← Chapters

အခန်း ၁၁၂

Vol. 9 Ch. 112

အခန်း ၁၁၂

Vol. 9 Ch. 112

ကျန်းရှစ်ချီက သူမကို စကားအများကြီး မပြောချင်တာကြောင့် သူမကို ရေပေးပြီးတော့ စုချန်ယန် အနားပြန်သွားရပ်လိုက်သည်။

တစ်ဖက်က ချီဖုနဲ့ ရှန်ဖုတို့မှာ ဘာတုံ့ပြန်မှုမှမရှိဘဲ တောင်ပေါ်တက်ပြီးတဲ့နောက် လန်းဆန်းသွားသည်။

တောင်ပေါ်က ရှုခင်းကြည့်တဲ့ပလက်ဖောင်းပေါ် ရပ်ကာ လက်ထောက်ဒါရိုက်တာက တောင်ပေါ်ရှိ အဆောက်အဦးတွေကို ရှင်းပြဖို့ ထျန်းရုန်ကို တောင်းဆိုလိုက်သည်။

ထျန်းရုန်မှာ တောင်အောက်ခြေက‌နေ တက်လာပြီး မောပန်းနွမ်းနယ်နေကာ ပြတ်တောင်းပြတ်တောင်းနဲ့ ပြောလာသည်။ သူမရဲ့ ပါးပြင်တွေက နီရဲနေပြီး မျက်လုံး‌တွေကလည်း နည်းနည်း စိုစွတ်နေသည်။

သူမ မိတ်ဆက်ပေးတာကို နားထောင်ပြီးသွားတော့ ဧည့်သည်တွေက သဘာဝအတိုင်း သူတို့ဘာသာခံစားလိုကြသည်။

ပထမဆုံး ဖျော်ဖြေရေး အဆောက်အဦး နည်းနည်းက သိပါစိတ်ဝင်စားဖို့ မကောင်းတဲ့အတွက် လူတိုင်းက ပျော်ရွှင်စွာ လိုက်ပတ်ကြည့်ပြီး ဓာတ်ပုံရိုက်ကြသည်။

သို့ပေမယ့် ထျန်းရုန်ကတော့ နည်းနည်း အဆင်မပြေတဲ့ အခြေအနေမှာ ရှိနေသည်။

သူမဟာ အိမ်စာတွေကို ကြိုပြီး သေချာလုပ်ထားခဲ့ကာ လမ်းတစ်လျှောက်တွင် ပုံပြင်ပေါင်းများစွာကိုပင် ပြောပြခဲ့သည်။

စုချန်ယန်နဲ့ ဟန်စုန့်ရွှယ်တို့က ဒီဇာတ်လမ်းတွေကို စိတ်မဝင်စားဘဲ လည်ပတ်ဖို့ကိုသာ အာရုံစိုက်ကြသည်။ ကျန်းရှစ်ချီက သူမကို ထောက်ခံချင်ပေမယ့် စုချန်ယန်နဲ့ ဟန်စုန့်ရွှယ်တို့ဆီဘဲ အာရုံက အမြဲရောက်နေသည်။

စုန့်မင်ကန်ကတော့ ပြောစရာတောင်မလိုပေ။ မိနစ်အနည်းငယ်အတွင်းမှာဘဲ ဟန်စုန့်ရွှယ်နဲ့ အငြင်းအခုံဖြစ်ပြန်သည်။ ချီဖုက ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ပါဝင်နေချိန်တွင် စုချန်ယန်ကတော့ သူတို့ကို ရှောင်သွားသည်။

ရှန်ဖုကလည်း စကားသိပ်ပြောတတ်တဲ့သူမဟုတ်တဲ့အတွက် ဟယ်ရှုနဲ့အတူ သူတို့ပတ်ဝန်းကျင်က အဆောက်အဦး‌တွေကို ကြည့်နေကြသည်။

