← Chapters

အခန်း ၁၂၃

Vol. 10 Ch. 123

အခန်း ၁၂၃

Vol. 10 Ch. 123

အကြောင်းအရာရဲ့ပထမတစ်ဝက်က အရမ်းလိုက်ဖက်ညီ‌နေပြီး ပရိတ်သတ်တွေရဲ့ တုံ့ပြန်မှုမှာလည်း ပုံမှန်ဘဲဖြစ်သည်။ ဘယ်သူကမှ ထျန်းရုန် အကြောင်း သိပ်မပြောကြပေ။

ညဈေးတွင် စျေးဆိုင်တွေ အတူတူခင်းကြပြီး စုချန်ယန်နဲ့ ကျန်းရှစ်ချီတို့ရဲ့ နေရာကို ပြလိုက်တဲ့ အခါမှာ‌တော့ တရစပ်ပေါက်ကွဲသွားသည်။

[သေစမ်း!! အဲဒီညက သူတို့ရဲ့ တဲနားကို ဖြတ်သွားခဲ့သေးတယ်]

[အစ်မ တကယ်တော့ အဝတ်အစားပြောင်းဝတ်ပြီး စည်းကမ်းဖောက်တာဘဲ]

[အို ဘုရားရေ၊ ငါ့မောင်လေး အဲဒီနေ့ညက သူတို့ဆိုင်ကနေ အရုပ်ကားတစ်စီး ဝယ်ခဲ့တယ်]

[အား၊ ငါ့ကောင်မလေးကို ငါ့မျက်လုံးတွေနဲ့ ကိုယ်တိုင်မြင်ရမယ့် အခွင့်အရေးလွတ်သွားပြီ။ ငါ့အိမ်က အဲ့ဒီဘေးမှာ]

[သေစမ်း! ငါက အဲ့ဒီဘေးက အိမ်မွေးတိရိစ္ဆာန်ဆိုင်က ဆိုင်ရှင်အမျိုးသမီးဘဲ! ငါသေပြီ၊ သွားပါပြီ]

. . . .

တရစပ်တက်လာတဲ့ မှတ်ချက်တွေကို မြင်လိုက်ရတော့ ရှောင်လုမှာ မတ်တပ် တောင်မရပ်နိုင်လောက်အောင် ရယ်မောလိုက်သည်။

ထျန်းရုန် ပေါ်လာတဲ့အခိုက်မှာ‌တော့ လိုက်လျောညီထွေဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ လေထုဟာ ပြောင်းလဲသွားသည်။ ကနဦးတွင်၊ <Travel> ရဲ့ တတိယအပိုင်းက ထျန်းရုန်ရဲ့အပိုင်းတွေကို ဖြတ်လိုက်မယ်လို့ အင်တာနက်အသုံးပြုသူ အများအပြားက ထင်ထားခဲ့ကြသည်။

သို့ပေမယ့် ထျန်းရုန်ရဲ့ ရှိုးတွင်း တွေ့ကြုံခဲ့ရသည်များကို သိချင်ကြသလို သူမရဲ့ရယ်စရာကောင်းတဲ့ အခိုက်အတန့် တွေကိုလည်း ကြည့်ချင်ကြသေးသည်။ အဆုံးမှာ ပရိုဂရမ်အဖွဲ့က ထျန်းရုန်ရဲ့အပိုင်းကို ဒီတိုင်းထားဖို့ ဆုံးဖြတ်လိုက်ကြသည်။

[ဟမ်း...]

[ငါတော့ သိပ်မကြာခင်မှာ အရမ်းပျော်နေပြီ]

[ငါနောင်တရတယ်။ ပျော်စရာ ကောင်းတာတစ်ခုခုကို မြင်ချင်နေသေးတယ်]

[ချန်ယန်နဲ့ ဝေးဝေးမှာနေ၊ ဒီမိန်းမတော့!]

[အာ...ငါသူ့ကိုမြင်တဲ့အချိန်တိုင်း အော်ဂလီဆန်တယ်။ ဒါက သူ့ကိုစခရင်ပေါ်မှာ နောက်ဆုံးအကြိမ်မြင်ရတာဖြစ်ပါစေလို့ ငါမျှော်လင့်တယ်]

. . . .

