အခန်း ၁၂၄
Vol. 10 Ch. 124
အဲ့ဒီညမှာ စုချန်ယန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး နောက်တစ်နေ့နံနက်မှာ အစီအစဉ်ရဲ့ စတုတ္ထအပိုင်းကို ရိုက်ကူးဖို့သူမကို ခေါ်သွားသည်။
စုချန်ယန်ရဲ့ ကျော်ကြားမှုမှာမှု တိုးလာ၍ ထောက်ခံအားပေးမှုတွေ ဇာတ်ညွှန်းတွေနဲ့ variety show အသီးသီးက သူမဆီ ချဉ်းကပ်လာတာကြောင့် ဒီတစ်ခေါက်မှာ လင်းယွီက သူမနဲ့အတူ မလိုက်လာနိုင်ပါချေ။
လင်းယွီက စုချန်ယန်ရဲ့ ကိစ္စတွေမှာ နောက်ခံစစ်ဆေးမှုတွေလိုမျိုး အသေးအဖွဲကိစ္စတွေကို ကိုယ်တိုင်ပင် ကိုင်တွယ်ဆောင်ရွက်သည်။ အစီအစဉ်ရိုက်ကူးတာကို စုချန်ယန်နဲ့အတူ သူအတူလိုက်ပေးဖို့ အားလပ်ချိန်မရှိပါချေ။
စုချန်ယန် မသွားခင် သူကိုယ်တိုင်လေဆိပ်ဆီ လိုက်ပို့ပေးခဲ့သည်။
စုချန်ယန်နဲ့ ရှောင်လုက စောင့်ဆိုင်းခန်းမှာ ထိုင်ကာ လင်းယွီရဲ့မသွားခင်တုန်းက ပြောခဲ့တဲ့ ညွှန်ကြားချက်တွေကိုတွေးလိုက်သည်။ ရှောင်လုက မျက်လုံးလှိမ့်လိုက်ပြီး စုချန်ယန်ကို ပြောလိုက်သည်။
"ငါ့ဝမ်းကွဲအစ်ကို အရင်က ဒီလောက်စိတ်ညစ်ဖို့ ကောင်းတယ်ဆိုတာ ငါဘာလို့ မသိခဲ့ရတာလဲ? အစီအစဉ် ရိုက်ကူးဖို့ နှစ်ရက် လောက်ပဲ သွားရတာကို မသိရင်နင်က အကြော်အိုးထဲ ခုန်ဆင်းသွားသလိုပဲ ”
စုချန်ယန်က တခစ်ခစ်ရယ်လိုက်ပြီး "အရင်က ဖြစ်ခဲ့တာတွေကို မေ့သွားပြီလား? မန်နေဂျာ လင်းက ငါတို့ ထပ်ပြီး တိုက်ခိုက်ခံရမှာကို စိုးရိမ်နေတာ"
ရှောင်လုက ဘာမှတ်ချက်မှမပေးဘဲ "ငါ့အနားမှာရှိနေရင် နင့်ကိုဘယ်သူက ဘယ်လိုဒုက္ခပေးနိုင်မှာလဲ?"
စုချန်ယန် - “ဟုတ်တယ်၊ နင့်အနားမှာ ရှိရင်ဘယ်သူမှ ငါ့ကို ဒုက္ခမပေးနိုင်ဘူး။ ကြိုတင်ကာကွယ်မှုတစ်ခုဘဲ”
ရှောင်လုက လက်ပိုက်လိုက်ပြီး စုချန်ယန်ကို လှမ်းကြည့်ကာ စမ်းသပ်သလို မေးလိုက်သည်။ "ချန်ယန်၊ ငါ့ဝမ်းကွဲအစ်ကိုလို စရိုက်ရှိတဲ့လူကို မိန်းကလေးတွေ ကြိုက်မယ်လို့ နင်ထင်လား?"
စုချန်ယန်က သူမကို တအံ့တသြနဲ့ကြည့်လိုက်ပြီး “မန်နေဂျာ လင်းရဲ့ ပင်ကိုယ်စရိုက်က ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ကောင်မလေးတွေက သူ့ကို မကြိုက်ကြတာလဲ?”
