အခန်း ၁၂၂
Vol. 10 Ch. 122
စုချန်ယန် သူမရဲ့ Weibo ပင်မစာမျက်နှာကို ပြန်နှိပ်လိုက်တာနဲ့ သူမရဲ့ ပရိသတ်တွေက ငါးသန်းကျော်ကနေ ခြောက်သန်းနား ကပ်လာသည်။
ကိုယ်စားပြုအလုပ်မပါတဲ့ သရုပ်ဆောင်အသစ်တစ်ယောက်အနေနဲ့ စုချန်ယန် အတွက် ပရိသတ်တွေ အများကြီးရှိဖို့ဆိုတာ မကြုံစဖူးပါပင်။
ဒီအဖြစ်အပျက်ဖြစ်ပွားပြီးကတည်းက စုချန်ယန်က ဘာမှတုန့်ပြန်မှု မပြုလုပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူမရဲ့ခံစားချက်တွေကို ချက်ခြင်းထုတ်ပြချင်နေပြီဖြစ်သည်။
သူမက အခြားသူတွေလိုမျိုးအပိုင်းသုံး ပရိုမိုးရှင်းအတွက် လူကိုးယောက်ပါတဲ့ group ပုံကို ကော်ပီယူပြီး <Sludge >အတွက်လည်း တင်လိုက်သည်။
ဓာတ်ပုံတွေကို ရွေးလို့ပြီးတော့ စုချန်ယန်က တည်းဖြတ်တဲ့ စာမျက်နှာဆီပြန်လာတော့ တိုက်တိုက်ဆိုင်ဆိုင် သူမနဲ့ လင်းယွီတို့ရဲ့ တစ်ခုတည်းသောအဖွဲ့ဓာတ်ပုံဟာလည်း အလယ်မှာရှိနေသည်။
စုချန်ယန်မှာ သိပ်သိသာနေလားလို့ တွေးမိပြီး တုံ့ဆိုင်းနေပေမယ့် နောက်တော့ ဒါကဓာတ်ပုံသက်သက်ပါဘဲ ကိစ္စမရှိပါဘူးလို့ ခံစားလိုက်ရသည်။
Weibo ပို့စ်တင်ပြီးတဲ့နောက်မှာ စုချန်ယန်ရဲ့ ရက်ထဲမှာပူနွေးနေတဲ့မီးနဲ့ ရေဆူအောင်တည်ထားသလိုမျိုး ဆူပွက်တာကို ဘယ်တော့မှ မရပ်တန့်နိုင်တော့မှန်းသူမ ခံစားလိုက်ရသည်။
ဒါပေမယ့် ဘာဖြစ်လဲ? ရေက သူမရင်ထဲမှာဘဲ ဆူပွက်နေမယ်ဆိုတာ သူမယုံကြည်ချက်ရှိသည်။
အဲဒီညက စုချန်ယန်နဲ့ ရှောင်လုတို့နှစ်ယောက်မှာ အရမ်းနောက်ကျမှ အိပ်ပျော်သွားသည်။
မနက်အစောစောမှာ တံခါးခေါက်သံကြားတော့ နှစ်ယောက်လုံး အိပ်ပျော်နေရာမှ လန့်ဖျပ်ခနဲ လန့်နိုးလာသည်။
ရှောင်လုမှာ မနေ့ညက စုချန်ယန်ထက် နောက်ကျတဲ့အထိနေခဲ့တာ ကြောင့် မျက်လုံးတောင်မဖွင့်နိုင်တဲ့အတွက် စုချန်ယန်ပဲ တံခါးသွားဖွင့်လိုက်သည်။
စုချန်ယန်မှာ အိပ်ငိုက်နေတဲ့ မျက်လုံးတွေကို ပွတ်သပ်ကာ အိမ်ရှေ့တံခါးဆီ လျှောက်သွားလိုက်သည်။ သူမဖွင့်ကြည့်လိုက်တော့ သူမမျက်လုံးတွေက မှုန်ဝါးဝါးဖြစ်နေပြီး တံခါးဝမှာ အရိပ်တစ်ခုရှိနေသည်။ အဲ့ဒီလူက လင်းယွီဖြစ်ဆိုတာကို သူမသိလိုက်ရပြီးတော့ ဆံပင်ကို ဆွဲလိုက်ကာ "မန်နေဂျာ လင်း၊ ဘာလို့ ဒီကို ရောက်နေတာလဲ?"