အဆုံးမှာ‌တော့၊ ချင်ယို့တစ်ယောက်ပဲ သူမရဲ့စကားတွေကို သည်းခံနားထောင်ရတော့သည်။

တကယ်တော့ သူမကို ဘယ်သူကမှ ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားတာ မဟုတ်ပေ။ စုချန်ယန် ကတော့ သူမရဲ့ စွမ်းအင်နဲ့ အချိန်တွေကို မဖြုန်းတီးချင်တာဖြစ်ပြီး တခြားဧည့်သည်တွေရဲ့ အပြုအမူကတော့ ပုံမှန်အတိုင်း ကွာခြားမှုမရှိပါချေ။

မလွှဲမရှောင်သာဘဲ၊ ထျန်းရုန်ရဲ့ တည်ရှိမှုက လူတိုင်းဆီကနေ လျစ်လျူရှုခံလိုက်ရသည်။

သူမအနေနဲ့ ဒါကို အသနားခံရပြီး လူတိုင်းကို အနိုင်ယူဖို့ အခွင့်အရေးတစ်ခုအဖြစ် အသုံးချနိုင်သည်။

ရိုက်ကူးရေး တစ်ရက်အပြီးမှာတော့ ထျန်းရုန်မှာ စကားပြောခွင့် မရှိသလောက်ဖြစ်ပြီး ပရိုဂရမ်အဖွဲ့ကလည်းပျော်ရွှင်နေပုံရကာ ဒါအတွက် သူတို့တွေ လုံးဝသတိမရလိုက်ပေ။

အဆုံးမှာ‌တော့ စုချန်ယန်ရဲ့ ခံစားချက်တွေမှာ ဟန်စုန့်ရွှယ်ဆီကနေ လွှမ်းမိုးခံလိုက်ရပြီး သူတို့နောက်မှာ ဧည့်သည်တစ်ဦး ရှိနေသေးကြောင်း မေ့လုနီးပါးပင်ဖြစ်ခဲ့ရသည်။

ပရိုဂရမ်မှာ နောက်ထပ်ရိုက်ကူးဖို့ တစ်ရက်ကျန်သေးတာကြောင့် ပရိုဂရမ်အဖွဲ့က တောင်ပေါ်ရှိဟိုတယ်မှာဘဲ ညအိပ်ဖို့ စီစဉ်ပေးခဲ့သည်။

ညစာမစားမီတွင် ပရိုဂရမ်အဖွဲ့က သူတို့ကို ပြန်မထွက်လာခင် လန်းဆန်းစေဖို့ သူတို့ရဲ့အခန်းတွေဆီပြန်သွားဖို့ ပြောလိုက်သည်။

ထျန်းရုန်မှာ အဲ့ဒီဝတ်စုံကိုပဲ တစ်နေကုန်ဝတ်ထားရပြီး အခန်းထဲပြန်ရောက်လာတဲ့အခါ ချွေးတွေစိုနေ ချေပြီ။ သူမက ဒေါသတကြီးနဲ့ ဆံညှပ်ကို ဆွဲချွတ်ကာ ပစ်ချလိုက်ပြီး ကျိန်ဆဲခဲ့သည်။

“ဘယ်လိုတောင် ငတုံးအဖွဲ့ဘဲ! ဘယ်သူမှ ဦးနှောက်မရှိကြဘူး! ဒါက တခြားသူတွေအတွက်ဟုတ်ပေမယ့် ကျန်းရှစ်ချီက စိတ်လွတ်သွားတာလား? သူက စုချန်ယန်ကို အစွမ်းထက်တယ်လို့ထင်ပြီး သူ့ကိုစွဲလမ်းသွားတာလား? ပထမပိုင်းကတည်းက သူစုချန်ယန် ကို သဘောကျခဲ့တာ။ ငတုံးတွေက ပိုက်ဆံပိုရှိတာ အမှန်ပဲလား?သူများတွေ ဘာပဲပြောပြော သူယုံတယ်! သူ့မှာ ဦးနှောက်တစ်အောင်စလေးတောင် မရှိနေဘူး!”

