အခန်း ၁၃၅
Vol. 11 Ch. 135
သူ ရုတ်တရက် ပြောလာတဲ့ စကားက စုချန်ယန်ရဲ့ လျှို့ဝှက်ချက် ထုတ်ဖော်ခံရတော့မလိုမျိုး ထိတ်လန့်သွားစေသည်။ သူမ ရုတ်တရက် ခေါင်းကို မော့လိုက်တော့ လင်းယွီရဲ့ နက်ရှိုင်းတဲ့ မျက်လုံးတွေနဲ့ မထင်မှတ်ပဲ ဆုံလိုက်ရသည်။ သူမရဲ့ လည်ချောင်းထဲမှာ တစ်ဆို့လာပြီး အသက်ရှူကျပ်လာသည်။
“ကျွန်မ…” စုချန်ယန် ပါးစပ်ဖွင့်လိုက်တော့ နှုတ်ခမ်းခြောက်သလို ခံစားရတဲ့အတွက် နှုတ်ခမ်းသပ်လိုက်သည်။ သူမမှာ “ကျွန်မ ရှင့်ကို ကြိုက်တယ်”လို့ ပေါက်ကွဲထွက်ပြီး ပြောလိုက်ချင်ပေမယ့် နောက်ဆုံးတော့ သူမရဲ့ကျိုးကြောင်းဆီလျော်မှုနဲ့ အဲ့ဒါကို မျိုသိပ်လိုက်သည်။
လင်းယွီက သူမကို သူငယ်ချင်းတစ်ယောက်အနေနဲ့ဘဲ သဘောထားသည်။ သူမသာ သူ့ကို သဘောကျတဲ့အကြောင်း ပြောလိုက်မယ်ဆိုရင် ခင်မင်ရင်းနှီးမှုစည်းကို ဖြတ်သွားတာကို သေချာပေါက် ခံစားရမှာဖြစ်ပြီး အဲ့ဒီအချိန်ကနေစပြီး သူတို့မှာ သူငယ်ချင်းအဖြစ်နဲ့တောင် နေနိုင်ကြတော့မည် မဟုတ်ပေ။
စုချန်ယန် အဲ့ဒီလို မလုပ်ရဲပါချေ။ ဖြစ်နိုင်ရင် သူမကတော့ လင်းယွီနဲ့ တစ်သက်လုံး သူငယ်ချင်းဘဲဖြစ်ချင်သည်။
မီးပွိုင့်မီးစိမ်းသွားတော့ ကားတွေ စရွေ့လာသည်။
ဟွန်းတီးနေတဲ့ ကားတွေကြားထဲမှာ စုချန်ယန်ရဲ့ အသံက ထွက်လာသည်။ "ကျွန်မက မတူဘူး"
လင်းယွီက အံ့အားသင့်သွားပြီး တိတ်ဆိတ်သွားသည်။
"ရှင်က အရမ်းတော်တာ၊ အဲဒီအဆင့်ကို ကျွန်မ မရောက်နိုင်ဘူး"
သူမ ဒီစကားတွေပြောနေချိန်မှာ စုချန်ယန်ရဲ့ အသံက တိုးသွားပြီး ပတ်ဝန်းကျင်က အသံတွေကြားထဲ တိမ်မြုပ်သွားသည်။ လင်းယွီ သူမ ပြောတာကို ကြားလား သူမ မသိပေ။
ကားထဲမှာ ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။
စုချန်ယန်က စိတ်လှုပ်ရှားစွာနဲ့ သူမရဲ့အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ လင်းယွီသာ သူမပြောတာကြာသွားရင် သူမရဲ့ခံစားချက်တွေကို သူခံစားမိသွားမှာ ကြောက်သည်။
ကားက အတန်ကြာအောင် ဆက်မောင်းလာပြီး နှစ်ယောက်လုံး စကားမပြောဖြစ်ကြပေ။
စုချန်ယန် စကားမပြောရဲတဲ့အချိန်မှာ လင်းယွီက ရှေ့ကို တိတ်တဆိတ် ကြည့်နေသည်။
"စုချန်ယန်"
တိတ်ဆိတ်နေတဲ့ကားထဲမှာ လင်းယွီက ရုတ်တရက်ဆိုသလို စုချန်ယန်ရဲ့ နာမည်အပြည့်အစုံကို ခေါ်လိုက်တာက ရှားရှားပါးပါး အဖြစ်အပျက်တစ်ခုပင်။
“ကိုယ်က ထူးချွန်တဲ့လူ မဟုတ်ပါဘူး။ ကိုယ်ပိုင်တဲ့အရာတွေက ဘိုးဘေးတွေ ကိုယ့်ကို ပေးခဲ့တာ။ လမ်းကြောင်းမှားပြီး ရာဇ၀တ်မှုဘဝကို ကူးပြောင်းဖို့ မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေနဲ့အတူ ဒီလောကကို တစ်ယောက်ထဲ ရောက်လာတဲ့ ကိုယ်နဲ့ ယှဉ်ရင်ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို ကိုယ်တိုင် ဖန်တီးနိုင်တဲ့ သူက တကယ်ထူးချွန်တဲ့သူပဲ မဟုတ်ဘူးလား?
