အခန်း ၁၁၀
Vol. 9 Ch. 110
“စကားမစပ်၊ ဖိတ်ကြားထားတဲ့ ဧည့်သည်သုံးယောက်မှာ နာမည်ထပ်နေတယ်ဆိုရင် နောက်တစ်ကြိမ် ထပ်ရွေးလို့မရတော့ဘူးဆိုတာ လူတိုင်းကို သတိပေးဖို့ မေ့သွားတယ်။ ရွေးချယ်ခံရတဲ့ဧည့်သည်က ဘယ်သူနဲ့စီးရမလဲဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပြီး ကေဘယ်ကားအလွတ်နေရာကို နာမည်ထပ်သွားတဲ့ဧည့်သည်က နောက်ထပ်နာမည်ထပ်ဖြည့်ပေးရပါမယ်"
စုချန်ယန်က ဒါကို ဂရုမစိုက်ပေ။ သူမက တောက်ပနေတဲ့ နေရောင်ကို ရှောင်ဖို့ မျက်လုံးတွေကို လက်နဲ့ကာထားပြီး တောင်ပေါ်ကို တစ်ဝက်တစ်ပျက် လှမ်းကြည့်ကာ လမ်းတွင် တိရစ္ဆာန်ငယ်လေးတွေကို တွေ့နိုင်မလားလို့ တွေးနေသည်။
ဝန်ထမ်းတွေက လက်ထောက်ဒါရိုက်တာဆီ စာရွက်တွေ လွှဲပေးလိုက်ကြပြီး စာရွက်ပေါ်က နာမည်သုံးခုကို တွေ့တဲ့အခါ မတတ်နိုင်ဘဲ သူ့နှုတ်ခမ်းထောင့်တွေ တွန့်သွားသည်။
လူတိုင်းက သိချင်စိတ်နဲ့ သူ့ကိုကြည့်နေကြသည်။
အနိုင်ရတဲ့ ဧည့်သည် သုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ရုတ်တရက် စိတ်ထင့်သွားကြသည်။
"အရင်ဆုံး၊ ကျန်းရှစ်ချီရဲ့ ကေဘယ်ကားစီးဖို့ ရွေးချယ်ခံရတဲ့ ဧည့်သည်ကို ကြေညာလိုက်ရအောင် - စုချန်ယန်!"
စုချန်ယန်က ရုတ်တရက် အခေါ်ခံလိုက်ရတော့ အံ့အားသင့်သွားတဲ့ အမူအရာနဲ့ လှမ်းကြည့်လိုက်သည်။ မျက်လုံးချင်းဆုံသွားတဲ့အခါ ကျန်းရှစ်ချီက နည်းနည်းရှက်သလို ခံစားလိုက်ရသည်။
"စောစောတုန်းက နင်ငါ့ကို မောင်းပို့ခဲ့တော့ အခု ကျေးဇူးပြန်ဆပ်တာ"
"အင်း၊ သိပြီ" စုချန်ယန်က ခေါင်းညိတ်ပြပြီး ဒါကကျိုးကြောင်းဆီလျော်တယ်လို့ တွေးလိုက်သည်။
သူမက ကျန်းရှစ်ချီဆီ လျှောက်သွားတော့ ထျန်းရုန်အနားကနေ ဖြတ်သွားတဲ့အခါ သူမမျက်နှာက နည်းနည်း အရုပ်ဆိုးနေမှန်း သတိပြုမိလိုက်သည်။
အနိုင်ရတဲ့ ဧည့်သည် သုံးယောက်ထဲမှာ ကျန်းရှစ်ချီက သူမနဲ့ စီမံခန့်ခွဲရေး ကုမ္ပဏီတူတော့ သူမကို ရွေးချယ်ဖို့ အလားအလာ အရှိဆုံး ဖြစ်ခဲ့ပေမယ့် အဲ့ဒီအစား ကျန်းရှစ်ချီက စုချန်ယန်ကို ရွေးခဲ့တယ်လား?
