← Chapters

အခန်း ၁၃၁

Vol. 10 Ch. 131

အခန်း ၁၃၁

Vol. 10 Ch. 131

"မစ္စတာလင်း ဘာများရှိသေးလို့လဲ?"စုချန်ယန်က မေးလိုက်သည်။

လင်းယွီက စားပွဲရှေ့မှာထိုင်ကာ စုချန်ယန်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ "ဒီတစ်လော မင်းရဲ့ အစားအသောက်ကို မထိန်းခဲ့ဘူး။ မင်း ကိုယ်မင်း အရမ်းအရသာတွေ့နေတာပေါ့"

စုချန်ယန် - “…”

စုချန်ယန်မှာ ခဏလောက် ပြန်သတိရသွားပြီး သူမ တကယ်ပဲ အရသာတွေ့နေတာကို သတိရလိုက်သည်။

လွန်ခဲ့တဲ့ရက်နည်းနည်းက လင်းယွီ သူမနဲ့ အတူမရှိနေတဲ့အတွက် စုချန်ယန်နဲ့ ရှောင်လုတို့မှာ အလျှံအပယ်စားသောက်ခဲ့ကြသည်။

သူမရဲ့ အပြစ်ရှိတဲ့ အမူအရာကို မြင်လိုက်ရတော့ သူမတကယ်ကို အရသာတွေ့နေမှန်း လင်းယွီသိလိုက်သည်။

"ချန်ယန်၊ ပထမပိုင်းတုန်းက ပြောခဲ့တာကို မင်းမှတ်မိလား?" လင်းယွီက မေးလိုက်သည်။

စုချန်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။ "ကိုယ်အလေးချိန် ငါးပေါင်ကျော်ရင် ပိုက်ဆံနုတ်မယ်ဆိုတာလား?"

"ဟုတ်တယ်" လင်းယွီက သူမကို ခံစားချက်တွေ ရောထွေးစွာနဲ့ ကြည့်ပြီး ပြောလိုက်သည်။ "ဒါက ကိုယ့်စိတ်ထင်နေတာလားတော့မသိဘူး၊ ဒါပေမယ့် မင်း... လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကထက် နည်းနည်းပိုပြည့်လာသလိုဘဲ"

စုချန်ယန်ရဲ့ အမူအရာမှာ အေးခဲသွားသည်။ "ပြည့်လာတယ်" ဆိုတာက သူမရဲ့ အစားအသောက်တွေနဲ့ ဝိတ်လျှော့ရတဲ့ နေ့ရက်တွေဆီ ပြန်သွားရမယ်လို့ ဆိုလိုတာပင်။

သူမက “ဒါတွေအားလုံးက ကျွန်မအပြစ်မဟုတ်ဘူး! ရှင်က ကျွန်မအတွက် မနက်တိုင်း အရသာရှိတဲ့ မနက်စာ ယူလာတာမို့လို့ ကျွန်မ ဝိတ်တက်လာတာက ရှင့်မှာလဲ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်!"

လင်းယွီ မျက်မှောင်ကြုတ်ပြီး တွေးလိုက်သည်။ ဒီကာလအတောအတွင်း သူစုချန်ယန်ကို တကယ်ဘဲ ရက်ရောပေးနေမှန်း သဘောပေါက်သွားသည်။ သူက သူမကို သဘောကျနေတဲ့အတွက် သူမလိုချင်တဲ့ အစားအစာကို စားစေချင်ပေမယ့် သူတို့ရဲ့အလုပ်ကို နှောင့်နှေးသွားစေသည်။

ခဏအကြာ လင်းယွီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “တကယ်တော့ ဒါက ကိုယ့်အမှားပါ။ မနက်ဖြန်ကစပြီး မင်းရဲ့အစားအသောက်တွေကို ထိန်းရမယ်"

စုချန်ယန် - “…”

