← Chapters

အခန်း ၁၁၈

Vol. 9 Ch. 118

အခန်း ၁၁၈

Vol. 9 Ch. 118

လင်းယွီက သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "ဘာတွေ အလျင်လိုနေတာလဲ?"

နောက်တော့ ရှောင်လုရဲ့ပန်းကန်ထဲ အသားနှစ်ပိုင်းထည့်ပေးလိုက်ပေမယ့် သူ့ကိုယ်တိုင်တော့ သိပ်မစားပေ။

လင်းယွီ - "အင်း၊ အစက မင်းကို ပြောဖို့လိုမယ်လို့ မထင်ခဲ့ဘူး"

"ဘာကိုလဲ?" စုချန်ယန်က အကင်ကို ယူပြီး စမ်းတဝါးဝါးနဲ့ မေးလိုက်သည်။

“ယန်‌ရှောင်ရှီရဲ့ ဇာတ်ရုပ်ကို အစက ထျန်းရုန်နဲ့ ရိုက်ဖို့ လုပ်ထားပေမယ့် သောက်စားတဲ့ပွဲကြောင့် ရိုက်ကူးဖို့နှောင့်နှေးခဲ့ပြီးနှုတ်ဆက်တာနဲ့ အဆုံးသတ်သွားတာ" လင်းယွီက ရှင်းပြလာသည်။

စုချန်ယန်က အံ့သြသွားပြီး "အဲ့ဒါက သူပေါ့! သူရင်းနှီးမြုပ်နှံတဲ့သူတွေသဘောကျဖို့ နှုတ်ထွက်ခဲ့တယ်လို့ ကျန်းရှစ်ချီပြောခဲ့ဖူးတယ်"

“ဟုတ်တယ်၊ သူက ဖက်ရှင်အမှတ်တံဆိပ်တစ်ခုအတွက် ပြောရေးဆိုခွင့်ရှိသူဖြစ်ချင်ခဲ့လို့လေ" လင်းယွီက ပြောလာသည်။

စုချန်ယန်က ပါးစပ်ထဲက အစားအစာတွေကို မျိုချလိုက်ပြီး မမေးခင် နည်းနည်းတုန့်ဆိုင်းသွားခဲ့သည်။ “အစ်ကိုလင်း၊ ကျန်းရှစ်ချီရော ဘယ်လိုနေလဲ သိရလား? ကျွန်မအခုထိ သူ့ကို ဆက်သွယ်လို့ မရသေးဘူး"

အဲ့ဒီအချိန်တုန်းက လင်းယွီမှာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနေတာကြောင့် ကျန်းရှစ်ချီနဲ့ပတ်သက်တဲ့ သတင်းအချို့သူ့မှာရှိလိမ့်မည်။

လင်းယွီက စုချန်ယန်ရဲ့ပန်းကန်ထဲကို အညှပ်သုံးကာဘေကွန်တစ်ပိုင်းထည့် ပေးပြီး ပြောခဲ့သည်။ "သူအဆင်ပြေပါတယ်၊ ချင်းယန် Entertainment နဲ့ စာချုပ်ချုပ်ဖို့ အလုပ်ရှုပ်နေလို့ သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို အခုထိ ပြန်မရသေးဘူး"

စုချန်ယန်က အံ့သြသွားပြီး "သူ စာချုပ် ဖျက်သိမ်းလိုက်တာလား? သူက ထိထိရောက်ရောက် လုပ်လိုက်တာလား? ဒဏ်ကြေးပေးရမှာလား?"

လင်းယွီက ပြုံးလိုက်ပြီး တိုက်ရိုက်မပြောလာဘဲ အဲ့ဒီအစား စလိုက်သည်။ “အချိန်ကျရင် မင်းသိရမှာပါ”

စုချန်ယန် - “…”

ကျန်းရှစ်ချီ ဘာတွေလုပ်နေလဲဆိုတာ သူမ မသိပေမယ့် သူမ အဆင်ပြေနေတာကို သိလိုက်ရတော့ စုချန်ယန်စိတ်အေးသွားရသည်။