ထျန်းရုန်မှာ သူမရဲ့အင်္ကျီလက်ကျယ်ကျယ်အောက်မှာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူမသာ နာမည်ထပ်ပြီးရွေးချယ်ခံရခဲ့ရင် သူမတို့ကြားမှာ မလိုမုန်းထားမရှိဘူးဆိုတဲ့ အဓိပ္ပါယ်အနေနဲ့ သူမနေရာအစား စုချန်ယန်ကို ရွေးလိုက်မယ်လို့ စိတ်ကူးထားပြီး နောက်လာမှာကို ပြင်ဆင်ထားတာဖြစ်သည်။ သို့သော်ငြားလည်း သူမမျက်နှာမှာ တည်ငြိမ်တဲ့ အမူအရာကို ထိန်းထားဖို့ ကြိုးစားလိုက်သည်။
အထူးသဖြင့် သူမက ambassador အဖြစ် ရှိနေတာမို့လို့ ကျန်တဲ့ဧည့်သည်နှစ်ယောက်က သူမကို မရွေးရလောက်အောင် ရူးနေမယ်လို့ သူမ မထင်ထားခဲ့ပေ။
"နောက်ထပ်၊ ဧည့်သည် ချင်ယို့က သူမနဲ့အတူ ကေဘယ်ကားစီးဖို့ ရွေးချယ်ခဲ့တဲ့သူကတော့ အံ့သြစရာကောင်းအောင် ထပ်ပြီးစုချန်ယန်ပါဘဲ!"
ပြောလို့ပြီးသွားတော့ စုချန်ယန်အပါအဝင် ကျန်တဲ့ဧည့်သည်တွေကလည်း အံ့ဩသွားကြသည်။
သူမဘေးမှာ ရပ်နေတဲ့ စုန့်မင်ကန်ရဲ့ ရှုပ်ထွေးတဲ့ အမူအရာနဲ့ သက်ပြင်းချလိုက်တာကို မှန်းဆလို့မရပေ။
“…အာ?”
စုချန်ယန်နည်းနည်း စိတ်ရှုပ်သွားပြီး သူမဘေးမှာ ရပ်နေတဲ့ ချင်ယို့ကို လှမ်းကြည့်လိုက်သည်။
ချင်ယို့လည်း နည်းနည်းရှက်ရွံ့သွားပြီး တိုးတိုးလေးပြောလာသည်။ "အစက ညီမက ထပ်သွားမှာစိုးလို့၊ အစ်မရှစ်ချီလည်း ရွေးလိုက်မယ်လို့ မထင်ထားဘူး...."
သူမပြောလို့ပြီးတော့ သူမရဲ့အကြည့်က ထျန်းရုန်ဆီရောက်သွားသည်။
ထန်းရုန်မှာ ကျန်းရှစ်ချီရဲ့ စီနီယာအစ်မဖြစ်ကြောင်း အားလုံးသိကြသည်။
ထျန်းရုန်မှာ မျက်နှာပေါ်က အပြုံးကို ထိန်းမထားနိုင်တော့ပေ။ ကံကောင်းထောက်မစွာနဲ့ သူမမျက်နှာကို ကာထားတာကြောင့် သူမရဲ့အမူအရာကို မမြင်ရပေ။
ကောင်းပြီ၊ နောက်ဆုံးတစ်ယောက် ကျန်ပါသေးတယ်။ ဒီအစီအစဉ်တွင် လူတိုင်းက ambassador ဖြစ်တဲ့ သူမကိုမရွေးချယ်ရလောက်အောင် မိုက်မဲလိမ့်မယ်လို့ သူမမယုံခဲ့ဘူး!
ဒါပေမယ့်… သုံးယောက်လုံး သူမကို မရွေးခဲ့ရင်တော့ ပရိတ်သတ်တွေအရှေ့မှာ သူမမျက်နှာပျက်ရလိမ့်မယ်!
