← Chapters

အခန်း ၁၀၂

Vol. 8 Ch. 102

အခန်း ၁၀၂

Vol. 8 Ch. 102

သူမအခန်းထဲမပြန်ခင် ထန်ချီက Weibo မှာ ဒီအဖြစ်အပျက်ကို လူသိရှင်ကြားဖြစ်အောင်လုပ်ပြီး ရဲကိုအကြောင်းကြားမယ်လို့ လူတိုင်းကိုပြောပြလိုက်သည်။

လူထုက သူမကို ပြင်းပြင်းထန်ထန် ဝေဖန်ပါက <Travel> မှ သူမနုတ်ထွက်ကြောင်း ကြေညာမည်ဖြစ်သည်။ မဟုတ်ပါက ပရိုဂရမ်အဖွဲ့နဲ့ တခြားဧည့်သည်တွေကို ထိခိုက်မှာ သေချာသလောက်ပင်။

ပရိုဂရမ်အဖွဲ့က သူမရဲ့အစီအစဉ်ကို သဘောတူလိုက်ပြီး လူတိုင်းက သူတို့ရဲ့ အခန်းဆီပြန်သွားကြပြီး လူအများရဲ့သဘောထားကို စူးစမ်းပေးဖို့ ထန်ချီရဲ့ Weibo တွင် စောင့်ဆိုင်းနေကြသည်။

နေ့လည် 2:30 နာရီတွင် ရေပန်းစားနေတဲ့ ဖန်တွေကို မတော်မတရား လုပ်ရပ်နဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေတဲ့ ထန်ချီက နောက်ဆုံးမှာ Weibo တွင် တုံ့ပြန်ချက်တစ်ခု တင်ခဲ့သည်။

ထန်ချီရေးထားသည်မှာ -

[တောင်းပန်ပါတယ် နှစ်တွေကြာအောင် မင်းတို့ရဲ့ချစ်ခြင်းနဲ့ အားပေးမှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ မင်းတို့ကို စိတ်ပျက်စေမိပြီ။

မနေ့ညက လမ်းပေါ်မှာ ကျွန်မနဲ့အငြင်းပွားခဲ့တဲ့သူက ကျွန်မရဲ့ခင်ပွန်းဟောင်းပါ။

သူက လောင်းကစားကို စွဲလန်းနေပြီး အကြိမ်ကြိမ်....]

ဒိWeibo ပို့စ်တွင် ခင်ပွန်းဟောင်းနှင့် ကွာရှင်းရသည့် အကြောင်းရင်း၊ ငွေညှစ်ခံရသော ပမာဏနှင့် နှစ်တွေတစ်လျှောက် ကလေး ထောက်ပံ့မှု ပြဿနာ အပါအဝင် သူမ ခင်ပွန်းဟောင်းနဲ့ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ အမျိုးမျိုးကို အသေးစိတ် ဖော်ပြထားသည်။

ခင်ပွန်းဟောင်းက သူတို့ရဲ့ကလေး စောင့်ရှောက်ဖို့ အတွက် တစ်ပြားတစ်ချပ်တောင် မထောက်ပံ့ခဲ့ဘဲ အရာရာကို သူမဘာသာသူမ စောင့်ရှောက်ခဲ့ရကြောင်း ပြောပြထားသည်။

ပို့စ်ရဲ့အဆုံးမှာတော့ အစတုန်းက သူမ လူသိရှင်ကြားမထုတ်ပြောခဲ့ရတဲ့ အကြောင်းအရင်းမှာတော့ သူမရဲ့ ပရိသတ်တွေနဲ့ အင်တာနက်အသုံးပြုသူတွေက လက်မခံမှာကို စိုးရိမ်ပြီး သူမရဲ့ အနုပညာအလုပ်တွေ ထိခိုက်သွားမှာကို စိုးရိမ်တာကြောင့်လို့ ရေးသားခဲ့သည်။ သူမကလူတိုင်းကို ရိုးသားစွာနဲ့ တောင်းပန်ခဲ့သည်။

သူမရဲ့ ခင်ပွန်းဟောင်းနဲ့ ငြင်းခုန်စကားများခဲ့တဲ့ စခရင်ရှော့ပုံများစွာလည်း မှတ်ချက်နေရာတွင်ရှိနေပြီး သူမက အေးအေးဆေးဆေး ငြိမ်ခံနေတာမဟုတ်ကြောင်း အသေးစိတ် အထောက်အထားများ ပြထားသည်။

