← Chapters

အခန်း ၁၂၀

Vol. 10 Ch. 120

အခန်း ၁၂၀

Vol. 10 Ch. 120

ဥက္ကဋ္ဌကို ပျော်အောင်လုပ်ပေးပြီး နိုင်ငံတကာအမှတ်တံဆိပ်ရဲ့ ထောက်ခံမှုကိုရမယ်လို့ ကတိပေးခဲ့သည်။ ဒါပေမယ့် ယန်ရှုရီ နဲ့ သူမရဲ့ ဆက်ဆံရေးဟာ သူတို့ရဲ့ ပုံရိပ်ကို ထိခိုက်စေမှာကို အမှတ်တံဆိပ်က စိုးရိမ်နေတာကြောင့် သူမရဲ့ ပုံရိပ်ကို သန့်စင်ပေးဖို့ တောင်းဆိုခဲ့သည်။

ဥက္ကဌရဲ့ကတိကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဘာဘဲဖြစ်ဖြစ် သူမကိုယ်သူမ လုံခြုံအောင် လုပ်နိုင်မယ်လို့ သူမထင်ခဲ့မိသည်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပုံရိပ် ဆေးကြောရာတွင် မဆင်မခြင်ဖြစ်ပြီး လူများစွာကို စော်ကားခဲ့သည်။

ဒါပေမယ့် အခုတော့ အစ်မစန်းက ပြီးသွားပြီ လို့ သူမကိုပြောလာတယ်! ဆိုလိုတာက ကုမ္ပဏီက သူမကို စွန့်လွှတ်လိုက်ပြီ၊ ဥက္ကဋ္ဌက သူမကို စွန့်ပစ်လိုက်ပြီလို့ ဆိုလိုတာဘဲ။ သူမအနေနဲ့ ကိစ္စတွေကိုပြန်ပြောင်းဖို့ ဘာအခွင့်အရေးမှ မရှိတော့ပါချေ။

ဒါပေမယ့် သူမ အများကြီး စတေးခဲ့ပြီးပြီ သူမကိုယ်သူမ ဒီမှာပဲ ချည်နှောင်ထားဖို့ ဆန္ဒမရှိဘူး။ ဖျော်ဖြေရေးနယ်ပယ်မှာ အနုပညာအလုပ်တွေကို ဆက်လုပ်သွားနိုင်ဖို့ ဘာမဆို လုပ်မယ်။

သူမရဲ့ တံတားတွေ မီးလောင်သွားသလိုမျိုး အစ်မစန်းရဲ့ဘောင်းဘီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ပြောလာသည်။

“ကျွန်မ သူ့ကို သွားတောင်းပန်မယ်! သူ့ခွင့်လွှတ် ပေးဖို့ ဘာမဆို လုပ်မယ်! ကျွန်မလုပ်နိုင်တယ်၊ တကယ်လုပ်နိုင်တယ်! ကျွန်မကို လက်မလျှော့ပါနဲ့…ကျွန်ကို လက်မလျှော့လိုက်ပါနဲ့…”

အစ်မ စန်းက ရှုပ်ထွေးတဲ့အမူအရာနဲ့သူမကို ငုံ့ကြည့်လိုက်ပြီး “အားရုန် မင်းသိတယ်ဆိုရင် ဘာလို့လုပ်ခဲ့တာလဲ?"

“ကျွန်မ…” ထျန်းရုန်က သူမမျက်နှာကို လက်ထဲမှာ အပ်ထားပြီး ထိန်းမနိုင်သိမ်းမရ ငိုကြွေးကာ “ကျွန်မ မကျေမနပ်ဖြစ်ရုံပါ။ ကျွန်မ ရှို့ရီ ကို အရမ်းကြိုက်တာ...တကယ်ကြိုက်တာပါ!"

အစ်မစန်းကသက်ပြင်းချလိုက်ပြီး မျက်လုံး တွေကိုလက်နဲ့အုပ်လိုက်ကာ “သွားလိုက်၊ ကုမ္ပဏီက မင်းကို နောက်ထပ်အခွင့်အရေးပေးမှာ သေချာတယ်"

"ဟုတ်ပြီ ဟုတ်ပြီ…”

. . . .