ထျန်းရုန်က အံကိုကြိတ်ကာ လက်ထောက်ဒါရိုက်တာဘက်ကို တစ်ချက်ကြည့်လိုက်သည်။ ယေဘူယျအားဖြင့်၊ အစီအစဉ်တစ်ခု ရိုက်ကူးရေးလုပ်နေတဲ့အတောတွင်းမှာ မတော်တဆမှုများမဖြစ်စေရန်အတွက် လူထုအရှေ့မှာ အရှက်မရစေဖို့အစီအစဉ်အဖွဲ့က ဧည့်သည်တွေကို အချို့အရာတွေ ကြိုတင်သတိပေးထားလိမ့်မည်ဖြစ်သည်။
စုချန်ယန်က ကျန်းရှစ်ချီကိုကြည့်လိုက်ပြီးနောက်တော့ ချင်ယို့ကို ကြည့်လိုက်ကာ တုံ့ဆိုင်းနေပြီး “ဒါက…”
အဲ့ဒီအချိန် လက်ထောက်ဒါရိုက်တာက ဖြတ်ပြောလာသည်။ “ရွေးချယ်ဖို့ အလျင်စလိုမလုပ်ပါနဲ့ဦး၊ နာမည်မပြောရသေးတဲ့ ဧည့်သည်တစ်ယောက်ရှိသေးတယ်”
ဒီကားကိုကြားတော့ စုချန်ယန်မှာ ကြိုတွေးမိလိုက်ပြီး သူမကို တောင်းပန်တဲ့ အပြုံးတစ်ခုပေးလာတဲ့ စုန့်မင်ကန် ဘက်ဆီ မသိစိတ်ကနေ လှမ်းကြည့်လိုက်သည်။
စုချန်ယန် - “…”
မျှော်လင့်ထားတဲ့အတိုင်း လက်ထောက်ဒါရိုက်တာရဲ့ နောက်လာတဲ့စကားတွေက သူမရဲ့သံသယတွေကို အတည်ပြုပေးလိုက်သည်။
"သူနဲ့အတူ ကေဘယ်ကားစီးဖို့ မင်ကန် ရွေးချယ်ထားတဲ့ ဧည့်သည်က စုချန်ယန်ပါပဲ!"
“ဟားဟား…”
“နင်တို့ နှစ်ယောက် လောင်းထားကြတာလား?"
ချီဖုနဲ့ ဟန်စုန့်ရွှယ်တို့က ရယ်မောကြပြီး အခြားသူတွေရဲ့ မျက်နှာပေါ်မှာ စနောက်လိုတဲ့ အမူအရာတွေ ရှိနေကြသည်။
ထျန်းရုန် ကလွဲရင်ပေါ့။
ပရိုဂရမ် ရိုက်ကူးနေတဲ့ မိနစ်သုံးဆယ်လောက် အတွင်းမှာ သူမကို ဆက်လုပ်ဖို့ သူတို့တွေ ခက်ခဲအောင်လုပ်လို့မယ်လို့ သူမ မမျှော်လင့်ထားပါချေ။
ထျန်းရုန်အနေနဲ့ ဒီခရီးစဉ်မှာ ပါဝင်လာတာက ရည်ရွယ်ချက် သုံးခုဖြင့် ဖြစ်သည်။
ပထမအချက်မှာ သေချာပေါက်ကို စုချန်ယန်နဲ့ ညိမိပြီးနောက် လူသိရှင်ကြား အငြင်းပွားမှု ဖြစ်တဲ့ကိစ္စပင်။
ဒုတိယအချက်မှာတော့ စုချန်ယန်နဲ့ ချစ်ကြည်ရေးကိုပြသဖို့ဖြစ်သည်။ နောက်ဆုံးမှာတော့ ယန်ရှုရီရဲ့ အဖြစ်အပျက်မှာ သူမကို မမြင်ရသလောက်ပင်။ စုချန်ယန်သာ သူမရဲ့ စေတနာကို လက်ခံဖို့ ဆန္ဒရှိနေသရွေ့ သူမအနေနဲ့ သူမရဲ့ နာမည်ကို ရှင်းရရုံသာမက ကျော်ကြားမှုကိုပါ ရရှိနိုင်မည်ဖြစ်သည်။
