← Chapters

အခန်း ၁၀၉

Vol. 9 Ch. 109

အခန်း ၁၀၉

Vol. 9 Ch. 109

ဟန်စုန့်ရွှယ်ရဲ့ မျက်နှာမှာ တင်းမာသွားပြီး စုချန်ယန်ရဲ့ လက်ကို သူမရဲ့ခေါင်း ပေါ်ကနေ ချက်ချင်း ရိုက်ချလိုက်သည်။

"နင်တို့တွေ ငါ့ကို အမြဲအနိုင်ကျင့်တယ်!"

စုချန်ယန် - "ငါတို့က ဘယ်လိုလုပ် နင့်ကိုအနိုင်ကျင့်မှာလဲ? နင်လုပ်ခဲ့တဲ့အရာတွေအကြောင်း ပြောနေတာမဟုတ်ဘူးလား?

သူတို့အဖွဲ့က ရယ်မောနေကြပြီး ကေဘယ်ကားက ရပ်သွားပြီနေပြီဆိုတာကို သတိမထားမိကြပေ။

လက်ထောက်ဒါရိုက်တာက ချောင်းဟန့်လိုက်ပြီး ကေဘယ်ကားပေါ်ကလူဆီ လူတိုင်းရဲ့အာရုံကို ပြန်ဆွဲယူလိုက်သည်။

ထျန်းရုန်က မျက်နှာကို အုပ်ထားဆဲဖြစ်ကာ သူမရဲ့မျက်လုံးတွေနဲ့ နဖူးကိုပဲ ဖော်ထားပြီး ပန်းပွင့်ဆံထိုးဖြင့် အလှဆင်ထားသည်။

“ဒီနေ့ရဲ့ ambassador ကြိုဆိုလိုက်ရအောင်!"

လူတိုင်းက လက်ခုပ်တီးလိုက်ကြပြီး ထျန်းရုန်ကို အရှက်ခွဲဖို့ ရည်ရွယ်ချက် မရှိပါချေ။

ထျန်းရုန်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး "ကျွန်မရဲ့မွေးရပ်မြေက အားလုံးကို ကြိုဆိုပါတယ်၊ ကျွန်မကတော့ ထျန်းရုန်ပါ"

“ကြိုဆိုပါတယ် ကြိုဆိုပါတယ်”

"Miss ထျန်းက ဒေသခံပဲ"

"မနေ့က မင်းကို သိနေတယ်ထင်နေတာ လက်စသတ်တော့ Miss ထျန်းကိုး"

တစ်ယောက်နဲ့တစ်ယောက် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အားလုံးက အပြန်အလှန် နှုတ်ဆက်ကြသည်။ နောက်ဆုံးမှာတော့ အစီအစဉ်ကို ရိုက်ကူးနေဆဲဖြစ်တဲ့အတွက် သူမကို စင်ပေါ်ကနေ ထွက်မသွားခိုင်းပါပေ။

ထျန်းရုန်က ပြုံးလိုက်ပြီး စကားအနည်းငယ် ပြောကာ သူတို့နဲ့အတူ စီကာရပ်လိုက်သည်။

စုချန်ယန်နဲ့ဟန်စုန့်ရွှယ်တို့က အစွန်းတစ်ဖက်တွင် ရပ်နေသည်။ ထျန်းရုန် ချဉ်းကပ်လာတာကို မြင်တော့ အခြားလူတွေက အလိုအလျောက် ဘေးဘက်ရွှေ့ကာ သူမအတွက် အလယ်နေရာကို ဖယ်ပေးလိုက်သည်။

တကယ်တော့ ပရိုဂရမ်ရဲ့ အရင်အပိုင်းတွေမှာ သူတို့နေတဲနေရာကိုသိပ်ပြီး ဂရုမစိုက်ပါချေ။ သူတို့ရပ်ခဲ့တဲ့နေရာအတိုင်းပဲ ဖြစ်တာကြောင့် အလယ်နေရာကို ဖယ်ပေးတာက ယဉ်ကျေးမှုအရပင်။

"ကဲ အားလုံးဒီကိုရောက်လာပြီဆို‌တော့၊ အားလုံးနဲ့အတူ ဂိမ်းကစားကြရအောင်"

"အနိုင်ရသူက ကေဘယ်ကားကိုစီးရပြီး ရှုံးသွားတဲ့သူက ခြေလျင်တက်ရမယ့်ဂိမ်းလား?"

