အခန်း ၁၂၁
Vol. 10 Ch. 121
အမှန်တော့၊ ဒါက စုချန်ယန် အသုံးအများဆုံး လုပ်ရပ်ပင်။
သူမရဲ့အတိတ်က အတွေ့အကြုံတွေကြောင့် အခြားသူများရဲ့ဒုက္ခကို မမြင်ချင်ယောင်ဆောင်ပေးလို့မရပါချေ။ ဒါကြောင့် သူမနဲ့ တွေ့ဆုံသူတိုင်းကို တစ်သက်လုံး ချစ်နိုင်လိမ့်မယ်လို့ ရိုးသားစွာနဲ့ သူမမျှော်လင့်သည်။
ဒါပေမယ့် မထိုက်တန်တဲ့ သူတွေအတွက်တော့ စုချန်ယန်မှာ ကြင်နာမှုမရှိဘူး။
စုချန်ယန်ရဲ့စကားကိုကြားပြီးနောက် တစ်ဖက်မှငိုနေတဲ့လူဟာလည်း သိသိသာသာ ရပ်တန့်သွားသည်။
စုချန်ယန်က သိပ်စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။ "ဘာမှ ပြောစရာ မရှိတော့ဘူး ဆိုရင်လည်း ငါဖုန်းချလိုက်တော့မယ်"
စုချန်ယန် ဖုန်းချလိုက်တော့မယ်ဆိုတာကိုကြားတော့ ထျန်းရုန်ရဲ့အသံက စူးရှလာသည် - "ဖုန်းမချလိုက်ပါနဲ့!"
စုချန်ယန်က ဖုန်းကို ဖယ်လိုက်ပြီး မေးလိုက်သည်။ "ဒါဆို နင်ဘာပြောချင်တာလဲ?"
စုချန်ယန်ရဲ့ အေးစက်တဲ့ အမူအရာကြောင့် သူမရဲ့ငိုသံဟာ မသက်ရောက်ကြောင်း ထျန်းရုန် သဘောပေါက်လိုက်သည်။
သူမက သနားဟန်ဆောင်တာကို ရပ်လိုက်ပြီး "စုချန်ယန် နင့်ကို ငါတောင်းပန်ပါတယ်။ ရှို့ရီနဲ့ ငါတို့ နှစ်ယောက်လုံး နင့်ကို ဆွဲထည့်ခဲ့ရလို့ တကယ်စိတ်မကောင်းပါဘူး၊ ဒါပေမယ့် အခု ရှို့ရီ ကတော့ သူနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံလိုက်ရပြီ။ သူ့မှာ ဒီတသက်ဘယ်တော့မှ ပြန်မဆပ်နိုင်တဲ့ ဥပဒေပြဿနာတွေနဲ့ အကြွေးတွေရှိတယ်။ ဒါက မလုံလောက် သေးဘူးလား?"
“အဲဒါ သူ့အပြစ်ပဲ။ ငါနဲ့ဘာဆိုင်လို့လဲ?" စုချန်ယန်က မတုန်မလှုပ် ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
"ဟုတ်တယ် နင်နဲ့ဘာမှမဆိုင်ဘူး! ဒါပေမယ့် သူနဲ့ငါက ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံယူပြီးသားပါ။ မလုံလောက် သေးဘူးလား? ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးလို့ရမလား? ကရုဏာထားပြီး လွှတ်ပေးလို့မရဘူးလား? နင်ငါ့ကို တစ်ကြိမ်လောက်ဘဲကူညီတာနဲ့ နင့်ရှေ့မှာ ငါဘယ်တော့မှ မပေါ်လာတော့ပါဘူး ငါကျိန်ပါတယ်… ငါနင့်ကိုပိုက်ဆံပေးလို့ရပါတယ်… ဒီအဖြစ်အပျက်က ပြဿနာတွေအများကြီး ဖြစ်ပြီးသွားပြီ။ ငါသာ ကိစ္စတွေကို ပြန်မလှန်နိုင်လို့ရှိရင် ငါ့အတွက် တကယ်ပဲ ပြီးသွားလိမ့်မယ်။ တောင်းပန်ပါတယ်...ငါနင့်ကို ခယပါတယ်"
သူမရဲ့အသနားခံချက်ကို နားထောင်ရင်း စုချန်ယန်မှာ လုံးဝ စိတ်မလှုပ်မယှက်ဖြစ်နေကြောင်း မထင်မှတ်ဘဲတွေ့လိုက်ရသည်။
သူမ ဝမ်းနည်းသလိုသာ ခံစားရပြီး တွေးလိုက်သည်။ သူမ သရုပ်ဆောင်ခင် ဘာလို့ နှစ်ကြိမ်လောက် မစဉ်းစားခဲ့တာလဲ?
