← Chapters

အခန်း ၁၂၆

Vol. 10 Ch. 126

အခန်း ၁၂၆

Vol. 10 Ch. 126

စုချန်ယန်ရဲ့ ည ၈ နာရီ တိုက်ရိုက် ထုတ်လွှင့်မှုအကြောင်း သတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မကြာခင်မှာဘဲ ပရိသတ်များစွာက စုချန်ယန် စောစောတိုက်ရိုက်ထုတ်လွှင့်မှု စမှာလားလို့ Weibo မှာ စောင့်မျှော်နေကြသည်။

ဒါပေမယ့် စုချန်ယန်ကတော့ မလုပ်ခဲ့ချေ။

ရှစ်နာရီထိုးခါနီးမှာ ရှောင်လုက ပစ္စည်းတွေ တပ်ဆင်ပြီးသွားတော့ စုချန်ယန်က တိုက်ရိုက်ထုတ်လွှင့်ဖို့ စောင့်နေရင်း အခန်းထဲမှာ ထိုင်ကာ မိတ်ကပ် ပါးပါးလိမ်းလိုက်သည်။

စုချန်ယန်ရဲ့ ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုဖြစ်တဲ့အတွက် လင်းယွီနဲ့ လက်ထောက်ရှုမှာလည်း မတော်တဆမဖြစ်ရအောင် ကာကွယ်ဖို့ ရှောင်လုရဲ့အိမ်ဆီ အပြေးအလွှားရောက်လာသည်။

တိုက်ရိုက်ထုတ်လွှင့်မှုမစခင် လင်းယွီက ပြောခဲ့သည်။ “ချန်ယန်၊ ဒီတစ်လော အွန်လိုင်းပေါ်မှာ မျက်လုံးတွေ အများကြီးက မင်းကို စောင့်ကြည့်နေကြတာ။ တစ်စုံတစ်ယောက်က မင်းကို ဆွဖို့လုပ်လာရင် မလန့်နဲ့ လျစ်လျူရှုလိုက်။ ကျန်တဲ့ဟာတွေကို ငါတို့ဖြေရှင်းမယ်"

စုချန်ယန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

အစောတုန်းက ရှောင်လုနဲ့ နောက်ပြင်ဆင်နေတုန်း စုချန်ယန် သိပ်မစားလိုက်ရ‌ပေ။ အခုတော့ ဗိုက်ဆာလာတဲ့အတွက် သူမဘေးနားက မုန့်အိတ်လေးတွေကို သတိထားမိပြီး တစ်ထုတ်ဖောက်ကာ ချက်ချင်းစားလိုက်သည်။

လင်းယွီက သတိထားမိပြီး အခန်းထဲကနေ ထွက်သွားကာ နို့ပူပူတစ်ခွက်နဲ့ ပြန်လာပြီး စုချန်ယန်အရှေ့မှာ ချပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်" စုချန်ယန်က နှုတ်ခမ်းနီကို သုတ်လိုက်ပြီး အပူချိန်အသင့်အတင့်ရှိတဲ့ နို့တစ်ငုံသောက်လိုက်သည်။

ဗိုက်ဖြည့်လို့ပြီးတော့ စုချန်ယန်က နှုတ်ခမ်းနီ ပြန်ဆိုးလိုက်သည်။

ရှစ်နာရီမှာ ရှောက်လုက နောက်ကွယ်ကနေပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။

စုချန်ယန်မှာ သူမရဲ့ မျက်လုံးကြီးကြီး မေးစေ့ချွန်ချွန်နဲ့ မြွေဆိုးနတ်ဆိုးလို မျက်နှာကို စခရင်ပေါ်မှာ မြင်လိုက်ရသည်။

ထုတ်လွှင့်မှုကို ကြည့်နေတဲ့ ပရိသတ်တွေရဲ့ မှတ်ချက်တွေကလည်း အရူးအမူး တက်လာသည်။

[? ? ?]

[နောက်ဆုံးတော့ ညီမကိုစောင့်နေခဲ့တာ!]

[ဟာဟား သူ့ရဲ့beauty filter ကိုပိတ်ဖို့ မေ့သွားတာလား?]

[ဒီနတ်သမီးလေးက ဘယ်ကနေရောက်လာတာလဲ?]

