← Chapters

စုဟုန်လီနှင့် ရီယုဖေး ... ။

Vol. 23 Ch. 268

စုဟုန်လီနှင့် ရီယုဖေး ... ။

Vol. 23 Ch. 268

ဓားတံဆိပ်မှ စွမ်းအားထွက်လာသည်နှင့် ရုတ်တရက် ဒြပ်စင်ငါးပါး တာအိုရောင်ဝါသည် ကြည်လင်သောအရည် အဖြစ်သို့ အသွင်ပြောင်းသွား၏။

ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး အုံ့မှိုင်းချေပြီ။ ဤပြောင်းလဲမှု ရလာဒ်သည် သူ့အပေါ် အံ့သြစေ၏။

မူလအားဖြင့် သူ၏ကိုယ်ပိုင် တာအိုများပါရှိသော ဒြပ်ငါးပါးတာအိုရောင်ဝါ သည်ပင် တုနှိုင်းမယှဉ်နိုင်ချေ။

ငရဲဘုံကိုးပါးဓားမှ ထုတ်ပေးသော စွမ်းအားသည် အမှန်တကယ် ပြီးပြည့်စုံသော အသွင်ပြောင်းမှုကို ပေးစွမ်းလာ၏။

အချိန်အတော်ကြာသည်အထိ ပြောင်းလဲမှုများ အားလုံးကို စောင့်ကြည့်နေကာ အဆုံးတွင် ငြိမ်သက်သွားခဲ့သည်။

မျက်လုံးများ ဖွင့်ကြည့်လိုက်ရာ ကျက်သရေရှိသော တာအိုအလင်းတော်နှင့် ပြည့်လျှံနေ၏။

“ မျှော်လင့်ထားသလိုပါပဲ ... ငါ့ရဲ့ ကျင့်ကြံမှုဟာ နယ်ပယ်တစ်ခုမှာ အဆုံးစွန်ထိ အောင်မြင်လာရင် ... ငရဲဘုံကိုးပါးဓားရဲ့ ကောင်းချီးကို ရလိမ့်မယ်။ ”

အတွေးတစ်ချက်ဖြင့် နတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည်။ ခြံဝင်းအတွင်းရှိ ထင်းရှူးပင်၏ အကိုင်းအခက်များ အိပ်ပျော်နေသည်ကို ခံစားရ၏။

ညင်သာသော လေစီးကြောင်းက ၎င်းတို့အပေါ် သက်တောင့်သက်သာ ချော့မြူ နေသည်။

တစ်ဖက်အခန်းတွင် ဖန်းယွမ်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလျက် ၎င်း၏ ဝင်လေ-ထွက်လေများကိုပင် မြင်နေရ၏။

ထို့နောက် နတ်အာရုံကို ပြန်သိမ်းကာ လက်ချောင်းထိပ်၌ ဓားအလင်း ထုတ်ဖော်ကြည့် လိုက်သည်။ ၎င်းတွင် သာယာကြည်လင်သော တာအိုကျက်သရေများ စီးမျောနေ၏။

“ ဒီဓားရဲ့စွမ်းအားက မူလတာအို အတွင်းပိုင်းသန့်စင်ခြင်း အထွတ်အထိပ်ကို ရောက်နေတဲ့ တစ်စုံတစ်ယောက်အပေါ် သတ်နိုင်နေပြီ။ ”

ဆိုလိုသည်မှာ ယွီတျန်းဟုန်ဖြင့် ထပ်မံရင်ဆိုင်ရသော် အမှောင်နတ်ဓားမလိုဘဲ ဤဓားအလင်းဖြင့် သတ်နိုင်၏။

ထို့နောက် ဝိညာဉ်မဲ့သွားသော နှင်းဖြူဓားထုတ်ယူကာ အပိုင်းပိုင်း ခုတ်ဖြတ် ပစ်ပြီး အမှောင်နတ်ဓားကို ကျွေးမိသည်။

အမှောင်နတ်ဓား၏ စွမ်းအားကို တိုးမြှင့်နိုင်ခြင်း မရှိသော် များမကြာမီခွန်အားနှင့် လိုက်ဖက်တော့မည် မဟုတ်ချေ။

