← Chapters

အခန်း ၁၀၄

Vol. 8 Ch. 104

အခန်း ၁၀၄

Vol. 8 Ch. 104

ကိုယ်စားလှယ်အလုပ် နည်းနည်းသာရှိတဲ့ ထျန်းရုန်လို မင်းသမီးငယ်တစ်ယောက်အနေနဲ့၊ အထူးသဖြင့် <Travel>ရဲ့ပထမအပိုင်းနှစ်ပိုင်းက ဝေဖန်သုံးသပ်ချက်ကောင်း တွေရထားပြီး ကမ္ဘာလှည့်ခရီးသည်တွေကို အောင်မြင်စွာနဲ့ ဆွဲဆောင်နိုင်တာကြောင့် သူမရဲ့ပုံရိပ်ကို မြှင့်တင်ဖို့အတွက် ဒီလိုရှိုးမှာ ပါဝင်တာက ပုံမှန်ဘဲဖြစ်သည်။ သူမ အစီအစဉ်မှာ ပါဝင်တာက သူမရဲ့ မွေးရပ်မြေကို ကျော်ကြားမှုတချို့ရစေမှာပင်။

ဒါပေမယ့် သူမနဲ့ ထျန်းရုန်သာ တူညီတဲ့ ရှိုးထဲမှာ ပါလာမယ်ဆိုရင် အငြင်းပွားစရာတွေ ဖြစ်လာနိုင်သည်။ ဒါက အစီအစဉ်အတွက် ဆိုးရွားတဲ့ ကိစ္စမဟုတ်ပေမယ့် စုချန်ယန်နဲ့ ထျန်းရုန်အတွက်တော့ ကောင်းတဲ့ အရာမဟုတ်ပါချေ။ အရင်က ပြဿနာတွေကို ယူလာတာက သူတို့နှစ်ယောက်စလုံးအတွက် အကျိုးရှိမည် မဟုတ်တာကြောင့် ထျန်းရုန်က ဒီရှိုးမှာ ပါဝင်ဖို့ ဘာလို့သဘောတူလိုက်လဲဆိုတာကို စုချန်ယန်နားမလည်ပါချေ။

သို့ပေမယ့် ဒါက ပရိုဂရမ်အဖွဲ့ရဲ့အဆုံးအဖြတ်ဖြစ်ပြီး စုချန်ယန်မှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိချေ။ ဒါ့အပြင် ထျန်းရုန်တောင် ဂရုမစိုက်တာကို သူမကရော ဘာလို့ ဂရုစိုက်ရမှာလဲ? အဆုံးမှာ‌တော့ သူက မှားခဲ့တဲ့သူပဲလေ သူမမှ မဟုတ်ဘဲ။

စုချန်ယန်က ဘာမှပြန်မပြောဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"ကျွန်တော် ဒီကိစ္စကို Mr.လင်းနဲ့ ဆွေးနွေးလိုက်မယ် မင်းကတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပေါ့"

"ကောင်းပြီ ဒါဆို ကျွန်မအရင်သွားတော့မယ်"

စုချန်ယန်က လှည့်ထွက်သွားပြီး အသုံးဝင်သောအရာများကို ရှာဖို့ အမှိုက်ပုံထဲ ပြေးလွှားနေတဲ့ လူတစ်စုရှိတဲ့ အခန်းဆီ သွားလိုက်သည်။

စုချန်ယန်ဝင်လာတာကိုမြင်တော့ ဟန်စုန့်ရွှယ်က ချက်ချင်းပဲ သူမနားကို ဝိုင်းလာကာ “လက်ထောက်ဒါရိုက်တာက နင့်ကို ဘာလုပ်ခိုင်းတာလဲ? သူက နင့်ရဲ့အသင်းဖော်ကို ပြောင်းချင်လို့လား? ငါတော့ ငါကတော်တော်ကောင်းတယ်လို့ထင်တယ်"

ခုနတုန်းက သူမကို ဘယ်လိုရှောင်ခဲ့လဲဆိုတာ စုချန်ယန်က မမေ့သေးဘဲ နှုတ်ခမ်းထောင့်ကို တွန့်လိုက်ပြီး “မပြောင်းဘူး”

