အခန်း ၁၃၀
Vol. 10 Ch. 130
"ချန်ယန်" ချီဖုက သူရဲကောင်းတစ်ယောက်လို ၀တ်ဆင်ထားကာ သူမကို လက်ယမ်းပြသည်။
“ရှင် ဒီဝတ်စုံနဲ့ အရမ်းကြည့်ကောင်းတယ်” စုချန်ယန်လည်း အော် ပြောလိုက်သည်။
ချီဖုက နည်းနည်းရှက်သွားပြီး ခေါင်းကုတ်လိုက်ကာ "ကျေးဇူးတင်ပါတယ်၊ မင်းလည်း လှတယ်"
"အိုး၊ စကားမစပ် မင်ကန်က ဒါကို မင်းဆီပေးဖို့အတွက် ငါ့ကို အပ်ထားတယ်" ချီဖုက ပြောလိုက်သည်။
သူလှည့်လာပြီး လက်မှတ်နှစ်စောင် ယူလာသည်။
"ဒါဘာလဲ?" စုချန်ယန်က နည်းနည်း နားမလည်ဖြစ်သွားသည်။
ချီဖု "ဒါတွေက 'A Chinese Ghost Story' အတွက် ပြဇာတ်လက်မှတ်တွေ။ ဒီကြာသပတေးနေ့မှာ မြို့တော်ရဲ့ အနောက်ဘက်ကဒုတိယဇာတ်ရုံမှာ ပြမယ်။ သူက ငါတို့နှစ်ယောက်စလုံးအတွက် လက်မှတ်နှစ်စောင်ပေးလာတယ်"
စုချန်ယန်က လက်မှတ်တွေကို ယူလိုက်ပြီး အံ့သြတကြီးနဲ့ မေးလိုက်သည်။ "သူက ပညာတော်သင်တဲ့နေရာမှာ ထပ်ပြီးသရုပ်ဆောင်တာလား?"
ချီဖု က ပြုံးပြီး ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး"
"ဒါဆို သူက ဘယ်နေရာ သရုပ်ဆောင်တာလဲ?"
"ရှောင်ချမ် နေရာမှာ"
စုချန်ယန် - “…”
ရှောင်လုက သူမနားမှာ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ “သူ ဘယ်နေရာ သရုပ်ဆောင်တာ? ရှောင်ချမ်?!"
စုချန်ယန်လည်း မထိန်းနိုင်တော့ဘဲ ရယ်လိုက်ပြီး “မင်ကန်မှာက သိမ်မွေ့တဲ့ အသွင်အပြင်တွေ ရှိတယ်။ သင့်တော်တဲ့ မိတ်ကပ်တချို့လိမ်းလိုက်ရင် ကျားလား မလားဆိုတာ ပြောဖို့ခက်တယ်"
ချီဖုက ရယ်မောလိုက်သည်။ “ပြီးခဲ့တဲ့ အပတ်က ငါသူ့ကို စကတ်တစ်ထည် ပို့လိုက်တယ်။ သူက ဗီဒီယိုရိုက်ပြီး ရှောင်ချမ်ရဲ့အဖွား နေရာအတွက် စမ်းကြည့်ဖို့ ရည်ရွယ်ပြီး ဒါရိုက်တာဆီ ပို့ပေးလိုက်တာ။ ဒါပေမယ့် ပြဇာတ်ဒါရိုက်တာက သူ့ကို ရှောင်ချမ်အဖြစ် သရုပ်ဆောင်ခိုင်းဖို့ တောင်းဆိုလာတယ်လေ"
ရှောင်လုရဲ့မျက်လုံးတွေက တလက်လက်တောက်ပသွားပြီး "ရှင့်မှာ ဗီဒီယို ရှိလား? ကြည့်ချင်တယ်!"
