← Chapters

အခန်း ၁၂၇

Vol. 10 Ch. 127

အခန်း ၁၂၇

Vol. 10 Ch. 127

လင်းယွီ နှုတ်ခမ်းက နည်းနည်းတွန့်သွားကာ တည်တည်ငြိမ်ငြိမ်နဲ့ အကြည့်လွှဲလိုက်သည်။ “ဆောရီး၊ မတော်တဆ တွေ့လိုက်တာ။ ရေလိုချင်လား?"

စုချန်ယန်က သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူကို သတိမထားမိဘဲ ခေါင်းယမ်းလိုက်သည်။

အဲ့ဒီအချိန် တုစမ်ယွီက သူမဘယ်အချိန် တိုက်ရိုက်ထုတ်လွှင့်အခန်းထဲလာမှာလဲလို့ နောက်ထပ်မက်ဆေ့ချ်တစ်ခု ပေးပို့လာသည်။ စုချန်ယန်က လက်သုတ်လိုက်ပြီး လင်းယွီ ရှေ့မှာဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။ [အခုဘဲ]

မက်ဆေ့ချ်ပို့လို့ပြီးတော့ စုချန်ယန်က မတ်တပ်ရပ်ပြီး ကင်မရာဆီ ပြန်သွားဖို့ လုပ်လိုက်ပေမယ့် လင်းယွီက လမ်းမဖယ်ပေးချေ။ သူ့အကြည့်တွေက စုချန်ယန် ရဲ့ မျက်နှာပေါ်ကို ခဏလောက် ကြာအောင် စိုက်ကြည့်နေသည်။ စုချန်ယန်က နားမလည်ဖြစ်သွားပြီး "ဘာဖြစ်လို့လဲ?"

လင်းယုက နှုတ်ခမ်း နည်းနည်းတွန့်သွားပြီး "မင်း နှုတ်ခန်းနီဆိုးလိုက်ဦး"

"အိုး မေ့တော့မလို့" စုချန်ယန်က ပြန်ဖြေလိုက်သည်။

စုချန်ယန် နှုတ်ခမ်းနီဆိုးလို့ပြီးတော့ ကင်မရာဆီ ပြန်လာပြီးနောက်၊ ကြည့်ရှုသူတွေက ပိုများလာကာ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲ ဝင်လာကြသည်။ ရှောင်လုက သူမရဲ့ ခုံဆီ ပြန်လာပြီး Weibo မှာကြည့်လိုက်တော့ စုချန်ယန်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုက ရေပန်းစားနေပြန်တာကို တွေ့လိုက်ရသည်။

စုချန်ယန်က သုံးနာရီနီးပါး live လွှင့်ခဲ့ပြီး ဆယ့်တစ်နာရီထိုးခါနီးမှာ တုစမ်ယွီကို သူ့အဖေက သွားအိပ်ဖို့ပြောလာတော့ သူ မကြည့်တော့ဘူးဆိုပြီး မက်ဆေ့ချ်ပို့လိုက်ပေမယ့် သူကတော့‌စောင်အောက်မှာ ခိုးကြည့်နေ သေးသည်။

စုချန်ယန်က သူ့ကို စောစောအိပ်ဖို့ ပြောချင်ပေမယ့် တိုက်ရိုက်လွှင့်ခန်းထဲက မေးခွန်းတွေက ပိုပိုပြီး များလာတာကြောင့် သူမက "နောက်ကျနေပြီ၊ မနက်ဖန် ကျောင်းသွားရမယ့် အလုပ်သွားရမယ့်သူတွေ မကြည့်သင့်တော့ဘူး၊ စောစောအိပ်နော်"

[Wuwuwu မဟုတ်ဘူး၊ ငါမလုပ်ချင်ဘူး]

[အတန်းမတက်ချင်ဘူး၊ အစ်မနဲ့ပဲ စကားပြောချင်တယ်]

[အလုပ်မသွားချင်ဘူး။ ငါ့ရဲ့မိုက်မဲတဲ့သူဌေးကို ငါမမြင်ချင်ဘူး]

[အတန်းမတက်ရ၊ အလုပ်မလုပ်တဲ့သူတွေက ညီမနဲ့ စကားပြောလို့ရတာလား?]

