← Chapters

အခန်း ၁၁၉

Vol. 10 Ch. 119

အခန်း ၁၁၉

Vol. 10 Ch. 119

"ကျန်းရှစ်ချီလည်း hot search ထဲရောက်လာပြီ!" ရှောင်လုက ရုတ်တရက် အော်ဟစ်လိုက်ပြီး နိုးနိုးကြားကြားရှိနေတဲ့ စုချန်ယန်ကို ထိတ်လန့်သွားစေခဲ့သည်။

"ရှစ််ချီကလား?" ရှောင်လု ရှေ့မှာ မတ်တတ်ရပ်လိုက်ရင်း စုချန်ယန်ရဲ့ အာရုံက ချက်ချင်းပြောင်းသွားသည်။

ရှောင်လုက ကျန်းရှစ်ချီကို နှိပ်လိုက်ပြီး လွန်ခဲ့တဲ့နှစ်မိနစ်က တင်ခဲ့တဲ့ Weibo ပို့စ်ကို ကြည့်လိုက်သည်။

"ဘာလဲ! သူက ချင်းယန် Entertainment ကို တရားစွဲမယ်တဲ့” ရှောင်လုက စုချန်ယန်ရဲ့ ပုခုံးကို စိတ်အားထက်သန်စွာနဲ့ ပုတ်လိုက်ပြီး မောသွားတော့ လက်ချလိုက်သည်။

"ချင်းယန် Entertainment က သူ့ရဲ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်ကို မှားယွင်းဖော်ပြမှုတွေပြုလုပ်ဖို့ တရားမဝင်အသုံးပြုခဲ့ပြီး သူ့ရဲ့စိတ်ပိုင်းဆိုင်ရာဒုက္ခကို ဖြစ်စေခဲ့လို့ ချင်းယန် Entertainment နဲ့ စာချုပ်ဖျက်သိမ်းချင်ပါတယ်တဲ့!” ရှောင်လုက စုချန်ယန်ကို စိတ်လှုပ်ရှားစွာနဲ့ ဖက်လိုက်သည်။ "ချန်ယန်၊ ကျန်းရှစ်ချီက နင့်ကို ကူ‌ပေးနေတယ်!"

စုချန်ယန်မှာ သူတင်းတင်းဖက်ထားတဲ့အတွက် အသက်ရှုဖို့ ရုန်းကန်ရင်း လက်မောင်းအောက်ကနေ ရုန်းမထွက်ခင် အကြိမ်နည်းနည်းလောက် ချောင်းဆိုးလိုက်သည်။

"ငါ့စိတ် မတည်ငြိမ်နိုင်ဘူး! ကျန်းရှစ်ချီက အရမ်းအံ့သြဖို့ကောင်းတယ်! သူက ဒီအရေးကြီးတဲ့အခိုက်အတန့်မှာတောင် ချင်းယန် Entertainment ကို ရင်ဆိုင်ရဲတယ်။ အရင်က သူ့ကိုစိတ်ထဲမှာ ကျိန်ဆဲခဲ့မိတာ တောင်းပန်ပါတယ်"

အနုပညာရှင်တစ်ဦးရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို အမြဲတမ်း သီးသန့်အဖြစ် သတ်မှတ်ထားပေမယ့် အေဂျင်စီအများစုက သူတို့ အနုပညာရှင်တွေရဲ့အကောင့်တွေကို ထိန်းချုပ်ထားသည်။ အနုပညာရှင်တွေရဲ့ အကောင့်တွေထဲ ကြေငြာချက်တွေကိုပင် သူတို့ရဲ့အေဂျင်စီတွေမှ ခွင့်ပြုချက် လိုအပ်သည်။ သို့ပေမယ့် တရားဝင်အဖြစ် ဆိုရှယ်မီဒီယာအကောင့် တွေကို အမြဲတမ်း သီးသန့်အဖြစ် သတ်မှတ်ထားသည်။

ချင်းယန် Entertainment မှ သူမရဲ့အကောင့်ကို အသုံးကာ ထုတ်ပြန်ချက်တွေ ထုတ်ဝေတာက ကျန်းရှစ်ချီရဲ့အခွင့်အရေးတွေကို ထိပါးနေပြီဖြစ်ကာ သိသာထင်ရှားစွာ ရုတ်ရုတ်သဲသဲဖြစ်စေသည်။

သူမက ချင်းယန် Entertainment နဲ့ စာချုပ်ဖျက်သိမ်းဖို့ မကြိုးစားပေမယ့် သူတို့ကို တရားစွဲခြင်းဖြင့် သူမရဲ့လွတ်လပ်ခွင့်ကို ပြန်လည်ရယူလိုသည်။ သူမအနေနဲ့ စာချုပ်ကို ဖောက်ဖျက်တဲ့ အခကြေးငွေတောင် ပေးစရာမလိုတော့ဘူး!

