← Chapters

နှလုံးသား ထုတ်ယူခံရခြင်း ... ။

Vol. 23 Ch. 276

နှလုံးသား ထုတ်ယူခံရခြင်း ... ။

Vol. 23 Ch. 276

“ ရွှပ် ... ။ ”

တစ်ချိန်တည်းမှာပင် စုရီသည်လည်း အမှောင်နတ်ဓားကို ချက်ချင်း ထုတ်ယူလိုက်ပြီး ပြန်လည် ခုတ်ပိုင်းချလိုက်၏။

ကြည်လင်သော ဓားအလင်းသည် မြစ်တစ်စင်းအလား ခမ်းနားထည်ဝါစွာ လိုက်ပါ သွားလေသည်။ ကမ္ဘာကြီးကို သန့်စင်ပေးမည့် နတ်ဓားတစ်လက်လိုပေပင်။

ဒြပ်စင်ငါးပါးတာအိုရောင်ဝါနှင့် ကြယ်မြစ်ကြီး ပေါင်းစည်းလျက် အသွင်ပြောင်း သွားသောကြောင့် စွမ်းအားသည် ယခင်ကနှင့် လုံးဝမတူတော့ချေ။

“ ဘန်း ... ။ ”

မကောင်းဆိုးရွားမီးတောက်များ လိုက်ပါလာသော သွေးနီရောင်ဓားအလင်းသည် ကြယ်မြစ်ကြီးနှင့် တိုက်မိသွားသည်။

ပြင်းထန်ပြီး အကန့်အသတ်မရှိသော ဓားရည်ရွယ်ချက်များသည် မိုးရေများနှင့်အတူ တဖွဲဖွဲ ပြန်ကျလာ၏။ ကြောက်မက်ဖွယ် ကောင်းချေပြီ။ မိုးရေ ထိမှန်ရုံမျှဖြင့် အရေပြားများ ပြတ်ရှသွားနိုင်၏။

ထိုမြင်ကွင်းကြောင့် လူပေါင်း မရေမတွက်နိုင်အောင် ကြောက်ရွံ့ထိတ်လန့် ကုန်ကြသည်။

တိုက်ပွဲကို ဗဟိုပြုလျက် ပေပေါင်း ထောင်ဂဏန်းအတွင်း အပျက်အစီးမြေအဖြစ်သို့ ပြောင်းလဲသွားတော့၏။

ကံကောင်းထောက်မစွာဖြင့် မနေ့က ဆယ်မိုင်အကွာအတွင်းမှ လူတိုင်းကိုတိမ်းရှောင် စေခဲ့သည်မှာ မှန်ကန်သွားသည်။ မဟုတ်သော် အသေအပျောက်များစွာ ရှိနိုင်၏။

ရလာဒ်အနေဖြင့် စုရီတစ်ယောက် ပေအနည်းငယ်ခန့် နောက်ပြန်ဆုတ်သွားလိုက် ရသည်။

လက်ထဲရှိ အမှောင်နတ်ဓားသည်လည်း တုန်ခါလျက် ကြီးမားသော သက်ရောက်မှုများ ခံစားနေခဲ့ရသည်။

“ သူတကယ်ပဲ ပိတ်ဆို့ထားနိုင်တယ်။ ”

မြေကြီးအဆင့် အင်မော်တယ်များမှာ မျက်လုံးများ ပြူးကုန်၏။ စုဟုန်လီ လက်ထဲရှိ ဓားသည် ပြိုင်ဘက်ကင်းသော ဓားတစ်လက် ဖြစ်သည်။

ကိုင်ထားလိုက်ရုံဖြင့် ပြိုင်ဘက်များကို စိတ်ပျက်အားငယ် သွားစေလောက်အောင်ပင်။ သို့တိုင် စုရီအပေါ် ဒဏ်ရာအနည်းငယ်မျှသာ ပေးနိုင်ခဲ့သည်။

“ ဟမ့် ... ၊ မင်းငါ့ဓားကို ဘယ်နှစ်ချက်တားနိုင်မလဲ ငါကြည့်မယ်။ ”

စုဟုန်လီက အေးစက်စွာ ဟစ်အော် လိုက်ပြီးနောက် သတ်ဖြတ်ခြင်းရည်ရွယ်ချက်ကို ထုတ်ဖော်လျက် ခုတ်ပိုင်းလာပြန်၏။

“ ရွှပ် ... ။ ”