စုချန်ယန်က ရယ်လိုက်က်ပြီး "သေချာပေါက် ဘယ်ဟုတ်မလဲ ကျွန်မလည်း မနက်ဖြန် အလုပ်သွားရမှာ”

[မရယ်ပါနဲ့ ညီမလေး ငါ မခံနိုင်ပါဘူး]

[စုချန်ယန် ရယ်တဲ့အခါ အရမ်းချစ်စရာကောင်းတယ်]

[အစ်မ ငါက စူပါမားကတ်ပါ တောင်းပန်ပါတယ်]

[အပေါ်ထပ်က ကောင်မလေး၊ မင်းရဲ့ ဘောင်းဘီကို ငါ့မျက်နှာမှာလှန်လိုက် ]

အဲ့ဒီအချိန်မှာ တုစမ်ယွီက အရမ်းချစ်စရာကောင်းတဲ့ အီမိုဂျီတစ်ခုနဲ့ မက်ဆေ့ချ်ပို့လိုက်တယ် - [ရပြီ၊ အခုအိပ်တော့မယ် ကျေးဇူးပဲ အစ်မ]

စုချန်ယန်မှာ သက်ပြင်းတစ်ချက်ချလိုက်ရင်း သူမရဲ့ မောင်‌လေးကိုအိပ်ဖို့ ပြောနေတာနဲ့ တူတယ်လို့ ခံစားလိုက်ရသည်။

သူမက တဖန်ပြုံးလိုက်ပြီး စခရင်ကိုကြည့်လိုက်တော့ မနီးမဝေးကနေ သူမကို တစေ့‌တစောင်းကြည့်နေတဲ့ လင်းယွီရဲ့အကြည့်ကို ဖမ်းမိလိုက်သည်။

သူမနားမလည်ဖြစ်သွားပြီး ထပ်ကြည့်လိုက်တော့ လင်းယွီက အကြည့်လွှဲလိုက်ပြီး အခန်းထဲကနေ ထွက်သွားသည်။

ဘာဖြစ်လို့လဲ?

စုချန်ယန်နည်းနည်း စိတ်ရှုပ်သွားသည်။

သူမရဲ့ဖန်တွေကို နှုတ်ဆက်လို့ပြီးတော့စုချန်ယန်က ညဆယ့်တစ်နာရီမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လိုက်သည်။

လင်းယွီမှာ အခန်းထဲကနေ ထွက်သွားကတည်းက ပြန်မလာတော့ပေ။

သူ သူမကို ကြည့်နေတဲ့ပုံစံကို စုချန်ယန် ပြန်တွေးကြည့်လိုက်ပြီး နည်းနည်း စိတ်မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။ သူမ မတော်တဆ တစ်ခုခုပြောမိသွားလို့လား?

ရှောင်လုနဲ့ လက်ထောက်ရှု အခန်းကို ရှင်းလင်းနေတာကို မကူတော့ဘဲ စုချန်ယန် လှည့်ထွက်သွားသည်။

သူမ အပေါ်ထပ်ကို ပတ်ကြည့်လိုက်ပေမယ့် လင်းယွီရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ပေ။

ဧည့်ခန်းဆီကို လျှောက်လာ‌တော့ ဆိုဖာပေါ်မှာ ထိုင်နေကာ ပန်းအိုးထဲက နေကြာပန်းတွေကို စိုက်ကြည့်နေတဲ့ လင်းယွီကိုတွေ့လိုက်ရသည်။

စုချန်ယန်က သူ့ကိုအနှောင့်အယှက်ပေးမိမှာစိုးပြီး မသိလိုက်ဘာသာနဲ့ ခြေလှမ်းတွေကို နှေးလိုက်သည်။

သူမ အနားကို ချဉ်းကပ်လာတော့ လင်းယွီက သူမဘက်လှည့်ကာ မေးလာသည်။ "ပြီးသွားပြီလား?"