အင်တာနက်အသုံးပြုသူတွေက ဆက်တိုက်တက်လာတဲ့ပြင်းထန်တဲ့ သတင်းတွေကို မမျှော်လင့်ထားကြပါချေ။ ဆယ်မိနစ်လောက်အကြာ ထျန်းရုန်ရဲ့နာမည်က ရေပန်းစားနေတဲ့ ရှာဖွေမှုစာရင်းတွင်ပေါ်လာပြီး ကျန်းရှစ်ချီဟာလည်း ထျန်းရုန်ထက် ပိုမိုမြင့်တဲ့ အနေအထားမှာ ရှုဖွေမှုစာရင်းတွင်ပါလာသည်။

ကျန်းရှစ်ချီ Weibo မှာ ပို့စ်တင်ပြီးတဲ့နောက် အင်တာနက်မှာ ပေါက်ကွဲထွက်လာသည်။

[ဘုရားရေ! ဒါကနောက်ကျမှ အိပ်ရခြင်းရဲ့ အကျိုးကျေးဇူးများလား?]

[ကယ်ကြပါဦး! ငါနားမလည်တော့ဘူး၊ ဒါက ဘာကိုဆိုလိုတာလဲ?]

[ချင်းယန် Entertainment က ကျန်းရှစ်ချီ ရဲ့ Weibo ကိုသုံးပြီး ထျန်းရုန်ဘက်ကနေ ပြောပေးဖို့လုပ်ခဲ့တာလား?ပြီးတော့ ဒါက ကောလဟာလလို့ ကျန်းရှစ်ချီကပြောခဲ့တာလား?]

[OMG၊ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်! ကျန်းရှစ်ချီရဲ့ Weibo ပို့စ်က အမှန်မဟုတ်ဘူးပေါ့? ထျန်းရုန်က<Travel> အစီအစဉ်မှာ ပါဝင်ဖို့ပိုက်ဆံပေးခဲ့တာနဲ့ စုချန်ယန်ရဲ့လက်ကို ဒဏ်ရာရသွားစေတာက အမှန်ပဲလား?]

[Wow၊ ဒီ အတင်းအဖျင်းတွေက ပိုပိုကြီးလာပြီ!]

[ကျန်းရှစ်ချီက ကျန်းရှစ်ချီကို ထောက်ခံဖို့ ဒီအချိန်မှာ Weibo မှာ တင်ခဲ့တယ်! အိုး ဘုရားရေ၊ ကျန်းရှစ်ချီရဲ့ ဇာတ်ကောင်က သရုပ်ဆောင်ချင်းတွေကြား ပြိုကွဲသွားအောင် လုပ်တာ ဘယ်လိုတောင် ကောင်းလိုက်သလဲ!]

[စစ်မာ မာကတ်တင်းအကောင့်! ကိုယ့်ရဲ့ အနုပညာရှင်တွေကို ကာကွယ်ပေးပြီး တိုက်ရိုက်တရားစွဲဖို့ Starlight Entertainment ကို အကြံပေးပါတယ်! ငါ့ကောင်မလေးက အသက်ဆယ့်ရှစ်နှစ်ပဲရှိသေးတယ်၊ မင်းတို့ရဲ့ အပျော်မိန်းမနဲ့ ငရဲကိုဘဲသွားလိုက် ငတုံးတွေ!]

[OMG၊ ငါ စစ်မှန်တဲ့ သူငယ်ချင်းဆက်ဆံရေးကို ရှာတွေ့ခဲ့တယ် ! လူတိုင်းဘဲ၊ <Travel> ကဧည့်သည်တွေရဲ့ Weibo ကို တစ်ချက်သွားကြည့်လိုက်ပါဦး!]

