← Chapters

အခန်း ၁၃၄

Vol. 11 Ch. 134

အခန်း ၁၃၄

Vol. 11 Ch. 134

လင်းယွီသာ suitဝတ်ပြီး ပြဇာတ်ရုံကိုသွားရင် ထင်ရှားပေါ်လွင်နေမှာလို့ သူမ တွေးခဲ့ပေမယ့် အခုတော့ ပေါ့ပေါ့ပါးပါး ၀တ်စားထားတာက ပိုလို့တောင်မျက်စိကျစရာ ကောင်းလိမ့်မယ်လို့ သူမယုံကြည်လိုက်သည်။

လင်းယွီရဲ့ အနက်ရောင်ဆံပင်က နည်းနည်းကောက်ကွေး နေကာ နဖုးပေါ်ကျနေပြီး သူ့မျက်နှာအသွင်အပြင်ကို ပိုပြီး ကြည့်ကောင်းလာစေသည်။

စုချန်ယန်မှာ သူ့ကို နည်းနည်းကြာကြာ စိုက်ကြည့်နေမိမှန်း သူသတိပြုမိတဲ့အခါ သူမအကြည့်တွေကို အမြန်လွှဲလိုက်သည်။

လင်းယွီက သူမဆီ သွက်သွက်လက်လက် လျှောက်လာကာ သူမကို အဝါရောင် ဘဲဦးထုပ်လေးကမ်းပေးလာပြီး ပြောလာသည်။ "ဒါကို လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဝယ်ခဲ့တာ။ မင်းနဲ့ ကောင်းကောင်းတော်မယ်ထင်တယ်"

စုချန်ယန်မှာ ခဏလောက် အံ့အားသင့်သွားပြီး သူ့ကို မော့ကြည့်လိုက်သည်။

လင်းယွီက ပြုံးလိုက်ပြီး "ချန်ယန်၊ မင်းသာဒီလို အပြင်ထွက်ရင် ချက်ချင်း မှတ်မိသွားလိမ့်မယ်"

စုချန်ယန် ရှက်ရွံ့သွားသည်။ နေ့ခင်းဘက်မှာ သူမက ဘာဝတ်ရမလဲဆိုတာ တွေးရင်း အလုပ်များနေတဲ့အတွက် လူထုပုံရိပ်ကို မေ့သွားခဲ့သည်။ အပြင်ထွက်ရင် လွယ်လွယ်နဲ့ အာရုံစိုက်ခံရလိမ့်မည်။

"ကျေးဇူးတင်ပါတယ်"

စုချန်ယန်က သူ့လက်ထဲက ဦးထုပ်ကို ယူလိုက်ပြီး ဆောင်းလိုက်ကာ ကျေးဇူးတင်စကား တိုးတိုးလေး ပြောလိုက်သည်။

စုချန်ယန်က ဆံပင်ကို ponytail စည်းထားတဲ့အတွက် ဦးထုပ်ဆောင်းဖို့ အဆင်မပြေပါချေ။ သူမက ဦးထုပ်အပေါက်ကနေ ponytail စည်းလိုက်သည်။ အချိန်အတော်ကြာ ရုန်းကန်ပြီးတဲ့နောက်မှာ ဆံပင်ပွလာတာနဲ့ဘဲ အဆုံးသတ်သွားသည်။ အဆုံးမှာ သူမက စိတ်ပျက်လက်ပျက်နဲ့ ခြေထောက်ကိုဆောင့်လိုက်သည်။

လင်းယွီက သူမရှေ့မှာ ကြည့်နေသည်။ သူမ အရမ်းအရှက်ကွဲသွားသလို ခံစားလိုက်ရသည်။

လင်းယွီက ရယ်လိုက်ပြီး သူမရဲ့ ကြမ်းကြမ်းတမ်းတမ်းလုပ်နေတဲ့ လက်တွေကို ဆွဲလိုက်ကာ သူ့ရဲ့နွေးထွေးတဲ့ လက်ချောင်းတွေနဲ့ သူမရဲ့ လက်ကောက်ဝတ်ကို ညင်ညင်သာသာ ကိုင်လိုက်သည်။ အားအပြည့်နဲ့မဟုတ်ဘဲ ညင်သာတဲ့အထိအတွေ့နဲ့ဖြစ်သည်။