“သူက အညစ်အကြေးတွေနဲ့ မထိတွေ့နိုင်တဲ့ ရွှံ့နွံထဲမှာ နေထိုင်ပြီး ကမ္ဘာကြီးရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ အကြင်နာတရားကင်းမဲ့မှုကို မျက်မြင်တွေ့ခဲ့ရပေမယ့် ဒီလောကနဲ့သူ့အသက်ကို ချစ်ဆဲဖြစ်သလို သူကြုံတွေ့ရတဲ့သူတိုင်းကိုလည်း မြတ်နိုးဆဲဘဲ။ ဒီလိုလူက ကောင်းကင်မှာ ချိတ်ဆွဲထားတဲ့ လနဲ့တူတယ်၊ လူတွေ ထိတွေ့ချင်ပေမယ့် လက်လှမ်းမမီနိုင်တဲ့ တည်ရှိမှုလို့ မထင်ဘူးလား?"
စုချန်ယန်မှာ သူ့ကို ဗလာသက်သက် စိုက်ကြည့်နေသည်။ သူမရဲ့ နားထဲတွင် သူမရဲ့ နှလုံးခုန်သံက မိုးခြိမ်းသံလိုမျိုး တဒိန်းဒိန်းဖြစ်ကာ ပဲ့တင်ထပ်နေပြီး သူမကို ဘာမှမကြားဖြစ်သွားစေသည်။
လင်းယွီရဲ့ စကားလုံးတွေက မိုးကြိုးသဖွယ် သူမကို ထိုးဖောက်ဝင်ရောက်လာကာ စုချန်ယန်မှာ အသက်ရှူဖို့တော် မေ့သွားကာ သူမရဲ့စိတ်တွေ လွတ်ထွက်သွားသည်။
ထူးဆန်းစွာနဲ့ တိတ်ဆိတ်သွားပြီးနောက် လင်းယွီက သက်ပြင်းတစ်ချက်ချကာ ရှင်းပြလာသည်။ "ချန်ယန်၊ ကိုယ်က တခြားဘာကိုမှ မဆိုလိုပါဘူး။ ကိုယ့်ကိုကိုယ် မနှိမ့်ချဖို့ပဲ ပြောချင်တာ။ မင်းက လူအများစုထက် ပိုထူးချွန်တယ်။ သူများတွေ သဘောကျဖို့ ထိုက်တန်တယ်။ ကိုယ့်ကိုယ်ကို သံသယမဝင်နဲ့၊ ကိုယ့်ကိုလည်း အရမ်းကောင်းတယ်လို့ မထင်နဲ့။ ကိုယ်က မင်းထင်သလောက် တောက်ပပြီး ဆွဲဆောင်မှု မရှိဘူး။ ကိုယ်က တစ်ကိုယ်ကောင်းဆန်ပြီး မရိုးသားတဲ့သူဘဲ။ မင်းကိုယ့်ကိုနားလည်ဖို့ မင်းရဲ့စိတ်ကူးကို အားမကိုးဘဲ ကိုယ့်ရဲ့အစစ်အမှန်ကို သိဖို့လိုတယ်"
စုချန်ယန်ရဲ့ ရင်ထဲမှာ တင်းကျပ်လာပြီး ခေါင်းကိုငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။ “တောင်းပန်ပါတယ်”
"မင်း တောင်းပန်စရာ မလိုဘူး။ ကိုယ်က…”
“အစ်ကိုလင်း၊ ကျွန်မ နားလည်ပါတယ်…” စုချန်ယန်က သူ့ကိုဖြတ် ပြောလာသည်။ “နားလည်ပါတယ်”
စုချန်ယန်က သူ့ကို သိပြီးတာနဲ့လင်းယွီကို တွန်းမပို့နိုင်လောက်အောင် ခံစားရမယ်ဆိုတာကို စုချန်ယန် နားလည်သည်။
သူက အရမ်းကောင်းလွန်းတယ်၊ ဉာဏ်လည်း ကောင်းတယ်၊ နူးလည်း နူးညံ့လွန်းတယ်။
ကားထဲက လေထုမှာ တုန်လှုပ်ချောက်ချားစရာကောင်းပြီး စုချန်ယန် ဒါကို မကြိုက်ပါချေ။ လင်းယွီ စိတ်မသက်မသာဖြစ်သွားမှာ စိုးတာကြောင့် သူမ ခေါင်းစဉ်ပြောင်းလိုက်သည်။
"စကာမစပ် ရှောင်လုရော အရင်က ရည်းစားရှိဖူးလား?" စုချန်ယန်က စိတ်ဝင်တစား မေးလိုက်သည်။ သူမ တကယ့်ကိုသိချင်တာဖြစ်သည်။
လင်းယွီက အကြောင်းအရာကို ပြန်မဆွဲခေါ်ချင်တဲ့အတွက် ပြုံးကာပြောလာသည်။ “သူအ စစ်ထဲမဝင်တုန်းကတော့ ရှိခဲ့တယ်"
"အမှန်ဘဲလား?" ရှောင်လု ရည်းစာစထားတဲ့အချိန် ဘယ်လိုပုံမျိုးဖြစ်မလဲဆိုတာ သူမ စိတ်ကူးကြည့်လို့မရပေ။
လင်းယွီက ခေါင်းညိတ်လိုက်ပြီး ပြောလာသည်။ “ကိုယ်တို့အမေက အီတလီလူမျိုးဆိုပေမယ့် ကိုယ်တို့ရဲ့နိုင်ငံသားက အမြဲတမ်း တရုတ်ပဲ။ ရှောင်လု ငယ်ငယ်တုန်းက တရုတ်မှာ ကျောင်းတက်ခဲ့သေးတယ်။ သူ့အတန်းဖော်နဲ့ တွဲတာ အထက်တန်း ဒုတိယနှစ်တုန်းကထင်တယ်။ အဲဒီတုန်းက ကိုယ်တို့မိသားစုက အဲ့ဒါကိုသိပြီး သူ့ကိုအားပေးကြတယ်"
"နောက်တော့ဘာဖြစ်သွားလဲ?"