အချိန်အတော်ကြာ ပျောက်ကွယ်သွားပြီးတဲ့နောက် သူမရဲ့ ရင်ထဲက လင်းယွီရဲ့ ပုံရိပ်မှာ နတ်ဆိုး အဖြစ် ဦးတည်သွားသည်။

စုချန်ယန်က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငုံ့လိုက်သည်။ “အိုး…”

လင်းယွီက သနားတဲ့ အမူအရာနဲ့ သူမကို ကြည့်လိုက်သည်။

ခဏလောက် တုံ့ဆိုင်းနေပြီးမှ သူသည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။ “မနက်ဖြန်မှစမယ် ဒီည ဘာစားချင်လဲ? ခေါ်သွားပေးမယ်"

စုချန်ယန်ရဲ့ မျက်လုံးတွေကချက်ချင်း တောက်ပလာသည်။ လင်းယွီက တကယ့်ကို ကမ္ဘာပေါ်မှာ အကောင်းဆုံးလူပဲ။

"စီချွမ် ဟင်းလျာ စားချင်တယ်" စုချန်ယန်က ယဉ်ကျေးသိမ်မွေ့စွာနဲ့ ပြန်ပြောလိုက်သည်။

လင်းယွီက ခေါင်းညိတ်လိုက်ပြီး "မင်းနဲ့ လုယင်းတို့ ကိုယ်အလုပ်ပြီးတဲ့အထိ ဧည့်ခန်းမှာစောင့်နေလိုက်"

"နားလည်ပြီ"

စုချန်ယန်က ဧည့်ခန်းကို ရှာလိုက်ပြီး လင်းယွီအလုပ်ပြီးတဲ့အထိ စောင့်နေလိုက်သည်။ အဲ့ဒီအချိန်စုချန်ယန်က ချီဖုပေစတဲ့ ပေးထားတဲ့ ပြဇာတ်လက်မှတ်နှစ်စောင်ကို သတိရသွားပြီး ရှောင်လုကို မေးလိုက်သည်။

"ကြာသပတေးနေ့ နေ့လည်ခင်းကျရင် မင်ကန်ရဲ့ ပြဇာတ်ကို ကြည့်ဖို့ နင် ငါနဲ့ လိုက်ချင်လား?"

ရှောင်လုက ဂိမ်းကစားနေပြီး ခေါင်းတောင် မမော့လာဘဲ ပြန်ဖြေလိုက်သည်။ "ကောင်းပြီလေ"

ဒီရက်တွေမှာတော့ အွန်လိုင်းမှာ အတင်းအဖျင်းတွေ မရှိသလို ရှောင်လုလည်း သူတို့ရဲ့ Weibo ကို မစစ်ခဲ့ပါချေ။ သူတို့က အိမ်မှာ တစ်နေ့လုံး ဂိမ်းဆော့နေကြသည်။

စုချန်ယန်က ပျင်းနေတာကြောင့် ဇာတ်ညွှန်းကို ပြန်ဖတ်ပြီး သူ့စိတ်ထဲ အမျိုးသမီး ဇာတ်လိုက်ရဲ့ ပုံရိပ်ကို နက်နက်နဲနဲ နားလည်ဖို့ ကြိုးစားလိုက်သည်။

ခြောက်နာရီ လောက်ကျတော့ လင်းယွီက ဧည့်ခန်းတံခါးကို လာခေါက်ကာ သွားစားလို့ရပြီဖြစ်ကြောင်းပြလာသည်။

စုချန်ယန်က အကြောဆန့်ပြီး ပျင်းပျင်းရိရိနဲ့ထနေတုန်းရှောင်လုက လည်ပင်းချိုးရင် သူမကို ဆွဲထဖို့ လျှောက်လာသည်။

"ဗိုက်ဆာနေပြီလား?"

