← Chapters

အခန်း ၁၃၂

Vol. 11 Ch. 132

အခန်း ၁၃၂

Vol. 11 Ch. 132

စုချန်ယန်က သူတို့ကို စိတ်ရှုပ်ထွေးသလို ကြည့်လိုက်ပြီး စကားလုံးနည်းနည်းလေးနဲ့ ဒီကိစ္စကိုသူတို့ဘယ်လိုလုပ် ဖြေရှင်းလိုက်လဲဆိုတာ နားမလည်နိုင်ဖြစ်သွားသည်။ ဒါ့ပြင် သူတို့က ချောချောမွေ့မွေ့စကားပြောနေကြပြီး သူတို့ဘာသာသူတို့ အချိတ်အဆက်မိနေကြသည်။

ဒီလိုနဲ့ စုချန်ယန်လည်း မိန်းမောနေရာကနေ သဘောတူလိုက်ရပြီး ကြာသပတေးနေ့ ပြဇာတ်ကြည့်ဖို့သူမနဲ့ အတူ လိုက်မယ့်သူမှာ လင်းယွီဖြစ်သွားသည်။

အိမ်ပြန်ရောက်တော့ စုချန်ယန်မှာ နည်းနည်းမိန်း‌မောနေတာကို ရှောင်လုမြင် တော့ နည်းနည်း စိတ်မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။ သူမရဲ့ဝမ်းကွဲအစ်ကိုဆီကနေ ကားငှားစီးတာက စုချန်ယန်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်သွားမှာကို သူမစိုးရိမ်သည်။ ဒါကြောင့် သူမက စုချန်ယန် ဘေးမှာထိုင်လိုက်ပြီး မဝံ့မရဲနဲ့မေးလိုက်သည်။ "ချန်ယန်၊ ငါ့ဝမ်းကွဲအစ်ကိုနဲ့ ပြဇာတ်သွားမကြည့်ချင်လို့လားဟင်?"

စုချန်ယန်က လှည့်ကြည့်လိုက်ပြီး မသိစိတ်ကနေ ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး"

"ဒါဆို နင်ဘာလို့ စိတ်ပျက်လက်ပျက် ဖြစ်နေတာလဲ?"

စုချန်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး သူမရဲ့ပုံက မလိုလားသလိုဖြစ်နေလားဆိုတာ သိချင်သွားသည်။

သူမက ရှင်းပြလိုက်သည်။ “ငါ စိတ်မဆိုးပါဘူး၊ နည်းနည်း စိတ်လှုပ်ရှားနေလို့”

ရှောင်လုက အံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်ကာ "စိတ်လှုပ်ရှားနေတာလား? လူပေါင်းသောင်းချီရှေ့ကစင်ပေါ်မှာ ဖျော်ဖြေရတာကို စိတ်မလှုပ်ရှားဘဲ ငါ့ဝမ်းကွဲအစ်ကိုနဲ့ ပြဇာတ်ကိုကြည့်ရမှာကို စိတ်လှုပ်ရှားနေတယ်လား?"

ရှောင်လု ထောက်ပြတာကို သတိထားမိသွားပြီး စုချန်ယန်မှာ တစ်ခုခုမှားနေမှန်း ချက်ချင်းခံစားလိုက်ရသည်။

သူမရဲ့အမူအရာက တောင့်တင်းသွားပြီး အလျင်အမြန် စကားပြန်ဖို့လိုက်သည်။ “ဒါပေါ့ ငါစိတ်လှုပ်ရှားတာပေါ့။ မန်နေဂျာလင်းက ငါ့ သူဌေးလေ!"

ရှောင်လုက သူမကို သံသယနဲ့ကြည့်နေပေမယ့် သူမစကားများကို သေချာစဉ်းစားကြည့်တဲ့အခါမှာတော့ ဘာအမှားအယွင်းမှ မရှိနေပါချေ။ ဒါနဲ့ သူမက ပြောလိုက်သည်။

“ငါ့ဝမ်းကွဲအစ်ကို နင့်ကို ပြောပြီးပြီ မဟုတ်ဘူးလား? အလုပ်ချိန်ပြင်ပမှာ အစ်ကိုလင်းလို့ပဲ ခေါ်လို့လေ။ ပြဇာတ်ကြည့်ဖို့ သူနဲ့အတူ အပြင်ထွက်တဲ့အခါ သူငယ်ချင်းတစ်ယောက်နဲ့ အပြင်သွားသလိုမျိုးပဲ ဆက်ဆံပါ။ စိတ်လှုပ်ရှားနေစရာမလိုဘူး ငါ့ဝမ်းကွဲအစ်ကိုက နင့်ကိုကိုက်မစားဘူး"