လင်းယွီက အဖြူရောင် suitကို ၀တ်ထားပြီး အနံ့အရသာရှိတဲ့ ပေါက်စီတွေပါတဲ့ ပလတ်စတစ်အိတ်ကို ကိုင်ခားကာ လက်တစ်ဖက်မှာတော့ စုချန်ယန်နာမည်မသိတဲ့ ပန်းတစ်ပွင့်ကို ကိုင်ထားသည်။
"မနက်စာစားဖို့ လာခဲ့တာ" လင်းယွီက ပြောလာသည်။
စုချန်ယန်က သူ့ကိုအထဲခေါ်လိုက်ပြီး လင်းယွီကပန်းတွေကို ဘေးမှာထားလိုက်ကာ ပလတ်စတစ်အိတ်နဲ့အတူ မီးဖိုချောင်ထဲကို လှမ်းဝင်လိုက်သည်။ ပေါက်စီတွေကို ပန်းကန်ပြားတစ်ခုထဲထည့်ကာ စားပွဲပေါ်တင်လိုက်သည်။
စုချန်ယန်က တစ်နေရာထဲမှာဘဲ ရူးကြောင်ကြောင်နဲ့ ရပ်နေတာကို မြင်တော့ လင်းယွီက ပြုံးပြီး ပြောလိုက်သည်။ “မင်း ဗိုက်ဆာနေပြီလား? ရေမိုးချိုး အဝတ်အစားလဲပြီးရင် လာဆင်းစား"
“…အိုး"
စုချန်ယန်က ရေချိုးဖို့ ရေချိုးခန်းဆီ လှည့်ဝင်သွားလိုက်သည်။ သူမ ဧည့်ခန်းထဲပြန်ရောက်တော့ ရှောင်လုက နိုးနေပြီဖြစ်ကာ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို လင်းယွီနဲ့ ပြန်ပြောနေပြီး ဗီဒီယိုနဲ့ စောင့်ကြည့်ရေးမှတ်တမ်းတွေကို ဘယ်လိုရလာလဲဆိုတာ မေးနေသည်။
လင်းယွီ - “ဒီဗီဒီယိုကို Miss ထျန်းရဲ့ လက်ထောက်က ရိုက်ကူးထားတာ ဖမ်းမိသွားတယ်။ သူ့ဆီကဝယ်ဖို့ ပိုက်ဆံနည်းနည်းသုံးလိုက်တယ်။ စောင့်ကြည့်ကင်မရာကဟာကတော့… အဲ့ဒီဟိုတယ် ကျန်းရှစ်ချီ အဖေကုမ္ပဏီက ပိုင်တာ။ လွန်ခဲ့တဲ့ ရက်လောက်က သူငါ့ကိုလာရှာပြီးပေးခဲ့တာ'
ရှောင်လုက အံ့သြသွားပြီး ပြောလိုက်သည်။ " ဟိုတယ်က ကျန်းရှစ်ချီတို့ မိသားစု ပိုင်တာလား?"