ဟန်စုန့်ရွှယ်မှာ မျက်နှာပျက်သွားကာ "အိုး"

စုချန်ယန်က သူမကို ညင်သာစွာ တွန်းလိုက်ပြီး "အသုံးဝင်တာ‌တွေကိုဘဲ သွားရှာစမ်းပါ"

ကျန်းရှစ်ချီဆီ ပြန်ရောက်လာတဲ့အခါ သူမက ကျိုးပဲ့နေတဲ့ အရုပ်တွေကြားမှာရပ်နေပြီး စုချန်ယန်ကို နားမလည်တဲ့ အမူအရာနဲ့ ကြည့်ကာ "ဒီကလေးပစ္စည်းတွေကို တကယ်ရောင်းလို့ရတာ သေချာလား?"

စုချန်ယန် ခေါင်းညိတ်လိုက်သည်။ "သေချာတယ်"

ဟန်စုန့်ရွှယ်ကတော့ သံသယရှိနေတုန်းပင်။

စုချန်ယန်က ထိုင်ချလိုက်ပြီး နည်းနည်းကောင်းတဲ့ အရုပ်တွေကို လှန်လျောရှာကြည့်လိုက်တော့ ဒါက ပရိုဂရမ်အဖွဲ့က ဝယ်ထားတဲ့အသုံးမဝင်တဲ့ အစိတ်အအပိုင်းတွေဖြစ်မယ်မှန်း သူမ သဘောပေါက်လိုက်ပေမယ့် ဒါတွေကို အတူတူတပ်လိုက်ရင် အသစ်စက်စက်ဖြစ်လာလိမ့်မည်ဖြစ်ပြီး ရှာဖို့ မခက်ပေ။

စုချန်ယန်က အရုပ်တွေကို တပ်နေတုန်း ကျန်းရှစ်ချီကို ပြောလိုက်သည်။ "အများအားဖြင့်ဆို မိဘတွေက သူတို့ရဲ့ ကလေးတွေကို ဒီလိုနေရာမျိုးတွေဆီ ခေါ်လာလေ့ရှိတယ်။ ကလေးက အရုပ်ဝယ်ချင်တယ် စျေးလည်းသိပ်မကြီးဘူးဆိုရင် သူတို့မိဘတွေကို ပူဆာပြီး လာဝယ်ကြလိမ့်မယ်"

ကျန်းရှစ်ချီက တဝက်‌လောက် ယုံသွားပြီးထိုင်ချလိုက်ကာ အရုပ်တွေကို တပ်ဖို့ ကူပေးလိုက်သည်။

စုချန်ယန်က ဆက်ပြောလာသည်။ “ကလေးတွေက အရုပ်တွေရဲ့ အရည်အသွေးကို ဂရုမစိုက်ဘူး။ ရက်နည်းနည်းအတွင်းမှာဘဲ သူတို့နဲ့ကစားရတာ ငြီးငွေ့လာပြီး အသစ်တွေ ဝယ်ချင်လာလိမ့်မယ်။ ဒါကြောင့် ကလေးတွေ ကစားစရာအရုပ်တွေက တခြားပစ္စည်းတွေထက် ပိုရောင်းကောင်းတယ်”

ကျန်းရှစ်ချီက ခေါင်းညိတ်ပြပြီး နည်းနည်း နားလည်သွားသည်။ "နင် ဒီအကြောင်း‌တွေ တော်တော်သိတာဘဲ"

“ကျွန်မ ငယ်ငယ်တုန်းက Valentine's Day မှာဆို ပစ္စည်း‌တွေ၊ ပန်းတွေရောင်းတယ်‌လေ။ အငြင်းခံရတာရှိသလို ဒေါသကြီးတဲ့ လူတချို့ဆို မောင်းထုတ်ကြတယ်"

ကျန်းရှစ်ချီမှာ အရင်တုန်းက ဒီလိုမျိုး မကြုံဖူးတဲ့အတွက် စုချန်ယန်ပြောပြတာနဲ့ ပတ်သက်ပြီး အရမ်းသိချင်တာကြောင့် အရုပ်တွေကို ကြိုးစားတပ်တော့သည်။

"စုန့်ရွှယ် မင်းဘာကြည့်နေတာလဲ?"