စုချန်ယန်က အင်တင်တင်နဲ့ ခေါင်းညိတ်လိုက်သည်။

နောက်တစ်နေ့က ဗုဒ္ဓဟူးနေ့ဖြစ်ပြီး၊ စုချန်ယန်နဲ့ ချီဖုတို့ ရိုက်ကူးထားတဲ့ ချွမ်လင်းတောင်ရဲ့ ပရိုမိုးရှင်းဓာတ်ပုံတွေကို ဒေသတွင်း ခရီးသွားဗျူရိုမှ ထုတ်ပြန်ခဲ့ပြီး သိပ်မကြာခင်မှာဘဲ trending search မှာပေါ်လာသည်။

#စုချန်ယန်နဲ့ ချီဖု၊ ချွမ်လင် တောင်ရဲ့ ambassador#

စုချန်ယန်က ပွဲတစ်ခုကို သွားနေတဲ့လမ်းမှာ သတင်းရတဲ့အခါ ရှောင်လုက သတင်းကိုမြင်ပြီး ဝမ်းသာအားရနဲ့ သူမဆီ ဖုန်း ပေးလိုက်သည်။

ဒီအတောအတွင်း ရှောင်လုက စုချန်ယန်ကို တခြားသူတွေရဲ့ ကိစ္စရပ်များမှာ သူမကို လှည့်စားဖို့ အတင်းအကြပ် သူရလာတဲ့ သတင်းမှန်သမျှကို သူမဆီ ပြသည်။

ဖုန်းကိုယူကာ Weibo အကောင့်ကိုကြည့်ရင်း စုချန်ယန်မှာ မတတ်နိုင်ဘဲ ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

[ စုချန်ယန်ဂိမ်းကို အနိုင်ရသွားပြီ]

[သူက အွန်လိုင်းမှာ ရေပန်းစားလာရုံသာမက ထျန်းရုန်ရဲ့ ambassador ဆိုတဲ့နေရာပါရသွားတယ်၊ လစာကောင်းကောင်းရလိမ့်မယ်]

[ဟာဟားဟား၊ ချွမ်လင်း တောင်ရဲ့ ခေါင်းဆောင်က တကယ့်ကို အံ့သြစရာဘဲ၊ လူတွေကို သတ်ဖြတ်ပြီး သူတို့ရဲ့ နှလုံးသားတွေကို ဖြတ်တောက်လိုက်သလိုပါပဲလား]

[ငါ ထျန်းရုန် ကို အင်တာဗျူးပြီး သူ့ရဲ့ လက်ရှိ စိတ်အခြေအနေကို သိချင်လိုက်တာ]

[(တီးတိုး ပြော) ' အနိုင်ကျင့်ဖို့ လွယ်တဲ့သူနဲ့ ငန်းမလေး တို့ရဲ့ ပွဲကောင်းတစ်ပွဲဘဲ]

'အနိုင်ကျင့်ဖို့ လွယ်တဲ့သူ' ဆိုသည်မှာ ပထမပိုင်း ထုတ်လွှင့်ပြီးတဲ့နောက် ပရိသတ်တွေက ချီဖုကို ပေးထားတဲ့နာမည်ပြောင် ဖြစ်သည်။

ချီဖုကို 'အနိုင်ကျင့်ဖို့ လွယ်တဲ့သူ' လို့ ခေါ်ရင် သူ့ပရိသတ်တွေကို 'အနိုင်ကျင့်ဖို့ မလွယ်တဲ့သူ‌တွေ' လို့ ခေါ်တာ အရမ်းပျော်စရာကောင်းသည်။

စုချန်ယန်က အဲဒါကို ကြည့်လိုက်ပြီး ရှောင်လု ဆီဖုန်းပြန်ပေးလိုက်သည်။

အဲ့ဒီအဖြစ်အပျက်ပြီးကတည်းက ထျန်းရုန်ဟာ ဖျော်ဖြေရေးနယ်ပယ်မှ ပျောက်ကွယ်သွားခဲ့ပြီး စုချန်ယန်ကတော့ hot search ကိုမြင်တဲ့အခါ သူမရဲ့အမူအရာ ဘယ်လိုဖြစ်မလဲဆိုတာ မသိချင်ပါချေ။ အဲ့ဒါက သူမနဲ့ ဘာမှမဆိုင်ဘဲ။