အရိပ်အယောင်တောင်မကျန်ဘဲ ပျောက်ကွယ်သွားတဲ့ ကျန်းရှစ်ချီပြန်လာ ရောက်လာတုန်းမှာ စုချန်ယန်က တခြားသူတွေနဲ့ စကားပြောနေသည်။

ဟန်စုန့်ရွှယ်က group ချက်ထဲတွင် အော်ဟစ်နေသည် - [ကျန်းရှစ်ချီ၊ နင်ကက ငါ့နတ်ဘုရားမဘဲ!! အရမ်းမိုက်တယ်!!]

[နင်တကယ် ချင်းယန် Entertainment ကို ရင်ဆိုင်ရဲခဲ့တာဘဲ !နင်က တကယ်ကို အံ့သြစရာဘဲ!]

အဖွဲ့ထဲက တခြားဧည့်သည်တွေကလည်း စကားနည်းနည်းပြောလာကြပြီး စကားသိပ်ပြောလေ့မရှိတဲ့ ရှန်ဖု ကတောင် အာမေဋိတ်နှစ်ခုကို မနေနိုင်ဘဲ ပို့လာသည်။

ကျန်းရှစ်ချီက မျက်လုံးလှိမ့်နေတဲ့ အီမိုဂျီကို ပို့လိုက်ပြီး ပြောလာသည်။ [ကျေးဇူးပြုပြီး ရပ်လို့ရမလား? စိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတယ်]

ဟန်စုန့်ရွှယ် - [ကျန်းရှစ်ချီက အရမ်းကောင်းတယ်!]

ကျန်းရှစ်ချီ - [....]

စုချန်ယန်က ကျန်းရှစ်ချီကို မေးခွန်းနည်းနည်းမေးတော့မယ့်အချိန်မှာ သူမဘေးက ရှောင်လုက သူ့ပေါင်သူ အားရပါးရရိုက်လိုက်သည်။

"ဘာဖြစ်လို့လဲ?" စုချန်ယန်က နားမလည်သလို ကြည့်လိုက်သည်။

ရှောင်လုက အရမ်းစိတ်လှုပ်ရှားနေသည်။ " <Sludge> ဒရာမာအဖွဲ့သားတွေက ထျန်းရုန်နေရာမှာ ကို အစားထိုးခဲ့တယ်လို့ Weibo မှာ တင်ထားတယ်! အထဲမှာ စကားပြောထားတဲ့မှတ်တမ်းတွေနဲ့ သူ့ရဲ့အချိန်ဇယားတွေ အများကြီးပါတယ်။ သူက ဒရာမာရိုက်ကူးဖို့ စောင့်နေတုန်းမှာ ကုမ္ပဏီကခေါင်းဆောင်တွေနဲ့ ပါတီပွဲကို တက်ခဲ့တယ်။ ဒရာမာအဖွဲ့သားတွေက ကျောင်းမှာ audition ပြုလုပ်ခဲ့ပေမယ့် ကျေနပ်လောက်စရာ ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူးတဲ့။ တစ်ယောက်ယောက်က နင့်ရဲ့အဝတ်အစားတွေကနေ နင့်ကိုမှတ်မိသွားပြီး တက္ကသိုလ်မြို့လေးမှာ နင်လမ်းသွား‌နေတယ်လို့ ပြောခဲ့တယ်။ ဇာတ်ညွှန်းရေးဆရာက နင့်ကို အမှတ်တမဲ့ တွေ့လိုက်ရတဲ့ပုံဘဲ"

စုချန်ယန်က အနည်းငယ် အံ့သြသွားပြီး ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ <Sludge> တရားဝင်အကောင့်ရဲ့ ပထမဆုံး စာကြောင်းမှာ "ထျန်းရုန်၊ ငါတို့ မင်းကို သည်းခံခဲ့တာ ကြာပြီ" ဆိုပြီးဖြစ်သည်။

"အိုး၊ ရုပ်ရှင်ရိုက်တုန်းက နင့်ကို ဆေးရုံရောက်အောင် လုပ်မိခဲ့တဲ့ သရုပ်ဆောင်ကလည်း ထျန်းရုန် နေရာအစားထိုးတယ်ဆိုတဲ့ သတင်းကိုလည်း ပြန်တင်ထားတယ်"

