စုဟုန်လီ မင်းမှာရှိတာ ဒါအကုန်လား။
Vol. 23 Ch. 273
ယနေ့တိုက်ပွဲသည် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ မဟာကျိုးသမိုင်းတွင် ရေးမှတ် ခံရမည်မှာ သေချာ၏။
လျှပ်စီးများက မှောင်မိုက်သော တိမ်တိုက်များကို ဖြတ်ကျော်ကာ ကမ္ဘာကြီးထံ အလင်းများ ပေးစွမ်းလာသည်။
“ ငါ့လက်သီးကို ယူ ... ။ ”
ဤအခိုက်တွင် စုဟုန်လီမှ လက်သီးတစ်ချက် လှမ်းပစ်လာလေသည်။ ကောင်းကင်မှ နေရောင်ခြည်ကဲ့သို့ ရွှေရောင် အလင်းတန်းကြီး ပျံသန်းသွားသည်။
လေဟာနယ်အတွင်း ပေတစ်ရာ ရှည်လျားသော အက်ကွဲအက်ကြောင်းကြီး ပေါ်လာကာ တာအိုတေးသွားများ လိုက်ပါလာ၏။
ဤလက်သီးကို ‘လောင်ကျွမ်းနေသော နေမင်းကြီး’-ဟုခေါ်ပြီး ‘မြေကမ္ဘာပျက်သုဉ်းခြင်း သုတ္တန်’မှ ဆင်းသက်လာသည်။
သို့တိုင် စုရီသည် ယခင်အတိုင်းပင် ငြိမ်သက်စွာ ရှိနေဆဲဖြစ်သည်။ တစ်ဖက်လူ၏ လက်သီးတွင်ပါရှိစွမ်းအင်သည် ထူးထူးခြားခြား ဖြစ်သည်ကို မြင်နိုင်၏။
တာအို အရည်အသွေးကို မြေကြီး၊ နက်နဲနှင့်ကောင်းကင်အဆင့်ဟူ၍ သုံးဆင့် ခွဲခြားသည်။
စုဟုန်လီ၏ တာအိုအရည်အသွေး နက်နဲအဆင့်ဖြစ်သည်။ ကောင်းကင်အဆင့်မှာ အကောင်းဆုံးဖြစ်၏။
ကံမကောင်းစွာဖြင့် ဒြပ်စင်ငါးပါး တာအိုရောင်ဝါကို ပိုင်ဆိုင်ထားသော သူ့အတွက် ဤလက်သီးချက်သည် ခြိမ်းခြောက်နိုင်ခြင်း မရှိချေ။
“ ..... ။ ”
စုရီအထက် ကောင်းကင်ကြီးပေါ်၌ ကြယ်တာရာများ တစ်ခုပြီးတစ်ခု ပေါ်လာကာ ချက်ချင်း ပြည့်နှက်သွားသည်။
“ ကြယ်ရောင်စုံဓား ... ။ ”
ဤသည်မှာ နတ်ဆိုးဂိုဏ်း၏ အမွေ ဖြစ်သည်။ သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းကို စွမ်းအားအပြည့် ပြသနိုင်၏။
ထိုဖြစ်စဉ်များ အားလုံးသည် စုရီ၏ လက်ချောင်းထိပ်ထံသို့ စုစည်းလာပြီး စွမ်းအင် အလင်းအဖြစ် ရွေ့လျားသွားတော့သည်။
“ ရွှပ် ... ။ ”
ဓားအလင်းသွားရာ လမ်းတလျှောက် ကြယ်တာရာများသည် တောက်လောင်နေသော ဥက္ကာခဲများကဲ့သို့ လိုက်ပါကြွေကျကုန်ပြီး ခမ်းနားလှချေပြီ။
“ ဝုန်း ... ။ ”
ထို့ကြောင့် မြေကြီးအဆင့် ကျွမ်းကျင်သူ တစ်ဦးအပေါ် အလွယ်တကူ သတ်ပစ်နိုင်သော စုဟန်လီလက်သီးသည် စုရီနှင့် ဆယ်ပေ အကွာ၌ ပေါက်ကွဲလွင့်ပါးသွား၏။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။ လှုပ်ရှားမှု တစ်ကြိမ်တည်းပင် ဖြစ်သော်လည်း ပေါက်ကွဲမှု စွမ်းအားသည် ကြောက်စရာ ကောင်းလှ၏။
“ ဝှစ် ... ။ ”
စုဟုန်လီမှ ပြိုးပြိုးပြက်ပြက် တောက်လောင်နေသော မီးလျှံများ ဝန်းရံလျက် တစ်လှမ်းတိုးလိုက်ပြန်၏။ စုရီကို အသက်ရှူရန် အချိန်မပေးလိုချေ။