ဒီWeibo ကိုမြင်တဲ့အခါ ရှောင်လုက စုချန်ယန်ရဲ့ဖုန်းကိုယူလိုက်ပြီး Weibo တွင် <Travel>ဆိုတဲ့ key wordကိုရိုက်ရှာလိုက်သည်။ အကွက်တွေမှာ အဲ့ဒါနဲ့ ဆက်စပ်တဲ့အကောင့်တွေကို အကြံပြုထားပြီး အဲ့ဒါ‌တွေအားလုံးမှာ ဧည့်သည်တွေဖြစ်သည်။

ရှောင်လုက အောက်ကို ဆွဲချလာတော့ ထန်ချီ၊ ဟန်စုန့်ရွှယ်၊စုန့်မင်ကန်ရယ်၊ ချီဖုရယ် ...စတဲ့ ဧည့်သည်အားလုံးနီးပါးက ကြိုတင်သဘောတူထားတဲ့အတိုင်း တစ်ချိန်ထဲမှာဘဲ Weiboမှာ တင်လာသည်။ စာတွေကတော့ တတိယအပိုင်းရဲ့ ထုတ်လွှင့်ချိန်ကို ကြော်ငြာနေပေမယ့် ဓာတ်ပုံတွေကတော့ ထျန်းရုန်ကလွဲပြီး သူတို့အားလုံးရဲ့ အုပ်စုပုံဘဲဖြစ်သည်။

[ငါရူးတော့မယ်!!!]

[သူတို့က တကယ်နာမည်ကြီးတာ! ငန်းမလေးအပေါ် လူထုအမြင်က အခုဆို တော်တော်ဆိုးနေတာ! ငါတကယ်စိတ်ပူနေတာ သူတို့ရဲ့ Weibo ကိုတွေ့တော့ ငိုမိသွားတယ်]

[သူတို့ရဲ့ ဆက်ဆံရေးက တကယ်ကောင်းတာဘဲ။ ပထမပိုင်းကတည်းကလို့ ပြောရမယ်။ အရမ်းထိတယ်! ငါလည်း ဒီလိုသူငယ်ချင်းမျိုး လိုချင်လိုက်တာ!]

[ငါငိုနေပြီ…ရှန်ချီက Baby ချန်ယန် ကြောင့် ကုမ္ပဏီက ထွက်သွားတယ်။ ပထမပိုင်းကတည်းက သူမက သူ့ကို အရမ်းသဘောကျတယ်လို့ ငါခံစားရတယ်။ ကလေးက တကယ်ကောင်းတာဘဲ…]

[ငါပြောပါတယ်! စုချန်ယန်က ထျန်းရုန်ရဲ့ ဇာတ်ရုပ်ကို ယူခဲ့ရင်တောင် အဲ့ဒါက သူ့အပြစ်ပဲ! ငန်းမလေးရဲ့ သရုပ်ဆောင်ချက်က သူ့ထက် အများကြီး ပိုကောင်းတာ။ မျက်စိရှိတဲ့သူတိုင်း ငန်းမလေးကို ရွေးချယ်သင့်တယ်!]

[ဒီလိုခံစားချက်မျိုးကို ဘယ်သူနားလည်နိုင်မှာလဲ!Weibo မှာပို့စ် မတင်တာ နှစ်ရာနဲ့ချီနေပြီဖြစ်တဲ့ ရှန်ဖု ကတောင် တင်ထားသေးတယ်၊ အရမ်းစိတ်လှုပ်ရှားစရာဘဲ]

[<Travel> အဖွဲ့ထဲက လူတိုင်းက အံ့ဩစရာဘဲ!]

. . . . .

"ချန်ယန်၊ သူတို့အားလုံး Weibo မှာတင်တယ်"

အင်တာနက်သုံးစွဲသူတွေရဲ့ မှတ်ချက်တွေကြောင့် ရှောင်လုရဲ့ မျက်လုံးတွေမှာ ပူထူလာသည်။

စုချန်ယန်မှာ သူမရဲ့ ဖုန်းစခရင်ကို စိုက်ကြည့်နေရင်း နှာခေါင်းမှာ နည်းနည်းချဉ်စူးလာသလိုခံစားလိုက်ရသည်။

ဘာဖြစ်နေကြတာလဲ… သူမဆုံခဲ့ရတဲ့လူတွေအားလုံးက ဘာလို့ ဒီလောက်ကောင်းနေကြတာလဲ…

လင်းယွီ၊ ရှောင်လု၊ ကျန်းရှစ်ချီ၊ ဟန်စုန့်ရွှယ်… အားလုံးပဲ။

အတိတ်တုန်းက သူမှာ ခက်ခဲတဲ့အချိန်တွေ ရှိခဲ့တာကို ဘုရားသခင်က မြင်သွားလို့ ဒီလူတွေကို သူမအနားမှာရှိဖို့ စေလွှတ်ခဲ့တာဖြစ်နိုင်သည်။