လက်ထောက်က တုန်တုန်ယင်ယင်နဲ့ တံခါးနားမှာ ရပ်‌နေခဲ့သည်။ “အစ်မရုန်…”

“တိတ်စမ်း! ပစ္စည်းတွေသယ်ဖို့ နင့်ကို ငါ့လက်ထောက်အဖြစ်ငှားခဲ့တာ။ နင်မလုပ်ချင်ရင် ထွက်သွားလိုက်!"

လက်ထောက်က ဖြူဖျော့သွားပြီး "Miss ကျန်းက..."

"ထွက်သွား!"

မန်နေဂျာက လက်ထောက်ကို ထွက်သွားဖို့ အချက်ပြလိုက်တော့ သူမလည်းတစ်ခွန်းမှ မပြောရဲ‌တော့ဘဲထွက်သွားကာ ဆူပူကြိမ်းမောင်းခံရတဲ့အတွက် မျက်ဝန်းထဲတွင် မျက်ရည်တွေဝဲလျက်ရှိနေသည်။

"အားရုန် မင်းအခုချိန်ထိ ဖိအားတွေ အများကြီးခံနေရတာကို ငါသိပါတယ်၊ ငါတို့ အစီအစဉ်ကို ရိုက်ကူးနေတုန်းမို့လို့ မင်းစကားပြောတာကို သတိထားဦး၊ နံရံတွေမှာ နားတွေရှိတယ်” မန်နေဂျာက ပြောလာသည်။

“အစ်မစန်း၊ သူတို့ကိုကြည့်ပါဦး။ ကျွန်မက ဧည့်သည်တစ်ယောက်ပြီးတော့ ambassadorတစ်‌ယောက်ပါ။ ကျွန်မက သူတို့ကြားထဲမှာ အကျော်ကြားဆုံး ဧည့်သည်ဘဲလေ မဟုတ်ဘူးလား? သူတို့က ကျွန်မကို လုံးဝ တန်ဖိုးထားလို့လား? ကျွန်မ တောင်ပေါ်တက်တဲ့အချိန်ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တဲ့အချိန်မှာ သူတို့က ကျွန်မစကားကို နားထောင်‌နေကြလို့လား? သူတို့အားလုံးက စုချန်ယန်ဘေးမှာဘဲ စုဝေးနေကြတာမဟုတ်ဘူးလား? စုချန်ယန်က အခု ပိုနာမည်ကြီးနေလို့လား?" ထျန်းရုန်က အမုန်းတရားတွေ ပြည့်နှက်နေကာ နီရဲနေတဲ့ မျက်လုံးတွေနဲ့ ပြောလာသည်။

"အသံကိုတိုးပါဦး။ မင်းရဲ့လက်ရှိအခြေအနေအရ စုချန်ယန်နဲ့တွဲဖို့ဆိုတာသူတို့အတွက် ယုတ္တိမတန်ဘူး။ ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကို မမေ့လိုက်နဲ့!" မန်နေဂျာက သူ့ကို သတိပေးလိုက်သည်။

"အစ်မစန်း ကျွန်မ စုချန်ယန်ကို မဖားနိုင်ဘူး။ နောက်ဆုံးအကြံကို သုံးကြည့်ရအောင်ပါ” ထျန်းရုန်က စိတ်ပိုင်းဖြတ်ထားသလို ပြောလာသည်။

အစ်မစန်းက မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။ “အားရုန်၊ စုချန်ယန် တစ်ယောက်ထဲသာဆိုရင် ကုမ္ပဏီက မင်းကို တွန်းအားပေးမှာ မဟုတ်ဘူး၊ ဒါပေမယ့် သူ့နောက်မှာ Starlight Entertainment နဲ့ မင်းသား လင်းယွီတို့ ရှိတယ်ဆိုတာ မမေ့နဲ့။ သူနဲ့ ရှိုးက အခြားဧည့်သည်တွေကိုစော်ကားတာက အသေးအမွှားဆိုပေမယ့် Starlight Entertainment ကို စော်ကားမိရင်တော့ ခက်ခဲလိမ့်မယ်။ ယန်ရှို့ရီ ဘာဖြစ်သွားလဲဆိုတာ မေ့သွားပြီလား?"