စုချန်ယန် ခေါင်းညိတ်လိုက်ပြီး သူ့ဆီမှာဘာမှ ထူးထူးခြားခြား မတွေ့လိုက်ရတော့ သူမ နည်းနည်း သံသယဝင်သွားသည်။ စောစောက သူ အခန်းထဲက ထွက်လာတုန်းက သူ့အမူအရာက မပျော်မရွှင်နဲ့လေ သူမဘဲ အထင်မှားနေတာများလား?

“စောစောအိပ်၊ မနက်ဖြန် အလုပ်ရှိသေးတယ်။ မင်းအတွက် နွားနို့ ခွက်တစ်ဝက်ကို အပူပေးထားတယ် မအိပ်ခင် သောက်လိုက်” လင်းယွီ ပြောလိုက်သည်။

စုချန်ယန်က တိတ်တိတ်လေး သက်သာရာရသလို သက်ပြင်းချလိုက်ကာ ပြောလိုက်သည်။ "ကောင်းပါပြီ၊ ကျွန်မနားလည်ပြီ။ အစ်ကိုလင်း၊ ရှင်လည်း စောစောပြန်အိပ်သင့်တယ်"

လင်းယွီက ခေါင်းညိတ်ပြလိုက်ပေမယ့် သူ့ကိုယ်ကတော့ မလှုပ်ပေ။

လင်းယွီမှာ ရှင်းပြစရာတွေ ရှိသေးတယ်လို့ ထင်ပြီး စုချန်ယန်က သူ့ကို အလျင်စလိုမလုပ်လိုက်ပေ။

အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးမှာ လင်းယွီက စကားပြန်ပြောလာသည်။ "ချန်ယန်"

"ဟမ်?" စုချန်ယန်က သူ့ကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်လိုက်သည် ။

လင်းယွီ နည်းနည်းလောက် ရုန်းကန်လို့ပြီးတော့ တုံ့ဆိုင်းသွားပြန်သည်။

ရိုးရိုးသားသား ပြောရရင် စုချန်ယန် တုစမ်ယွီနဲ့ စကားပြောနေတာကိုမြင်တော့ သူ နည်းနည်း စိတ်မသက်မသာ ဖြစ်ရသည်။

ဒါက အကျိုးအကြောင်း မသင့်ဘူးလို့ သူထင်သည်။ ဒါက စကားပြောရုံဘဲလေ။ သူကဘာလို့ စိတ်မသက်မသာဖြစ်ရမှာလဲ?

ဒါပေမယ့် ချန်ယန်က အတန်းတက်နေ အလုပ်လုပ်‌နေတဲ့ ဖန်တွေကို စောစောအနားယူဖို့ ပြောလိုက်တဲ့ စကားတစ်ခွန်းက သာမာန်သတိပေးချက်တစ်ခု ဖြစ်ပေမယ့် သူမက တုစမ်ယွီကို သွယ်ဝိုက်ပြောပေးနေသလို တိုက်ရိုက်ထုတ်လွှင့်အခန်းက ကြည့်ရှုသူတွေအားလုံးရှေ့မှာ လူတစ်ယောက်ကိုဘဲ သွယ်ဝိုက်ပြောနေသလိုမျိုး သူမခံစားရဘဲမနေနိုင်ပါချေ။

ဒီဖြစ်နိုင်ခြေကို သိလိုက်ရတော့ ရုတ်တရက် အသက်ရှူမဝသလို ခံစားလိုက်ရသည်။

သူ သူမကို 'ကြိုက်တယ်' ဆိုတဲ့ အမှန်တရားကို ချန်ယန်က တုံ့ဆိုင်းနေတယ် ဆိုတဲ့နေ့ခင်းတုန်းက လုယင်းပြောတဲ့စကားကြောင့် ဖြစ်နိုင်သည်။

ဧည့်သည်တွေနဲ့ တုစမ်ယွီနဲ့ အဆက်အသွယ်အချက်အလက်တွေကို ဖလှယ်တာက လုယင်းပြောသလိုမျိုး ချန်ယန်က သူနဲ့သက်တူရွယ်တူ ယောက်ျားလေးတွေကိုဘဲ သဘောကျတာဖြစ်လိမ့်မည်။