လက်ထောက်ဒါရိုက်တာက “ကလေးတွေက သင်‌ပေးလို့ရတယ်” ဆိုတဲ့အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်သည်။

"စုစုပေါင်း ကိုးယောက်ရှိတယ်ဆိုတော့ ခြောက်ယောက်က ကေဘယ်ကားနဲ့ တက်လို့ရတယ်၊ ကျန်တဲ့ ဧည့်သည် သုံးယောက်ကတော့ တောင်ပေါ်ကို ခြေလျင်တက်ရမယ်"

ဒါကိုကြားတော့ စုချန်ယန်က ခေါင်းလှည့်လိုက်ပြီး အဆုံးမရှိတဲ့ လှေကားထစ်ကို ကြည့်ကာ ဘာမှ မခံစားရပေ။

ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်က လည်ပတ်ဖို့သက်သက်ပဲဆိုတော့ တောင်တက်တာက အဓိပ္ပါယ်ရှိပါတယ်လေ။

“ကျွန်မသာ သိခဲ့ရင် ဆင်းလာမှာ မဟုတ်ဘူး” ထျန်းရုန်က လက်ထောက်ဒါရိုက်တာကို ကြည့်ကာ ညည်းညူလိုက်သည်။

အားလုံးက သဘောတူသလို ရယ်လိုက်ကြပြီး ဂိမ်း စည်းမျဉ်းတွေကို မေးလိုက်သည်။

လက်ထောက်ဒါရိုက်တာက ပြောလာသည်။ “ဂိမ်းစည်းမျဉ်းတွေက ရိုးရှင်းပါတယ်။ ကဗျာကွက်လပ်ဖြည့်ရမှာပါ။ ပရိုဂရမ်အဖွဲ့က ကဗျာတစ်ပုဒ်ရဲ့ ပထမပိုင်းကို ပြပေးပြီးရင် ဒုတိယအပိုင်းကို အပြီးသတ်ပေးရမယ်။ ဥပမာ‌ပြောရရင်၊ 'ဝါးတောင်ဝှေးနဲ့ ကောက်ရိုးဖိနပ်က ပြေးနေတဲ့မြင်းကို လွယ်လွယ်နဲ့ ကျော်တက်နိုင်တယ်'လို့ဆိုရင် မင်းတို့က 'ဘယ်သူကြောက်လိမ့်မလဲ။ မိုးအကာနဲ့ မြူဆိုင်းနေတဲ့ ရှုခင်းတွေကို ဂရုမစိုက်ဘဲ လှည့်ပတ်တယ်' လို့ အဆုံးသတ်ပေးရမယ်"

အဖွဲ့က နားလည်တဲ့အတွက် ခေါင်းညိတ်ပြသည်။

“ကေဘယ်ကားတစ်စင်းစီမှာ လူနှစ်ယောက်ပဲ ဆံ့တဲ့အတွက်၊ မှန်အောင်ဖြေနိုင်တဲ့ပထမဆုံး သုံးယောက်က သူတို့နဲ့ အတူစီးမယ့် ပါတနာကို ရွေးလို့ရပါတယ်'

"နားလည်ပြီ!"

