန္တရာယ်ဖြစ်စေနိုင်သည်။ ဖျော်ဖြေရေးနယ်ပယ်တွင် ရှင်သန်ဖို့အတွက် သူတို့တွင် ငွေကြေးများစွာကိုသုံးကာ ဖိနှိပ်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိပေ။
စုချန်ယန်ရဲ့ စကားတွေကို နားထောင်လို့ပြီးတော့ ထန်ချီက ခါးသီးတဲ့ အပြုံးတစ်ခု ပေးကာ ပြောလာသည်။ "အစ်မ မသိဘူးလို့ ထင်နေတာလား? အဲဒါကိုသာ ဖော်ထုတ်ခံရရင်၊ ..... ဖျော်ဖြေရေး နယ်ပယ်က အစ်မရဲ့ အသက်မွေးဝမ်းကြောင်း ပျက်စီးသွားလိမ့်မယ်”
စုချန်ယန်က နှုတ်ဆိတ်သွားပြီး "အစ်မ တကယ်ဘဲ ဒီလို တွေးထားရင် တစ်သက်လုံး တစ်ဖက်လူနဲ့ ရှုပ်ထွေးသွားဖို့ ပြင်ဆင်ထားတော့ပေါ့"
ထန်ချီရဲ့ အမူအရာမှာ တင်းမာလာပြီး ခါးသက်စွာနဲ့ ပြုံးကာ "ချန်ယန်၊ စုန့်ရွှယ် ဆီကနေ မကောင်းတာတွေကို သင်ခဲ့တာလား?"
စုချန်ယန်ကပြုံးလိုက်ပြီး "မဟုတ်ပါဘူး၊ တစ်ခါတလေမှာ ပြဿနာကို တိုက်ရိုက်ပြောလိုက်တာက အရိုးရှင်းဆုံး ဖြေရှင်းနည်းလို့ ထင်တယ်"
"အစ်မအချိန်တွေကုန်နေပြီ။ အရင်ပြန်သွားကြရအောင်"
ထန်ချီက စုချန်ယန်ကို လေးလေးနက်နက် ကြည့်လိုက်ပြီး မတတ်နိုင်ဘဲ ရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရသည်။ "ကောင်းပြီ၊ ပြန်ကြရအောင်"
အခန်းထဲပြန်ရောက်လာတော့ သူတို့ နှစ်ယောက်ကလွဲလို့ အားလုံးက အထဲမှာရှိနေသည်။
ထန်ချီရဲ့ မျက်လုံးများ နီရဲနေတာကို သူမ ဝင်လိုက်တာနဲ့ ချက်ချင်းဆိုသလို တွေ့လိုက်ရသည်။
ဧည့်သည်တွေထဲတွင် ဟယ်ရှုနဲ့ထန်ချီက အရင်းနှီးဆုံး ဆက်ဆံရေးရှိသည်။ စုချန်ယန်အနောက်ကနေက နီရဲနေတဲ့ မျက်လုံးတွေနဲ့ သူမဝင်လာတာကိုမြင်တော့ ဟယ်ရှုက သက်ပြင်း ဖျော့ဖျော့ချလိုက်သည်။
ပရိုဂရမ်အဖွဲ့မှ စီစဉ်ပေးထားတဲ့ ထိုင်ခုံမှာ ထိုင်နေကြရင်း တစ်ယောက်ချင်းစီရဲ့အရှေ့တွင် အငွေ့တထောင်းထောင်းထနေတဲ့ ဟော့ပေါ့အိုးတစ်အိုးစီ ရှိနေသည်။
သို့ပေမယ့် စားပွဲပေါ်မှာတော့ အရံဟင်းတွေ မရှိပေ။ အရံဟင်းအားလုံးမှာ သိပ်မဝေးတဲ့ စားပွဲကြီးတစ်ခုပေါ်တွင် ရှိနေပြီး သူတို့ကို တိုက်ရိုက်ကျွေးမယ့်ပုံမပေါ်ပေ။