တတိယအချက်အနေနဲ့ စုချန်ယန်သာ သူမရဲ့ စေတနာကို လက်မခံဘဲ အခြားသူတွေနဲ့ သူမကို တစ်ယောက်ထဲ ဖယ်ထားပါက သူမဟာ သနားစရာကောင်းတဲ့အပြုအမူနဲ့ ပရိသတ်တွေရဲ့ စာနာမှုကို ရယူပြီး အဲ့ဒီ ကာလပတ်လုံး သူမရဲ့နာမည်ကို ရှင်းရှင်းလင်းလင်း လုပ်ဖို့ အခွင့်အရေးရနိုင်သည်။
သို့ပေမယ့် အေဂျင်စီက ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ သူမနဲ့ စုချန်ယန်အတွက် Win-Win အခြေအနေဖြစ်တဲ့ ဒုတိယရွေးချယ်မှုကို သဘောကျသည်။
တတိယရွေးချယ်မှုကို မှီခိုအားထားရမည်ဆိုပါက၊ ဒါဟာ စုချန်ယန်နဲ့ <Travel> မှာပါရှိတဲ့ အခြားဧည့်သည်တွေအပေါ် သက်ရောက်မှု ရှိလာလိမ့်မည်ဖြစ်သည်။ ဒီအရေးကြီးတဲ့အခိုက်အတန့်မှာ ကုမ္ပဏီက သူမကို အခြားဘယ်သူ့ကိုမှ စော်ကားစေလိုပေ။
ဒါကြောင့် သူမက မလာမီတွင် စုချန်ယန်အပေါ် ကောင်းကောင်းပြုမူပြီး စုချန်ယန်ကြောင့်<Travel> အဖွဲ့သားတွေက သူမကို ဖယ်ကျဉ်ထားတယ်ဆိုတာကို ပြဖို့ သူမပြင်ဆင်ခဲ့တာဖြစ်သည်။ ဒါပေမယ့် နာရီဝက်ထက်မနည်းတဲ့ ဒီရိုက်ကူးမှုမှာ သူမကို ဒီလိုမျိုးအရှက်ရစေလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါချေ။
သူမနဲ့အတူ ကေဘယ်ကားစီးဖို့ မရွေးဘူးဆိုတာဟာ သူမကို ဖယ်ကျဉ်ထားတယ်လို့ ဆိုလို့မရပေမယ့် အသစ်ဝင်လာတဲ့သူတွေကို ဂရုစိုက်ရမှာက ဒီလောကတွင် မရေးပြထားတဲ့ စည်းမျဉ်းတစ်ခုဖြစ်သည်။
ဒါ့အပြင် သူမက တောင်တက်ဖို့ အဆင်မပြေသော အဝတ်အစားတွေကို ဝတ်ထားသေးကာ ဒီနေရာရဲ့ ambassador တစ်ယောက်လည်းဖြစ်သည်။ သူတို့ရဲ့ အပြုအမူမှာ သံသယမရှိ ထျန်းရုန်ကို လှောင်ပြောင်စရာဖြစ်သွားစေသည်။
ထျန်းရုန်ရဲ့ မျက်နှာမှာ ဖော်မပြနိုင်တဲ့ အမူအရာဖြစ်လာသည်။
ရှောင်လုက လူအုပ်ရဲ့အစွန်းမှာ ရပ်နေပြီး အထဲကိုလှမ်းကြည့်လိုက်သည်။ ထျန်းရုန်ရဲ့ မျက်နှာက အဆင်မပြေဖြစ်နေတာကို မြင်လိုက်ရတော့ သူမက လင်းယွီဘက် လှည့်လာပြီး ပြောလာသည်။
"ထျန်းရုန်က သူတို့ထဲက တစ်ယောက်လောက်က အနည်းဆုံး လူမှုဆက်ဆံရေးကို နားလည်ပြီး သူ့နာမည်ကို ရေးလိမ့်မယ်လို့ ထင်ထားတာနေမယ်။ ဒါပေမယ့် သူအတွက်မှားသွားတယ်။ ဒီသုံးယောက်သာ လူမှုဆက်ဆံရေး အကြောင်း နည်းနည်းနားလည်ရင်၊ ဒီပတ်ဝန်းကျင်မှာ သူတို့တွေ သိပ်ပြီး နလပိန်းတုံး ဖြစ်မနေလောက်ဘူး မလား?"