“ပထမစာကြောင်းကတော့ 'Yellow Crane Tower မှာ၊ ငါ့သူငယ်ချင်းဟောင်းရှိသေးလား၊ ရှုခင်းက အသစ်ဖြစ်သွားပေမယ့်ငါ့ခံစားချက်ကတော့ အရင်အတိုင်းပဲ' ရှောင်ယို့နဲ့ စလိုက်ရအောင်" လက်ထောက်ဒါရိုက်တာက အဖွဲ့ရဲ့တစ်ဖက်ခြမ်းမှာ ရှိတဲ့ ချင်ယို့ကို လက်ညှိုးထိုးပြလိုက်သည်။

ချင်ယို့က ခေါင်းညိတ်လိုက်ပြီး "အော်စမန်သရက်ပန်းတွေကို ဝယ်ပြီး မင်းနဲ့ အအေးကို မျှဝေ သောက်ရတာကို ပိုကြိုက်တယ်၊ ဒါပေမယ့် ငါတို့ ငယ်ငယ်တုန်းကလောက် မကောင်းတော့ဘူး။ လျှိုကော်ရဲ့ <Tang Duoling> "

လက်ထောက်ဒါရိုက်တာက ရယ်လိုက်ပြီး “ပြီးပြည့်စုံတယ်၊ ရှောင်ယို့က နောက်ထပ် ကဗျာတစ်ပုဒ်ရဲ့ အစကိုပြောပေးပါဦး'

“နောက်တစ်ခုက 'လမ်းပေါ်က မိုးရေစက်လေးတွေက စိုစွတ်နေပြီး အဝေးက မြက်ပင်တွေက စိမ်းစိုနေပေမယ့် အနီးနားမှာတော့ နတ္တိ"

ရှန်ဖုက ခဏလောက်တွေးလိုက်ပြီး “ဧကရာဇ်မြို့တော်မှာ မိုးမခပင်တွေနဲ့ အခိုးအငွေ့တွေနဲ့ ပြည့်နေတဲ့ နွေဦးရာသီက ကြည်နူးစရာအကောင်းဆုံးပါပဲ"

ချင်ယို့ - "ဟန်ယုရဲ့ <Early Spring- ရေတပ်အရာရှိ ကျန်း အတွက် ရေးထားတဲ့ ရှစ်ခုကတစ်ခု>"

“မြောက်ဘက်တွင် ပြိုင်စံကင်းပြီး လွတ်လပ်တဲ့ အလှတရားတစ်ခုရှိတယ်"

“တစ်ချက်ကြည့်ရုံဖြင့် တစ်မြို့လုံးကို အောင်နိုင်သည်၊ တစ်စက္ကန့်ထဲဖြင့် သူမဟာ တစ်ပြည်လုံးကို အောင်နိုင်ခဲ့သည်"

လီယန်နန်ရဲ့ <တင့်တယ်သော အမျိုးသမီးများ သီချင်း>"

"ချင်းဟိုင်ရဲ့ ရှည်လျားတဲ့တိမ်တိုက်တွေက နှင်းတွေထူထပ်နေတဲ့ တောင်တွေကို ဖုံးကွယ်ထားတယ်၊ အထီးကျန်မြို့က ယွီမန်ကို ငေးကြည့်တယ်"

"လို့လန်သာ မပြိုကွဲရင် ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားတဲ့ အဝါရောင်သဲတိုက်ပွဲတွေက ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"

<တပ်မတော်အတွက် ထွက်ခွာခြင်း> ဝမ့်ချန်လင်”

. . . . .

စုချန်ယန်က နောက်ဆုံးမှာ ရပ်နေပြီး သူမရှေ့တွင် သွက်သွက်လက်လက်နဲ့ ကဗျာတွေ ရွတ်ဆိုနေတာကို နားထောင်နေသည်။ ကဗျာတွေကို သူမသိပ်အများကြီး မသိတာကြောင့် နည်းနည်းနောင်တရသလို သူမခံစားလိုက်ရသည်။ အများစုရဲ့ အဓိပ္ပါယ်ကို သူမနားမလည်ပေမယ့် လှတယ်လို့ ခံစားမိသည်။

