← Chapters

အရှက်တရားအတွက် သူ့ခေါင်းကို ငါဖြတ်ပေးမယ်။

Vol. 23 Ch. 270

အရှက်တရားအတွက် သူ့ခေါင်းကို ငါဖြတ်ပေးမယ်။

Vol. 23 Ch. 270

ညအမှောင်သည် လမ်းမများပေါ်သို့ စိမ့်ကျနေသည်။ လမ်းဘေးဝဲယာတွင် ချိတ်ဆွဲ ထားသော မီးပုံးများသည် လူအချို့ကို အရိပ်အသွင် လွင့်မျောနေစေ၏။

မလှမ်းမကမ်းတွင် တာအိုဝတ်ရုံဝတ် အဘိုးကြီးတစ်ဦးသည် ပြုံးရွှင်စွာဖြင့် ရပ်နေခဲ့ လေသည်။

သို့သော် ၎င်း၏စကားသံသည် မုရှီနှင့် အခြားသူများ၏ နားထဲတွင် အရှက်တရားများ ပေးစွမ်းလိုနေကြောင်း မြင်သာ၏။

သောက်ထားသော အရက်များ၏ သက်ရောက်မှုသည်ပင် ပျောက်ကွယ်သွားကာ လူတိုင်း လေးနက်သွားသည်။

“ မင်းတို့ အရင်သွား ... ။ ”

မုရှီက အသက်ပြင်းပြင်းရှူလျက် သွေးနှင့်ချီကို လောင်မြိုက်စေလိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအင်များဖြင့် ပြည့်နှက်လာ၏။

တာအိုဝတ်ရုံဝတ် အဖိုးအိုက ပြုံးပြီး၊

“ ငါဒီကိုရောက်နေမှတော့ မင်းတို့ကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ ဒူးထောက်ပါ။ ”

-ဟု ပြောလျက် ညာဘက်လက်ကို သူ့လက်ဆန့်ထုတ်ကာ လေထဲ ပေါ့ပေါ့ပါးပါး ဖိချလိုက်သည်။

“ ဝှစ် ... ။ ”

လေဟာနယ်ကို ဖြတ်ကျော်လျက် လက်ဖဝါးပုံရိပ်ကြီးက ဆယ်ပေကျော်အကွာရှိ လုချန်ဖုန်းထံ ပျံသန်းသွားလေသည်။

လုချန်ဖုန်းဟူသည် လေဟာနယ် အကယ်ဒမီ၏ မဟာအကြီးအကဲဖြစ်ပြီး ရှန်ရှင်းအဆင့် ကျွမ်းကျင်သူဖြစ်၏။

“ အဟွတ် ... အဟွတ် ... ။ ”

သို့သော် ထိုလက်ဖဝါးကို ရင်ဆိုင်ရသော အခါတွင် ပုရွက်ဆိတ်ကဲ့သို့ ကူကယ်ရာမဲ့သွား တော့၏။ နှုတ်ခမ်းမှသွေးများ စီးကျလျက် သွေးချောင်းဆိုးကာ ဒူးထောက်လိုက်ရသည်။

ချက်ချင်း ခေါင်းငိုက်စိုက်ကျသွားပြီး ဦးခေါင်းပြန်မမော့ နိုင်တော့ချေ။ ကြေကွဲဖွယ်ရာ မြင်ကွင်းသည် မူရှီနှင့် အခြားသူများကို မျက်နှာ ပျက်ယွင်းသွားစေခဲ့၏။

မုရှီက ချက်ချင်းပင် လှုပ်ရှားရန် ပြင်သည်။ လက်ရှိ သူ့ကျင့်ကြံမှုသည် မြေကြီးအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုချေ၏။

သူ့တွင် စုရီပေးလာသည့် လျှို့ဝှက် နည်းစနစ်ရှိပြီး သွေးကျောက်စိမ်း၏ အကူအညီ အပေါ် အားကိုးသော် တိုက်ပွဲဝင်စွမ်းအား၌ အဆင့်တူအတွင်း ပြိုင်ဘက်ကင်းသည်။