စုချန်ယန်လည်း ချက်ချင်း ပြောလိုက်သည်။ “ကျွန်မလည်း တွေ့ချင်တယ်”
ချီဖု က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ " ဒါပေါ့၊ group ထဲပို့လိုက်မယ်"
ချီဖုက သူ့ဖုန်းကိုယူဖို့ အခန်းထဲ လှည့်ဝင်လိုက်ပြီး စုန့်မင်ကန် ရဲ့ cross-dressing ဗီဒီယိုကို groupထဲပို့လိုက်သည်။
“ဟားဟား…”
“မင်ကန် ဟာဟားဟား…”
ဖြတ်သွားတဲ့ ဝန်ထမ်းတွေက သူတို့ကို နားမလည်တဲ့ အမူအရာနဲ့ လှမ်းကြည့်လာကြသည်။
စုချန်ယန်နဲ့ ရှောင်လုတို့က ပြင်းပြင်းထန်ထန်နဲ့ ခန္ဓာကိုယ်တွေ လှုပ်ခါတဲ့အထိ ရယ်နေကြသည်။
စုန့်မင်ကန်ရဲ့ ဗီဒီယိုကြောင့် အစကတိတ်ဆိတ်နေတဲ့ WeChat group ဟာ ရုတ်တရက် လူတွေ ပြည့်သွားသည်-
စုန့်မင်ကန် - [@ချီဖု?]
ဟန်စုန့်ရွှယ် - [ ဘုရားရေ၊ ဟားဟားဟား!]
ကျန်းရှစ်ချီ - [အလုပ်က တကယ်ပင်ပန်းရပေမယ့် ဒီဗီဒီယိုက တကယ်ကို လန်းဆန်းစေတာဘဲ]
ထန်ချီ - [(လက်မထောင်.jpg) မင်ကန်က အံ့မခန်းပါပဲ အသစ်အဆန်းတွေကို ကြိုးစားဖို့ သတ္တိရှိတယ်။ ငါ့တင်းတင်းကိုလည်း မင်းဆီကနေ သင်ယူနိုင်အောင် လုပ်ရမယ်]
ဟယ်ရှု - […ထပ်တူဝမ်းနည်းပါတယ်]
ချင်ယို့ - [အစ်ကို မင်ကန်က အံ့သြစရာပဲ! ညီမလည်းလူတိုင်းဆီက သင်ယူပြီး ပိုကြိုးစားရတော့မယ်!]
ရှန်ဖု - [@စုန့်မင်ကန်၊ ကျေးဇူးတင်ပါတယ်။ ငါစိတ်တွေကို နိုးကြားသွားစေတယ်]
စုန့်မင်ကန် - [ငါ့ကိုလက်မှတ်တွေ ပြန်ပေးကြတော့!!!]
ဟန်စုန့်ရွှယ် - [မဖြစ်နိုင်ဘူး၊ နင်ဘယ်လို စွမ်းဆောင်နိုင်မလဲဆိုတာကို လာကြည့်ဖို့ ကြာသပတေးနေ့မှာ ငါ့အလုပ်တွေကို ရွှေ့ထားတာ]
[ဆက်လုပ်ထား]
[ဆက်လုပ်ထား]
. . . .
စုန့်မင်ကန် - [@ချီဖု ထွက်လာစမ်း!!! ဒီည မင်းကို သတ်ပစ်မယ်]
ဟန်စုန့်ရွှယ် - [ဒီည ချီဖုကို ငါကာကွယ်မယ် ]
[ငါရော]
[ငါရော]
. . . .
စုချန်ယန်မှာ groupထဲက မက်ဆေ့ခ်ျတွေကြောင့် သဘောကျကာ ကျယ်လောင်စွာနဲ့ ရယ်လိုက်သည်။
ချီဖုက groupထဲမှာ ပြန်ပြောလိုက်သည် - [မင်ကန်၊ စိတ်မပူပါနဲ့၊ ရှက်စရာမဟုတ်ပါဘူး ငါတို့အားလုံးက ညီအစ်မတွေဘဲ]
စုန့်မင်ကန် - […]
နောက်အခိုက်အတန့်မှာ လူဆယ်ယောက် group က ရုတ်တရက် ကိုးယောက် ဖြစ်သွားသည်။
စုချန်ယန်က စုန့်မင်ကန် ဒေါသထွက်ကာ အဖွဲ့ကနေထွက်သွားတာကိုမြင်တော့ သူ့ကို အမြန်ပြန်ဆွဲလိုက်သည်။
စုချန်ယန် - [အားလုံး ရယ်နေတာ ရပ်ကြတော့။ @ချီဖု ဘယ်လိုလုပ် ဒီဗီဒီယိုကို groupထဲ share နိုင်ရတာလဲ?]