ပရိုဂရမ်အဖွဲ့က သာမန်ကဗျာတွေကို ရွေးချယ်ခဲ့တာကြောင့် စုချန်ယန်အလှည့် မရောက်မချင်း မည်သူမှ အထုတ်မခံရသေးပေ။

“ပဲနီစေ့တွေက တောင်ဘက်မှာ ပေါက်တယ်၊ နွေဦးပေါက်မှာ အကိုင်းအခက်တချို့ ပေါက်တယ်”

စုချန်ယန် အံ့ဩသွားသည်။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ ဒီတစ်ပုဒ်က သူမဆိုနိုင်တဲ့ ကဗျာနည်းနည်းတွေထဲက တစ်ပုဒ်ဖြစ်သည်။

"ဒါတွေက ကြည်နူးစရာအကောင်းဆုံးအရာမို့ များများစုဆောင်းစေချင်ပါတယ်"

ချင်ယို့ - "ဝမ်ဝေ ရဲ့ <Longing>"

"မှန်တယ်! ပထမအကျော့အတွက် ပြင်ဆင်ထားတဲ့ကဗျာတွေက ရိုးရှင်းတယ်။ ဒုတိယအကျော့မှာ‌တော့ အခက် အခဲတွေ ပိုတိုးလာပါလိမ့်မယ်"

"လာစမ်းပါ! ဘယ်သူက ဘယ်သူ့ကိုကြောက်မှာလဲ!"

စုချန်ယန်စိတ်ထဲကနေ သက်သာရာရသလို သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ ပထမအချီမှာ အထုတ်ခံရရင် နည်းနည်းတော့ အဆင်မပြေပါချေ။

စုချန်ယန် ခေါင်းကို မော့လိုက်တော့ လူအုပ်ထဲမှာ ထင်ရှားပေါ်လွင်နေတဲ့ ပုံရိပ်ကို တွေ့လိုက်ရသည်။

သူမ လှမ်းကြည့်လိုက်တော့ မထင်မှတ်ပဲ အဲ့ဒီလူနဲ့ အကြည့်ချင်းဆုံသွားသည်။ မျက်လုံးလေးလုံး ဆုံသွားတော့ စုချန်ယန်က အရင်ဆုံး အကြည့်လွှဲလိုက်သည်။

မန်နေဂျာလင်းက ဒီနေ့ ရိုက်ကူးမယ့်နေရာကို တိုက်ရိုက်‌လာလိမ့်မယ်လို့ ရှောင်လုပြောခဲ့တာကို သူမမေ့လုနီးနီးပင်။

လင်းယွီက လူအုပ်ထဲမှာ ရပ်နေပြီး သူ့အကြည့်တွေက စုချန်ယန်ကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေသည်။ သူမက သူ့အကြည့်တွေကို အမြန်ရှောင်လိုက်တာ တွေ့လိုက်ရတော့ သူ မျက်မှောင်ကြုတ်လိုက်မိသည်။

ဒုတိယအချီမှာတော့ ချင်ယို့က ဦးဆောင်နေဆဲပင်။

"မနှစ်က ဒီနေ့မှာ၊ Dongmen အရှေ့ဘက်မှာ အနီရောင်မက်မွန်ပွင့်တွေက လက်ဆတ်တောက်ပနေတယ်"

ချင်ယို့မှာ ဒီကဗျာက အရင်က သိပ်မကျော်ကြားတဲ့ <မြို့တော်ရဲ့ တောင်ဘက်စံအိမ်>မှ ဆင်းသက်လာသောကြောင့် အံ့အားသင့်သွားသည်။

“မက်မွန်ပွင့်တွေက အနီရောင်။ အရှေ့လေက တိုက်ခတ်သွားတယ်၊ ဟယ်ကျူးရဲ့ <Qin E ကို ပြန်လည်သတိရခြင်း>

“ဒီကဗျာကို အရင်က မကြားဖူးဘူး။ ချင်ယို့ မင်းက အံ့သြစရာပဲ!”