အဖြစ်အပျက်ကို တွေးရင်းနဲ့ ထျန်းရုန်မှာ ဒေါသတွေ ပြည့်နှက်သွားသည်။ သူမအနေနဲ့ နောက်ဆုံးမှာ ယန်ရှုရီနဲ့ နီးစပ်နိုင်ခဲ့ပြီး အရင်းအမြစ် နည်းနည်းလောက်ယူခဲ့တာကို စုချန်ယန်က အရာအားလုံးကို ဖျက်ဆီးခဲ့တာ။ သူမ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်ရမှာလဲ?

ကံမကောင်းစွာနဲ့ပဲ စုချန်ယန်က Starlight Entertainment နဲ့ စာချုပ်ချုပ်ခဲ့ပြီး Terry နဲ့လည်း ပူးပေါင်းခွင့်ရခဲ့သည်။ သူမ တဖြည်းဖြည်း မြင့်တက်လာတာကို ထျန်းရုန်က ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ?

အစ်မစန်းက သက်ပြင်းချလိုက်ပြီး “လင်းယွီကို သူမ ဘာဆေးပေးခဲ့လဲဆိုတာ မသိပေမယ့် သူ့အတွက်နဲ့ သူ့ကုမ္ပဏီက အနုပညာရှင်တွေကို တရားစွဲခဲ့တယ်။ အဲ့ဒီအချိန်မှာ မင်းသမီးအများအပြားက auditioning လုပ်ခဲ့ပြီး ကုမ္ပဏီကအနုပညာရှင်တွေနဲ့ကွဲလွဲမှုတွေရှိပြီး ဆိုးရွားတဲ့ကောလဟာလတွေရှိတဲ့ မင်းသမီးအသစ်ကို သူက ရွေးခဲ့တယ်။ ဒါက လုံးဝကို ကုတ္တိမတန်ဘူး"

ထျန်းရုန်လည်း ယခင်က Starlight Entertainment ရဲ့ audition တွင် ပါခဲ့ဖူးသည်။

အဲ့ဒီအချိန်တုန်းက၊ ယန်ရှုရီနဲ့ သူမရဲ့ဆက်ဆံရေးကြောင့် Starlight Entertainment နှင့် လက်မှတ်ရေးထိုးရန် သေချာသလောက်ဖြစ်နေပြီဟု သူမ ထင်ခဲ့သည်။ သို့ပေမယ့် လင်းယွီက သူမကို အကြောင်းကြားတာကို စောင့်ဖို့ ပြောခဲ့ပေမယ့် နောက်တစ်ကြိမ် ဘာမှပြန်မကြားရတော့ပေ။ သိပ်မကြာခင်မှာပဲ Starlight Entertainment က စုချန်ယန်ကို ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့သည်။

စုချန်ယန်သာ Starlight Entertainment နဲ့ လက်မှတ်မထိုးခဲ့ရင် ဒီလိုအရာတွေ မဖြစ်လာသလို နောက်ဆက်တွဲ ဖြစ်ရပ်တွေလည်း ဆက်တိုက်ဖြစ်လာမည်မဟုတ်ပေ။

ထျန်းရုန်က ခဏလောက်စဉ်းစားလိုက်ပြီး "သူတို့မှာ လျှို့ဝှက်စာချုပ်တစ်ခုရှိတယ်လို့ ပြောချင်တာလား?"

အစ်မစန်းက ပြုံးလိုက်ပြီး “မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဖျော်ဖြေရေး နယ်ပယ်မှာ ဒီလိုမျိုးက ဘယ်လောက်တောင် ရှားပါးလိုက်လဲ? ဒါ့အပြင် လင်းယွီက နိုင်ငံရပ်ခြားမှာလည်း အနုပညာရှင်တစ်ယောက်ကို ခေါ်ခဲ့ပြီး လျှို့ဝှက်ဆက်ဆံရေးရှိတယ်လို့ ပြောကြတယ်...”