စုချန်ယန်က သက်ပြင်းချလိုက်ကာ ပြောလိုက်သည် "အရမ်းနောက်ကျသွားပြီ"
“ရှိုးမစခင် နင်ဒီစကားတွေကို ငါ့ကိုပြောခဲ့မယ် ဆိုရင် ငါမနင့်ကို ကူညီပေး ကောင်းကူညီပေးလိမ့်မယ်၊ ဒါပေမယ့် နငါလုပ်ခဲ့တာတွေက ငါ့ကို စက်ဆုပ်ရွံရှာစေတော့ ငါနင့်ကို ကူညီမှာမဟုတ်ဘူး။ Miss ထျန်း၊ ငါ နင့်ကို ထွက်လမ်းမပေးခဲ့တာ မဟုတ်ဘူး၊ နင်ကိုယ်တိုင်က လမ်းမှားပြီး ရွေးခဲ့တာပဲ "
“စုချန်ယန်…”
“နင်ကံကောင်းပါစေ”
ဒီစကားကို ပြောပြီးသွားတော့ စုချန်ယန် ဖုန်းချလိုက်သည်။
သူမဖုန်းရဲ့ အနက်ရောင်စခရင်ကို ကြည့်ရင်း စုချန်ယန်မှာကျေနပ်အားရမှုတစ်ခုကို ခံစားရပေမယ့် အဲဒီ့ထက်ပိုပြီး ဆုံးရှုံးသွားတဲ့ ခံစားချက်ကို သူမခံစားလိုက်ရသည်။
ဒီတစ်ကြိမ်တွင် သူမအနေနဲ့ ထျန်းရုန်ကို အဝေးကြီးဆီ တွန်းပို့နေပုံရပြီး သူမရဲ့ပရိသတ်တွေ လက်တုံ့ပြန်မလားဆိုတာ သူမ မသိပေ။
စုချန်ယန် ဖုန်းချလိုက်ပြီး သိပ်မကြာခင်မှာပဲ အိပ်ပျော်နေပြီလို့ထင်ရတဲ့ ရှောင်လုက အသံကျယ်ကျယ် အော်လိုက်ကာနဲ့ တိတ်ဆိတ်နေတဲ့အိမ်ထဲမှာ ပဲ့တင်ထပ်သွားရသည်။
စုချန်ယန်မှာ ကြောင်တက်တက်ဖြစ်သွားပြီး သူမရဲ့အော်သံကြောင့် ထိတ်လန့်သွားသည်။
သူမအိပ်ရာပေါ်ကနေ ထထိုင်လိုက်ပြီး တံခါးကို ကြောက်လန့်တကြား ကြည့်လိုက်မိသည်။ နောက်တစ်ခဏမှာ ရှုပ်ပွနေတဲ့ဆံပင်တွေနဲ့ ရှောင်လုတစ်ယောက် အခန်းထဲ ဝင်လာခဲ့သည်။
"ချန်ယန်! ချန်ယန် ချန်ယန်!"
စုချန်ယန်မှာ ပုံမှန်မဟုတ်တာ တစ်ခုခု ဖြစ်သွားတယ်လို့ ထင်လိုက်ကာ ထိတ်လန့်တကြားနဲ့ကြည့်လိုက်ပြီး အနောက်ကို နည်းနည်းဆုတ်လိုက်သည်။ "ဘာ-ဘာဖြစ်လို့လဲ?"