Weibo ပို့စ်သည် ချက်ချင်းပင် တုံ့ပြန်မှုတွေ ရရှိခဲ့သည်။

စုချန်ယန်နဲ့ ပရိုဂရမ်အဖွဲ့ရှိ အခြားအဖွဲ့ဝင်တွေက လူအများရဲ့တုံ့ပြန်မှုကို ကြည့်ရန် သူတို့ရဲ့ Weibo ကို အဆက်မပြတ် စစ်ဆေးနေကြသည်။

တကယ်တော့ ပရိသတ်တွေက သူတို့အကြိုက်ဆုံး အနုပညာရှင်ရဲ့ စရိုက်ကို သဘောကျကြပြီး ကျဆင်းသွားရင်တော့ အနုပညာရှင်က ဝေဖန်မှုတွေ အများကြီးခံရမှာ သေချာပေါက်ပင်။

Weiboမှာ ပို့စ်တင်ပြီးနောက် စုချန်ယန်က ချက်ချင်း မှတ်ချက်တွေနေရာ သွားကာ မှတ်ချက်အသစ်တွေကို လိုက်ကြည့်သည်။

[အမ်းးးး]

[မဟုတ်‌သေးဘူး၊ ငါ နားမလည်ဘူး ဒါနဲ့ပတ်သတ်ပြီး ဘာကိုလူသိရှင်ကြား မပြောနိုင်ရတာလဲ? ကိုယ်ကိုယ်ကို နာမည်ကြီး အနုပညာရှင် တစ်ယောက်လို့ ထင်‌နေတာလား? နိုးထတော့ မင်းတစ်ယောက်ထဲ ဘယ်သူမှမရှိဘူး]

[အာ ဒါက စိုးရိမ်ဖို့လိုတဲ့အရာလား? ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါဦး၊ ဖန်တွေက မင်းရဲ့အပြင်ပန်းပုံစံကြောင့် သဘောကျတယ်လို့ ထင်နေတာလား?]

[ဟင်း....ကိုယ့်ကိုယ်ကို မရေမရာဖြစ်နေတာပဲ။ မင်းလက်ထပ်ထားသည်ဖြစ်စေ ကလေးရှိသည်ဖြစ်စေ ဘယ်သူမှ ဂရုမစိုက်ဘူး]

[အစ်မ၊ ဒါကို အလေးအနက်ထား... ဒါက ထိပ်တန်းအနုပညာရှင်တွေ စိုးရိမ်ရမယ့်အရာပဲ အစ်မက စိုးရိမ်ဖို့မလိုဘူး]

[ဒီလောက် ရူးမိုက်တဲ့သူမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒီအတွက်ကြောင့်နဲ့ သန်းနဲ့ချီပြီး ငွေညှစ်ခံရတာလား? မင်းရဲ့ကလေးကို မင်းရဲ့ဦးနှောက် အမွေမပေးခဲ့ဘူးလို့ ငါမျှော်လင့်ပါတယ်]

[အစ်မ ရိုးရိုးသားသားပြောရရင်… အစ်မ အဖွားဖြစ်လာရင်တောင် ငါဂရုမစိုက်ဘူး။ သရုပ်ဆောင်တာကိုပဲ အာရုံစိုက်လို့ရမလား?]

[ရဲကို အကြောင်းကြားလိုက်ပါ! အောက်ကလူကို ထောင်ချရမယ်!]

စုချန်ယန်မှာ ထန်ချီရဲ့ Weibo ပို့စ်အောက်က မှတ်ချက်တွေကို ကြည့်ပြီး ခဏလောက် အံ့အားသင့်သွားသည်။

ဒါက.... သူမ စိတ်ကူးထားသလို မဟုတ်ဘူးဘဲ။

Weibo ပို့စ်တင်ပြီးနောက် ထန်ချီက တစ်ကိုယ်လုံး အေးစက်သွားကာ ဖုန်းကို ဘေးသို့ ပစ်ချပြီး ပြန်မကြည့်ရဲတော့ပေ။

အချိန်အတော်ကြာမှာ သူမဘေးနားက မန်နေဂျာကို မေးလိုက်သည်။ “ဘာတွေပြောနေကြလဲ? ငါ့ကို ကျိန်ဆဲနေကြတာလား?"