သို့သော် တာအိုဝတ်ရုံဝတ်အဖိုးအိုက ခေါင်းကို အနည်းငယ်ခါယမ်းကာ၊

“ တောင်တန်းဘုရင် မုရှီ ... ၊ မင်းလို ထက်မြက်တဲ့လူငယ်က မင်းရဲ့အရည်အချင်းကို ဘယ်လိုအသုံး ပြုရမလဲ မသိသေးဘူးပဲ။ ”

-ဟု ပြောကြားလိုက်သည်။

စကားဆုံးသည်နှင့် လေဟာနယ်ကို ဖြတ်သန်းနေသော အနက်ရောင် သက်တံကဲ့သို့ ဓားအလင်းတစ်လက် ၎င်းထံမှ ပြေးထွက် လာခဲ့၏။

ထက်ရှလွန်းသဖြင့် (၁၀)ပေကျော် အကွာအဝေးမှပင် လူတိုင်း၏ ဦးရေပြားများကို ယားယံသွားစေသည်။

မုရှီတစ်ယောက် မျက်ဝန်းများ မှေးစင်းသွားကာ အမည်ခံမူလတာအိုနယ်ပယ် ခွန်အားကို အဆုံးစွန်ထိ တွန်းထုတ်ပစ်ပြီး ရွှေလှံအတွင်း ပေါင်းစပ်လိုက်၏။

“ ဘုန်း ... ။ ”

ဓားနှင့် တိုက်မိပြီးနောက် ပေါက်ကွဲမှု ထွက်ပေါ်လာပြီး ရွှေလှံခမျာ ပေပေါင်းများစွာ အကွာသို့ လွင့်ကျသွားသည်။

အကျိုးဆက်အနေဖြင့် ခြေလှမ်းများစွာ ဆုတ်ခွာလျက် နာကျင်စွာ ညည်းတွားလိုက်၏။ သည့်နောက် ထိတ်လန့်စွာဖြင့်၊

“ မင်း ဘယ်သူလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

ဤအဘိုးကြီးသည် အစွမ်းထက်လှ၏။ ထိုမျှအစွမ်းထက်သော တစ်စုံတစ်ယောက်ကို သူ မသိသည်မှာ အဓိပ္ပါယ်မရှိချေ။

ပုရီနှင့် အခြားသူများမှာ တစ်ကိုယ်လုံး အေးခဲသွားကြသည်။ လက်ဖဝါးတစ်ချက်နှင့် မုရှီကဲ့သို့သော ပါရမီရှင်ကို ပြင်းစွာ ဒဏ်ရာ ရရှိသွားစေသည်။

“ တောင်တန်းဘုရင် မုရှီ ... မင်းက မဟာကျိုးရဲ့ ထိပ်တန်း ပါရမီရှင်တွေထဲက တစ်ယောက်ပဲ ... အခုလို ခွေးတစ်ကောင် ဖြစ်နေတာ မရှက်ဘူးလား။ ”

တာအိုဝတ်လုံနှင့် အဖိုးအိုက မုရှီ၏ မေးခွန်းကို ပြန်မဖြေခဲ့ဘဲ သူပြောချင်သည်ကို ပြောကာ လှောင်ပြုံး ပြုံးလိုက်၏။

“ ဒူးထောက်ပါ ... ။ ”

ထို့နောက် မုရှီကို လျစ်လျူရှုကာ ပုရီနှင့်ကျန့်တျန်းယွင်တို့ထံ လက်ဖဝါးဖြင့် အုပ်မိုးလိုက်တော့သည်။ နှစ်ယောက်သား ချက်ချင်း ဒူးထောက်ကျသွား၏။

သို့သော် မည်သည့် ထိခိုက်ဒဏ်ရာမျှ မရရှိခဲ့ချေ။ ဆိုလိုသည်မှာ ၎င်းသည် သူတို့ကို အရှက်ခွဲရန်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်၏။ မဟုတ်သော် သေပြီးဖြစ်ပေမည်။

လမ်းသွားလမ်းလာများသည် ကြောက်ရွံ့မှုကြောင့် လွတ်ရာသို့ ထွက်ပြေးကုန် တော့သည်။

“ တောင်တန်းဘုရင် မုရှီ ... မင်းကိုယ်တိုင် ဒူးထောက်ချင်လား ဒါမှမဟုတ် ... မင်းအတွက် ငါ့ကို လုပ်ပေးစေချင်လား။ ”

