အခန်း ၁၂၈
Vol. 10 Ch. 128
စုချန်ယန်နဲ့ ထျန်းရုန်တို့ရဲ့ အရှုပ်တော်ပုံကြောင့် <Sludge> အဖွဲ့သားတွေက အခမဲ့ လူသိရှင်ကြား ကြော်ငြာခံရသည်သာမက ရုပ်ရှင်မလွှင့်ခင်ကပင် အာရုံစိုက်မှုကို ရခဲ့ကြသည်။
ဒါရိုက်တာဝမ်မှာ စုချန်ယန်က သူတို့ အဖွဲ့သားတွေရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူမ ပတ်ဝန်းကျင်က အရာအားလုံးက ပိုကောင်းလာတယ်။
သူမအပေါ်ထားတဲ့ သူ့ရဲ့သဘောထားကို ကြည့်ရတာ သရုပ်ဆောင်တစ်ယောက်နဲ့ ဆက်ဆံရတဲ့ ဒါရိုက်တာတစ်ယောက်လို မဟုတ်ဘဲ ချမ်းသာတဲ့ ရင်းနှီးမြှုပ်နှံသူနဲ့ ဆက်ဆံရတဲ့ ဒါရိုက်တာနဲ့ ပိုတူနေသည်။ သူ့မျက်လုံးတွေကအပြုံးနဲ့အတူ မှေးကျဉ်းသွားသည်။
စုချန်ယန်ကို ဓာတ်ပုံရိုက်ပေးဖို့အတွက် ဝန်ထမ်းတွေက သူမအတွက် ဝတ်စုံတွေ ပြင်ဆင်ပေးထားတဲ့ မိတ်ကပ်ခန်းဆီ ခေါ်ဆောင်သွားသည်။
သူမကို မိတ်ကပ်လိမ်းပေးနေတုန်းမှာ ရှောင်လုက စုချန်ယန်နဲ့ ရံဖန်ရံခါ စကားစမြည်ပြောရင်း ဖုန်းကစားနေသည်။
မိတ်ကပ်လိမ်းပြီးတဲ့အခါ မိတ်ကပ်ပညာရှင်က စုချန်ယန်ကို မိနစ်နည်းနည်းလောက် အနားယူခိုင်းလိုက်သည်။ ဝန်ထမ်းတစ်ယောက်က ခဏနေကျရင် ဓာတ်ပုံရိုက်ဖို့ သူမကိုလာခေါ်လိမ့်မည်။
စောင့်နေတုန်း စုချန်ယန်က ဖုန်းကို ထုတ်လိုက်ပြီး သူမရဲ့ မက်ဆေ့ချ် တွေကို လှန်ကြည့်လိုက်သည်။
<Travel> အတွက် WeChat အဖွဲ့ချတ်က အရမ်းတိတ်ဆိတ်နေသည်။ သူမနှိပ်လိုက်တော့ ဟန်စုန့်ရွှယ်က သူမမန်နေဂျာက သူမကိုအလုပ်တွေ အများကြီးပေးထားတယ်လို့ မနေ့ညကပြောထားတဲ့မက်ဆေ့ခ်ျမှာ ရပ်သွားသည်။
ရှိုးရဲ့တတိယအပိုင်းကို ထုတ်လွှင့်ပြီးတဲ့နောက်မှာ လူတိုင်းရဲ့ရေပန်းစားမှုက အွန်လိုင်းပေါ်မှာ အတိုင်းအတာတစ်ခုအထိ မြင့်တက်လာသည်။ ထောက်ခံချက်တွေနဲ့ ပွဲဖိတ်စာတွေကို အဆက်မပြတ် လက်ခံရရှိနေတာကြောင့် ပွဲအပြီးမှာ အားလုံး အလုပ်များနေကြသည်။
စုချန်ယန်ကတော့ လူတိုင်းက သူတို့ရဲ့ဘဝလမ်းကြောင်းပေါ် ပြန်ရောက်နေပြီလို့ ရုတ်တရက် ခံစားလိုက်ရသည်။
သိပ်မကြာခင်မှာပဲ ဝန်ထမ်းတွေက ပိုစတာအတွက် ဓာတ်ပုံရိုက်ဖို့ စုချန်ယန်ကို လာခေါ်သည်။
သူမရောက်သွားတဲ့ အချိန်မှာတော့ တခြားသရုပ်ဆောင်တွေက နေရာယူထားပြီးပြီဖြစ်သည်။