ထျန်းရုန် ပေါ်လာတဲ့အချိန်တိုင်း ပရိတ်သတ်တွေက အမြန်ဆွဲချကြပြီး ကြည့်ရှုသူတွေဟာလည်း စာအုပ်တွေနဲ့ စခရင်ကို ကာကြသည်။

စုချန်ယန် နည်းနည်း ငိုက်မျဉ်းစပြုလာချိန်တွင် ရှောင်လုက ပျော်ရွှင်စွာနဲ့ရယ်မောလိုက်သည်။

ကံကောင်းစွာနဲ့ ထျန်းရုန်က အချိန်အကြာကြီးမပေါ်လာဘဲ ပြန်ပြီး လိုက်လျောညီထွေတဲ့ အခြေအနေကို ပြန်ရောပ်လာသည်။

စုချန်ယန်တို့အဖွဲ့က ဖျော်ဖြေရေးအစီအစဉ်မရှိတဲ့ တစ်ခုတည်းသောအဖွဲ့ဖြစ်ပေမယ့် နောက်နေ့မှာတော့ ရှုခင်းသာနေရာကို ဘတ်စ်ကားစီးပြီး သက်ကြီးရွယ်အိုတွေအတွက် လျှပ်စစ်သုံးဘီးဆိုင်ကယ်ကို ရွေးလိုက်ရသည်။

[ငန်းမလေးရဲ့ သုံးဘီးဆိုင်ကယ်နောက်မှာ ထိုင်ချင်တယ်]

[ထျန်းရုန်သာ မပါရင် ဒီအပိုင်းက အရမ်းပျော်ဖို့ကောင်းမှာ]

[ဒီလိုရှိုးမျိုး ငါတစ်သက်လုံးကြည့်နိုင်တယ်!]

. . . .

မျှော်လင့်ထားတဲ့အတိုင်း စုချန်ယန်တို့အဖွဲ့က ရှုခင်းသာနေရာဆီ နောက်ဆုံးမှရောက်လာသည်။

[ ငါ့ကောင်မလေး သုံးဘီးဆိုင်ကယ်ပေါ်က ဆင်းတဲ့ မြင်ကွင်းကို လူတိုင်းပြန်သွားကြည့်ကြည့်]

[ဟာဟား၊ သူတို့တွေ လမ်းမှာ တစ်ခုခု တိတ်တိတ်လေး စားခဲ့ကြတာလား? နှုတ်ခမ်းပေါ်မှာ အကြွင်းအကျန်တွေ ရှိနေတယ်]

[လမ်းပေါ်က ဗီဒီယိုဖိုင်ကို အမြန်တင်ပေးပါ! အလုပ်ချိန်မှာ မုန့်စားနေတဲ့ သူတို့ကို သတင်းပို့တယ်!]

[ဟားဟားဟား စုချန်ယန်က သူ့ပါးစပ်ကို တိတ်တိတ်လေး သုတ်လိုက်တယ်!]

. . . .

ရှုခင်းသာနေရာကို ရောက်လာတော့ လက်ထောက်ဒါရိုက်တာက စာကြောင်းနည်းနည်းနဲ့ မိတ်ဆက်ပေးပြီး ambassador ကို စင်ပေါ်တက်ဖို့ ဖိတ်ခေါ်လိုက်သည်။

[ကြိုတင်သတိပေးချက်၊ ကိုယ်တိုင်ဆင်ဆာဖြတ်ပါ!]

[ချွန်းလင် တောင်တော့ ကြီးကြီးမားမား ဆုံးရှုံးလိုက်ရပြီး ambassador ကလည်း သူ့ရဲ့ပုံရိပ်ကို ညှိုးနွမ်းစေတယ်]

[ချွန်းလင်တောင် - ကျွန်တော်တို့ ငါးပါးမှောက်သွားတယ်]

[ချွန်းလင်တောင်ကို တိုးတက်အောက် လုပ်တဲ့သူတွေကဒီနေရာမှာ အကြီးဆုံးနစ်နာသူတွေဘဲ!]

