← Chapters

အခန်း ၁၃၃

Vol. 11 Ch. 133

အခန်း ၁၃၃

Vol. 11 Ch. 133

အဲ့ဒီည စုချန်ယန်မှာ အိပ်မပျော်ခင် နှစ်နာရီလောက် အိပ်ယာထဲမှာ လူးလှိမ့်နေသည်။

နောက်တစ်နေ့မှာ သူမသည် နွေဦးရာသီအပြင်ထွက်မယ့် မူလတန်းကျောင်းသူ လေးလိုမျိုး ဖော်မပြနိုင် အောင်စိတ်လှုပ်ရှားနေသည်။

ပြဇာတ်က နေ့လည်ခင်းမှာ စီစဉ်ထားတာကြောင့် လင်းယွီက မနက်ပိုင်းမှာ အလုပ်ကိစ္စနဲ့ ကုမ္ပဏီကိုသွားပြီး နေ့လည်မှာ စုချန်ယန်ကို သွားကြိုဖို့ စီစဉ်ထားသည်။

စုချန်ယန်က ဆယ်နာရီမှာ အိပ်ရာကနေ နိုးလာပြီး ရှောင်လု သူမရဲ့ ရဲဘော်တွေနဲ့ တွေဖို့ စောစောထွက်ချင်တယ်လို့ ပြောထားတဲ့အတွက် စုချန်ယန်နဲ့ မနက်စာစားပြီးတော့ ထွက်သွားသည်။

မနက်စာစားပြီးတဲ့နောက်မှာ စုချန်ယန်က နေ့လည်ခင်းမှာ ဘာဝတ်ရမလဲဆိုတာ သောကရောက်နေရသည်။

နောက်ဆုံး အများကြီး တွေးကြည့်ပြီးတဲ့နောက်မှာ သူမရဲ့အဝတ်အစားတစ်ခုကမှ မသင့်တော်သလို ခံစားရပြီး မကြာခဏ အဝတ်အစား မဝယ်ခဲ့တာကို နောင်တရမိလာသည်။

နေ့ခင်းဘက်မှာ လင်းယွီက သူ့လက်ထောက်ရှုကို သူမအတွက် အစားအသောက် ပို့ခိုင်းလာသည်။

"ချန်ယန် ဒါဆို သွား‌တော့မယ်" လက်ထောက်ရှုက အခန်းထဲမ၀င်ဘဲ စုချန်ယန်ကို ပစ္စည်းတွေကို ပေးပြီးတော့ ထွက်သွားဖို့ လုပ်လိုက်သည်။

“အစ်ကိုရှု…” စုချန်ယန်က ပစ္စည်းတွေကို ကိုင်ထားကာ တစ်ခုခု ပြောချင်ပေမယ့် ထိန်းထားတဲ့ ပုံမျိုးနဲ့ တုန့်ဆိုင်းနေသည်။

လက်ထောက်ရှု နားမလည်ဖြစ်သွားပြီး မေးလိုက်သည်။ “တခြား ရှိသေးလို့လား?"

စုချန်ယန်က ရယ်လိုက်ပြီး မေးလိုက်သည်။ "မစ္စတာလင်း ဒီနေ့ ဘာဝတ်ထားလဲဆိုတာ မေးလို့ရမလား?"

လက်ထောက်ရှုက သူမကို အံ့သြသလို ကြည့်လာသည်။

စုချန်ယန်က ချက်ချင်း ရှင်းပြလိုက်သည် "ကျွန်မက တခြားဘာကိုမှ မဆိုလိုပါဘူး ဒီတိုင်း သိချင်ရုံဘဲ"

ဒီလိုပြောလိုက်တော့ သူမရဲ့ အကြောင်းပြချက်က ပိုပြီးတော့တောင် ရိုးသားမှုလျော့သွားသလိုပင်။

ကံကောင်းထောက်မစွာနဲ့ လက်ထောက်ရှုက သိပ်မစဉ်းစားနေဘဲ ပြောလိုက်သည်။ "ဥက္ကဌလင်းက အလုပ်သွားရင် နေ့တိုင်း suit ဝတ်တာမဟုတ်ဘူးလား?"

“အိုး ကျွန်မသိပြီ" စုချန်ယန် ခေါင်းညိတ်လိုက်သည်။

"နောက်ထပ် မေးချင်တာရှိသေးလား?"