တစ်ယောက်နဲ့တစ်ယောက် အချိန်အတော်ကြာ သိလာခဲ့ပေမယ့် စုချန်ယန်နဲ့ လင်းယွီ တို့မှာရုပ်ပိုင်းဆိုင်ရာ အထိအတွေ့တွေ မရှိသလောက်ပင်။ သူ့လက်ချောင်းတွေက စုချန်ယန်ကို ထိလိုက်တဲ့အချိန် သူမရဲ့ မငြိမ်မသက်ဖြစ်နေတဲ့နှလုံးသားဟာ ရုတ်တရက် ငြိမ်သက်သွားပြီး သူမရဲ့ လက်ကောက်ဝတ်အရေပြားတစ်ခုတည်းကိုဘဲ အာရုံစိုက်မိနေသလိုပင်။

“ မင်းကို ကူပေးမယ်” လင်းယွီရဲ့ အသံက အနောက်ကနေ ထွက်လာသည်။ သူက စုချန်ယန်ရဲ့ ဦးထုပ်ကို ချွတ်လိုက်ပြီး ရှုပ်ပွနေတဲ့ ဆံပင်တွေကို သပ်သပ်ရပ်ရပ်စည်းပေးလိုက်သည်။ သူက ဦးထုပ်အပေါက်ကနေတဆင့် ponytail စာ်းပေးလိုက်ပြီး ခေါင်းအပေါ်မှာ ပတ်လိုက်သည်။နောက်တော့ သူမရဲ့နားသယ်စပ်က ဆံပင် မွှေး‌တွေကိုလည်း ပြုပြင်ပေးလိုက်သည်။

သူ့လှုပ်ရှားမှုတွေက ချောမွေ့ပြီး ရင်းနှီးနေကာ အရင်တုန်းက အကြိမ်ပေါင်းများစွာ လုပ်ဖူးနေသလိုပင်။

စုချန်ယန်က သူ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ အပြုအမူတွေကြောင့် သူမစိတ်ထဲ မှင်တက်သွားကာ မေးလိုက်သည်။ “အစ်ကိုလင်း၊ အရင်က တခြားသူတွေကို ဒီလိုမျိုး ကူပေးဖူးတာလား?"

လင်းယွီက မငြင်းဘဲ ခေါင်းညိတ်ပြလာသည်။ “ဟုတ်တယ်”

"ဘယ်သူ့ကိုလဲ?" စုချန်ယန်က ခေါင်းငုံ့လိုက်ကာ သူမရဲ့ လေသံက ဖော်မပြနိုင်ပေ။

လင်းယွီက သူမရဲ့ဆံပင်ကို လှန်လိုက်ပြီး သူ့လက်ကို ချလိုက်ကာ ပြောလာသည်။ “အမေ့ဘက်မှာ မိသားစုကြီးရှိတယ်။ လုယင်း အပြင်၊ ကိုယ့်မှာ ဆယ်နှစ်တောင် မပြည့်သေးတဲ့ ဝမ်းကွဲနှစ်ယောက်ရှိတယ်"

“…”

စုချန်ယန်ရဲ့ စိတ်မှာ တခဏအတွင်း ရှုပ်ထွေးလာသည်။

“သူတို့က မင်းနဲ့တူတယ်။ ဆံပင်ကို ကောင်းကောင်းစည်းလို့မရရင် စိတ်ဆိုးပြီး အားလုံးကို ဖွပစ်လိုက်တာဘဲ"

“အိုး…”

စုချန်ယန် ဝန်မခံချင်ပေမယ့် တစ်ခဏလောက် လင်းယွီရဲ့ ဝမ်းကွဲနှစ်ယောက်အပေါ် မနာလိုသလို ခံစားလိုက်ရသည်…

သူမမှာ လုပ်ပိုင်ခွင့်မရှိဘူးလို့ ခံစားရပေမယ့်… သူမကိုယ်သူမ မထိန်းနိုင်ပါချေ… .