လင်းယွီက သူမကို တစ်ချက်ကြည့်လိုက်ပြီး "မင်းရဲ့ဘယ်ဘက်မှာရှိတဲ့ အမျိုးသမီးက Miss ကျန်းရဲ့မန်နေဂျာပဲ"
ရှောင်လုရဲ့မျက်နှာမှာ တောင့်တင်းသွားပြီးသူမရဲ့ ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ အဲ့ဒီအမျိုးသမီးက သူမကို အပြုံးမမည်တဲ့အပြုံးနဲ့ ကြည့်နေသည်။
ရှောင်လု - “…”
စုချန်ယန်မှာ တကယ်ကို ဘာမှမသိပေ။ တစ်ယောက်ယောက်က သူမကို တကယ်ရွေးလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါချေ။
သူမက သူတို့သုံးယောက်ထဲမှာ ကျန်းရှစ်ချီက ထျန်းရုန်ကို ရွေးလိမ့်မယ်လို့ ထင်ထားတာဖြစ်သည်။ ဒါရိုက်ကူးရေးထဲမှာ ဆိုရင်တောင် သူမနဲ့ ပိုကောင်းတဲ့ဆက်ဆံရေးရှိပြီး ဒီအပိုင်းမှာ ထျန်းရုန် ရောက်လာကတည်းက နည်းနည်းဉာဏ်ကောင်းတဲ့ လူတိုင်းက ကျန်းရှစ်ချီက ကုမ္ပဏီတစ်ခုတည်းက သူမရဲ့ စီနီယာအစ်မကို ရွေးချယ်လိမ့်မယ်လို့ ထင်ထားခဲ့တာဖြစ်သည်။ သူမ ရွေးပြီး သူ့စီနီယာအစ်မကို ဘေးဖယ်ထားမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါချေ။
ချင်ယို့နဲ့ စုန့်မင်ကန် အတွက်ကတော့ သူမကို ရွေးချယ်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
စုန့်မင်ကန် - "ရှစ်ချီက Miss ထျန်းကို ရွေးပြီး ရှောင်ယို့က အစ်မဟယ်ရှုကိုရွေစလိမ့်မယ်လို့ ထင်လိုက်လို့...."
ထျန်းရုန် - "... "
ထျန်းရုန်မှာ အံကြိတ်လိုက်ပြီး မတတ်နိုင်ဘဲ ကျန်းရှစ်ချီကို ကြည့်လိုက်သည်။ ရှစ်ချီသာ သူမကို ရွေးခဲ့ရင် အရာအားလုံးက ဒီလောက်ထိရှုပ်ထွေးသွားမှာ မဟုတ်ဘူး။ သူမဘာလို့...
ထျန်းရုန်မှာ စိတ်ထဲတွင် မကျေမနပ်ဖြစ်နေပေမယ့် သူမပြဝံ့ပါချေ။ ကျန်းရှစ်ချီရဲ့ မိသားစုနောက်ခံဟာ သူမ စော်ကားဖို့တတ်နိုင်တဲ့ အရာမဟုတ်ပါချေ။ သူမကြောင့်သာ အရင်က ပြောရေးဆိုခွင့်ရှိသူအဖြစ် အခွင့်ရေးရခဲ့တာဖြစ်သည်။
ဟန်စုန့်ရွှယ်ကတော့ မျက်လုံးမကောင်းပါချေ။ စုန့်မင်ကန် ရဲ့ စကားကို ကြားတော့ သူမက သူတို့ကို လက်ညှိုးထိုကာ ရယ်လာသည်။
"ရှင်တို့တွေက အရူးလား? အခု ငါတို့ရဲ့ ambassador ကြီး ထျန်းရုန်က သူ့ဘာသာသူ တက်ရတော့မယ်! အရမ်းသနားစရာကောင်းလိုက်တာ"
ဟန်စုန့်ရွှယ်က လျှာစောင်းထက်တဲ့သူဖြစ်ပြီး ဒီတစ်ခါမှာလည်း ခြွင်းချက်မရှိပေ။