တံခါးဝဆီရောက်တဲ့အခါ လင်းယုက ပြုံးပြီးသူတို့ နှစ်ယောက်ကို ကြည့်လိုက်သည်။

စုချန်ယန်က သူမရဲ့ ဟာလာဟင်းလင်းဖြစ်နေတဲ့ ဗိုက်ကို ကိုင်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ယောက်အနားလျှောက်လာရင်း လင်းယွီက ပြောလိုက်သည်။ “ဒီအနီးအနားမှာ စီချွမ်စားသောက်ဆိုင် ကောင်းကောင်းတစ်ခုရှိတယ်။ ငါ့မှာ ပိုင်ရှင်ရဲ့ ဖုန်းနံပါတ်ရှိတယ်။ မသွားခင်ကြိုတင်ပြင်ထားဖို့ သူ့ကိုခေါ်လိုက်ရမလား?”

စုချန်ယန်နဲ့ ရှောင်လုက ခေါင်းညိတ်လိုက်သည်။

လင်းယွီက “ကောင်းပြီ”လို့ပြောလိုက်ပြီး သူဌေးဆီဖုန်းခေါ်ဖို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

လမ်းလျှောက်နေတုန်း ရှောင်လုက စုချန်ယန်ရဲ့လက်ကိုတိုက်လိုက်ပြီး သိုသိုသိပ်သိပ် ပြောလိုက်သည်။ "ငါ့ဝမ်းကွဲအစ်ကိုက ငါတို့ရဲ့လက်ပါးစေနဲ့ ခပ်ဆင်ဆင်တူတယ်လို့ နင်မထင်ဘူးလား?"

ရှောင်လုရဲ့ စကားကို ကြားလိုက်ရတဲ့အခါ တီဗီထဲက နှိမ့်ချကျိုးနွံတတ်တဲ့ အောက်ခြေလက်အောက်ငယ်သား ပုံရိပ်က စုချန်ယန်စိတ်ထဲ ဖြတ်ခနဲရောက်လာသည်။ လင်းယွီရဲ့ပုံနဲ့ ယှဥ်ကြည့်ရင် ရိုးရိုးရှင်းရှင်းတောင် စိတ်မကူးနိုင်ဘူး။

သူမက ရှောင်လုကို စိုက်ကြည့်လိုက်ပြီး "ဘာမဟုတ်တာတွေ ပြောနေတာလဲ?"

ရှောင်လုမှာ သူမရဲ့ဝမ်းကွဲအစ်ကိုတွင် ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ပြောလိုက်ချင်ပေမယ့် သူမရဲ့ဝမ်းကွဲအစ်ကိုက စုချန်ယန်ကို တကယ်သဘောကျတယ်လို့ သူမထင်တဲ့အတွက် ဒါက ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်လို့ ပြောလို့မရပါချေ။ ဒါက စုချန်ယန်ကို ကျေနပ်အောင်ကြိုးစားတာက ပုံမှန်ပါပဲ။

သို့ပေမယ့် စုချန်ယန်က သူမဝမ်းကွဲအစ်ကိုကို စိတ်ဝင်စားနေပုံ မပေါ်ဘူးလို့ သူမ ခံစားရသည်။ သူမဝမ်းကွဲအစ်ကိုက ဖြည်းဖြည်းချင်း ချဉ်းကပ်ဖို့ စီစဉ်နေတာများလား?

ရှောင်လုအတွက်တော့ ဒီနည်းဗျူဟာက အချစ်ရေးမှာ အတွေ့အကြုံမရှိတဲ့ စုချန်ယန်လိုမျိုး လူတစ်ယောက်အပေါ်မှာအကျိုးရှိမှာလားလို့ သိချင်မိသည်။

ရှောင်လုက လေးလေးနက်နက်နဲ့ စဉ်းစားလိုက်သည်။

သူတို့က စီချွမ် စားသောက်ဆိုင်ဆီ လျှောက်သွားတော့ ပိုင်ရှင်က ဟင်းပွဲတွေကို ပြင်ဆင်ထားပြီးပြီဖြစ်ကာ၊အားလုံးက စုချန်ယန် အကြိုက်ဆုံးတွေပင်။