ရှောင်လုမှာ သူ့အကိုဝမ်းကွဲအစ်ကိုက မိန်းကလေးတွေကြားမှာ ရေပန်းစားကြောင်း သူမကောင်းကောင်းသိတဲ့အတွက် နှုတ်ခမ်းစူလိုက်သည်။
မူလတန်းကျောင်းတက်တုန်းက မိန်းကလေးတွေက သူနဲ့အတူ အိမ်စာလုပ်လေ့ရှိသည်။ အလယ်တန်းနဲ့ အထက်တန်းမှာ အခြေအနေက ပိုလို့တောင်ဆိုးလာသည်။
ဆယ်ကျော်သက်တွေက သတ္တိရှိလွန်းကာနိုင်ငံခြားကျောင်းသားတွေက သူတို့ရဲ့ ကြိုက်နှစ်သက်မှုကို ဖော်ပြရာတွင် တရုတ်ကျောင်းသားတွေလိုမျိုး သီးသန့်မရှိဘဲ တခြားကျောင်းသူတွေက သူကျောင်းဆင်းတဲ့အချိန်ကို စောင့်နေကြလေ့ရှိသည်။
အဲ့ဒီအချိန်တုန်းက လင်းယွီမှာ အလွန်တင်းကြပ်ပြီး ကျောင်းသားတွေဟာ သူတို့ရဲ့ သင်ကြားမှုကိုဘဲ အာရုံစိုက်သင့်တယ်လို့ ယုံကြည်သည်။ ချောမောလှပသော မိန်းကလေးတွေက ပရောပရည်လုပ်ပေမယ့် သူက တုန်လှုပ်ခြင်းမရှိပေ။
နောက်ပိုင်းမှာသူတို့ကို ရှောင်ဖို့အတွက် သူ့ကို နေ့တိုင်း လိုက်ပို့ပေးဖို့ ဒရိုင်ဘာကိုတောင် စီစဉ်ခဲ့သည်။ အဲဒီနောက်မှာတော့ အခြေအနေက နည်းနည်းတိုးတက်လာသည်။
ကောလိပ်တက်ပြီးနောက် လင်းယွီက စိတ်ရှုပ်စရာမလိုဘဲ အခြားသူတွေကို ငြင်းဆန်နည်းကို တဖြည်းဖြည်း သင်ယူလာတာကြောင့် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည့် အခြေအနေမျိုး မရှိသလောက်ပင်။
သူက လူတိုင်းနဲ့ အကွာအဝေးမျဥ်းတစ်ခုထားပြီး သူ့ရဲ့ လျစ်လျူရှုတတ်တဲ့ သဘောထားကို သုံးကာ အဲ့ဒီမျဉ်းကို ဖြတ်ပါက သူတို့ကို ချက်ချင်း စွန့်ပစ်လိမ့်မည်။
သို့ပေမယ့် သူမရဲ့ဝမ်းကွဲအစ်ကိုကို တခြားလူတွေ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အရေးမကြီးပါချေ။ အရေးကြီးတာက ချန်ယန်က သူမရဲ့ဝမ်းကွဲအစ်ကိုကို ကြိုက်လား မကြိုက်လားဆိုတာပင်။
သူမဝမ်းကွဲအစ်ကိုရဲ့သဘောထားမှာ မရေရာပေမယ့် ရှောင်လုအတွက် သူမရဲ့ဝမ်းကွဲအစ်ကိုက ချန်ယန်ကိုသဘောကျနေတဲ့ အရိပ်အယောင်တွေ သေချာပေါက်ရှိသည်။
“ငါ့ဝမ်းကွဲအစ်ကိုကို မိန်းကလေးတွေက ကြိုက်မှာတဲ့လား? သူ့ ရဲ့ အားသာချက်တွေကိုငါ ဘာလို့ မခံစားနိုင်ရတာလဲ ?” ရှောင်လုက စိတ်ရှုပ်ထွေးသလိုပြောလိုက်သည်။
စုချန်ယန် - "ဒါက နင်သူ့ကို သိတာကြာမို့လို့နေမယ်။ မန်နေဂျာ လင်းက ငါတွေ့ဖူးသမျှထဲမှာ အကောင်းဆုံးလူဖြစ်ပြီး သူကသဘောကျခံရဖို့ ထိုက်တန်ပါတယ်”
ရှောင်လုက သူမပုခုံးကို ရည်ရွယ်ချက်ရှိရှိနဲ့တိုက်ပြီး ပြောလိုက်သည်။ "နင်ကော ဘယ်လိုလဲ? ငါ့ဝမ်းကွဲအစ်ကိုကို ကြိုက်လား?"