စုချန်ယန်မှာ ခဏလောက် ထိတ်လန့်သွားပြီး သူမရဲ့ ဘေးဘက်က ရှောင်လုကို လှမ်းကြည့်ပြီး ချက်ချင်းပြောလိုက်သည်။ "ရှောင်လု၊ နင် beauty filter ကိုပိတ်ဖို့ မေ့နေတယ်"

စုချန်ယန်က တိုက်ရိုက်ထုတ်လွှင့်ဖို့ ကွန်ပြူတာကို သုံးနေတာကြောင့် ကွန်ပျူတာပေါ်က လုပ်ဆောင်ချက်အားလုံးကို ရှောင်လုကနေ လုပ်ဖို့လိုသည်။

[ရှောင်လု လာပြီးအရိုက်ခံစမ်း!]

[ပြီးခဲ့တဲ့တစ်ခေါက်က လေဆိပ်မှာ ငန်းမလေးကို ဖက်ထားတာ နင်နဲ့မကျေသေးဘူး]

[ညီမ အရမ်းလှတယ်]

[ဘယ်လိုအမျိုးအစား နှုတ်ခမ်းနီကိုဆိုးထားတာလဲ?]

[ရောင်စုံ မျက်ကပ်မှန်တွေရော ဝတ်လား?]

[အား၊ အားသူ ငါ့ကို ကြည့်နေတယ်!]

ရှောင်လုက တုန့်ပြန်လိုက်ပြီး နောက်ကျောမှာရှိတဲ့ beauty filter ကိုပိတ်လိုက်သည်။

သူမရဲ့ ပုံမှန်အသွင်အပြင်ကိုပြန်ရောက်သွား‌တော့ စုချန်ယန် ဖန်သားပြင်ကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

"အားလုံးပဲမင်္ဂလာပါ ကျွန်မက စုချန်ယန်ပါ။ ကျွန်မရဲ့ ပရိသတ် ခုနစ်သန်းအတွက် တိုက်ရိုက်ထုတ်လွှင့်တာကနေ ကြိုဆိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်"

ရောင်စုံအရာ‌တွေက ဖန်သားပြင်ပေါ် ပျံ့လွင့်နေပြီး ပြောင်လက်တောက်ပနေကာ စုချန်ယန်က အဲ့ဒါဘာဖြစ်နေမှန်းမသိပေ။ သူမ လင်းယွီဘက်ကို လှည့်ကြည့်လိုက်သည်။

လင်းယွီက စခရင်ကိုကြည့်လိုက်ပြီး စုချန်ယန်ဆီ လျှောက်သွားကာ လက်ဆောင်ပေးတဲ့ ဖန်ရှင်ကို ပိတ်ဖို့ ပြောလိုက်သည်။

စုချန်ယန်က လက်ဆောင်ပေးတယ်ဆိုတာကို ကြားတော့ ချက်ချင်းပဲ သူမလက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ကျွန်မကိုဘာမှမပေးကြပါနဲ့၊ ဘာပိုက်ဆံမှ မထည့်ကြပါနဲ့]

[ညီမ၊ ဟယ်လို လို့ပြောပါ]

[လက်ဆွဲနှုတ်ဆက်၊ လက်ဆွဲနှုတ်ဆက်]

[လက်ဆောင်ပေးတာကို မပိတ်လိုက်ပါနဲ့]

[ညီမက လူသစ်ဆိုတော့ ပိုက်ဆံအများကြီး မရှာနိုင်သေးဘူး။ ငါတို့မှာ ပိုက်ဆံတွေရှိတယ် မင်းကို ထောက်ပံ့ပေးနိုင်တယ်]

စုချန်ယန်ကလန့်သွားပြီး ခေါင်းခါကာ “ဘာတွေတွေးနေကြတာလဲ? ကျွန်မက ဘယ်လိုလုပ် ပိုက်ဆံမရှာနိုင်ရမှာလဲ? variety show တစ်ပိုင်ူရိုက်ရုံနဲ့တင် ယွမ်တစ်သိန်းကျော် ရတယ်။ ကျွန်မကို ထောက်ပံ့ပေးဖို့ မလိုပါဘူး"

[? ? ]

[အနှောက်အယှက် ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ် ဟားဟား]

[ညီမလေး၊ မင်းက ဘာလို့ ဒီလောက်တောင် ရိုးသားရတာလဲ?]