"မရှိတော့ပါဘူး ကျေးဇူးတင်ပါတယ် အစ်ကိုရှု။ ကျွန်မမေးတာကို မစ္စတာလင်းကို မပြောပြနဲ့နော်"

“ကောင်းပါပြီ”

လက်ထောက်ရှု ထွက်သွားပြီးတာနဲ့ စုချန်ယန်က ဧည့်ခန်းဆီပြန်သွားပြီး ဖယောင်းတွေ ဝါးနေသလိုမျိုး သူမရဲ့ အစားအစာတွေကို စားလိုက်သည်။

လင်းယွီက ပြဇာတ်ကြည့်ဖို့ တကယ်ဘဲ suitဝတ်မှာလား? ငါလည်း သူနဲ့နည်းနည်းပူးပေါင်းပြီး နည်းနည်းပိုဝတ်သင့်လား?

ဒါပေမယ့် အလွန်အကျွံ ဝတ်လိုက်ရင်လည်း သေချာပေါက် အာရုံစိုက်ခံရမှာ။ ပါပါရာဇီက ငါတို့ကို ဓာတ်ပုံရိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ?

စုချန်ယန်က အစားအသောက်တွေကို စားဖို့ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမှာ ပေါ့ပေါ့ပါးပါးဘဲ ၀တ်ဖို့ ဆုံးဖြတ်လိုက်သည်။

နေ့လယ်စာစားပြီးတော့ စုချန်ယန်က အဝတ်အစားလဲဖို့ သူမရဲ့အခန်းပြန်လာခဲ့သည်။ သူမက အနက်ရောင် hoodie နဲ့ အနက်ရောင် ဂျင်းဘောင်းဘီကို ရွေးလိုက်ပြီး ဆံပင်ကို ponytail စည်းကာ မိတ်ကပ်ပါးပါး လိမ်းလိုက်သည်။ နောက်တော့ လင်းယွီအိမ်ကိုရောက်လာမှာကိုစိတ်လှုပ်ရှားစွာနဲ့ စောင့်နေလိုက်သည်။

တစ်နာရီခွဲလောက်မှာ လင်းယွီတံခါးဘဲလ် တီးလာသည်။

တံခါးဘဲလ်သံ ထွက်လာတဲ့အခိုက်မှာ စုချန်ယန် ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားသည်။ သူမက ဆိုဖာပေါ်ကနေ မတ်တတ်ထရပ်လိုက်ပြီး ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ကာ တံခါးဆီ အမြန်ပြေးသွားလိုက်ရင်း လက်နဲ့ခြေထောက်တွေက ခလုတ်တိုက်ကာ လဲကျသွားသည်။ သူမရဲ့ ရူးကြောင်ကြောင်ဖြစ်တာကို သဘောပေါက်သွားပြီး ကိုယ့်ကိုယ်ကို အမြန်စိတ်ထိန်းလိုက်ကာ မတုန့်ဆိုင်းနေဘဲ တံခါးဖွင့်လိုက်သည်။

လင်းယွီ အပြာရောင် suit ကို ၀တ်ထားပြီး နေရောင်အောက်မှာ ရပ်ကာ သူမကို ကြည့်နေသည်။

“အစ်ကိုလင်း…” စုချန်ယန်က ခေါ်လိုက်သည်။

လင်းယွီက သူမကို ခေါင်းညိတ်ပြပြီး မေးလိုက်သည်။ "သွားဖို့ အဆင်သင့်ဖြစ်ပြီလား?"

စုချန်ယန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “အင်း"

"သွားကြရအောင်"

“အိုး"

စုချန်ယန်က ဧည့်ခန်းဆီ ပြန်လာကာ သူမရဲ့အိတ်ကို ယူလိုက်ပြီးနောက် လင်းယွီရဲ့နောက်ကနေ လိုက်သွားလိုက်သည်။

လင်းယွီက သူမကို ကြည့်လာပြီး နည်းနည်းပြုံးကာ ပြောလိုက်သည်။ “နေ့လည်စာ ဝအောင်စားပြီးပြီလား? မင်းအတွက် သစ်သီးတွေနဲ့ ဘီစကွတ်တွေ ပြင်ဆင်ထားတယ်"

စုချန်ယန် က ခေါင်းညိတ်လိုက်သည်။ "ကျွန်မ ဗိုက်ပြည့်နေပြီ"