သူမရဲ့မန်နေဂျာက သူမကို ထူးဆန်းသလိုကြည့်လိုက်ပြီး "ဟုတ်တယ်၊ သူတို့ ရှင့်ကို ဆဲနေကြတယ်"

"…ဘယ်လောက်များ?"

“တော်တော်များတယ်”

အသက်ပြင်းပြင်းရှူရင်း ထန်ချီရဲ့မျက်လုံးတွေ နီရဲလာကာ မေးလိုက်သည်။ “သူတို့ဘာတွေကို ဆဲနေကြတာလဲ?"

"အစ်မ ဦးနှောက်ထဲမှာ ရေတွေပဲ ရှိတယ်လို့ ပြောကြတယ်"

"ပြီးတော့ ဘာဖြစ်လဲ?"

မန်နေဂျာက လည်ချောင်း ရှင်းလိုက်ပြီး ပြောလာသည်။ "မင်းက အရှုံးသမားဘဲ ထိပ်တန်းအဆင့်ကို မမှန်းပါနဲ့"

ထန်ချီမှာ အံ့အားသင့်သွားသည်။

"ဟင်?"

ထန်ချီက ခေါင်းကို လှည့်ကာ ရှုပ်ထွေးနေတဲ့ပုံပေါ်နေပြီး ဒါတွေပ သူမ မျှော်လင့်ထားတဲ့အတိုင်း မဟုတ်ပေ။

"ဘာ?" ထန်ချီက တစ်ခုခု လွဲနေသလားလို့ စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်သည်။

မန်နေဂျာက သူမကို ဖုန်းပေးလိုက်ပြီး "အစ်မရဲ့ Weibo မှတ်ချက်အပိုင်းမှာ တစ်စုံတစ်ယောက်က မင်းမှာ ထိပ်တန်း အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ကံကြမ္မာမရှိဘူး၊ ဒါပေမယ့် တစ်ယောက်ထဲစွဲလမ်းနေတာဘဲ လို့ပြောထားတယ်"

“…”

ထန်ချီမှာ စိတ်ဆိုးလွန်းလို့ ငိုဖို့တောင်မေ့သွားပြီး မန်နေဂျာဆီက ဖုန်းကို ယူလိုက်သည်။

[အနုပညာရှင်လေးတွေက သူတို့ရဲ့ပုံရိပ်ကို စိတ်ပူနေတာလား?]

[အစ်မ တကယ် စိတ်ပူစရာမလိုပါဘူး]

[ဖျော်ဖြေရေးလောကမှာ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်းလုပ်ခဲ့ပြီး ကိုယ့်ပရိသတ်တွေကိုကြည့်ပြီး မလုံခြုံဘူးလို့ ထင်ရတာလား?]

[မင်းမှာ ဦးနှောက်‌ရောရှိရဲ့လား။ အဲ့ဒါကြောင့် သန်းပေါင်းများစွာ အလိမ်ခံရတာလား?]

[ဦးနှောက်လိုချင်ရင် ငါလှူပေးလို့ရတယ်]

Weibo ကမှတ်ချက်တွေကို ဖတ်ပြီးတဲ့နောက် ထန်ချီမှာ သူ့ဘေးနားက မန်နေဂျာကို ကြည့်ရင်း စိတ်ရှုပ်ထွေးသွားသည်။

"ဒီကိစ္စကို စိုးရိမ်နေတာ ငါမှားတာလား?"

သူမရဒ့ မန်နေဂျာက သူမကို နည်းနည်းရယ်ချင်သလိုကြည့်လိုက်ပြီး ပြောလာသည်။ “မလိုတော့ဘူးလေ"

ထန်ချီ - “…”

သူမရဲ့ ကွာရှင်းပြတ်စဲမှုနဲ့ ကလေးရှိတဲ့သတင်းက သူမရဲ့ ပရိသတ်တွေနဲ့ အင်တာနက်အသုံးပြုသူတွေဆီက တုံ့ပြန်မှု သိပ်မရရှိခဲ့ပေမယ့် ထန်ချီပ Weibo မှာ တင်ပြီးနောက် ဆက်စပ်နေတဲ့ key wordတွေက သူမကိုယ်သူမ လေးလေးနက်နက်မတွက်ဆခဲ့တဲ့အတွက် လှောင်ပြောင် နေကြပြီး သူမရဲ့ကိုယ်ပိုင်ရပ်တည်ချက်ကိုနားလည်သည်။