ကောင်းကင်၌ နေမင်းကြီးတစ်စင်း ရွေ့လျားနေသကဲ့သို့ လက်သီးချက်များ တရစပ် လွင့်ပျံသွားသည်။
ထိုးနှက်ချက်တိုင်းသည် ပျက်စီးခြင်းနှင့် လောင်ကျွမ်းခြင်း ရည်ရွယ်ချက်များ ပြည့်နေပြီး အလွန်အစွမ်းထက်လှ၏။
လေဟာနယ်တစ်ခုလုံး မီးလျှံကြောင့် ဖျစ်ဖျစ်မြည်နေသည်။ တောင်များကို ဖြိုချပြီး ပင်လယ်များပင် ခန်းခြောက်နိုင်၏။
သို့တိုင် စုရီက လှောင်ပြုံးဖြင့် ချက်ချင်း ရှေ့ပြေးတက်လိုက်သည်။ လက်ချောင်းများ၌ ကျောက်စိမ်းရောင် တောက်ပနေ၏။
ကြယ်တာရာများနှင့် လက်သီးတို့ တိုက်မိသောအခါ ပေါက်ကွဲမှုများ ဖြစ်ပွားလျက် ကြယ်မီးတောက်များ ဖုံးလွှမ်းသွားသည်။
တိုက်ပွဲအတွင်းမှ လျှံထွက်လာသော စွမ်းအင်လှိုင်းများသည် အဆောက်အအုံများကို မီးလောင်ပျက်စီးသွားစေခဲ့၏။
“ ဟိတ် ... ။ ”
ထို့နောက်တွင် နှစ်ယောက်သား လေထုအလယ်ပျံဝဲလျက် အကြိမ်ပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်တော့သည်။
မူလတာအိုနယ်ပယ်အောက်မှ လူတိုင်း တုန်လှုပ်ခြောက်ခြားကုန်ပြီး စိတ်ခံစားချက်များ ဗလာဖြစ်ကုန်၏။
သူတို့၏ ကျင့်ကြံမှုအဆင့်များဖြင့် ဤတိုက်ပွဲအပေါ် ရှင်းရှင်းလင်းလင်းမြင်နိုင်ခြင်း မရှိချေ။ ယင်းအစား အဖျက်စွမ်းအားကြောင့် စိတ်ဝိညာဉ်ပင် ခြိမ်းခြောက်ခံနေရသည်။
မြေကြီးအဆင့် အင်မော်တယ်များ အမြင်တွင်မူ ထိုသို့သော တိုက်ပွဲသည် သူတို့ကို အမြင်ကျယ်စေသည်။ ထို့ကြောင့် ငြိမ်သက် မနေနိုင်ဘဲ ၎င်းတို့၏ အမူအရာများ မကြာခဏ ပြောင်းလဲသွားကြသည်။
စုဟုန်လီသည် လက်သီးများဖြင့် အလွန်အစွမ်းထက်သော မီးရည်ရွယ်ချက်အပေါ် ထိန်းချုပ်ထား၏။
သူ့ခွန်အားသည် မူလတာအိုနယ်ပယ် ကြယ်စုစည်းခြင်းအဆင့်သို့ ရောက်ရှိသွားသော ယွီတျန်းဟုန်ထက် များစွာ သာလွန်၏။
လက်ဝှေ့ယမ်းလိုက်ရုံဖြင့် တူညီသော နယ်ပယ်မှ ပြိုင်ဘက်များစွာကို အလွယ်တကူ သတ်ပစ်နိုင်သည်။
သို့သော် အံသြစရာ ကောင်းသည်မှာ စုရီဖြစ်သည်။ ယခုအချိန်ထိ ထိုသေစေနိုင်သော တိုက်ခိုက်မှုများကို ထပ်ခါထပ်ခါ ဖြိုခွင်းနိုင်နေ၏။
“ ဒါ ... မဟာသခင်တစ်ယောက် ပိုင်ဆိုင်တဲ့ စွမ်းအားလား။ ”
ကျိုးကျိတောင်ထိပ်တွင် ယွီတျန်းဟုန်နှင့် တိုက်ပွဲအတွင်း မရေမတွက်နိုင်သော လူများက အလားတူ ခံစားချက်များကို ရရှိခဲ့ဖူးသည်။
သို့သော် ယခုအချိန်တွင် စုရီ၏ တုနှိုင်း မယှဉ်နိုင်သော စွမ်းအားကို ထပ်မံမြင်လိုက်ရ ပြန်သဖြင့် စိတ်လှုပ်ရှားကုန်၏။
သေမျိုးတစ်ယောက်အနေဖြင့် ဤစွမ်းအားမျိုးမည်သို့ ရှိနေနိုင်သည်နည်း။ ၎င်းတို့၏ အသိဉာဏ်များကိုပင် ပျက်ပြားစေသည်။
