← Chapters

အခန်း ၁၀၆

Vol. 9 Ch. 106

အခန်း ၁၀၆

Vol. 9 Ch. 106

ခဏအကြာ အဲ့ဒီမိန်းကလေးတွေက ဖြတ်သွားကာ ကျယ်လောင်စွာနဲ့ ပြောဆိုနေကြပြန်သည်။

“တခြား ဧည့်သည်အဖွဲ့ကိုလည်း တွေ့တယ်"

"ဟုတ်တယ်၊ သူတို့က နည်းနည်း ကြောင်တယ် မထင်ဘူးလား? တစ်သောင်းကျော်တန်ဖိုးရှိတဲ့ နာရီကို ဝတ်ထားပြီး ဘယ်သူကများ ဈေးလာရောင်းမှာလဲလို့? သူတို့က သာမန်လူတွေမဟုတ်မှန်း လုံးဝကိုသိသာတယ်"

"ဒါပေမယ့် ငါ့မိန်းမကော! ဒီအမျိုးသမီးက သူမနဲ့တူတယ်လို့ မထင်ဘူး?"

“ဆက်ကြည့်လိုက်၊ သူတို့ ညဈေးမှာဘဲရှိရမယ်”

စုချန်ယန်က ကျန်းရှစ်ချီကို စိတ်ရှုပ်ထွေးစွာနဲ့ လှည့် ကြည့်လိုက်သည်။

"ချင်ယို့ နဲ့ တခြားသူတွေကို ရှာတွေ့သွားတာဘဲ" စုချန်ယန်က ပြောလိုက်သည်။

ကျန်းရှစ်ချီက စိတ်သက်သာရာရစွာနဲ့ ခေါင်းညိတ်လိုက်ပြီး "ငါ့ကို လက်ဝတ်ရတနာတွေ ချွတ်ဖို့ သတိပေးတာ ကျေးဇူးဘဲ၊ မဟုတ်ရင် ဆိုးသွားလိမ့်မယ်"

အချိန်ကြာလာသည်နှင့်အမျှ စုချန်ယန်နဲ့ ကျန်းရှစ်ချီကို ဘယ်သူမှ မမှတ်မိကြပေ။

ဦးစားပေး အကျိုးသက်ရောက်မှုကြောင့် စုချန်ယန်ရဲ့ တွဲဖက်မှာ အမျိုးသမီးပြိုင်ပွဲဝင်တစ်ဦးဖြစ်သည်ဟု လူတိုင်းက ယူဆကြသည်။ စုချန်ယန်ရဲ့ အရုပ်ဆိုင်ကို ဖြတ်သွားတဲ့အခါ 'ယောက်ျား' တစ်ယောက်အနေနဲ့ သူမကို ဘယ်သူမှ တစ်ချက်လေးတောင် မကြည့်ကြပေ။

တဖြည်းဖြည်းနဲ့ စုချန်ယန်နဲ့ ကျန်းရှစ်ချီတို့မှာ ယွမ်နှစ်ရာကျော် ရောင်းချလိုက်ရပြီး နောက်တစ်နေ့အတွက် သူတို့ရဲ့ ခရီးသွားစရိတ်‌တွေကို ကာမိဖို့လုံလောက်သွားသည်။

သူတို့က ဆိုင်အနောက်မှာ ဦးတည်ရာမဲ့စွာ စိတ်အေးလက်အေး စကားပြောနေကြသည်။

စုချန်ယန်က မဝံ့မရဲနဲ့ မေးလိုက်သည်။ "နင့်ရဲ့ စီနီယာအစ်မ ဒီတလောအလုပ်များနေလား?"

ကျန်းရှစ်ချီက ခေါင်းခါလိုက်ပြီး “သူဒီတလော တော်တော်လေး တက်ကြွနေတယ်။ အဲဒါအတွက် ကြိုတင်စီစဉ်ထားတဲ့ ဇာတ်ညွှန်းကိုတောင် သူပယ်လိုက်တယ်လို့ ကြားတယ်"

စုချန်ယန်က သိပ်ပြီးမတွေးထားပေမယ့် ထျန်းရုန် ဧည့်သည်အဖြစ် ပါဝင်တာကို သူမ မသိကြောင်း ကျန်းရှစ်ချီရဲ့သဘောထားကိုကြည့်ပြီး ပြောပြနိုင်သည်။ ရှိုးရဲ့ထုတ်လုပ်သူတွေက တခြားဧည့်သည်တွေဆီက လျှို့ဝှက်ထားချင်ပေမယ့် စုချန်ယန်က ထျန်းရုန်နဲ့ နည်းနည်းဆက်နွယ်မှုရှိတာကြောင့် သူမကို ကြိုအကြောင်းကြားခဲ့တာဖြစ်သည်။

စုချန်ယန်က အစီအစဉ်ရဲ့ စည်းကမ်းတွေကို မချိုးဖောက်လိုတာကြောင့် ဒီကိစ္စကို မပြောပြလိုက်ပေ။

ကျန်းရှစ်ချီက ခဏလောက် တုံ့ဆိုင်းသွားပြီး "နင်နဲ့ ငါ့ရဲ့ စီနီယာအစ်မက....."