ထျန်းရုန်ကို သူမ မကြိုက်ပေမယ့် ဒီလိုအခြားသူတွေလိုမျိုးတော့ မလှောင်ပြောင်ပါချေ။

စတုတ္ထ အပိုင်းကို ထုတ်လွှင့်တော့မည် ဖြစ်ပြီး <Travel> ရဲ့ ဧည့်သည် တွေအားလုံး အလုပ်များနေသည်။ Weibo တွင် သူတို့ရဲ့အလုပ်တွေကို ခိုးကြောင်ခိုးဝှက်ကြည့်ရင် တွေ့နိုင်ပြီး သူတို့ရဲ့သက်ဆိုင်ရာ အလုပ်အကိုင်တွေဟာလည်း လမ်းကြောင်းမှန်ပေါ် ရောက်နေသည်။

စုချန်ယန် က အဖွဲ့ထဲက လူတော်တော်များများကို မေးလိုက်သည်။ သူတို့အားလုံး အလုပ်များကာ ရှုပ်နေကြပေမယ့် စုန့်မင်ကန်ကို အားပေးကြောင်းပြဖို့အတွက် ကြာသပတေးနေ့လယ်နဲ့ ညနေပိုင်းတွင် အလုပ်တွေကို တမင်ရှင်းထားကြသည်။ သူတို့ကညနေပိုင်းမှာ ထမင်း အတူတူစားဖို့ စီစဉ်ထားကြသည်။

နောက်ဆုံး အပိုင်းနှစ်ပိုင်းကို ရိုက်ကူးတဲ့ အချိန်ကလွဲရင် ဒါပြီးရင် သူတို့တွေ အတူတူထပ်ဆုံကြတော့မှာမဟုတ်မှန်း အားလုံးရဲ့စိတ်ထဲမှာ နားလည်ထားကြသည်။ အားလုံးက ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်ရှုပ် နေကြလိမ့်မည်။ ဒါကြောင့် ဒီရှားပါးအခွင့်အရေးကို လက်လွတ်မခံချင်ကြပေ။

ဗုဒ္ဓဟူးနေ့မှာ အလုပ်ပြီးသွားတဲ့အခါ စုချန်ယန်က ပင်ပန်းစွာနဲ့ အိမ်ပြန်လာသည်။ ရေချိုးပြီးလို့ လန်းဆန်းသွားတော့ အိပ်ယာပေါ်လှဲကာ စိတ်ထဲမှာ ဗလာဖြစ်နေသည်။

မနက်ဖြန်ကျရင် လင်းယွီနဲ့ နှစ်ယောက်ထဲ အပြင်ထွက်ပြီး ပြဇာတ်ကြည့်မယ်ဆိုတာကို စဉ်းစားကြည့်တာနဲ့ စုချန်ယန် ရဲ့ နှလုံးခုန်နှုန်းက မမှန်တော့ပေ။

ရုတ်တရက် သူမခေါင်းထဲ အတွေးတစ်ခု ဝင်လာသည်။

မနက်ဖြန် ဘာဝတ်ရမလဲ? သူမ မိတ်ကပ်လိမ်းသင့်လား? ထူထူလိမ်းသင့်လား ခပ်ပါးပါးဘဲ လိမ်းသင့်လား? ဒေါက်မြင့်ဖိနပ်စီးသွားသင့်လား?

အဲ့ဒီအတွေးတွေနဲ့ စုချန်ယန် ကုတင်ပေါ်ကနေ ထထိုင်လိုက်သည်။

သူမ ကုတင်ပေါ်က‌နေ ခုန်ဆင်းလိုက်ပြီး နှစ်လှမ်းသုံးလှမ်းနဲ့ အဝတ်ဗီရိုတံခါးကိုဖွင့်ကာ အဝတ်အစားတစ်ပုံက်ုငေးကြည့်နေမိသည်။

စုချန်ယန် ရဲ့အဝတ်အစားတွေက အရမ်းရိုးစင်းပြီး သာမာန်ကောက်မလေးတွေ ဝတ်တဲ့ အဝတ်အစားတွေသာဖြစ်ပြီး အဲ့ဒါကလွဲကာ ဘာထူးထူးခြားခြားမှ မရှိပေ။ အဲ့ဒါတွေအားလုံးက လုံးဝကိုသာမန်အဝတ်အစားတွေဘဲဖြစ်ကာ ယွမ် 2000ကျော်တာ တစ်စတစ်လေတောင် မရှိပါချေ။

လင်းယွီရော မနက်ဖြန် ဘာဝတ်မှာလဲ?