[လူတချို့က နေ့တိုင်း စားကြွင်းစားကျန်စားပြီး အရမ်းဆင်းရဲပေမယ့် တစ်နေ့ကို ယွမ်တစ်သိန်းကျော် ဝင်ငွေရှိတဲ့ သူတို့သူဌေးကိုတော့ ပိုက်ဆံရှာနိုင်လား မရှာနိုင်ဘူးလားဆိုတာ ဂရုစိုက်ကြတုန်းပဲ]

[ညီမ၊ မင်းရဲ့ကိုယ်ပိုင်အိမ်ကနေ တိုက်ရိုက်လွှင့်နေတာလား‌?]

စုချန်ယန်က မှတ်ချက်တစ်ချို့မှာ ရွဲ့စောင်းတဲ့မှတ်ချက်တချို့ကို တွေ့လိုက်ပေမယ့် သူတို့ကို လျစ်လျူရှုပြီး သူမရဲ့ ပရိသတ်တွေရဲ့ မေးခွန်းတွေကိုပဲ ပြန်ဖြေလိုက်သည် –

“ကျွန်မ ကိုယ်ပိုင်အိမ်မဟုတ်ဘူး၊ ကုမ္ပဏီက စီစဉ်ပေးတဲ့ အိမ်ပါ"

[ဝါး! အလှဆင်ထားတာက တကယ်ကောင်းတာဘဲ!]

[Starlight Entertainment က အရမ်းမိုက်တယ်!]

[အာ ငါ့အကြိုက်ဆုံး စတားက Starlight Entertainment နဲ့ ဘာလို့ လက်မှတ်မထိုးခဲ့တာလဲ?]

[သူဌေးကရော မင်းကို ဘယ်လို ဆက်ဆံလဲ?]

စုချန်ယန်က ခေါင်းညိတ်ပြီး " သူဌေးက ကျွန်မအပေါ် အရမ်း ကောင်းတယ်။ ဒီအိမ်ကို သူကူရှာပေးခဲ့တာ"

"ကျွန်မအတွက် စိတ်မပူပါနဲ့ Starlight Entertainment က အနုပညာရှင်အားလုံးကို ကောင်းကောင်းဆက်ဆံပါတယ်"

[<Travel> မှာရှိတဲ့ ဧည့်သည်တွေနဲ့ မင်းရဲ့ဆက်ဆံရေးက တကယ်ကောင်းလား?]

[ရိုက်ကူးရေးမရှိတဲ့အခါရော အဆက်အသွယ်မပြတ်ဘူးလား?]

[အရင်က ဖြစ်ခဲ့တဲ့အရာတွေက ရှိုးသက်သက်ဘဲ ဟုတ်တယ်ဟုတ်?]

[လူတိုင်းက မင်းကို အရမ်းကြိုက်ကြတယ်လို့ ငါခံစားရတယ်]

စုချန်ယန်က သူမရဲ့ ဖုန်းကို ထုတ်လိုက်ပြီး WeChat က group ကိုဖွင့်လိုက်ကာ ပြောလိုက်သည်။ "လူတိုင်းနဲ့ ဆက်ဆံရေးက တကယ်ကောင်းပါတယ်။ ရုပ်ရှင်မရိုက်ရရင် အဖွဲ့ထဲမှာ အဆက်အသွယ် မပြတ်ဘူး"

သူမ စကားပြောနေတုန်း စုချန်ယန်က ဖုန်းကို ကင်မရာဘက်ပြလိုက်ပြီး "ဟန်စုန့်ရွှယ်က စကားအများကြီးပြောတယ်။ အလုပ်မလုပ်ရတဲ့အခါဆို အဖွဲ့ထဲမှာ သူ့ကို အမြဲတမ်းတွေ့ရတယ်"

“ရုပ်ရှင်စစချင်းတုန်းကတော့ လူဘယ်နှစ်ယောက်ကြည့်မယ်ဆိုတာကိုတောင် မတွေးထားဘူးဆိုတော့ အားလုံးက ပေါ့ပေါ့ပါးပါးပဲ”

[ဟန်စုန့်ရွှယ်က တကယ် အဲ့ဒီလောက် ပြောတယ်လား?]

စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး "သူက မစဉ်းစားဘဲ ပြောတတ်တယ် ၊ဒါပေမယ့် သူက ဘာအန္တရာယ်ရှိစေချင်စိတ်မှမရှိပါဘူး]

စုချန်ယန် စကားပြောပြီးတာနဲ့ WeChat အဖွဲ့ထဲ မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။

ဟန်စုန့်ရွှယ် - [@စုချန်ယန်၊ လူတွေအများကြီးရှေ့မှာ ငါ့ပုံရိပ်ကို မထိန်းသိမ်းပေးချင်ဘူးလား?]

"ကျွန်မက သူ့ပုံရိပ်ကို ဖျက်စီးနေတယ်ဆိုပြီး group chat မှာ လာစွပ်စွဲနေတယ်" စုချန်ယန်က တိုက်ရိုက်လွှင့်တဲ့ဘက်လှည့်ကာ ဖန်တွေကို တိုင်လိုက်သည်။

[ဟန်စုန့်ရွှယ်က ချောင်းကြည့်နေတာလား?]

[ဘာပုံရိပ်လဲ? မင်းမှာ ဘာပုံရိပ်မှာ လုံးဝမရှိတော့ဘူး]

[တစ်ခါတစ်ခါ စခရင်ကနေဖြတ်ပြီး သူ့ကိုရိုက်လိုက်ချင်တယ်]

[ဟန်စုန့်ရွှယ်ရဲ့ မျက်လုံးတွေက ရှင်းရှင်းလင်းလင်းကိုဘဲ မိုက်မဲမှုတွေနဲ့ ပြည့်နှက်နေတယ်]

စုချန်ယန်က စာတွေကို တစ်ချက်ကြည့်လိုက်ပြီး "သူ့အကြောင်း မပြောနဲ့တော့။ သူ့ကို ထပ်ပြောရင် ပဉ္စမအပိုင်းမှာ ကျွန်မကို ထပ်တွေ့ရတော့မှာ မဟုတ်ဘူး။ ဒီည ကျွန်မကို တိတ်တိတ်လေးလာ တိုက်ခိုက်မယ်လို့ ပြောတယ်”

မှတ်ချက်များထဲတွင် ရယ်မောသံ‌တွေ ထွက်လာပြီး တစ်ခါတစ်လေ အဆိုးမြင်တဲ့ဟာတွေ ထွက်လာတတ်ပေမယ့် သာမာန်ဖန်တွေရဲ့ မှတ်ချက်တွေနဲ့ အမြန်ဖိနှိပ်ခံလိုက်ရသည်။

စုချန်ယန်က ဖန်တွေဆီကနေ မေးခွန်းတိုင်းနီးပါးကို ဖြေကြားခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်အခန်းရဲ့ အငွေ့အသက်ဟာလည်း ပူလောင်နေဆဲပင်။

နောက်တော့ ဘာမှလုပ်စရာမရှိတဲ့အခါ ရှောင်လုက အောက်ထပ်ကိုဆင်းပြီး ခေါက်ဆွဲတစ်ပန်းကန်ပြုတ်လိုက်သည်။ ခဏအကြာ သူမက စုချန်ယန်ရယနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ကာ မြိန်ရေရှက်ရေ စားတော့သည်။

စုချန်ယန်မှာ မွှေးကြိုက်နေတဲ့အနံ့ကို အနံ့ခံရင်း ရေကိုဘဲ အများကြီးသောက် နေရကာ အဲ့ဒီနေရာကို မကြာမကြာကြည့်နေသည်။

[ဘာကို ကြည့်နေတာလဲ?]

[ငါ့ကိုဘဲ ကြည့်နေစေချင်တယ်။ ဘာလို့ တခြားသူတွေကို ကြည့်ဖို့ လိုမှာလဲ?]

စုချန်ယန်က ဖန်တွေကိုပြောလိုက်သည်။ "ရှောင်လုက ကျွန်မအရှေ့မှာ ခေါက်ဆွဲစားနေတာ အနံ့က အရမ်းကောင်းတယ်"

[ဘုရားရေ!]