<Travel> ရဲ့အဖွဲ့ဝင်အားလုံးက စုချန်ယန် ကိုထောက်ခံကြောင်းတင်ခဲ့တာတွေက မိနစ်အနည်းငယ်အတွင်းမှာဘဲ hot search၊ဖြစ်နေတဲ့ ခေါင်းစဉ်အဖြစ် ပေါ်ထွက်လာပြီး အပူကလည်းဆက်လက်မြင့်တက်လာသည်။ ထျန်းရုန်ရဲ့ဝင်ရောက်မှုက တွန်းချခံလိုက်ရပြီး ဘယ်သူမှ ဂရုမစိုက်ကြတော့ပါချေ။

<Travel> ရဲ့အဖွဲ့ဝင်တွေရဲ့ hot searchဖြစ်နေတဲ့ အကြောင်းအရာတွေကို ထျန်းရုန် မြင်လိုက်ရပြီး သူမရဲ့နှာခေါင်းမှာ ဒေါသကြောင့် ကောက်ကွေးလာသည်။

အစက သူမရဲ့နာမည်ကဟာ hot search ဖြစ်နေ‌တဲ့ ခေါင်းစည်းနဲ့ပေါ်လာခဲ့ပြီး လူအများရဲ့ထင်မြင်ချက်ဟာလည်း သူမဘက်ကို လုံးဝပြောင်းခဲ့‌ပေမယ့်၊ အဲ့ဒီ မုန်းစရာကောင်းတဲ့ကျန်းရှစ်ချီက အဲ့ဒီအချိန်မှာ ချင်းယန် Entertainment ကို တရားစွဲဖို့ ကြေငြာမယ်မှန်း သူမမျှော်လင့်ထားခဲ့ဘူး။ ဒါကသူမကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆန့်ကျင်တာမှန်း သိသာတယ်။

အခုတော့ လူအများရဲ့အာရုံစိုက်မှုက <Travel> ကလူတိုင်းဆီကိုရောက်နေကြပြီး သူမရဲ့ရဲ့နာမည်ကိုတော့ ဘယ်သူမှ မနှိပ်ကြတော့ဘူး! သူမ ရှုံးတော့မယ်!

တကယ်လို့ ဒီနေ့မှာ သူမသာလူထုရဲ့သဘောထားကို မပြောင်းလိုက်နိုင်ရင် ဒီအရာတွေကို ပြန်လှည့်ဖို့ သူမမှာ နောက်ထပ် ဘာအခွင့်အရေးမှ ရှိတော့မှာ မဟုတ်ဘူး!

ဒီလိုအဖြစ်မျိုးမျိုး သူမ လုံးဝ ခွင့်မပြုနိုင်ဘူး!

နည်းလမ်းရှိရမယ်… နည်းလမ်းရှိရမယ်…

“အစ်မစန်း၊ ဆက်ဝယ်ထား! ကျွန်မတို့တွေ သူတို့ရဲ့ အနေအထားကို ကျော်တက်သွားရမယ်!"

အစ်မစန်းရဲ့မျက်နှာမှာ ဖြူဖျော့သွားကာ “ငါတို့ မထနိုင် တော့ဘူး၊ တွန်းချခံလိုက်ရပြီ”

"ဘာကိုဆိုလိုတာလဲ?"

"ငါတို့ရဲ့ hot searchဖြစ်နေတဲ့ အကြောင်းအရာကို ဖယ်ထုတ်ဖို့ တစ်ယောက်ယောက်က ပိုက်ဆံပေးထားတယ်"

ထျန်းရုန်မှာ ဒေါသကြောင့် မျက်လုံးတွေ ပြူးကျယ်သွားသည်။ "ပိုပေးလိုက်! ပိုက်ဆံဆက်ထည့်ထားလိုက်! hot searchကို ပြန်ယူလိုက်ပါ…”

အစ်မစန်းက ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည် "မေးကြည့်ပြီးပြီ။ မဖြစ်နိုင်ဘူးလို့ပြောလာတယ်။ ငါတို့ရဲ့ hot searchဖြစ်နေတာကို ဖယ်ရှားခဲ့တဲ့ လူတွေကို ထိထိမိမိ ကိုင်တွယ်လို့မရဘူး"

ထျန်းရုန်ရဲ့ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားသည်။ "ဘယ်သူလုပ်လိုက်တာလဲ?"