လက်ရှိခန္ဓာကိုယ်သည် ရွှေဗုဒ္ဓခန္ဓာနှင့် ယှဥ်နိုင်ပြီး ‘ကြယ်ဓားလက်ချောင်းများ’ကို ထုတ်ဖော်နိုင်ချေပြီ။

စိတ်ဝိညာဉ်သည် ဒြပ်စင်ငါးပါးနှင့် တစ်သားတည်းဖြစ်နေကာ ‘မဟာဒြပ်စင်ငါးပါး ချိုးနှိမ်ခြင်းဓားဒိုမိန်း’ကို ဖန်တီးနိုင်၏။

ဤနည်းဖြင့် စိတ်ဝိညာဉ် တိုက်ခိုက်မှုဖြစ်သော ‘နတ်ဘုရားသတ် ဓားချက်’ကို ထုတ်ဖော်နိုင်ချေပြီ။

ပဉ္စမအဆင့် မဟာသခင်အဆင့်သို့ တက်ရောက်နိုင်ခြင်းသည် ခွန်အားကို နှစ်ဆ တိုးစေခဲ့သည်။ ယခင် အသုံးမပြုနိုင်သော နည်းစနစ်အချို့ပင် သုံးလာနိုင်၏။

နောက်တစ်နေ့ မနက်လင်းချိန်တွင် ဖန်းယွမ်ပြင်ပေးသည့် မနက်စာများကို စားပြီး အနားယူနေစဉ် ဟောင်းနွမ်းနေသော၀တ်စုံဖြင့် အဘိုးအိုတစ်ဦး ရောက်ရှိလာသည်။

၎င်းသည် ရေကန်ကဲ့သို့ ကြည်လင်သော မျက်လုံးများရှိပြီး လက်ထဲ၌ ငှက်မွှေးဖြူယပ် တစ်ချောင်းကို ကိုင်ထား၏။

ဤသည်မှာ ပင်လယ်ဘုရင် ကူချန်လင်ဖြစ်သည်။ မဟာကျိုးမင်းဆက်တွင် ကျော်ကြားသော အခြားမျိုးရိုးဖြင့် ဘုရင်တစ်ပါးဖြစ်၏။

“ ငါက ကူချန်လင်ပဲ ... တွေ့ရတာ ဝမ်းသာပါတယ် တာအိုစု။ ”

အဘိုးအိုက ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လေသည်။ စုရီမှ ခေါင်းညိတ်ပြပြီး၊

“ ငါခူးခဲ့တဲ့ ယန်မီးတောက် မက်မွန်သီးအတွက်တော့ မင်းဒီကိုလာတာ မဟုတ်ဘူး မဟုတ်လား။ ”

“ ဟား ဟား ဟား ... ဒီလို ကိစ္စသေးသေးလေး‌ကို မင်းအခုထိ မှတ်မိနေ သေးတာ ငါအံ့သြမိပါတယ် ... ငါဒီကိစ္စအတွက် လာတာ မဟုတ်ပါဘူး။ ”

“ ကျေးဇူးပြုပြီး ထိုင်ပါ ... ။ ”

ဖန်းယွမ်မှ လိမ္မာပါးနပ်စွာဖြင့် ရေနွေးကြမ်းတစ်ခွက်ငှဲ့ပေး၏။ ပင်လယ်ဘုရင်မှ ခဏမျှ စဉ်းစားနေစဉ် စုရီက၊

“ ငါတို့ စကားကိစ္စမပြောခင် ငါမင်းကို မေးချင်တာ တစ်ခုရှိတယ်။ ”

-ဟု စကားစလိုက်သည်။

“ ကျေးဇူးပြုပြီး မေးပါ တာအိုစု။ ”

“ မင်းက လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်ပြားတစ်ချပ်ကို ရထားတယ်လို့ ငါကြားတယ် ... အခု မင်းမှာ အဲဒီကျောက်ပြား ရှိသေးလားလို့ တွေးမိပါတယ်။ ”

ပင်လယ်ဘုရင်က ခေါင်းညိတ်လျက်၊

“ ငါ့ရဲ့ ကောင်းကင်ပြာတောင်ထိပ်မှာ အဲဒီကျောက်တုံးကို တံဆိပ်ခတ်ထားပါတယ် မင်းဆန္ဒရှိရင် အချိန်မရွေးလာနိုင်တယ်။ ”