"ရှောင်လုက အရင်တုန်းက ဒေါသကြီးတယ်။ သူက တိုက်ကွမ်ဒိုကို ဝါသနာပါပြီး ရန်ပွဲတွေမှာလည်း တစ်ခါမှ မရှုံးဘူး။ တစ်ခါက သူ့ရည်းစားနဲ့ အပျော် နပန်းလုံးရင်း မတော်တဆ အားသုံးတာများသွားတော့ သူ့ပခုံးရိုးတွေ ကျိုးသွားတယ်။ သူ့မှာ အိပ်ယာထဲ တစ်လလောက် နေလိုက်ရတယ်။ အဲ့အချိန်ကစပြီး သူ့ရည်းစားက သူ့ကိုမြင်တိုင်း ကြွက်ကိုရှောင်တဲ့ ကြောင်တစ်ကောင်လိုမျိုး ရှောင်တော့တာပဲ"
စုချန်ယန် သူမ စိတ်ထဲက မြင်ကွင်းကို တွေးပြီး ရယ်လိုက်သည်။
“နောက်တော့ သူက တခြားတစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်သွားသေးတယ်။ အန်ကယ်က သူ့ကို ဘာမှမလုပ်နိုင်တော့တဲ့အတွက် ကိုယ့်ကိုအကြံ မေးလာတယ်။ သူလည်း စစ်သား တကယ်ဖြစ်ချင်တယ်လို့ ပြောတော့ အဲ့ဒါနဲ့ သူ့ကို စစ်တပ်ထဲ ပို့ဖို့ အကြံပေးလိုက်တယ်"
စုချန်ယန်ရဲ့ စပ်စုချင်စိတ်ကပိုကြီးလာကာ ခုနက ပြောခဲ့တာတွေကို မေ့သွားပြီး သူမက မေးလိုက်သည်။ "နောက်တော့ ဘာဖြစ်သွားလဲ? သူတို့ အဆက်အသွယ်ရှိကြသေးလား?"
လင်းယွီက ပြုံးလိုက်ပြီး “လုယင်း ပြောပုံအရဆို သူစစ်တပ်က နေပြန်လာပြီးတဲ့နောက်မှာ တခါတွေ့တယ်။ သူလည်း ယခုအခါ ရဲတစ်ယောက်ဖြစ်နေပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အေးအေးဆေးဆေး ဆက်ဆံကြတယ်။ နောက်တော့ ဆက်သွယ်ကြလား မဆက်သွယ်ကြလား မသိဘူး"
စုချန်ယန်က မနေနိုင်ဘဲရယ်လိုက်သည်။ "ရှောင်လုက ကျွန်မနဲ့ တူတယ်လို့ထင်တယ်"
"ဟင်?" လင်းယွီက နားမလည်စွာနဲ့ ကြည့်လိုက်သည်။ "မင်းနဲ့ဘယ်လိုပုံစံတူတာလဲ?"