ထန်ချီက သူမ ပရိသတ် တွေကို လူသိရှင်ကြား စော်ကားတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သူမဟာ နုံအလွန်းတာကြောင့် ခင်ပွန်းဟောင်းရဲ့ ခြိမ်းခြောက်ငွေညှစ်ခြင်းကို ခံခဲ့ရ‌ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

သူမရဲ့အသက်မွေးဝမ်းကြောင်းနဲ့ ကလေးနဲ့ ခြိမ်းခြောက်ခံရပြီးတဲ့နောက်မှာ သူမရဲ့ စိတ်ခံစားချက်တွေအားလုံး လုံးဝပြိုပျက်သွားကာ ဒီလိုမျိုးလုပ်ဆောင်ဖို့ ဦးတည်လာခဲ့သည်။

သူမရဲ့ ပရိတ်သတ်ကို စော်ကားတယ်ဆိုတဲ့ အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း သိသွားကြသရွေ့ Weibo မှာ သူမကို လှောင်ပြောင်တဲ့ မှတ်ချက်တွေဟာလည်း အရေးမကြီးသလို သူမမှာ ပုဂ္ဂိုလ်ရေးအရ ထိခိုက်မှု မရှိတော့တာကြောင့် သူမရဲ့ ပရိသတ်တွေနဲ့ လူအများက သူမရဲ့ ပုံရိပ်ကို သိပ်ဂရုမစိုက်ကြပါချေ။

ထန်ချီက အချိန်နဲ့တစ်ပြေးညီ Weiboကိုဝင်ကြည့်ပြီး မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

သူမ နေ့တိုင်း စိတ်ပူပြီး ဖုံးကွယ်ထားတဲ့ အရာတွေကို ရှာဖွေတွေ့ရှိမှာ ကြောက်နေခဲ့တဲ့အရာက ဒီလိုမျိုး ရိုးရိုးရှင်းရှင်းနဲ့ ရှင်းလင်းသွားတာလား? အရင်က သူမလက်ထပ်ခဲ့တာကို ဘယ်သူမှ ဂရုမစိုက်ကြဘူးတဲ့လား?

သူမရဲ့ ကာလရှည်ကြာ အားပေးခဲ့တဲ့ ပရိတ်သတ်‌တွေဆီကနေတောင် မက်ဆေ့ချ်တွေ ရခဲ့သည် -

【အစ်မထန်၊ အစ်မက တကယ် စိုးရိမ်လွန်းနေတာဘဲ။ အသက် ၃၀လောက်ရောက်မှ အစ်မရဲ့ပရိသတ်‌တွေအတွက် အစ်မရဲ့ကွာရှင်းပြတ်စဲထားတယ်ဆိုတာက ဆိုးတဲ့အရာလို့ထင်နေမယ် ထင်ထားတာလား?]

[ဒါကြောင့် လူယုတ်မာက အစ်မဆီကနေ ပိုက်ဆံအများကြီး ခြိမ်းခြောက် ငွေညှစ်ခဲ့တာပေါ့။ ဘာပြောရမှန်းတောင် မသိတော့ဘူး။ တကယ်လို့ ဒီဖြစ်အပျက်က ဗိုင်းရပ်စ်သာမဝင်ခဲ့ရင် အစ်မက သူ့ဆီကနေ တစ်သက်လုံး ငွေအညှစ်ခံဖို့ စီစဉ်ထားတာလား? အစ်မက မငယ်တော့ပါဘူး၊ အမေတစ်ယောက်တောင်ဖြစ်နေပြီ။ ကိုယ့်ကိုယ်ကို သေချာဂရုစိုက်ပါ]

ထန်ချီ - “…”

ထန်ချီမှာ တကယ်ကို စိတ်ရှုပ်သွားသည်။ သူမက ဒီလိုမျိုးး တိုးတက်လာမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါချေ။ ဖွင့်ဟထုတ်ပြောပြပြီးရင် သူမရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းက ပျက်စီးသွားလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ဘာဖြစ်သွားတာလဲ?

သူမ တုံ့ပြန်တာ လွန်သွားခဲ့လို့လား?

ထိပ်တန်းအနုပညာရှင်တစ်ဦးက ကွာရှင်စထားပြီး ကလေးတစ်ယောက်ပါ ရှိတယ်လို့ ရုတ်တရက် ကြေညာခဲ့ရင် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံရနိုင်သည်။ အနုပညာရှင်ငယ်လေး တစ်ယောက်အနေနဲ့ဆို ဘယ်သူက ဂရုစိုက်မှာလဲ?