ဟန်စုန့်ရွှယ် - [ချန်ယန်မှန်တယ်။ ဒီလိုကောင်းတဲ့အရာတွေကို လူတိုင်းက Weibo မှာ မျှဝေပေးသင့်တယ်]
စုန့်မင်ကန် - [ဟီးဟီး]
ချက်ချင်းဆိုသလိုပဲ သူကတခြားဧည့်သည်တွေရဲ့ ရှက်စရာကောင်းတဲ့ ဓာတ်ပုံတစ်ဒါဇင်ကျော်ကို တင်လိုက်သည်။ စုချန်ယန်တောင် မလွတ်ပေ။
သို့ပေမယ့် အခြားသူတွေနဲ့ ယှဉ်ပါက စုချန်ယန်ရဲ့ ဓာတ်ပုံမှာ နည်းနည်း ဆွဲဆောင်မှု ရှိသည်။
စုန့်မင်ကန်ကို ရယ်ပြီးတဲ့နောက်မှာ စုချန်ယန်က စကားပြော မှတ်တမ်းတချို့ကို ဖြတ်ပြီး Weibo မှာ တင်လိုက်သည် - [စုန့်မင်ကန် အုပ်စုဖွဲ့ အရိုက်ခံရတဲ့နေ့၊ ကြာသပတေးနေ့ အနောက်ဘက် ဒုတိယပြဇာတ်ရုံမှာ ညီငယ်လေး ရှောင်ချမ်နဲ့တွေ့ဖို့ မျှော်လင့် နေပါပြီ~]
စုချန်ယန် Weibo မှာ ပို့စ် တင်ပြီးတာနဲ့ groupထဲကအခြားသူတွေကလည်း ညစာအတွက် စီစဉ်ပေးရင်းနဲ့ အဲ့ဒါကို တဆင့် forward လုပ်ကြသည်။ ကြော်ငြာပြီးတဲ့နောက်ကြာသပတေးနေ့ ဖျော်ဖြေပွဲအပြီးမှာ စုန့်မင်ကန်က အားလုံးကို ထမင်းစားအတူတူစားဖို့ဖိတ်လိုက်သည်။
ခဏအကြာ တာဝန်ခံက စုချန်ယန်နဲ့ သူတို့နှစ်ဦးကို လာရှာသည်။ ဓာတ်ပုံဆရာက အဆင်သင့်ဖြစ်နေပြီမို့ ရိုက်ဖို့ လာခေါ်ခိုင်းတာဖြစ်သည်။
ရိုက်ကူးရေးက ချောချောမွေ့မွေ့ပင်။ စုချန်ယန်နဲ့ ချီဖုတို့က ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ကြပြီး ရိုက်ချက်ရှု့ထောင့်တွေကိုလည်း ကောင်းကောင်း နားလည်ကြသည်။ သူတို့က ညနေစောင်းမှ ပြီးသွားသည်။
ရှုခင်းသာနေရာက စီစဉ်ပေးတဲ့ ဟိုတယ်ကိုပြန်ရောက်တော့ စုချန်ယန်က ရေချိုးပြီး ထွက်လာသည်။ လွန်ခဲ့သော နာရီဝက်လောက်က လင်းယွီက သူမရဲ့ လုပ်ငန်းစဉ်အကြောင်းကို မေးဖို့ သူမဆီ မက်ဆေ့ချ်ပို့လာသည်။ စုချန်ယန်က သူမအလုပ်ပြီးပြီလို့ ပြန်ဖြေလိုက်သည်။
လင်းယွီက မနက်ဖြန် မြို့တော်ကို ပြန်လာရမှာမို့ စောစော အနားယူဖို့ ပြောပြီး ချက်ချင်းဘဲ စာပြန်လာသည်။
စုချန်ယန် စာပြန်လို့ပြီးလို့ chat box ကိုပိတ်လိုက်တော့ အောက်မှာ တုစမ်ယွီဆီက မက်ဆေ့ချ်တစ်ခုကို တွေ့လိုက်ရသည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက တုစမ်ယွီမှာ စုချန်ယန်ကြိမနှောင့်ယှက်ဘဲ ညနေတိုင်းတိုင်း သူမကိုနှုတ်ဆက်ဖို့ မက်ဆေ့ချ်ပို့လေ့ရှိသည်။ ရံဖန်ရံခါတွင်၊ သူ့အဖေသူ့အပေါ် ဘယ်လောက်တင်းကြပ်လဲဆိုတာ လာတိုင်လေ့ရှိပြီး စုချန်ယန်ကသူ့ကို မက်ဆေ့ချ်နည်းနည်းနဲ့ ဖြေသိမ့်ပေးပြီးတာနဲ့chat boxက တိတ်ဆိတ်သွားတတ်သည်။