"သေစမ်း!" ရှောင်လုက ထူးဆန်းစွာနဲ့ကြည့်လာသည်။
စုချန်ယန်ရဲ့ မျက်လုံးတွေက ပူနွေးလာပြီး “ငါ့ကို မခြောက်ပါနဲ့…”
“ဝမ်းကွဲအစ်ကို သူ…”
“မန်နေဂျာလင်း ဘာဖြစ်လို့လဲ?”
ရှောင်လုက သူမရဲ့ ကုတင်ပေါ်ခုန်တက်လာပြီး "ငါ့ဝမ်းကွဲအစ်ကို အရမ်းအံ့သြဖို့ကောင်းတာပဲ!"
"ဘာကိုလဲ?" စုချန်ယန်က ကြောက်လန့်ပြီး စိတ်ရှုပ်ထွေးနေပုံရသည်။
"သူ Weibo မှာ တင်ထားတာ" ရှောင်လုမှာ အလုပ်ရှုပ်ခံပြီး စကားမပြောနေတော့ဘဲ စုချန်ယန်ရဲ့ တက်ဘလက်ကို သူမရဲ့ အိပ်ယာဘေးကနေ ဆွဲယူလိုက်ကာ လင်းယွီရဲ့ နာမည်ကို ရှာလိုက်ပြီး သူရဲ့ Weibo ဆီသွားလိုက်သည်။
သူ့ရဲ့ Weibo ကို နှိပ်ပြီးနောက်မှာတော့ သူက Weibo မှာ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က ပိုစ်တင်ထားတာကို တွေ့လိုက်ရသည်။
စုချန်ယန်မှာ အရင်တုန်းက လင်းယွီရဲ့ Weiboကို ရှာကြည့်ဖူးပေမယ့် နောက်ဆုံးအကြိမ်သူတင်ခဲ့တာကတော့ လွန်ခဲ့တဲ့ခြောက်လက လိုက်ခ်နည်းနည်းသာရှိတဲ့ သူ့ရဲ့ Alma Mater ကို ပရိုမိုးရှင်းလုပ်ပေးတဲ့ ပိုစ့်ပဲဖြစ်သည်။
ဒါပေမယ့် အခုသူ့ရဲ့နောက်ဆုံး Weibo မှာတော့ Like 20,000 နီးပါးရရှိထားပြီးဖြစ်သည်။
Weibo ပို့စ်တွင် ဗီဒီယိုကလစ်နှစ်ခုပါရှိပြီး အခြားရှင်းပြချက်တွေ မပါချေ။
"ဒါကဘာလဲ?"
ရှောင်လုက ထောင့်နားကနေ လျှို့ဝှက်ရိုက်ကူးထားပုံရတဲ့ ဗီဒီယိုတွေထဲက တစ်ခုကို နှိပ်လိုက်သည်။ "ဘာဖြစ်ရဦးမှာလဲ? အဲဒီညက နင်နဲ့ ထျန်းရုန်တို့ ကြားက ဖြစ်ပျက်ခဲ့တာတွေဘဲ!"
