← Chapters

အခန်း ၁၁၇

Vol. 9 Ch. 117

အခန်း ၁၁၇

Vol. 9 Ch. 117

မကြာသေးခင်က အဖြစ်အပျက်တစ်ခုကြောင့် စုချန်ယန်မှာ လူအများကြားတွင် ရေပန်းစားမှုနှုန်း အရမ်းမြင့်မားနေတာကြောင့် အွန်လိုင်းပေါ်ရှိ မှတ်ချက်တွေဟာ ထျန်းရုန်ကို တညီတညွတ်တည်း အပြစ်တင်ကြသည်။

ထျန်းရုန်နဲ့ သူမရဲ့အေဂျင်စီက ကြီးမားတဲ့ အွန်လိုင်းအသုံးပြုသူတွေရဲ့ ထင်မြင်ယူဆချက် မုန်တိုင်းဒဏ်ကို ရင်ဆိုင်နေရပေမယ့် သူတို့က ချက်ချင်းတုံ့ပြန်မတုံ့ပြန်ဘဲ၊ ဘယ်လို တန်ပြန်အရေးယူမှု တွေလုပ်ရမလဲဆိုတာကို တွေးတောနေသည်လား ဒါမှမဟုတ် စွပ်စွဲချက်တွေကို ဘယ်လိုချေပရမလဲ ဆိုတာ တွေးတောနေသည်လား မသိရပေ။

အကြောင်းမှာ <Travel> ပရိုဂရမ်ရဲ့ Weibo နဲ့ အဲ့ဒီ ဘလော့ဂါရဲ့Weibo နှစ်ခုလုံးက အချက်အလက်တွေအပေါ် အခြေခံထားတာကြောင့်ဖြစ်သည်။

ထျန်းရုန်နဲ့ သူမရဲ့အေဂျင်စီက အွန်လိုင်းပေါ်မှာ ဝေဖန်ခံနေရတုန်း ကောလာဟလများဖြန့်ကာ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုပြုလုပ်တဲ့ အင်တာနက်အသုံးပြုသူတွေကို တရားစွဲမည်ဟု ထျန်းရုန်က ပေါ့ပေါ့တန်တန် ထုတ်ပြန်လာသည်။

ဒါပေမယ့် သူမရဲ့ ချဉ်းကပ်မှုက သူမရဲ့ ပရိသတ်တွေကို စိတ်တည်ငြိမ်စေဖို့အတွက် ယာယီအစီအမံတစ်ခုသာဖြစ်ကြောင်း ထင်ရှားလှသည်။ Weibo မှာ သူမရဲ့ ပရိသတ်တွေကလွဲရင် ဒီရှေ့နေရဲ့စာက ဘယ်သူ့ကိုမှ ထိခိုက်မှုမရှိပါချေ။ ဝေဖန်သင့်တဲ့သူတွေကတော့ ဝေဖန်ဆဲပင်။

“Tsk tsk ” ရှောင်လုက ထျန်းရုန် ပေးပို့လာတဲ့ ရှေ့နေစာကိုကြည့်ရင်း ခေါင်းယမ်းလိုက်သည်။ "ဒါဆို သူက အကြမ်းဖျင်းပြောရတာတော့ တော်တယ်ပေါ့? အဲဒီအချိန်တုန်းက ကင်မရာနဲ့ မှတ်တမ်းတင်မခံရတာကို အားကိုးနေတာလား?”

စုချန်ယန်က ထလာပြီး ရေချိုးခန်းထဲမှာ မျက်နှာ သွားသစ်လိုက်သည်။ သူမ ပြန်ရောက်လာတဲ့အခါ ရှောင်လုက မျက်မှောင်ကြုတ်ကာ ဘာကို ကြည့်နေလဲ မသိပေ။

စုချန်ယန်က နားမလည်ဖြစ်သွားပြီး မေးလိုက်သည်။"ဘာဖြစ်လို့လဲ?"