နောက်တစ်နေ့ မြို့တော်ကိုပြန် ရောက်လာပြီးနောက်မှာ စုချန်ယန်နဲ့ ရှောင်လုက ဒါရိုက်တာတစ်ယောက်နဲ့တွေ့ဖို့ ကုမ္ပဏီဆီသွားကြသည်။
ကုမ္ပဏီကို ရောက်လာတော့ လင်းယွီရဲ့ ရုံးခန်းထဲ ဝင်လိုက်တဲ့အခါ လင်းယွီက ဒါရိုက်တာငယ်တစ်ယောက်နဲ့ စကားစမြည်ပြောနေသည်။
စုချန်ယန် ဝင်လာတာကိုမြင်တော့ လင်းယွီက သူမကို လက်ပြလိုက်ပြီး ဒါရိုက်တာနဲ့အတူ မတ်တပ်ရပ်လိုက်သည်။
"ဒါက ဒါရိုက်တာ ဟူ"
စုချန်ယန်က သူ့ဘက်ကို ခေါင်းညိတ်ပြလိုက်ပြီးပြီး သူကမ်းထားတဲ့လက်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ ဒါရိုက်တာဟူ ကျွန်မက စုချန်ယန်ပါ"
"မင်းရဲ့နာမည်ကြီးနေတဲ့ နာမည်ကို ကြားဖူးတာကြာပါပြီ"
စုချန်ယန်က ခေါင်းခါလိုက်ပြီး "ဒါရိုက်တာဟူ ရှင်က သိပ်ကြင်နာတာပဲ"
"ထိုင်ပါဦး" လင်းယွီက သူတို့နှစ်ယောက်ကို ပြောပြီး ရှောင်လုကို ရေနည်းနည်း ယူလာခိုင်းလိုက်သည်။
ဒါရိုက်တာဟူက စုချန်ယန်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "မစ္စစု၊ ရုပ်ပြကနေ ပုံဖော်ထားတဲ့ ဇာတ်ညွှန်းတွေနဲ့ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲဆိုတာ သိချင်တယ်"
စုချန်ယန်က ပြန်ဖြေလိုက်သည်။ "ဒါက ကျွန်မအတွက် သိပ်ပြိးမထူးခြားပါဘူး"
ဒါရိုက်တာဟူက ခေါင်းညိတ်လိုက်ပြီး “ရိုးရိုးသားသားပြောရရင် အခုငါ့လက်ထဲမှာ ဇာတ်ညွှန်းတစ်ခုရှိလို့ မင်းနဲ့ ဆွေးနွေးချင်တယ်"
စုချန်ယန်က ပြုံးပြီး ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ပြောပါ"
လင်းယွီက လက်ရှိအချိန်မှာ သူမကိုဇာတ်ညွှန်းပေးမှာမဟုတ်ကြောင်း အရင်ကပြောခဲ့ဖူးပေမယ့် <Travel> အစီအစဉ်သည် အပိုင်းနှစ်ပိုင်းသာ ကြာမြင့်ခဲ့သည်။ သူမရဲ့အချိန်တွေကို ပညာရှိရှိအသုံးချနေသရွေ့ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့မှာ ပါဝင်ဖို့က ပြဿနာမဟုတ်ပါချေ။
ဒါရိုက်တာဟူ - “မင်းကို ရှေးခေတ်ဒရာမာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းချင်တယ်။ အဲ့ဒါကို ဝတ္ထုကနေအခြေခံထားပြီးတော့ နောက်ပိုင်းမှာ ရုပ်ပြအဖြစ်နဲ့ထုတ်ထားတယ်။ ဇာတ်ညွှန်းက ရုပ်ပြကိုအခြေခံပြီး ပြန်ရိုက်ကူးမှာပါ"
စုချန်ယန်က ဂရုတစိုက် နားထောင်ပြီး ရံဖန်ရံခါ ခေါင်းညိတ်ပြပြီး တုံ့ပြန်သည်။