ပြဇာတ်သွားကြည့်တဲ့အခါကျရင် suitဝတ်သွားမှာလား?

ဒါပေမယ့် ပုံမှန်အားဖြင့် သူက suit ဝတ်တာကလွဲရင် တခြားအဝတ်အစားတွေ ဝတ်တာကို စုချန်ယန် တစ်ခါမှမမြင်ဖူးပါ‌ချေ၊ မဟုတ်သေးဘူး....သူမ အရင်က မြင်ဖူးတယ်။ စီချွမ်မှာအစီအစဉ်ရိုက်ကူးတဲ့ညမှာ သူမက လင်းယွီနဲ့ video call ခေါ်တုန်းက သူ suit မဝတ်ထားဘူး။

သူမရဲ့စိတ်ထဲမှာ မနက်ဖြန် ဘာအဝတ်အစားဝတ်ရမလဲဆိုတဲ့ အတွေးက လင်းယွီ‌ ရေချိုးဝတ်စုံဝတ်ထားတဲ့ဆီ ပြောင်းသွားသည်။

စုချန်ယန်က သူမရဲ့ ပူလောင်နေတဲ့ပါးပြင်တွေကို လက်နဲ့ ကိုင်လိုက်ပြီး သူမရဲ့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။ လင်းယွီက သူမလုံခြုံဖို့အတွက် ပြဇာတ်ကြည့်ဖို့ သူမနဲ့လိုက်လာမှာကို သူမကတော့ မလိုအပ်တာတွေ လိုက်တွေးနေတယ်။ ဒါကို လင်းယွီကို လေးစားမှုမရှိတာဘဲ!

စုချန်ယန်မှာ သူမရဲ့ စိတ်ပျက်စရာကောင်းပြီး ထိန်းချုပ်လို့မရတဲ့ အတွေးတွေကိုဖယ်ဖို့ ကြိုးစားရင်း ပြင်းပြင်းထန်ထန် ခေါင်းခါပစ်လိုက်သည်။ မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲ မတက်ဘဲ ပြဇာတ်သွားကြည့်မယ်။ သူမအတွက် ရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပေါ့ပါးပါး ဝတ်တာက လုံလောက်ပြီ မဟုတ်လား?

ဒါပဲ! အိပ်ချိန်ရောက်ပြီ!

စုချန်ယန်လိုက်ပြီး စောင်ကြားထဲ လှဲချလိုက်ကာ စိတ်ငြိမ်သွားရအောင် မန္တန်တစ်ခုကို တိတ်တိတ်လေး ရွတ်နေလိုက်သည်။ ခဏလောက် စိတ်ငြိမ်သွားတော့ ဖုန်းထုတ်လိုက်ပြီး WeChat ကိုဖွင့်လိုက်သည်။

အဖွဲ့လိုက် စကားပြောခန်းမှာ လူတိုင်းကအလုပ်ပြီးသွားကာသူတို့ရဲ့ တည်းခိုခန်းဆီပြန် ‌‌လာကြသည်။

ဟန်စုန့်ရွှယ် - [@အားလုံး မနက်ဖြန်အတွက် ဘာအစီအစဉ်ရှိလဲ?တစ်နေရာရာမှာ ကြိုဆုံကြမလား?]

ဒီစာကိုမြင်လိုက်တာနဲ့ စုချန်ယန် ချက်ချင်း လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ သူတို့သာကြိုပြီးဆုံကြရင် လင်းယွီနဲ့ နှစ်ယောက်ထဲ အချိန်တွေ လျော့သွားလိမ့်မယ်။ အဲဒါအရမ်းကောင်းတယ်!