ရလဒ်က သူမထင်ထားတာထက် အများကြီး ပိုကောင်းပေမယ့် နည်းနည်း ရှက်ရွံ့ပြီး စိတ်မသက်မသာ ဖြစ်သလို ခံစားရသည်။

Weiboပို့စ် အောက်ခြေက မှတ်ချက်တွေကို ကြည့်ပြီး စုချန်ယန် သက်ပြင်းချလိုက်သည်။

ဟန်စုန့်ရွှယ်က Weiboပို့စ် ကိုဖတ်လို့ပြီးတော့ စုချန်ယန်ဆီ မက်ဆေ့ချ်နည်းနည်းပို့လိုက်သည်။

[ Weibo ကဟာက ဘာအဓိပ္ပါယ်လဲ?]

[အစ်မထန်ချီက အစီအစဉ်ကနေ နုတ်ထွက်ဖို့ မလိုတော့ဘူး ဟုတ်တယ်မဟုတ်လား?]

[အစ်မထန်ချီသာ အစီအစဉ်ကနေ ထွက်ရရင် ငါတို့တွေ သူစိမ်းတွေလိုဖြစ်သွားမှာ ငါမလိုချင်ဘူး]

[ချန်ယန် ချန်ယန် ချန်ယန် ချန်ယန် မြန်မြန်ထွက်လာခဲ့!]

ဟန်စုန့်ရွှယ်က စကားပြောနေသည်။ သူမနဲ့ ဘယ်သူမှ စကားမပြောရင်လည်း သူမဘာသာ မက်ဆေ့ခ်ျ အစောင်တစ်ရာလောက် ပို့ပြီး စကားပြောနိုင်သည်။

စုချန်ယန်မှာ သူမရဲ့ဆက်တိုက်ပေါ်လာနေတဲ့ မက်ဆေ့ခ်ျတွေကို နှိပ်လိုက်သည်။

[ အစီအစဉ်က‌နေ အစ်မထန်ချီနုတ်ထွက်ဖို့မလိုဘူး။ စိတ်မပူနဲ့]

ဟန်စုန့်ရွှယ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး - [ကောင်းတယ်၊ ငါကြောက်လို့သေတော့မယ်]

သူနဲ့ စကားနည်းနည်းပြောလို့ပြီးတော့ စုချန်ယန်က စကားပြောတာကို အဆုံးသတ်လိုက်ပြီး WeChat ကနေထွက်လိုက်သည်။

စုချန်ယန်မှာ စိတ်သက်သာရာရသွားပြီး အားနေတဲ့အချိန်အတွင်း တစ်ရေးတစ်မောလောက် ကောင်းကောင်းအိပ်ဖို့ ရည်ရွယ်ပြီး အိပ်ရာဝင်လိုက်သည်။

ရှောင်လုက သစ်သီးပန်းကန်တစ်လုံးနဲ့ ဝင်လာပြီး အိပ်ယာပေါ်မှာ လဲနေတဲ့ စုချန်ယန်ကို မေးလိုက်သည်။ “နင်အသီးအနှံတွေ ကြိုက်လား? ငါ့ဝမ်းကွဲအစ်ကိုက နင်နေ့လည်စာက အဆီများလွန်းလို့ ဒါက နင့်ကို ပိုကောင်းအောင် ကူညီပေးနိုင်တယ်လို့ပြောတယ်"

ကုတင်ဘေးက စားပွဲပေါ် မှာအသီးအနှံတွေကို ချရင်းနဲ့ ရှောင်လုက တတွတ်တွတ်ရွတ်‌နေသည်။ "သူကကုမ္ပဏီမှာ ရှိနေပေမယ့် နင့်အတွက်အတွက် ငါ့ကို အသီးအနှံတွေ လုပ်ခိုင်းတယ်။ သူ့ညီမအတွက်ကျတော့ ဘယ်တော့မှ မစဉ်းစားပေးတတ်ဘူး"

စုချန်ယန်က နေ့လယ်စာ အလွန်အကျွံစားမိပြီး ဗိုက်အင့်ကာ အိပ်ပျော်ဖို့ခက်နေသည်။ ရှောင်လုရဲ့ ရေရွတ်သံကို ကြားတော့ သူမက အိပ်ကနေ ထထိုင်လိုက်ပြီး ပြောလိုက်သည်။ "ကျေးဇူးပါ"