စုစုပေါင်း သရုပ်ဆောင် ရှစ်ယောက်ရှိပြီး စုချန်ယန်အနေနဲ့ အရင်က ရှုဟောက် တစ်ယောက်နဲ့ဘဲ ဆုံဖူးသည်။ သူမက အခြားသူတွေကို အပြုံးနဲ့ နှုတ်ဆက်လိုက်ပြီး ဝန်ထမ်းတွေက သူမကိုရှုဟောက်အနားမှာ ရပ်ဖို့ခေါ်သွားပေးသည်။
"မတွေ့တာကြာပြီ" ရှုဟောက်က ပြုံးပြီး နှုတ်ဆက်လိုက်သည်။
စုချန်ယန်က အံ့သြသွားပြီး ပြောလိုက်သည်။ "ဓာတ်ပုံရိုက်ဖို့ ကျွန်မဒီမှာ ရပ်ရမှာလား? မဖြစ်သင့်…”
ရှုဟောက်မှာ ဒီဇာတ်ကားရဲ့ အမျိုးသားဇာတ်ဆောင်ဖြစ်ပြီး သူနဲ့အတူ အလယ်ဗဟိုနေရာမှာ ရပ်ရမည့်သူမှာ အမျိုးသမီးဇောတ်ဆောင်ဖြစ်သင့်သည်။
ပတ်ပတ်လည်ကိုကြည့်လိုက်တော့ သူမဘယ်ဘက်တွင် မျက်နှာအမူအရာ မသာမယာနဲ့ ရပ်နေတဲ့ မိန်းကလေးတစ်ယောက်ကို စုချန်ယန် သတိပြုမိလိုက်သည်။
စုချန်ယန်က သူမကိုကြည့်နေမှန်း ကောင်မလေးက သတိထားမိတော့ သူမက အတင်းပြုံးပြလိုက်ပြီး နှုတ်ဆိတ်နေသည်။
စုချန်ယန်မှာ အခြားမိန်းကလေးရပ်ရမယ့်နေရာမှာ သူမရပ်နေရကြောင်း သိလိုက်ရသည်။ ဒါပေမယ့် ဒါက ဒါရိုက်တာရဲ့ ဆုံးဖြတ်ချက် ဖြစ်တာကြောင့် သူမ ဘာမှ မပြောလိုက်တော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမရပ်နေရတဲ့အနေအထားကို သိပ်ဂရုမစိုက်တာကြောင့် ပူးပေါင်းပြီး ဓာတ်ပုံရိုက်ပေးလိုက်သည်။
ဒါပေမယ့် ဓါတ်ပုံရိုက်တာက ချောချောမွေ့မွေ့ဖြစ်မလာပါချေ။ အလင်းရောင် ဒါမှမဟုတ် နေရာချထားတဲ့နေရာမှာ ပြဿနာတွေ အမြဲတမ်းရှိလာသည်။
စုချန်ယန်ရဲ့ဘယ်ဘက်က အမျိုးသမီးသရုပ်ဆောင်မှာ သူမရဲ့နေရာ ဆုံးရှုံးလိုက်ရတဲ့ အတွက်မပျော်မရွှင်ဖြစ် နေပြီးအရေးကြီးတဲ့အချိန် တွေမှာအမှားတွေ ဆက်တိုက် လုပ်မိနေသည်။ သူမက စုချန်ယန်က်ု အကြိမ်ပေါင်းများစွာ ရည်ရွယ်ချက်ရှိရှိနဲ့ ဝင်တိုက်ေနပြီး သူမရဲ့ စကတ်ကို ညစ်ပတ်သွားစေသည်။
ပထမတော့ စုချန်ယန်က စိတ်မ၀င်စားပေမယ့် ကောင်မလေးက အမှားတွေ ဆက်လုပ်နေပြီး သူမအဝတ်တွေကို ညစ်ပတ် အောင်လုပ်နေတာကြောင့် စုချန်ယန်မှာ မနေနိုင်ဘဲ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သို့ပေမယ့် အမျိုးသမီး သရုပ်ဆောင်က အေးစက်စက်နဲ့ သူမကို မကြည့်ပေ။