ပွင့်လင်းမြင်သာတဲ့ ရှောင်လုမှာတော့ ဘယ်သူမှမဖျက်စီးနိုင်တဲ့ လေထုတွေဝန်းရံထားတဲ့ သူတို့နှစ်ယောက်ကို ကြည့်ပြီး ကံမကောင်းသလို ခံစားလိုက်ရသည်။ သူမကတိတ်တိတ်ဆိတ်ဆိတ်နဲ့ နောက်ထပ်အညှပ်တစ်ချောင်းကိုယူကာ သူမရဲ့ကိုယ်ပိုင်အစားအစာကို စတင်ချက်ပြုတ်လိုက်သည်။

သြော် ! အခုထိ ထူးထူးခြားခြား ဘာမှ မဖြစ်သေးပေမယ့် သူ့ကို ဒီလိုမျိုးဂရုတစိုက်နဲ့ ဆက်ဆံနေပြီ။ တကယ်သာဖြစ်လာခဲ့ရင်တော့ လင်းယွီတစ်ယောက် သူ့ဝမ်းကွဲကိုတောင် ထည့်စဉ်းစားတော့မှာ မဟုတ်လောက်ဘူး။

သူ့ကို သဘောကျနေတာ ဝန်ခံလိုက်ပါတော့။ နောက်ဆုံးအကြိမ် သူမ မေးတုန်းကတော့ ဝန်မခံခဲ့ဘဲနဲ့။

စုချန်ယန်စားလို့ ဗိုက်ဝသွားတော့ လင်းယွီက အိမ်ပြန်ပို့ပေးသည်။ အပြင်မှာ မှောင်နေပြီ၊ သူမ လှည့်ကြည့်လိုက်တော့ လင်းယွီကားရဲ့ ဦးတည်ရာက သူ့အိမ်ဘက်မဟုတ်မှန်း သိလိုက်ရပြီး မတတ်နိုင်ဘဲ သိချင်စိတ်နဲ့မေးလိုက်သည်။ “မန်နေဂျာလင်းက ဘယ်သွားမလို့လဲ?”

ရှောင်လုက လေတက်လိုက်ပြီး ပြောလိုက်သည်။"ဘယ်နေရာရှိဦးမှာလဲ? ကုမ္ပဏီကိုပေါ့"

"ကုမ္ပဏီကိုလား? အပြင်မှာ မှောင်နေပြီလေ"

“PR ဌာနကလူတိုင်း ဒီည အချိန်ပိုလုပ်ရမယ်။ သူလည်းသေချာပေါက် အလုပ်ဆင်းမှာ မဟုတ်ဘူး"

ဒါက သူမနဲ့ ထျန်းရုန်ရဲ့ အခြေအနေနဲ့ သက်ဆိုင်ကြောင်း သိလိုက်ရတော့ စုချန်ယန်ရဲ့ မျက်နှာမှာ ထိတ်လန့်သွားသည်။ သူမ သက်ပြင်းချလိုက်ပြီး ရှောင်လုနဲ့ သူ့အခန်းကို ပြန်လာလိုက်သည်။

လင်းယွီနဲ့PR ဌာနက ဒီနေ့ညတွင် ချင်းယန် Entertainment မှ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာတစ်စုံတစ်ရာကို ကာကွယ်ဖို့ဖြစ်ပြီး အထူးသဖြင့် မနက်ဖြန်တွင် ထုတ်လွှင့်ပြသမည့် <Travel> ရဲ့ တတိယမြောက် အပိုင်းလွှင့်မှာကြောင့် ဖြစ်သည်။

သူမရဲ့ ညဘက် လုပ်နေကျအလုပ်တွေကို အပြီးသတ်လို့ပြီးတော့ စုချန်ယန်က Weibo ကို ထပ်ပြီးဒေါင်းလုဒ်လုပ်လိုက်သည်။

ည ၁၁ နာရီအထိ၊ စုချန်ယန်ရဲ့အတိုကောက်ဖြစ်တဲ့ “scy” နဲ့

“Sludge” အဖွဲ့သားစတဲ့ key word‌ေတွကိုသုံးကာ ယနေ့ညတွင် ဖော်ထုတ်မည့် ကြီးမားသောအရှုပ်တော်ပုံအကြောင်း အကောင့်အချို့က တင်ထားပြီးပြီဖြစ်သည်။