စုချန်ယန်က တည်တည်ငြိမ်ငြိမ်နဲ့ ‌ပြန်ဖြေလိုက်သည် "နင့်ရဲ့ စီနီယာအစ်မကို ငါမသိဘူး"

ကျန်းရှစ်ချီက ခေါင်းငုံ့လိုက်ပြီး မေးလာသည်။ "သူနင့်ကို ရှာဖို့ လာခဲ့တာလား?"

စုချန်ယန်က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး"

“သူ…”

“နှောက်ယှက်မိတာ တောင်းပန်ပါတယ်”

အဲ့ဒီအချိန် အရုပ်ဆိုင်ရှေ့တွင် တစ်ယောက်ယောက်က ရုတ်တရက်ပေါ်လာခဲ့သည်။

နှစ်ယောက်စလုံး အလိုလို ‌မော့ကြည့်လိုက်တော့ ဟန်ဖူဝတ်စုံနဲ့ မျက်နှာကာထားတဲ့ အမျိုးသမီးတစ်ယောက်က ရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရသည်။

စုချန်ယန်မှာ သူမရှေ့ကလူကို မမှတ်မိဘဲ နည်းနည်း နားမလည်သလို ခံစားလိုက်ရပေမယ့် တစ်ဖက်လူရဲ့မျက်လုံးတွေက သူတို့အရင်ကတွေ့ဖူးကြောင်းပြနေပုံရသည်။

ကျန်းရှစ်ချီက ရုတ်တရက် ထရပ်လိုက်ပြီး အံ့အားသင့်စွာကြည့်ကာ "စီနီယာအစ်မလား?"

စုချန်ယန် အံ့အားသင့်သွားပြီး သူမရှေ့ကလူကို မယုံနိုင်စွာနဲ့ ကြည့်နေမိသည်။

ယန်ရှုရီနဲ့ ထျန်းရုန် ကိစ္စတွေ ပူနွေးနေချိန်တုန်းက စုချန်ယန်မှာ အွန်လိုင်းပေါ်တွင် ထျန်းရုန်ရဲ့ ပုံကို မတွေ့ခဲ့ရ‌ပေ။ ဒါမှမဟုတ် သူမတွေ့ခဲ့ပေမယ့် အဲ့ဒီအချိန်တုန်းက မသိသလို ထျန်းရုန်နဲ့ပတ်သတ်တာတွေကို သူမဘယ်တုန်းကမှ မရှာခဲ့တာကြောင့်ဖြစ်မည်။

ယန်ရှုရီတစ်ယောက်သာ အမှားလုပ်ခဲ့တဲ့လူဖြစ်ပြီး ထျန်းရုန်က အပြစ်ကင်းတဲ့ ဘေးလူလို့ သူမယုံကြည်ခဲ့တာဖြစ်သည်။ စုချန်ယန်က သူမအပေါ် ဘယ်တုန်းကမှ မကျေမနပ်မဖြစ်ခဲ့ဘဲ သူမနဲ့ ပရိုဂရမ်တစ်ခုကို ရိုက်ကူးချင်တယ်လို့ ပြောခဲ့တာကဘဲ သူမကိုနည်းနည်း စိတ်မသက်မသာ ခံစားရစေသည်။

ထျန်းရုန်ရဲ့ အကြည့်တွေက သူတို့နှစ်ဦးအပေါ် လွှမ်းခြုံသွားပြီး သူမလက်ထဲတွင် အမွှေးအိတ်တွေအမြောက်အများပါတဲ့ ဝါးတောင်းကို ကိုင်ထားကာ ညင်ညင်သာသာနဲ့ မေးလိုက်သည်။ “ဒီအိတ်တွေကို ငါကိုယ်တိုင်ချုပ်ထားတာ မင်းတို့နှစ်ယောက် ကြိုက်လား?"