“ငါလည်း သိပ်မသိဘူး။ ဒါက သူတို့ရဲ့ လုပ်ငန်းတွေထဲက တစ်ခုလည်း ဖြစ်နိုင်တယ်” လင်းယွီက ပြန်ဖြေလာသည်။
စုချန်ယန်က သူတို့နှစ်ယောက်ကြားက စကားဝိုင်းကို ကြားလိုက်ရပြီး ကျန်းရှစ်ချီကို နောက်မှ ကျေးဇူးသွားတင်ရမယ်လို့ တွေးလိုက်သည်။
သူမဒီကမ္ဘာကို ရောက်လာကတည်းက အရမ်းကံကောင်းနေပြီး ကြိုးစားစရာမလိုဘဲ အနိုင်ရနိုင်တယ်ဆိုတာ သိလိုက်ရသည်။
ဒီခံစားချက်က သူမအတွက် ဆုံးရှုံးမှုရော စိတ်အေးမှုရော နှစ်ခုလုံးကိုပါ ခံစားလိုက်ရသည်။
အထူးသဖြင့် သူမ ပတ်ဝန်းကျင်ရှိလူတိုင်းက အရမ်းကောင်းနေကြတဲ့အခါ သူမဟာ သူတို့ရဲ့ကြင်နာမှုနဲ့ ထိုက်တန်လား မထိုက်တန်ဘူးလားဆိုတာ မတတ်နိုင်ဘဲ တွေးမိသည်။
မနက်စာ အတူတူစားလို့ပြီးတော့ လင်းယွီက ကုမ္ပဏီကို ပြန်သွားသည်။
ရှောင်လုရဲ့ အဆိုအရ ဒီအတောအတွင်း သူတို့ရဲ့ တံခါးကို ဇာတ်ညွှန်းတွေနဲ့ ထောက်ခံချက်တွေ များစွာ လာခေါက်တဲ့အတွက် လင်းယွီက အဲ့ဒါတွေကို ကိုယ်တိုင်ကိုယ်ကျ စိစစ်ဖို့ လိုနေသည်။ ထောက်ခံချက်နည်းနည်းကို အရင်လက်ခံပြီးနောက်မှ သရုပ်ဆောင်မှာ ပါဝင်ဖို့ စဉ်းစားမည်ဖြစ်သည်။
မနေ့ညက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် Weibo မှာ <Sludge> အဖွဲ့သားတွေ အကြောင်း မြင့်တက်နေသည်။ သူတို့က ရိုက်ကူးရေးပြီးစီးကြောင်း အချိန်နဲ့တစ်ပြေးညီ ကြေညာလာသည်။
ဒီဇာတ်ကားကို သူတို့တစ်ဝက်လောက် ရိုက်နေတုန်း နိုဝင်ဘာလမှာ ထုတ်လွှင့်ဖို့ စီစဉ်ထားပြီးပြီ ဖြစ်သည်။ ဒါကြောင့် ထျန်းရုန်ထွက်သွားတဲ့အခါ သူတို့ အရမ်းစိုးရိမ်ခဲ့ရသည်။ သူတို့အတွက် နောက်ပိုင်းတည်းဖြတ်တာ၊ နာမည်ရိုက်တာနဲ့ ပရိုမိုးရှင်းလှုပ်ရှားမှုတွေ ပြုလုပ်ဖို့အတွက် အနည်းဆုံး အချိန်တစ်လလောက် လိုအပ်သည်။
<Travel> စတုတ္ထအပိုင်းကို ယခင်အပိုင်း ထုတ်လွှင့်ပြီးတဲ့နေ့မှာ ရိုက်ကူးမှာကြောင့် ဒီနေ့တော့ စုချန်ယန်မှာ ဘာမှလုပ်စရာမရှိပေ။
နေ့ခင်းဘက်မှာ သူမက ကျန်းရှစ်ချီနဲ့ ခဏလောက် စကားပြောလိုက်သည်။ သူမရဲ့မန်နေဂျာက သူမဖုန်းကို လုယူသွားပြီး သူမရဲ့ ဆိုရှယ်မီဒီယာစကားဝှက်တွေအားလုံးကို ပြောင်းထားတာကြောင့် ရက်အနည်းငယ်ကြာအောင် ဆက်သွယ်လို့မရခဲ့ဘူးလို့ ကျန်းရှစ်ချီက ဆိုလာသည်။ ရဲကိုအကြောင်းကြားပြီးမှ သူမပြန်ရလာခဲ့တာဖြစ်သည်။