[(ငါ့ခေါင်းကို ကာထား) ရိုးရိုးသားသားပြောရရင် ဒါက ကြည့်ကောင်းတယ် ဆိုတာမျိုးဘဲ]

[ကြည့်ကောင်းတယ်ဆိုရင်တောင် သူတို့က အလကားလူတွေဘဲ။ Starlight Entertainment သာကောင်းကောင်း မစွမ်းဆောင်နိုင်ခဲ့ရင် Baby ယန်နဲ့ တခြားဧည့်သည်တွေ ဝေဖန်ခံရလိမ့်မယ်]

[ကိုယ့်နာမည်ဆေးကြောဖို့ တခြားသူတွေကို ဆွဲချတာက တကယ် ရွံ့စရာပဲ။ ချန်ယန်ကို ပထမတစ်ခေါက် နာကျင်အောင် လုပ်ခဲ့ပြီးပြီ၊ အခု ဒုတိယ အကြိမ် သူ့ကို နာကျင်အောင် လုပ်ချင်နေသေးတာလား?]

[Starlight Entertainment ကို ထပ်ပြီး ချီးကျူးရမယ်၊ သူတို့က အံ့သြစရာပဲ!]

. . . .

ထျန်းရုန် ပေါ်လာသည်နှင့် ပရိတ်သတ်တွေဆီကနေ အသံအမျိုးမျိုး ထွက်လာသည်။ အသံတွေက သိပ်မကျယ်ပေမယ့် ပရိတ်သတ်တွေကြားထဲမှာတော့ သွေးချောင်းစီးခဲ့ကြသည်။ အချို့က တမင်ပြဿနာရှာပြီး အာရုံစိုက်ခံချင်ကြသည်။

ကဗျာဂိမ်းကစားတဲ့ အပိုင်းကိုရောက်တော့ ပရိတ်သတ်တွေက နည်းနည်း တိတ်ဆိတ်သွားသည်။

[ပရိုဂရမ်အဖွဲ့က ငါ့ကောင်မလေးကို တကယ် ကူညီပေးတာဘဲ။ သူ့ရဲ့ ကဗျာက အရမ်းရိုးရှင်းတယ်]

[ ယို့ယို့က အံ့ဩစရာပဲ! သူက တကယ့်ပညာရပ်ဆိုင်ရာ ပါရမီရှင်တစ်ယောက်ဘဲ]

ဂိမ်းရဲ့နောက်ဆုံးအနိုင်ရရှိသူ သုံးဦးမှာ ချင်ယို့၊ ကျန်းရှစ်ချီနဲ့ စုန့်မင်ကန်တို့ဖြစ်သည်။ ကေဘယ်လ်ကားကို အတူတူစီးမယ့် ဧည့်သည် ရွေးဖို့ အလှည့်ကျတဲ့အခါ၊ မှတ်ချက်တွေက တက်လာပြန်သည်။

[မျက်စိစုံမှိတ် ခန့်မှန်းကြည့်မယ်၊ အဲ့ဒီ ထျန်းဆိုတဲ့နာမည်နဲ့ လူသစ်ကိုဘယ်သူမှ ရွေးကြမှာ မဟုတ်ဘူး]

[နောက်ဆုံးမှာ သူက ambassadorနဲ့ လူသစ်တစ်‌ယောက်ပဲလေ။ ဒီလို ၀တ်စုံဝတ်ပြီး တောင်ပေါ်တက်ခိုင်းတာ မသင့်တော်ဘူး။ သူတို့မှာ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး နည်းနည်းရှိမယ်ဆိုရင် သူ့ကို ရွေးလိမ့်မယ်]

[Fun fact- ထန်ချီမရှိတော့ သူတို့ရဲ့ ပျမ်းမျှ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးက အနုတ်လက္ခဏာပဲ]

[အရမ်းရယ်နေရပြီ။ ထျန်းရုန်က သူ ကောင်း‌ကောင်းမွန်မွန် ဆက်ဆံခံရလိမ့်မယ်လို့ သေချာပေါက် ထင်ထားလိမ့်မယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးရှိတဲ့ ထန်ချီတစ်ယောက် ခုနကဘဲ ထွက်သွားလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး ထင်တယ်]

. . . .

"...ကျန်းရှစ်ချီက သူနဲ့အတူ ကေဘယ်ကားစီးဖို့ ရွေးလိုက်တဲ့သူကတော့ - စုချန်ယန်ပါ!"

မှတ်ချက်တွေ တရစပ်တက်လာသည် -

[သူ ထျန်းရုန်ကို ရွေးမယ်လို့ ထင်ခဲ့တာ]

[ဟုတ်တယ်! လူကို ဘယ်လိုပဲ တသီးတခြားဖယ်ထားပါစေ ငန်းမလေးရဲ့ ကျက်သရေကို ရှောင်လွှဲလို့ မရဘူး]

"ချင်ယို့က သူနဲ့အတူ ကေဘယ်ကားစီးဖို့ ရွေးခဲ့တဲ့သူကတော့ - ထပ်ပြီး စုချန်ယန်ပါဘဲ!"