“ ဝုန်း ... ။ ”
တစ်ဆက်တည်းမှာပင် စုဟုန်လီထံမှ လက်သီးတစ်ချက်သည်လည်း ပေါက်ကွဲထွက် လာခဲ့သည်။ ၎င်းသွားရာ လမ်းတလျှောက် မိုးရေများ အငွေ့ပျံကုန်၏။
လက်သီး အရိပ်ကြီးနောက်တွင် မီးရည်ရွယ်ချက်များ ပြည့်နှက်လာတော့သည်။ ထို့ကြောင့် စုရီက လက်ဓားဖြင့် ချက်ချင်း ပြန်၍ခုတ်ချလိုက်ရ၏။
ကြယ်မြစ်ကြီးတစ်စင်း ပေါ်လာကာ မီးရည်ရွယ်ချက်များထံ ပျံသန်းသွားလေသည်။ ၎င်းက မီးပင်လယ်ကို ဖြတ်ကာ စုဟုန်လီထံ ဆက်လက်ကျဆင်းသွား၏။
“ ဟမ့် ... ။ ”
စုဟုန်လီတစ်ယောက် နဖူးတွင် ချွေးများစို့လာကာ အေးစက်စွာဟစ်အော်လျက် လေထဲ ဖမ်းဆုပ်လိုက်သည်။
“ ဝှစ် ... ။ ”
လက်ချောင်းတိုင်းတွင် မီးလျှံများ တောက်လောင်နေသည့် ရွှေလက်ဖဝါးကြီး တစ်ဖက် ပေါ်လာ၏။
၎င်းက ကြယ်မြစ်ကြီးကို ဖမ်းဆုပ်ရန် ကြိုးစားတော့သည်။ ကောင်းကင်ကြီးပြိုကျကာ မြေပြင်တလျှောက် အက်ကွဲကုန်၏။
“ ဝုန်း ... ။ ”
အဆုံးတွင် ပေါက်ကွဲသံများနှင့်အတူ စုဟုန်လီတစ်ယောက် ခြေလှမ်း သုံးလှမ်းမျှ ဆုတ်ခွာလိုက်ရသည်။ လူတိုင်း မျက်ခုံးပင့် သွားကုန်၏။
တိုက်ပွဲမြေပြင်အတွင်း တောက်လောင်နေသော မီးခိုးမြူများနှင့် အခိုးအငွေ့များက လုံးလုံးလျားလျား ဖုံးလွှမ်းနေတော့သည်။
၎င်းတို့နှစ်ယောက်ကြား မိုးရေစက်များ မရှိတော့ချေ။ လေဟာနယ်တစ်ခုလုံး ဗလာ ဖြစ်သွားသည်။
“ စုဟုန်လီ မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား။ ”
စုရီက လှောင်ပြောင်လျက် လေဟာနယ်ကိုနင်းကာ တဟုန်ထိုး ပြေးတက် လိုက်တော့သည်။
သူ့နောက်တွင် ကြယ်တာရာများ တစ်လုံးပြီးတစ်လုံး ပွင့်ထွက်လာခဲ့ကာ တုန်လှုပ် ခြောက်ခြားဖွယ်အလင်းများ ပြည့်နှက်လာ၏။
“ ဝှစ် ... ။ ”
စုရီက လေထုအလယ် လက်ဓားဖြင့် ခုတ်ချလိုက်သည်။ ဤသည်မှာ ကြယ်တာရာ ဓား၏ စွမ်းအားဖြစ်၏။
သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းတွင် မိုင်ကုန်အစွမ်းထက်သည်။ စုရွှမ်ကြွယ်ဘဝတွင် ဤနည်းစနစ်ကို ဖော်ဆောင်သော် ကမ္ဘာကြီး တစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်မည်။
“ မာနကြီးတယ် ... ။ ”
စုဟုန်လီမှ အေးစက်စွာ ဟစ်အော်လျက် လေထုအလယ်တံဆိပ်များ ဖန်တီး၏။ ချက်ချင်း ထူးဆန်းသော တံဆိပ်တစ်ခု ပေါ်လာသည်။
“ ရွှေမိုးကြိုး မဟာနေမင်း တံဆိပ်။ ”
ဤသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ လျှို့ဝှက်နည်းစနစ်ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကြား စွမ်းအင်များ ဆွဲယူခြင်းဖြစ်၏။
“ သွား ... ။ ”