မနက်ဖြန် အစီအစဉ်ကို ရိုက်ကူးတော့မှာမို့ ဒီနေ့မှာတော့ လုပ်စရာတွေ အများကြီး မရှိပေ။ ဟန်စုန့်ရွှယ်က group ချက်ထဲတွင် တော်တော်လေး စိတ်ချမ်းသာနေသည်။ မနေ့ညက လင်းယွီဗီဒီယိုဖိုင်ကို တင်ခဲ့ပြီးတဲ့နောက်မှာ သူမရဲ့ ချစ်စရာကောင်းမှုကို ချီးကျူးထားတဲ့ ပရိသတ်တွေ 400,000 ကျော် တိုးလာခဲ့သည်။
ကျန်းရှစ်ချီက လှောင်လိုက်သည်။ "ဆောရီးဘဲ မနေ့ညက ငါ့ပရိသတ်တွေက 700,000 နီးပါး တိုးလာတယ်"
အဖွဲ့ထဲက တခြားလူတွေဟာလည်း ပိုက်ဆံအများကြီးရတာကြောင့် လူတိုင်းက အရမ်းပျော်နေပုံရသည်။
စုချန်ယန်က လျှိုဝမ်၊ ထန်ယွဲ့တို့နဲ့ ခဏလောက် စကားပြောလိုက်သည်။ သူတို့နှစ်ယောက်မှာ လွန်ခဲ့တဲ့ရက်က စုချန်ယန်ရဲ့အခြေအနေကို မေးမြန်းခဲ့ပေမယ့် စုချန်ယန်က ဖုန်းကို သိပ်ပြီးမစစ်ဆေးခဲ့ရတဲ့အတွက် အကြောင်းမပြန်ခဲ့ရပေ။
သူမ စာပြန်ပို့လာတာတွေ့တော့ နှစ်ယောက်သားက ပြုံးလိုက်ပြီး မနေ့ညက မက်ဆေ့ချ်ကို တွေ့ခဲ့ကြောင်း ပြောလာသည်။ နောက်ဆုံးတော့ စုချန်ယန်လည်း Weibo တွင် ထန်ယွဲ့နဲ့ အပြန်အလှန် တုံ့ပြန်လိုက်သည်။
ထန်ယွဲ့ကလည်း ဒီတစ်လော ကောင်းကောင်းမွန်မွန်လုပ်ဆောင်ခဲ့တဲ့အတွက် နှစ်ယောက်သား အချိန်ရရင် လမ်းဘေးစာ အတူတူစားကြဖို့ သဘောတူလိုက်သည်။
မွန်းလွဲပိုင်းတွင်စုချန်ယန်နဲ့ ရှောင်လုတို့က Gym မှာ အချိန်ဖြုန်းလိုက်ကြသည်။
ဒီတစ်လော လင်းယွီက သူမရဲ့အစားအသောက်ကို များများစားစား ထိန်းဖို့ အတင်းအကြပ် မလုပ်ခဲ့တဲ့အတွက် မျှော်လင့်ထားတဲ့အတိုင်း စုချန်ယန်လည်း ပေါင်နည်းနည်းတက်လာခဲ့သည်။
Gym မှာ အချိန်နည်းနည်းဖြုန်းပြီးတောါ ညစာစားခါနီးမှ အိမ်ပြန်ရောက်လာကြပြီး ရှောင်လုက သူတို့အတွက် ထမင်းဟင်းချက်လိုက်သည်။ နောက်တော့ နှစ်ယောက်သား <Travel> ရဲ့တတိယအပိုင်းကို ပရိုဂျက်တာကနေ ကြည့်ဖို့လုပ်လိုက်ကြသည်။
တိုက်တိုက်ဆိုင်ဆိုင်ဘဲ မမျှော်လင့်ထားတဲ့အခိုက်အတန့်မှာ သူတို့သုံးနေတဲ့ ဗီဒီယိုပလက်ဖောင်းက ကျသွားသည်။