စုချန်ယန်က ခဏလောက် ထိတ်လန့်သွားပြီး မျက်လွှာချကာ တိုးတိုးလေး ပြောလာသည်။ "မန်နေဂျာလင်းကို ငါမကြိုက်နိုင်ပါဘူး"
သူ့ကို မကြိုက်တာ မဟုတ်ဘဲ မကြိုက်နိုင်ဘူးတဲ့။
သူမရဲ့မျက်နှာပေါ်က ငြင်းပယ်တဲ့ အရိပ်အမြွက်ကိုမြင်လိုက်ရတော့ ရှောင်လုက မျက်ခုံးပင့်လိုက်သည်။
ချန်ယန်က… ဘာကို ငြင်းတာလဲ?
စုချန်ယန်က ဒီအကြောင်းအရာကို ငြင်းလိုက်သည်။ သူမရဲ့ နှလုံးသားထဲမှာ လင်းယွီကို သဘောကျတာက သူမအတွက်သာ ဒုက္ခဖြစ်စေလိမ့်မည်။
ဒါကြောင့် ဒီအကြောင်းအရာကို သူမ မကြိုက်ဘူး။
ဒါပေမယ့် ရှောင်လုကတော့ ဒါကိုမသိပါချေ။
စုချန်ယန်ရဲ့ မျက်နှာပေါ်က ငြင်းဆိုမှုကို မြင်လိုက်ရတော့ ရှောင်လုက တိတ်တဆိတ် ပါးစပ်ကို ပိတ်လိုက်သည်။
ဝမ်းကွဲအစ်ကိုတော့ ပြီးသွားပြီ။
သံပင်တစ်ပင်မှာ ပန်းပွင့်ဖို့ မလွယ်ပေမယ့် ကံမကောင်းစွာနဲ့ဘဲ စုချန်ယန်မှာသူ့အတွက် ဘာခံစားချက်မှ မရှိဘူး။ ပိုဆိုးတာက သူ့ကို သဘောကျတယ်ဆိုတာကို သူမက ငြင်းဆန်ချင်ပုံဘဲ။
ကြည့်ရတာတော့ ကံတရားက သူ့ကို ဖမ်းထားတာဘဲ။
လင်းယွီက သူမရဲ့ဝမ်းကွဲအစ်ကိုဖြစ်ပေမယ့် သူမကတော့ ချန်ယန်ကို မပျော်မရွှင် မဖြစ်စေချင်ပါချေ။ ဒါ့အပြင် တစ်စုံတစ်ဦးကို သဘောကျတယ်ဆိုတာက လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတစ်ခုဖြစ်သည်။ တစ်ယောက်ယောက်က မင်းကို မကြိုက်ရင် ဘာမှ လုပ်လို့မရဘူး။
သူမလုပ်နိုင်တာက သူ့ဝမ်းကွဲအစ်ကိုကို စွန့်လွှတ်ပြီး အနာဂတ်မှာ သူငယ်ချင်းတွေ ဖြစ်နိုင်မယ်လို့ စည်းရုံးနိုင်ဖို့ မျှော်လင့်သည်။
ချန်ယန် စိတ်ထဲမှာ ဘာတွေဖြစ်နေမှန်းမသိသလို နှစ်ယောက်သားက လေယာဉ်ပေါ်က မဆင်းမချင်း လင်းယွီအကြောင်း ထပ်မပြောကြတော့ပေ။
ရှိုးရိုက်ကူးနေတုန်းက ရှောင်လု သူမနဲ့ လင်းယွီအကြောင်းပြောတာကို တမင်တကာ ရှောင်နေခြင်းဖြစ်ကြောင်း စုချန်ယန် ရှင်းရှင်းလင်းလင်း ခံစားရသည်။ လင်းယွီက အခြေအနေ မေးဖို့ ဖုန်းခေါ်လာတဲ့အခါမှာလဲ ရှောင်လုသည် ချန်ယန် တစ်ခုခုကြားသွားမှာကို စိုးရိမ်သဖြင့် အဝေးမှာသွားပြောသည်။
