← Chapters

စုဟုန်လီနှင့် သူ့သွေးဆိုး ... ။

Vol. 23 Ch. 272

စုဟုန်လီနှင့် သူ့သွေးဆိုး ... ။

Vol. 23 Ch. 272

နံနက်ခင်း အလင်းရောင် ဝင်ရောက်လာပြီး မကြာမီ တိမ်ညိုမည်းများ ကျောက်စိမ်းမြို့တော် အထက် ကောင်းကင်ကို ဖုံးလွှမ်းသွား၏။

“ ဝေါ့ ... ။ ”

ထို့နောက် မိုးရေစက်များ ရွာချလာသဖြင့် လူတိုင်းက စွမ်းအင်အကာအကွယ် အလွှာများ ထုတ်ဖော်လိုက်ကြသည်။ မည်သူမျှ ထီးမစောင်းချေ။

ဤအခိုက်တွင် စုမိသားစု၏ ခြံတံခါးအတွင်းမှ လူနှစ်ယောက် လျှောက်လှမ်း ထွက်လာသည်ကို မြင်လိုက်ရ၏။

ဦးဆောင်သူသည် အနက်ရောင်၀တ်စုံဖြင့် ဆံပင်များကို သေသပ်စွာ ချည်နှောင်ထားသည်။ ဖြူဖွေးသော အသားအရည်နှင့် အသက် (၄၀) အရွယ် အမျိုးသားကြီးဖြစ်၏။

သူ့ လှုပ်ရှားမှုတိုင်းသည် လေးနက်ပြီး ကြီးကျယ်ခမ်းနားသော ရောင်ဝါကို ပြသသည်။ ၎င်းနောက်တွင် တာအိုဝတ်ရုံဖြင့် အဘိုးအို တစ်ဦး လိုက်ပါ၏။

ဤသည်မှာ မုရှီကို သပ်တစ်ချောင်းကဲ့သို့ မြေကြီးထဲ ရိုက်ချခဲ့သူ ဖြစ်သည်။ အမျိုးသားက ထိုအဖိုးအိုထံ ပြန်လှည့်ကြည့်ကာ၊

“ တာအိုအစ်ကို ဒီမှာစောင့်ပါ။ ”

-ဟု မှာကြားလိုက်၏။

တာအိုဝတ်ရုံဝတ်နှင့် အဖိုးအိုသည် ခေါင်းညိတ်လျက် စုမိသားစု၏ တံခါးဝဆီသို့ ပြန်ဆုတ်ပြီး တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

သူအသွင်သည် အလွန်နိမ့်ကျသော်လည်း ဖူယွင်လန်၊ ကျင်းဟဲ၊ ယွင်ကျန်းချုံးတို့ကဲ့သော မြေကြီးအဆင့် အင်မော်တယ်များသည်ပင် လျစ်လျူရှုကာ မနေနိုင်ချေ။

“ ဟမ့် ... ဘာလို့ စုဟုန်လီက ရှန်ရှင်းနယ်ပယ် ရောင်ဝါပဲ ရှိနေရတာလဲ။ ”

တစ်စုံတစ်ယောက်၏ အံ့သြစွာ အော်လိုက်သံကြောင့် လူအများမှ သတိထားမိ ကုန်ပြီး မယုံနိုင်အောင် ဖြစ်ကုန်ကြ၏။

ဤလူသည် ဆယ်နှစ်ကြာ တံခါးပိတ် ကျင့်ကြံပြီးနောက် အောင်မြင်မှုတစ်ခုကိုပင် မယူနိုင်သေးချေ။ ထိုသို့ဆိုသော် သူ့သားစုရီနှင့် တိုက်ရန် အရည်အချင်း နိမ့်ပါးလှ၏။

သို့လော-သို့လော အကြည့်များကို စုဟုန်တစ်ယောက် မျက်ကွယ်ပြုကာ မိုးရေထဲ တစ်ယောက်တည်း ရပ်နေခဲ့သည်။

“ ဂျိန်း ... ။ ”