စုချန်ယန်မှာ သူမကိုယ်သူမ အေးအေးဆေးဆေး စိတ်ရှည်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ သူတစ်ယောက်လို့ ထင်ခဲ့တာဖြစ်သည်။ ဒါပေမယ့် သူမ သည်းမခံနိုင်တောါတဲ့အခါမှာတော့ အသံတိုးတိုးနဲ့ ပြောလိုက်သည်။ “မင်းရဲ့နေရာနဲ့ပတ်သတ်ပြီး မကျေနပ်ရင် ဒါရိုက်တာနဲ့ ပြောလို့ရတယ်"
အမျိုးသမီးသရုပ်ဆောင်က သူမကို မကျေမနပ်တဲ့ အရိပ်အယောက်တွေနဲ့ ကြည့်ပြီး ပြောလိုက်သည်။ "ငါ သူနဲ့ စကားမပြောခဲ့ဘူးလို့ ထင်နေတာလား?"
“ဒီကိစ္စမှာ ထပ်ပြေားရာမရှိပါဘူး။ ငါ မင်းကို ပိုပြီး လူသိများအောင် လုပ်နိုင်တယ်။ လက်ရှိအွန်လိုင်းအခြေအနေအရ ငါသာဒီမှာမရပ်ရင် ပိုစတာထုတ်တဲ့အခါ ဘယ်သူမဆို ဝေဖန်ခံရလိမ့်မယ်။ ဒါ့အပြင် ပိုစတာတစ်ခုရဲ့ နေရာတစ်ခုမှာ ရပ်နေရတာက ဘာအဓိပ္ပါယ်မှမရှိဘူး" စုချန်ယန်က ပြောလိုက်သည်။
မင်းသမီးက သူမရဲ့ နီရဲနေတဲ့ နှုတ်ခမ်းကိုစူလိုက်သည်။ စုချန်ယန်ပြောတာမှန်တယ်ဆိုတာ သူမသေချာသိပေမယ့်... သူမလက်မခံနိုင်ဘူး။ စုချန်ယန်က ယန်ရှောင်ရှီ ဇာတ်ရုပ်ကို သရုပ်ဆောင်ထားတာကြောင့် ဒါရိုက်တာဝမ်က ဇာတ်အိမ်တည်ဖို့ ဆုံးဖြတ်ခဲ့သည်။
သူမ မကျေနပ်ပေမယ့် စုချန်ယန်ရဲ့စကားတွေအပြီးမှာ မင်းသမီးက နည်းနည်းငြိမ်သွားပြီး ပြဿနာဆက်မရှာတော့ပေ။
ဒါတောင်မှ အဖွဲ့လိုက် ဓာတ်ပုံရိုက်တာ နှစ်နာရီနီးပါးလောက်ကြာသွားသည်။
နေ့လည်မှာ ဒါရိုက်တာက သူတို့အတွက် ထမင်းဘူး တွေ မှာပေးသည်။ နေ့ခင်းဘက်မှာတော့ ပိုစတာတွေအတွက် ရိုက်ကြပြီး အဲ့ဒါပြီးသွားတဲ့နောက်မှာတော့ ညစာစားဖို့ အပြင်ထွက်ကြမည်ဖြစ်သည်။
နေ့လယ်စာစားပြီး မကြာခင်မှာပဲ ဓာတ်ပုံဆရာက သူတို့တစ်ယောက်ချင်းစီအတွက် ပရိုမိုးရှင်းပိုစတာတွေ ရိုက်သည်။
စုချန်ယန်က နောက်ဆုံးဖြစ်သည်။ စောင့်နေတုန်းမှာ သူမကို မျှော်စင်ကာကွယ်တဲ့ ဂိမ်းနည်းနည်း ကစားပေးဖို့ ရှောင်လုဆီကနေ သွေးဆောင်ခံခဲ့ရသည်။
ရှောင်လုက ကောင်းကောင်းကစားတတ်တာကြောင့် စုချန်ယန်က သူမကို ပံ့ပိုးကူညီပေးနေပေမယ့် ဂိမ်းရဲ့ စည်းမျဉ်းတွေကိုတောင် နားမလည်ပါချေ။
“စစ်သားတွေ ရဲတိုက်ထဲဝင်ဖို့ စောင့်ဦး။ စစ်သားတွေကို ရဲတိုက်ထဲကို အရင်ပေးဝင်လိုက်။ ဆန့်ကျင်ဘက် ကာကွယ်ရေးမျှော်စင်က နင့်ကို တစ်ချိန်လုံး တိုက်ခိုက်နေတယ်ဆိုတာ နင်သတိမထားမိဘူးလား?"