စုချန်ယန်က ရှောင်လု ဘာဖြစ်နေလဲဆိုတာ မသိသလို သိပ်ကြီးတော့ ဂရုမစိုက်လိုက်ချေ။
ရှိုးရဲ့ စတုတ္ထအပိုင်းမှာ သူမရဲ့ခင်ပွန်းဟောင်းနဲ့ကလေးကို ရင်ဆိုင်ခဲ့ရတဲ့ ထန်ချီ ပြန်ရောက်လာသည်။ ပရိုဂရမ်အဖွဲ့မှ ဖိတ်ကြားထားတဲ့ ဧည့်သည်မှာ နာမည်ကြီး ဟာသသရုပ်ဆောင် တစ်ဦးဖြစ်သည်။ ဟန်စုန့်ရွှယ်ရဲ့အဆိုအရ၊ ဟာသရုပ်ဆောင်က ရှိုးမှာ ပါဖို့ အရင်ပြောခဲ့တာဖြစ်ကာ စတုတ္ထအပိုင်းကို အရမ်းအသက်ဝင်သွားစေသည်။
ရှိုးကို ရိုက်ကူးလို့ပြီးတော့ ဧည့်သည်က စုချန်ယန်ကို အထူးတလည်ရှာပြီး စကားစမြည်ပြောဖို့ လသာဆောင်ဆီ ဖိတ်ကြားလာသည်။
ရှောင်လုမှ ဒီတစ်လော သူမကို ထူးထူဆန်းဆန်း ဆက်ဆံနေပြီး သူမနဲ့အတူ လင်းယွီအကြောင်းပြောဖို့ ရှောင်နေတဲ့အတွက် စုချန်ယန်မှာ အတွေးပျောက်နေရသည်။
လင်းယွီက သူမရဲ့ထင်မြင်ချက်ကို တောင်းဖို့ ဖုန်းမခေါ်လာခင်အထိ သူမ အဲ့ဒါကိုသိပ်ဂရုမစိုက်မိပေ။ ရှောင်လုက ဖုန်းကို လုလိုက်ပြီး သူတို့ကြားမှာ စကားပါးပေးတဲ့သူအဖြစ်လုပ်ပေးသည်။
ဧည့်သည်က သူမကိုအကြိမ်များများလောက် မခေါ်ခင်အထိ သူမအတွေးပျောက်နေကာ သူမရဲ့အတွေးတွေကို လွင့်သွားစေသည်။
"အစ်ကိုတု?" ချန်ယန်က သူ့ကို နားမလည်သလိုကြည့်လိုက်သည်။
အစ်ကိုတုက ပြောရမည်လား မပြောရမလားဆိုတာ မသေမချာဖြစ်နေကာ တုံ့ဆိုင်းနေသည်။
စုချန်ယန်က ကူကယ်ရာမဲ့သွားပြီး ပြောလိုက်သည်။ “ပြောချင်တာကို ပြောပါ”
“ငါ့သားက… မင်းကို အရမ်းကြိုက်တာ…” အစ်ကိုတုက ဆက်ပြောဖို့ ခက်လာသည်။
"ပြီး တော့ရော?" စုချန်ယန်က မေးလိုက်သည်။
အစ်ကိုတုက ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။ “အင်း၊ သူက ဒီနှစ် အထက်တန်းနောက်ဆုံးနှစ်တက်နေပြီး နောက်နှစ်မှာ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေရတော့မယ်။ ဖြစ်နိုင်ရင် သူက... မင်းနဲ့ သူငယ်ချင်းဖြစ်ချင်တယ်တဲ့"
သူပြောတာ နည်းနည်း ဗလုံးဗထွေးဖြစ်နေတော့စုချန်ယန်က သူပြောချင်တာကို နားမလည်လိုက်ပေ။ "ဟမ်?"