ထျန်းရုန်က မျက်မှောင်ကြုတ်လိုက်ကာ “ဒါပေမဲ့ ကျွန်မတို့မှာ အထောက်အထားမရှိဘူး၊ ကျွန်မတို့လုပ်ခဲ့ရင်တောင် ဖော်ထုတ်ပြလို့မရဘူး။ အဲဒါက Starlight Entertainment ကို လုံးဝထိခိုက်စေမှာ မဟုတ်ဘူးလား?"

အစ်မစန်းက သူမကို စိုက်ကြည့်ကာ ပြောလာသည်။ “မင်းရဲ့ ဦးနှောက်ကို သုံး။ ဘယ်ဟာက မင်းကို စုချန်ယန်ထက် လျော့နည်းသွားစေတာလဲ? မင်းမလုပ်နိုင်တဲ့ စုချန်ယန်လုပ်နိုင်တဲ့အရာကဘာလဲ?"

“ဒါဆို အစ်မဆိုလိုတာက…”

“စုချန်ယန် နေရာမှာ မင်းအစားထိုးနိုင်ရင် မင်းဒေါသတွေကို ဖြေဖျောက်နိုင်ရုံသာမကဘူး လင်းယွီဆီကနေ ရင်းမြစ်တွေ အများကြီးရနိုင်တယ်။ ဒါ့ပြင် မင်း လင်းယုကို မမြင်ဖူးဘူးလား? မင်းသာသူနဲ့ ဆက်ဆံရေးတစ်ခုရှိလာရင် ဘာအရှုံးမှမရှိဘူး"

လင်းယွီရဲ့ သာလွန်ကောင်းမွန်တဲ့ အသွင်အပြင်နဲ့ မိသားစုနောက်ခံကို တွေးတောကြည့်ရင်း ထျန်းရုန်ရဲ့ မျက်နှာမှာ နည်းနည်းရှက်သွေးဖြာလာသည်။

"ဒါပေမယ့် သူက အရင်ကတည်းက ကျွန်မကို မကြိုက်ဘူး လေ"

"အဲဒီတုန်းက မင်းက ယန်ရှုရီ ရဲ့ ချစ်သူဖြစ်ခဲ့ပေမယ့် အခုသူနဲ့ ဆက်ဆံရေး မရှိတော့ဘူးလေ"

. . . . .

စုချန်ယန်က အခန်းဆီပြန်သွားလိုက်ပြီး ရေချိုး အဝတ်အစားလဲကာ စုဝေးတဲ့နေရာဆီ သွားဖို့ပြင်လိုက်သည်။

လှေကားထောင့်နားကို လျှောက်လာရင်း ပြတင်းပေါက်နားမှာ ငိုနေတဲ့ မိန်းကလေးတစ်ယောက် တွေ့လိုက်ရသည်။ စုချန်ယန် မထိန်းနိုင်ဘဲ ရပ်ပြီး အနီးကပ်ကြည့်လိုက်သည်။

သူမ ဒီမိန်းကလေးကို နေ့ခင်းတုန်းက မြင်ဖူးပြီး သူမက ထျန်းရုန်ရဲ့ လက်ထောက်ဖြစ်တဲ့ပုံပင်။

အစတုန်းက စုချန်ယန်မှာ ဒီတိုင်းထွက်သွားချင်ခဲ့တာဖြစ်သည်။ ထျန်းရုနဲ့ မပတ်သက်ချင်ပေမယ့် ကောင်မလေးရဲ့ ပုခုံးတွေက အထိန်းအကွပ်မရှိ တုန်နေပြီး ဝမ်းနည်းတကြီး ငိုနေသည်။

တစ်ခဏလောက် တုံ့ဆိုင်းသွားပြီးနောက်တော့ စုချန်ယန်က အိတ်ကပ်ထဲကနေ တစ်ရှူးအထုပ်အသေးလေးကို ထုတ်ကာ သူမရှေ့က ပြတင်းပေါက်ဘောင်ပေါ် တင်ပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ခဏနေကျရင် ငါတို့တွေ ညစာစားကြတော့မှာ"