တာအိုဝတ်ရုံဝတ်အဖိုးအိုသည် မုရှီကို နွေးထွေးသောအမူအရာဖြင့် ပြန့်ကြည့်လိုက်ပြီး မေးမြန်းလေသည်။

“ ဒီနေ့ ငါသေရင်တောင် ဒူးထောက်မှာ မဟုတ်ဘူး။ ”

မုရှီက နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လျက် လေထဲခုန်တက်ကာ ‌ရွှေလှံအပေါ် ပြန်၍ ဆင့်ခေါ်လိုက်သည်။

တာအိုဝတ်လုံနှင့် အဖိုးအိုသည် အနည်းငယ်ပြုံးပြီး လေဟာနယ်ကို ဖိနှိမ်ရန် လက်ကို မြှောက်လိုက်၏။

“ ဝှစ် ... ။ ”

ကြီးမားလှသော လက်ဖဝါးကြီးတစ်ဖက် ကောင်းကင်မှ ဆင်းသက်လာပြီး မုရှီခေါင်းကို ဖိချလာလေသည်။

“ ချိုး ဖြတ် စမ်း ... ။ ”

မုရှီမှ ဒေါသတကြီး ဟိန်းဟောက်လျက် ဆံပင်များ လွင့်ပျံသွား၏။ သို့သော် ရွှေလှံခမျာ ကောင်းကင်ကို ချိန်ရွယ်လျက် အနေအထားဖြင့် မြေပြင်ပေါ် ဖိချခံလိုက်ရသည်။

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

သူ့ခြေဖျားအောက်ရှိ မြေပြင်သည် ထိုကဲ့သို့သော ဖိအားကို မခံနိုင်ချေ။ ရုတ်တရက် ပေါက်ကွဲသွားကာ အပျက်အစီးများ နေရာအနှံ့ ပျံတက်သွားစေ၏။

သို့တိုင် မုရှီသည် ဒူးမထောက်သေးချေ။ တာအိုဝတ်ရုံဝတ်အဖိုးအိုမှ အံ့သြသွားပြီးနောက် ခေါင်းရမ်းတော့သည်။

“ မင်းရဲ့ကျင့်ကြံမှုက ... သာမန် ကျင့်ကြံသူတွေထက် အများကြီး ခိုင်မာနေတာ ငါမသိလိုက်ဘူး ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ... ။ ”

“ ခရစ် ... ။ ”

အဆုံးတွင် မုရှီခမျာ သစ်သားငုတ် တစ်ချောင်းကဲ့သို့ မတ်တပ်ရပ်အနေအထားဖြင့် မြေကြီးထဲ နစ်ဝင်သွား၏။

“ ဂျွတ် ... ။ ”

ဒွါရခုနစ်ပါးမှ သွေးများ စီးကျလာပြီး ကြွက်သားများနှင့် အရိုးများက လေးလံသော ဝန်ကို မခံနိုင်သကဲ့သို့ အက်ကွဲသံများ ညံလာတော့သည်။

အရေပြားများ စုပ်ပြဲကာ သွေးများ စီးကျလာသည်။ ဒူးထောက်ရသည်ထက် ဒဏ်ရာကိုသာ ခံယူသွားခဲ့၏။

ဤမြင်ကွင်းကြောင့် အဝေးမှ ရပ်ကြည့်နေသူများအားလုံးသည် အံကြိတ်ပြီး လက်သီးဆုပ်လိုက်မိ၏။ ချီးကျူးစရာပေပင်။ တောင်တန်းဘုရင်သည် နာမည်ကြီးသည်မှာ အံ့ဩစရာ မရှိတော့ချေ။

“ ဝုန်း ... ။ ”

အဆုံးတွင် မုရှီခန္ဓာကိုယ်သည် မြေကြီးထဲမြုပ်ဝင်သွားခဲ့၏။ ဦးခေါင်းသာ ပေါ်တော့သည်။

“ အဘိုးကြီး၊ ဒီနေ့ ငါမသေရင် မင်းဆီက တန်ဖိုးတစ်ခု ပြန်ယူမယ်။ ”

မုရှီ၏ ဒေါသတကြီး အော်ဟစ်သံသည် ညကောင်းကင်ယံတွင် ပဲ့တင်ထပ် နေခဲ့သည်။ ထို့ကြောင့် တာအိုဝတ်ရုံဝတ် အဖိုးအိုမှ မျက်မှောင်ကြုတ်လိုက်ကာ၊