ထျန်ချီက တစ်နေရာရာကနေ သတင်းကြားပြီး စုချန်ယန်ဆီကို ထျန်းရုန်က ဒီညမှာ လှုပ်ရှားလာနိုင်တဲ့အတွက် ပြင်ဆင်ထားဖို့ သတိပေးတဲ့မက်ဆေ့ချ်ပို့လာသည်။

စုချန်ယန်က သူမကို ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး ထန်ချီရဲ့ခင်ပွန်းဟောင်းအကြောင်း မေးလိုက်တော့ ထန်ချီက ပြဿနာကြီးကြီးမားမားမရှိဘူးလို့ ပြန်ဖြေလိုက်ပြီး နောက်အပိုင်းကိုတော့ ပုံမှန်အတိုင်း ရိုက်ကူးသွားမယ်လို့ ဆိုလာသည်။

စကားစမြည်ပြောလို့ပြီးတော့ ထန်ချီက ထွက်သွားသည်။

Weibo တွင် အပ်ဒိတ်ထားတာမရှိတာကြောင့် စုချန်ယန်က ခဏထွက်ပြီး ဗီဒီယိုအချို့ကို ခဏ လောက်ကြည့်လိုက်သည်။

ကိုရီးယားစားသောက်ဆိုင်မှာ နာမည်ကြီးအင်တာနက်ဆယ်လီတစ်ယောက် check in လုပ်နေတဲ့ ဗီဒီယိုကို ကြည့်နေတုန်း ရှောင်လုက ရုတ်တရက် အော်ဟစ်လာသည်။ "Holy一၊ ထျန်းရုန်က trendဖြစ်နေတယ်"

သန်းခေါင်ယံအချိန်ရောက်ဖို့ နှစ်မိနစ်အလိုမှာ ထျန်းရုန်ရဲ့နာမည်က 17 ခုမြောက် trendနေတဲ့ ခေါင်းစည်းအဖြစ် ရုတ်တရက်ပေါ်လာသည်။

ဒီလို ရုတ်တရက် ရေပန်းစားနေတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး အင်တာနက်သုံးစွဲသူတွေက သတင်းကြီးကြီးမားမား ရှိတယ်လို့ တညီတညွတ်တည်း ယုံကြည်လိုက်ကြသည်။

စုချန်ယန်က ဗီဒီယိုဆော့ဖ်ဝဲလ်ကနေ အမြန်ထွက်ပြီး Weibo မှာ စစ်‌ကြည့်တော့မယ့်အချိန် ရှောင်လုကလည်း တစ်ဖက်ခြမ်းကနေ ခြေဗလာနဲ့ပြေးလာသည်။

သူမက စုချန်ယန်ရဲ့ အိပ်ရာပေါ် ခုန်တက်လိုက်ပြီး သူမရဲ့ မျက်နှာမှာတော့ ဖုန်းကနေ ရောင်ပြန်ဟပ်နေကာ ထူးထူးခြားခြား စိတ်လှုပ်ရှားနေပုံပေါ်သည်။

သူရုတ်တရက်ရောက်လာတော့ စုချန်ယန်မှာ လန့်သွားပြီး ဖုန်းလွတ်ကျလုနီးနီးပင်။ သူမက ခေါင်းလှည့်လိုက်ပြီး "ဘာအကြောင်းအရာလဲ" ဆိုတာကို ကြည့်ဖို့ သူ့ဖုန်းကို ငှားလိုက်သည်။

ရှောင်လုက ခေါင်းစဉ်တွင် ထျန်းရုန်ရဲ့ နာမည်ဘဲပါတဲ့ 17 ခုမြောက် trendနေတဲ့ အကြောင်းအရာဆီ ဆွဲချလိုက်သည်။ အဲ့ဒါကိုနှိပ်လိုက်‌တော့၊ စျေးကွက်ရှာဖွေရေးအကောင့်တစ်ခုမှ Weibo ပို့စ်တစ်ခုဖြစ်သည်။