"ဒါဆို ဗိုက်ဆာရင် စားလို့ရတယ်"

လင်းယွီက ကားမောင်းမယ့်အစား စုချန်ယန်နဲ့အတူတူလမ်းလျှောက်သွားသည်။ လမ်းတစ်လျှောက်မှာ သူမနဲ့ စကားပြောဖို့ ခေါင်းစဉ်တွေ ရှာသည်။ အဲ့ဒါတွေက အဓိပ္ပါယ်ရှိတဲ့ အကြောင်းအရာတွေ မဟုတ်ပေမယ့် စုချန်ယန်ကိုတော့ နေရမခက်ပါချေ။

စုချန်ယန် တွေးကြည့်မိသလောက် ဒါက သူမနဲ့ လင်းယွီ တို့အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို ပထမဆုံးအကြိမ် မပြောတာပင်။ လေထုက သူမထင်သည်ထက် အများကြီး ပိုကောင်းနေသည်။ လင်းယွီရဲ့အရှေ့မှာ စကားမပြောနိုင်လောက်အောင် သူမ စိတ်လှုပ်ရှားနေမယ်လို့ ထင်ခဲ့တာဖြစ်သည်။

“နောက်နှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေချင်ရင် ဘယ်တက္ကသိုလ်ကို ရွေးဖို့ စဉ်းစားထားလဲ?”

စုချန်ယန်က ခေါင်းခါပြီး “ကျွန်မရဲ့ အခြေခံက သိပ်မခိုင်သေးဘူး။ တစ်နှစ်လောက် ပြန်လေ့လာမယ်ဆိုရင်‌တောင် ဘွဲ့အတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီဦးမှာ မဟုတ်ဘူး"

လင်းယွီက ပြုံးလိုက်ပြီး “မင်းပြန် လေ့လာဖို့ ကိုယ့်ဆီလာလို့ရတယ်၊ ဒါမှမဟုတ် လုယင်းကို ရှာလို့ရတယ်။ ကိုယ် တရုတ်မှာ ကျောင်းမတက်ခဲ့ရပေမယ့် မန်ဒရင်းကလွဲလို့ တခြားဘာသာရပ်တွေကို သင်ပေးလို့ရတယ်"

"ဒါမှမဟုတ် ပြန်လေ့လာဖို့ လုယင်းကိုရှာပေါ့" ပြောလို့ပြီးတော့ သူက ခဏရပ်သွားပြီး အစပိုင်းမှာ ရှောင်လုကို ထည့်ဖို့အစီအစဉ်မရှိတဲ့ အမူအရာနဲ့ စုချန်ယန်ကိုကြည့်လိုက်သည်။

စုချန်ယန်က အဲ့ဒီအပေါ် သိပ်မတွေးနေဘဲ ပြောလိုက်သည်။ “ရှင်တို့အားလုံးက အလုပ်များကြတာလေ။ ကျွန်မအတွက် အချိန်ဖြုန်းစရာ မလိုပါဘူး"

လင်းယွီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ချန်ယန်၊ နောက်ဆုံးမှာ ကုမ္ပဏီနဲ့ စာချုပ်ရပ်ဆဲဖို့ မင်းရွေးခဲ့ပေမယ့် မင်းက ကိုယ်နဲ့ လုယင်းတို့ရဲ့ သူငယ်ချင်းဖြစ်နေတုန်းပဲ။ သူငယ်ချင်းတစ်ယောက်ကို စာသင်ဖို့ ကူညီပေးတာက အချိန်ဖြုန်းတာမဟုတ်ဘူး”

စုချန်ယန် အံ့အားသင့်သွားသည်။ လင်းယွီရဲ့ ရင်ထဲမှာ သူတို့က သူငယ်ချင်းတွေဘဲလား?