သူဝန်မခံချင်‌ပေမယ့်၊ ဒီအခိုက်အတန့်မှာ၊ အသက်အရွယ်ကြောင့်ဖြစ်ပေါ်လာတဲ့ မညီမျှမှုကို ခံစားရပြီး ချန်ယန်က သူ့ကို မကြိုက်နိုင်ဘူးဆိုတဲ့ မလုံခြုံမှုကို ခံစားရသည်။

ဒါကြောင့် ချန်ယန် လှမ်းကြည့်လာတဲ့အခါ သူမ ရှာတွေ့သွားမှာ ကြောက်တဲ့အတွက် အခန်းထဲကနေအမြန်ထွက်လာခဲ့တာဖြစ်သည်။

ချန်ယန် အပေါ် သူဘယ်လိုခံစားချက်မျိုးရှိနေပါစေ၊ ဒါက သူ့ကိစ္စပင်။ သူ့ခံစားချက်တွေနဲ့ သူမကို မထိခိုက်စေချင်ဘူး။

ဘာကြောင့်လဲ ဆိုတော့ တစ်စုံတစ်ယောက်ကို သဘောကျတာက ကိုယ်ကိုယ်တိုင်ရဲ့ ကိစ္စဘဲလေ။ ချန်ယန်ကလည်း သူ့ကို သဘောကျတယ်ဆိုရင် ဒါက သူတို့ရဲ့ ကိုယ်ပိုင်ကိစ္စပဲ။

ဒါပေမယ့် သူအရှုံးပေးလိုက်တာ ဒါမှမဟုတ် ချန်ယန်က တစ်ယောက်ယောက်ကို သဘောကျသွားတာကို သူကြည့်နေဖို့ မလိုလားပါချေ။

ခဏလောက် ရုန်းကန်ပြီးတော့ နောက်ဆုံးမှာ လင်းယွီက ပြောလာသည်။ “မင်းလက်တွဲဖော်ကို ရွေးရမယ်ဆိုရင် အသက်ကြီးတဲ့သူကို ရွေးမှာလား ဒါမှမဟုတ် မင်းနဲ့အသက်အရွယ်တူတဲ့သူကို ရွေးမှာလား?"

သူ့မေးခွန်းက စုချန်ယန်ကို အံ့အားသင့်သွားစေသည်။

စုချန်ယန်မှာ သူ့မျက်နှာကနေ တစ်ခုခုကို ဖတ်ဖို့ မျှော်လင့်ရင်း သူ့ကိုကြည့်လိုက်သည်။

ဒါပေမယ့် စုချန်ယန်ကတော့ သူမ တကယ်သိချင်တဲ့အရာကို သေချာမသိရပါချေ။

သူက တစ်ခုခုကို အတည်ပြုချင်တာလည်း ဖြစ်နိုင်သည်။

လင်းယွီရဲ့လေးနက်တဲ့ မျက်နှာက လွဲပြီး ငါးစက္ကန့်ပြည့်တဲ့အထိ စုချန်ယန်မှာ ဘာကိုမှမဖတ်နိုင်ပါချေ။

"မန်နေဂျာ လင်း၊ ဒီမေးခွန်းက အလုပ်နဲ့ သက်ဆိုင်တာလား?"

လင်းယွီ သူမကို ဒီမေးခွန်းမေးရတဲ့ တခြားအကြောင်းရင်းကို သူမ မစဉ်းစားနိုင်ပါချေ။

လင်းယွီရဲ့ မျက်လုံးတွေက စုချန်ယန်ရဲ့ မျက်နှာကို ဖြတ်ကာ ကြည့်လိုက်ပေမယ့် သူမရဲ့ မျက်လုံးထဲကို‌ေတာ့ မမြင်နိုင်တဲ့အတွက် သူ တစ်ချက်ကြည့်လိုက်ပြီး မရေရာတဲ့ လေသံနဲ့ ပြောလိုက်သည်။ "အဲ့ဒီလိုပါဘဲ"