စုချန်ယန်အနေနဲ့ ရည်းစားမထားဖူးဘူးဆိုတာကို တိုက်ရိုက်ပြောရမှာ ရှက်သည်။ ကံကောင်းထောက်မစွာနဲ့ လင်းယွီက ဆက်မမေးလာပေ။
သို့ပေမယ့် ခဏလောက် စကားစမြည်ပြောပြီးတဲ့နောက်မှာ ကားထဲက လေထုက ပုံမှန်ပြန်ဖြစ်သွားပြီး နှစ်ယောက်သား စကားစမြည်ပြောကြကာ အနောက်ဘက်ဒုတိယဇာတ်ရုံရဲ့ ကားပါကင်ရောက်တဲ့အထိပင်။
"အစ်ကိုလင်း၊ ကျွန်မ လမ်းဘေးက ကော်ဖီဆိုင်မှာ စုန့်ရွယ်ရယ် တခြားသူတွေနဲ့ တွေ့ဖို့ စီစဉ်ထားတယ်"
စုချန်ယန်က သူတို့ဖြတ်သွားတဲ့ ကော်ဖီဆိုင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
လင်းယွီက ခေါင်းညိတ်လိုက်ပြီး ကားရပ်လိုက်ကာ စုချန်ယန်ကို မက်စ် ပေးလိုက်သည်။
"ကျေးဇူးပါ"
သူတို့က ကားပေါ်ကနေ ခွဲဆင်းလာပြီး စုချန်ယန်က လင်းယွီ လျှောက်လာမှာကို ဘေးမှာစောင့်နေသည်။ သူတို့က အနောက်ဘက် ဒုတိယပြဇာတ်ရုံက အရှေ့တောင်ဘက်မှာရှိတဲ့ လေဟာပြင် ကားပါကင်မှာ ရှိနေပြီး လူသွားလူလာများသည်။
သူတို့ ပေါ်လာတဲ့ အချိန်ကနေစပြီး သူတို့ဘက်ဆီ အကြည့်တွေ အဆက်မပြတ်ရောက်လာသည်။
လင်းယွီက အရပ် 1.9 မီတာနီးပါး ရှိပြီး အချိုးကျလှတဲ့ အချိုးအစားကြောင့် သူ ဘာဝတ်ဝတ် မော်ဒယ်လ်တစ်ယောက်လိုမျိုး ဖြစ်နေစေသည်။ သူက အကြည့်တစ်ချက်နဲ့တင် ကျက်သရေရှိလှသည်။ စုချန်ယန်ဟာလည်း သာမန်မိန်းကလေးတွေထက် အရပ်ပိုမြင့်ပြီး ဦးထုပ်နဲ့ မက်စ် တပ်ထားတာကြောင့် သူမရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် သူမရဲ့အမူအရာက သာမန်လူမဟုတ်ကြောင်း ပြနေသည်။
နှစ်ယောက်သား မတ်တပ်ရပ်လိုက်တဲ့အခါ လေထုက လိုက်ဖက်ညီလှသည်။ ရံဖန်ရံခါ ဖြတ်သွားဖြတ်လာတွေရဲ့ စူးစမ်းနေတဲ့ အကြည့်ကြားမှာ သူတို့ကို မှတ်မိသွားမှာစိုးတဲ့ပုံပေါ်နေသည်။ သူတို့က တစ်ချက်ကြည့်ပြီးတာနဲ့ အကြည့်လွှဲသွားကြသည်။
စုချန်ယန်နဲ့ လင်းယွီတို့ နှစ်ယောက်လုံးမှာ အကြည့်ခံရလေ့ရှီတဲ့အတွက် ဒီအန္တာရယ်မရှိတဲ့ အကြည့်တွေကို သိပ်ဂရုမစိုက်ကြပါချေ။ တစ်ယောက်နဲ့တစ်ယောက် နီးကပ်လာတဲ့အခါ အပြုံးချင်းဖလှယ်လိုက်ကြသည်။
လင်းယွီ - "သွားကြရအောင်"
“ကောင်းပြီ”
သူတို့နှစ်ယောက် ကားပါကင်ကနေ ဘေးချင်းကပ် သွားနေတော့ မရေမတွက်နိုင်တဲ့ စူးစမ်းတဲ့ အကြည့်တွေကို ဆွဲဆောင်လိုက်နိုင်သည်။ သူတို့နှစ်ယောက်လုံးက သာမန်လူတစ်ယောက်နဲ့ကို မတူပေ။ လူတွေက သူတို့ကြိ ပြဇာတ်က သရုပ်ဆောင်တွေလို့ ထင်ကောင်းထင်လိမ့်မည်။ လမ်းဘေးရောက်တဲ့အခါ ကောင်လေးတချို့က သူတို့ကို ဓာတ်ပုံရိုက်ကြသည်။
လင်းယွီက အဲ့ဒီနေရာကိုကြည့်လိုက်ပြီး စုချန်ယန်ကို ကာဖို့ သူ့ကိုယ်ကို လှည့်လိုက်သည်။
"ဘာဖြစ်လို့လဲ?" စုချန်ယန်က သိချင်စိတ်နဲ့မေးလိုက်သည်။
လင်းယွီ - "တစ်ယောက်ယောက်က ဓာတ်ပုံရိုက်နေတယ်"
"ကျွန်မ ဝတ်ထားတာ အရမ်းထင်းနေလို့လား?" စုချန်ယန် မျက်ခုံးတွေကို ပင့်လိုက်ပြီး သူမကတော့ ဒီနေ့ ပုံမှန်အတိုင်း ၀တ်ထားတယ်လို့ ခံစားရသည်။
လင်းယွီက သူမကိုငုံ့ကြည့်လာပြီး ပြောလိုက်သည်။ “မင်းက ဘာပဲဝတ်ဝတ် ထင်းနေတာ"
စုချန်ယန် - “…”
သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။ “ရှင်လည်း အရမ်းထင်းနေတယ်”
သူက မော်ဒယ်တစ်ယောက်လို ကြည့်ကောင်းတဲ့ သွင်ပြင်ရှိသည်။ သေချာပေါက်ကိုပဲ လင်းယွီက သူမထက် ပိုထင်းနေတာ။
နောက်ဆုံးတော့ သူတို့လမ်းကူးလိုက်ပြီး ကော်ဖီဆိုင်တံခါးဝဆီရောက်သွားသည်။ စားပွဲထိုးက သူတို့နှစ်ယောက်ကိုတွေ့တော့ အံ့ဩသွားပေမယ့် ခဏကြာတော့ သူက တုံ့ပြန်လာသည်။ “ကြိုဆိုပါတယ်!"