စုချန်ယန်က မျက်ခုံးပင့်လိုက်သည်။ ဗီဒီယိုထဲတွင် ထျန်းရုန်က လက်ထဲမှာ ဝိုင်တစ်ခွက်နဲ့ သူမနား ချဉ်းကပ်လာသည်။ နောက်ခံဆူညံသံအချို့ရှိပေမယ့် အဲ့ဒီအချိန်တွင် ဘယ်သူမှ စကားမပြောတာကြောင့် ခွက်ကိုမြှောက်ကာ တောင်းပန်နေတဲ့ ထျန်းရုန်ရဲ့အသံကို ဗီဒီယိုထဲတွင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ဗီဒီယိုရဲ့ ရှုထောင့်ကကြည့်ရင် ရိုက်ကူးတဲ့သူမှာ ဝင်ပေါက်နားမှာ ရပ်နေတဲ့အတွက် စုချန်ယန်ရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဗီဒီယိုထဲတွင် စုချန်ယန်က ထျန်းရုန်ကို တစ်ခုခု တိုးတိုးပြောလိုက်ပြီး သူမရဲ့ ခွက်ကို ချလိုက်သည်။
ထျန်းရုန်မှာ ခဏလောက် အံ့အားသင့်သွားပေမယ့် ရုတ်တရက် ဟော့ဟော့ရမ်းရမ်း လုပ်လိုက်သည်။ သူမက စားပွဲပေါ်က ဝိုင်ပုလင်းကို ဆွဲယူလိုက်ကာ တစ်ကျိုက်သောက်လိုက်ပြီး ပုလင်းကို စားပွဲပေါ်ရိုက်ချလိုက်ရာ ကွဲကြေသွားတဲ့ ဖန်ခွက်မှာ စုချန်ယန်ရဲ့ အစားအသောက် ပန်းကန်ကို ထိမှန်သွားပြီး သူမရဲ့ အမူအရာ မည်းမှောင်သွားစေသည်။
"အစားအသောက် ဖြုန်းတီးတာက ရှက်စရာကောင်းတယ်ဆိုတာ သိရဲ့လား?"
အဆုံးမှာ သူမက ဟန်စုန့်ရွှယ်ပေးတဲ့ အစားအစာကို ကြည့်နေရင်း စုချန်ယန်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုတွေ ပြိုပျက်သွားကာ သူမရဲ့ဒဏ်ရာရနေတဲ့ လက်ချောင်းကနေ သွေးတွေ စီးကျလာသည်။ သူမရဲ့မျက်လုံးထဲကနေ မျက်ရည်တွေ စီးကျလာပြီး လင်းယွီက သူမကို အခန်းအပြင် ခေါ်သွားသည်။
ရှောင်လုက ဟိုတယ်စားသောက်ဆိုင်က စောင့်ကြည့်ကင်မရာရဲ့ ဒုတိယဗီဒီယိုကို နှိပ်လိုက်တော့ အခန်းအတွင်း ဖြစ်ခဲ့တဲ့ မြင်ကွင်းကို ပြလာသည်။
ဗီဒီယိုတွေကိုကြည့်ပြီးတော့ စုချန်ယန် လုံးဝကို အံ့သြသွားရသည်။ "မန်နေဂျာလင်း ဒီဗီဒီယိုတွေကို ဘယ်ကရတာလဲ?"
ရှောင်လုက သူမလည်းမသိကြောင်း ခေါင်းခါပြလိုက်ပြီး ပြောလာသည်။ "ဒီဗီဒီယိုရိုက်ထားတာက အစီအစဉ်ထဲက ဝန်ထမ်းတစ်ယောက် ဖြစ်လိမ့်မယ်။ ဟိုတယ်ရဲ့ စောင့်ကြည့်ဗီဒီယိုကတော့…ငါ့ဝမ်းကွဲအစ်ကိုက ဒီရက်ပိုင်းမှာ အလုပ်များနေတာ။ သူအဲ့ဒါကိုဝယ်ဖို့ ဟိုတယ်ကို ပြန်သွားတာ ဖြစ်နိုင်တယ်"
“အာ! အဲဒီတုန်းက နင်သူ့ကို ဘာပြောခဲ့လို့ သူဘာလို့ဒီလောက်ဒေါသထွက်သွားတာလဲ?"