-ဟု ပြန်လည် ဖြေကြားလာ၏။

“ ကျေးဇူးတင်ပါတယ်၊ ပြဿနာတွေ ဖြေရှင်းပြီးရင် ငါလာကြည့်ပါ့မယ်။ ”

“ ကောင်းပြီ ... တာအိုစုကို ငါမေးချင်တာ တစ်ခုရှိတယ် ... တခြားကမ္ဘာကို ဘယ်လိုမြင်လဲ တခြားကမ္ဘာက ကျင့်ကြံသူတွေအကြောင်း မင်းမှာအမြင်ရှိလား။ ”

ပင်လယ်ဘုရင်က သူ့စကားမစခင် မေးခွန်းအချို့မေးမြန်းလာ၏။ ထို့ကြောင့် စုရီမှ ပြန်ကြည့်ကာ၊

“ မိုးပြာတိုက်ကြီး အပြင်ဘက်က ကမ္ဘာကြီးအကြောင်း မင်းမေးချင်နေတာဆိုရင် ငါသိတာ အများကြီးမရှိဘူး ...

... သူတို့နဲ့ ပတ်သတ်ရင်လည်း ... ငါ့မှာ ရန်သူနဲ့ မိတ်ဆွေပဲရှိတယ် အခြားအမြင်မရှိဘူး ဒီလောက်ပါပဲ။ ”

“ စိတ်စားစရာပဲ ... ဒါဆို တာအိုစုက အခြားကမ္ဘာက ကျင့်ကြံသူတွေအပေါ် မင်းမှာ မုန်းတီးမှုမရှိဘူးလို့ ယူဆရမလား။ ”

စုရီမှ မျက်ခုံးပင့်ကာ ‘ဒီမေးခွန်းက အရေးကြီးသလား’-ဟု ပြန်မေးလိုက်သည်။ ကူချန်လင်က အသက်ပြင်းပြင်းရှူလျက်၊

“ မကြာခင် ... စုမိသားစုဆီသွားပြီး မင်းအမေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို စုံစမ်းချင်နေတာမဟုတ်လား ...

... စုဟုန်လီက ... မင်းကို ဒီလိုကိစ္စမျိုး ဘယ်တော့မှ ပြောလာမှာမဟုတ်ဘူး၊ ဒါကြောင့် ငါအကြိမ်ကြိမ်တွေးပြီး လာဖို့လိုအပ်တယ် ထင်လို့ လာရတာပါ။ ”

-ဟု ရှင်းပြလာခဲ့သည်။

စုရီက တစ်ဖက်လူစကားကြောင့် အံ့အားသင့်သွားကာ၊

“ ငါ့ကို ရှင်းပြပါ။”

-ဟု တောင်းဆိုလိုက်တော့၏။

ပင်လယ်ဘုရင်မှ သက်ပြင်းချသည်။

“ စုဟုန်လီက မင်းအမေကို ဘာလို့ ဒီလိုဆက်ဆံတာလဲဆိုတာ ငါမသိဘူး ဒါပေမယ့် မင်းကိုပြောနိုင်တဲ့ အချက်တွေတော့ ငါမှာရှိတယ်။ ”

ထို့နောက် ၎င်းမျက်ဝန်းများတွင် သတိရခြင်းများဖြင့် ပြည့်နှက်လာခဲ့ပြီး၊

“ အဲဒီတုန်းက စုဟုန်လီက အမှောင် နတ်ဆိုးတောင်တန်းကိုသွားဖို့ ငါ့ကို ဖိတ်ခေါ် လာခဲ့တယ် အခွင့်အရေးရရင် တစ်ဝက်စီ ယူမယ်လို့လည်း သဘောတူတယ် ...

... သူ့မှာ ထူးဆန်းလွန်းတဲ့ သံလိုက်အိမ်မြှောင်တစ်ခုရှိတယ် ဘယ်လို ဖုံးကွယ်မှုမျိုးမဆို ဖြတ်ကြည့်နိုင်တယ် ဒါဟာ အလွန်မှော်ဆန်ပါတယ် ...

... ငါ့မှာလည်း ကောင်းကင်ထီးလို့​ခေါ်တဲ့ လျှို့ဝှက်​ရတနာတစ်​ခုရှိတယ်​ ငါတို့အန္တရာယ်​နဲ့ ကြုံရတဲ့အခါ ကယ်​တင်​နိုင်​တယ်​ ...