လင်းယွီက ပြောလိုက်သည်။ “ကိုယ်တို့ သီးသန့်အခန်း 107 ကိုမှာထားတယ်"
စားပွဲထိုးက လှေကားကို ညွှန်ပြပြီးပြောလိုက်သည်။ “ဒုတိယထပ်ရဲ့ ညာဘက်ခြမ်းက သီးသန့်အခန်း တွေထဲက အတွင်းဆုံးအခန်းပါ"
"ကျေးဇူးတင်ပါတယ်" လင်းယွီက ခေါင်းညိတ်ပြပြီး စုချန်ယန်ကလည်း စားပွဲထိုးကို ပြုံးပြလိုက်သည်။
စားပွဲထိုးက စုချန်ယန်နဲ့ လင်းယွီတို့ အပေါ်ထပ်တက်သွားကာ လှေကားထိပ်မှာ ပျောက်ကွယ်သွားတဲ့အထိ ကြည့်နေသည်။ ထို့နောက် သူမက ကောင်တာပေါ်ရုတ်တရက် မှီကာ အရှေ့ ကောင်တာက ကောင်မလေးကို အော်ပြောလိုက်သည်။
“သူတို့ကို တွေ့လိုက်လား? နင် သူတို့ကို တွေ့လိုက်လား? အရမ်းကြည့်ကောင်းတယ်! အရမ်းချောတယ်! ပြီးပြည့်စုံပြီး လိုက်ဖက်လိုက်တာ! သူတို့က ရုပ်ရှင်ထဲက စုံတွဲလိုဘဲ! ဘယ်လိုတောင် အံ့သြဖို့ကောင်းတဲ့ စုံတွဲလဲ! သူတို့က ဒီမှာ ပြဇာတ်လာကြည့်ကြတာလားမသိဘူး?"
ကောင်မလေးက သူ့ကို မင်သေသေတစ်ချက်ကြည့်ပေးလိုက်ပြီး ပြောလိုက်သည်။ “ကောင်မလေးက ဘယ်လိုပုံစံလဲဆိုတာတောင် နင်မမြင်လိုက်ဘူးလေ"
"ငါ သူမ မျက်လုံးတွေကို မြင်လိုက်တယ် အရမ်းလှတာ။ သူကအရမ်း ဆွဲဆောင်မှုရှိရမယ်။ ဘုရားရေ သူ့ကောင်လေးကလည်း အရမ်းချောတာ။ သူတို့နှစ်ယောက်လုံးကလည်း စိတ်ကောင်းကြတယ်။ သူတို့ကို အားကျလိုက်တာ"
"အိပ်မက်မက်နေတာရပ်ပြီး အလုပ်ပဲ ပြန်လုပ်စမ်းပါ!"
ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်
အပိုင်း ၁၃၆
စုချန်ယန်က လင်းယွီနောက်ကနေလိုက်ကာ သီးသန့်ခန်းရဲ့အဝင်ပေါက်ဆီ လျှောက်သွားသည်။ လင်းယွီက လက် မြှောက်လိုက်ပြီး တံခါး ခေါက်လိုက်သည်။ အသံလုံတာကအရမ်းကောင်းသည်၊ တံခါးမဖွင့်ခင်အထိ ဘာအသံကိုမှ သူတို့မကြားရပေ။
"ချန်....အမ်းး!"
တံခါးဖွင့်လိုက်တာနဲ့ ဟန်စုန့်ရွှယ်ရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာက ပေါ်လာသည်။ စုချန်ယန် အရှေ့ကို အမြန်လှမ်းလာပြီးပါးစပ် အုပ်လိုက်တုန်းမှာ သူမက အော်ပြောလာသည်။
"နင် ဒီပြဇာတ်ကို ကောင်းကောင်းကြည့်ချင်သေးရဲ့လား?" စုချန်ယန်က သူမရဲ့လည်ပင်းကို တင်းတင်းကိုင်ထားရင်း အခန်းထဲဝင်လိုက်ကာ လင်းယွီကအနောက်ကနေ အနီးကပ်လိုက်လာကာ တံခါးကို ပိတ်လိုက်သည်။
စုချန်ယန်ကဟန်စုန့်ရွှယ်ကို လွှတ်ပေးလိုက်ပြီး ပြောလိုက်သည်။ "နင့်မှာ အမြော်အမြင်နည်းနည်း လေးတောင် မရှိဘူးလား?"