ရှောင်လုက မျက်ခုံးတွေကို တွန့်ချိုးလိုက်သည်။ "ကျန်းရှစ်ချီ Weibo မှာ ပို့စ်တင်လာတယ်"

စုချန်ယန်က ခဏရပ်သွားပြီး "သူဘာပြောထားလို့လဲ?"

ရှောင်လု - "သူက ထျန်းရုန်အတွက် ပြောပေးနေတယ်"

“သူတို့က အေဂျင်စီတစ်ခုတည်းမှာ ရှိတာဆိုတော့ သူ့အတွက် ပြောပေးတယ်ဆိုတာ နားလည်နိုင်ပါတယ်။ သူဘာပြောထားလို့လဲ?"

"သူ‌ပြောထားတာက ဒါက နားလည်မှုလွဲတာဖြစ်ပြီး နင်နဲ့ ထျန်းရုန်တို့ ကြားမှာ ဘာမှ မဖြစ်ခဲ့ဘူးလို့ ပြောထားတယ်။ သူပြောထားတဲ့ပုံအရ၊နင်က ထျန်းရုန်ကို နင့်ရဲ့စျေးကွက်ရှာဖွေရေးဗျူဟာမှာ နှိမ့်ချနေတယ်လို့ အဓိပ္ပာယ်ဆောင်နေတယ်"

စုချန်ယန် မျက်မှောင်ကြုတ်လိုက်သည်။

ရှောင်လုက ဆက်ပြောလာသည်။ “သူ ဒီလိုလုပ်သင့်တယ်လို့ ငါမထင်ဘူး။ ကျန်းရှစ်ချီက ထျန်းရုန်ကို ကာကွယ်‌ပေးချင်ရင်‌တောင် ဒီလိုအကဲဆတ်တဲ့အချိန်အမှာ သူဒီလိုမပြောသင့်ဘူး။ ပရိုဂရမ်က ထျန်းရုန်ရဲ့ပုံရိပ်ကို ပြန်လည်ထိန်းသိမ်းဖို့မကူညီရင်တော့ သူ့ကိုလည်း အကျိုးသက်ရောက်လာလိမ့်မယ်။ လောလောဆယ်တော့ သူ တိတ်တိတ်နေသင့်တာ"

စုချန်ယန်လည်း နည်းနည်း အံ့ဩသွားသည်။ ကျန်းရှစ်ချီက အေးစက်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိပေမယ့် အမှားအမှန်ကို မခွဲခြားနိုင်သူ တစ်ဦးမဟုတ်ပေ။ သူမသာ ထျန်းရုန်ကို ကို အမှန်တကယ် ကာကွယ်ပေးချင်ပါက ထျန်းရုန်ကို ရှိုးမှာ ဒီလိုရှက်စရာကောင်းတဲ့ အခြေအနေမှာ ရှိနေစေမည်မဟုတ်ပေ။

ရှောင်လုပြောခဲ့သလိုပဲ ထျန်းရုန်နဲ့ ပတ်သတ်တဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ သူမ အခု ထျန်းရုန်အတွက် ထောက်ခံပြောနေတာဆိုရင် သူမ ကိုယ်တိုင် ဒုက္ခ ရောက်အောင် ဖိတ်ခေါ်မှာမဟုတ်ဘူး မလား?

စုချန်ယန်က တစ်ခုခု မူမမှန်ဘူးလို့ ခံစားမိတဲ့အတွက် သူမအခန်းထဲပြန်သွားပြီး ဖုန်းကိုယူလိုက်သည်။

သူမဖုန်းကို ယူလိုက်တော့ လျှိုဝမ်နဲ့ ထန်ယွဲ့အပါအဝင် အခြားဧည့်သည်တွေရဲ့ WeChat မက်ဆေ့ချ်တွေ အများကြီးရောက်နေသည်။

ဟန်စုန့်ရွှယ်က ကျန်းရှစ်ချီကို အရူးအမူးtag လုပ်နေတဲ့ ပရိုဂရမ်အဖွဲ့ group ချက်ကို နှိပ်လိုက်‌တော့ သူမကို ဘာကိုဆိုလိုကြောင်းနဲ့ စုချန်ယန်ကို ဘာကြောင့် နောက်ကြော ဓားထိုး‌လဲဆိုတာ မေးနေသည်။