မှတ်ချက်တွေ တရစပ်တက်လာသည် -

[ယို့ယို့က အစ်မ ချန်ယန်ကို တကယ်သဘောကျတဲ့ပုံဘဲ]

[ရုတ်တရက် ငါ အရမ်းဆိုးရွားတဲ့ ခံစားချက်တစ်ခု ခံစားလိုက်ရတယ်....]

[ပညာရှင်ငယ်လေးလည်း ချန်ယန်ကို ရွေးခဲ့တယ်လို့ ထင်တယ်!]

ချင်ယို့က ရှက်သွားတဲ့ပုံပေါ်ကာ - "ညီမကထပ်သွားမှာစိုးလို့ပါ။ ညီမထင်တာ အစ်မရှစ်ချီက...."

ကင်မရာက မတောက်ပနေတော့တဲ့ ထျန်းရုန်ဘက်ဆီ လှည့်သွားသည်။

[ထျန်းရုန် - နင့်ထဲက နတ်ဆိုးကို ငါယုံတယ်]

[ထျန်းရုန် - ငါ့ကိုမရွေးတာ နင်ဦးနှောက်မရှိလို့ဘဲ]

[စိတ်မကောင်းပါဘူး၊ သူတို့တွေက တကယ်ကို ဦးနှောက်မရှိကြပါဘူး]

[ ရုပ်ချောပြီး ဦးနှောက်မရှိတဲ့လူတွေ ကိုကြည့်ရတာ ငါကြိုက်တယ်]

“一 စုချန်ယန်ပါ!”

မျှော်လင့်ထားတဲ့အတိုင်း၊ စုန့်မင်ကန် ရွေးလိုက်တဲ့ဧည့်သည်မှာလည်း စုချန်ယန်ပင်။

စုန့်မင်ကန်က ရှက်သွားပြီး "ရှစ်ချီက Miss ထျန်းကို ရွေးပြီး၊ ရှောင်ယို့က အစ်မဟယ်ရှုကို ရွေးလိုက်မယ်ထင်လို့..."

မှတ်ချက်တွေ တရစပ်တက်လာပြန်သည် -

[ဟားဟားဟား]

[မျှစ်ကိုယူတယ် ဟားဟားဟား]

[ဘယ်သူမှ ထျန်းရုန်ကို မရွေးကြဘူး။ ငါသူ့အစား ရှက်မိတယ်]

[ဒါက သူ့ ပရိသတ်တွေပြောတဲ့ သီးခြားဖယ်ထားတာများလား? အရမ်းရယ်ရတာဘဲ၊ သူ့ကိုဘယ်သူမှ မရွေးကြလို့ သီးခြားဖယ်ထားတာလို့ ပြောတာလား?]

[လူတိုင်းက ချန်ယန်ကိုပဲ ရွေးကြတယ် ဟားဟားဟား]

မှတ်ချက်တွေက လှောင်ရယ်သံတွေက ကျယ်လောင်နေပြီး ပရိုဂရမ်အဖွဲ့က စဥ်းစားဉာဏ်ရှိရှိနဲ့ ထျန်းရုန်ရဲ့မျက်နှာကို အလေးထားရိုက်ပြသည်။

လျင်မြန်စွာ ရွေ့လျားနေတဲ့ မှတ်ချက်တွေက သူမရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို ပိတ်ဆို့သွားပြီး လူတစ်စုက နှစ်ထောင်းအားရဖြစ်သွားသည်။

[ဒါဟာ သူတပါးကို နာကျင်စေအောင်လုပ်ပြီး ပျော်ရွှင်မှုကို ရှာတာများလား? အရမ်းကျေနပ်စရာကောင်းတယ်]

[ငါ အသက်ရှင်နေတယ်၊ ငါအသက်ရှင်နေတယ်၊ ထျန်းရုန် မပျော်မရွှင်ဖြစ်နေသရွေ့ ငါပျော်တယ်]

[သူရှုံးတာကို ကြည့်ရတာ သဘောကျတယ်]