"ဒါကဘာလဲ?" ရှောင်လုက မျက်မှောင်ကြုတ်ပြီး စူးစိုက်ကြည့်လိုက်သည်။

စျေးကွက်ရှာဖွေရေးအကောင့်မှ Weibo ပို့စ်မှာ ထျန်းရုန်နဲ့ဘာမှမဆိုင်ပါ‌ချေ။အကြောင်းအရာက ရိုက်ကူးရေးတွင် ဇာတ်ကောင်ပြောင်းပြီး သူ့ရဲ့ မြေအောက်ချစ်သူကို ထုတ်လုပ်ရေးအဖွဲ့ဆီ အကြံပြုလိုက်တဲ့ မျိုးရိုးအမည်ကျန်းနဲ့ ဇာတ်ညွှန်းရေးဆရာတစ်ဦးအကြောင်း ဖြစ်သည်။ ပူးတွဲပါတဲ့ပုံမှာ ရိုက်ကူးရေးနေရာ၌ စကားပြောနေသည့် ကျန်းနဲ့သူ ချစ်သူတို့ နှစ်ယောက်သားပုံပင်။

"သေစမ်း!" ရှောင်လုက ဒေါသတကြီးနဲ့ ကျိန်ဆဲလိုက်သည်။ "ချန်ယန်၊ ဓာတ်ပုံထဲကလူက နင်ပဲ"

ဓာတ်ပုံကို နှိပ်လိုက်ရာ အဲ့ဒီအမျိုးသမီးရဲ့ ဝတ်စားဆင်ယင်ပုံကို စုချန်ယန် တွေ့လိုက်ရသည်။ အဲဒီနေ့က တက္ကသိုလ်မြို့မှာ သူမ ဝတ်ခဲ့တဲ့ တူညီတဲ့အဝတ်အစားနဲ့ဘဲဖြစ်ပြီး ရှောင်လုကို ဓာတ်ပုံရိုက်ပြီး Weibo မှာ တင်ပေးဖို့တောင်ပြောခဲ့သေးသည်။

"ဒါက ထျန်းရုန်ရဲ့ ကြီးကြီးမားမား လှုပ်ရှားမှုလား?" စုချန်ယန်မှာ ဒီအခြေနေကြောင့် ရယ်မောလုနီးနီးပင်။

"သူကအရူးလား?"

ရှောင်လုက မှတ်ချက်ကဏ္ဍကို နှိပ်လိုက်ရာ နောက်ဆုံးတော့ ထျန်းရုန်ရဲ့ နာမည်ကို တွေ့လိုက်ရသည်။ အဲ့ဒါက အကောင့်က‌နေ ပြန်ဖြေထားတာဖြစ်ပြီး လူတွေက စုချန်ယန်မှာ ထျန်းရုန်ရဲ့ ဇာတ်ကောင်နေရာကို အချိတ်အဆက်နဲ့ လုယူခဲ့သည်ဟု ဆိုကြသည်။

ကုမ္ပဏီက တောင်းဆိုတာကြောင့် ထျန်းရုန်က <Travel> အစီအစဉ်မှာ ပါဝင်ခဲ့သည်။ သူမက ကြီးကြီးကျယ်ကျယ် မလုပ်ချင်ဘဲ စုချန်ယန်အပေါ် စေတနာထားဖို့ ကြိုးစားခဲ့သည်။ သို့ပေမယ့် စုချန်ယန်က လက်မခံဘဲ သူမကို အပြစ်တင်ဖို့ လှည့်ပတ်နေလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ပါချေ။

အစတုန်းက ထျန်းရုန်မှာ တိတ်တိတ်‌လေး သည်းခံဖို့ စီစဉ်ခဲ့ပေမယ့် ဘေးနားကလူက မနေနိုင်ဘဲ ကိစ္စကို ဖော်ထုတ်ရန် ဆုံးဖြတ်ခဲ့သည် ဆိုပြီးဖြစ်သည်။