အစ်ကိုတုက အံကြိတ်လိုက်ပြီး “ငါ့သားကြောင့် ဒီ variety show မှာပါဖို့ လာခဲ့တာ။ သူက လွန်ခဲ့တဲ့ နှစ်လကတည်းက မင်းကိုဘဲ အာရုံစိုက်နေပြီး မင်းရဲ့သတင်းတွေကို အွန်လိုင်းမှာဖတ်ဖို့ အမြဲနောက်ကျတဲ့အထိနေတယ်။ ဒါက သူ့လေ့လာမှုကို ထိခိုက်စေမှာ စိုးရိမ်လို့ အဲ့ဒါ... မင်း သူနဲ့သူငယ်ချင်းဖြစ်ပေးနိုင်မလားလို့? ဆက်သွယ်ဖို့အချက်အလက်တွေ ဖလှယ်ရင်ရော? သူ မင်းကို အနှောက်အယှက် မဖြစ်စေရပါဘူး"
စုချန်ယန်က မျက်တောင်ခတ်လိုက်ပြီး တဖြည်းဖြည်းနဲ့ အံ့အားသင့်သွားခဲ့သည်။ "ဒီတော့ ကျွန်မနဲ့ ရှင့်သား သူငယ်ချင်းဖြစ်ဖို့ ရိုက်ကူးရေးကို လာတာပေါ့? ဆက်သွယ်ဖို့ အချက်အလက်တွေ ဖလှယ်ဖို့လား?"
အစ်ကိုတု - “အင်း၊ ဒီ variety show က ဒီတစ်လောရေပန်းစားလာတယ်၊ ဒါကြောင့် ငါရောက်လာတာ”
စုချန်ယန်က ရယ်ပြီး ပြောလိုက်သည်။ "ရှင် ဒီလိုလုပ်စရာမလိုပါဘူး။ သူနဲ့ သူငယ်ချင်းဖြစ်ရတာ ကျွန်မဝမ်းသာပါတယ်"
အစ်ကိုတုက သက်ပြင်းတစ်ချက်ချလိုက်ပြီး စုချန်ယန်ရဲ့ ဆက်သွယ်ရေး အချက်အလက်ကို ယူလိုက်သည်။
နောက်ဆုံးမှာ သူက စုချန်ယန်နဲ့အတူ ဓာတ်ပုံနည်းနည်းရိုက်လို့ရမလားလို့ ချီတုံချတုံနဲ့ မေးလိုက်တော့ စုချန်ယန်က သဘောတူလိုက်သည်။
အစ်ကိုတုမှာ စခရင်ပေါ်ကနဲ့ အခုလက်ရှိအပြင်ကနဲ့ လုံးဝကွာခြားသည်။ သူက နည်းနည်းလေး တစ်သီးတစ်သန့်နေတတ်တဲ့သူဖြစ်ပြီး အတ္တလည်း မကြီးပေ။
အစ်ကို တုနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ စုချန်ယန်က အခန်းဆီ ပြန်လာသည်။ ရှောင်လုက ဖုန်းပြောနေပြီး သူတို့ရဲ့ ခရီးစဉ်ကို လင်းယွီဆီ သတင်းပို့နေသည်။ စုချန်ယန် တံခါးကို တွန်းဖွင့်လိုက်တဲ့အခါ ရှောင်လုက အမြန်ဖုန်းချလိုက်ပီး အပြစ်ကင်းသလို ပြုံးပြလိုက်သည်။
စုချန်ယန် - “…”
ဒီလိုကြီးက တကယ် မလိုပါဘူး။
"အစ်ကိုတုက ဘာပြောတာလဲ?" ရှောင်လုက အာရုံလွှဲဖို့ ကြိုးစားလိုက်သည်။
စုချန်ယန်က သူမကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။ "မန်နေဂျာ လင်း နဲ့ ဖုန်းပြောတဲ့အခါ နင်ဘာလို့ ငါ့ကို ရှောင်နေတာလဲ?"