ချီဖုက လည်စည်းပဝါနည်းနည်းကို ကိုင်ထားပြီး ဟန်စုန့်ရွှယ်ကို သံသယနဲ့ ကြည့်လိုက်သည်။

ဟန်စုန့်ရွှယ်က ငြိမ်သက်စွာ ရပ်နေပြီး မလှမ်းမကမ်းတွင် စကားစမြည်ပြောကာ ရယ်မောနေတဲ့ စုချန်ယန်နဲ့ ကျန်းရှစ်ချီကိုကြည့်ကာ နည်းနည်း စိတ်မကောင်းဖြစ်မိသွားသည်။ ချန်ယန် ယနဲ့နေရတာ ပိုပျော်စရာကောင်းတယ်။

စုန့်မင်ကန် ယက သူမအနောက်ကနေဖြတ်သွားပြီး သက်ပြင်းချကာ "ငါတို့ ဘာလုပ်နိုင်မှာလဲ? ချန်ယန်နဲ့ ရှစ်ချီတို့က ဆက်ဆံရေးပိုကောင်းတဲ့ပုံဘဲ"

ဟန်စုန့်ရွှယ် ခေါင်းကို လှည့်လာပြီး သူ့ကိုကြည့်လိုက်ကာ "နင့်အလုပ်ကိုဘဲ လုပ်စမ်းပါ"

စုန့်မင်ကန်က လှည့်လာပြီး ပြောလာသည်။ “လက်ထောက်ဒါရိုက်တာ၊ ဒီမှာ တစ်ယောက်ယောက်က တားထားတဲ့ စကားကိုသုံးနေတယ်။ သူတို့ရဲ့ပိုက်ဆံကို ဖြတ်ဖို့ အကြံပြုချင်တယ်"

ဒီအတောတွင်း စုချန်ယန်နဲ့ ဟန်စုန့်ရွှယ်တို့ရဲ့ ရိုက်နှက်မှုအောက်မှာ စုန့်မင်ကန်က ရံဖန်ရံခါ ထူးဆန်းတဲ့ စကားလုံးတွေနဲ့ လေသံတွေကို သုံးလေ့ရှိသည်။

ဟန်စုန့်ရွှယ်က သူ့ကို အေးစက်စက်ကြည့်လိုက်ပြီး ချီဖုနဲ့အတူ ပဝါတွေကို ကောက်ဖို့ သွားလိုက်သည်။

မနက်ဖြန် သူတို့ ခရီးစရိတ်က ယွမ်နှစ်ရာ ဖြစ်ပြီး ဒီနေ့ည ညစာ ကုန်ကျစရိတ်နဲ့ဆို ယွမ်သုံးရာ ရရင် လုံလောက်ပြီလို့ အားလုံးက သဘောတူကြသည်။

သူတို့ရဲ့ ကုန်ပစ္စည်းတွေကို စီစဉ်လို့ပြီးတော့ ဧည့်သည်တွေရဲ့ ဝတ်စုံဝတ်တဲ့ အပိုင်းကို စသည်။

သူတို့တွေ မှတ်မိခံလိုက်ရရင် လူတိုင်းရှေ့မှာ ဖျော်ဖြေရမှာဖြစ်တဲ့အတွက် လူတိုင်းက လေးလေးနက်နက် ၀တ်စားကြသည်။

စုချန်ယန်ရဲ့ အွန်လိုင်းပေါ်က ရေပန်းစားမှုမှာ ဒီတလောတွင် အရမ်းမြင့်မားနေသည်။ သူမက တမင်သက်သက် ယောက်ျား‌လေးဆံပင်တု၊ ယောက်ျားနည်းနည်းဆန်တဲ့ hoodie နဲ့ အနက်ရောင်ဂျင်းဘောင်းဘီကို ဝတ်ထားသည်။ သူမက လျှာထိုးဦးထုပ်နဲ့ မက်စ်တပ်ထားပြီး ဖိနပ်ထဲတွင် ဖိနပ်ခုံအမြင့်ပါထည့်လိုက်တော့ ‌လူငယ်လေးနဲ့တူသွားသည်။