ချင်ယို့က နည်းနည်းရှက်သွားပြီး ပြောလာသည်။ "ကျွန်မဖတ်ရတာကို ကြိုက်လို့ပါ"

နောက်တော့ နောက်တစ်ဆင့်ကို စလိုက်ကြသည်။

"ကိုယ့်အလိုဆန္ဒကို မတွေးဘဲ မှန်ကန်တဲ့အရာကို မင်းသိတဲ့အတိုင်း ကျင့်ပါ"

ရှန်ဖု ခဏရပ်သွားပြီး စိတ်ရှုပ်ထွေးသလိုကြည့်ကာ "ဘာ?"

"ဘာကြီးလဲ? ဒါကို ကျွန်တော် တစ်ခါမှ မကြားဖူးဘူး”

"ဟုတ်တယ်၊ ငါတို့ ဒီကနေ ဘယ်လိုဆက်လုပ်ရမှာလဲ?"

ချင်ယို့ - "ဝါကျရဲ့ ဒုတိယတစ်ပိုင်းက အရမ်းရိုးရှင်းပါတယ်"

"အဲဒါကဘာလဲ?"

ရှန်ဖုက မဖြေနိုင်တဲ့အတွက် အထုတ်ခံလိုက်ရသည်။ လက်ထောက်ဒါရိုက်တာက ချင်ယို့ကို ဆက်ခိုင်းလိုက်သည်။

ချင်ယို့ - "ဒုတိယပိုင်းကတော့ 'ငါတို့လမ်းခွဲတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မမေ့ကြနဲ့ ငါတို့လျှောက်လှမ်းတဲ့ ခြေလှမ်းတိုင်းကို မြတ်နိုးကြစို့' ပါ"

အားလုံးက နှုတ်ဆိတ်နေကြသည်။

ဒုတိယအချီတွင် ရှန်ဖုက ပထမဆုံး ရှုံးသွားတဲ့သူဖြစ်သည်။

အစီအစဉ်ကပြင်ဆင်ထားတဲ့ကဗျာတွေက ပိုခက်ခဲလာကာ စုချန်ယန် အလှည့်ရောက်တဲ့အချိန်မှာ သုံးယောက် အထုတ်ခံလိုက်ရပြီဖြစ်သည်။

“ပန်းတွေက လေထဲမှာ ပျံဝဲတယ်၊ ရေက သူ့အလိုလို စီးဆင်းတယ်၊ တောင့်တမှု တစ်မျိုး၊ ဝမ်းနည်းမှုကနှစ်မျိုး ခြားနားတယ်"

“ကန့်ကွက်တယ်"

လက်ထောက်ဒါရိုက်တာ ပြောပြီးသွားတာနဲ့ အထုတ်ခံလိုက်ရတဲ့ ဟန်စုန့်ရွှယ်က ကန့်ကွက်တယ်လို့ အော်ပြောလာသည်။

" ကျွန်မတို့အတွက်ကျ အရမ်းခက်တယ်၊ ဒါပေမယ့် ချန်ယန်အတွက်ကျတော့ လွယ်လွယ်လေး"

ရှန်ဖုလည်း ခေါင်းညိတ်သဘောတူလာသည်။

လက်ထောက်ဒါရိုက်တာက "ကန့်ကွက်တာ အကျုံးမဝင်ပါဘူး။ ချန်ယန် ကျေးဇူးပြုပြီး ဖြေပေးပါ"

တိုက်တိုက်ဆိုင်ဆိုင်ဘဲ စုချန်ယန်လည်း ဒီဗျာကို သိသည်။

လင်းယွီ ရုတ်တရက် ပေါ်လာတာက သူမကို ခဏ‌လောက် ထိတ်လန့်သွားစေပေမယ့် သူမမှာ တည်ငြိမ်တဲ့စရိုက်ရှိတာကြောင့် အမြန်ဘဲ ပြန်တည်ငြိမ်သွားသည်။