စုချန်ယန်က သူမဘာလုပ်ဖို့ ကြိုးစားနေတာကို နားမလည်ဘဲ ဇဝေဇဝါဖြင့် ကြည့်နေသည်။

ကျန်းရှစ်ချီက ထျန်းချီကိုဒီနေရာမှာ ပေါ်လာဖို့မမျှော်လင့်ထားပေ။ သူမရဲ့မျက်နှာက ချက်ချင်း စိတ်မသက်မသာဖြစ်သွားကာ မသိစိတ်ကနေ စုချန်ယန်ကို လှမ်းကြည့်လိုက်သည်။

“စီနီယာအစ်မ၊ အစ်မ…”

“မကြိုက်ဘူးဆိုတော့၊ စိတ်အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်”

ထျန်းရုန်က ကျန်းရှစ်ချီကို စကားပြောခွင့်မပေးဘဲ မျက်လွှာချကာ ထွက်သွားသည်။

သူမရဲ့အသွင်အပြင်က လူစည်ကားရာအရပ်တွင် အလင်းတန်းတစ်ခုလိုဖြစ်ပြီး သူမသွားလေရာအရပ်တိုင်းတွင် အလင်းရောင်ကို တောင့်တနေသူ‌တွေဆီက မရေမတွက်နိုင်တဲ့ အကြည့်တွေကို ဆွဲဆောင်ထားသည်။

သူမရဲ့ ပုံပန်းသွင်ပြင်က ဖြည်းဖြည်းနဲ့ ကျက်သရေရှိကာ၊ အခြားသူ‌တွေရဲ့ စိတ်လှုပ်ရှားတဲ့အကြည့်တွေကို ရင်ဆိုင်နေတာကသူမရဲ့ အိမ်နောက်ဖေးမှာ အေးအေးလူလူ လမ်းလျှောက်နေသလိုပင်။

သူမရဲ့ မျက်နှာပေါ်ကပါးလွှာတဲ့ အကာက လျှို့ဝှက်ဆန်းကြယ်တဲ့ အထိအတွေ့ကို ထပ်ပေါင်းထားပြီး တစ်ဝက်တစ်ပျက် ဖုံးကွယ်ထားတဲ့ အလှတရားဖြင့် လူအများကို ပိုမိုမြင်ချင်လာစေသည်။

သူမရဲ့ရုပ်သွင်က မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခါနီးမှ၊ ကြောင်တက်တက်ဖြစ်နေတဲ့ စုချန်ယန်နဲ့ကျန်းရှစ်ချီတို့မှာ အသိပြန်ဝင်လာသည်။

"စီနီယာအစ်မက ဘာလို့ဒီရောက်နေတာလဲ?" ကျန်းရှစ်ချီက မျက်မှောင်ကြုတ်ပြီး စုချန်ယန်ကို လှည့်ကြည့်လိုက်သည်။

သူမကို မြင်ပြီးကတည်းက စုချန်ယန်မှာ ဘာမှ မဖုံးကွယ်ထားတော့ဘဲ ရိုးသားဖို့ ဆုံးဖြတ်လိုက်သည်။

“သူက ဒီအပိုင်းအတွက် ဧည့်သည်။ သူက စီချွမ်ကဆိုတော့ သူ့မွေးရပ်ဇာတိကို မြှင့်တင်ဖို့လုပ်ရမှာပေါ့" စုချန်ယန်က တည်ငြိမ်စွာနဲ့ ပြောလိုက်သည်။

ထျန်းရုန်ဘာလို့ ဒီမှာ ပေါ်လာတာလဲဆိုတာ သူမဂရုမစိုက်သလို ဘယ်အချိန်တုန်းက သူမတို့ကို မြင်သွားလဲဆိုတာလည်း သူမဂရုမစိုက်ပေ။ ဒါတွေက စုချန်ယန် အတွက် အရေးမကြီးပါချေ။

သို့ပေမယ့် ဒီအပိုင်းကို ထုတ်လွှင့်ပြီးနောက်မှာ ဒရာမာနဲ့ အငြင်းပွားဖွယ်ရာများ အများအပြား ရှိလာမည်ကို သူမစိတကူးကြည့်လို့ရသည်။

ကျန်းရှစ်ချီက မျက်မှောင်ကြုတ်လိုက်ပြီး “ဘာလို့ အစီအစဉ်က သူ့ကို ဖိတ်တာလဲ?သူတို့က လှုပ်လှုပ်ရှားရှားဖြစ်အောင် ဖန်တီးချင်ရင်တောင် ဒီနည်းနဲ့တော့ လုပ်စရာမလိုဘူး မဟုတ်လား?"