ကျန်းရှစ်ချီက ပေါ်မလာဘဲ ချင်ယို့နဲ့ ထန်ချီတို့က ဟန်စုန့်ရွှယ်ကို စိတ်တည်ငြိမ်အောင် လုပ်ဖို့ ကြိုးစားနေကြသည်။

စုချန်ယန်က ထန်ချီရဲ့နာမည်ကို chatbox တွင်တွေ့လိုက်ရပြီး မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။ သူတို့မှာဘာတွေဖြစ်‌နေတာလဲ? ထန်ချီရဲ့ကိစ္စတောင် လုံးဝဖြေရှင်းလို့မပြီးသေးတာ အခုတော့ စုချန်ယန်ဆီမှာ ဖြစ်လာပြန်ပြီ။

စုချန်ယန် - [@ဟန်စုန့်ရွှယ် စိတ်လျှော့ပါ။ ရှစ်ချီ နဲ့ Miss ထျန်း တို့က အေဂျင်စီတစ်ခုတည်းမှာ စာချုပ်ချုပ်ထားတယ်ဆိုတာ မမေ့နဲ့ဦး]

ဟန်စုန့်ရွှယ် - [ဒါပေမယ့်… သူက အရူးလား? Weibo မှာ အခုလိုတင်လိုက်တာက ပြဿနာရှာနေတာပဲ မဟုတ်ဘူးလား? အဲဒါက ကုမ္ပဏီရဲ့ လိုအပ်ချက်ဆိုရင် ထျန်းရုန်ကို ယာယီကာကွယ်ပြီး ကျန်းရှစ်ချီ ရဲ့ အနာဂတ်ကို လျစ်လျူရှုဖို့ စီစဉ်နေတာလား? သူတို့ ရူးနေကြတာလား?]

စုချန်ယန် - [ငါလည်းသိဘူး၊ ဒါပေမယ့် သူ့ရဲ့ Weibo ပို့စ်ကငါ့အပေါ်မှာ သက်ရောက်မှု သိပ်မရှိဘူး။ သူ့ကိုပဲ ပိုပြီးထိခိုက်စေလိမ့်မယ်]

ဟန်စုန့်ရွှယ် -[သေစမ်း၊ ဒီအရူးက ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ဆက်မလုပ်ချင်တော့ဘူးလား?]

ကျန်းရှစ်ချီ ရဲ့ Weibo ပို့စ်ကြောင့် ဒီကိစ္စဟာ မတိုးသာမဆုတ်သာအခြေအနေဖြစ်နေသည်။ လူတစ်ဝက်လောက်က ထျန်းရုန်ကို ဝေဖန်နေကြဆဲဖြစ်ပြီး ကျန်တစ်ဝက်ကတော့ ဘေးကနေ စောင့်ကြည့်နေကြသည်။

ယန်ရှို့ရီ နဲ့ အဖြစ်အပျက်က ထျန်းရုန်နဲ့ ဘာမှမဆိုင်ဘူးလို့ သူတို့ယုံကြည်ကြသလို စုချန်ယန်ကို စက်ဆုပ်အောင်လုပ်ဖို့ ထျန်းရုန်က ရည်ရွယ်ချက်ရှိရှိနဲ့ အစီအစဉ်မှာ ပါဝင်တာ မဟုတ်ကြောင်း ယုံကြည်ကြသည်။

သူမက သူ့အလုပ်ကြောင့်သာ ပရိုဂရမ်မှာရှိနေတာဖြစ်သည်။ ဒါပေမယ့်စုချန်ယန်က ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် ထျန်းရုန်နဲ့ <Travel>ရှိ အခြားဧည့်သည်တွေနဲ့အတူ သီးခြားခွဲထားကြောင်းယုံကြည်နေကြသည်။