“‌သေစမ်း၊ ဒါက အရှက်မရှိတာဘဲ။ အမှန်တရားကို လိမ်လည်လှည့်ဖြားတော့ ဘာများကောင်းလာမှာတဲ့လဲ? ဂျာနယ်လစ်ဖြစ်လာဖို့ ဘာလို့များ လှပတဲ့နိုင်ငံ ကို မသွားတာလဲ?" ရှောင်လုက အောက်ကို ဆွဲချနေရင်း ကျိန်ဆဲလိုက်သည်။

အစက မှတ်ချက်အရေအတွက် နည်းနည်းမှာ လျင်မြန်စွာ မြင့်တက်လာပြီး မေးခွန်း‌အက္ခရာတွေနဲ့ ပြည့်နှက်နေတဲ့ ဖန်သားပြင်မှာ စုချန်ယန်ရဲ့ မျက်လုံးတွေကိုတောင် နာကျင်စေသည်။

[? ? ?]

[ဒါက တကယ်ပဲလား?]

[ညီအစ်မရေ မမြင်ဘူးလား? တစ်ယောက်ယောက်ရဲ့အပျော်မိန်းမ?]

[? ? ရူးနေတဲ့စျေးကွက်ရှာဖွေရေးအကောင့်ပဲ!]

[ ? ? ဓာတ်ပုံနှစ်ပုံတည်းနဲ့ သူကတစ်စုံတစ်ယောက်ရဲ့ အပျော်မိန်းမတဲ့လား?]

[ရူးနေတဲ့ စျေးကွက်ရှာဖွေရေးအကောင့်!]

စုချန်ယန်မှာ မားကတ်တင်းအကောင့်ကို ကျိန်ဆဲနေတဲ့ မှတ်ချက်တွေကို မြင်လိုက်ရပေမယ့် ရှောင်လုက စာမျက်နှာကို refresh ပြန်လုပ်လိုက်တဲ့အခါဝေဖန်မှုအားလုံးက ပျောက်ကွယ်သွားပြီး မှတ်ချက်ကဏ္ဍမှာလည်း အသံတွေပြောင်းသွားသည်။

[ အိုး၊ စုချန်ယန် လူကောင်းမဟုတ်ဘူးလို့ ငါအမြဲထင်ခဲ့တာ။ ယန်ရှို့ရီနဲ့ အဲ့ဒီအဖြစ်အပျက်ကို တကယ် စုံစမ်းစစ်ဆေးသင့်တယ်]

[စုချန်ယန်က တကယ် ရွံစရာပဲ။ တခြားသူရဲ့ ချစ်သူနဲ့ ဇာတ်ကောင်ကိုပါ လုယူပြီးတော့ နောက်ဆုံးမှာ အပြစ်လွှဲချဖို့‌တောင် ကြိုးစားနေတယ်]

[လူတိုင်းဘဲ ထျန်းရုန်ရဲ့နာမည်ကိုရှင်းလင်းဖို့ super topicကို သွားလို့ရတယ်။ထျန်းရုန်က အမြဲတမ်း နစ်နာသူဖြစ်ခဲ့တာ။ ကျေးဇူးပြုပြီး သူမကို ထပ်ပြီးမနာကျင်စေပါနဲ့တော့!]

[သူမအမြဲတမ်း နစ်နာသူဖြစ်ခဲ့တာ!]

[စုချန်ယန်က တကယ်ရွံစရာကောင်းတယ်၊ စုချန်ယန် သေသင့်တယ်…]

. . . .

ရှောင်လုမှာ ဒေါသထွက်လွန်းလို့ ဖုန်းကို ရိုက်ချိုးပစ်လိုက်ချင်သည်။

စုချန်ယန်က ဆဲဆိုနေတာကိုကြည့်ရင်း အစကနေအဆုံးအထိ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

လက်ရှိအခြေအနေမှာ သူမအတွက် မကောင်းနေမှန်း သူမသိသည်။ အကြောင်းမှာ ထျန်းရုန်ရဲ့ ဒီရည်ရွယ်ချက်သည် စုချန်ယန် ကို မကြောက်သလို <Sludge> ပရိုဂရမ်အဖွဲ့ရဲ့ ရှင်းလင်းချက်ကိုလည်း မကြောက်ပေ။ သူမရဲ့ ရည်မှန်းချက်မှာ မိမိကိုယ်မိမိ ဖြူစင်စေဖို့ ဤအခွင့်အရေးကို အသုံးပြုရန်ဖြစ်သည်။