[ကျေးဇူးပြုပြီး ပရိုဂရမ်အဖွဲ့သားတွေရဲ့ ရိုက်ချက်အားလုံးကို ထည့်ပေးလို့ရမလား၊ သူတစ်ယောက်ထဲ ဖြစ်နေတာကို အရမ်းကြည့်ချင်တယ်]

[ဟားဟားဟား၊ variety show ကိုကြည့်ပြီး စိတ်ကျေနပ်ရတာ ဒါပထမဆုံးအကြိမ်ဘဲ]

ဒီအချိန် ပရိတ်သတ်တွေထဲက တစ်ယောက်ယောက်က စိတ်ဝင်စားစရာ တစ်ခုခုကို သတိထားမိသွားသည် -

[မှတ်မိကြလား? နာမည်ထပ်သွားတဲ့ ဧည့်သည် တွေက တစ်‌ယောက်တည်းနဲ့ဘဲ လိုက်လို့ရပြီး ကေဘယ်လ်ကားကိုစီးဖို့ ကျန်ဧည့်သည်တွေကို သူရွေးမယ်လို့ လက်ထောက်ဒါရိုက်တာ ပြောခဲ့တယ်လေ]

[ဖိအားတွေက စုချန်ယန်ဘက် ရောက်လာပြီ]

[ဟာဟားဟား၊ သနားစရာချန်ယန်လေး ဘာတွေဖြစ်နေတာလဲ? သူဘယ်လိုရွေးမှာလဲ?]

[ငန်းမလေးမှာ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး နည်းနည်းရှိတယ်။ သူထျန်းရုန်ကို ချန်ထားလောက်မှာ မဟုတ်ဘူး]

[အိုး...ဟင့်အင်း၊ ထျန်းရုန် ဒုက္ခရောက်နေတာကိုပဲ မြင်ချင်တယ်]

ချက်ချင်းဆိုသလိုပဲ စုချန်ယန်က ဟန်စုန့်ရွှယ်နဲ့ ဟယ်ရှုကို ရွေးလိုက်တာ ပြလာပြီး နောက်ဆုံး စကားတစ်ခွန်း ပစ်ပေးလိုက်သည်။

" Miss ထျန်းက ဒေသခံတစ်ယောက်ဆိုတော့ တောင်ပေါ်က မြေပြင်အနေအထားကို ကောင်းကောင်းသိမှာဘဲ။ ကျေးဇူးပြုပြီး ချီဖုနဲ့ ရှန်ဖုကို ခေါ်သွားပေးပါဦး"

ထျန်းရုန်က အံကိုကြိတ်ကာ ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့”

[ဟားဟားဟား၊ ငါ့မြင်ကွင်းက အရမ်းသေးတာဘဲ]

[ချန်ယန်၊ ချီဖုနဲ့ ရှန်ဖုတို့ မျက်လုံးချင်းဆုံလိုက်တာကို မြင်လိုက်လား? သေအောင်ရယ်ရလိုက်တာ]

[သူတို့ အရမ်းစည်းဝါးကိုက်နေတာဘဲ]

[Miss ထျန်းရဲ့ မျက်နှာကို ကြည့်လိုက် သူ့ရင်ထဲမှာ ငန်းမလေးကို ကျိန်ဆဲနေတာ ဖြစ်လိမ့်မယ်]

[ညီမချန်ယန်က အရမ်းတော်တယ်၊ သူ့ဘာသာသူ တက်သင့်တယ်]

. . . .

ရှိုးက ထုတ်လွှင့်လာတာနဲ့ ထျန်းရုန်ပေါ်လာလေလေ ပရိသတ် တွေရဲ့ စိတ်ခံစားမှုတွေက ပိုပြင်းထန်လာလေပင်။ “#TravelGuestsIsolatingTianRong” က အပိုင်းနှစ်ပိုင်းရဲ့ တစ်ဝက်တစ်ပျက်မှာ hot search ဖြစ်လာသည်။

မသိနားမလည်တဲ့ အင်တာနက် အသုံးပြုသူတွေက အခြားအရှုပ်တော်ပုံ တစ်ခုရှိနေတယ်လို့ ထင်မြင်ကြပေမယ့် အဲ့ဒါကိုနှိပ်လိုက်တဲ့အခါ ဧည့်သည်‌တွေ အနောက်ကထျန်းရုန်ပုံကို စခရင်ရှော့ရိုက်ကာ memes လုပ်နေကြတဲ့လူတစ်စုကို တွေ့လိုက်ရသည်။ ဖြတ်သွားဖြတ်လာတွေက သူတို့ကို ရက်စက်လွန်းဝယ်လို့ ဝေဖန်ကြသည်။