စုချန်ယန်မှာ အရင်တုန်းကရုပ်ပြ တွေထဲမှာ လိုက်လျောညီထွေဖြစ်တဲ့ ဇာတ်လမ်းတွေထဲမှာ ပါဝင်ခဲ့ဖူးပေမယ့်၊ အချိန်အများစုမှာ live-action ဗားရှင်းသည် ရုပ်ပြဗားရှင်းထက် ဘယ်သောအခါမှ မကျော်လွန်နိုင်တဲ့အပြင် သရုပ်ဆောင်တွေနဲ့ ထုတ်လုပ်ရေးအဖွဲ့တွေမှာလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်။
“အခကြေးငွေနဲဲ့ ပတ်သက်ပြီးတော့ မစ္စတာလင်းနဲ့ ဆွေးနွေးပြီးပါပြီ။ မင်းလိုအပ်ရင် ငါထပ်ပေးလို့ရပါတယ်"
စုချန်ယန် လင်းယွီကိုကြည့်လိုက်တော့ သူမကို ပြန်ပြုံးပြလာသည်။
လင်းယွီက ကန့်ကွက်တာမရှိတဲ့အတွက် စုချန်ယန် မှာလည်း တခြားအတွေးတွေ မရှိတာကြောင့် သူမခေါင်းခါပြီး ပြောလိုက်သည်။ "မစ္စတာလင်း သိတယ်ဆိုတော့ မလိုတော့ပါဘူး"
ဒါရိုက်တာဟူ ခေါင်းညိတ်ပြီး ဆက်ပြောလာသည်။ “ဒါက ရုပ်ပြကို အခြေခံပြီး ရိုက်တာကြောင့် သတင်းတွေ ပြန့်သွားတဲ့အခါ မူရင်းဝတ္ထုပရိသတ်တွေနဲ့ ရုပ်ပြပရိသတ်တွေက သရုပ်ဆောင်တွေနဲ့ ထုတ်လုပ်ရေးအဖွဲ့တွေအပေါ် ဝေဖန်မှုတွေ ရှိလာနိုင်တယ်။ ဒါကို မင်းသဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်"
စုချန်ယန်က ပြုံးပြီး ပြောလိုက်သည်။ "ရပါတယ်၊ ဝေဖန်ခံရမှာ မကြောက်ပါဘူး"
“ဒါဆို အမ်း…”
ဒါရိုက်တာဟူက စုချန်ယန်ရဲ့ ရည်ရွယ်ချက်က တော်တော်ရှင်းနေတာကြောင့် စာချုပ်ကို တိုက်ရိုက်လက်မှတ်ထိုးနိုင်မလားလို့ တွေးရင်း လင်းယွီကို ကြည့်လိုက်သည်။
အရင်တုန်းက စုချန်ယန်အနေနဲ့ ဇာတ်ညွှန်းကိုကြိုတင်သုံးသပ်ဖို့ လိုအပ်ပေမယ့် အခုတော့ လင်းယွီအတွက် တန်ဖိုးဖန်တီးဖို့ လိုအပ်နေပြီဖြစ်သည်။ သူသဘောတူသရွေ့ စုချန်ယန်က ဘယ်သည့်ဇာတ်ညွှန်းကိုမဆို လက်ခံနိုင်သည်။
လင်းယွီက စုချန်ယန် ကို တစ်ချက်ကြည့်လိုက်ပြီး ဒါရိုက်တာဟူကို ပြောလိုက်သည်။ "သူ့ကိုဇာတ်ညွှန်း အရင်ပေးကြည့်ကြတာပေါ့"
ဒါရိုက်တာဟူက ခေါင်းညိတ်ပြီး ပြေညလိုက်သည်။ “ဟုတ်တာပေါ့ ကျွန်တော် ဇာတ်ညွှန်းကို Missစုဆီ ပို့ပေးလိုက်မယ်"
စုချန်ယန်က WeChat ကိုဖွင့်ပြီး ဒါရိုက်တာဟူနဲ့ ဆက်သွယ်ဖို့ အချက်အလက်ကို ထည့်လိုက်သည်။
ဇာတ်ညွှန်းလက်ခံပြီးသွားတော့ လင်းယွီက စုချန်ယန်ကို ဧည့်ခန်းထဲ သွားခိုင်းလိုက်ကာ လက်မှတ်ရေးထိုးတာနဲ့ပတ်သက်ပြီး ဒါရိုက်တာဟူနဲ့ အသေးစိတ်ဆွေးနွေးလိုက်သည်။ နှစ်ဖက်စလုံးက ပြဿနာမရှိဘူးလို့ ခံစားရရင် စာချုပ်ကို တိုက်ရိုက် လက်မှတ် ထိုးနိုင်သည်။