တိမ်ပင်လယ်အတွင်း မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး မိုးသည် ပိုသည်းလာတော့၏။ ထိုစဉ် မိုးရေထဲ ဝိုးတဝါးပုံရိပ်တစ်ရိပ်ကို မြင်လိုက်ရသည်။

“ စုရီ လာပြီ ... ။ ”

တစ်စုံတစ်ယောက်မှ သတိထားမိကာ အော်ဟစ်လိုက်သည်။ အဝေး၌ ထီးတစ်လက် ဆောင်းလျက် လူငယ်တစ်ယောက် မိုးရေထဲ ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေ၏။

မရေမတွက်နိုင်သော အကြည့်များ အောက်တွင် ပန်းခြံထဲ လမ်းလျှောက်နေ သကဲ့သို့ တည်ငြိမ်ချေပြီ။

၎င်းက စုဟုန်လီထံ မော့ကြည့်၏။ စုဟုန်လီမှလည်း လက်နှစ်ဖက်နောက်ပို့ကာ မိုးရွာထဲ ရပ်ပြီး ပြန်ကြည့်သည်။

သားအဖနှစ်ယောက် အကြည့်ချင်း ဆုံသွား၏။ ဓားနှစ်လက် တိုက်မိသွားသကဲ့သို့ လေဟာနယ်သည် လှိုင်းအသွင် ချက်ချင်း ပြန့်ကားသွားသည်။

လူနှစ်ယောက်ကြား ပုံပျက်နေသော လေဟာနယ်လှိုင်းများနေရာ၌ မိုးရေများပို၍ သည်းလာခဲ့သည်။

“ နတ်အာရုံ ... ။ ”

ဤသည်မှာ မြေကြီးအဆင့် ကျွမ်းကျင်သူများသာ ပိုင်ဆိုင်နိုင်သည့် ခွန်အား ဖြစ်ချေ၏။

ယခုမူ ရှန်ရှင်းအဆင့်မှ စုဟုန်လီနှင့် မဟာသခင်အဆင့် စုရီတို့တွင် ပေါ်လာသည်မှာ ယုံနိုင်ဖွယ် မရှိချေ။

စုရီက မျက်ဝန်းများ အနည်းငယ် မှေးစင်းသွားသည်။ တစ်ဖက်လူ ရောင်ဝါသည် စုရီဘဝ မြင်ဖူးသမျှ အစွမ်းထက်ဆုံးဖြစ်၏။

ကောင်းကင်နှင့်မြေကြီးကြား လုံးလုံးလျားလျား ပေါင်းစည်းကာ စိတ်ဝိညာဉ် တစ်ခုလုံး အပြစ်အနာအဆာ ကင်းစင်ချေပြီ။

ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ဝိညာဉ်၏ စင်ကြယ်မှုသည် သဘာဝတရားကြီးကဲ့သို့ ကျက်သရေ ရှိနေသည်။

ရှန်ရှင်း နယ်ပယ်ဖြင့် ဝိညာဉ်ကို သန့်စင်နိုင်သည်မှာ အရိုင်းပြည်နယ်ကိုးပါး၌ပင် ပါရမီရှင်ဖြစ်ထိုက်၏။

သူ့အမေ ရီယုဖေး သင်ပေးခဲ့သော နည်းစနစ်သည် စစ်မှန်သည့် အသွင်ပြောင်းမှုကို ရရှိစေခဲ့ပုံရသည်။

သို့သော် စုရီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ ဤမျှဖြင့် မလုံလောက်ချေ။ တစ်ဖက်လူတွင် မထင်မှတ်ထားသော ဝှက်ဖဲများ ရှိစေချင်သည်။

“ ငါ့စုမိသားစုရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခုက ... ကမ္ဘာကြီးကို ဒီလောက် လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့မယ်လို့ မထင်မိဘူး။ ”

စုဟုန်လီက ခပ်တိုးတိုး ညည်းတွား၏။ သို့တိုင်သူ့အသံသည် ကောင်းကင်၌ ပဲ့တင်ထပ် သွားကာ လူတိုင်းကို ကြားရစေသည်။