သူငယ်ချင်းတွေ…

ချက်ခြင်း စုချန်ယန် စိတ်တွေရှုပ်ထွေးသွားသည်။ အဲ့ဒီစကားနှစ်ခွန်းကို ကြားလိုက်ရတဲ့အချိန်မှာ သူမဘယ်လိုခံစားလိုက်ရလဲဆိုတာ သေချာမသိပေမယ့် သူမပျော်နေသင့်တယ်လို့ ယုံကြည်သည်။

လင်းယွီနဲ့ သူငယ်ချင်းဖြစ်ရတာ ကံကောင်းတယ်လို့ သူမ ခံစားသင့်သည်။

သို့ပေမယ့် လူတွေက အလွယ်တကူ လောဘကြီးကြပုံရသည်။ သူငယ်ချင်းဖြစ်ပြီးနောက်မှာတော့ ဒီဆက်ဆံရေးက ဒီ့ထက်ပိုပြီးတိုးတက်နိုင်မလားဆိုတဲ့ အကြောင်းကို သူမစပြီးစဉ်းစားမိသည်။

ဟင့်အင်း မလုပ်နိုင်ဘူး

မျက်စိတစ်မှိတ်အတွင်းမှာပဲ စုချန်ယန်က စိတ်ထဲ သူမကိုယ်သူမ မကောင်းတဲ့ အဖြေတစ်ခုပေးလိုက်သည်။

စုချန်ယန်က ပြုံးပြီး ဒီအကြောင်းအရာကို ဖယ်ထုတ်လိုက်ကာ ခဏလောက် စကားပြောလိုက်သည်။ စုချန်ယန်မေးလိုက်သည်။ "အစ်ကိုလင်း၊ အစ်ကိုတစ်ယောက်ယောက်ကို ကြိုက်ဖူးလား?"

ဒီမေးခွန်းကိုမေးလို့ပြီးသွားတော့ စုချန်ယန် စိတ်ထဲမှာ အရမ်းစိုးရိမ်သွားပေမယ့် သရုပ်ဆောင် ကျွမ်းကျင်တာကြောင့် သူမရဲ့မျက်နှာမှာတော့ ဘာအရိပ်အယောင်မှ မရှိနေပေ။

မေးခွန်းကြောင့် လင်းယွီမှာ အငိုက်မိသွားသည်။ စက္ကန့်နည်းနည်းလောက် တုံ့ဆိုင်းသွားပြီးနောက်မှာ စုချန်ယန်ရဲ့မေးခွန်းကို တိုက်ရိုက်မဖြေဘဲ အဲ့ဒီအစား ပြန်မေးလိုက်သည်။ “ဘာဖြစ်လို့မေးတာလဲ?”

စုချန်ယန်က ခေါင်းငုံ့ကာ သူမရဲ့ ခြေချောင်းတွေကို ကြည့်ရင်းပြောလိုက်သည်။ “ဒီတိုင်းသိချင်ရုံပါ၊ ရှင် Maryကိုငြင်းခဲ့တယ်လို့ ရှောင်လု ပြောတာကြားလို့။ သူက အရမ်းထူးချွန်တဲ့သူတစ်ယောက်လို့ ကျွန်မထင်တယ်”

တကယ်တော့‌ စုချန်ယန်အနေနဲ့ သူမရဲ့မေးခွန်းတွေက စည်းကျော်သွားတယ်လို့ ခံစားရသည်။ သူမက လင်းယွီနဲ့ တောက်လျှောက် စကားစမြည်ပြောကာ အဓိပ္ပါယ်မရှိတဲ့အကြောင်းအရာတွေကို ပြောနေခဲ့တာကြောင့်ဖြစ်မည်။ ပြီးတော့ သူက သူမကို သူငယ်ချင်းလိုဘဲ မြင်တယ်လို့ ပြောတာကြားတဲ့အခါ လင်းယွီ သူမရဲ့မေးခွန်းကို မဖြေမှန်း သိပေမယ့်စုချန်ယန်က သတ္တိမွေးပြီး မေးလိုက်သည်။

ဒါပေမယ့်... သူစိတ်မဆိုးလောက်ဘူးမလား?

လင်းယွီက သူမကို ရှုပ်ထွေးတဲ့အမူအရာနဲ့ ကြည့်လိုက်ပြီး ပြောလိုက်သည်။ "Mary က တကယ်တော်တယ်၊ ငါ သူ့ကို သူငယ်ချင်းအဖြစ် မှတ်ယူနိုင်ပေမယ့် ချစ်သူအဖြစ်တော့ မဟုတ်ဘူး"