စုချန်ယန်က ဧည့်ခန်းရထဲကဆိုဖာပေါ်မှာ မှီရင်း ဒါရိုက်တာဟူပို့ပေးထားတဲ့ ဇာတ်ညွှန်းကို ဖွင့်လိုက်သည်။ ဇာတ်ညွှန်းရဲ့ ခေါင်းစဉ်ကို မသတ်မှတ်ရသေးဘဲ ကုဒ်စာတန်း တွေနဲ့ ကိုယ်စားပြုထားသည်။
စုချန်ယန်က လျင်မြန်စွာနဲ့ တစ်ချက်ကြည့်လိုက်သည်။
ဇာတ်လမ်းက လက်ထပ်ပြီးမှ ချစ်ကြိုက်သွားတဲ့ အိမ်ထောင်ရေး ဇာတ်လမ်းဖြစ်သည် - ဇာတ်လိုက်မင်းသမီးမှာ မာနကြီး မောက်မာတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိပေမယ့် နူးညံ့သိမ်မွေ့တဲ့ နှလုံးသားဖြင့် ဂုဏ်သိက္ခာရှိတဲ့ မိသားစုမှ လာတဲ့ ရှဲ့ခယ့်ယန်ဖြစ်သည်။ သူမရဲ့ အပျော်မက်တဲ့ သဘာဝကြောင့် အိမ်ထောင်ပြုသင့်တဲ့အရွယ်မှာ သင့်တော်တဲ့ခင်ပွန်းကို ရှာမတွေ့ခဲ့ပါချေ။ အမျိုးသားဇာတ်လိုက်မှာ ဧကရာဇ်မင်းမြတ်က အသစ်ပေးအပ်ထားတဲ့ မျိုးရိုးမတူတဲ့ မင်းသားတစ်ပါးဖြစ်သည်။ သူဟာငယ်စဉ်ကတည်းက အမျိုးသမီးဇာတ်လိုက်ကို တိတ်တိတ်လေး သဘောကျခဲ့တာဖြစ်ပြီး မြို့တော်ကိုရောက်လာတဲ့အခါ သူရဲ့ပထမဆုံးတာဝန်မှာ ဧကရာဇ်မင်းမြတ်ရဲ့ လက်ထပ်ထိမ်းမြားဖို့ စီစဉ်ပေးခြင်းဖြစ်သည်။
ဇာတ်လမ်းတစ်ခုလုံးက ဒီနှစ်တွေထဲ စျေးကွက်ထဲမှာ ရေပန်းစားနေတဲ့ အတော်လေး ကြည်နူးစရာကောင်းပြီး စိတ်ပေါ့ပါးစေတဲ့ ဇာတ်လမ်းတစ်ခုဖြစ်သည်။
ဇာတ်ညွှန်းမှာ ပြဿနာအများကြီးမရှိပေမယ့် ဇာတ်ကောင်စရိုက်က နည်းနည်းတော့ ခက်သည်။ “မာန” ဆိုတဲ့ ချိန်ခွင်လျှာကို ကောင်းစွာ မကိုင်တွယ်နိုင်ပါက၊ မာနထောင်လွှားပြီး အပယ်ခံအဖြစ် ကြုံတွေ့ရနိုင်သည်။
သို့ပေမယ့် စုချန်ယန်ကတော့ သူမရဲ့ သရုပ်ဆောင်စွမ်းကို အမြဲယုံကြည်ပြီး ဒီဇာတ်ကောင်နေရာကို သူမကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိသည်။
ရုံးခန်းဆီ ပြန်ရောက်လာတဲ့အခါ လင်းယွီနဲ့ ဒါရိုက်တာဟူဆို့ စကားပြောတာ ပြီးသွားပြီဖြစ်သည်။
"ဘယ်လိုလဲ?" လင်းယွီက မေးလိုက်သည်။
စုချန်ယန်က ခေါင်းညိတ်ပြီး ဖြေလိုက်သည်။ "ဘာပြဿနာမှမရှိပါဘူး"
“ဒါဆို လက်မှတ် ထိုးကြရအောင်။ <Travel> ရိုက်ကူးရေး ပြီးတာနဲ့ ထုတ်လုပ်မှုကို နိုဝင်ဘာလမှာ စလိမ့်မယ်"
စာချုပ်ကို လက်မှတ်ထိုးပြီးတဲ့နောက် လက်ထောက်ရှုက ဒါရိုက်တာဟူကို ခေါ်သွားပြီး စုချန်ယန်နဲ့ လင်းယွီ တို့ကို ရုံးထဲမှာထားခဲ့လိုက်သည်။