တဟုန်းဟုန်း တောက်လောင်နေသော သွေးနီရောင် မကောင်းဆိုးရွား မီးတောက်များ လျှံတက်လာသည်။

ဓားအလင်းတွင် နတ်ဆိုးများ ဟိန်းဟောက်နေကြသကဲ့သို့ ကောင်းကင်နှင့် မြေကြီးကြား လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။

“ ပြိုင်ပွဲကို အနိုင်ရဖို့ ရတနာအပေါ် ... အားကိုးချင်နေတာလား၊ ဒါက စိတ်ဝင်စားစရာ မကောင်းတော့ပါဘူး။ ”

ထိုမြင်ကွင်းကို ကြည့်ပြီး စုရီတစ်ယောက် ညည်းတွားလျက် ပြိုင်ဘက်အပေါ် စိတ်ဝင်စားမှု ကင်းမဲ့ကာ ပျင်းရိသွားသည်။

“ မေ့လိုက်ပါ ... အဆုံးသတ်ဖို့ အချိန်ကျပြီ။ ”

ထို့နောက် သူ့ရောင်ဝါသည် ရုတ်တရက် ပြောင်းလဲသွား၏။ အရေပြားပေါ်၌ အလင်းများ တောက်ပါလာပြီး စွမ်းအင်အလွှာတစ်ခု ပေါ်လာသည်။

တစ်ဆက်တည်းမှာပင် ဓားဖျားကို ကောင်းကင်ပေါ်ထိုးချိန်လိုက်ရာ ရောင်စဉ်ငါးပါး ဖြာထွက်သွား၏။

အလင်းရောင် တစ်ခုစီသည် သက်ဆိုင်ရာသဘာဝဒြပ်စင်၏ အနှစ်သာရများ ပါရှိသည်။ ၎င်းတို့သည် အချင်းချင်း ပေါင်းစည်း သွားကာ ဖြစ်စဉ်တစ်ရပ်ပေါ်လာ၏။

“ မဟာဒြပ်စင်ငါးပါး ဓားဒိုမိန်း ... ။ ”

ဤသည်မှာ စုရွှမ်ကြွယ်ဘဝ၌ သူဖန်တီးခဲ့သော ဓားပညာဖြစ်သည်။ အရိုင်းမြေ ကိုးပါး၌ ပြိုင်ဘက်ကင်း ဓားရေး(၃၆)ပါးအဆင့် ဝင်ချေ၏။

လျှို့ဝှက်ချက်သည် ဒြပ်စင်ငါးပါး၏ မှော်ဆန်သော အကျိုးသက်ရောက်မှုများကို အသုံးချရန်ဖြစ်သည်။

ချက်ချင်း ဓားရည်ရွယ်ချက် တည်ရှိရာ ဧရိယာအတွင်းရှိ တောင်နှင့်မြစ်များ ပြိုကျပြီး ကမ္ဘာသစ်တစ်ခု ပေါ်လာခဲ့၏။

၎င်းသည် ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် နတ်ဆိုးများကိုသတ်နိုင်သည့် ဒြပ်စင်ငါးပါးဓားကမ္ဘာကြီးဖြစ်သည်။

ဒြပ်စင်ငါးပါးတာအိုရောင်ဝါ မပိုင်သော် ဤဓားရေးအပေါ် လေ့ကျင့်ရန် အရည်အချင်း မပြည့်မီချေ။

“ ခရစ် ... ။ ”

လေဟာနယ်တစ်ခုလုံး ဖရိုဖရဲဖြစ်လာပြီး ဒြပ်စင်ငါးပါး ဓားဒိုမိန်းကို ထိန်းထားခြင်းမရှိဘဲ ၎င်းအတွက် ဝန်ဖြစ်လာ၏။

ဤဓားအောက်တွင် နေ၊ လ၊ ကြယ်၊ တောင်နှင့်မြစ်အပါအဝင် သက်ရှိတိုင်း ကြေမွ သွားတော့မည့် အသွင်ပေပင်။ ဆိုလိုသည်မှာ ဤဓားရေးသည် ဓားပညာရပ်များအားလုံး၏ ကန့်သတ်ချက်ကို ကျော်လွန်သည်။

ပြီးပြည့်စုံအောင် လေ့ကျင့်နိုင်ပါက ပြိုင်ဘက်ကင်းပြီး မည်သည့်အတားအဆီးကို မဆို ချိုးဖျက်နိုင်၏။