စုဟုန်လီမှ အော်ဟစ်ကာ တံဆိပ်ကို ပစ်ချလိုက်သည်။ တံဆိပ်သည် လေထုအလယ် ဗုဒ္ဓအဖြစ် ထွက်ပေါ်လာပြီး ကျမ်းစာရွတ်သံများ ခပ်တိုးတိုး ကြားလာရ၏။
ထိုအချိန်တွင် ရွှေဗုဒ္ဓသည် စုရီကို သတ်ပစ်ရန်အတွက် အဆင်သင့် ဖြစ်နေသကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာသည်။
ဤမြင်ကွင်းသည် ရှန့်လင်ဘုံကျောင်းမှ ဆရာတော်ကျင်းဟဲကိုပင် ထိတ်လန့်သွားစေ၏။ စုဟုန်လီသည် ဗုဒ္ဓဘာသာဝင်များ၏ လျှို့ဝှက် နည်းစနစ်ကို တတ်မြောက်နေခဲ့ချေပြီ။
“ ဘန်း ... ။ ”
ရွှေဗုဒ္ဓသည် ကောင်းကင်မှ ဆင်းကာ ကြယ်မြစ်ကြီးအတွင်းရှိ ကြယ်တာရာများကို တစ်လုံးပြီးတစ်လုံး ချေမှုန်းပစ်လိုက်၏။
လမ်းကြောင်းတစ်လျှောက် အပျက်အစီးမြင်ကွင်းများ ဖြစ်ပေါ်လာချေပြီ။ စုရီမှ နောက်မဆုတ်ဘဲ ရှေ့ဆက်တိုးလိုက်၏။ သူနှင့်အတူ ကြယ်မြစ်ကြီး လိုက်ပါလာသည်။
“ ဝုန်း ... ဝုန်း ... ။ ”
ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းလွန်းသော ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာ၏။
စုဟုန်လီမှ မျက်မှောင်ကြုတ်လိုက်သည်။ ဝတ်ရုံစများ တဖျပ်ဖျပ်ခတ်လာပြီး ရောင်ဝါများ ထပ်မံမြင့်တက်လာ၏။
သည့်နောက် ဓားအလင်းကိုးလက်ကို လေထုအလယ် ကိုးထောင့်ပုံစံဘုံကျောင်းအဖြစ် ဖွဲ့စည်းလိုက်သည်။ ‘ကိုးနန်းတော်ဓားပျံ’ ဖြစ်၏။ လျှို့ဝှက် နည်းစနစ်ပေပင်။
“ မင်းရဲ့ ဝှက်ဖဲအစစ်ကို မသုံးရင် ... လျှို့ဝှက်နည်းစနစ် ထောင်ချီရှိနေခဲ့ရင်တောင် ငါ့လက်ညိုးတစ်ချက်တည်းနဲ့ ဖြေရှင်းနိုင်တယ် ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။ ”
စုရီက လှောင်ပြုံးဖြင့် ခေါင်းကို အနည်းငယ်ခါယမ်းကာ အထင်အမြင်သေးစွာ ပြောကြားလိုက်သည်။
တစ်ဆက်တည်းမှာပင် ရှည်လျားသော ကြယ်မြစ်ကြီးတစ်စင်း စီးဆင်းလာကာ ကြယ် အလင်းများ တဖျပ်ဖျပ် ခတ်လာ၏။
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
မည်မျှပင် ကြိုးစားစေကာမူ ကြယ်မြစ်ရောက်ရှိလာသောအခါ ကိုးထောင့် ပုံသဏ္ဍာန်ရှိသော ဓားရည်ရွယ်ချက်များဖြင့် ပြုလုပ်ထားသည့် နန်းတော်မှာ ပြိုကျသွားသည်။
အကြွင်းအကျန် ကြယ်စွမ်းအင်များက ဆက်၍တိုးဝင်လာသဖြင့် စုဟုန်လီတစ်ယောက် ပြန်လည်ဆုတ်ခွာလိုက်ရ၏။ ထိုမြင်ကွင်းက လူအုပ်ကို မျက်ခုံးပင့်မိစေသည်။
တိုက်ပွဲမစခင် စုဟုန်လီသည် လေထဲ လှမ်းတက်ကာ နတ်ဘုရားကဲ့သို့ မြေကြီးအဆင့် အင်မော်တယ်အဖြစ် ခံယူခဲ့သည်။
သို့သော် တိုက်ပွဲစသည်နှင့် စုရီ၏ ဖိနှိမ်ခြင်းကို ခံနေရချေပြီ။ ဤသို့ရလာဒ်မျိုးကို မည်သူမျှ မမျှော်လင့်ထားချေ။ အထူးသဖြင့် စုဟုန်လီပေပင်။
***