ဟန်စုန့်ရွှယ်က စုချန်ယန် လက်ကို ချိတ်လိုက်ပြီး "အိုး၊ ငါမေ့သွားတယ်"
သီးသန့်ခန်းထဲတွင် အခြားလူတွေလည်း ရှိနေတဲ့အတွက် လင်းယွီက အသိအမှတ်ပြုသလို လူတိုင်းကို ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ယောက် ထိုင်လို့ပြီးတော့ နောက်ထပ် သုံးလေးယောက် အခန်းထဲဝင်လာသည်။ ကျန်တဲ့သူတွေရောက်လာမှာကို စောင့်ရင်း စုပြီး စကားစမြည်ပြောကြသည်။
"ဘာသောက်ချင်လဲ? မှာပေးမယ်" လင်းယွီက စုချန်ယန်ရဲ့ ညာဘက်ခြမ်းမှာ ထိုင်ကာ တည်တည်ငြိမ်ငြိမ်နဲ့မေးလိုက်သည်။
ဟန်စုန့်ရွှယ်က အဲဒါကို ကြားတော့ စိတ်အားထက်သန်စွာနဲ့ အနားကပ်လာပြီး အပြုံးနဲ့ပြောလာသည်။ "မန်နေဂျာလင်း ကျွန်မက cappuccino "
လင်းယွီက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး စုချန်ယန်ကိုကြည့်ကာ မေးလိုက်သည်။ "ဒါဆို မင်းရော?"
စုချန်ယန် Americano တစ်ခွက်ကို မှာလိုက်သည်။ လင်းယွီက ထပြီး တခြားသူတွေကို ဘာသောက်ချင်လဲ မေးလိုက်သည်။ အားလုံးက မှာလို့ပြီးတော့ ဟန်စုန့်ရွှယ်က အံ့အားတကြီးနဲ့ပြောလာသည်။ "မန်နေဂျာလင်း၊ ရှင်က ကျွန်မတို့ရဲ့ တောက်တိုမယ်ရဖြစ်နေပြီလား?"
လင်းယွီ - "ပြဿနာမရှိပါဘူး၊ ဒါအပြင် ချန်ယန်လည်း တစ်ခုခုလိုချင်နေတာပဲ"
“သိပြီ၊ သိပြီ"
လင်းယွီက သီးသန့်ခန်းထဲကနေ လှည့်ထွက်လာသည်။ ဟန်စုန့်ရွှယ်က တစ်ချက်ကြည့်လိုက်ပြီး စုချန်ယန်ရဲ့လည်ပင်းကို ချက်ချင်းဖက်လိုက်ကာ ပြောလိုက်သည်။
"နင့်ရဲ့မန်နေဂျာလင်းက အရမ်းအံ့သြဖို့ကောင်းတယ်။ သူ့ကို ပေါ့ပေါ့ပါးပါး ၀တ်စုံနဲ့ အခုမှ ပထမဆုံးမြင်ဖူးတာ။ နိုင်ငံတကာ စူပါမော်ဒယ်တစ်ယောက်လိုပဲ။ နင်သူ့ကို နေ့တိုင်းတွေ့နေရတော့ ဆွဲဆောင်ခံရသလို မခံစားရဘူးလား?"
စုချန်ယန်ကသူမကို တွန်းထုတ်လိုက်ပြီး "မဟုတ်တာတွေ ပြောနေတာရပ်လိုက်။ မန်နေဂျာလင်းကို နေ့တိုင်းမတွေ့ရဘူး။ ဒီနေ့ ရှောင်လုက အလုပ်များနေလို့ သူငါနဲ့လိုက်လာတာ"
ဟန်စုန့်ရွှယ် - “ဒါပေမယ့် နင်တို့နှစ်ယောက်ကိုကြည့်ရတာ အရမ်းပြီးပြည့်စုံတယ်၊ ကြည့်ကောင်းတဲ့ကောင်လေးနဲ့၊ ခပ်ချောချောကောင်မလေး။ နင်တို့နှစ်ယောက် မတွဲနေတာ နှမြောစရာပဲ"
စုချန်ယန်က သူမရဲ့မျက်နှာကို လက်နဲ့ဖိလိုက်ပြီး သတိပေးလိုက်သည်။ "မန်နေဂျာလင်းရှေ့မှာ မဟုတ်တာတွေမပြောနဲ့ သိပြီလား?"
ဟန်စုန့်ရွှယ်က လက်ကို ခါယမ်းလိုက်ပြီး “ငါ နင့်ကိုတကယ်အားကျတယ်။ နင်က တကယ့်ကိုပဲ ရှားရှားပါးပါးတွေ့ရတာ။ ငါသာ နင်ဆိုရင် မန်နေဂျာ လင်းကို ရဖို့ သေချာပေါက် နည်းလမ်းရှာလိမ့်မယ်။ ဒါ ဘယ်လောက်တောင်ကြီးကျယ်လိုက်လဲ?"