စုချန်ယန် စိတ်ထဲကနေ တိတ်တဆိတ် တောင်းပန်လိုက်သည်။

လင်းယွီက စုချန်ယန်ကို ကားဂိုဒေါင်အဝင်ပေါက်ဆီ ခေါ်သွားကာ အထဲသို့ဝင်သွားပြီး သိပ်မကြာခင်မှာဘဲ အနက်ရောင် Bentley တစ်စီးက မြေအောက်ကားဂိုဒေါင်ကနေ ထွက်လာသည်။

စုချန်ယန် ရှေ့မှာ ကားကိုရပ်လိုက်ပြီး ဒါရိုက်ဘာထိုင်ခုံကနေ ဆင်းပြီး စုချန်ယန်ကို ခရီးသည်ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်သည်။

အနောက်ဘက် ဒုတိယပြဇာတ်ရုံမှ သူတို့နေတဲ့နေရာကနေ နှစ်နာရီခန့် ကားမောင်းသွားရသည်။ စုချန်ယန်က ဖုန်းကို ထုတ်လိုက်ပြီး ဟန်စုန့်ရွှယ်နဲ့ groupထဲ အခြားသူတွေနဲ့အတူ စကားစမြည်ပြောလိုက်သည်။

ဟန်စုန့်ရွှယ် - [@စုချန်ယန်၊ နင်ရှောင်လုနဲ့ လာတာလား? အတော်ပဲ! ငါ သူ့ဆီကနေ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နည်းတွေ သင်ချင်တယ်၊ ဟားဟား ဟားဟား]

စုချန်ယန် - [မဟုတ်ဘူး၊ သူက သူ့ရဲဘော်တွေနဲ့ တွေ့ဖို့ သွားတယ်]

ဟန်စုန့်ရွှယ် - [နင်တစ်ယောက်တည်းလား? နင့်မိသားစုရဲ့ မန်နေဂျာလင်းက နင်တစ်ယောက်တည်း ပြဇာတ်လာကြည့်ဖို့ နင့်ကိုယုံမယ်တဲ့လား?]

စုချန်ယန် - [... ]

[မဟုတ်ဘူး မန်နေဂျာလင်း ကငါနဲ့ အတူရှိနေတယ်]

ဟန်စုန့်ရွှယ် - [ ?]

[အခုနင့်ဘေးမှာ ရှိနေတာလား?]

စုချန်ယန်က အာရုံစိုက်ကားမောင်းနေတဲ့ လင်းယွီကို ကြည့်လိုက်သည်။ လင်းယွီက သူမအကြည့်ကို သတိထားမိပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

စုချန်ယန် ခေါင်းခါလိုက်ပြီး "ဘာမှမဟုတ်ပါဘူး"

လင်းယွီက ပြောလာသည်။ “ အနောက်မှာ မင်းအတွက် အဆာပြေစားစရာတွေ ပြင်ထားတယ်။ ဗိုက်ဆာရင် နည်းနည်းစားလိုက်"

"ကျေးဇူးပါ"

စုချန်ယန်က သူ့ကို ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး စကားဆက်ဖို့ ခေါင်းငုံ့လိုက်သည်။

စုချန်ယန် - [သူကားမောင်းနေတယ်]

ဟန်စုန့်ရွှယ်က မနာလိုတဲ့ အီမိုဂျီတစ်ခု ပို့လိုက်ပြီး- [ပြဇာတ်ကြည့်ဖို့ နင်နဲ့အတူ ချောမောတဲ့ကောင်လေးတစ်ယောက် လိုက်လာပေးတာ အရမ်းကောင်းတာဘဲ။ ငါ့ရဲ့ တခြားလက်မှတ်တောင် မပေးရဘူး]

စုန့်မင်ကန် - [ရှင်းပါတယ်၊ အဲဒါကို နင်ပေးလို့ မရတာက နင့် ဇာတ်ရုပ်အတွက် ပြဿနာသက်သက်ဘဲ။ ငါ့ဇာတ်ကွက်နဲ့ ဘာမှမဆိုင်ဘူး]

ဟန်စုန့်ရွှယ် - [မဖြစ်နိုင်ဘူး။ နင့်ရဲ့ပြဇာတ်ကို ဘယ်သူမှ မကြည့်ချင်ကြတာကြောင့်ပဲ]