ကောင်မလေးက ခဏလောက် အံ့အားသင့်သွားပြီး မျက်ရည်ကျနေတဲ့ မျက်လုံးတွေနဲ့ စုချန်ယန်ကို မော့ကြည့်လိုက်ပြီး ရုတ်တရက် ပို၍ပင် ဝမ်းနည်းလာသည်။ သူမ မျက်ရည်တွေ တလိမ့်လိမ့်စီးကျလာပြီး “ကျေးဇူးတင်ပါတယ်…”

စုချန်ယန်မှာ သူမငိုနေတာကိုမြင်ပြီး မနေနိုင်တော့ပေ။ သူမက ထျန်းရုန်ဆီကနေ အဆူခံခဲ့ရမယ်မှန်း မှန်းဆလိုက်ပြီး သူမပုခုံးကို လက်နဲ့ပုတ်ကာ သက်ပြင်းချလိုက်သည်။

"မျက်နှာသစ်ပြီး ပြန်သွားလိုက်တော့။ ငါအရင်ဆင်းတော့မယ်။ ငါနဲ့စကားပြောနေတာတွေ့ရင် နင်ထပ်ပြီး အဆူခံနေရဦးမယ်"

ကောင်မလေးက စနောက်တဲ့ လေသံကြောင့်ပျော်သွားသည်။ “အင်း ကျေးဇူးတင်ပါတယ်”

ကောင်မလေးကို နှုတ်ဆက်ပြီးတော့ စုချန်ယန်က စုဝေးခန်းဆီရောက်လာသည်။

ဟန်စုန့်ရွှယ်က သူမထက်‌နည်းနည်းစောရောက်နေပြီး စုချန်ယန်ဝင်လာတော့ ဓာတ်ပုံတွေ အပြန်အလှန်ရိုက် နေကြသည်။

"ချန်ယန်လာပြီလား? ငါ ဓာတ်ပုံတွေကို group chat မှာ တင်ထားတယ်” ဟန်စုန့်ရွှယ်က သူမကိုနှုတ်ဆက်လာသည်။

“အိုး"

စုချန်ယန်က ပြန်ပြောလိုက်ပြီး လူနှစ်ယောက်ကျန်နေသေးတာကြောင့် အနီးနားက ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ သူမမှာ ဘာမှလုပ်စရာမရှိတဲ့အတွက် ဓာတ်ပုံတွေကိုဖွင့်ကြည့်ပြီး သိမ်းလိုက်သည်။

ဒီနေ့ သူတို့ရိုက်ထားတဲ့ပုံတွေကို ကြည့်လိုက်တော့ လင်းယွီ နဲ့ တစ်ခုတည်းသော နှစ်ယောက်တွဲပုံပေါ် သူမရဲ့ လက်ချောင်းတွေ ခဏရပ်သွားသည်။

ဓာတ်ပုံထဲတွင် စုချန်ယန် ရဲ့ ခန္ဓာကိုယ်က တောင့်တင်းနေပြီး သူမရဲ့ အပြုံးက နည်းနည်း အဆင်မပြေပုံပေါ်နေသည်။ လင်းယွီရဲ့ ညာဘက်လက်မှာ သူမအနောက်က လက်ရန်းပေါ်တွင် တင်ထားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသည်။

ဓာတ်ပုံကိုကြည့်လိုက်ပြီး စုချန်ယန် အံ့အားသင့်သွားသည်။

အဲ့ဒီတုန်းက သူမ လင်းယွီနဲ့ အရမ်းကပ်နေခဲ့တာလား?

နောက်ပြီး...

စုချန်ယန် နောက်ထပ်ဓာတ်ပုံတစ်ပုံကို ကြည့်လိုက်တော့ အဲ့ဒီ အဖွဲ့ဓာတ်ပုံတွင် သူမရဲ့အမူအရာက သဘာဝကျနေပေမယ့် လင်းယွီရဲ့ဘေးမှာတုန်းကကျ ဘာလို့ ကြောက်လန့်နေတဲ့ပုံ ပေါ်နေတာလဲ?

မသိစိတ်ကနေ လင်းယွီကို သူမရဲ့ သူဌေးလို့ ခံစားရတာကြောင့်များလား?

All Chapters