ရှောင်လုက သူမမျက်နှာကို ညှစ်လိုက်ပြီး "ဘာကို ကျေးဇူးတင်နေတာလဲ? နင်က ဒီလောက် တောင်လွယ်တဲ့ ပစ်မှတ်လား? ငါက နင့်လက်ထောက်ဖြစ်ပြီး ဒါကိုလုပ်ဖို့ အခကြေးငွေယူထားတာ။ ဒါကိုအထိုက်အလျောက်ဘဲ လုပ်သင့်တယ်"

စုချန်ယန်က သူမရဲ့လက်ကို ဖယ်လိုက်ပြီး ပန်းသီးတစ်ခြမ်းယူလိုက်ကာ "မန်နေဂျာလင်းက လာနေပြီတဲ့လား?"

ရှောင်လုက ဖရဲသီးတစ်စိတ်ကို ယူလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ ပရိုဂရမ်အဖွဲ့က မနက်ဖြန်ကျရင် နင်တို့ကို တခြားနေရာကို ခေါ်သွားမှာ။ သူကအဲဒီကိုဘဲ တိုက်ရိုက်သွားမယ်ထင်တယ်"

စုချန်ယန်က နားမလည်သလိုကြည့်လိုက်ပြီး မေးလိုက်သည်။ "ဒီအပိုင်းကို ဒီမှာ ရိုက်မှာ မဟုတ်ဘူးလား?"

“မဟုတ်ဘူး၊ အဲဒါက ရှုခင်းသာဧရိယာမှာရိုက်မှာ"

"ရှုခင်းသာဧရိယာ?"

ရှောင်လုက ရှင်းပြလာသည်။ "အစီအစဉ်မလွှင့်ခင်မှာ ဒါကပျက်သွားသည်ဖြစ်စေ၊ မပျက်သွားသည်ဖြစ်စေ ဘယ်သူမှမသိဘူး။ ဒါကြောင့် ရိုက်ကူးရေးနေရာကို ရွေးချယ်တဲ့အခါမှာ ပရိုမိုးရှင်းလုပ်ဖို့လိုအပ်တဲ့ ဒေသန္တရအစိုးရအချို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရွေးချယ်လိုက်ပြီး ငွေလက်ခံဖို့ စာချုပ်တွေချုပ်ဆိုခဲ့တယ်"

စုချန်ယန်က နားမလည်ဟန်နဲ့ ခေါင်းညိတ်လိုက်သည်။သူမမှာ အရင်က variety show တစ်ခါမှ မရိုက်ဖူးတဲ့အတွက် ဒီလိုဟာတွေကို သိပ်မသိပေ။

ရှောင်လုက ဆက်ပြီးရှင်းပြလာသည်။ “ပထမအပိုင်းကို ထုတ်လွှင့်ပြီး‌တော့၊ ဝမ်ကျင့်ရွာက အွန်လိုင်းမှာ ရေပန်းစားလာတယ်။ လူတော်တော်များများက သွားရောက်ကြည့်ချင်ကြတယ်လို့ ကြားခဲ့ရပြီး ဒါက ဒေသတွင်း စီးပွားရေးကို မြှင့်တင်ပေးတယ်‌လေ။ ဒါပေမယ့် ဒုတိယအပိုင်းရဲ့ အဆင့်သတ်မှတ်ချက်က နည်းနည်း နိမ့်ကျသွားပေမယ့် အတော်လေး ကောင်း‌နေတုန်းပဲ။ ဒီအပိုင်းက‌နေစပြီး ထောက်ခံအားပေးမှုတွေလိုမျိုး ပရိုမိုးရှင်းလုပ်ဖို့အတွက် နာမည်ကြီးဧည့်သည်တွေလည်း ရှိလာလိမ့်မယ်"

ဒါကိုကြားတော့ စုချန်ယန်က သိချင်လာပြီး မေးလိုက်သည်။ "ဒီအပိုင်းရဲ့ နာမည်ကြီးဧည့်သည်က ဘယ်သူလဲ?"

ရှောင်လုက ပခုံးတွန့်လိုက်ပြီး "ငါလည်းမသိဘူး။ သူတို့က တင်းတင်းကြပ်ကြပ်ကို လျှို့ဝှက်ထားထားတာ'

“အိုး”

All Chapters