မီးခိုးရောင်ဖြစ်သွားတဲ့စခရင်ကို ကြည့်ရင်း စုချန်ယန် ရေရွတ်လိုက်သည်။ "ဘယ်လိုကစားရမလဲ ငါမှမသိတာ"
“အဲဒါကြောင့် နင့်ကိုငါ့နောက် လိုက်ခိုင်းတာလေ။ ဘာလို့ပတ်ပြေးနေတာလဲ?"
"ဒါပေမယ့် ပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံရှာဖို့ စစ်သားတွေကို သတ်ရမယ်လေ"
ပစ္စည်းတွေဝယ်တာကို မပြောတော့ဘဲ ရှောင်လုက စုချန်ယန် ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို တွေ့တဲ့အခါ မူးလဲလုနီးပါးပင်။ "နင်ဘာဝယ်ခဲ့တာလဲ?"
စုချန်ယန်က သူမရဲ့ ပစ္စည်းစာရင်းထဲက ရောင်စုံကျောက်မျက်မျိုးစုံကို ကြည့်ရင်း သူမမှားသွားတယ်လို့ ခံစားလိုက်ရသည် - "ကျောက်မျက်ရတနာဝယ်ဖို့ နင်ငါ့ကို ပြောခဲ့တာမဟုတ်ဘူးလား?"
ရှောင်လုမှာ သူမရဲ့ ပစ္စည်းစာရင်းအောက်က အရောင်မျိုးစုံရှိတဲ့ ကျောက်မျက်ရတနာတွေကို ကြည့်ကာ ခဏလောက် တိတ်ဆိတ်သွားသည်။
"မေ့လိုက်တော့၊ နောက်ဂိမ်းကျရင် နင်'Orphan Road' ဘဲကစားသင့်တယ်"
ဒုတိယအချီကနေစပြီး စုချန်ယန်က သူမရဲ့ အကြံပေးချက်ကို လိုက်နာကာ minion waves တွေကို ရှင်းလင်းရုံမှတပါး ဘာမှမလုပ်ခဲ့ပေ။
ရန်သူက အခြားလမ်းနှစ်ခုလုံးကို ကုန်းမြင့်ပေါ် တွန်းချလိုက်ပြီး စုချန်ယန်ကတော့ ထိပ်ပိုင်းက minions တွေကို လုံ့လစိုက်ထုတ်ကာ အခြေခံတိုက်လိုက်တာတွေကိုဘဲသိပြီး စကေးတွေကိုတောင် မသုံးပါချေ။
ရှောင်လုက သူမကို လုံးဝ စွန့်လွှတ်လိုက်ပြီး ဂရုမစိုက်တော့ပေ။ နောက်ပိုင်းမှာ စုချန်ယန်က minion လှိုင်း တွေကို ရှင်းလင်းရာမှာ ပျော်စရာကောင်းတာကိုရှာတွေ့ခဲ့ပေမယ့် သူတို့ရဲ့ အောက်ခြေက သလင်းကျောက်တွေ ပျက်စီးသွားသည်။ စုချန်ယန်က စိတ်ရှုပ်သွားပြီး "ဘာဖြစ်သွားတာလဲ? ငါတို့ ဘယ်လိုလုပ် ရှုံးသွားတာလဲ?"