သေချာပေါက်ကို စုချန်ယန်အကြိုက်တွေက အရမ်းရိုးရှင်းသည် - အသားဖြစ်ပြီး၊ အသားအမျိုးအစား အားလုံးဖြစ်တဲ့အတွပ် မှတ်မိဖို့ မခက်ပါချေ။

သီးသန့်ခန်းထဲဝင်သွားတော့ စုချန်ယန်က ဦးထုပ်နဲ့ မက်စ်ကို ချွတ်လိုက်ပြီး ရှောင်လုနဲ့ တစ်ဖက်မှာ ထိုင်ကာ လင်းယွီက တစ်ဖက်မှာ တစ်ယောက်တည်း ထိုင်သည်။

ထမင်းစားနေတုန်းမှာ လင်းယွီက စကားသိပ်မပြောဘဲ စုချန်ယန်နဲ့ ရှောင်လုတို့ဘဲ အသေးအဖွဲ့ကိစ္စလေးတွေအကြောင်း ရံဖန်ရံခါ စကားစမြည်ပြောကြသည်။

"အိုး အစ်ကိုလင်း"

စုချန်ယန်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး လင်ယွီကို ထမင်းပန်းကန်လုံးကို မျက်နှာမူထားရာကနေ မော့ကြည့်လာသည်။

လင်းယွီ သူမကိုကြည့်ကာ အံ့အားသင့်သွားပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

စုချန်ယန် - “ကြာသပတေးနေ့လည်နဲ့ ညနေပိုင်းမှာ အလုပ်မရှိဘူး မဟုတ်လား?”

လင်းယွီက ခဏရပ်သွားပြီး တိုက်ရိုက်ပြန်မဖြေဘဲ မေးလာသည်။ “အဲဒီနေ့အတွက် အစီအစဉ်ရှိလို့လား?”

စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ တခြားတစ်ယောက်နဲ့ အစီအစဉ်ရှိလို့"

လင်းယွီရဲ့မျက်ခုံးတွေက တွန့်ချိုးသွားပြီး "ဘယ်သူနဲ့လဲ?"

မေးပြီးသွားတဲ့အခါ သူ့လေသံက နည်းနည်းကြမ်းတမ်းသွားတာကို သဘောပေါက်သွားပြီး သူထပ်ရှင်းပြလိုက်သည်။ “အရေးကြီးတဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် မင်းကိုကူဖို့ အလုပ်ကို ခဏလောက် ရွှေ့လို့ရတယ်လို့ ပြောမလို့ပါ"

ဒါကိုကြားတော့ ရှောင်လုက သူ့ဝမ်းကွဲအစ်ကိုကို တိတ်တိတ်လေး လက်မထောင်ပြလိုက်သည်။ ချန်ယန်နဲ့ အပြင်ထွက်မယ့်လူက ဘယ်သူလဲဆိုတာကို ရှာနိုင်သည်သာမက ခြိမ်းခြောက်ခံရပါက ချန်ယန်ကို ခဏပိတ်ထားပေးဖို့ အလုပ်တချို့ကိုလည်း စီစဉ်ပေးနိုင်သည်။

စုချန်ယန်မှာ သူတို့စိတ်ထဲက အလှည့်အပြောင်းတွေကို မသိတဲ့အတွက် သူမက ရှင်းပြလိုက်သည်။ “မင်ကန်က ဒီလာမယ့်ကြာသပတေးနေ့ မြို့တော်မှာ ပြဇာတ်ဖျော်ဖြေပွဲရှိတယ်။ သူက ကျွန်မတို့တွေကို တစ်ယောက် လက်မှတ်နှစ်စောင်စီပေးတယ်။ ရှောင်ချမ် ဇာတ်ရုပ်က သူ့ရဲ့ပထမဆုံးအပြောင်းအလဲဆိုတော့ သွားအားပေးချင်လို့"