စုချန်ယန်က သူမရဲ့ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ညှစ်လိုက်ပြီး ပြောလိုက်သည်။ "သူ့ကိုယူမယ်? နင်ထပ်ပြီး မဟုတ်တာတွေ ဆက်ပြောနေမယ်ဆိုရင် ငါ နင့်ပါးစပ်ပိတ်အောင် ချုပ်ပေးလိုက်မယ်"
"ဝါး! စုချန်ယန် နင်က အရမ်းရက်စက်တာပဲ!"
လင်းယွီ ပြန်လာတဲ့အခါ စုချန်ယန်နဲ့ ဟန်စုန့်ရွှယ်တို့က သီးသန့်ခန်းထဲမှာ ရယ်မောရင်း ရန်ဖြစ်နေကြပြီး ကျန်တဲ့သူတွေက သူတို့ကို ပစ်ထားကြသည်။
စုချန်ယန်က လင်းယွီကို ဖြတ်ပြေးသွားတဲ့အခါ သူက သူမရဲ့ hoodie ခေါင်းစွပ်ကိုဆွဲကိုင်လိုက်ပြီး သူ့ဆီဆွဲလိုက်ကာပြောလိုက်သည်။ "ပတ်ပြေးနေတာ ရပ်လိုက်တော့"
စုချန်ယန်မှာ ကြောင်တစ်ကောင်နဲ့တွေ့သွားတဲ့ ကြွက်တစ်ကောင်လိုမျိုး ချက်ချင်း လင်းယွီရဲ့ဘေးမှာ နာနာခံခံနဲ့ ရပ်လိုက်သည်။
ဟန်စုန့်ရွှယ်က အံ့အားသင့်သွားပြီး သူမကို မျက်စောင်းထိုးလိုက်တော့ စုချန်ယန်က မနေနိုင်ဘဲ သူမကို မထီမဲ့မြင်ပြုတဲ့ အကြည့်တစ်ချက်ပေးလိုက်သည်။
ဟန်စုန့်ရွှယ်က သူမဘာသာသူမ ပျော်နေတုန်းမှာဘဲ လင်းယွီက သူမကို ကြည့်နေတာ ရုတ်တရက် ခံစားလိုက်ရသည်။ ပေါ့ပေါ့ပါးပါး အကြည့်တစ်ချက်ဘဲဖြစ်ပေမယ့် သူမကတော့ ရုတ်တရက် စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။ ဖြည်းဖြည်းချင်း သူမက စုချန်ယန်ရဲ့ ဦးဆောင်မှုနောက်ကနေ လိုက်ကာ သူမဘေးမှာ ရပ်လိုက်ပြီး နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် စကားစမြည်ပြောကြသည်။
"နင့်မိသားစုက မန်နေဂျာလင်းက ငါ့ကို စိုက်ကြည့်နေတယ်"
“နင်မဟုတ်တာတွေ ပြောနေတာဘဲ၊ မန်နေဂျာလင်းက ဒီလိုမလုပ်ဘူး"
"ငါ နင့်ကို လိမ်နေတာမဟုတ်ဘူး တကယ်။ ငါနင့်ကိုအနိုင်ကျင့်နေတယ်လို့ သူသေချာပေါက် ထင်နေပေမယ့် နင်က ငါ့ကိုအနိုင်ကျင့်နေတာ ရှင်းနေတာပဲကို"
“မဟုတ်တာတွေ မပြောနဲ့။ ငါ နင်ကို ဘယ်တုန်းက အနိုင်ကျင့်တာလဲ?"
"နင်လုပ်တယ်၊ ငါ့ကိုဦးနှောက်မရှိလို့ နင်အမြဲပြောတယ်"
. . . . .