ဘယ်သူကမှ တုံ့ပြန်မှုမရှိတာကိုမြင်တော့ စုချန်ယန်က ခေါင်းငုံ့ပြီး သူမဘာသာသူ ဟင်းလုပ်လိုက်သည်။ သူမက ချက်ရလွယ်တဲ့ အမဲအူ ကြမ်းနဲ့ အဆီများတဲ့အမဲသားကို အမြန်ဆွဲယူလိုက်သည်။
"ကျွန်မပြောသားပဲ၊ ရှင်တို့တွေ အကျင့်စာရိတ္တပျက်ပြားနေတာလား? ကျွန်မတို့ကို ဟော့ပေါ့ ပေးပေမယ့် အရံဟင်း တော့ မပေးဘူး။ ကျွန်မတို့က ဟင်းရည်ပဲသောက်ရမှာလား?” စုချန်ယန်က မျက်မှောင်ကြုတ်ပြီး ညည်းညူလိုက်သည်။
အဓိကကတော့ မနက်က လေယာဉ်ပေါ်မှာ သူတို့တွေ အများကြီးမစားခဲ့ရပေ။ အခုေတာ့ စားစရာက ရှိပေမယ့် အနံ့ခံနိုင် မြင်ဘဲမြင်နိုင်ပြီး စားတော့မစားရပေ။
"ဘာတွေ အလျင်လိုနေတာလဲ? ငါတို့တွေ ဂိမ်းကစားကြမယ် လို့ မပြောခဲ့ဘူးလား? မင်းအနိုင်ရရင် ကြိုက်သလောက်စားလို့ရတယ်"
ကျန်းရှစ်ချီက စုချန်ယန် ဆီသို့ တစ်ချက်ကြည့်လိုက်ပြီး "အမြန်လုပ်၊ စုချန်ယန် ဗိုက်ဆာလို့ငိုတော့မယ်"
စုချန်ယန် - “…”
“ကောင်းပြီ၊ ကောင်းပြီ၊ ဒီနေ့ လူတိုင်းကို အခက်အခဲ ဖြစ်အောင် မလုပ်ပါဘူး။ <I Have, You have Not> ဂိမ်းလေးတစ်ခု ကစားကြရအောင်"
“တစ်ယောက်ယောက်က သူတို့လုပ်ဖူးတာတွေကိုေပြာရင် မင်းတို့ လုပ်ဖူးတဲ့ဟာဆို လက်တစ်ချောင်ချိုးရမယ်။ ကစားသမားအားလုံး လက်ငါးချောင်းချိုးမိလိုက်ရင်တော့ ကျန်တဲ့ကစားသမားက အနိုင်ရပြီး လက်ရှိကစားသမားတစ်ယောက်စီအတွက် ဟင်းပွဲ တွေရွေးချယ်နိုင်တယ်။ ဟင်းသီး ဟင်းရွက်နဲ့ ဓါတ်မတည့်တာတွေလိုမျိုး အထူးအခြေအနေကလွဲရင် ကျန်ဧည့်သည်တွေက ဒါတွေကိုစားမယ်"
နောက်ဆုံးစကားတွင် သူက စုချန်ယန်ကို တမင်တကာကြည့်လိုက်သည်။
စုချန်ယန်မှာ အားကိုးရာမဲ့နေသည်။ အစက သူမမှာ ခရီးစဉ်ကို အပျော်သဘောနဲ့ သူမရဲ့ မြင်နိုင်စွမ်းကို အနိမ့်ဆုံးလျှော့ချဖို့ လာခဲ့ပေမယ့် ပရိုဂရမ်အဖွဲ့သားတွေက သူမရိုက်ချက်နည်းလွန်းမှာကို စိုးရိမ်ပြီး သူမဘက်ကိုပဲ ထိုးထိုးလာသည်။
စုချန်ယန်က ကောင်းကောင်း ပူးပေါင်းဆောင်ရွက်လာသည်။ သူမက တူကိုင်ထားတဲ့ လက်ကို မြှောက်ပြီး မေးလာသည်။ " လက်ထောက်ဒါရိုက်တာ ဟင်းသီးဟင်းရွက်တွေနဲ့ ဓါတ်မတည့်ရင် ဘယ်လိုလုပ်သင့်လဲ?"