ရှောင်လုက ရယ်ကာ ဝန်မခံဘဲ "ငါကလား? မဟုတ်ပါဘူး၊ နင်စိတ်ထင်နေတာ။ ငါက နင့်ကို ဘာလို့ ရှောင်ရမှာလဲ?"
စုချန်ယန်က သူမကို စိုက်ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ မနေနိုင်ဘဲ သူမရဲ့ သံသယတွေကို ထုတ်ပြောလာသည်။ "နင့်ရဲ့ဝမ်းကွဲအစ်ကိုကို ငါသဘောကျသွားပြီး သူ့ကို နှောင့်ယှက်မှာ နင်ကြောက်နေတာလား?"
စုချန်ယန်အနေနဲ့ သူတို့လို ချမ်းသာတဲ့ လူတွေက တူညီတဲ့ နောက်ခံနဲ့လူကိုဘဲ လက်ထပ်ဖို့ အာရုံစိုက်တာကို သူမသိသည်။
ရှောင်လု - "?"
ငါကတော့ နင်ငါ့ဝမ်းကွဲအစ်ကိုကို သဘောကျသွားပြီး နှောင့်ယှက်စေချင်တယ်။ နင်သာ ငါ့ဝမ်းကွဲအစ်ကိုနဲ့ အတူရှိရင် သူ့ဆီကနေ ငါလိုချင်တာ တွေ တောင်းလို့ရပြီ။
သေချာပေါက်ကို ရှောင်လုက စုချန်ယန်ကိုတော့ ဒီအကြောင်းမပြောနိုင်ပါပေ။
"ဘာလို့ဒီလိုထင်ရတာလဲ?" ရှောင်လုက ရယ်မောလိုက်သည်။
စုချန်ယန်က သူ့ကိုကြည့်လိုက်ပြီး "စိတ်မပူပါနဲ့ မန်နေဂျာလင်းကို ငါမနှောင့်ယှက်ပါဘူး။ စာချုပ်သက်တမ်းကုန်တာနဲ့ ငါထွက်သွားမှာ"
"မလုပ်နဲ့...ကျေးဇူးပြုပြီးမလုပ်နဲ့! ငါ့အစ်ကိုက…” ရှောင်လု ချက်ခြင်းရပ်လိုက်သည်။
စုချန်ယန်က စိတ်ရှုပ်ထွေးစွာနဲ့ သူမကိုကြည့်လိုက်ပြီး မေးလိုက်သည်။ "နင့်ဝမ်းကွဲအစ်ကိုက ဘာဖြစ်လို့လဲ?"
ရှောင်လု တံတွေးမျိုချလိုက်ပြီး သူမဝမ်းကွဲအစ်ကိုက စုချန်ယန်ကို နည်းနည်း သဘောကျနေတယ်ဆိုတာကို သူမ မပြောနိုင်ဘူး။ စုချန်ယန်က ဒါကိုကြားပြီး သူမဝမ်းကွဲအစ်ကိုကို မုန်းတီးပြီး သူမရဲ့ဝမ်းကွဲအစ်ကိုအတွက် အခွင့်အရေးဆုံးရှုံးသွားမှာ သူမကြောက်သည်။ သူမရဲ့ဝမ်းကွဲအစ်ကိုသာသိရင် သူမကို နိုင်ငံခြားက သူမမိဘတွေဆီ ပစ်ထုတ်လိုက်မှာကိုလည်း ကြောက်သည်။
မိနစ်ဝက်လောက် ရုန်းကန်လို့ပြီးတော့ ရှောင်လုက လက်ကို ဝှေ့ယမ်းလိုက်ပြီး "ဘာမှမဟုတ်ဘူး။ အဲဒါ နင်ပြောသလိုမဟုတ်ဘူး။ သွားအိပ်ရအောင်။ ငါတို့ မနက်ဖြန် ပြန်ရမယ်"
စုချန်ယန်မှာ နားမလည်နိုင်ဖြစ်သွားရသည်။ ဒါက ဘာကိုဆိုလိုတာလဲ?