စုချန်ယန်မှာ အပြစ်ရှိသလို ခံစားနေရသည်။ သူမသာ လင်းယွီနဲ့ တစ်ချိန်လုံး နှစ်ယောက်တည်းဖြစ်နေရင် လင်းယွီရှေ့မှာ သံသယဖြစ်စရာ တစ်ခုခုကို သူမဖော်ပြလိုက်မိမှာ စိုးရိမ်သည်။

စုန့်မင်ကန် မက်ဆေ့ချ်ပေးပို့ပြီးတော့ နှစ်မိနစ်အတွင်းမှာဘဲ တုံ့ပြန်လာသည်။

စုချန်ယန်- [အရင်စုကြရအောင်။ (o´▽`o)]

ကျန်းရှစ်ချီ - […]

ချီဖု - [ဒါပေါ့ ဘယ်မှာစုရမှာလဲ]

စုချန်ယန်က group chat ထဲမှာ အရင်က တစ်ခါမှဒီလိုမျိုး စိတ်အားမထက်သန်ဘူးပါချေ။ [ ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ် (ノ´ヮ`)ノ*: ・゚]

[ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး (´▽ `)ノ]

[မန်နေဂျာလင်းက ငါနဲ့ အတူ လိုက်လာမှာ (´▿ ` )]

ဟန်စုန့်ရွှယ် - […]

ဟန်စုန့်ရွှယ် - [@စုချန်ယန် ကျေးဇူးပြုပြီး ပုံမှန်ပဲနေပါ]

စုန့်မင်ကန် - [@စုချန်ယန်၊ မင်း တကယ် အလုပ်များနေရင် လာစရာ မလိုဘူးနော်...]

ဟန်စုန့်ရွှယ် - [မန်နေဂျာလင်း လာရင် ကောင်းလိမ့်မယ်။ အနားမှာ ချောမောတဲ့ကောင်လေးရှိတာက စိတ်ခံစားချက်ကို ပိုကောင်းစေတယ်]

စုန့်မင်ကန် - [စင်ပေါ်မှာလည်း ချောမောတဲ့ကောင်လေး ရှိပါတယ်]

ဟန်စုန့်ရွှယ် - [ညီအစ်မ မှားသွားတာလား? ချောမောတဲ့ကောင်လေးမဟုတ်ဘူး၊ ချောမောတဲ့ ကောင်မလေးလေ]

နှစ်ယောက်သား အဆင်မပြေဘဲ စကားနည်းနည်းနဲ့ ငြင်းခုန်ကြတော့သည်။

အဆုံးမှာ စုချန်ယန်ရဲ့တောင်းဆိုချက်အရ အနောက်ဘက်ဒုတိယပြဇာတ်ရုံရဲ့ တစ်ဖက်က ကော်ဖီဆိုင်မှာ ဆုံဖို့ သဘောတူလိုက်ကြသည်။ ဒါပေမယ့်၊ ချင်ယို့က သူမနောက်ကျလောက်မှာဖြစ်တဲ့အတွက် သူမကိုမစောင့်ဖို့ ပြောလိုက်သည်။

အနောက်ဘက် ဒုတိယပြဇာတ်ရုံအပြင်ဘက်မှာ ဆုံတာက ပြဇာတ်ပြ နေတဲ့အတွင်းမှာ သူမအနေနဲ့ လင်းယွီနဲ့အတူ နှစ်ယောက်တည်း ဖြစ်မနေတော့ဘူး! အံ့ဩစရာဘဲ!

စုချန်ယန်က ပျော်ရွှင်စွာနဲ့ chat box ကိုပိတ်လိုက်ပြီးနောက်မှာ တုစမ်ယွီက သူမကို မက်ဆေ့ခ်ျနှစ်စောင်ပို့လာမှန်းတွေ့လိုက်ရသည်။

[အစ်မ အခုက ညနေ ကိုယ်ပိုင်စာကြည့်ချိန်]

[ကြာသပတေးနေ့မှာ အစ်ကိုမင်ကန် ပြဇာတ်ကို သွားကြည့်ချင်လား? ကျွန်တော့်အဖေဆီမှာ လက်မှတ်နှစ်စောင်ရှိတယ်၊ ကျွန်တော် အစ်မကိုပေးလို့ရတယ်။ အစ်မရဲ့သူငယ်ချင်းတစ်ယောက်နဲ့ သွားလို့ရတာပေါ့]

စုချန်ယန်က နှိပ်လိုက်ကာ ပြန်ဖြေလိုက်သည် - [မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်။ အစ်မမှာလည်း လက်မှတ်ရှိတယ်၊ မင်းစောစောအနားယူသင့်တယ်]

တုစမ်ယွီ - [နားလည်ပါပြီ]

[အစ်မ၊ ကောလိပ်ဝင်ခွင့်စာမေးပွဲက အရေးကြီးတယ်လို့ ထင်လား?]