ကျန်းရှစ်ချီက စုချန်ယန်ထက် နည်းနည်းပုသည်။ သူမက ရိုးရိုးရှင်းရှင်း အပြာနုရောင် ဂျင်းဂျာကင်အင်္ကျီကို ၀တ်ထားပြီး ဆံပင်ကို အနောက်ဘက်မှာ ဖြည်ချထားကာ မျက်နှာတွင် မိတ်ကပ်မလိမ်းထားပေ။ သူမက အနက်ရောင်ကိုင်းအကြီးကြီးနဲ့ မျက်မှန်ကိုတပ်ထားပြီး နှုတ်ခမ်းပေါ်မှာလည်း မှဲ့တစ်လုံးထည့်ထားသည်။

နှစ်ယောက်သား နီးနီးကပ်ကပ် ရပ်နေကြတော့ သာမန်လူငယ်စုံတွဲလေးလိုပင်။

စုချန်ယန်က မှန်ရှေ့မှာ သူမရဲ့ ဆံပင်တုကို ပြင်လိုက်ပြီး မေးလိုက်သည်။ "ကျွန်မမှန်းသိရလား?"

ကျန်းရှစ်ချီက သူမကို တစ်ချက်ကြည့်လိုက်ပြီး "နင်ကမျက်လုံးဘဲ ပြထားပြီး ယောက်ျားလေးမျက်လုံးမိတ်ကပ်တောင် လိမ်းထားတာ။ လူတွေ မှတ်မိတာမှ ထူးဆန်းဦးမယ်”

"ကောင်းတယ်"

သူမရဲ့ ပစ္စည်းတွေကို စုစည်းပြီးတဲ့နောက် စုချန်ယန်က ကျန်းရှစ်ချီက်ု တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့အသုံးအဆောင်ပစ္စည်းတွေက တောက်ပနေတာကို ချက်ချင်း သတိထားမိပြီး မေးလိုက်သည်။ "နားကပ်ဘယ်လောက်တောင်လဲ"

ကျန်းရှစ်ချီ - "ယွမ် 70,000 ဝန်းကျင်"

"လည်ဆွဲကကော"

"လည်ဆွဲက ယွမ် 300,000 နီးပါးရှိတယ်"

"ပြီးတော့ နာရီကရော?"

“ယွမ် ၅ သန်းကျော် ကျတဲ့ ဒီနှစ် မော်ဒယ်လ် အသစ်‌လေ။ နင်ကြိုက်လား? ဒါက Limited Edition လေ ဒီအချိန်လောက်ဆိုတွင် ရောင်းထွက်သွားလောက်ပြီ"

စုချန်ယန်က ခဏလောက်တုံ့ဆိုင်းသွားပြီး " ယွမ် 6 သန်းတန်တဲ့ ပစ္စည်းတွေကိုဝတ်ပြီး လမ်းဘေးမှာ ယွမ်၂၀တန်တဲ့အရုပ်တွေကို ရောင်းဖို့ စီစဉ်နေတာလား?"

ကျန်းရှစ်ချီက တိတ်ဆိတ်သွားသည်။

နောက်ဆုံးမှာတော့ ကျန်းရှစ်ချီက သူမရဲ့ လက်ဝတ်ရတနာတွေအားလုံးကို ချွတ်ပြီး သူမရဲ့ မန်နေဂျာဆီ ပေးထားလိုက်သည်။

"ဒါဆို အဆင်ပြေလား?" ကျန်းရှစ်ချီက သူမရဲ့ ပုံမှန် အသုံးအဆောင်ပစ္စည်းတွေ မပါတဲ့အတွက် နေရခက်နေတဲ့ပုံပင်။

“အဆင်ပြေတယ်”

နှစ်ယောက်သား အခန်းထဲကနေ တယောက်ပြီး တယောက် ထွက်လာတော့ ရုပ်ဖျက်ထားတဲ့ ဟန်စုန့်ရွှယ်နဲ့ တိုးသည်။

စုချန်ယန်နဲ့ တစ်ဖက်လူကို တွေ့လိုက်ရတော့ ဟန်စုန့်ရွှယ်မှာ သူမမျက်လုံးမးတွေကိုတောင် မယုံနိုင်ဖြစ်သွားရသည်။ သူမက ကျန်းရှစ်ချီကို ညွှန်ပြပြီးနောက်တော့ စုချန်ယန်ကို ညွှန်ပြကာ နောက်ဆုံးမှာတော့ အသံတိုးပြီး ကျန်းရှစ်ချီကို ပြောလိုက်သည်။

"နင် အခုက ရှိုးရိုက်နေတုန်းဘဲလေ၊ ဘယ်လိုတောင် လုပ်ရဲတာလဲ? ဖော်ထုတ်ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ?"