သူတို့နှစ်ယောက် စကားအနည်းငယ်ပြောပြီး သဘောထားကွဲလွဲကာ အဖွဲ့ထဲမှာ ငြင်းခုံနေကြပေမယ့် မကြာခင်မှာပဲ စုန့်မင်ကန်က အလုပ်များလာတော့ စကားရပ်သွားကာ groupက တိတ်ဆိတ်သွားတော့သည်။

ကျန်းရှစ်ချီနဲ့ အခြားသူတွေက အနောက်ဘက် ဒုတိယပြဇာတ်ရုံဆီ သွားနေတုန်းမှာ ချင်ယို့က အတန်းထဲမှာဘဲ ရှိနေဆဲဖြစ်သည်။ သူမရောက်လာတဲ့အချိန်ဆို ပြဇာတ်ကစနေလိမ့်မည်ပင်။

ကားက မီးပွိုင့်နဲ့ လမ်းဆုံမှာ ရပ်သွားသည်။ လင်းယွီ သူမကို လှည့်ကြည့်လိုက်သည်။ စုချန်ယန်က မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်နဲ့ Weiboမှာ ရှာဖွေနေသည်။

"မင်း ဖုန်းကြည့်နေတာ ကြာပြီ။ မျက်လုံးမညောင်းဘူးလား?" လင်းယွီက ပြောလိုက်သည်။

စုချန်ယန်က ကြောင်သွားပြီး သူ့ကိုမော့ကြည့်လိုက်ကာ “ ဟင့်အင်း၊ လုံးဝမညောင်းဘူး"

"ကိုယ်တို့ ဒီည ညစာ မစားဘူးလား? အနားယူလိုက်”

“အိုး”

စုချန်ယန်က ရိုးရိုးသားသားနဲ့ ဖုန်းကိုချလိုက်ပေမယ့် မနက်တုန်းက နောက်ကျမှနိုးလာလို့ လုံးဝအိပ်မငိုက်နေပါချေ။

လမ်းဆုံမီးပွိုင့်က စိမ်းသွားတော့ လင်းယွီက ကားစမောင်းလိုက်သည်။

စုချန်ယန်က ကားပြတင်းပေါက် နည်းနည်းချလိုက်ပြီး အသက်ရှုလိုက်ကာ အပြင်က အသံတွေဟာ တိတ်ဆိတ်နေတဲ့ ကားထဲ တိုးဝင်လာသည်။ ခဏအကြာ လင်းယွီက ဖွင့်ထားတဲ့ ပြတင်းပေါက်ကို ပြန်တင်လိုက်သည်။

"မနားချင်ဘူးလား?" လင်းယုက မေးလိုက်သည်။

"အင်း၊ မနက်က အိပ်ယာထနောက်ကျလို့"

"ဒါဆို ကိုယ်တို့ ခဏလောက် စကားပြောလို့ရမလား?"

စုချန်ယန်က ခေါင်းညိတ်လိုက်သည်။ “ဒါပေါ့"

“ခုနက ကိုယ်တစ်ယောက်ယောက်ကို ကြိုက်ဖူးလားလို့ မင်းမေးတော့ မင်းကို တိုက်ရိုက်ဖြေ ပေးသင့်တယ်လို့ကိုယ် မထင်ဘူး” လင်းယွီက ရုတ်တရက် ပြောလာသည်။

ဒီလိုအချိန်မျိုးမှာ ဒီမေးခွန်းကို သူပြောလာမယ်မှန်း စုချန်ယန် မမျှော်လင့်ထားခဲ့တဲ့အတွက် ငြိမ်သက်နေတဲ့ သူမရဲ့ နှလုံးသားက ပြန်ပြီး ခုန်ပေါက်လာသည်။

“အင်း” စုချန်ယန်က ဝိုးတိုးဝါးတားနဲ့ ပြန်ဖြေလိုက်သည်။

လင်းယွီ - "ဟင့်အင်း ကိုယ့်ရဲ့ စုဆောင်းမှုအဖြစ် ပြောင်းလဲစေချင်တဲ့ ဘယ်သူနဲ့မှ ကိုယ်မကြုံဖူးဘူး"