Weibo တွင် ပို့စ်တင်သူမှာ ထျန်းရုန် မဟုတ်ဘဲ “ဖြတ်သွားဖြတ်လာ"တစ်ယောက်ဘဲ ဖြစ်သည်။ စုချန်ယန်က နောက်ဆုံးမှာ ရှင်းနိုင်တယ်ဆိုရင်တောင် သူမက ထွက်လာပြီး “အကြောင်းပြချက်အမျိုးမျိုးကြောင့် ဒီဇာတ်‌ကောင်ကို ပယ်ဖျက်လိုက်ရတာပါ။ ဒါကို မနာလိုတဲ့ ရည်ရွယ်ချက်ရှိသူက အခွင့်ကောင်းယူမယ်လို့ မမျှော်လင့်ထားဘူး”လို့ဆိုပြီး ပြောလာလိမ့်မည်ပင်။

သူမအနေနဲ့ စုချန်ယန်ကို အရေခြုံပြီး တောင်းပန်နိုင်သည်။ အဲ့ဒါမှ ထျန်းရုန်ရဲ့ ပန်းတိုင်ကို ရောက်နိုင်မည်ဖြစ်သည်။ သူမနာမည်ကိုရှင်းပြီး စားပွဲတွေကိုလည်း တကယ်လှန်နိုင်မယ်။ ရှိုးရဲ့တတိယအပိုင်းကို ထုတ်လွှင့်ပြီးတာနဲ့ စုချန်ယန်နဲ့ အခြားဧည့်သည်တွေက သူမအား သီးခြားခွဲထုတ်ထားပြီး အဲ့ဒါက စုချန်ယန်နဲ့အခြားသူ‌တွေကိုထိုးဖို့ သူမရဲ့လက်ထဲက ချွန်ထက်တဲ့လက်နက်တစ်ခုဖြစ်လာမည်ဖြစ်သည်။

ဒါကိုသိပြီးတဲ့နောက် စုချန်ယန်မှာ အရင်ကထက် ဒေါသပိုထွက်လာရသည်။

ထျန်းရုန်က သူ့နာမည်ကိုရှင်းလင်းဖို့ လူဘယ်နှစ်ယောက်တောင် စတေးခဲ့လဲ?

သူ့ရဲ့ဂျူနီယာညီမ ကျန်းရှစ်ချီ၊ ဧည့်သည် တွေ၊ <Travel>အဖွဲ့သားအားလုံးနဲ့ <Sludge> အဖွဲ့သားအားလုံး အပါအဝင်ပင်။

ထျန်းရုန်က စားပွဲတွေကိုလှန်ဖို့ ဒီလောက်ထိ လုပ်မယ်မှန်း စုချန်ယန် မမျှော်လင့်ထားခဲ့ပေ။

ဒီအချိန်မှာ စုချန်ယန်အနေနဲ့ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးတစ်ဆက်ဆက်တုန်နေတယ်လို့ ပြောရင် ချဲ့ကားရာမကျပါချေ။

စုချန်ယန်က အသက်ပြင်းပြင်းရှူလိုက်ပြီး ဖုန်းကိုဖွင့်ကာ Weibo ထဲဝင်လိုက်သည်။

သူမအနေနဲ့ ထျန်းရုန်ကို လူအများကြီးအပေါ် စားပွဲလှန်ခွင့်မပေးနိုင်ဘူး၊ သေချာပေါက်ကို မပေးနိုင်ဘူး။

စုချန်ယန်မှာ ဒေါသအရမ်းထွက်နေပေမယ့် သူမရဲ့စိတ်ကတော့ လုံးဝကိုတည်ငြိမ်နေသည်။

လင်းယွီမှာ အစီအစဉ်ရှိလိမ့်မည်။ သူမ အခုလောလောဆယ် ပြဿနာ ဖြစ်စေလို့မရဘူး။ သူမရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ဆို လုပ်နိုင်သည်မှာ သေချာပေမယ့် သူမ လင်းယွီကို ယုံကြည်သည်။

All Chapters