... ဒါကြောင့် ငါတို့နှစ်ယောက် အတူတူ အဲဒီရတနာနှစ်ပါး အားကိုးနဲ့ ... အမှောင်နတ်ဆိုး တောင်တန်းရဲ့ မြေအောက်ကမ္ဘာကို သွားခဲ့တယ် ... ဒီရတနာတွေသာ မရှိရင် ငါတို့သေနေတာကြာပြီ။ ”

ထိုအကြောင်းကို ပြောလျက်မှ ပင်လယ်ဘုရင်၏ မျက်ဝန်းများတွင် ကြောက်ရွံ့ ထိတ်လန့်မှုများ ပြည့်နှက်လာ၏။

နှစ်တွေကြာလာသည့်တိုင် ၎င်းကြုံတွေ့ခဲ့ရသော အန္တရာယ်များကို မေ့နိုင်ပုံ မရချေ။

“ မြေအောက် ပေတစ်ရာအနက်ကို ရောက်ချိန်မှာ သွေးရောင်စုပ်ဝဲတစ်ခု လေထဲ လွင့်မျောနေတာတွေ့တယ် သူ့အောက်မှာ သင်္ချိုင်းဂူတစ်လုံးရှိတယ် ...

... အဲဒါက ကိုးပေအမြင့်ရှိပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ မဟူရာကျောက်တွေနဲ့ တည်ဆောက်ထားတယ် ...

... သင်္ချိုင်းဂူနံရံတွေမှာ ထူးဆန်းတဲ့ ဝင်္ကပါတစ်ခုကို ရေးထွင်းထားပြီး အမိန့်စာက ရွေ့လျားနေတတ်တယ် ... ငါတို့ရဲ့ကျင့်ကြံမှု အဆင့်နဲ့ ဒါကိုနားမလည်နိုင်ခဲ့ဘူး ... ။ ”

“ အချိန်တိုင်း ပြောင်းလဲနေတဲ့ ရူရ်တွေနဲ့ဖွဲ့စည်းထားတဲ့ ဝင်္ကပါအစီရင်လား ဒါက မင်းတို့တွေ ...

... ဝင်လိုက်ထဲက ဝင်္ကပါအစီရင် အသက်ဝင်နေပြီလို့ အဓိပ္ပါယ်ရတယ်၊ အရမ်း အန္တရာယ်များတယ်။ ”

စုရီက မှတ်ချက်ဝင်ပေး၏။ သူ့စကားကို ပင်လယ်ဘုရင်မှ ခေါင်းညိတ်လျက်၊

“ မှန်တယ်၊ ဒါပေမယ့် အဲဒီအချိန်က ဓားသင်္ချိုင်းမှာ ချိတ်ပိတ်ထားတဲ့ ရှေးဟောင်းဓား ကိုးလက်က ငါတို့နှစ်ယောက်ကို ဆွဲဆောင်နေခဲ့တယ် ...

... ဓားတစ်လက်နဲ့ တစ်လက် ... ပုံစံမတူကြဘူး၊ တချို့ဓားတွေက ဖြူဖွေး တောက်ပတယ်၊ ...

... တချို့က စိတ်ဝိညာဉ်ကို လောင်ကျွမ်းနေသလို ခံစားရစေတယ်၊ တချို့က ရေခဲလို အေးစက်ပြီး ... သူတို့ကို ကြည့်တဲ့အခါ ချောက်ထဲပြုတ်ကျသွားသလို ခံစားရတယ် ...

... တိုတိုပြောရရင်တော့ ... ရှေးဟောင်း ဓားကိုးလက်က ရှားပါးရတနာတွေပဲ ဒါကြောင့် စုဟုန်လီနဲ့ ငါက လောဘတက်လာတယ် ...

... ဒါပေမယ့် ဓားကိုးလက်က ကြောက်မက်ဖွယ် လူသတ်အငွေ့အသက်တွေ ထွက်ပေါ်လာပြီး ငါတို့ကို ချက်ချင်း တိုက်ခိုက်လာတယ် ...

