အခန်း ၁၁၃
Vol. 9 Ch. 113
စုချန်ယန်မှာ ဒါကြောင့် ဖြစ်ရမယ်လို့ စိတ်ထဲမှာ ပြောလိုက်သည်။
ရှောင်လုမှာ သူတို့groupထဲ ဘယ်တုန်းက ဝင်လာတာလဲမသိပေ။ ဓာတ်ပုံအောက်တွင် မက်ဆေ့ချ်တစ်ခု ထားခဲ့သည်-
[ဒီည လုပ်စရာမရှိဘူး။ အားလုံး အပြင်ထွက်ပြီး အတူတူ လိုက်လည်ချင်ကြလား?]
နေ့ခင်းဘက်မှာ ဝန်ထမ်းတွေက နောက်ကလိုက်နေတဲ့ ရှိုးကို ရိုက်နေရတာမို့ လူတိုင်းက သိပ်မပျော်ရပေ။
စုချန်ယန်ရဲ့ စိတ်မှာ နည်းနည်း ရှုပ်ထွေးနေပြီး သူမ ရှင်းရှင်းလင်းလင်း မတွေးနိုင်မည်ကို ကြောက်သလို အရမ်းရှင်းရှင်းလင်းလင်း တွေးမိသွားမှာကိုလည်း ကြောက်သည်။ အဆုံးမှာ သူမက ဓာတ်ပုံကို သိမ်းလိုက်ပြီး groupချက်မှာ ပြန်ပြောလိုက်သည် - [ကောင်းပြီ]
စုချန်ယန် ပြန်ဖြေလာတာနဲ့ ဟန်စုန့်ရွှယ်က ခုန်ထွက်လာကာ [ငါလညါးလည်း သွားချင်တယ်! ရိုလာကိုစတာစီးချင်တယ်!]
စုန့်မင်ကန် - [+1]
ကျန်းရှစ်ချီ - [+1]
. . . .
နောက်ထပ် ဧည့်သည်တချို့က ပြန်ဖြေလာကြပြီး နောက်ဆုံးမှာတော့ အားလုံးက ညစာစား ခဏအနားယူပြီးရင် အတူတူအပြင်ထွက်လည်ကြမယ်လို့ ဆုံးဖြတ်လိုက်ကြသည်။
သိပ်မကြာခင်မှာပဲ ထျန်းရုန်နဲ့ ဟယ်ရှုတို့က နောက်ကျမှရောက်လာကာ ဟိုတယ်ဝန်ထမ်းတွေက ဟင်းလျာတွေ တည်ခင်းလိုက်သည်။
ညစာမစားလင် လက်ထောက်ဒါရိုက်တာက သူတို့နဲ့ ဂိမ်းတစ်ခု ထပ်ကစားသည်။ ဒီတစ်ကြိမ်တော့<Idiom Solitaire> ဂိမ်းဖြစ်ပြီး စုချန်ယန်မှာ အကြိမ်အနည်းငယ်ကြာအောင် ထိန်းထားနိုင်ခဲ့သည်။
ရှောင်လုနဲ့လင်းယွီက တံခါးဘေးတွင် ရပ်ကာ လူတိုင်းကို ကြည့်နေကြသည်။
လင်းယွီက စုချန်ယန် ကို စေ့စေ့ကြည့်နေကာ သူဘာတွေတွေးနေမှန်းမသိရပေ။
groupချက်ထဲတွင် ရှောင်လုက ဓာတ်ပုံတစ်ပုံကို save လိုက်ပြီး လင်းယွီကိုပြလာသည်။
"အစ်ကို၊ ဒီဟာကိုကြည့်ကြည့် အစ်ကိုနဲ့ ချန်ယန် ရဲ့ပုံကို"
ဒါကိုကြားတော့ လင်းယွီက အဝေးကို ကြည့်နေရာကနေ ဖုန်းစခရင်ကို ကြည့်လာသည်။
ခဏကြာတော့ သူကပြောလိုက်သည်။ “ငါ့ကို ပို့ပေး”
"အားလုံးလား?" ရှောင်လုက မေးလိုက်သည်။
လင်းယွီက သူမကို ကြည့်လာပြီး မေးလိုက်သည်။ "ဘယ်လိုထင်လဲ?"