အရိုင်းမြေကိုးပါး၌ ရှုံးပွဲမရှိစေရန် ဤဓားရေးကို အချိန်အတော်ကြာ မှီခိုခဲ့ဖူးသည်။ ထိုအချိန်၌ စုဟုန်လီဓား ရောက်ရှိလာ၏။

“ ထန် ... ထန် ... ။ ”

နတ်တောင်ငါးလုံး တပြိုင်နက်တည်း ရွေ့သွားသကဲ့သို့ ကောင်းကင်နှင့် မြေကြီးကြား အမှောင်ကျသွားသည်။ နေနှင့်လ ပြိုကျပြီး နဂါးငွေ့တန်း ကွဲအက်သွားသည်။

ဤအရာသည် ဒြပ်စင်ငါးပါး၏ အနှစ်သာရဖြင့် ပုံဖော်ထားသည့် မဟာဒြပ်စင် ငါးပါး ဓားဒိုမိန်း၏ တန်ခိုးဖြစ်သည်။

“ ဝုန်း ... ။ ”

ရောင်ဝါတစ်ခုတည်းကပင် ပြိုင်ဘက်ကို ထိတ်လန့်စေသည်။ လူတိုင်း၏ မျက်လုံးထဲတွင် သွေးနီရောင်ဓားအလင်းနှင့် ဒြပ်စင်ငါးပါး ဓားတောင်တန်းတို့ တိုက်မိသွား၏။

“ ဝုန်း ... ဝုန်း ... ။ ”

ပေါက်ကွဲမှုများ ဆင့်၍-ဆင့်၍ ဖြစ်ပေါ်နေခဲ့ပြီး မြေပြင်တုန်ခါကာ လေဟာနယ် ပြိုကျသွားသည်။ အဖျက်စွမ်းအင် လှိုင်းများမှာ အရပ်ရပ်သို့ ချက်ချင်းပျံ့နှံ့သွား၏။

“ ဘယ်သူနိုင်သွားလဲ ... ။ ”

တိုက်ပွဲမြင်ကွင်းမှာ မရှင်းချေ။ ထို့ကြောင့် လူတိုင်း မျက်လုံးများပြူးလျက် စိတ်လှုပ်ရှားနေ ခဲ့သည်။

အဆုံးတွင် လေဟာနယ် လှိုင်းတွန့်မျှသာ ကျန်ပြီး အလင်းနှင့် အရိပ်များ မှိန်ဖျော့သွားကာ မယုံနိုင်ဖွယ် မြင်ကွင်းတစ်ခုပေါ်လာ၏။

မြေပြင်ပေါ်တွင် စုဟုန်လီသည် ဒူးတစ်ဖက်ထောက်လျက် အဝတ်အစားများ စုတ်ပြဲကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေခဲ့သည်။

ဂုဏ်ယူရသော သွေးဓားသည်လည်း သူနှင့်ဆယ်ပေအကွာ၌ တုန်ယင်စွာ လှဲလျောင်း နေတော့၏။

မြေပြင်ပေါ် ဖိချထားသကဲ့သို့ ခန္ဓာကိုယ် ကြေမွလုနီးပါး ဖြစ်နေချေပြီ။ တစ်ဖက်တွင် စုရီ ဟူသည် ကျောက်စိမ်းဝတ်ရုံစများ တဖျပ်ဖျပ် ခတ်လျက် လေထုအလယ်ရပ်နေ၏။

လက်တစ်ဖက်တွင် အမှောင်နတ်ဓားကို ကိုင်ဆောင်ထားပြီး နတ်ဘုရားကဲ့သို့ ကြီးစိုးနေ ချေသည်။ ကမ္ဘာကြီးကို ငုံ့ကြည့်ခြင်းမည်၏။

ဤမတိုင်မီ စုဟုန်လီသည် ထူးဆန်းသော လျှို့ဝှက်နည်းလမ်းကို အသုံးပြုပြီး တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် အဖိုးအို၏ သွေးသား စွမ်းအင်များ ထုတ်ယူခဲ့သည်။

ဤနည်းဖြင့် ခွန်အားကို မျက်စိတမှိတ်အတွင်း အထွတ်အထိပ်သို့ ပြန်၍ ရောက်ရှိလာအောင် စွမ်းဆောင်ပြခဲ့သည်။

ထို့နောက် တာအိုဝတ်ရုံနှင့် အဘိုးအို၏ ခန္ဓာကိုယ်ထဲတွင် ဆယ်နှစ်ကြာ ကျွေးမွေးထား ခဲ့သည့် သွေးဓားကို ဆင့်ခေါ်၏။