အခြေအနေက စုချန်ယန်မျှော်လင့်ထားတာထက် အဆပေါင်းများစွာ တိုးတက် နေသည်။ သူမက ရှောင်လုရဲ့ ပခုံးကို မှီပြီး ဖုန်းထဲက အင်တာနက်သုံးစွဲသူတွေရဲ့ မှတ်ချက်တွေကို ဖတ်ပြလိုက်သည်။

[ဘုရားရေ! အွန်လိုင်းစျေးကွက်ရှာဖွေရေးအကောင့်တွေက ထျန်းရုန်ကို ထောက်ပံ့ပြီး အကူအညီပေးဖို့ ပေါ်လာတာဘဲ၊ ဒါပေမယ့် လက်တွေ့မှာတော့ သူက အခြေအနေကို ကြိုးကိုင်ပြီး ချန်ယန်ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာတဲ့လား?]

[ဘုရားရေ သူက သူ့ကိုအရမ်းမုန်းနေတာဘဲ!]

[ဒီအပိုင်းကို ငါမြင်လိုက်တဲ့အချိန်၊ အကျယ်ကြီး ရယ်လိုက်မိတယ်။ သနားစရာ ချန်ယန်လေးက အရမ်းအပြစ်ကင်းတာ။ သူများတွေက သူ့ကို ကယ်ဆယ်ဖို့ ဆွဲထုတ်ခဲ့ပေမယ့် သူကတော့ ပြဿနာတွေနဲ့ အဆုံးသတ်ခဲ့တယ်]

[ဒါကြောင့် ထျန်းရုန်က သူ့ နာမည်ကို ရှင်းပစ်ပြီး ချန်ယန် နဲ့ <Travel> အဖွဲ့သားအားလုံးကို သူနဲ့အတူ ဆွဲချချင်နေတာလား?]

[ဘာ အတင်းအဖျင်းတွေရှိသေးလဲ? စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းတွေကို လွတ်သွားမှာစိုးလို့ အိပ်တောင်မပျော်ဘူး]

[(တိုးတိုးလေးပြောပြမယ်) ထျန်းရုန် ချင်းယန် Entertainmentကနေ ထွက်သွားပြီ။ သူ့နာမည်ကိုရှင်းပြီး ချန်ယန် နဲ့ ညီအစ်မဆက်ဆံရေးဖြစ်ဖို့ variety show မှာပါခဲ့ပေမယ့် ချန်ယန်က လက်မခံခဲ့ဘူးလေ။ ဒါကြောင့် သူက နစ်နာသူ ကိုယ်ချင်းစာတယ်ဆိုတဲ့ ဂိမ်းနဲ့ အဆုံးသတ်ခဲ့တာ။ ( <Travel> ကဧည့်သည်တွေက EQနိမ့်ကြတယ်) ချန်ယန်ရဲ့ ကုမ္ပဏီက ဒီရက်ပိုင်း အွန်လိုင်းက ကောလာဟလတွေကို မတုံ့ပြန်ရတဲ့အကြောင်းက ထျန်းရုန်က ကြီးကြီးမားမား တစ်ခုခုကို ထုတ်ဖော်ပြသဖို့ သူတို့ဘက်က စောင့်နေတာဖြစ်ကြောင်း သတင်းရထားတယ်။ ဒီညနောက်ပိုင်းမှာ အတင်းအဖျင်းတွေထပ်လာမှာမို့ ဘယ်သူကမှ စောစောမအိပ်ကြသင့်ပါဘူး။ ဒါ့ပြင် ချန်ယန်က ကြင်နာတတ်ပြီး သူ့ရဲ့လက်ထောက်ကိုလည်း သူငယ်ချင်းလို ဆက်ဆံတယ်။ သူတို့ရဲ့ ဆက်ဆံရေးက မနာလိုစရာ ကောင်းပြီး သူနဲ့ လက်တွဲရတာ က တကယ့်ကို စိတ်ချမ်းသာစရာဘဲ။ ဒါပေမယ့် သူက အသားစားရတာကို သဘောကျပြီး တခါတလေမှာ အော်ငိုတတ်တယ်။ သူ့ကို လူတိုင်းက ချစ်ဖို့ ထိုက်တန်ပါတယ်! တစ်နေ့နေ့မှာ သူ့ကို ကမ္ဘာ့စင်ပေါ်မှာ တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်]

. . . .