လူတိုင်း - "?"
လက်ထောက်ဒါရိုက်တာက သူမကို မထီမဲ့မြင်တဲ့ အကြည့်ပေးလာပြီး "မင်း အသီးအရွက်ကြိုက်တယ်လို့ ပြောခဲ့တဲ့ ပထမအပိုင်းက ဗီဒီယိုကို ဆွဲထုတ်စေချင်တာလား?"
“အိုး ဟုတ်သား” လက်ထောက်ဒါရိုက်တာက ရုတ်တရက် မကောင်းတဲ့အကြံနဲ့ပြုံးလိုက်ပြီး “အကုန်လုံး အချိန်အတော်ကြာ အတူတူကုန်ဆုံးခဲ့တာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းသိပြီး တစ်ယောက်အကြိုက်တစ်ယောက် သိကြမယ်လို့ ထင်တယ်။ ချန်ယန်က အသီးအရွက်တွေကို အကြိုက်ဆုံးဆိုတာကို မမေ့ကြနဲ့နော်။ မင်းအနိုင်ရရင် ကျေးဇူးပြုပြီး သူ့အတွက် ခပ်များများလေး ရွေးပေးလိုက်ကြ"
စုချန်ယန်မှာ ထိတ်လန့်သွားတဲ့ အမူအရာနဲ့ ကြည့်လာသည်။
လူတိုင်းက သူမကိုစလာကြသည် -
“ချန်ယန် ကြိုက်တာဆိုတော့၊ သူ့အကြိုက်တွေကို ငါသေချာဖြည့်ဆည်းပေးမယ်"
"စုချန်ယန် နင့်ညီအစ်မရဲ့ ချစ်ခြင်းမေတ္တာကို လက်ခံဖို့ အဆင်သင့်ပြင်ထားတော့"
"မဖြစ်နိုင်ဘူး!"
ဝန်ထမ်းများသည် အပူချိန်ကို အနိမ့်ဆုံးထားပြီး ဟော့ပေါ့ကို ဆူအောင်တည်ထားသည်။
"အားလုံးပဲ အတူ--"
"စုန့်မင်ကန် ပါးစပ်ပိတ်ထား"
စုန့်မင်ကန် တိတ်သွားသည်။
"မင်းတို့အားလုံး ငါ့ကို အုပ်စုဖွဲ့ အနိုင်ကျင့်နေကြတာဘဲ!"
စုချန်ယန်လည်း "သူတို့က ငါ့ကိုလည်း အုပ်စုဖွဲ့အနိုင်ကျင့်နေတယ်!"
"လက်ထောက်ဒါရိုက်တာ အခုစလို့ရပြီ၊ ကျွန်မတို့အားလုံး ဗိုက်ဆာနေပြီ"
ချီဖုက apron ကိုဘယ်က ရှာတွေ့လာ လဲမသိဘဲ သူ့ခန္ဓာကိုယ်မှာ ချည်ထားကာ ထိုင်ခုံပေါ်မှာ သပ်ရပ်စွာထိုင်နေတာက လုံ့လစိုက်ထုတ်တဲ့ ကျောင်းသားတစ်ယောက်လိုပင်။
"ကောင်းပြီ၊ ချင်ယိုနဲ့ စလိုက်ရအောင်"
လက်ထောက်ဒါရိုက်တာက ဘယ်ဘက်အစွန်ဆုံးမှာ ထိုင်နေတဲ့ ချင်ယို့ကို လက်ညှိုးထိုးပြလိုက်သည်။
ချင်ယိုက လက်ငါးချောင်းကို မြှောက်ကာ မျက်မှောင်ကြုတ်လိုက်ပြီး မပြောချင် ခဏစဉ်းစားလိုက်ကာ “ကျွန်မအသက်ပြည့်ဖို့ နှစ်လလိုသေးတယ်"
သူမစကားဆုံးသွားတာနဲ့ သူမပတ်ဝန်းကျင်ရှိလူတွေမှာ ပင့်သက်ရှိုက်လိုက်ကြသည်။
"မင်းစလာတာနဲ့ အရမ်းရက်စက်တော့မှာလား?"