စုချန်ယန်က ပခုံးတွန့်လိုက်ပြီး "ငါ ဘာမှ မပြောလိုက်ရပါဘူး။ ငါ သူ့ကို မျက်နှာမပျက်စေချင်ဘူးလို့ဘဲ ပြောလိုက်တာ"
“ပြောရရင်၊ ငါ့ဝမ်းကွဲအစ်ကိုက တကယ်ကို အောင့်ထားနိုင်တာပဲ။ အွန်လိုင်းက မှတ်ချက်တွေက လွန်ခဲ့သည့်ရက်နည်းနည်းတုန်းက နင့်အတွက် အဆင်မပြေဖြစ် နေခဲ့ပေမယ့် ဒီနေ့ညမရောက်ခင်အထိ ဒီဗီဒီယိုတွေကို မထုတ်ပြလာဘူး"
ဒီဗီဒီယိုထွက်လာတာနဲ့ ထျန်းရုန်အတွက် သူ့ကိုယ်သူ ပြန်အဖက်ဆယ်ဖို့ အခွင့်အရေးမရှိတော့ကြောင်း စုချန်ယန်သိလိုက်သည်။
သူမကထုံးစံအတိုင်း မှတ်ချက်တွေကို နှိပ်လိုက်ပြီး အောက်ဆွဲချလိုက်သည်။
[နှုတ်ခမ်းလှုပ်တာကို ဖတ်တတ်တဲ့ သူတစ်ယောက်ဆီမှ ဘာသာပြန်ဆိုချက် - Baby ချန်ယန်က "နင့်ရဲ့တောင်းပန်မှုကို ငါလက်မခံဘူး ဒါပေမယ့် ဒီဝိုင်ကိုတော့ ငါသောက်လိုက်မယ်" လို့ပြောခဲ့တာဖြစ်နိုင်တယ်။ သူက ထျန်းရုန်ကို အရှက်မခွဲချင်တဲ့အတွက် ထျန်းရုန် ပေးတဲ့ဝိုင်ကို သောက်လိုက်တာ]
[အိုး ဘုရားရေ! အပေါ်ဆုံးမှတ်ချက်က ဘာသာပြန်ထားတာ အမှန်ဘဲလား? ထျန်းရုန်က တကယ်ရွံစရာကောင်းတာဘဲ၊ ငါ့ငန်းမလေးကို ဘယ်လိုလုပ် နှိမ့်ချရဲတာလဲ?]
[ဟေး၊ လွန်ခဲ့တဲ့ရက်နည်းနည်းတုန်းက ကောလဟာလတွေက အတုအယောင်ဖြစ်ပြီး တရားစွဲမယ််လို့ ပြောခဲ့တယ်လေ။ အခု သူဘယ်ရောက်သွားလဲ? ပြောပါဦး! အသရေဖျက်မှုနဲ့ ထျန်းရုန်ကို တရားစွဲဖို့ ငန်းမလေးက အကြံပြုပါတယ်]
[ဒါကြောင့် ကောလဟာလတွေ အားလုံးက အမှန်တွေဘဲပေါ့! ထျန်းရုန်က <Travel> အဖွဲ့တစ်ခုလုံးကို ဆွဲချပြီး သူ့နာမည်ကို သန့်ရှင်းချင်နေတာလား?]
[အာ ၊ဟန်စုန့်ရွှယ်နဲ့ ငါတို့ငန်းမလေးက တကယ်ချစ်စရာကောင်းတာဘဲ။ သူတို့ရဲ့ချစ်စရာကောင်းမှုကြောင့် ငါအသတ်ခံရတော့မယ်]
[ငါ့ရဲ့ငန်းမလေးက သူဗိုက်ပြည့်အောင်မစားရသေးဘူးလို့ပြောတဲ့အချိန်မှာ ငိုနေမိတယ်]
[တကယ်ပါပဲ၊ ငန်းမလေးနဲ့ သူ့ရဲ့မန်နေဂျာမှာ အချိန်ကောင်းရှိနေတာဘဲ။ ငန်းမလေးက ကျောထောက်နောက်ခံကို ရှာတွေ့သွားတဲ့ ဆိုးသွမ်းနေတဲ့ ကလေးတစ်ယောက်လို လုပ်နေတာဘဲ]
【စိတ်လှုပ်ရှားရလို့ သေတော့မယ်။ ငန်းမလေး ဒဏ်ရာရသွားတော့ စားပွဲမှာရှိတဲ့လူတိုင်းက ဘယ်လောက်ထိတ်လန့်သွားလဲဆိုတာ သတိပြုမိကြလား? ပြီးတော့ ထျန်းရုန် ဒဏ်ရာကသွားတာကိုတော့ သတိမထားမိကြဘူး! ငါ့တစ်သက်တာမှာ ဖျော်ဖြေရေးနယ်ပယ်ထဲက စစ်မှန်တဲ့ ခင်မင်ရင်းနှီးမှုကို တကယ်ကြီး တွေ့လိုက်ရတာလား?]