ရှောင်လုက နှုတ်ခမ်းစူပြီး ရေရွတ်လာသည်။ "ညီမက ကူညီပေးချင်တာကို၊ ဒါက ဘယ်လိုသဘောထားလဲ?"
လင်းယွီက မျက်လုံးမှေးကျဉ်းလိုက်ပြီး ပြောလာသည်။ "ချန်ယန်နဲ့ ငါ့ကြားမှာ ဝင်မစွက်ဖက်နဲ့"
"ဒါဆို ဒီဓာတ်ပုံကို မလိုချင်တော့ဘူးလား?" ရှောင်လုက မေးလိုက်သည်။
လင်းယွီက ကြည့်လိုက်ပြီး “ငါ့ကိုပို့ပေး"
“ဓာတ်ပုံတစ်ပုံကို ယွမ် ၁၀၀,၀၀၀”
“ကောင်းပြီ”
ရှောင်လုလည်း သူ့ကိုယ်သူ ကျေနပ်သွား နည်းနည်းလည်း နောင်တရသလို ခံစာစလိုက်ရသည်။ စောစောက သိခဲ့ရင် အဲ့ဒီအစား ယွမ် တစ်မီလီယံလို့ ပြောခဲ့လိုက်သင့်တာ။ သူ့ဝမ်းကွဲအစ်ကိုက သဘောတူလိုက်ပြီးပြီဆိုတော့ သူမကို ပေးနိုင်ရမှာပဲ။
ဓာတ်ပုံပေးပို့ပြီးတော့ Alipay ကနေယွမ် 100,000 ရလိုက်သည်။ ရှောင်လုကတော့ သူ့ဖုန်းကို ကိုင်ရင်းအရမ်းဝမ်းသာနေသည်။ ဒါက သူမရဲ့ လစာထက် ပိုမြင့်သည်။ သူမနောက်ထပ် လက်ထောက်လုပ်စရာတောင် မလိုတော့ဘူး၊ စုချန်ယန်ရဲ့ ဓာတ်ပုံကိုဘဲ ရိုက်ပေးတဲ့ စပါယ်ရှယ်ပါပါရာဇီ ဖြစ်ပေးနိုင်သည်။
ဂိမ်းပြီးဆုံးသွားတော့ ဝန်ထမ်းတွေက တစ်နေ့တာရိုက်ကူးမှုကို အဆုံးသတ်ကာ အနားယူဖို့စက်ပစ္စည်းတွေကိုထုပ်ပိုးလိုက်ကြသည်။
ညစာစားနေတုန်း အခြားသူတွေစားပွဲမှာ စကားစမြည်ပြောနေတုန်းမှာ ထျန်းရုန်က သန့်စင်ခန်းသွားဖို့ ထရပ်လိုက်သည်။ ဟန်စုန့်ရွှယ်က နိုင်ငံခြားဖျော်ဖြေရေးအသိုင်းအဝန်းက အတင်းအဖျင်းအချို့ကို ပြောပြနေပေမယ့် စုချန်ယန်ကတော့ အစားစားတာကိုဘဲ အာရုံစိုက်ကာ တကယ်နားထောင်မနေပါချေ။
ထျန်းရုန်မှာ နေရာကနေ ထွက်လာတော့ တံခါးနားက လင်းယွီကို မနေနိုင်ဘဲ တစ်ချက်ကြည့်လိုက်သည်။
လင်းယွီက ဝန်ထမ်းတွေရဲ့ပစ္စည်းကိရိယာ တွေကိုကူပြီးသန့်ရှင်းပေးနေသည်။ ထျန်းရုန်က သွားနေရင်း ခြေလှမ်းတွေကို နှေးလိုက်ကာ သူ့လက်ထဲက စက်နဲ့ မတော်တဆ တိုက်မိသွားသည်။
“အာ့…”
ထျန်းရုန်က နာကျင်စွာအော်လိုက်ပြီး အနောက်ဘက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။
လင်းယွီက အနောက်မှာ လူတစ်ယောက်ကိုတွေ့လိုက်ရတော့ အံ့အားသင့်သွားပြီး ပြောလိုက်သည်။ "တောင်းပန်ပါတယ် မင်းအဆင်ပြေရဲ့လား?"