အများသူငှာ ထင်မြင်ယူဆချက် အနည်းငယ် လျော့ပါးသွားတဲ့အခါ၊ အချို့သော စျေးကွက်ရှာဖွေရေး အကောင့်တွေက <Travel> အွန်လိုင်း တတိယအပိုင်းရဲ့ နောက်ကွယ်ကဓာတ်ပုံ တွေကို ထုတ်ဝေလာကြသည်။

ဓာတ်ပုံထဲတွင် ထျန်းရုန်ကအခြားဧည့်သည်တွေနဲ့ ခပ်ခွာခွာနေပြီး စုချန်ယန်ရဲ့လက်ချောင်းဒဏ်ရာထက် သိသိသာသာပိုပြင်းထန်တဲ့ သူမလက်က ဒဏ်ရာပတ်တီးစည်းထားသည်။ ရလဒ်အနေနဲ့ လူထုရဲ့သဘောထားက ထျန်းရုန် ဘက်သို့ တဖြည်းဖြည်းပြောင်းလာသည်။

[ငါ ဖရဲသီးစိုက်ခင်းမှာ ခုန်ပေါက်နေရတာကို သဘောကျတယ်။ ရက်အနည်းငယ်အတွင်းမှာဘဲ အလှည့်အပြောင်းတွေက အများကြီးဘဲ။ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်]

[ဒီရက်ပိုင်း စုချန်ယန် နာမည်ကိုပဲမြင်နေရတာ ငြီးငွေ့လာပြီ။ သူက ဖရဲသီးပုပ်ပဲ!Pah!]

[ဒါကဘယ်လိုလှည့်ကွက်လဲ? စုချန်ယန်ရယ်၊ <Travel> တစ်ခုလုံးက ဧည့်သည်နဲ့ ဝန်ထမ်းတွေအားလုံး ထျန်းရုန်ကို သီးခြားဖယ်ထားကြတာဘဲ။ လူတိုင်းကေဘယ်ကားပေါ်တက်နေတဲ့အချိန်မှာ ambassador ကိုတော့ တောင်ပေါ်ကို ကိုယ်တိုင်တက်ခိုင်းတယ်။ တကယ်ကို ရွံမုန်းစရာဘဲ]

[ထျန်းရုန်ရဲ့ လက်ဒဏ်ရာက အရမ်းပြင်းထန်တဲ့ပုံဘဲ။ အဲဒီအရူးအကောင့်ကဟာကရော? ထျန်းရုန်က စုချန်ယန် ရဲ့လက်ကို ဒဏ်ရာရ‌အောင် လုပ်လိုက်တာတဲ့လား? စုချန်ယန်ဒဏ်ရာရပြီးတော့ သူ့လက်ကို သူ့ဘာသာသူဒဏ်ရာရအောင် လုပ်လိုက်တာလား?]

[ကောလဟာလဖြန့်တဲ့ ဖရဲသီးအကောင့်ကိုထျန်းရုန် တရားစွဲတာ ငါသဘောတူတယ်!]

[အကောင့်ကို တရားစွဲတာ မလုံလောက်ဘူး။ အဓိကတရားခံရှိတယ်လို့ မပြောခဲ့ဘူးလား? အတူတူ တရားစွဲကြရအောင်!]

[ကျန်းရှစ်ချီ တရုတ်ပြည်ရဲ့နောက်လိုက်‌ကောင်းက ၊ အစီအစဉ်အဖွဲ့နဲ့ ထျန်းရုန်ရဲ့နာမည်ကို ဆေးကြောဖို့ကူညီနေတဲ့ လူထုကြားက ဖိအားမှာရပ်နေရပြီ]

. . . .