"Starlight Entertainment"

ထျန်းရုန်ရဲ့ မျက်နှာက ဖြူဖျော့သွားပြီး ထိုင်ခုံပေါ်သို့ လဲကျသွားသည်။

ဒဏ်ရာဖြစ်နေတဲ့ သူမရဲ့လက်ကနေ သွေးတွေပြန်ထွက်လာပေမယ့် နာကျင်မှုကိုတော့ မခံစားရချေ။

“Starlight Entertainment… Starlight Entertainment… လင်းယွီ…”

သူ…သူပဲဖြစ်ရမယ်…

တခြားဘယ်သူမှ ဒီလိုလုပ်မှာမဟုတ်ဘူး…

အဲဒီအချိန်မှာပဲ အစ်မ စန်းရဲ့ ဖုန်းကမြည်လာခဲ့သည်။

သူမက ကြောင်တက်တက်နဲ့ ပြန်ဖြေလိုက်ရာ တစ်ဖက်မှ အသံကိုကြားပြီးနောက် သူမရဲ့မျက်နှာမှာ ဖြူဖျော့သွားသည်။

“ပြီးပြီ…ပြီးသွားပြီ…”

ထျန်းရုန်ရဲ့ မျက်နှာဟာလည်း ဖြူဖျော့သွားပြီး “ဘာတဲ့လဲ?”

အစ်မစန်းရဲ့ မျက်လုံးတွေက နီရဲလာပြီး သူမရဲ့ အသံဟာလည်း တုန်ခါနေသည်။ "Weibo မှာ <Sludge> အဖွဲ့သားတွေ ပို့စ်တင်ခဲ့တယ်"

ထျန်းရုန်ရဲ့ မျက်လုံးတွေက မှေးမှိန်သွားကာ သူမကို ငေးကြည့်နေမိသည်။

"ဘာ?"

အစ်မစန်းက လက်တွေကို လွှတ်ချလိုက်ပြီး နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာကာ "Weibo ရဲ့ အကြောင်းအရာက မင်းကို ဇာတ်ကောင် နေရာကနေထုတ်ပယ်လိုက်တဲ့အချိန်နဲ့ အစားအသောက်ပါတီမှာ မင်းတက်ခဲ့တဲ့အကြောင်းဘဲ။ ဒီတစ်ခါတော့ ပြီးသွားပြီ…”

အစ်မစန်းမှာ အားတွေလျော့သွားပုံပေါ်ပြီး ‌ခြေနှစ်လှမ်းဆုတ်ကာ ဆိုဖာပေါ်ထိုင်ချလိုက်သည်“အားရုန် စုချန်ယန် ကို မတိုက်ခိုက်ဖို့ ငါ တစ်ကြိမ်ထက်မက သတိပေးခဲ့ဖူးတယ်။ သူ့ကိုကျော်ပြီး သု့အနောက်မှာStarlight Entertainment ကို အနိုင်ယူဖို့ငါတို့လိုအပ်တယ်။ ငါတို့က ဒီကိစ္စမှာ မှန်ကန်တဲ့ဘက်မှာ မရှိခဲ့ဘူး၊ ငါတို့ မပြိုကျခင် အချိန်လေးပဲ ရှိတာ"

ပြောပြီးတဲ့နောက်မှာ အစ်မစန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။

အခန်းထဲတွင် တခဏမျှ တိတ်ဆိတ်သွားသည်။

ထျန်းရုန်က အံကိုကြိတ်ကာ ပဲစေ့လုံးလောက် မျက်ရည်တွေ ပါးပြင်ပေါ် လိမ့်ဆင်းလာသည်။

“အခွင့်အရေးရှိသေးတယ်…အခွင့်အရေးရှိရမယ်…”

သူမက ရုတ်တရက် ညီအစ်မစန်းရဲ့ခြေရင်နားမှာ ထိုင်ချလိုက်ပြီး ကယ်တင်နိုင်မယ့်နောက်ဆုံးကောက်ရိုးလိုမျိုး သူမရဲ့ခြေထောက်တွေကို ကိုင်လိုက်ကာ "အစ်မ နည်းလမ်းရှိရမယ်၊ နည်းလမ်းရှိရမယ်! ကျွန်မတို့ဝန်မခံဘဲ‌ေနရင် ဒီတိုင်းလွှတ်ထားလိုက်ကြလိမ့်မယ်။ ကျွန်မတို့ပြန်ပြီး အစီအစဉ်တွေဆွဲလို့တယ်၊ ကျွန်မဇာတ်ကောင်တွေလည်း ရန်ုပြီး ပြန်ထနိုင်ဦးမယ် မဟုတ်လား? အခွင့်အရေးရှိရမယ်!"