စက်က တော်တော်လေးပြီး ထျန်းရုန်က အဲဒါအတွက် မပြင်ဆင်ထားတာကြောင့် ဝင်တိုက်မိသွားတာဖြစ်သည်။ ချက်ချင်းပင် သူမရဲ့လက်ဖမိုးမှာ ပြတ်ရှရာ အနီရောင်အရာတစ်ခုပေါ်လာပြီး သွေးနည်းနည်း ထွက်သွားသည်။
သူမက နီရဲနေတဲ့မျက်လုံးတွေကို နဲ့ လင်းယွီကိုမော့ကြည့်လာပြီး ခေါင်းခါလိုက်ကာ "အဆင်ပြေပါတယ်"
နောက်တော့ လက်ပေါ်က ပြတ်ရှရာကို ညင်သာစွာ မှုတ်လိုက်ပြီး ပြောလိုက်သည်။ “ပြန်ရောက်ရင် ရေဆေးလိုက်မယ်”
လင်းယွီက သူမကို တစ်ချက်ကြည့်လိုက်ပြီး အနီးနားကလူဆီ သူ့လက်ထဲက စက်ကို ကမ်းပေးလိုက်ပြီး "ဒဏ်ရာက ပိုးသတ်ဖို့လိုတယ်"
“ရပါတယ်၊ ကျွန်မ…”
“ခဏစောင့်၊ ဟိုတယ်က ဆေးသေတ္တာယူလာပေးမယ်။ မင်းလက်ထောက်ရော ဘယ်မှာလဲ?" လင်းယွီက စကားဖြတ်ပြောလာသည်။
“သူ နည်းနည်းနေမကောင်းဖြစ်နေလို့ အခန်းထဲမှာ အနားယူနေတယ်။ Mr. လင်း ကျွန်မအဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့။ ဒါက ကျွန်မ ပေါ့ဆမိလို့ပါ" ထျန်းရုန်က ပြန်ပြောလိုက်သည်။
စကားပြောလို့ပြီးတော့ သူမက လင်းယွီကို တခြားဘာမှ ပြောခွင့်မပေးတော့ပေ။ သူမက သူ့ကို ဖော်ရွေစွာ ပြုံးပြလိုက်ပြီး အခန်းထဲက ထွက်သွားလိုက်သည်။
လင်းယွီက သူမရဲ့နောက်ကျောကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
အခန်းထဲကနေ ထွက်လာပြီးတဲ့နောက် ထျန်းရုန်က သန့်စင်ခန်းထဲ ဝင်လိုက်ပြ ဆေးပစ္စည်းအစုံကို ယူလာဖို့ လက်ထောက်ကို ခေါ်လိုက်သည်။
ဒီလိုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်မှာ လင်းယွီက သူမကို ဂရုစိုက်စေချင်လို့ မဟုတ်ဘဲ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး သူမအပေါ် အထင်ကြီးသွားစေဖို့ပင်။ သူမအပေါ် သူက အမြဲတမ်း အပြစ်ရှိတယ်လို့ ခံစားရပြီး အနာဂတ်တွင် အပြန်အလှန် ဆက်ဆံရန် အခွင့်အလမ်းရှိစေဖို့ သူမလိုချင်တာဖြစ်သည်။
တကယ်လို့ သူမသာ လင်းယွီရဲ့ ကြင်နာမှုကို အစောပိုင်းက လက်ခံခဲ့ရင် ဒီအဖြစ်အပျက်ကို သူ မေ့သွားနိုင်သည်။
ဒီအကြောင်းကို သိလိုက်ရတော့၊ အစ်မစန်း က သူမကို လက်မထောင်ပြလိုက်ပြီး "မင်း ယန်ရှုရီကို ဒီလိုအချိန်တိုအတွင်း အနိုင်ယူနိုင်ခဲ့တယ်ဆိုတာ မအံ့ဩတော့ပါဘူး"
ထျန်းရုန်က ဂရုမစိုက်ဘဲ ပြန်ဖြေလာသည်။ "ယောက်ျားတွေက အတူတူပဲ"
စုချန်ယန်က စားသောက်တာမှာ အာရုံစိုက်နေပြီး ရုတ်တရက် ဟန်စုန့်ရွှယ်က သူမရဲ့ လက်မောင်းကို တိုက်လိုက်ကာ ပြောလာသည်။ "အခုပဲ နင့်ရဲ့ Mr.လင်းက ထျန်းရုန်ကို ဝင်တိုက်မိသွားတယ်"
စုချန်ယန်က စိတ်ရှုပ်ထွေးသလို ကြည့်လာပြီး "ဘာလဲ?"