"ရှောင်ယို မင်းအခုပြောခဲ့တာက တကယ် စိတ်ဆိုးစရာဘဲဆိုတာ သိရဲ့လား?"
"လူငယ်တွေက တကယ်တော်တယ်"
ချင်ယိုကလွဲပြီး လူတိုင်းက လက်တစ်ချောင်း စတေးလိုက်ရသည်။
ချင်ယိုက သူတို့ကို ပြုံးပြလိုက်ပြီး "အဲဒါအတွက် တောင်းပန်ပါတယ်"
သူမဘေးမှာထိုင်နေသူက ရှန်ဖုဖြစ်ပြီး အနက်ရောင် လျှာထိုးဦးထုပ်ကို ဝတ်ထားသည်။ သူ ပြောလာသည်။ “ဒီဦးထုပ်တစ်လုံးနဲ့ အတိအကျတူတဲ့ ဦးထုပ်နှစ်ရာကျော် ရှိတယ်”
လူတိုင်း - “…”
ဟန်စုန့်ရွှယ်က ဒေါသတကြီးနဲ့ ပြောလာသည်။ “ရှင် အရမ်းရက်စက်တာပဲ”
ထန်ချီနဲ့ စုချန်ယန်တို့က လက်ချောင်းတစ်ချောင်းစီ ပူဇော်စွန့်လွှတ်လိုက်ရသည်။
ကျန်းရှစ်ချီ - “ကျွန်မမှာ တံဆိပ်တူအိတ်တစ်လုံးရှိတယ်။ အဲ့ဒီ ၂၀၀ထဲမှာ ထည့်တွက်သင့်တယ် မဟုတ်လား?"
လက်ထောက်ဒါရိုက်တာက ခေါင်းညိတ်ပြီး “အင်း လက်ချိုးစရာမလိုဘူး”
ဟယ်ရှု အလှည့်ရောက်လာအခါ သူမက ပေါ့ပေါ့တန်တန် ပြောလာသည်။ "ငါက စတန့်နှစ်ခါလုပ်ဖူးတယ်"
လူတိုင်း - “…”
ကံမကောင်းစွာဖြင့်၊ စုချန်ယန် အလှည့်မရောက်ခင်မှာဘဲ သူမရဲ့ လက်ငါးချောင်းစလုံးကို သတ္တိရှိရှိနဲ့ စတေးလိုက်ရသည်။ သူမမှာ ပါချင်စိတ်မရှိတော့ဘဲ သူတို့ကစားတာကိုသာ ကြည့်နေလိုက်သည်။
အဓိကမှာ သူမ မစားရသေးတဲ့အတွက် တစ်ယောက်ပြီးတစ်ယောက် ရှုံးသွားတာ စောင့်ဆိုင်းနေရုံဘဲကျန်တော့သည်။
လူတိုင်းရဲ့ အံ့ဩမှုအောက်မှာ နိုင်သွားတဲ့သူကတော့ ဟန်စုန့်ရွှယ်ပဲဖြစ်သည်။
သူမဟာ မိန်းကလေးအဖွဲ့ထဲမှာ ပါ၀င်ထိုက်သူဖြစ်ပြီး ထူးထူးဆန်းဆန်းတွေ မျိုးစုံလုပ်ခဲ့ဖူးသည်။
လူတိုင်းကို ဟင်းလျာတွေ ပေးဖို့သူမအလှည့်ရောက်လာတဲ့အခါသူမက စုချန်ယန်ကို မလိုလားတဲ့ ရည်ရွယ်ချက်နဲ့ ကြည့်ကာ အရသာမျိုးစုံနဲ့ ပြည့်နှက်နေတဲ့ စားပွဲပေါ်ကနေ စိမ်းလန်းစိုပြေနေတဲ့ ဆလတ်ရွက်တစ်ပန်းကန်ကို တမင်ရွေးပြီး စုချန်ယန်ရဲ့စားပွဲပေါ်တွင် တင်လိုက်သည်။