“ တကယ်လား ... ဒါဆို ငါမင်းကို ဆွဲထုတ်ပြီး မြေကြီးပေါ် ဒူးထောက်ခိုင်းမယ်။ ”

-ဟု လှောင်ပြောင်တော့၏။

စကားဆုံးသည်နှင့် အဖိုးအိုမှ လက်ဝှေ့ရမ်းလျက် မုရှီကို ဆွဲထုတ်သည်။ ထိုစဉ် လျင်မြန်စွာ ရွေ့လျားလာနေသော အလင်းတန်း တစ်ခုကြောင့် ချက်ချင်းရပ်လိုက်၏။

“ ဝှစ် ... ။ ”

ဖျင်ကြမ်းအင်္ကျီနှင့် အမျိုးသားကြီးတစ်ဦးသည် ဓားပျံတစ်လက်ကို စီးနင်းကာ ပျံသန်းရောက်ရှိလာခဲ့ခြင်းဖြစ်၏။

“ တာအိုမိတ်ဆွေ ... မင်းရဲ့အဆင့်နဲ့ အားနည်းသူတွေကို အနိုင်ကျင့်နေတယ် ​​ဒါက ရှက်စရာလို့ မထင်ဘူးလား။ ”

ဓားပျံစီးနင်းလာသော အမျိုးသားက အဖိုးအိုထံ စူးရှစွာ စိုက်ကြည့်လျက် မေးမြန်း လိုက်လေသည်။

ဤသည်မှာ မဟာချင်မင်းဆက် ဒေါင်ဟွာဓားဂိုဏ်းမှ မဟာအကြီးအကဲ ဖူယွင်လန်ဖြစ်၏။

“ မေ့လိုက်ပါ၊ ငါ့ရည်ရွယ်ချက်ကို ပြီးမြောက်ခဲ့ပြီ ... ပုရွက်ဆိတ်တွေအပေါ် စိတ်မဝင်စားတော့ဘူး။ ”

ထိုသို့ပြောပြီးနောက် တာအိုဝတ်လုံနှင့် အဖိုးအိုက စကားသံအချို့ကို လေထဲပဲ့တင်ထပ် ချန်ရစ်ကာ လှည့်ထွက်သွားတော့သည်။

“ ဒီနေ့ကိစ္စက ... စုမိသားစု စတုတ္ထ မိန်းကလေးနဲ့ သူ့သားအတွက်ပဲ၊ မကျေနပ်ရင် မေလ(၄)ရက်နေ့အထိ စောင့်နေစရာ မလိုဘူး၊ စုရီကို ဒီညစုမိသားစုဆီ လာနိုင်တယ်လို့ ပြန်ပြောလိုက်ပါ။ ”

ဓားပျံစီးနင်းလာသော အမျိုးသားကြီးက အလင်းတန်းသဖွယ် ပျောက်ကွယ်သွားသည့် အဆိုပါ အဖိုးအိုထံ မျှော်ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

တစ်ဖက်လူသည် စုမိသားစုမှ ဖြစ်သော်လည်း သူ မသိချေ။ ခွန်အားအရာ၌ ၎င်းသည် ယွီတျန်ဟုန်ထက် ပိုသန်မာ၏။

“ အစ်ကိုမု ... အဆင်ပြေရဲ့လား။ ”

ထိုအချိန်တွင် လန်စု ရောက်ရှိလာသည်။ ဓားပျံစီးနင်းလာသော အမျိုးသားကြီးသည် သူမ ဆရာဖြစ်၏။

“ သခင်လေးစု ဘယ်မှာလဲ၊ သူ့ကိုတွေ့ဖို့ ခေါ်သွားပေးပါ။ ”

လန်စုတစ်ယောက် စိုးရိမ်စွာဖြင့် ပြောကြားလာသည်။ မုရှီသည်သာ ခါးသီးသော အသွင်အပြင်မျိုးဖြင့်၊

“ အစ်ကိုစုကိုတွေ့ဖို့ ... ငါ့မှာ မျက်နှာတောင် မရှိတော့ဘူး။”

-ဟု ညည်းညူလေသည်။

“ နောက်ကျနေပြီ ... ဘာလို့ ဒီလိုတွေပြောနေရတာလဲ သွားရအောင်။ ”