ဟန်စုန့်ရွှယ်က တံခါးဆီ မေးငေါ့ပြလိုက်တော့ လင်းယွီက ဝန်ထမ်းတွေအတွက် ပစ္စည်းကိရိယာတွေကို စီစဉ်ဖို့ကူညီပေးနေသည်။
"အခုပဲ သူ သန့်စင်ခန်းထဲသွားတော့ လင်းယွီက သူ့ကို မတော်တဆ ဝင်တိုက်မိပြီး သွေးနည်းနည်းထွက်သွားတဲ့ပုံဘဲ။ ဒါပေမယ့် သူက ပြုံးပြပြီး ထွက်သွားတယ်။ သူ့မှာ ရည်ရွယ်ချက်တစ်ခုခု ဖုံးကွယ်ထားလား မသိဘူး"
စုချန်ယန်က သူမအကြည့်နောက်လိုက်ကာ ကြည့်လိုက်တော့ ထျန်းရုန်က လက်ထဲမှာပတ်တီးနဲ့အတူ အခန်းထဲဝင်လာသည်။ လင်းယွီက သူမကို တစ်ခုခုမေးလိုက်တော့ ထျန်းရုန်က ကြီးကြီးမားမားမဟုတ်ပါဘူးလို့ ပြောကာ ပြုံးပြီး ခေါင်းခါလိုက်သည်။
စုချန်ယန်မှာ သူတို့နှစ်ယောက်အတူရပ်နေတာကိုကြည့်ရင်း စိတ်ရှင်းသွားအောင် ခေါင်းယမ်းလိုက်သည်။ သို့ပေမယ့် အဲ့ဒီအချိန် သူမရဲ့ အတွေးတွေက လင်းယွီဘေးမှာ နောက်ထပ် ရပ်နေမယ့်လူကို မမျှော်လင့်ဘဲ တွေးမိလိုက်သည်။ လှပပြီး ထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်မှာ အသေအချာပင်။
လင်းယွီနဲ့ ခဏလောက် စကားစမြည်ပြောလို့ ပြီးတော့ ထျန်းရုန်က သူမရဲ့နေရာဆီ ပြန်လာသည်။
သူမကိုယ်တိုင် ဝိုင်တစ်ခွက်ထည့်လိုက်ပြီး စုချန်ယန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
"ချန်ယန်၊ တို့မင်းနဲ့တစ်ခွက်လောက် သောက်မယ်" ထျန်းရုန်က ပတ်တီးစည်းထားလက်နဲ့ ဝိုင်ခွက်ကို ကိုင်ကာ စုချန်ယန်ဆီ မြှောက်လိုက်သည်။
စုချန်ယန်က အဖြစ်မှန်ကို ပြန်တွေးပြီး သူမကို စိုက်ကြည့်လိုက်သည်။
ထျန်းရုန်က ဆက်ပြောလာသည်။ “မင်းယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အရင်တုန်းက မင်းမှာဖြစ်ခဲ့လဲဆိုတာ တို့မသိခဲ့ဘူး။ ဒါပေမယ့် တို့မင်းကို တောင်းပန်ချင်တုန်းပဲ။ အရင်တုန်းက မင်းကို ဒုက္ခဖြစ်စေခဲ့လို့တောင်းပန်ပါတယ်။ ဖြစ်နိုင်ရင် အနာဂတ်မှာ တို့တွေသူငယ်ချင်းဖြစ်လာနိုင်မယ်လို့ မျှော်လင့်တယ်"