သူမရဲ့အမူအရာနဲ့တင် သူမအထင်မှားနေပြီဆိုတာ ကျန်းရှစ်ချီသိလိုက်ပေမယ့် ရှင်းပြဖို့ စိတ်မ၀င်စားဘဲ မျက်လုံးဘဲလှိမ့်လိုက်သည်။

စုချန်ယန်က မက်စ်ကိုချွတ်လိုက်ပြီး ကူကယ်ရာမဲ့စွာနဲ့ ပြောလာသည်။ "ငါလေ"

ဟန်စုန့်ရွှယ်က ပိုလို့တောင် အံ့သြသွားသည်။ " စုချန်ယန်? နင်လား? နင်ဘယ်လို အရပ်မြင့်သွားတာလဲ?"

"ငါ ဖိနပ်ခုံအမြင့်ကို ထပ်ထည့်လိုက်လို့လေ။ ဒါပေမယ့် နင့်ရဲ့ တုံ့ပြန်မှုကို မြင်တော့ ငါရုပ်ဖျက်တာအရမ်းအောင်မြင်တယ်၊ မမှတ်မိကြလောက်တော့ဘူး"

ဟန်စုန့်ရွှယ်က ဘာမှ မပြောဘဲ နှုတ်ခမ်းကို ဖွဖွကိုက်လိုက်သည်။

စုချန်ယန်က သူမရဲ့မျက်နှာကို ဖွဖွ ညှစ်လိုက်ပြီး "နင်က ငါ့ကို အထင်သေးနေတာလား?"

ဟန်စုန့်ရွှယ်ရဲ့ အမူအရာကမှိန်ဖျော့သွားပြီး "ဒါဆို ငါ.... "

စုချန်ယန်က သူမပုခုံးကို ကိုင်ကာ ပြုံးလိုက်ပြီး "ကောင်းပြီ၊ နောက်ကျနေပြီ၊ သွားကြရအောင်"

စုချန်ယန်နဲ့ သူမတို့အဖွဲ့တွေ ညဈေးကို ရောက်တော့ လမ်းနှစ်ဖက်စလုံးတွင် ဈေးဆိုင်တွေနဲ့ ပြည့်နေပြီး နေရာကောင်းတွေ မကျန်တော့ပေ။

ဝန်ထမ်းတွေက အနီးနားတွင် ကင်မရာတွေကို ဝှက်ထားပြီး ဖြတ်သွားဖြတ်လာများ သတိမပြုမိ‌အောင် ဧည့်သည်တွေရဲ့ ဆိုင်တိုင်းတွင်လည်း လျှို့ဝှက်ကင်မရာများ တပ်ထားသည်။ သူတို့မှာ မမြင်နိုင်တဲ့ လက်ခံကိရိယာတွေလည်း ရှိသည်။

စုချန်ယန်က သူတို့ထဲမှာ အတွေ့အကြုံရှိတဲ့သူတစ်‌ယောက်ဖြစ်သည်။ သူမက ကျန်းရှစ်ချီကို ညဈေးဆီ ခေါ်သွားပြီး စျေးဆိုင်‌တွေ လုပ်လို့ရတဲ့ နေရာပေါင်းများစွာကို ဖြတ်သွားပေမယ့် မရပ်လိုက်ပေ။

နှစ်ဖက်စလုံးမှာ စားသောက်ကုန်ကားတွေရှိတဲ့ နေရာကို ဖြတ်သွားရတဲ့အခါ ကျန်းရှစ်ချီက အဲ့ဒီနေရာမှာ ဆိုင်ခင်းမှာလားလို့ မေးလိုက်ပေမယ့် စုချန်ယန်ကတော့ ခေါင်းခါကာ “ဟင့်အင်း" လို့ပြောလာသည်။