အွန်လိုင်းပေါ်တွင် အပြင်းအထန် ငြင်းခုံနေကြတုန်းမှာစုချန်ယန်ကတော့ ဘာမှမလုပ်ဘဲ နေနေသည်။ သူမက ဇာတ်ညွှန်းရေးဆရာ ကျန်းဟုန်နဲ့အတူ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရိုက်ကူးခဲ့တဲ့ ဇာတ်ကွက်တချို့ကို ပြန်လည်ရိုက်ကူးနေသည်။

အစက စုချန်ယန်ရဲ့ ရိုက်ကွက်တွေကို လွန်ခဲ့သော ရက်နည်းနည်းက ရိုက်ကူးခဲ့ပြီးပြီဖြစ်သည်။ သို့ပေမယ့်ကျန်းဟုန်က ‌ဇာတ်ညွှန်းရဲ့နောက်ပိုင်းတွင်နောက်ဆုံးလက်စားချေမှုကို အဆုံးသတ်ဖို့ ဇာတ်လိုက်ကို တွန်းအားပေးနိုင်တဲ့ ယန်ရှောင်ရှီနဲ့ တစ်ထပ်တည်းတူတဲ့ ဇာတ်ကောင်ကို ဇာတ်ညွှန်းထဲတွင် ထည့်သွင်းခဲ့သည်။

ဇာတ်ညွှန်းက နောက်ဆုံးဇာတ်သိမ်းအတွက် ဆုံးဖြတ်ထားပြီးပြီဖြစ်ကာ နောက်ဆုံးတွင် အမျိုးသားဇာတ်ဆောင်က ယန်ရှောင်ရှီအတွက် လက်စားချေပြီး သူ့ကိုယ်သူ ပစ်သတ်ခဲ့သည်။

ပြန်လည်ရိုက်ကူးနေတဲ့ ရက်အနည်းငယ်အတွင်းမှာ စုချန်ယန်အနေနဲ့ လင်းယွီကို ထပ်မတွေ့ရတော့ပေ။ <Travel> ပရိုဂရမ်အဖွဲ့ရဲ့ တတိယအပိုင်းကို ထုတ်လွှင့်ပြီးတဲ့နောက်မှာ လူအများရဲ့ထင်မြင်ချက်အတွက် ပြင်ဆင်မှုတွေနဲ့ သူကအလုပ်ရှုပ်နေပြီး စုချန်ယန်ကို အွန်လိုင်းပေါ်မတက်ဖို့ ဒါမှမဟုတ် ထုတ်ဖော်ပြောဆိုမှုတွေ မလုပ်ဖို့ပြောခဲ့သည်။

အဲဒီနေ့မှာ စုချန်ယန်က ရိုက်ကူးရေးပြီးသွားတော့ ရှောင်လုနဲ့အတူ အိမ်ပြန်လာသည်။

ရှောင်လု - "လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်တုန်းက နင်ဘာမှပြန်မဖြေဘူး။ အွန်လိုင်းပေါ်မှာ နင်နဲ့ပတ်သက်တဲ့ အဆင်မပြေတဲ့ မှတ်ချက်တွေ ပိုများလာတယ်။ ဝမ်းကွဲအစ်ကို… သူဘာတွေတွေးနေလဲဆိုတာ ငါလည်းမသိဘူး။ ထျန်းရုန်က တစ်ယောက်ယောက်ကို ဒဏ်ရာရစေခဲ့သူဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အထောက်အထား‌တွေ သူ့မှာ ရှင်းရှင်းလင်းလင်း ရှိနေပေမယ့် အဲ့ဒါကို အခုထိလူသိရှင်ကြား ထုတ်မပြချင်သေးဘူးတဲ့။ မထုတ်ပြန်ခင် လူထုရဲ့ ထင်မြင်ယူဆချက်တွေ အမြင့်ဆုံးအထိရောက်မှာကို စောင့်စေချင်တယ်လို့ သူကတော့ ပြောထားတယ်"

စုချန်ယန်က သူမဖုန်းကိုကြည့်ပြီး ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ လူထု ထင်မြင်ယူဆချက်က အစွန်းနှစ်ဖက်ပါတဲ့ဓားပဲ။ မန်နေဂျာလင်းက ထျန်းရုန် နောက်တစ်ဆင့်တက်မှာကို စောင့်နေတဲ့ပုံပဲ။ လူထုရဲ့ ထင်မြင်ချက်တွေ အထွတ်အထိပ်ရောက်လာရင် ဒီဗုံးကို ပစ်လိမ့်မယ်"