ထျန်းရုန်ရဲ့ အမူအရာနဲ့လေသံ နှစ်ခုစလုံးမှာ ရိုးရိုးသားသားပင်။
ဒီနေ့အစောပိုင်း အစီအစဉ်ရိုက်ကူးနေတုန်းမှာ စုချန်ယန်က သူမကို ရည်ရွယ်ချက်ရှိရှိ ဖယ်ထုတ်ခဲ့သည်။ အခု ရိုက်ကူးရေးပြီးသွားတဲ့အခါမှာတော့ သူမရဲ့တောင်းပန်မှုနဲ့ သူငယ်ချင်းဖြစ်နိုင်ဖို့ စုချန်ယန်လက်ခံနိုင်မယ့် အခြေအမေက နည်းပါးသည်။
သူမက စုချန်ယန်ကို ရည်ရွယ်ချက်ရှိရှိ ရှိုးမှာ ချဉ်းကပ်ကာ စုချန်ယန်က သူမကို ငြင်းလိုက်တော့ သူမရဲ့ရည်ရွယ်ချက်က အောင်မြင်လာလိမ့်မည်။ သနားစရာကောင်းပြီး အပြစ်ကင်းစွာ ဟန်ဆောင်တာက ခြိမ်းခြောက်ခြင်းနဲ့ ကျိန်ဆဲခြင်းထက် လက်တုံ့ပြန်ရန် ပိုမိုကောင်းမွန်တဲ့နည်းလမ်းဖြစ်သည်။
စုချန်ယန်ရဲ့စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေပြီး သူမစကားက ဘယ်ဟာက အမှန်လဲ၊ ဘယ်ဟာက မှားလဲဆိုတာ ဂရုစိုက်ဖို့ ပျင်းလှသည်။
စုချန်ယန်က စားပွဲပေါ်ကဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလာသည်။ “နင့်ရဲ့ တောင်းပန်မှုကို ငါလက်မခံဘူး ဒါပေမယ့် ဒီဝိုင်ကိုတော့ ငါသောက်လိုက်မယ်”
ဒါက တစ်ဖက်လူကို မျက်နှာမပျက်စေဘဲ ဘာမှမဖြစ်အောင် လင်းယွီသင်ပေးခဲ့တဲ့ နည်းဖြစ်သည်။
စုချန်ယန်ရဲ့ အသံကမကျယ်တဲ့အတွက် သူတို့နှစ်ယောက်ကလွဲလို့ ဘယ်သူမှမကြားရပါချေ။
ထျန်းရုန်မှာ စုချန်ယန်ဒီလိုမျိုး တုံ့ပြန်လာဖို့ မမျှော်လင့်ထားတဲ့အတွက် အံ့အားသင့်သွားသည်။
စုချန်ယန်ကတော့ သူမရဲ့ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ဖန်ခွက်ထဲက ဝိုင်အားလုံးကို သောက်လိုက်ပြီး သူမရဲ့အစားအသောက်တွေကို ဆက်စားဖို့ လှည့်သွားသည်။
ထျန်းရုန်မှာ အသိပြန်မဝင်လာခင် အချိန်အတော်ကြာ စကားမပြောဘဲ နေရာမှာဘဲ ရပ်နေသည်။
မဟုတ်ဘူး၊ စုချန်ယန်က ဒီကိစ္စကို လွယ်လွယ်နဲ့ လွှတ်လိုက်ရင် သူမက တစ်ဖက်လူကို ဘာအတွက်မှ မဟုတ်ဘဲ ခေါင်ငုံ့လိမ့်မှာလား?