ရှောင်လုမှာ မထိန်း နိုင်ဘဲ ရယ်လိုက်ပြီး "နင်ထိပ်လမ်းမှာ လယ်စိုက်ဖို့ အာရုံစိုက်နေတုန်း ငါတို့က ဒီဘက်မှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်နေတာလေ။ တကယ်လုံး ကမ္ဘာပျက်ကပ်မှာသာဆို နင်တစ်ယောက်ဘဲ နောက်ဆုံးအသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေထဲက တစ်ယောက်ဖြစ်လာမှာ"
လှောင်ပြောင်ခံလိုက်ရပြီးနောက်မှာ စုချန်ယန်က ဖုန်းကိုပိတ်လိုက်ပြီး ခေါင်းမာမာနဲ့ ပြောလိုက်သည်။ “ငါ မကစားတော့ဘူး”
ရှောင်လုလည်း မကစားချင်တော့တဲ့အတွက် ပြောလိုက်သည်။ "ကောင်းပြီလေ နောက်ဂိမ်းတစ်ခု ပြောင်းကြည့်ရအောင်"
"ဘာဂိမ်းလဲ?" စုချန်ယန်က ဂိမ်းထဲမှာ ပျော်စရာကောင်းမလားဆိုတာ သိချင်စိတ်နဲ့ မေးလိုက်သည်။
"သေနတ်ပစ်ဂိမ်း၊ နင့်အတွက် ငါဒေါင်းလုဒ်လုပ်ပေးမယ်" ရှောင်လုကပြောလိုက်သည်။
ပိုစတာရိုက်ပြီးသွားလို့ ရှုယောက် ပြန်လာတဲ့အခါ စုချန်ယန်နဲ့ ရှောင်လုတို့က ဧည့်ခန်းထဲမှာ ဂိမ်းကစားနေတာကို တွေ့လိုက်ရသည်။
"တစ်ယောက်ယောက် ငါ့ကို လာတိုက် နေတယ်! ရှောင်လု ငါ့ကိုကယ်ဦး!" စုချန်ယန်က ထိတ်လန့်သွားသည်။
"ခဏစောင့်၊ နင်ဘယ်နံပါတ်လဲ?" ရှောင်လုက မေးလိုက်သည်။
“နံပါတ်လေး”
"နံပါတ်လေး? နင်ဘယ်လိုလုပ် စစ်စခန်းမှာ ရှိနေတာလဲ? ငါက တောင်ပေါ်က အပျက်အစီးတွေထဲမှာဘဲ ရှိသေးပြီး အဲ့ဒီကို မပျံလာလို့မရဘူး"
စုချန်ယန် မတုံ့ပြန်ရ သေးခင်မှာဘဲ သူမ လဲသွားသည်။
"ကယ်ဦး! ကယ်ဦး! ငါ့ကို တိုက်ခိုက်တဲ့သူတွေ အများကြီးပဲ!”
"ငါသေသွားပြီ!"