"ဘာဖြစ်လို့လဲ?" စုချန်ယန်က စိတ်ဝင်တစား မေးလိုက်သည်။

လင်းယွီက ပြုံးရင်းပြောလာသ "မသေချာဘူး၊ ဒါပေမယ့် ကိုယ်သူနဲ့ သိလာရတော့ ကိုယ့်ရဲ့တစ်ခုတည်းသော အတွေးက သူမကို ပိုလှလာအောင်လုပ်ဖို့ပဲ"

စုချန်ယန်က သူ့စကားရဲ့ အဓိပ္ပါယ်ကို သိပ်နားမလည်ပေ။

လင်းယွီ ခေါင်း နည်းနည်းလှည့်လိုက်ပြီး စုချန်ယန်ရဲ့ ဝိုးတိုးဝါးတားဖြစ်နေတဲ့ အမူအရာကို ကြည့်လိုက်သည်။ စက္ကန့်နည်စနည်းလောက် ခဏရပ်သွားပြီးတော့ သူပြောလာသည်။ “ဒါပေမယ့် မင်းကတော့ မတူဘူး"

စုချန်ယန်က သူ့ကို အံ့အားသင့်သလို ကြည့်လိုက်သလို လင်းယွီကလည်း သူမကို ကြည့်နေသည်။

"ကျွန်မက မတူဘူး?" စုချန်ယန်က မသေချာမရေရာစွာနဲ့ ထပ်ခါတလဲလဲ ပြောလိုက်သည်။

"အင်း" လင်းယွီက သူ့ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ ရည်ရွယ်ချက်မရှိပေမယ့် စိတ်ချလက်ချ ခေါင်းညိတ်လိုက်သည်။

"ဘာမတူတာလဲ?" စုချန်ယန်က မသိနားမလည်သလို မေးလိုက်သည်။

“မင်းက Mary နဲ့ မတူဘူး။ သူ့ကို အစားထိုးလို့ရပေမယ့် မင်းကိုတော့ အစားထိုးလို့မရဘူး"

စုချန်ယန်က မှင်တက်စွာနဲ့ နားထောင်ပြီး သူဘာကိုဆိုလိုလဲဆိုတာ မေးလိုက်ချင်သည်။ သူမ သတ္တိမွေးပြီး လုပ်တော့မယ့်အချိန်မှာ လင်းယွီက သူမကို ဗီလာရဲ့ဥယျာဉ်အပြင်ဘက်ဆီ ဦးဆောင်သွားနေပြီဖြစ်သည်။

"ရောက်ပြီ" လင်းယွီကပြောလိုက်သည်။

စုချန်ယန်မှာ အာရုံ လွဲသွားတဲ့အခါ အခြေအနေကို မစီမံရသေးပေ။ သူမက ဥယျာဉ်ကို စိတ်ရှုပ်ထွေးစွာနဲ့ကြည့်လိုက်ပြီး မေးလိုက်သည်။ “ဒါက ဘယ်နေရာလဲ?"

"ကိုယ့်အိမ်"

"ကျွန်မတို့ ဘာလို့ ဒီကိုရောက်နေတာလဲ?"

လင်းယွီက ပြန်ဖြေလိုက်သည်။ “ကားယူပြီး အဝတ်အစားလဲဖို့။ suitဝတ်ပြီးတော့ ပြဇာတ်ကိုသွားမကြည့်နိုင်ဘူးလေ၊ မသင့်တော်ဘူး"

“အိုး” စုချန်ယန် ခေါင်းညိတ်ပြလိုက်ပြီး သူမရဲ့အာရုံလည်း လုံးဝပြောင်းသွားသည်။

သူမ မိန်းမောနေရာကနေ အသိဝင်လာပြီး အဲ့ဒီစကားရဲ့အဓိပ္ပါယ်ကို မေးချင်ပေမယ့် လင်းယွီက အဲ့ဒါကို ထပ်မပြောချင်ပုံရတဲ့အတွက် သူမ ထပ်မေးဖို့အဆင်မပြေတော့ပေ။

အတိုချုပ်ပြောရရင် လင်းယွီ ပြောသင့်တာက "မင်းသမီး စုချန်ယန်" ဖြစ်ပြီး လက်တွေ့ဘဝက စုချန်ယန် မဟုတ်ပေ။