[အဖေက ကျွန်တော့်ထက် ပိုစိုးရိမ်နေတယ်။ ဖုန်းကို နှစ်မိနစ်လောက် ထပ်ဆော့ရင်တောင် သူနဲ့ ငြင်းခုန်နေရတယ်]

ခဏလောက်စဉ်းစားပြီးတော့ စုချန်ယန်က ပြန်ဖြေလိုက်သည်။ [ကောလိပ်ဝင်ခွင့်စာမေးပွဲက အရေးကြီးပေမယ့် တစ်ခါလောက် ကိုယ့်ကိုယ်ကိုယ်အားလုံးပေးလိုက်ရင်တော့ အရေးမကြီးတော့ဘူး]

တုစမ်ယွီ - [အစ်မ၊ ကောလိပ်ဝင်ခွင့်စာမေးပွဲမဖြေလိုက်ရလို့ နောင်တရနေလား?]

စုချန်ယန် - [ဗိုက်မ‌ကောင်းဖြစ်သွားလို့ အရမ်းနောင်တရတယ်]

ကောလိပ်ဝင်ခွင့်စာမေးပွဲမှာသူမ တစ်ခါမှ မဖြေဖူးပေမယ့်လည်းပေါ့။

တုစမ်ယွမ် - [အစ်မမှာ အဲဒါကို ပြန်ပြင်ဖို့ အခွင့်အရေးရှိပါသေးတယ်]

စုချန်ယန်က ပြုံးပြီး ပြန်ပြောသည် - [အင်း နောက်နှစ်မှာ ပြန်လေ့လာပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဖို့ စီစဉ်ထားတယ်]

တုစမ်ယွီ - [စာလေ့လာဖို့ ပစ္စည်းတွေရော လိုသေးလား? အထက်တန်းကျောင်းတုန်းက စာအများစုကို မေ့နေလောက်ပြီ မဟုတ်လား? အထက်တန်း ပထမနှစ်နဲ့ ဒုတိယနှစ်စာအုပ်တွေ ကျွန်တော့မှာ ရှိသေးတယ်။ အစ်မကိုပေးမယ်လေ၊ ကျွန်တော် ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးရင် အစ်မကို တတိယနှစ်က စာအုပ်တွေလည်း ပေးလို့ရတယ်]

စုချန်ယန်က သူ့စကားကြောင့် ခဏလောက် အံ့အားသင့်သွားပြီး ခဏကြာတော့ သူမက ပြန်ပြောလိုက်သည်။ [မင်းအဲ့ဒါတွေကို မလိုတော့ဘူးလား?]

တုစမ်ယွီ - [ဟင့်အင်း မလိုတော့ဘူး]

စုချန်ယန် ခဏလောက်စဉ်းစားလိုက်သည်။ သူမသာကျောင်းပြန်တက်ရရင် စာကျက်ရတာ သဘောကျနေတုန်းမှာဘဲ။ စာချုပ်ဖျက်သိမ်းပြီးသွားရင် စာအုပ်ဆိုင်ဖွင့်ပြီး သင်ခန်းစာတွေကိုလည်း တစ်ချိန်တည်း ပြန်လေ့လာလို့ရမယ်။

စုချန်ယန် - [မင်းရဲ့စာအုပ်တွေကို အစ်မဝယ်လို့ရမလား?]

တုစမ်ယွီက သူမကိုပေးဖို့ အတင်းအကြပ် မပြောဘဲ [ဒါပေါ့၊ ကျွန်တော်အစ်မကို ဈေးလျှော့ပေးမယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ မှတ်စုတွေလည်း ပေးမယ်။ ကျွန်တော့်ကျောင်းက အနောက်ဘက် ဒုတိယပြဇာတ်ရုံနဲ့ အရမ်းနီးတယ်။ ကြာသပတေးနေ့မှာ လာယူလို့ရတယ်]

စုချန်ယန် - [ကောင်းပြီ ကျေးဇူးတင်ပါတယ်။ မင်းရဲ့စာအုပ်တွေကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်။ မင်းလိုအပ်ရင် အချိန်မရွေး ပြန်ယူလို့ ရပါတယ်]

တုစမ်ယွီက ချစ်စရာကောင်းတဲ့ အမူအရာနဲ့ပို့လာသည်။ [ကြာသပတေးနေ့မှာ တွေ့ကြမယ်။ ကျေးဇူးပြုပြီး အစ်မရဲ့ လက်မှတ်လေး ကျွန်‌တော့်ကို ပေးပါ~]

[Ok ကြာသပတေးနေ့မှာ တွေ့ကြမယ်]

All Chapters