ယနေ့တွင် သူမဆရာသည် တိုက်ပွဲမှလာသော စွမ်းအင်လှိုင်းများအပေါ် မခံစားမိပါက မုရှီတို့အတွက် ဆိုးရွား သွားပေလိမ့်မည်။

ထိုအချိန်တွင် စုရီသည် ခြံဝင်းထဲ၌ ကြိမ်ကုလားထိုင်ချကာ တစ်ယောက်တည်း သောက်နေခဲ့၏။

တစ်ဖက်တွင် ချင်ဝမ်သည် နေကြာစေ့များ ခွာပေးသည်။ စုရီအတွက်သက်တောင့်သက်သာ အချိန်များပေပင်။

သို့သော် မုရှီတို့ ရောက်ရှိလာပြီးနောက် ထိုခံစားချက် ချက်ချင်း ပျောက်ကွယ်သွား၏။ စုဟုန်လီမှ ထိုသို့ ပြုမူလာလိမ့်မည်ဟု မထင်ထားချေ။

“ သူက ... ငါ့ကို ဒေါသထွက်စေချင်နေတယ်။ ”

စုရီမှ မှတ်ချက်ပေးလိုက်သည်။

“ သခင်လေးစု ငါတို့ ဘာလုပ်သင့်လဲ။ ”

လန်စုက စိတ်လှုပ်ရှားစွာ ပြန်မေးသည်။

“ စိတ်မပူပါနဲ့ ... မေလ(၄)ရက်နေ့မှာ ... အဲဒီအဘိုးကြီးရဲ့ ဦးခေါင်းကိုဖြတ်ပြီး .. ဒီညမုရှီနဲ့ သူ့အဖွဲ့သားတွေ ကြုံတွေ့ခဲ့ရတဲ့ အရှက်တရား အတွက် ... ငါဆေးကြောပေးပါ့မယ်။ ”

ထိုစဉ် အမျိုးသားကြီးက ရှေ့သို့ လှမ်းတက်လာပြီး၊

“ ငါက ဒေါင်ဟွာဓားဂိုဏ်းက ဖူယွင်လန်ပဲ တာအိုစုကို နှုတ်ဆက်ပါတယ်။ ”

-ဟု မိတ်ဆက်စကား ဆိုလေသည်။

“ သခင်လေးစု၊ ဒါက ငါ့ရဲ့ဆရာပဲ ... အဘိုးအိုကို ဒီညပြန်ဆုတ်ခိုင်းခဲ့တာ ငါ့ဆရာ ကြောင့်ပါ။ ”

လန်စုက သူမ ဆရာနှင့် မိတ်ဆက်ပေးလေသည်။ စုရီခမျာ ချက်ချင်း ထရပ်လျက် ခေါင်းညိတ်ပြပြီး၊

“ ဒီည ... ငါ့ကို ကူညီပေးတာ ကျေးဇူးတင်ပါတယ် တစ်နေ့သေချာပေါက် ပြန်ဆပ်မှာပါ။ ”

-ဟု ကတိပေးလိုက်တော့၏။

အမျိုးသားကြီးမှ ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းကာ၊

“ တာအိုစုက ... လန်စုရဲ့အသက်ကို ကယ်ခဲ့တာလို့ ငါကြားပါတယ် ... ဒါကြောင့် ကျေးဇူးဆပ်ရကြေးဆိုရင် ငါပြန်ဆပ်ရမှာပါ။ ”

စုရီက ဆက်မပြောတော့ဘဲ မုရှီတို့ကို လှည့်ကြည့်ကာ၊

“ ဒီနေ့ကစပြီး လေး(၄)နေ့အထိ မင်းတို့တွေ ငါ့နဲ့အတူနေပါ။ ”

-ဟု အမိန့်ပေးလိုက်၏။

ထိုညတွင် စုမိသားစုမှ လျှို့ဝှက် ဆန်းကြယ်သော အဖိုးအိုသည် မုရှီနှင့်အဖွဲ့ကို လက်ဖဝါးတစ်ချက်တည်းဖြင့် ဒူးထောက် သွားအောင် စွမ်းဆောင်ခဲ့သည်ဟူသော သတင်းမျိုး ချက်ချင်း ပျံ့နှံ့သွားချေပြီ။

***

All Chapters