“ ကောင်းပြီ၊ ဒီနေ့ ငါစုဟုန်လီက ... မင်းတို့အားလုံးရှေ့မှာပဲ ... ငါရဲ့ဒီသွေးဆိုးကို ရှင်းထုတ်ပစ်မယ်။ ”

စကားလုံးတိုင်း တောင်ကြီးတစ်လုံး၏ စွမ်းအားများ ပါဝင်နေသကဲ့သို့ လူတိုင်းအပေါ် အသက်ရှူကြပ်သွားစေသည်။

“ ဝှစ် ... ။ ”

စုဟုန်လီမှ လေထဲ လှမ်းတက်လိုက်သည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ချိန်တိုင်း ခြေဖဝါး အောက်ရှိ လေဟာနယ်သည် လှေကားထစ် အလား ထောက်ကန်ပေး၏။

ဤနည်းဖြင့် မြေပြင်အထက် ပေတစ်ရာအကွာသို့ ရောက်ရှိသွားခဲ့သည်။ ရောင်ဝါသည် မိုးရေစက်များကို ဖောက်ထွင်းပြီး သက်တံကဲ့သို့ ထိုးတက်သွား၏။

တိမ်တိုက်များအတွင်း ဆယ်ပေခန့် အပေါက်တစ်ခု ပေါ်လာသည်။ ၎င်းအတွင်းမှ နေရောင်ခြည်သည် စူးရှစွာ စုဟုန်လီအပေါ် သွန်းဖြိုးပေးထား၏။

များမကြာခင် သူ့ရောင်ဝါသည် မူလတာအိုနယ်ပယ်အဆင့်ထိ မြင့်တက်လာပြီး နတ်ဘုရားကဲ့သို့ ထင်မှားသွားစေသည်။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ ... မူလတာအို နယ်ပယ်ကို ဖြတ်ကျော်ပြီးတာနဲ့ သူ့ခွန်အားက မယုံနိုင်စရာ ဖြစ်လာလိမ့်မယ်။ ”

ကျင်းဟဲက မျက်နှာ ပြောင်းသွားသည်။ စုဟုန်လီသာ မူလတာအိုနယ်ပယ်သို့ ရောက်ရှိ လာပါက ယွီတျန်းဟုန်ထက် သာလွန်သော အဆင့်ကို ရောက်ရှိနိုင်ပေမည်။

“ သူက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားအပေါ် ထိန်းချုပ်နိုင်ပြီး စိတ်ဝိညာဉ်ကို သန့်စင်ထားတယ် နယ်ပယ်ကို ဖြတ်ကျော် ပြီးရင် အဆင့်တူအတွင်း ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်လာလိမ့်မယ်။ ”

ယွင်ကျန့်ချုံးမှ ညည်းညူလိုက်သည်။ သူ့ကဲ့သို့ပင် အခြားသော သူများသည်လည်း မသက်မသာဖြစ်လာကြ၏။

“ သွေးဆိုး ... ဒီကိုလာ အသေခံစမ်း။ ”

စုဟုန်လီက ကောင်ကင်မှနေ၍ အမိန့်ပေးလိုက်သည်။ စုရီမှ ဆီစိမ်စက္ကူထီးကို ဖယ်လိုက်ပြီး လေထဲလှမ်းတက်သွား၏။

တဝုန်းဝုန်း ရွာသွန်းနေသော မိုးရေစက်များသည် သူ့အနားသို့ မရောက်မီ ပြန်လည် လွင့်ထွက်ကုန်သည်။

စုဟုန်လီသည် ကမ္ဘာကြီးကို စိုးမိုးသော နတ်ဘုရားဖြစ်သော် သူသည် သေမျိုးကမ္ဘာသို့ ဆင်းသက်လာသော တန်ခိုးရှင်ဖြစ်၏။

“ သွေးဆိုးလား။ ”

စုရီက ပြုံးပြီး၊

“ ငါကတိပေးတယ် မင်းပါးစပ်ကို ဖွင့်မရတဲ့အထိ ငါရိုက်မယ်။ ”