သို့တိုင် စုရီနှင့် နှစ်ကြိမ်ဖလှယ်ပြီး‌နောက် ရှုံးနိမ့်သွားကာ မြေပြင်ပေါ် ပြုတ်ကျသွားသည်။ ဤရလာဒ်သည် လုံးဝ မယုံကြည်နိုင်စရာ ပေပင်။ စိတ်ကူးထက် ကျော်လွန်နေ၏။

“ ဓားကောင်းတစ်လက် မင်းလက်ထဲ ရောက်သွားတာ နှမျောစရာပဲ၊ မင်းအစွမ်းအစနဲ့ မင်းလုပ်နိုင်တာ ဒီလောက်ပါပဲ။ ”

စုရီက တည်ငြိမ်နေသော အသွင်ဖြင့် မြေပြင်ပေါ်၌ ဒူးတစ်ဖက် ထောက်နေရသော စုဟုန်လီထံကြည့်ကာ ပြောလိုက်သည်။

ဤဓားသည် အမှန်တကယ်ပင် အစွမ်းထက်လှသော်လည်း တစ်ဖက်လူတွင် ကောင်းမွန်သော ဓားရေး မရှိချေ။ ရှိခဲ့လျှင်ပင် သူ့ရှေ့၌ အရှက်ခွဲခံရန်နှင့် မခြားချေ။

မြေပြင်ပေါ်တွင် စုဟုန်လီက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

“ မင်းအမေ ... အဲဒီတိရစ္ဆာန်မက ... ငါ့ဆီကနေ ကောင်းကောင်း ဝှက်ထားနိုင်တယ် ဆိုတာ ငါသိတယ် ... အမွေအစစ်အမှန်ကို မင်းဆီပေးခဲ့တာ ထင်ရှားပါတယ်။ ”

သူ့စကားတွင် မုန်းတီးမှုများ ဖုံးကွယ် မထားချေ။ သွေးဆိုးတစ်ယောက် အနေဖြင့် သူ့ကို ပြန်၍ တိုက်ခိုက်နိုင်သည်မှာ ဤနည်းလမ်းသာရှိသည်။

“ စုဟုန်လီ ... မင်းက ငါ့ကို တကယ် စိတ်ပျက်စေတာပဲ။ ”

ဤဆဲဆိုမှုသည် စုရီအတွက် လူသတ်ချင်စိတ်များ ပေါက်ကြားလာစေခဲ၏။ တစ်ဖက်လူသည် တိရစ္ဆာန်ထက် ပိုဆိုးသော လူယုတ်မာတစ်ယောက်ပေပင်။

ယင်းကို မမြင်နိုင်လောက်အောင် သူ့အမေရီယုဖေးသည် မျက်စိကန်းသွားပုံ ရချေပြီ။

“ ဓား ... ။ ”

စုဟုန်လီမှ အော်လိုက်သည်။

“ ဝှစ် ... ။ ”

ဆယ်ပေအကွာသို့ ပြုတ်ကျနေသော အကောင်းဆိုးရွားသွေးဓားသည် ပျံတက်လာပြီး သူ့ထက်ထဲ ဝင်ရောက်လာ၏။

“ ဟမ့် ... မင်းတစ်ယောက်တည်း ဓားခေါ်တတ်တယ် ထင်နေလား။ ”

စုရီက မထီမဲ့မြင်ပြုကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဓားရည်ရွယ်ချက်သည် ရောင်ဝါနှင့် ပေါင်းစပ်ပြီး လှိုင်းအသွင် ပျံ့ကျဲသွား၏။

ထိုခဏတွင် အသိစိတ်ပင်လယ်အတွင်းရှိ ငရဲဘုံကိုးပါးဓားသည် သူ့ရည်ရွယ်ချက်ကို ခံစား သိရှိသွားကာ မြည်သံပြုလာသည်။

“ ချွင် ... ချွင် ... ချွင် ... ။ ”

လူတိုင်း၏အမြင်တွင် စုရီဟူသည် ကောင်းကင်ထက်မှ ဓားနတ်ဘုရားတစ်ပါး ဖြစ်လာ၏။ ရောင်ဝါသည် ထက်ရှလွန်းပြီး အနန္တတန်ခိုးနှင့် မြင့်မြတ်လှသည်။

“ ဘရူး ... ။ ”

ဓားသမားများသည် သူတို့၏ ဓားရှည်များအပေါ် ထိန်းချုပ်နိုင်စွမ်းများ ချက်ချင်း ဆုံးရှုံးသွားသည်။