အခုအချိန်မှာ သူမ‌အနေနဲ့ စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးမရှိဘဲ လင်းယွီ မတည်ရှိနေသလိုမျိုး နေလိုက်သည်။

"မျက်ခုံးကနေ နှလုံးသားထဲထိ စိမ့်ဝင်သွားတဲ့ ဒီခံစားချက်ကို ဘယ်နည်းနဲ့မှ ဖျောက်ဖျက်လို့ မရဘူး"

လင်းယွီက ဝန်ထမ်းတွေအနောက်မှာထိုင်ခုံတစ်ခုကို တွေ့လိုက်ပြီး နောက်တော့ သူ့စိတ်ထဲ စုချန်ယန်ရဲ့ သူ့ကိုရှောင်ဖယ်လိုက်တဲ့ အကြည့်ကရောက်လာပြီး မျက်ခုံးတွေကို ဖြေလျှော့လိုက်ကာ သူမရဲ့ မကျေမချမ်း အသံကို ကြားလိုက်ရသည်။

ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်က နားလည်ဖို့ မခက်ပေ။

မျက်ခုံးကနေ နှလုံးသားထဲထိ စိမ့်ဝင်သွားတဲ့ ဒီခံစားချက်ကို ဘယ်လိုနည်းနဲ့မှ ဖယ်ထုတ်လို့ မရဘူး။

လင်းယုမှာ ခဏလောက် အံ့အားသင့်သွားပြီး ရယ်လိုက်သည်။ ပိုပိုပြီးတွေးနေမိတဲ့ သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။

စုချန်ယန်က ဒုတိယအချီမှာအောင်သွားဖို့ ကံတရားကို အားကိုးခဲ့ပေမယ့် နောက်ဆုံး တတိယအချီမှာ‌တော့ ရှုံးသွားသည်။ နောက်ဆုံးအနိုင်ရတဲ့သူ‌တွေက ချင်ယို့၊ကျန်းရှစ်ချီနဲ့ စုန့်မင်ကန်တို့ဖြစ်သည်။

ချင်ယို့နဲ့ စုန့်မင်ကန်တို့ အနိုင်ရသွားတာကို မမျှော်လင့်ထားပေမယ့် ကျန်းရှစ်ချီလည်း စာဖတ်ရတာကို သဘောကျလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

"ကျေးဇူးပြုပြီး မင်းနဲ့အတူ ကေဘယ်ကားစီးဖို့ ဖိတ်ခေါ်ချင်တဲ့ ဧည့်သည်တွေရဲ့ နာမည်တွေကို မင်းတို့အရှေ့က စာရွက်ပေါ်မှာ ရေးပြီစတော့ ဝန်ထမ်းကို ပေးလိုက်ပါ"

"နားလည်ပါပြီ"

သူတို့သုံးယောက်က နာမည်တွေရေးပြီးတော့ ဝန်ထမ်းတွေကို စာရွက်တွေ ပေးလိုက်သည်။

ထျန်းရုန်မှာ သူမနာမည်ကို တစ်ယောက်ယောက် ရေးထားလိမ့်မယ်လို့ ယုံကြည်ထားတဲ့အတွက် သိပ်ပြီးစိုးရိမ်မနေဘဲ နေရာမှာဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေသည်။

သူမမှာ အရင်တုန်းက variety showတွေမှာ ပါဝင်ဖူးပြီး variety showက လူဟောင်းတွေမှာ အသစ်ဝင်လာသူတွေကို အမျိုးမျိုးအထိ ဂရုစိုက်ပေးလေ့ရှိသည်။

စုချန်ယန် သူမကို သဘောမကျရင်တောင် သူတို့အတွက်ပွင့်ပွင့်လင်းလင်း မပြနိုင်တဲ့အပြင် သူမဝတ်ထားတဲ့ အဝတ်တွေက တောင်တက်ဖို့ မသင့်တော်ပေ။

All Chapters