စီစဉ်ထားတဲ့ ထုတ်လွှင့်ချိန်ကုန်သွား ပေမယ့်လည်း <Travel> ရဲ့ တတိယအပိုင်းကို အပ်ဒိတ်မလုပ်လာသေးသလို ဒေါသထွက်နေတဲ့ အင်တာနက်အသုံးပြုသူ တွေဟာလည်း ဗီဒီယိုပလက်ဖောင်းနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေက Weiboမှာ ပြည့်သွားခဲ့သည်။
နောက်ဆုံးမှာ လူအုပ်ကြီးရဲ့ ဒေါသထွက်နေတဲ့ ဝေဖန်မှု တွေကြားထဲတွင် ဗီဒီယိုပလက်ဖောင်းကနေ သူတို့ရဲ့တတိယအပိုင်းကို ထုတ်လွှင့်ခဲ့ပေမယ့် လူတိုင်းကို အံ့အားသင့်စေတဲ့အရာမှာ အပိုင်းနှစ်ပိုင်းကို တစ်ပြိုင်နက် ထုတ်လွှင့်လာတာ ဖြစ်သည်။ အပိုင်းတစ်ပိုင်းနဲ့ အောက်မှာတစ်ပိုင်းပင်၊ အပိုင်းတစ်ခုစီရဲ့ကြာချိန်မှာလည်း မတိုပေ။
အပိုင်းနှစ်ပိုင်းကို ရုတ်တရက် အပ်ဒိတ်လုပ်ပြီးတဲ့နောက်၊ ခုနက ဗီဒီယိုပလက်ဖောင်းကို ကျိန်ဆဲခဲ့ကြတဲ့ အင်တာနက် အသုံးပြုသူတွေကလည်း တစ်ဖက်လှည့်လာကာ ကောင်းကင်လောက်ထိ ချီးကျူးလာကြပြန်သည်။
တတိယအပိုင်းကို စပွန်ဆာတစ်ဦးဆီက ကြော်ငြာကဏ္ဍတစ်ခုနဲ့ စတင်ခဲ့ပြီး၊ နောက်တော့ ဖန်သားပြင်ကမည်းသွားကာ အနက်ရောင်နံပါတ်တစ်လိုင်းက စခရင်တစ်ခုလုံးတွင် အရူးအမူးလှုပ်ရှားလာပြီး variety show တွင် ထန်ချီဝေဖန်ခံရတဲ့နေ့ကို သတိရသွားစေသည်။
"အစ်မချန်ယန်၊ အစ်မ ထျန်ချီ တကယ်အဲ့ဒီလိုလုပ်ခဲ့တယ်လို့ထင်လား?"
ချင်ယို့ရဲ့ အသံထွက်လာပြီး နောက်တစ်ခဏမှာ ဗွီဒီယိုတစ်ခု ပေါ်လာသည်။
စုချန်ယန်နဲ့ ချင်ယို့မှာ ကားထဲတွင် ထိုင်နေကြပြီး ထန်ချီအကြောင်း ဆွေးနွေးနေကြသည်။
မှတ်ချက်တွေက တရစပ်တက်လာသည် -
[စခရင် ဖွင့်ဖွင့်ချင်း အလှနဲ့ တိုက်ခိုက်တယ်!]
[ငန်းမလေး အရမ်းလှတယ်!]
[ယို့ယို့က အွန်လိုင်းသင်တန်းတက်နေတာတောင်မှ သူ့အစ်မရှေ့မှာ အရမ်းကို နာခံတာဘဲ။ ကလေးက အရမ်းအလေးအနက်ထားတာဘဲ]
[ငါ့ကို ဆွဲထားကြပါ၊ ငါ့ရဲ့ရတနာနှစ်ပါး]
. . . .
နှစ်ယောက်သား ပုံမှန်အတိုင်း ခဏလောက် စကားစမြည်ပြောကြပြီးတဲ့နောက် ထန်ချီနဲ့ ဟန်စုန့်ရွှယ်တို့က ကားအပြင်ဘက်ကနေ ဖြည်းဖြည်းချင်း အနားရောက်လာတာကို ကင်မရာက ပြလာသည်။
ရုတ်တရက်၊ စပယ်ရှယ် effectနဲ့ "အန္တရာယ်က ချဉ်းကပ်လာ" ဆိုပြိး စခရင်ပေါ်မှာ ပေါ်လာသည်။
ဟန်စုန့်ရွှယ် ရဲ့အသံကိုကြားတော့ စုချန်ယန်က မိုးကြိုးပစ်လိုက်သလို ကားထဲကန ခုန်ဆင်းသွားသည။
"အစ်မ စိတ်မပူပါနဲ့ ကျွန်မသေချာ...ဝူး!"