-ဟု ပေတစ်ရာအကွာအဝေးရှိ စုဟုန်လီကိုကြည့်ကာ ပြောကြားလိုက်သည်။

သူ့စိတ်ထဲတွင် နှစ်ပေါင်းများစွာ ဖိနှိပ်ထားရသော မုန်းတီးမှုများ ပွင့်ထွက်လာ၏။ သားအဖနှစ်ယောက်၏ စကားဝိုင်းသည် လူတိုင်းကို မျက်ခုံးပင့်မိသွားစေသည်။

ဖခင်သည် သားကို သတ်လိုသည်လော။ သားသည်ဖခင်ကို ပါးရိုက်လိုသည်လော။ ဤမျှ မုန်းတီးနေမှုသည် ယုံနိုင်စရာ မရှိချေ။

“ ဟား ဟား ဟား ... သွေးဆိုး၊ မင်းမှာ အစွမ်းထက်တဲ့အမွေမျိုး ရှိနေရုံနဲ့ ဒီကမ္ဘာကြီးကို ဇောက်ထိုးလုပ်ပစ်နိုင်လိမ့်မယ်လို့ မင်းတကယ် ထင်နေတာလား ...

... မင်းရဲ့ အခြေခံအုတ်မြစ်က ခိုင်ခံ့လွန်းတာကို ငါလက်ခံပါတယ် မဟာသခင် အဆင့်နဲ့ နတ်အာရုံကိုပိုင်ပြီး ... ဒြပ်ငါးပါး တာအိုရောင်ဝါကို စုစည်းနိုင်တယ် ... ဒီလို အရည်အချင်းမျိုးက ရှားရှားပါးပါးပဲ။ ”

စကားပြောနေစဉ် စုဟုန်၏ မျက်ဝန်းများအတွင်း အေးစက်သော အငွေ့အသက်များ ပေါ်လာသည်။

“ ဒါပေမယ့် ... မင်းရဲ့ကျင့်ကြံမှုက နိမ့်ပါးလွန်းတာတယ် ... စစ်မှန်တဲ့ ကျင့်ကြံသူ တစ်ယောက် မဖြစ်သေးဘူး .. ဒါမင်းနဲ့ ငါ့ကြား ခြားနားချက်ပဲ ... ကောင်းကင်နဲ့မြေကြီး ကွာခြားနေသလို မြင့်မားတယ်။ ”

စုရီမှ ပြုံးသည်။ ထို့နောက် စုဟုန်လီနှင့် တူညီသော အမြင့်သို့ တက်လှမ်းလိုက်ကာ၊

“ ကောင်းကင်နဲ့ မြေကြီးကြားက ခြားနားချက်လား ... ဟာသပဲ မင်းကိုယ်မင်း ငါ့ရှေ့မှာ ဒီစကားမျိုးတွေပြောဖို့ အရည်အချင်း ပြည့်မီတယ်လို့ ထင်နေလား စုဟုန်လီ ...

... ငါသာဆန္ဒရှိရင် မင်းပြောတဲ့ ရှန်းရှင်းနယ်ပယ်ကို အသက်တရှိုက်စာ အတွင်း ဝင်ရောက်နိုင်တယ် ...

... ပြီးရင် မူလနန်းတော်ကိုဖွင့်၊ မူလကြယ်စွမ်းအင်ကိုသိမ်းပြီး မူလတာအို နယ်ပယ်အထိ တက်လှမ်းနိုင်တယ် ...

... ဒါပေမယ့် ဒါတွေက အဓိပ္ပါယ်မရှိဘူး ငါရှာနေတာ အဲဒီအရာမဟုတ်ဘူး ဒီနေ့မင်းကို ငါဘယ်လို နှိမ်နင်းမလဲဆိုတာကြည့်ပါ။ ”

စကားဆုံးသည်နှင့် သူ့ရောင်ဝါသည် ယန်ဇီမြစ်ကဲ့သို့ မြင့်တက်လာ၏။ ပဉ္စမအဆင့် မဟာသခင်ဖြစ်ချေပြီ။

ထိုသို့သော အမြန်နှုန်းသည် ကြိုတင်တွက်ဆထားသည့်တိုင် စုဟုန်လီကို မျက်ခုံးပင့်မိသွားစေတော့၏။

***

All Chapters