စုချန်ယန်က အင်တာနက်သုံးစွဲသူ တွေဆီက အွန်လိုင်းမှတ်ချက်တွေကို ကြည့်လိုက်ပြီး မတတ်နိုင်ဘဲ နည်းနည်းပျော်သလို စိတ်အနှောင်အယှက်လည်းဖြစ်းရသည်။

ရှောင်လု - "ကြည့်ဦး၊ အင်တာနက်သုံးတဲ့သူ တွေမှာစူးရှတဲ့မျက်လုံးတွေရှိတာပဲ။ ဟုတ်တယ်၊ ငါတို့ရဲ့ ချန်ယန် လေးက သဘောကျခံရဖို့ ထိုက်တန်တယ်"

စုချန်ယန်မှာ သူမရဲ့ စကားကြောင့် နည်းနည်း ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ "အဓိပ္ပါယ်မရှိတာတွေ မပြောနေနဲ့"

"ဘယ်လို အဓိပ္ပာယ်မရှိတာလဲ? ငါ့အစ်ကိုကိုကြည့်…”

ရှောင်လုစကားမဆုံးခင် စုချန်ယန်ရဲ့ဖုန်းက မြည်လာခဲ့သည်။

သူမ ကောက်ကိုင်လိုက်‌တော့ လင်းယွီ ဖုန်းခေါ်လာမှန်း တွေ့လိုက်ရသည်။

ရှောင်လုက သူမပုခုံးကို ပုတ်လိုက်ပြီး မေးလိုက်သည်။ "ငါ့ဝမ်းကွဲအစ်ကိုက ဘာလို့ ဒီလောက်နောက်ကျမှ ဖုန်းခေါ်လာတာလဲ?"

"သေချာတာက အလုပ်ကြောင့်များလား?"

ရှောင်လု ကုတင်ပေါ်ကနေ ခုန်ဆင်းလိုက်ပြီး ပြောလိုက်သည်။ "နင်တို့တွေစကား‌ပြောကြ ငါအခန်းထဲပြန်တော့မယ်"

နောက်တော့ သူမက စုချန်ယန် အတွက် တံခါး ပိတ်ပေးလိုက်သည်။

စုချန်ယန်က ရှောင်လု အလျင်အမြန်ထွက်သွားတာကိုကြည့်ရင်း ရယ်လိုက်ပြီး စက္ကန့်အနည်းငယ်အကြာမှာ ဖုန်းပြန်ဖြေလိုက်သည်။

"အစ်ကိုလင်း"

ဖုန်းရဲ့အခြားတစ်ဖက်တွင် လင်းယွီက အသံတိုးကာ မေးလိုက်သည်။ "မင်းအိပ်နေပြီလား?"

"အခုထိမအိပ်ရသေးဘူး"

စုချန်ယန်က ခဏရပ်လိုက်ပြီး မေးလိုက်သည်။ "အစ်ကိုလင်း၊ ရှင် ရှစ်ချီနဲ့ တခြားသူတွေနဲ့ အားလုံးကို ကြိုပြီးစီစဉ်ထား ပေးတာလား?"

ထျန်းရုန်ရဲ့ နာမည်က hot search မှာ ပေါ်လာပြီးတဲ့နောက်တွင်ကျန်းရှစ်ချီရဲ့ Weibo မှ ချင်းယန် Entertainmentဟာ သူမရဲ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ စွပ်စွဲခဲ့သည်။

သိပ်မကြာခင်မှာပဲ ဟန်စုန့်ရွှယ် နဲ့ တခြားသူတွေဟာလည်း Weibo မှာ ပရိုမိုးရှင်းလုပ်ဖို့ပို့စ် တင်ခဲ့သည်။ <Sludge> အဖွဲ့ဟာလည်း Weiboမှာ တစ်ချိန်တည်းတွင် ပို့စ်တင်ခဲ့သည်မှာ တိုက်ဆိုင်မှုမဟုတ်သည်မှာ ထင်ရှားသည်။