သူမပြောပြီးသွားတာနဲ့ သူမဘေးနားရှိ ရင်းနှီးတဲ့သူတွေကသူမကို မနှစ်သက်တဲ့ အကြည့်ပေးလာကြသည်။
ချီဖုက သူမကို တိတ်တိတ်လေး တို့လိုက်ပြီး တိုးတိုးလေးပြောလာသည်။ “ချဲ့ကားမပြောစမ်းနဲ့"
ဟန်စုန့်ရွှယ်က သဘောမပေါက်သေးပေမယ့် သူမကိုယ်သူမ နည်းနည်း ထိန်းလိုက်ပြီး "ငါ ချဲ့ကားပြောနေတာမှမဟုတ်ဘဲ၊ အမှန်အတိုင်းပြောတာကို"
အားလုံးက ရယ်လိုက်ကြပြီးနောက်တော့ လက်ထောက်ဒါရိုက်တာက ပြောလာသည်။ "ဒါဆို ချန်ယန်၊ ကေဘယ်ကားစီးမယ့်သူကို အရင်ရွေးလို့ရပြီ"
စုချန်ယန်က လှည့်ပတ်ကြည့်လိုက်ပြီး ချင်ယို့နဲ့ စုန့်မင်ကန် က သူမကို စိတ်မပူဖို့ အချက်ပြလိုက်သည်။ စုချန်ယန်က သူတို့ကို ပြုံးပြလိုက်ပြီး "ကျွန်မ ရှစ်ချီနဲ့ လိုက်မယ်"
လက်ထောက်ဒါရိုက်တာက ခေါင်းညိတ်ပြကာ “ဒါဆို တခြားဧည့်သည်နှစ်ယောက်နဲ့ ကေဘယ်ကားစီးဖို့ တစ်ယောက်ကို ရွေးရမှာ”
ဒါကိုကြားတော့ ဟန်စုန့်ရွှယ်က စုချန်ယန်သူမဘက်ကို ကြည့်လာတဲ့အခါ မျက်လုံး မှိတ်ပြပြီး သူမကို ရွေးချယ်ဖို့ အကြံပြုလာသည်။
ဒါပေမယ့် လက်ထောက်ဒါရိုက်တာရဲ့ စကားကိုကြားတဲ့အခါ ထျန်းရုန်ရဲ့ရင်ထဲမှာ သက်သာရာရသလို သက်ပြင်းတစ်ချက်ချလိုက်သည်။
ဒီအခြေအနေမှာ စုချန်ယန်သာဦးနှောက်ရှိရင်တော့ သေချာပေါက် သူမကို သေချာပေါက်ရွေးမှာဘဲ။ မဟုတ်ရင် သူမ (စုချန်ယန်)ကိုယ်တိုင် ဦးဆောင်ပြီး သူမကို ဖယ်ကျဉ်ထားတယ်လို့ ပရိတ်သတ်တွေ သေချာပေါက်ကို မြင်ရမှာပဲ။ စုချန်ယန်က အဲ့ဒီလောက်ထိမတုံးအသလို သံသယတွေကို ဘယ်လိုရှောင်ရှားရမလဲဆိုတာသိလိမ့်မယ်လို့ ထျန်းရုန်ထင်လိုက်သည်။
စုချန်ယန်က တုံ့ဆိုင်းသွားပြီး လူအုပ်ကို ကြည့်လိုက်သည်။
သူမရင်ဆိုင်နေရတဲ့ ရွေးချယ်မှုနဲ့ ပတ်သတ်ပြီး သူမရှင်းရှင်းလင်းလင်းကို သိသည်။ သူမသာ ထျန်းရုန်ကို မရွေးခဲ့ရင် သူမက တမင်သက်သက် ခွဲခြားဆက်ဆံတာလို့ ပရိတ်သတ်တွေ တွေးလိမ့်မည်။ ထျန်းရုန်ကို ရွေးခဲ့ရင်တော့ ... ရိုးရိုးသားသားပြောရရင် စုချန်ယန်က ထျန်းရုန်ကို လုံးဝမရွေးချင်ပါချေ။
မနေ့ညက လင်းယွီ သူမကိုပြောခဲ့တဲ့ သူမဘာကိုဘဲ ရွေးချယ်ပါစေ သူမရဲ့ဆန္ဒကို သူက ပံ့ပိုးပေးမယ်ဆိုတာကို သတိရသွားသည်။
အမှန်ပဲလား?
လင်းယွီက ဘယ်တုန်းကမှ ကြွားဝါရတာကို သဘောကျတဲ့သူမဟုတ်ပါချေ။
ဒါဆို သူမ ထျန်းရုန်ကို မရွေးရင်တောင် ကိစ္စမရှိဘူး မဟုတ်လား?