စုချန်ယန် သူမကို မျက်စောင်းထိုးတော့ ဟန်စုန့်ရွှယ်က အပြစ်ကင်းတဲ့ အကြည့်ပေးလိုက်သည်။
စုချန်ယန်က အံကြိတ်ပြီး ခြိမ်းခြောက်လိုက်သည်။ "နင်ငါ့ကို စောင့်နေ"
ဟန်စုန့်ရွှယ်က ပခုံးတွန့်လိုက်ပြီး ပြန်ချေပလာသည်။ "ဂိမ်းထဲမှာ စကားတစ်ခွန်းတောင် မပြောလိုက်ရတဲ့နင်က ပါးစပ်ပိတ်ထား!"
ဒါပေမယ့် ဟန်စုန့်ရွှယ်က စုချန်ယန်ကိုဘဲ အတိအကျ ပစ်မှတ်ထားတာမဟုတ်ပေ။ သူမရဲ့ ကြီးကြပ်မှုအောက်တွင် ဧည့်သည်တိုင်းကို ပေးတဲ့ ဟင်းလျာတွေမှာ နည်းနည်းတော့ ပုံမှန်မဟုတ်ပေ။
အဲ့ဒီအခိုက်အတန့်မှာ ဧည့်သည်အားလုံးရဲ့ စိတ်ထဲမှာ သဘောတူညီမှုတစ်ခု ရောက်လာသည် - ဟန်စုန့်ရွှယ်ကို နောက်တစ်ခါ အနိုင်ယူခွင့်မပြုဘူး။
စုချန်ယန်မှာ ဗိုက်အရမ်းဆာနေတာကြောင့် ဆလတ်ရွက်ကို အိုးထဲထည့်ကာ စားလို့ကောင်းတယ်လို့ မှတ်ယူပြီး ဝါးစားလိုက်တော့သည်။
“ဒုတိယအကျော့ စမယ်--”
“ဒီနှုန်းနဲ့ဆို ဒီနေ့ညအထိ စားလို့ပြီးမှာ မဟုတ်ဘူး” စုန့်မင်ကန်က မှတ်ချက်ပေးလာသည်။
စုချန်ယန်ကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။
ဟယ်ရှုက ပြောလာသည်။ "ပထမလူငါးယောက်က သူတို့ကိုယ်သူတို့ မဖြစ်နိုင်တဲ့အကြောင်းပြောပြီး ကျန်တဲ့ဧည့်သည်တွေကို သုတ်သင်ဖို့ ဘာလို့ မကြိုးစားရမှာလဲ?"
စုချန်ယန် - "အဓိပ္ပါယ်ရှိတယ်!"
လက်ထောက်ဒါရိုက်တာက ၎င်းတို့ရဲ့အစီအစဉ်ကို မတားဘဲ တစ်ဖက်ခြမ်းက ချီဖုကို ရွေးလိုက်သည်။
"ကျွန်တော်က စီချွမ်က"
တခြားသူတွေက လက်တစ်ချောင်းစီချိုးလိုက်ကြသည်။
နောက်တစ်ယောက်က ကျန်းရှစ်ချီ - "ရှိုးပွဲတက်ဖို့ ပိုက်ဆံ ပေးခဲ့ဖူးတယ်"
လူတိုင်း - “…”
သူမက အကုန်လုံး ပြောရဲတယ်လား?