စုချန်ယန် စိတ်အနှောက်အယှက်မဖြစ်စေဖို့အတွက် လင်းယွီက Weibo ကို ယာယီဖြုတ်ခိုင်းထားပြီး အွန်လိုင်း‌ပေါ်မတက်ဖို့ပြောခားသည်။ စုချန်ယန် က တခြားသူတွေရဲ့ မှတ်ချက်တွေကို သိပ်ဂရုမစိုက်တာကြောင့် ဒီကိစ္စကို သူမ သိပ်ဂရုမစိုက်‌ပေ။ ရံဖန်ရံခါ ရှောင်လုကသာ အဲ့ဒါတွေကိုပြောတတ်သည်။ လင်းယွီက အခြားအရာအားလုံးကို ကိုင်တွယ်နေတာကြောင့် ရိုက်ကူးရေးကလွဲပြီး သူမ ဘာကိုမှ စိတ်ပူစရာမလို‌ပါပေ။

ဒါပေမယ့် ကျန်းရှစ်ချီ ရဲ့ Weibo ပို့စ်ကြောင့် သူမဟာ ကမ္ဘာ‌ပေါ်ကနေ ပျောက်ကွယ်သွားသလိုပါပင်။ ဘယ်သူကမှ သူမကို လှမ်းမမှီနိုင်တာကြောင့် စုချန်ယန်မှာ နည်းနည်း စိတ်မသက်မသာဖြစ်နေရသည်။

မနက်ဖြန်ဟာ <Travel> အစီအစဉ်ရဲ့ တတိယမြောက် အပိုင်းကို ထုတ်လွှင့်မည်ဖြစ်သည်။ ထျန်းရုန်ကတော့ အစီအစဉ်ကို ထုတ်လွှင့်ပြီးရင် ပရိသတ်တွေရဲ့ တုံ့ပြန်မှုကို မြင်တွေ့ရဦးမည်ဖြစ်သည်။

အဲ့ဒီညမှာ လင်းယွီက စုချန်ယန်ကို အသားကင်စားရန် ခေါ်သွားသည်။

စားသောက်နေတုန်းမှာ လင်းယွီက ပြောလာသည်။ “အစီအစဉ်မလွှင့်ခင်မှာ Miss ထျန်းရုန်အနေနဲ့ လူထုအမြင်ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားသင့်တယ်။ မကြာသေးခင်က မင်းသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်နဲ့လည်း ဆက်စပ်နေတယ်"

စုချန်ယန်မှာ ခေါင်းကိုမြှုပ်ပြီး အသားစားနေရာမှ အဲ့ဒီစကားကိုကြားလိုက်တဲ့အခါ သူမကခဏလောက် အံ့အားသင့်သွားသည်။ "<sludge>လား? “

စုချန်ယန် လက်ခံထားတဲ့ ဒရာမာနာမည်မှာ <Sludge> ဟုခေါ်သည်။

လင်းယွီက ဓားနဲ့ခက်ရင်းကိုအသုံးပြီး အကင်ကို အတုံးသေးသေးလေးတုံးကာ စုချန်ယန်ရဲ့ပန်းကန်ပြားထဲ အတုံးနည်းနည်းလောက် သဘာဝအတိုင်းထည့်ပေးလိုက်သည်။ ညနေခင်းတစ်လျှောက်လုံး၊ စုချန်ယန်မှာအညှပ်နဲ့အသား‌တွေကို တစ်ခါမှ မညှပ်ခဲ့ရပေ။ လင်းယွီကအစားအစာတွေကို ချက်ပြုတ်ပြီး သူမပန်းကန်ထဲ ထည့်ပေးသည်။ သူမကတော့ အစာစားဖို့ကိုဘဲ အာရုံစိုက်ထားသည်။

"အစ်ကို!" ရှောင်လုကမကျေမနပ်နဲ့ ခေါင်းမော့လာပြီး "အစ်ကိုက ဘက်လိုက်တာပဲ။ ဘာလို့ ချန်ယန်ကိုပဲ စားစရာတွေ ပေးနေတာလဲ?"

All Chapters