... အဲဒီတုန်းက အကျပ်အတည်းက ထီးကိုသုံးဖို့ နေနေသာသာ ... ငါ့မှာ တုံ့ပြန်ဖို့ အချိန်တောင်မရှိဘူး ... ။ ”

ထိုမျှအရေးကြီးသော အခိုက်တွင် စွမ်းအင်လှိုင်းတစ်ခုပေါ်လာပြီး ရှေးဓားကိုးလက် အပေါ် အတင်းအကျပ် နှိမ်နင်းခဲ့သည်ကို မမေ့သေးချေ။

“ ငါနဲ့စုဟုန်လီ သေခြင်းကနေမှ လွတ်မြောက်လာချိန်မှာ သွေးတွေပေကျံနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ”

ပင်လယ်ဘုရင်၏ မျက်ဝန်းများ အတွင်း လွမ်းဆွတ်မှုများ ပေါ်လာ၏။

“ နတ်သမီးလေးတစ်ပါးလို အရမ်းလှပြီး ငါတို့ကို ကယ်တင်ခဲ့မှန်း နားလည်လိုက်တယ် သူမက မင်းရဲ့အမေ ရီယုဖေးပဲ။ ”

စုရီမှ ခေါင်းညိတ်လျက် အတော်ပင် စိတ်မသက်မသာ ဖြစ်လာခဲ့၏။ ထိုသတင်းသည် ထိတ်လန့်စရာပေပင်။

သူ့အမေသည် အမှန်ပင် တခြားကမ္ဘာမှ လာသူဖြစ်နေချေ၏။ ထို့အပြင် ပင်လယ်ဘုရင် အဆိုအရ အခြားခန္ဓာကိုယ်တစ်ခုကို သိမ်းပိုက်ထားခြင်း မဟုတ်ချေ။

အာကာသ အတားအဆီးကို တိုက်ရိုက် ဖြတ်ကျော်လာသူဖြစ်၏။ သည့်အတွက် သူမ၌ အာကာပြင်စွမ်းအားကို တွန်းလှန်နိုင်သော ရတနာတစ်ခု ရှိနိုင်ပေမည်။

“ မင်းအမေ ထွက်လာပြီးတဲ့နောက်မှာ ဓားရှည်တစ်လက်ကို လက်မှာ ကိုင်ဆွဲထားပြီး သူက ကျန်တဲ့ဓားရှစ်လက်အပေါ် မထိနဲ့လို့ သတိပေးတံဆိပ်ခတ်လိုက်တယ် ...

... စုဟုန်လီက ဒီအတိုင်းမသွားချင်တာမို့ နှစ်သိမ့်တဲ့အနေနဲ့ ငါတို့ကို စစ်မှန်တဲ့ ကျင့်ကြံမှု နည်းစနစ်တစ်ခု ပေးမယ်လို့ မင်းအမေက ကတိပေးခဲ့တယ် ...

... ပြန်တွေးကြည့်တော့ လောကကြီးမှာ မင်းအမေလို ကြင်နာပြီး ... ချောမောလှပတဲ့ လူတစ်ယောက် ဘယ်လိုများ ရှိနိုင်မှာလဲ ...

... အဲဒီနောက်မှာ အမှောင်နတ်ဆိုး တောင်တန်းကနေ ထွက်လာပြီး နှစ်အနည်းငယ်​ အကြာ ... စုဟုန်လီနဲ့ မင်းအမေတို့ လက်ထပ် လိုက်ကြတာပဲ။ ”

သူ့အသံထဲတွင် ဆုံးရှုံးခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကို ထင်ရှားစွာပြသနေ ခဲ့ချေပြီ။ စုရီက အနည်းငယ် မျက်မှောင်ကြုတ်လျက်၊

“ ဒီအကြောင်း ဆက်ပြောစရာ မလိုဘူး ... ”

-ဟု စကားဖြတ်လိုက်သည်။

“ ‌တောင်းပန်ပါတယ် ... ။ ”

သို့မှသာ ပင်လယ်ဘုရင်တစ်ယောက် သတိပြန်ဝင်ကာ ရှက်ရွံ့သွား၏။ ထို့နောက်တွင် စုရီမှခေါင်းညိတ်လျက်၊

“ ငါ့အမေကို စုဟုန်လီ ဘာလုပ်ခဲ့လဲပြောပါ။ ”

-ဟု မေးမြန်းလိုက်တော့သည်။

***

All Chapters