စုချန်ယန် - "သူကိုယ်တိုင်က ဒီကိုလာဖို့ ပိုက်ဆံပေးထားတာ"

"သူကဘာလို့ဒီလိုလုပ်တာလဲ? ဒါက နင့်အတွက်ရော သူ့အတွက်ရော မကောင်းဘူးလေ။ ယန်ရှုရီနဲ့ အဖြစ်အပက်ေပြီးသွားတော့ သူက အဲ့ဒါမတော်တဆတွေနဲ့ သူမကိုယ်တိုင် အကွာအဝေးခြားခဲ့တယ်လေ။ အခုနင့်လိုမျိ ပရိုဂရမ်တစ်ခုထဲမှာ ပါလာတော့ ဇာတ်လမ်းဟောင်းက သေချာပေါက်ကို ပြန်‌ပေါ်လာဦးမယ်။ သူ ဘာလိုချင်နေတာလဲ?" ကျန်းရှစ်ချီက မေးလိုက်သည်။

စုချန်ယန်က တည်ငြိမ်စွာနဲ့ ခေါင်းခါလိုက်သည်။ "သူလုပ်ချင်တာတွေက ငါနဲ့ဘာမှမဆိုင်ဘူး"

ထျန်းရုန်မှာ ခဏတာ ပုံရိပ်တစ်ခုသာဖြစ်သည်။ သူမက ဧည့်သည်တွေတစ်ယောက်ချင်းစီရဲ့အရှေ့မှာ ခဏလောက်ဘဲ ပေါ်လာပြီးနောက် ထွက်ခွာသွားပြီး ညဈေးပိတ်ချိန်အထိ သူမထပ်မပေါ်လာတော့ပေ။

နောက်ဆုံးတွင်၊ စုချန်ယန်တို့ရဲ့ အဖွဲ့တစ်ဖွဲ့တည်းသာ <Turning Trash into Treasure> ဂိမ်းတွင် အောင်မြင်ခဲ့သည်။ အခြားအဖွဲ့သုံးဖွဲ့ကို ဖြတ်သွားဖြတ်လာများက မှတ်မိသွားကြပြီး ဖျော်ဖြေရာမှတစ်ဆင့် နောက်တစ်နေ့အတွက် သူတို့ရဲ့စရိတ်တွေကို ရလိုက်သည်။

ပရိုဂရမ်အဖွဲ့ဆီ ပြန်ရောက်ပြီးတဲ့နောက်မှာ အားလုံးစုကာ စကားအနည်းငယ်ပြောပြီး အနားယူလိုက်ကြသည်။

ဝန်ထမ်းတွေ ထွက်သွားပြီးတဲ့ နောက်မှာတော့ ဧည့်သည် တော်တော်များများက မထွက်သွားသေးဘဲ အခန်းထဲမှာ နေခဲ့ကြသည်။

"နင်တို့ ညတုန်းက ထျန်းရုန်ကို တွေ့လိုက်ကြလား?" ဟန်စုန့်ရွှယ်က မဝံ့မရဲနဲ့ မေးလိုက်သည်။

ကျန်းရှစ်ချီက သူမကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။ "နင်ဘယ်လိုထင်လဲ?"

"ဘယ်လိုထင်လဲ ဟုတ်လား? ငါတို့ရဲ့ အစီအစဉ်မှာ သူကဘာလို့ ပါလာတာလဲ? အဲ့ဒါက ဒုက္ခရှာတာ မဟုတ်ဘူးလား? သူက အရင်တုန်းက ချန်ယန်နဲ့ ဆက်နွယ်ပြီး ဝေဖန်ခံခဲ့ရပြီးတော့ အခု ချန်ယန်ရဲ့ ကျော်ကြားမှုက သူ့ထက်မနိမ့်နေဘူး။ ဒါ့ပြင် သာမန်လူတွေကြားမှာ သူ့ရဲ့ကျော်ကြားမှုက သူမထက် နှစ်ဆ‌လောက် ပိုကောင်းတယ်။ ဝေဖန်ခံရဖို့ ဒီကိုရောက်လာတာလား? အခုထိရေပန်းမစားသေးလို့လား? ရေပန်းစားလာတဲ့အထိ စောင့်ပြီးမှ ယန်ရှုရီရဲ့ဖြစ်ရပ်မှာ သူကလည်း နစ်နာသူပါဆိုပြီး ရှင်းလင်းချင်နေတာလား?" ဟန်စုန့်ရွှယ်က ပြောလာသည်။