ဓားရှည်တိုင်း တုန်ယင်ကုန်တော့၏။ မြေကြီးအဆင့် အင်မော်တယ်များ၏ ဝိညာဉ်ရေး ဓားများသည်ပင် ချွင်းချက်မရှိချေ။

ဓားတစ်သောင်းသည် မြင့်မြတ်သော ဘုရင်ကိုတွေ့ဆုံချိန်တွင် တညီတညွတ်တည်း အမှုတော်ထမ်းရန်အတွက် ဆန္ဒတောင်းခံနေ သည်နှင့်တူ၏။

“ လာ ခဲ့ ... ။ ”

အဆုံးတွင် စုရီက စကားလုံးနှစ်လုံးကို ပေါ့ပေါ့ပါးပါး ပြောကြားလိုက်သည်။ ထိုအချိန်၌ စုဟုန်လီလက်ထဲ ရောက်ရှိနေသော သွေးဓားမှာ တစ်စုံတစ်ရာမှ ဆက်သွယ်လာသကဲ့သို့ ချက်ချင်းရုန်းကန်တော့၏။

စုဟုန်လီတစ်‌ယောက် မျက်နှာ ပြောင်းလဲသွားပြီး၊

“ ငြိမ်သက်စမ်း ... ။ ”

-ဟု အော်ဟစ်လိုက်သည်။ သို့သော် ခဏမျှသာ ပေပင်။ သွေးဓားသည် အနက်ရောင် မြူများ ထုတ်ဖော်လျက် သူ့လက်ကို ခွဲကာ ပြေးထွက်သွားတော့သည်။

“ ဝှစ် ... ။ ”

စုရီနှင့် သုံးပေအကွာသို့ ရောက်ချိန်၌ သွေးဓားက လေထဲ တစ်ပါတ်လည်သွားကာ အဖျားသည် အနည်းငယ်စောင်းသွား၏။

“ ဘရူး ... ။ ”

သုံးကြိမ် ကန်တော့ခြင်းမည်သည်။ ရိုသေသမှုကို ပြသနေသော တစ်စုံတစ်ဦးကဲ့သို့ ပေပင်။ ဤသည်မှာ အကြွင်းမဲ့ အညံ့ခံခြင်း မည်၏။ ပြသရုံ သက်သက် မဟုတ်ချေ။

“ ဒီလိုဓားလေးတစ်လက်ကို နာခံစွာခေါင်းငုံ့တတ်ဖို့ ဆယ်နှစ် မလိုဘူးဆိုတာ အခုမင်းမြင်ပြီ မဟုတ်လား။ ”

စုရီမှ ပြောကြားလိုက်သည်။ သူသည် သွေးဓားကိုကိုင်‌ရန် စိတ်ကူးမရှိချေ။ ထို့ကြောင့် သွေးဓားသည် သူ့အနားတွင် လွင့်မျောလျက် ကျွန်ငယ်ကဲ့သို့ ယိမ်းထိုးပြနေခဲ့သည်။

“ လူယုတ်မာ သွေးဆိုး ... ။ ”

စုဟုန်လီတစ်ယောက် မှင်တတ်နေရာမှ ထိတ်လန့်တကြား အော်ဟစ် ဆဲဆိုတော့မိ၏။ အမြင်အာရုံများ ပြာဝေလျက် နှလုံးသွေးများ ယိုစီးကျလာခဲ့ချေပြီ။

ဤသွေးဓားအပေါ် ထိန်းကြောင်းနိုင်ရန် သူ့ဘဝကို ဆယ်နှစ်လုံးလုံး မြှုပ်နှံပေးဆပ်ခဲ့၏။ ၎င်းကို ဇနီးနှင့်သားထက်ပင် မြတ်နိုးသည်။

‌ရွှေခေတ်ရောက်လာချိန်၌ ဤဓားဖြင့် ရန်သူများကို သတ်ကာ ကမ္ဘာကြီးကို အုပ်စိုးရန် ကြံရွယ်၏။

ယခုမူ ရန်သူထံတွင် ခွေးတစ်ကောင်လို ရှက်စဖွယ် ခစားပြနေ၏။ ၎င်း၏ ရိုင်းစိုင်းသော မာန်မာနများ မရှိတော့ချေ။ သူ့နှလုံးသားကို နှုတ်ယူခြင်း ခံလိုက်ရသလိုပေပင်။

***

Book-23

All Chapters