အစ်မစန်းက ပင်ပန်းစွာနဲ့ ခေါင်းခါလိုက်ပြီး “အားရုန်၊ ငါတို့ အရမ်းဝေးဝေးကို သွားပြီးသွားပြီ။ လင်းယွီက ငါတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ သူနဲ့ Starlight Entertainment ကို စော်ကားဖို့ မတတ်နိုင်ဘူးဆိုတာ မင်းလည်း သိပါတယ်။ ကမ္ဘာတစ်ဝှမ်းက ကုန်အမှတ်တံဆိပ်အများအပြားရဲ့ ထောက်ခံချက်တွေက Starlight Entertainment ကနေတဆင့် တရုတ်ဈေးကွက်ထဲ ဝင်လာတာ။ မင်းက စိတ်မြန်လွန်းပြီး အဆုံးမှာတော့ ကုမ္ပဏီကိုပါ ဆွဲထည့်လာတယ်....."

“မဟုတ်ဘူး၊ မဟုတ်ဘူး… ဥက္ကဋ္ဌက ကျွန်မကို ကူညီမယ်လို့ပြောတယ်။ သူက ကျွန်မရဲ့ကိစ္စတွေကို ဖြေရှင်းပေးပြီး ကျွန်မအတွက် အရင်းအမြစ်တွေ ယူပေးလိမ့်မယ်။ ကျွန်မသူ့အတွက်အများကြီးလုပ်ပေးခဲ့တာ...သူကျွန်မကို လက်လျော့မှာ မဟုတ်ဘူး! တခြားနည်းလမ်းကို စဉ်းစားကြည့်ရအောင်… နည်းလမ်းရှိရမယ်!” ထျန်းရုန်မှာ ငိုချလာသည်။

နောက်ဆုံးတော့ ဒါက သူမကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပင်။ အစ်မစန်းရဲ့မျက်လုံးတွေဟာ မျက်ရည်တွေနဲ့ ပူနွေးလာကာ ပြောလာသည်။

“မင်းကောလဟာလတွေ မဖြန့်ခဲ့သင့်ဘူး မင်းကို <Sludge> အဖွဲ့သားတွေက ထုတ်ပယ်လိုက်ရင်တောင် စုချန်ယန်က မင်းနဲ့ပူးပေါင်းပြီး မင်းကိုခွင့်လွှတ်နိုင်ပြီး ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ဘူးလို့ သူဝန်ခံခဲ့ပြီး သူနဲ့မင်းရဲ့ဆက်ဆံရေးက ကောင်းနေတုန်းပဲဆိုရင် မင်းမှာ အခွင့်အရေးရှိလိမ့်ဦးမယ်။ ဒါပေမယ့် သူဒီလိုလုပ်မယ်လို့ မင်းထင်လား?"

ထျန်းရုန်က သွေးရူးသွေးတန်း ငိုနေပြီး မတ်တပ် တောင်မရပ်နိုင်တော့ပေ။ သူမအ‌နေနဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ ဆက်ရှိနေဖို့အတွက် အများကြီး အနစ်နာခံခဲ့ရသည်။

ယန်ရှို့ရီရဲ့ အဖြစ်အပျက်ကြောင့် သူမရဲ့ကျော်ကြားမှုကျဆင်းသွားတာကို သူမသိသည်။ ဒါကြောင့် ပရိသတ်တွေရဲ့ အမြင်ကို ပြန်လည်ရရှိဖို့ စိတ်အားထက်သန်လုပ်ခဲ့ရသည်။ သူမ အနေနဲ့ လူများနဲ့အတူ အရက်သောက်၊ သူတို့နဲ့ အတူအိပ်၊ အရင်းအနှီးရရန် ဘာမဆိုလုပ်ခဲ့သည်။

All Chapters