လင်းယွီက သဘောတူတဲ့အသံနဲ့ တုန့်ပြန်လာသည်။

စုချန်ယန်က ခေါင်းငုံ့ပြီး တိုးတိုးလေးပြောခဲ့သည်။ "ရှင်ဘာလို့ ကျွန်မကို မပြောတာလဲ? ရှောင်လုနဲ့ ကျွန်မပဲ မသိရတာ"

လင်းယွီ ရှောင်လုကို မပြောရခြင်းမှာ တစ်ခုခုဆို သူမကိုယ်သူမ မထိန်းနိုင်တာကြောင့်ပင်။ ရှောင်လုကို ပြောပြပြီးရင် သူ သူ့ကို ချက်ချင်းပြန်ပြောမှာဘဲ။

လင်းယွီက နွေးထွေးစွာပြုံးလိုက်ပြီး "မင်းရဲ့ယုံကြည်မှုကိုလိုချင်လို့ မင်းရဲ့ကိစ္စတွေအားလုံးကို ကိုယ်ကိုင်တွယ်ခဲ့တာ။ မင်း ကိုယ်နဲ့ အတူရှိတဲ့အခါ ဘာမှ စိတ်ပူနေဖို့ မလိုဘူး"

စုချန်ယန်ရဲ့ ရင်ထဲမှာ တုန်လှုပ်သွားပြီး လည်ချောင်းတွေ တင်းကြပ်လာကာ ခဏလောက် သူမဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပေ။

ကယ်ကြပါဦး လင်းယွီ… သူဘယ်လိုဖြစ်လို့ ဒီလောက်တောင် အရမ်းကောင်းနေရတာလဲ?

သူမရဲ့ အတွေးတွေကို သူသိနေပြီး သူမထုတ်ပြောလာဖို့တမင်သက်သက်လုပ်ပြီး သူမကို ကန်ထုတ်ဖို့များလားဆိုတာ သံသယဝင်လာသည်။

စုချန်ယန်မှာ သူမရဲ့ နှလုံးခုန်သံကို ဖုန်းက‌ေနတစ်ဆင့် လင်းယွီ ကြားသွားမှာ စိုးတဲ့အစက် အသက်ရှူအောင့်ထားရသည်။ သူမက ဗလုံး‌ဗထွေးနဲ့ ပြောလာသည်။ "ရှင့်ကိုအမြဲတမ်း ယုံပြီးသားပါ"

လင်းယွီက ပြုံးလိုက်ပြီး “ဒါဆို ကိုယ့်ကို ပိုပြီးတော့ယုံပေးပါ"

သူမရဲ့ဖုန်းက အရမ်းပူလွန်း သူမမျက်နှာပါ ပူးသွားတာလား ဒါမှမဟုတ် လင်းယွီရဲ့အသံက အရမ်းနီးကပ်၊ နူးညံ့ညင်သာနေတာကြောင့် သူမကို စိတ်လှုပ်ရှားသွားစေသွားတာကြောင့် များလား ဆိုပြီး စုချန်ယန်ခံစားလိုက်ရသည်။

သူမ ဖုန်းကို အဝေးမှာထားလိုက်ပြီး မေးလိုက်သည်။ "အရမ်းနောက်ကျနေပြီ၊ ရှင်ကျွန်မကို ပြောစရာရှိသေးလို့လား?"

လင်းယွီ - "ထျန်းရုန် ကိုယ့်ကို ဆက်သွယ်လာတယ်"

"ဘာယ်လို?" စုချန်ယန် စိတ်ရှုပ်ထွေးသွားသည်။

"သူက မင်းကို တောင်းပန်ချင်လို့ မင်းဖုန်းနံပါတ်ပေးလို့ရမလားတဲ့"

ဒါကိုကြားတော့ စုချန်ယန် တိတ်ဆိတ်သွားသည်။

အခု လင်းယွီ ဘာတွေတွေးနေမှန်း မသိပေမယ့် သူမအတွေးတွေကတော့ ရှင်းသည်။

“အစ်ကိုလင်း၊ ကျေးဇူးပြုပြီး သူ့ဖုန်းနံပါတ်ကို ကျွန်မဆီပေးပါလား ဒါပေမယ့် ကျွန်မ သူတောင်းပန်တာကိုတော့ လက်ခံမှာ မဟုတ်ဘူး၊ ကျွန်မက ...အဲ့ဒီလိုမျိုး မဟုတ်ဘူး"