ရှောင်လုက ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်သည်။ "ဒီဂိမ်းကို ဘယ်လိုကစားရမလဲဆိုတာ ငါတကယ်မသိဘူး"
စုချန်ယန်လည်း စိတ်ပျက်လက်ပျက်နဲ့ ခေါင်းမော့လိုက်သည်။ သုံးကြိမ်တိုင်တိုင် သေပြီးသွားတော့ သေနတ်တောင် မကိုင်နိုင်တော့ဘူး။
အဲ့ဒါက နည်းနည်းရယ်စရာကောင်းကြောင့် ရှုဟောက်တွေ့လိုက်ရသည်။သူ့ရဲ့ခြေရှည်ရှည်နဲ့ ဧည့်ခန်းဆီလျှောက်သွားကာ သူ့ဖုန်းနဲ့အတူ နှစ်ယောက်သားကို မေးလိုက်သည်။ “နောက်တစ်ယောက် ထပ်ပါရင်ရော စိတ်ရှိမလား? ဒီဂိမ်းမှာ ကျွန်တော် တော်တော် ကောင်းတယ်"
စုချန်ယန် က စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "လာ၊ လာ"
တိုက်တိုက်ဆိုင်ဆိုင်စွာပင် တံခါးဝကနေ အမျိုးသမီး သရုပ်ဆောင်တစ်ယောက် ဖြတ်သွားတဲ့အတွက် သုံးယောက်သား အတူတူ ဂိမ်းဆော့ဖို့ ခေါ်လိုက်သည်။
မထင်မှတ်ပဲ၊ အဲ့ဒီသရုပ်ဆောင်ကလည်း ဂိမ်းကစားရာမှာ အတော်လေး ကောင်းမွန်ပြီး အခြားကစားသမားနှစ်ယောက်ကို carry ပေးဖို့ ရှုဟောက်နဲ့ပူးပေါင်းလိုက်သည်။
စုချန်ယန်မှာ အရင်တုန်းက ဂိမ်းမကစားဖူးပေမယ့် အခုတော့ စွဲလန်းနေပြီ။ ပိုစတာအတွက် ဓါတ်ပုံရိုက်ပြီး၊ ညစာစားပြီးတဲ့ နောက်မှာတော့ သူမမှာ ဂိမ်းအကြောင်း မတွေးဘဲမနေနိုင်တော့ချေ။ သီးသန့်ခန်းထဲမှာ အားလုံး စားသောက်လို့ပြီးတော့ စုချန်ယန်က သူတို့သုံးယောက်ကို ဆက်ကစားဖို့ တောင်းဆိုလိုက်သည်။
လင်းယွီ အလုပ်ပြီးလို့ ရောက်လာတဲ့အခါ ဒါရိုက်တာဝမ်နဲ့ အခြားသူတွေက သီးသန့်ခန်းတစ်ဖက်မှာပေါ့ပေါပါးပါးစကားပြောနေကြပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို စိတ်ကူးယဉ်နေကြတာ တွေ့လိုက်ရသည်။
တစ်ဖက်မှာတော့ ၊ စုချန်ယန်နဲ့ ကျန်သုံး ယောက်က သူတို့ရဲ့ မိဘတွေ ညစာစားပွဲကို ခေါ်လာတော့ ပျော်ပျော်ရွှင်ရွှင်ဂိမ်းကစားနေကြတဲ့ ကလေးတွေလိုမျိုး အတူတူစုနေကြသည်။
"ဟောက်ကျီ၊ ငါ့ကိုကယ်ဦး!" သူမရဲ့ ခန္ဓာကိုယ်က တွန်းထုတ်ခံလိုက်ရသလိုမျိုး ထိတ်လန့်နေတဲ့ အကြည့်နဲ့အတူ စုချန်ယန်က ရုတ်တရက် အော်ဟစ်လာသည်။
သူမရဲ့မျက်နှာပေါ်မှာ ဒီလိုမျိုး ကွက်ကွက်ကွင်းကွင်း အမူအရာကို မြင်လိုက်ရတော့ လင်းယွီရင်ထဲမှာ နည်းနည်း ယားယံလာသလို ခံစားလိုက်ရသည်။
သူ့လိုလူတွေက လွယ်လွယ်နဲ့မလှုပ်ရှားနိုင် ပေမယ့် သူတို့ နှလုံးသားကို တစ်ခါ ထိလိုက်တာနဲ့ သူတို့ရဲ့ ခံစားချက်တွေက ရပ်တန့်လို့မရတဲ့ ရေတံခါးတစ်ခုလို ဖြစ်သွားလိမ့်မယ်ဆိုပြီး တစ်ယောက်ယောက်က သူ့ကိုပြောခဲ့ဖူးသည်။
ပြီးသွားပြီ
စုချန်ယန်ကို သူ့ရဲ့ကိုယ်ပိုင် စုဆောင်းမှုအဖြစ် သူတကယ် ပြောင်းလဲချင်သည်။