သေချာပေါက်ကို ထျန်းရုန်က ဒီကိစ္စကို လွယ်လွယ်နဲ့ မကျော်လိုက်နိုင်ပေ။ သူမက ခေါင်းကို မော့လိုက်ပြီ ဝိုင်တခွက်လုံး ပြင်းပြင်းထန်ထန် သောက်လိုက်သည်။
“Miss စု၊ အရင်က ဖြစ်ပျက်ခဲ့တာကို တို့သိတယ်၊ မင်းကို တို့လုပ်ခဲ့တာတွေအတွက်လည်း တောင်းပန်တယ်၊ ဒါပေမယ့် တို့လည်း နစ်နာသူပဲ မဟုတ်လား? ရှုရီသာ ဒီအကြောင်းကို ကြိုပြောခဲ့မယ်ဆိုရင် တို့သူ့ကို ဒီလိုလုပ်ခွင့်ပြုမှာမဟုတ်ပါဘူး။ တိုတောင်းပန်တာကို မင်းလက်ခံစရာမလိုပါဘူးဒါပေမယ့် တို့ကို အရှက်ရအောင်တော့ လုပ်စရာမလိုဘူး မဟုတ်လား?"
ထျန်းရုန်ရဲ့အသံက အခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားကာ လူတိုင်းရဲ့ အာရုံကို ချက်ချင်း ဖမ်းစားနိုင်လိုက်သည်။
လင်းယွီက တံခါးဝမှာ ရပ်လိုက်ပြီး သူတို့ကို ကြည့်လိုက်သည်။
စုချန်ယန်က ဇဝေဇဝါဖြစ်ပြီး ပါးစပ်ထောင့်မှာလည်း ထမင်းစေ့နည်းနည်း ကပ်နေကာ မေးလိုက်သည်။ “ဘာလဲ?"
သူမက တောင်းပန်တာကို လက်မခံလိုက် ရုံပဲလေ။ ဒီအပြုအမူက အရှက်ရစရာအဖြစ် မယူဆသင့်ဘူးမဟုတ်လား?
"ကောင်းပြီ! အဲ့ဒါဆိုရင် မင်းကျေနပ်တဲ့အထိ တို့သောက်မယ်!"
ပြောပြီးတာနဲ့ သူမကစားပွဲပေါ်က ဝိုင်ပုလင်းကို ဆွဲလိုက်ကာမဆိုင်းမတွ ပါးစပ်ထဲလောင်းထည့်လိုက်သည်။ သူမက ဝိုင်ပုလင်းကိုစားပွဲပေါ် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး ကွဲသွားတဲ့ ခွက်က စုချန်ယန်ရဲ့ ညစာပန်းကန်ဆီ ရောက်သွားသည်။
ဝိုင်နဲ့ အစားအစာ တွေပေါ် ပက်ဖြန်းလိုက်တာက စုချန်ယန်ရဲ့မျက်နှာကို တိုက်ရိုက်ထိလုနီးပါးပင်။
စုချန်ယန်မှာ သူမရှေ့ကစားပွဲပေါ်မှာရှိတဲ့ပန်းကန်ပြားနဲ့ ပျက်စီးသွားတဲ့ အစားအစာတွေကို ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး တစ်ရှူးတစ်ရွက်ကိုထုတ်ကာ ပါးစပ်ထောင့်က အကြွင်းအကျန်တွေကို ဂရုတစိုက်သုတ်လိုက်ပြီး မျက်လုံးတွေ နီရဲနေတဲ့ ထျန်းရုန်ကို ကြည့်လိုက်သည်။
"အစားအသောက်တွေ ဖြုန်းတီးတာက ရှက်စရာကောင်းတယ်ဆိုတာ သိလား?"
စုချန်ယန်ရဲ့မျက်နှာမှာ ဘာအမူအရာမှ မရှိတဲ့အခါ သူအနား ချဉ်းကပ်ဖို့ခက်ခဲလှသည်။ ဒီအခိုက်အတန့်မှာ သူမပိုပြီးအေးစက်လာလေ ပိုပြီး ပြင်းထန်လာလေပင်။
စုချန်ယန်က အရူးမဟုတ်ပါချေ။ ထျန်းရုန်က ဒါကို ချဲ့ကားပြီး အခြေအနေကို အခွင့်ကောင်းယူနေမှန်း သူမ သိသည်။
ဒါပေမယ့် တခြားသူတွေက စားနေတုန်းဖြစ်ပြီး စားလို့မပြီးကြသေးပေ။ သူတို့ စားသောက်နေတာကို သူမ ဒီလိုမျိုး မဖျက်စီးသင့်ပေ။