ဒါကိုကြားတော့ လင်းယွီက ခေါင်းညိတ်လိုက်သည်။ “သွားလေ"

စကားပြောလို့ပြီးတော့ စုချန်ယန်စိတ်ထဲ အထင်ကြီးသွားအောက် ထပ်ပေါင်းပြောလိုက်သေးသည်။ "ပျော်လာခဲ့၊ အလုပ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ငါကိုင်တွယ်ထားမယ်"

စုချန်ယန် - "ရှင့်ကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်"

လင်းယွီက ရယ်ပြီး ပြောလိုက်သည်။ "ချန်ယန်၊ ငါက မင်းရဲ့ မန်နေဂျာပါ။ မင်းမတတ်နိုင်ဘူးလို့ ခံစားရတိုင်း ငါနဲ့ထားခဲ့လို့ရတယ်။ ကျေးဇူးတင်စကားပြောစရာမလိုဘူး"

လင်းယွီက အမြဲလိုလို ဒီလိုမျိုးဘဲဖြစ်ပြီး စုချန်ယန်ရဲ့နှလုံးသားကို သာမာန်ကာလျှံကာ ထိလိုက်ပေမယ့် သူကိုယ်တိုင်ကတော့ လုံးဝသတိမထားမိပါချေ။

သူရှာတွေ့သွားမှာကြောက်လို့ စုချန်ယန်က ချက်ချင်း ခေါင်းညိမ့်ပြလိုက်သည်။

ရှောင်လုက ဘေးမှာထိုင်နေပြီး တူကိုကိုက်ကာ စုချန်ယန်ကိုကြည့်လိုက် လင်းယွီကို ကြည့်လိုက် လုပ်နေသည်။ သူတို့နဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့ သူမအမြဲတမ်း ခံစားရသည်။

ရုတ်တရက် သူမက စားပွဲကို ရိုက်လိုက်ပြီး အကြံကောက်းတစ်ခုပေါ်လာကာ မေးလိုက်သည်။ " ချန်ယန်၊ နင့်မှာ လက်မှတ်နှစ်စောင် ရှိတာ မဟုတ်လား? ဘယ်သူ့ကို ဖိတ်ဖို့ စီစဉ်ထားလဲ?"

စုချန်ယန်မှာ ရှောင်လုကို နားမလည်သလိုကြည့်လိုက်သည်။ စောစောက ဧည့်ခန်းထဲမှာ သူ့ကို သူမ ဖိတ်ခဲ့တယ်မဟုတ်ဘူးလား?

“ငါ…”

“အိုး! ဟုတ်သား နင် ငါ့ကို ဖိတ်ထားတာပဲ" ရှောင်လုက ချိုချိုသာသာပြုံးလိုက်ပြီး စားပွဲတစ်ဖက်က လင်းယွီကို လှမ်းကြည့်လိုက်သည်။

လင်းယွီက သူမကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် အီတလီလို စကားတစ်ခွန်းပြောလိုက်သည်။

စုချန်ယန်အတွက် သူအီတလီစကားပြောတာကို ပထမဆုံးကြားလိုက်တာဖြစ်တဲ့အတွက် ခဏလောက် နည်းနည်းရှုပ်ထွေးသွားသည်။ "ဘာလဲ?"

ရှောင်လုရဲ့ အပြုံးက ပိုကြီးလာပြီး စကားမပြောဘဲ လင်းယွီကို မျက်ခုံးပင့်ပြလိုက်သည်။

လင်းယွီက နှုတ်ခမ်းတွန့်လိုက်ပြီး ပြောလိုက်သည်။ “လုယင်း မင်း ဒီကြာသပတေးနေ့မှာ မင်းရဲ့ ရဲဘော်တွေနဲ့ ညစာစားဖို့ လွန်ခဲ့တဲ့ ရက်နည်းနည်းက ပြောခဲ့တယ် မဟုတ်လား?"