စုချန်ယန်က ဘာကိုမှ မသင်္ကာမဖြစ်ဘဲ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။ “ဒါက ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်ဆိုရင် ကျွန်မရဲ့ အမြင်မှာတော့ အသက်အရွယ်က အဆုံးအဖြတ် ပေးနိုင်တဲ့အရာ မဟုတ်ပါဘူး။ ကျွန်မ လူတစ်ယောက်ကို သဘောကျမယ်ဆိုရင် သူတို့ရဲ့အသက်အရွယ်က ကျွန်မကို ဆွဲဆောင်နိုင်လို့မဟုတ်ပါဘူး"

ဒီစကားကိုကြားတဲ့အခါ လင်းယွီရဲ့မျက်လုံးတွေက တစ်စုံတစ်ခုကို သူနားလည်သွားပေမယ့် အမှန်တကယ်မဟုတ်သလိုမျိုး တစ်ခဏလောက် တောက်ပသွားသည်။

အသက်အရွယ်က အဆုံးအဖြတ် ပေးတဲ့အရာမဟုတ်ဘူးလို့ စုချန်ယန် ပြောခဲ့တဲ့အတွက် လင်းယွီ စောစောက ရောက်ခဲ့တဲ့ နိဂုံးချုပ်ကို မကိုင်နိုင်ပါချေ။

“အခု နားလည်သွားပြီ" လင်းယွီရဲ့ အမူအရာမှာ ပိုပြီးသက်တောင့်သက်သာ ရှိလာပုံရသည်။

စုချန်ယန်က သူ့ကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်ပြီး ပြောလိုက်သည်။ "ဘာကို နားလည်သွားတာလဲ?"

လင်းယွီက သူမကို ပြုံးပြလိုက်ပြီး "ဒါဆို မင်းဘယ်ဇာတ်ကောင်နေရာမဆို ယူလို့ရပြီမဟုတ်လား?"

စုချန်ယန် - “…”

သူမနဲ့ လင်းယွီပြောနေတဲ့ အကြောင်းအရာက ဘာလို့ မတူဘူးလို့ ခံစားနေရတာလဲ?

စုချန်ယန်ကို ညွှန်ကြားလို့ပြီးတော့ လင်းယွီက ထကာ ထွက်သွားသည်။

ညဥ့်နက်နေပြီဖြစ်တာကြောင့် လက်ထောက်ရှုလည်း လင်းယွီရဲ့အနီးနားက အိမ်မှာ တစ်ညအိပ်လိုက်သည်။

ရေချိုးပြီးတာနဲ့ စုချန်ယန်က အိပ်ယာပေါ်လှဲလိုက်ပြီး လင်းယွီ အမှန်တကယ် ဘာကိုဆိုလိုလဲဆိုတာကို စဉ်းစားလို့မရပေ။ သူမဘဲ အတွေးလွန်နေတာများလား?

မသိလိုက်ဘာသာနဲ့ စုချန်ယန် အိပ်ပျော်သွားသည်။ နောက်တစ်နေ့မနက် သူမနိုးလာတဲ့အခါ လင်းယွီက မနက်စာနဲ့အတူ အိမ်ပေါက်ဝမှာ ရောက်နေပြီဖြစ်သည်။

လင်းယွီက ထုံးစံအတိုင်း နံနက်စာကို စားပွဲပေါ်က ပန်းကန်လုံး‌တွေထဲထည့်၊ ပန်းအိုးထဲက ပန်းတွေကိုလဲပေးပြီး အလုပ်သွားသည်။

မသွားခင်မှာ ဒီနေ့ <Sludge> အတွက် ပရိုမိုးရှင်းဓာတ်ပုံတွေရိုက်ကြမှာဖြစ်ကာ ဒါရိုက်တာဝမ်က ညစာစားဖို့ ဖိတ်ကောင်းဖိတ်နိုင်လိမ့်မယ်လို့ စုချန်ယန်နဲ့ ရှောင်လုကို ပြောလိုက်သည်။ သူ မလိုက်နိုင်တော့ပေမယ့် နောက်မှ သူတို့ကို လာကြိုမည်။