[ပထမပိုင်းကတည်းက သူတို့ဆက်ဆံရေးကောင်းတာ ငါသိတယ်! ထန်ချီကလွဲရင် လူတိုင်းက ရူးနေတယ်လို့ ငါထင်ခဲ့ပေမယ့် ထန်ချီလည်းဘဲ ရူးနေတာဘဲ။ သူတို့တွေ တူတူရှိတာ ပျော်စရာကောင်းတယ်]
[ငါတော့မနက်ဖြန်ရဲ့ တတိယအပိုင်းကို မျှော်နေပြီ]
[+1]
. . . .
စုချန်ယန်မှာ အဆက်မပြတ် တက်လာနေတဲ့ မှတ်ချက်တွေကို ကြည့်ရင်း သူမရင်ထဲတွင် ထူးဆန်းတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။
သူမပတ်ဝန်းကျင်က လူတိုင်း သူမကိုချစ်နေကြသလို ခံစားရတယ်။
လင်းယွီ Weibo ပို့စ်တင်ပြီစလို့မိနစ်အနည်းငယ်အတွင်းမှဘဲ ထိပ်တန်းရှာဖွေမှု သုံးခုဆီ အရှိန်အဟုန်ဖြင့် တက်လာခဲ့သည်။ Netizens တွေက လုံးဝကို ဆူပွက်နေပြီး ဘယ်သူမှ အိပ်လို့မရကြပါချေ။
[မင်းတို့တွေ ဒီလောက်နောက်ကျမှ တင်ကြတာ ကျင့်ဝတ်တွေ မရှိကြဘူး! အတင်းအဖျင်းတွေတင်ဖို့ နေ့ခင်းဘက်အထိ မစောင့်နိုင်ကြဘူးလား?]
[ဝူး ဝူး ငါအိပ်မပျော်ဘူး အရမ်းစိတ်လှုပ်ရှားနေတယ်]
[မိနစ်တိုင်းလိုလို အတင်းအဖျင်းတွေ တက်လာတာ ငါ့ဘဝမှာ ဒါပထမဆုံးအကြိမ်ဘဲ]
[ဖျော်ဖြေရေးနယ်ပယ်ထဲက ထွက်လိုက်၊ နင်တို့တွေက လူယုတ်မာတွေဘဲ!]
[ Starlight Entertainment ကိုတော့ အမြဲယုံကြည်စိတ်ချလို့ရတယ်။ သူတို့က သူတို့ရဲ့ အနုပညာရှင်တွေကို အမြဲကာကွယ်ပေးမည် (ဒီနေရာမှာ နတ်ဆိုးမဟုတ်တဲ့ အနုပညာရှင် တွေကို ရည်ညွှန်းပါတယ်)]
[Starlight Entertainment က တကယ်မိုက်တယ်။ ငါ့အကြိုက်ဆုံး idol လည်း သူတို့နဲ့ လက်မှတ်ထိုးနိုင်မယ်လို့ မျှော်လင့်တယ်]
. . . .
အွန်လိုင်းပေါ်က လူတွေရဲ့ သဘောထားမှာ တဖြည်းဖြည်း တည်ငြိမ်လာပြီး ထျန်းရုန်ဘက်ကနေတော့ ဘာတုံ့ပြန်မှု မရှိလာပေ။ အားလုံးက ပြေလည်သွားပြီလို့ ယူဆလို့ရသည်။
ဒီတိုက်ပွဲတွင် Starlight Entertainment က လှပစွာနဲ့တိုက်ပွဲဝင်ခဲ့သည်။
ရှောင်လုက သူ့အခန်းကိုပြန်ရမှာ ပျင်းတဲ့အတွက် စုချန်ယန်ဘေးမှာဘဲ အိပ်ပြီး ထျန်းရုန်ရဲ့ စူပါအကြောင်းအရာတွေကို ရှာဖွေကာ တစ်ခါတစ်ခါ ရယ်သံတွေ ထွက်ထွက်လာသည်။