တတိယအပိုင်းရဲ့ အရှိန်မှာ ပထမအပိုင်းနှစ်ပိုင်း ပေါင်းထားတာထက် တိုးလာပြီး ဖျော်ဖြေရေးနယ်ပယ်က နာမည်ကြီး အများအပြားပင် စိတ်လှုပ်ရှားစွာ ကြည့်ရှုကြသည်။

စုချန်ယန်နဲ့ ရှောင်လုတို့က လင်းယွီဆီကနေ ဖုန်းခေါ်ဆိုမှုကို လက်ခံရတဲ့အခါ အနုပညာရှင်များစွာက စုချန်ယန်ကို အာရုံစိုက်နေကြပြီး အတင်းအဖျင်း ပြောဆိုခံရခြင်းမှ ကင်းဝေးစေဖို့ သူတို့ကို ပြန် follow ဖို့ ပြောလိုက်သည်။

စုချန်ယန် Weibo ကိုစစ်ဆေးလိုက်တဲ့အခါ ဖျော်ဖြေရေးနယ်ပယ်က ရင်းနှီးတဲ့မျက်နှာတချို့ကို တွေ့လိုက်ရပြီး သူမရဲ့မှတ်ချက်တွေမှာ အပြန်အလှန်ပြောဆိုနေကြသည်။

စုချန်ယန်က သူတို့ထဲက တချို့‌လောက်ကို ပြန်ဖြေလိုက်သည်။

ဒုတိယအပိုင်းပြီးတဲ့နောက်မှာ <Travel> နဲ့ ဆက်စပ်တဲ့စကားလုံးတွေက hot search မှာပေါ်လာပြီး ဘယ်သူကမှ မအံ့ဩကြတော့ပါချေ။

အပိုင်းနှစ်ပိုင်းကို ကြည့်ရှုပြီးတဲ့နောက်၊ Weibo ကလူတစ်စုမှာ ရှိုးက အရမ်းတိုတယ်ဆိုပြီး ညည်းညူကြကာ မူလဧည့်သည် တွေနဲ့ ရန်ငြိုးရှိတဲ့ ဧည့်သည်တချို့ကို ပရိဂရမ်အဖွဲ့က ဖိတ်ပေးဖို့ မျော်လင့်နေကြသည်။ လူတိုင်းသည် ပျော်စရာတွေကြည့်တာကို နှစ်သက်ကြပြီး အားလုံးက အပျော်ကြိုက်တဲ့သူ‌တွေဖြစ်သည်။

မနေ့ညကတည်းက အစီအစဉ်ထုတ်လွှင့်ချိန်အထိ ထျန်းရုန်နဲ့ ချင်းယန် Entertainment တို့က အွန်လိုင်းလူထုရဲ့ထင်မြင်ချက်ကို တုံ့ပြန်ခြင်းမပြုသလို သူတို့က အေးဆေးကိုင်တွယ်ဖို့ ကြံနေတာလား ဒါမှမဟုတ် ရုန်းကန်နေတာကို ရပ်လိုက်ပြီလားဆိုတာ မရှင်းလင်းပေ။

သို့ပေမယ့် စုချန်ယန်ရဲ့ ခန့်မှန်းချက်အရ ချင်းယန် Entertainment သာ ထျန်းရုန်ကို အနည်းဆုံးနှစ်နှစ်လောက် ထိန်းသိမ်းထားလိုပါက ထျန်းရုန်အနေနဲ့ အရင်းအမြစ် အများအပြားကို ရနိုင်တော့မည်မဟုတ်ဘဲ ကုမ္ပဏီဆီကနေ ခဏလောက် ဖွက်ထားခံရလိမ့်မည်။

ရှောင်လုဒါကိုပြောလာတဲ့အခါ အဲ့ဒီအဖြစ်အပျက်အပြီးမှာ “ထျန်းရုန်” ကိုလည်း ကုမ္ပဏီက ခဏလောက် ဖွက်ထားတာက ကောင်းတယ်လို့ စုချန်ယန်လည်း ထင်သည်။

All Chapters