[အလုပ်ချိန်အတွင်း လစ်ဟင်းမှုအတွက် မစ္စတာလင်းက သူ့လစာကို နုတ်ဖို့ အကြံပြုလိုပါတယ်]

[ညီမ ဗိုက်ဆာနေပြီလား?]

[တစ်ခုခုစားဖို့ သွားရှာလိုက်လေ]

ရှောင်လုက မှတ်ချက်တွေကို မြင်ပြီး ခေါက်ဆွဲပန်းကန်ကို ကင်မရာနားကပ်လိုက်ကာ နှစ်လုပ်လောက် စားလိုက်ပြီး “အခု အလုပ်ချိန်မဟုတ်ဘူး။ ဘော့စ်လင်းကို အချိန်ပိုလုပ်ခတောင် မတောင်းရသေးဘူး"

"ဟီးဟီး၊ မင်းတို့ရဲ့ကလေးကြီး စုချန်ယန်ကတော့ ကိုယ်အလေးချိန်တက်ဖို့ အလားအလာရှိတယ်။ အလွန်အကျွံစားရင် အဆီတွေတက်မယ်။ ဒါကြောင့် ငါသူ့ရှေ့မှာစားတာ"

"သူက အဆီမတက်ပါဘူး ဒါပေမယ့် တကယ့်လက်တွေ့ဘဝက ကင်မရာနဲ့ မတူဘူး"

ရှောင်လုက စကားပြောတတ်တဲ့သူဖြစ်တာကြောင့် စုချန်ယန်က သူမနဲ့ ထိုင်ခုံကို မျှဝေပြီး ပရိသတ်တွေနဲ့ စကားပြောတာကို နားထောင်လိုက်သည်။

"ငါလား? ပွဲဦးထွက်ရမယ်? ဖျော်ဖြေရေးကဏ္ဍကို စိတ်မဝင်စားဘူး"

“ငါက ကင်းထောက်တပ်ဖွဲ့တစ်ခုမှာ စစ်သားဖြစ်ခဲ့ဖူးတယ်။ အထူးတပ်ဖွဲ့ စစ်သားဖြစ်ချင်ပေမယ့် ငယ်သေးတော့ စိတ်အားမထက်သန်ဘူးလေ"

"ငါ့မှာ လက်ထောက်နဲ့ သက်တော်စောင့်အလုပ် နှစ်ခုရှိတယ်"

"ငါက စုချန်ယန်ကိုဖက်ပြီး သူနဲ့ အတူတူ နေတာတင်မကဘူး သူနဲ့ အတူတူ အိပ်ရာမှာလည်း အိပ်တယ်"

စုချန်ယန်က သူမကို အောက်ကနေ ကန်နေပြီး အကြောင်းအရာကနေ သိပ်ပြီး လမ်းမလွဲသွားဖို့ ပြောနေသည်။

"ချန်ယန်"

လင်ယွီက အသားညှပ်ပေါင်မုန့် တွေပါတဲ့ ပန်းကန်ပြားတစ်ချပ်ကို စားပွဲဆီယူလာသည်။

[ယောက်ျားတစ်ယောက် အသံကို ငါကြားလိုက်တယ်!]

[ ကယ်ကြပါဦး၊ ဒီအသံက အရမ်းကောင်းတယ်!]

[မန်နေဂျာလား?]

[သူလည်း ဒီမှာရှိနေတာလား?]

[လူက ဘယ်မှာလဲ? သူတွေ့ချင်တယ်။ ငါက ကြည့်ကောင်းတဲ့လူတွေကို ကြည့်ဖို့ မွေးလာတာ]

စုချန်ယန်က နည်းနည်းတော့ လောဘကြီးသည်။ သူမက ရွေ့လျားနေတဲ့ မှတ်ချက်တွေကို ကြည့်ကာ "မင်းတို့တွေ ရှောင်လုနဲ့ ခဏလောက် စကား‌ပြောကြဦး၊ ကျွန်မ တစ်ခုခုစားလိုက်ဦးမယ်"

[လူတိုင်းရှေ့မှာ ဘာလို့မစားတာလဲ?]

[ပြန်လာခဲ့ပါ!]