ရှောင်လုက ပါးကိုလက်နဲ့ထောက်ပြီး ပြောလိုက်သည်။ “အိုး ဟုတ်တယ်။ ဒါပေမယ့် ဒီတလော ညီမ တကယ်မွဲနေတာ။ သူတို့ မြို့တော်ကို ရောက်ရင် ညီမက သူတို့ကိုကျွေးမွေးရဦးမှာ"

“ရဲဘော်တွေကို တွေ့ဖို့က မလွယ်ဘူး။ ငါ မင်းကို ပြန်ပေးမယ်” လင်းယွီက အမူအရာမဲ့စွာနဲ့ ပြောလိုက်သည်။

ရှောင်လု က အပြစ်ကင်းတဲ့ပုံနဲ့ကြည့်လိုက်ပြီး ပြောလာသည်။ "ညီမကား ကောင်းတစ်စီးလိုသေးတယ်။ အစ်ကို့ကားဂိုဒေါင်ထဲက Ferrariက မဆိုးဘူး"

"သဘောတူတယ်"

သူတို့နှစ်ယောက် စကားပြောလို့ပြီးတဲ့အခါ ရှောင်လုကစုချန်ယန်ဘက် ဘက်လှည့်ပြီး ပြောလိုက်သည်။ "ချန်ယန် တောင်းပန်ပါတယ်၊ ဒါပေမယ့် ကြာသပတေးနေ့မှာ ငါ နင်နဲ့လိုက်လို့မရဘူး။ ရှားရှားပါးပါး ငါ့ရဲဘော်တွေ တွေ့ဆုံပွဲဆို‌တော့...."

စုချန်ယန်က လက်ယမ်းပြီး “နင့်ရဲ့ ရဲဘော်တွေနဲ့ဘဲ သွားတွေ့လိုက်ပါ။ နင်ငါနဲ့လိုက်ဖို့မလိုပါဘူး။ တခြားတစ်ယောက်ကို ရှာလိုက်မယ်"

“အခြားတစ်ယောက် ရှာမယ်ဆိုတော့…” ရှောင်လုက သူမရဲ့ နားသီးလေးကိုထိကာ လင်းယွီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ဝမ်းကွဲအစ်ကို၊ ကြာသပတေးနေ့မှာ အစ်ကို အားလား? ချန်ယန် အခြားတစ်ယောက်နဲ့သွားရင် စိတ်ပူနေရမှာ။ မမျှော်လင့်ဘဲ တခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?"

စုချန်ယန်က လင်းယွီအလုပ် နှောင့်နှေးသွားမှာကို စိုးရိမ်တဲ့အတွက် အံ့အားသင့်သွားကာ ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ကာ ပြောလိုက်သည်။ “မလိုပါဘူး၊ မလိုပါဘူး။ တခြားတစ်ယောက်ကို ဖိတ်လိုက်လို့ရပါတယ်၊ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ အစ်ကိုလင်းက အရမ်းအလုပ်များနေတာ…”

လင်းယွီက မထူးခြားနားတဲ့အမူအရာနဲ့ ပြောလိုက်သည်။ “ကိုယ် အလုပ်မရှုပ်ဘူး။ ကြိုပြီးလုပ်ထားလို့ရတယ်။ ချန်ယန်၊ မင်းတစ်ယောက်တည်း သွားမှာကိုကိုယ်လည်း စိတ်ပူတယ်"

ရှောင်လု - "ဒါဆို အဆင်ပြေသွားပြီ။ ဝမ်းကွဲအစ်ကို၊ အလုပ်ကို စောစောပြီးအောင်လုပ်ပြီး ပြဇာတ်ကြည့်ဖို့ ချန်ယန်နဲ့လိုက်သွားလိုက်ပေါ့"

လင်းယွီက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ”

စုချန်ယန် - “…”

All Chapters