သူမစကားမဆုံးခင်မှာဘဲ ဉာဏ်ထက်တဲ့ ဟန်စုန့်ရွှယ်နဲ့ချီဖုတို့က အမြန်ပြေးပြီး အစားအစာထရပ်ကာ နှစ်ခုကြားကနေရာကို သိမ်းပိုက်လိုက်သည်။ အဆုံးမှာ သူမက စုချန်ယန်ကို အောင်ပွဲခံတဲ့ အမူအရာတောင် ပြလိုက်သေးသည်။

ကျန်းရှစ်ချီက သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလာသည်။ “သွားပြီ သူတို့ ယူလိုက်ပြီ။ ဒီနေရာက လူ‌တွေထူထပ်တဲ့အတွက် အဆင်ပြေတယ်"

စုချန်ယန်က အရမ်းတည်ငြိမ်နေပြီး ပြောလိုက်သည်။ “မုန့်စားလမ်းမှာ ပဝါတွေကို လူဘယ်နှစ်ယောက်လောက် ဝယ်မယ်လို့ ထင်လဲ? သင့်တော်တဲ့နေရာကို သွားရှာရအောင်"

ပုံမှန်အားဖြင့်၊ ညဈေးတွေမှာ သရေစာများနဲ့ အဝတ်အထည်‌တွ၊ အပင်တွေနှင့် ငှက်တွေရယ် ကလေးတွေ ပိုလာကြသည့် အိမ်မွေးတိရစ္ဆာန်တွေ ရောင်းချတဲ့နေရာတွေလိုမျိုး ဧရိယာများစွာ ခွဲခြားထားသည်။

နောက်ဆုံးမှာတော့ စုချန်ယန်နဲ့ ကျန်းရှစ်ချီ တို့က အိမ်မွေးတိရစ္ဆာန်လေးတွေ ရောင်းတဲ့လမ်းကို ရောက်လာပြီး ဘေးမှာနေရာလွတ်တစ်ခုကို တွေ့လိုက်တာကြောင့် သူတို့ရဲ့ပစ္စည်းတွေကို အဲဒီနေရာမှာခင်းကျင်းလိုက်သည်။

သူတို့ရဲ့ ပေါင်းစပ်မှုက ညဈေးမှာ အရမ်းသာမာန်ဆန်ပြီး အာရုံကို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။ ဆိုင်ကို ခင်းကျင်းပြီးတဲ့နောက် စုချန်ယန်က သူမနောက်ဆုံးဝယ်ခဲ့တဲ့ ရောင်စုံမီးတွေကို စာမျက်နှာစာ ပတ်ပတ်လည်တွင်ပတ်လိုက်‌ပြီး နွေးထွေးသောလေထုကို ဖန်တီးပြီးတဲ့နောက်မှာ သူမနဲ့ ကျန်းရှစ်ချီတို့က အရုပ်တွေကို စပြီး ရောင်းချကြတော့သည်။

ကျန်တဲ့လူတွေအားလုံးကလည်း တခြားလမ်းပေါ်ရောက်နေပုံပြီး အဲဒီနေရာမှာ ဘယ်လိုအခြေအနေရှိလဲမသိရပေ။

ခဏကြာတော့ ကလေးနှစ်ယောက် သူတို့အရုပ်ဆိုင်ကို ရောက်လာသည်။

“မင်္ဂလာပါ ကလေးတို့။ ဒီအရုပ်တွေကို ကြိုက်လား?" စုချန်ယန်က ကလေးနှစ်ယောက်ကို နှုတ်ဆက်ပြီး သူ့အသံကို တမင်တိုးလိုက်သည်။

ကလေးတစ်ယောက်က ဈေးခုံပေါ်က အရုပ်ကား‌လေးကို လက်ညှိုးထိုးပြပြီး မေးလာသည်။ "ဒီ ကော်ကော်က ဘယ်လောက်လဲ?"

စုချန်ယန်မှာ အံ့အားသင့်သွားပြီး ကျန်းရှစ်ချီကို ကြည့်ကာ မေးလိုက်သည်။ "ဘာ၊ သူဘာပြောလိုက်တာလဲ?"

All Chapters