"စုဆောင်းမှု?" စုချန်ယန်က သူ့ကို သံသယဝင်သလို ကြည့်လိုက်သည်။

လင်းယွီက ပြုံးလိုက်ပြီး “ဥပမာMaryကို‌ပေါ့။ သူ့ကို ပြီးပြည့်စုံတဲ့ အနုပညာလက်ရာတစ်ခုအဖြစ် ပုံဖော်ပြီး သူ့ကို လူတိုင်းမြင်နိုင်စေဖို့ ကမ္ဘာကို ပြသချင်တယ်။ ကိုယ် သဘောကျတဲ့ သူကိုတော့၊ သူအနုပညာအလုပ်တွေ လုပ်နိုင်မယ်လို့ မျှော်လင့်ပြီး သူ့ရဲ့ ထူးချွန်မှုကို တစ်ကမ္ဘာလုံး မြင်စေချင်တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူက သူ့ကိုယ်သူ ပိုင်ဆိုင်ရုံသာမက ကိုယ့်ရဲ့ စုဆောင်းမှုဖြစ်လာဖို့လည်း မျှော်လင့်တယ်”

စုချန်ယန်က စိတ်ရှုပ်ထွေးစွာနဲ့ နားထောင်လိုက်သည်။ သူမနားလည်သလိုခံစားရပြီး တစ်ချိန်တည်းမှာပင် နားမလည်သလိုခံစားရသည်။ လင်းယွီက တစ်ယောက်ယောက်ကို သဘောကျတယ်ဆိုတာကို ရိုမန်တစ်ဆန်တဲ့ အနုပညာဖန်တီးမှုနဲ့ နှိုင်းယှဉ်တယ်။ သူမကတော့ "အနုပညာအလုပ်" နဲ့ "စုဆောင်းမှု" ကြားကခြားနားချက်ကိုအပြည့်အ၀ နားမလည်တဲ့အတွက် သူမကတော့ သဘောကျတယ်နဲ့ သဘောမကျဘူးဆိုတာဘဲ နားလည်သည်။

လင်းယွီက သူမ အပြည့်အဝနားလည်ဖို့ မမျှော်လင့်ထားတဲ့အတွက် ဆက်ပြောလာသည်။ “ဒါပေမယ့် နောက်ဆုံးမှာတော့ သူမကိုယ်တိုင်ဖြစ်နိုင်မယ်လို့ မျှော်လင့်တယ်"

စုချန်ယန်က သူ့စကားကြောင့် အံ့ဩသွားကာ မေးသည်။ “အစ်ကိုလင်း၊ ရှင့်မှာ သဘောကျနေတဲ့သူရှိတာလား? ရှင့်ရဲ့စုဆောင်းမှုအဖြစ် ပြောင်းလဲချင်တဲ့ မိန်းကလေးနဲ့ ဆုံပြီးသွားပြီလား?"

လင်းယွီက ခေါင်းညိတ်လိုက်သည်။ “အင်း”

သူ တုံ့ပြန်တာကို ကြားတော့ စုချန်ယန်မှာ သူမ သူသဘောကျတဲ့ မိန်းကလေးကို မနာလိုဖြစ်နေကြောင်း အံ့သြစွာနဲ့ တွေ့လိုက်ရသည်။ လင်းယွီက သူမကို ဒီလိုမျိုး လှပတဲ့ပုံစံဖးနဲ့ ဖော်ပြခဲ့တာကြောင့် ဖြစ်နိုင်သည်။ ဒါမှမဟုတ် ဒီကဲ့သို့ ပြောင်မြောက်လှတဲ့ လင်းယွီလိုမျိုး ထူးချွန်တဲ့သူတစ်ယောက်ဆီက သဘောကျခံရတဲ့သူမှာ အရမ်းကို ထူးချွန်မယ့်သူဖြစ်လိမ့်မည်။

သူသဘောကျတဲ့ မိန်းကလေးကို သူမ မနာလိုဖြစ်မနေဘူးဆိုတာ သိလိုက်ရပြီး စုချန်ယန် စိတ်သက်သာရာသွားကာ ပျော်သလိုခံစားလိုက်ရသည်။ သူမကဒှလောက်ထိ တစ်ကိုယ်ကောင်းဆန်တဲ့သူ မဟုတ်သေးပါ‌ချေ။ သူမက ပြုံးနေတဲ့အမူအရာနဲ့ မျက်နှာလေးကိုမော့လာကာ ပြောလိုက်သည်။ "အစ်ကိုလင်းက သူနဲ့အတူ သေချာပေါက်ကို အိုမင်းသွားရမှာဘဲ!"