သူတို့နှစ်ယောက် ဝင်လာတော့ လင်းယွီက ဥယျာဉ်တံခါးကို ဖွင့်လိုက်သည်။ စုချန်ယန်လည်း သူ့နောက် လိုက်သွားလိုက်သည်။ ဥယျာဉ်ထဲတွင် အမျိုးမျိုးသော ပန်းပွင့်တွေဖြင့် ပြည့်နေပေမယ့် စုချန်ယန်ကတော့ မျိုးစိတ်အများစုကိုမသိပါချေ။

“ဒီမှာ ပန်းအမျိုးအစားတွေ အများကြီးရှိတယ်။ ကြိုက်ရင် ကိုယ်တိုင်လာရွေးလို့ရတယ်။ ဒါမှမဟုတ် မင်းဒုက္ခများတယ်လို့ထင်ရင် ကိုယ့်ကို ပြောလိုက် မင်းအတွက် ကူခူးပေးမယ်" လင်းယွီက အပြုံးနဲ့ ပြောလာသည်။

“သိပြီ” စုချန်ယန်က ပြန်ဖြေလိုက်ပေမယ့် တကယ်တော့ ပန်းလှလှလေးတွေကို သူမတွေ့ရင်တောင် သူတို့အကြောင်း သိပ်မသိပါချေ။

အိမ်ရှေ့တံခါးဆီ လျှောက်သွားတော့ လင်းယွီက တံခါးကို တွန်းဖွင့်လိုက်ကာ သူမကို အရင်ဝင်ခိုင်းလိုက်သည်။

စုချန်ယန် အိမ်ထဲကို ဝင်လိုက်တာတော့ ဗီလာအထဲပ အလှဆင်ထားတာတွေက အရမ်းရိုးရှင်းပြီး Nordic စတိုင် လုပ်ထားပေမယ့် တစ်ယောက်ယောက်က ဒီနေရာမှာ နေတဲ့ပုံမပေါ်ပါချေ။

လင်းယွီ - “ဒီမှာ ကိုယ်တစ်ယောက်ထဲပဲ နေတာ"

သူသည် လွန်ခဲ့တဲ့ ခြောက်လခန့်က နိုင်ငံခြားကနေ ပြန်လာပြီး များသောအားဖြင့် ညဘက်တွင်သာ ပြန်လာလေ့ရှိသည်။ သူက မီးဖိုချောင်ကို သုံးခဲကာ အိမ်ထိန်းနဲ့ ဥယျာဉ်မှူးသာ တစ်နေ့တခြား လာသည်။

“လောလောဆယ် ထိုင်လိုက်ဦး။ အပေါ်ထပ်မှာ အဝတ်အစား သွားလဲလိုက်ဦးမယ်။ ငါးမိနစ်လောက်တော့ ကြာမယ်” လင်းယွီက ရေတစ်ခွက်ထည့်ပေးပြီး ပြောလိုက်သည်။

“ကောင်းပါပြီ” စုချန်ယန်က ဆိုဖာပေါ်ထိုင်ချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

လင်းယွီ အပေါ်ထပ်ကို တက်သွားတော့ စုချန်ယန်က ရေနည်းနည်းသောက်ရင်း ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ဧည့်ခန်းထဲတွင် ဘာသက်ရှိအရိပ်အယောက်မှ မရှိမှန်း သတိထားမိလိုက်သည်။ ဒီမှာ ဘယ်သူမှ မနေထားသလိုပင်။ လင်းယွီအနေနဲ့ သူ့ကိုယ်ပိုင် နေရာရှိတော့ တကယ်ပျော်လိမ့်မယ် မဟုတ်လား?

ခဏအကြာ လင်းယွီက အဝတ်အစားလဲပြီးတော့ အောက်ထပ်ဆီဆင်းလာသည်။ အပေါ်မှာအနက်ရောင်လေကာအင်္ကျီကို ဝတ်ထားပြီး အဖြူရောင် ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီအ‌ဖျော့ကို တွဲဝတ်ထားသည်။

သူ့ခြေထောက်မှာတော့ အနက်ရောင် ဘွတ်ဖိနပ်တစ်ရံရှိသည်။ သူက ခရုပတ်လှေကားကနေ အေးအေးဆေးဆေး ဆင်းလာရာ တစ်ချက်ကြည့်လိုက်တာနဲ့ TVထဲက နိုင်ငံတကာ စူပါမော်ဒယ်တစ်ယောက်နဲ့တောင် တူတယ်လို့ စုချန်ယန်ထင်လိုက်မိသည်။

All Chapters