ဟယ်ရှုက လူတချို့ကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့ပုံမှန်အမူအရာကလည်း အရာအားလုံးနဲ့ ဝေးကွာသွားတဲ့ခံစားချက်ကို ပေးစွမ်းသည်။ ဟန်စုန့်ရွှယ် ရဲ့ စကားကိုကြားတော့ သူမက သမ်းဝေပြီး ပြောလာသည်။ "ဒါက မဖြစ်နိုင်ဘူး"

ချင်ယို့က လည်းခေါင်းငုံ့လိုက်ပြီးပြောလာသည်။ “ဒီအစီအစဉ်ကို လာလို့ သူ့အတွက် အကျိုးမရှိဘူး။ အစ်မချန်ယန် အစ်မ သတိထားရမယ်"

စုချန်ယန်မှာ သူတို့အားလုံးက သူမဘက်မှာ ရှိကြောင်း သိလိုက်ရ‌တော့ သူမရင်ထဲမှာ မလွှဲသာဘဲ ထိမိသွားသည်။ သူမက လူတိုင်းကို ခေါင်းညိတ်ပြီး “ကိစ္စမရှိပါဘူး၊ သူပေါ်လာတာက ကျွန်မအတွက် သိပ်ပြီး မထူးခြားသွားပါဘူး။ ကျွန်မလုပ်နေကျ ပုံစံအတိုင်းဘဲ နေမှာပါ"

ဟန်စုန့်ရွှယ်က သဘောတူလာသည်။ "သူ ချန်ယန်ကို ထောင်ချောက်ဆင်ရဲရင်တောင် ငါတို့ကအခုထိမသေသေးဘူး။ ငါတို့သူ့ကို မျက်နှာသာမပေးနိုင်ဘူး"

စုချန်ယန်က ရယ်လိုက်ပြီး "ဘာထောင်ချောက်လဲ? ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။ နင်တို့တွေ တနေကုန် အလုပ်လုပ်ပြီး ဖျော်ဖြေထားရတာ။ မင်းဘာလို့ စောစောပြန်ပြီးသွားမနားတာလဲ?"

ရှိုးမှာ ဖျော်ဖြေရတာကိုပြောတော့ ဟန်စုန့်ရွှယ်က မကျေမနပ်ဖြစ်ပြီး သူမဘေးက ချီဖုကို ကြည့်လိုက်သည်။

ချီဖုက သူမအကြည့်ကိုတွေ့တော့ လန့်သွားပြီး ဆိုဖာထောင့်ကိုကပ်လိုက်ကာ "တောင်းပန်ပါတယ် ဒါ ငါ့အမှားပါ"

စုန့်မင်ကန်က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး “ချီဖု မင်းရဲ့ပုံစံအတိုင်း မာမာကျောကျောမနေနိုင်ဘူးလား? မှတ်မိခံရတာက မင်းရဲ့ကျော်ကြားမှုကို မြင့်သွားစေတယ်"

စုချန်ယန်က ဟန်စုန့်ရွှယ်ဆီ လျှောက်လာပြီးသူမရဲ့မျက်နှာကို ညှစ်လိုက်ကာ "နင်နည်းနည်းလောက် ချင့်ချိန်လို့မရဘူးလား? ဒီအပိုင်း ထုတ်လွှင့်တဲ့အခါကျရင် နင်ထပ်ပြီး ကြိမ်းမောင်းခံရလိမ့်မယ်"

ဟန်စုန့်ရွှယ်က ချက်ချင်းဘဲ မျက်လုံးပြူးသွားပြီး "ငါက စနေတာလေ!"

စုချန်ယန်က ပြုံးလိုက်ကာ ပြောလိုက်သည်။."အားလုံးဘဲ အနားယူကြရအောင်"

အားလုံးကို နှုတ်ဆက်ပြီးတော့ စုချန်ယန်က သူမရဲ့အခန်းဆီ ပြန်လာလိုက်သည်။

လမ်းမှာ ရှောင်လုက အခန်းထဲက‌နေ ထွက်လာပြီး စုချန်ယန်ကို ပြောလာသည်။ "ဘော့စ်လင်းက နင်မအိပ်ခင် သူ့ကို ဖုန်းပြန်ခေါ်စေချင်နေတယ်။ သူ နင့်ကို ထျန်းရုန် အကြောင်း ပြောချင်လို့တဲ့"

"သိပြီ၊ နင်လည်း အနားယူတော့လေ"

All Chapters