ဟန်စုန့်ရွှယ် စကားမဆုံးသေးခင် စုချန်ယန်က သူမရဲ့ ပါးစပ်နဲ့ နှာခေါင်းကို အနာက်ကန ပိတ်ကာ ဆွဲလိုက်သည်။
မှတ်ချက်တွေ တရစပ်တက်လာပြန်သည် -
[ဟာဟားဟား]
[ဟန်စုန့်ရွှယ်ရေ ဘာမှမပြောပါနဲ့၊ မီးထဲ လောင်စာထည့်လိုက်သလိုဖြစ်သွားမှာ သေချာပေါက်ဘဲ]
[ငန်းမလေးက အရမ်းတော်တယ်]
. . . .
စုချန်ယန်က ကားပေါ်ပြန်မတက်ခင် သူ့ကိုဝေဖန်ကာ ပညာပေးဖို့ လူကို အနောက်ဆီ ဆွဲခေါ်သွားသည်။
ရယ်သံတွေ တရစပ်ထွက်လာပြန်သည်။
ခရီးနေရာဆီသွားကြတဲ့ ဧည့်သည်တွေရဲ့ ရိုက်ချက်တွေ သိပ်အများကြီး မပါပါချေ။
ခရီးဆုံးဆီရောက်တဲ့အခါ လက်ထောက်ဒါရိုက်တာက စီချွမ်ရဲ့ အထူးပြုလုပ်ချက်တွေနဲ့ မိတ်ဆက်ပေးပြီး လူတိုင်းက ကြွက်သားကြီးကြီးနဲ့ ချီဖုကို စီချွမ်စကားနဲ့ စကားလုံးတွေကို ထပ်ခါတလဲလဲ ပြောခိုင်းသည်။ လုံးဝကို ရူးသွပ်စရာကောင်းပြီး စုချန်ယန်တောင် "ဟာ" ဆိုတဲ့ စကားလုံးကို မမှတ်မိသလောက်ဖြစ်သွားရသည်။
ဒါပေမယ့် ညစာမစားခင် ဂိမ်းကစားချိန်မှာတော့ တခြားသူတွေက ထန်ချီနဲ့ ပူးပေါင်းပြီး ဂိမ်းကနေ သူမဖြစ်ပျက်ခဲ့တာတွေကို ဝန်ခံတဲ့အခါ လူတိုင်းက မျက်ရည်မကျဘဲ မနေနိုင်ကြတော့ချေ။
ညစာစားပြီးတဲ့အခါ အားလုံးက အခန်းဆီ ပြန်ကြသည်။ မတူညီသော ကင်မရာ ရှုထောင့်ကိုးခုကို ပြထားပြီး ဧည့်သည်တစ်ဦးစီက ထန်ချီရဲ့ ဝန်ခံမှုအပေါ် အင်တာနက်အသုံးပြုသူတွေရဲ့သဘောထားကြောင့် ထန်ချီရှိုးမှာ ဆက်နေနိုင်ပါ့မလားဆိုတာကိုသိနိုင်ဖို့ တတ်နိုင်သမျှ အမြန်ဆုံးသိချင်နေကြသည်။
"သူတို့ဘာတွေပြောနေကြလဲ? ငါ့ကို ကျိန်ဆဲနေကြတာလား?" ထန်ချီက ဖုန်းကို ဘေးဘက်ပစ်ချလိုက်ပြီး စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။
မန်နေဂျာ- "သူတို့က မင်းကို ကျိန်ဆဲနေကြတယ်"
"…ဘယ်လောက်များလဲ?"
“တော်တော်များတယ်”
"သူတို့က ဘာကို ကျိန်ဆဲနေတာလဲ?"
"မင်း ဦးနှောက်ထဲမှာ ရေတွေဘဲ ရှိတယ်လို့ ပြောနေကြတယ်"
"အရှုံးသမားက ထိပ်တန်းအဆင့်ကို မမှန်းနဲ့တဲ့"
ထန်ချီ - "?"
တရစပ်မှတ်ချက်များ -
[ဟားဟားဟား LOL]
[တောင်ပေါ်မှာ မျှစ်တွေ အကုန်ယူထားတာ ]
[အင်တာနက်သမားတွေက ကြမ်းလိုက်တာ]
[အစ်မထန်ချီရဲ့ မကောင်းတဲ့လူကို ထောင်ထဲ ပို့နိုင်မယ်လို့ မျှော်လင့်တယ်]