လင်းယွီက ရယ်လိုက်ပြီး "ချန်ယန် ကိုယ်လည်း ဒီတစ်ခေါက် သူ့ကို လွှတ်မပေးဘူးလို့ ပြောမလို့။ ဒါကြောင့် သူ့ကို ခွင့်လွှတ်ဖို့ မလိုဘူး။ ဒါ့ပြင် သူတစ်ပါးကို မထိခိုက်စေတာက အကျန်းမာဆုံးသော ကရုဏာဘဲ။ သူ့ရဲ့ဖုန်းနံပါတ်ကို ပေးခဲ့မယ်၊ အချိန်သိပ်မဖြုန်းနဲ့ စောစောအနားယူ။ မနက်ဖြန်မနက် ဘာစားချင်လဲ? ယူလာခဲ့မယ်"

လင်းယွီက အများကြီးပြောလိုက်ပြီး စုချန်ယန်ပြန်မတုံ့ပြန်ရသေးခင် သူ့နောက်ဆုံးစကားကိုကြားတော့ မသိစိတ်ကနေ ပြန်ဖြေလိုက်သည်။ "ရှောင်လုံပေါင်"

"ကောင်းပြီ၊ ဂွတ်ဒ်နိုက်၊ မနက်ဖြန်တွေ့မယ်"

“မနက်ဖြန်တွေ့မယ်…”

ဖုန်းချပြီးတဲ့နောက် စုချန်ယန်မှာ လင်းယွီရဲ့ ညှင်သာတဲ့အသံထဲမှာ နှစ်မြှုပ်နေဆဲပင်။

သူမရဲ့ ပူနွေးနေတဲ့ ပါးပြင်တွေကို မတတ်နိုင်ဘဲ ပွတ်သပ်လိုက်သည်။ သူမဘယ်လိုလုပ်ရမလဲ....လင်းယွီကို ပိုပိုပြီး သဘောကျလာပြီထင်တယ်။

လင်းယွီ ဖုန်းချပြီး သိပ်မကြာခင်မှာပဲ ဖုန်းစိမ်းတစ်လုံးဝင်လာခဲ့သည်။

စုချန်ယန်က ထျန်းရုန်ဖြစ်မယ်မှန်း ခန့်မှန်းလိုက်ပြီး ချက်ချင်း မကိုင်လိုက်ချေ။ သူက ဖုန်းမကိုင်ခင် ဆယ်စက္ကန့်နီးပါးလောက် ဖုန်းမြည်တာကို စောင့်ပြီးမှ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေလိုက်သည်။

“ဟယ်လို…” ဖုန်းရဲ့အခြားတစ်ဖက်တွင် နှာသံနဲ့အတူ ပြန်ဖြေလာသည်။ “ဒါက ချန်ယန် လား?”

သူမမေးတဲ့အခါ တစ်ဖက်လူက ငိုတော့မယ်လို့ စုချန်ယန်ခံစားလိုက်ရသည်။

“ဟုတ်တယ်” စုချန်ယန် က ပြောလိုက်သည်။

“ငါ ထျန်းရုန် ပါ… တောင်းပန်ပါတယ်…”

စကားမဆုံးခင် ထျန်းရုန်က တိုးတိုးလေး ငိုတော့သည်။

သေချာတာကတော့ စုချန်ယန် ကြင်နာတတ်တဲ့သူဖြစ်ပြီး သူမရှေ့မှာ ငိုနေတာကို ခံနိုင်လောက်မည်မဟုတ်ပေ။ သို့‌ပေမယ့် သူမနဲ့သူမရဲ့သူငယ်ချင်း တွေကို နာကျင်အောင် အကြိမ်ကြိမ်လုပ်ခဲ့တဲ့သူတွေအတွက် စုချန်ယန်မှာ စိတ်သည်းမခံနိုင်ပါချေ။

အမျိုးသမီးတစ်ယောက်ရဲ့ ငိုသံကိုကြားတော့ စုချန်ယန် ပြုံးလိုက်သည်။

"ဆောရီး၊ ဒီလောက်နဲ့ ငါစိတ်မပျော့ဘူး"

All Chapters