စုချန်ယန်နဲ့ ရှောင်လုတို့က သဘောတူလိုက်တော့ သူလည်း ကုမ္ပဏီဆီ မောင်းထွက်သွားသည်။

မနေ့ညက ပရိသတ် ခုနစ်သန်းအတွက် စုချန်ယန်ရဲ့ လိုက်ဖ်မှာ ရေပန်းစားနေတဲ့စာရင်းထဲမှာ နာရီပေါင်းများစွာ အောင်အောင်မြင်မြင်နဲ့ ထိန်းထားနိုင်ခဲ့ပြီး သူမရဲ့ Weibo မှာလည်း Follower‌ တွေသိသိသာသာ တိုးလာကာ တစ်ညထဲနဲ့ ရှစ်သန်းနီးပါး ရောက်လာသည်။

Weibo က စုချန်ယန်အတွက် အထူးတလည်အကြောင်းအရာ တစ်ခုကိုလည်း ဖန်တီးခဲ့သည်။ သူမရဲ့ ပွဲဦးထွက်ကတည်းက စုချန်ယန် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ သူမရဲ့ခရီးစဉ်အသေးစိတ်အပါအဝင် အားလုံးကို သူမရဲ့ ပရိတ်သတ်ကြီးတွေက timeline တစ်ခုလုပ်ထားသည်။ သူတို့က <Travel> မှာ သူမပေါ်လာတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကိုပါ listလုပ်ထားသည်။

ဒါကိုဖတ်တဲ့သူတိုင်းက တကယ့် ပရိသတ်တွေလို့ ပြောလို့ရသည်။

မနက်စာစားလို့ပြီးတော့ ရှောင်လုက စုချန်ယန်ကို <Sludge> အတွက် ပိုစတာရိုက်ကူးမယ့်နေရာဆီ မောင်းပို့ပေးသည်။

ဒါရိုက်တာဝမ်က စုချန်ယန်ကိုမြင်တဲ့အခါ ကျယ်ကျယ် ပြန့်ပြန့် ပြုံးပြပြီး ပြောလိုက်သည်။ "Miss စု!"

သူက အနားရောက်လာပြီး ညာလက်ကို စုချန်ယန် ဆီ ဖြန့် ပေးလိုက်သည်။ စုချန်ယန်မှာ သူ့ရဲ့စိတ်အားထက်သန်တဲ့ သဘောထားကြောင့် လန့်သွားပြီး သူနဲ့လက်ဆွဲနှုတ်‌ဆက်လိုက်သည်။

"မတွေ့ရတာကြာပြီ၊ မတွေ့ရတာကြာပြီ!" သူက စုချန်ယန် ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြင်းပြင်းထန်ထန်နဲ့ နှစ်ကြိမ် လောက်ခါယမ်းလိုက်သည်။

စုချန်ယန်က ပြုံးလိုက်ကာ လက်ကို ရုတ်လိုက်ပြီး "မတွေ့ရတာကြာပြီ ဒါရိုက်တာ။ တခြားသူ တွေရောဘယ်မှာလဲ?"

ဒီတစ်ခေါက်မှာတော့ ရုပ်ရှင်ပိုစတာရိုက်ကူးမှုအတွက် အဖွဲ့လိုက်ဓာတ်ပုံတွေနဲ့ သရုပ်ဆောင်တွေရဲ့တစ်ဦးချင်းဓာတ်ပုံ တွေပါ ပါတာကြောင့် အခြားသရုပ်ဆောင်တွေကို မခေါ်ခင် စုချန်ယန် ရောက်လာတဲ့အထိ စောင့်နေကြတာဖြစ်သည်။

“သူတို့အားလုံး ဒီမှာ ရှိတယ်။ Missစု၊ မင်းအရင်သွားပြီး အဆင်သင့်ပြင်လို့ရတယ်"

“ကောင်းပါပြီ”

All Chapters