ရှောင်လုက သူမလက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။ "အရင် စုချန်ယန်စားတာကို မတွေ့ဖူးကြဘူးလား? တစ်စက္ကန့်နောက်ကျတာနဲ့ ဗိုက်ဆာလို့ သေသွားမှာ သူကြောက်တာလေ"

စုချန်ယန်က လင်းယွီ ဘေးဆီလျှောက်သွားပြီး ဒီစကားကို ကြားကာ လှည့်ကာ စိုက်ကြည့်ခဲ့သည်။

ရှောင်လုက ဂရုမစိုက်ဘဲ မှတ်ချက် တွေနဲ့ စကားစမြည်ပြော နေသည်။

"ဟုတ်တယ်၊ ခုနတုန်းက ခေါ်လိုက်တာ ဘော့စ်လင်းလေ"

"ဘော့စ်လင်းက အရင်အပိုင်းနည်းနည်းလောက်မှာ ပါခဲ့ပေမယ့် စတုတ္ထအပိုင်းတုန်းက အရမ်းအလုပ်များနေတော့ မလိုက်ဖြစ်ခဲ့ဘူး"

"သူတို့က လိုက်ဖက်လား? သေချာတာပေါ့ သူတို့အတူတူရပ်နေတဲ့အချိန်ဆိုရင်ပေါ့"

"မစ္စတာလင်းက ချစ်ဖူးလား? မင်းတို့ ငါ့ကိုဘာလို့ဒီလိုမေးတာလဲ? ငါသိသလောက်တော့ သူ့မှာမရှိဘူး”

"သူနဲ့ Mary? မင်းတို့ဘာတွေတွေးနေတာလဲ? clickbait ကို ယုံနေတာလား? သူ စုချန်ယန် နဲ့ အတူရှိနေတယ်လို့ ပြောတာက Mary နဲ့ အတူရှိနေတယ်လို့ ပြောတာ ပိုကောင်း‌သေးတယ်”

ဒါကိုကြားတော့ စုချန်ယန်က ခဏရပ်သွားပြီး သူ့ပတ်ဝန်းကျင်ကလူတွေကို ကြည့်လိုက်တော့ လင်းယွီက ကွန်ပြူတာရှေ့မှာ အေးအေးဆေးဆေး ထိုင်နေပြီး တက်လာတဲ့ မှတ်ချက်အပိုင်းတွေကို ကြည့်နေတာ တွေ့လိုက်ရသည်။

တင်း-

ဘေးနားမှာချထားတဲ့ စုချန်ယန်ရဲ့ဖုန်းကမြည်လာသည်။

ရှောင်လုက သူမကို ဖုန်းကမ်း‌ပေးလိုက်ပြီး စုချန်ယန် ဖွင့်ကြည့်လိုက်တော့ တုစမ်ယွီဆီကနေ သင်္ချာစာမေးပွဲ ဖြေလို့ပြီးတော့ မေးခွန်းအားလုံး မှန်ကြောင်း ပြောထားတဲ့ မက်ဆေ့ချ်ဖြစ်သည်။ ဆုချတဲ့အနေနဲ့ သူ့အဖေက စုချန်ယန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို တစ်နာရီကြာ ကြည့်ခွင့်ပေးခဲ့သည်

ပါးစပ်ထဲမှာအသားညှပ်ပေါင်မုန့်နဲ့ စုချန်ယန်က စာရိုက်လိုက်သည် - [မင်းရဲ့လေ့လာမှုကို အနှောင့်အယှက်မဖြစ်စေနဲ့]

တုစမ်ယွီ - [ကောင်းပါပြီ၊ ဘာလို့ အစ်မက တိုက်ရိုက်လွှင့်ခန်းထဲမှာ မနေရတာလဲ?]

စုချန်ယန် - [စားနေလို့ . ]

သူ့မက်ဆေ့ချ်ကို ပြန်ဖြေပြီးနောက် စုချန်ယန်က ခေါင်းငုံ့ပြီး နောက်ဆုံးအကိုက်ကို ကိုက်လိုက်သည်။ လင်းယွီက သူမဘက်ဆီ လျှောက်လာကာ လော့ခ်မချရသေးတဲ့ သူမရဲ့ ဖုန်းကို ကြည့်လိုက်ပြီး သူမပို့လိုက်တဲ့ မက်ဆေ့ချ်ဆီမှာ အကြည့်ခဏရပ်သွားသည်။

All Chapters