လင်းယွီက ခဏလောက် စိတ်ပျက်သွားပုံပေါ်ကာ ပြုံးလိုက်ပြီး “အခုထိ သူ့ကိုမရသေးပါဘူး"

စုချန်ယန်က ခေါင်းခါလိုက်ပြီး "ရှင်က အရမ်းထူးချွန်တဲ့သူတစ်ယောက်ပဲ။ ရှင် သူ့ကို သေချာပေါက် ရလိမ့်မယ်"

လင်းယွီက ရယ်လိုက်ပြီး ပြောလိုက်သည်။ "ဒါပေမယ့် သူကလည်း ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ကို လူအများက သဘောကျကြတယ်"

သူ့ကိုယ်သူ ယုံကြည်မှုမရှိဘူးလို့ စုချန်ယန်က ထင်သွားပြီး အမြန်ပြောလိုက်သည်။ “အဆင်ပြေပါတယ်! ရှင်သာ အလုပ်ကြိုးစားရင် ယောက်မကို သေချာပေါက် ရလိမ့်မယ်။ ရှင်မလုပ်နိုင်ရင် ကျွန်မနဲ့ ရှောင်လုက ကူညီပေးပါ့မယ်"

ဒါကိုကြားတော့ လင်းယွီက ရယ်ချင်ပေမယ့် အချိန်ကောင်း မဟုတ်တဲ့အတွက် ထိန်းလိုက်သည်။

"မင်းက ကိုယ့်ကိုကူညီမှာလား?"

“ဟုတ်တယ်”

ဒီတုံ့ပြန်မှုက လင်းယွီရဲ့ ရယ်ကြောကို တနည်းနည်းနဲ့ ထိသွားပြီး ရယ်ချင်တာကို ထိန်းထားရသည်။

"မင်းက ကိုယ့်ကို ဘယ်လိုကူဖို့ စီစဉ်ထားတာလဲ?""

စုချန်ယန် နည်းနည်းရှက်သွားသည်။ ရည်းစားတစ်ခါမှ မထားဖူးတဲ့ သူမက သူ့ကို ဘယ်လိုလုပ် အကြံပေးရမှာလဲ?

“ကျွန်မက ရှင့်ကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးမယ်” သူမက ခဏစဉ်းစားလိုက်ပြီး နောက်ပြောင်တဲ့လေသံနဲ့ ပြောလာသည်။

"ပြီးတော့ရှောင်လုရောပဲ! ယောင်းမသာ လက်မခံရင် ရှောင်လုကို ပြန်ခေါ်ခိုင်းလိုက်မယ်။ သူကရှင့်ကို မကြိုက်ရင် သေချာပေါက်ကို သူကရှင့်ကို နားမလည်လို့ပဲ။ သူ ရှင့်ကို ကောင်းကောင်း သိပြီးတာနဲ့ ရှင့်ကို သဘောကျသွားလိမ့်မယ်"

လင်းယွီရဲ့ မျက်နှာပေါ်က အပြုံးမှာ ပိုကျယ်လာပြီး မေးလိုက်သည်။ “ကိုယ့် အကြောင်းကို ကောင်းကောင်းသိကြတဲ့သူတိုင်း ကိုယ့်ကို ကြိုက်ကြမှာလား?"

စုချန်ယန်က ယုံကြည်စွာနဲ့ ရိုးရိုးသားသား ခေါင်းညိတ်လိုက်သည်။

မီးပွိုင့်လမ်းဆုံမှာ ကားရပ်ရပြန်သည်။ လင်းယွီက သူမဘက်လှည့်ကာ ကြည့်လိုက်ပြီး ပြောလာသည်။ "ဒါက အမှန်ပဲ မဟုတ်ဘူးလား? ကိုယ်တို့လည်း တစ်ယောက်နဲ့တစ်ယောက် သိနေတာကြာပြီ၊ မင်းရော ကိုယ့်ကို နားလည်သင့်တာဘဲ။ ဒါပေမယ့် မင်းရောကိုယ့်အတွက် ခံစားချက်တွေ မတိုးတက်လာသေးဘူးလား?"

All Chapters