သူတို့နှစ်ယောက် ခဏလောက် စကားစမြည်ပြောနေပြီး ချင်ယို့ကလွဲကာ ကျန်လူတွေ တဖြည်းဖြည်း ရောက်လာကြသည်။
အားလုံးစုပြီးတဲ့အခါ အနောက်ဘက် ဒုတိယပြဇာတ်ရုံမှာ လက်မှတ်စစ်ဖို့ အဖွဲ့လိုက် ကော်ဖီဆိုင်ကနေ ထွက်လာကြသည်။
သူတို့ရဲ့ မျက်နှာတွေကို နည်းနည်း ကာထားပေမယ့် သူတို့ရဲ့ ဆွဲဆောင်မှုကတော့ ထင်ရှားနေသည်။ လမ်းဘေးကိုရောက်လာတာနဲ့ တပြိုင်နက် ဘေးကကြည့်နေတဲ့သူတွေရဲ့အကြည့်ကို ဆွဲဆောင်သွားကြသည်။
ဟန်စုန့်ရွှယ်ကလွဲပြီး လူတိုင်းက ၎င်းတို့ရဲ့ သူငယ်ချင်းတွေ ဒါမှမဟုတ် အေးဂျင့်တွေကို ခေါ်လာကြသည်။ သူတို့က အတူတူစုဝေးနေကြပြီး တိတ်တဆိတ် စကားစမြည်ပြောနေကြသည်။ လမ်းကူးတဲ့အခါ တိတ်ဆိတ်သွားကြပြီး အထင်ကြီးစရာကောင်းတဲ့ လူအုပ်ကြီးက အံ့ဩစရာကောင်းအောင် ဖြတ်သွားကြသည်။
လက်မှတ်စစ်ဖို့ တန်းစီနေချိန် အထဲမှာ signal မကောင်းဘူးလို့ပြောတာကြားသည်။ စုချန်ယန်က သူမရဲ့ ဖုန်းကို ထုတ်လိုက်ပြီး တုစမ်ယွီဆီ မက်ဆေ့ချ်ပို့ဖို့ WeChat ကို ဖွင့်လိုက်သည်။
ပြဇာတ်အပြီးမှာ အနောက်ဘက် ဒုတိယပြဇာတ်ရုံရဲ့ အဝင်ဝမှာ တုစမ်ယွီနဲ့တွေ့ဖို့ စီစဉ်လိုက်သည်။ အနောက်ဘက် ဒုတိယပြဇာတ်ရုံမှာ signal မကောင်းမှာစိုးတာကြောင့် တုစမ်ယွီကို ကြိုအကြောင်းကြားလိုက်သည်။ ပြဇာတ်ပြီးသွာစတဲ့အခါ သူမကို မစောင့်နေဖို့ပြောလိုက်သည်။
တုစမ်ယွီ စာပြန်တာကိုရတော့ စုချန်ယန်က သူမဖုန်းကို ပြန်ထည့်လိုက်သည်။ သူမ ခေါင်း မော့ကာ လှည့်ကြည့်လိုက်တော့ လင်းယွီ သူမနောက်မှာ ရပ်နေကာ သူမကို စေ့စေ့ကြည့်နေသည်။
"ဘာဖြစ်လို့လဲ?" စုချန်ယန်က နားမလည်စွာနဲ့ မေးလိုက်သည်။
လင်းယွီရဲ့အကြည့်က သူမမျက်နှာပေါ်ခဏလောက် ရောက်သွားပြီး နောက်တော့ ပြန်ရုတ်လိုက်သည်။
သူ့လေသံက တိုးသွားကာ "ဘာမှမဟုတ်ဘူး"
လက်မှတ်စစ်လို့ပြီးတော့ အနောက်ဘက် ဒုတိယဇာတ်ရုံထဲ ဝင်ကြသည်။ အတွင်းဘက်က မီးတွေမှာ တောက်ပနေပြီး လူတိုင်းရဲ့ထိုင်ခုံတွေက တစ်ခုနဲ့တစ်ခု မဝေးတဲ့ ပထမတန်းနှစ်တန်းတွင် ရှိနေသည်။
စုချန်ယန်ရဲ့ ထိုင်ခုံက ဟန်စုန့်ရွှယ် ဘေးမှာရှိပြီး ဟန်စုန့်ရွှယ်က သူမရဲ့ဘယ်ဘက်မှာရှိကာ လင်းယွီက ညာဘက်မှာရှိသည်။
သူတို့ထိုင်ပြီး မကြာခင်မှာပဲ အဖြူရောင် ဝတ်စုံဝတ်ထားတဲ့ စုန့်မင်ကန် ကစင်နောက်ကနေ တိတ်တဆိတ် ထွက်လာသည်။
သူက လူတိုင်းကို နှုတ်ဆက်ပြီး ချီဖုက သူ့ကို မြင်တဲ့အခါ မနေနိုင်ဘဲ သူ့ကိုချီးကျူးလိုက်သည်။ တစ်ဖက်မှာ ဟန်စုန့်ရွှယ်က လုံးဝမျက်နှာသာမပေးဘဲ ပွင့်လင်းလင်း ရယ်မောနေကာ သူတို့နောက်က ပရိသတ် တွေက ရံဖန်ရံခါ သူတို့ကို သံသယဝင်ကာ ကြည့်လာကြသည်။
"ဒီအသံ... <Travel> က ဟန်စုန့်ရွှယ်နဲ့ အရမ်းမတူနေဘူးလား?"
“ကြည့်ဦး အဲဒီပထမတန်းက လူက ပြဇာတ်ထဲက သရုပ်ဆောင်တစ်ယောက်လား? ရှောင်ချမ်နေရာ သရုပ်ဆောင်တဲ့သူလား?"
“ဟုတ်တယ်! အဲဒါ သူ့ဘဲ စုန့်မင်ကန်လို့ ခေါ်တယ်"
"ရှေ့က သူနဲ့စကားပြောတဲ့လူက <Travel> က ဧည့်သည်တွေဖြစ်မလား?"
"စုချန်ယန်ရောပါလား? စုချန်ယန် အထဲမှာ လား?"
"စုချန်ယန်!!"
ဆူညံနေတဲ့ အနောက်ဘက် ဒုတိယပြဇာတ်ရုံထဲကနေ ရုတ်တရက် အော်သံတစ်ခုထွက်လာကာ စုချန်ယန်ကို ထိတ်လန့်သွားစေပြီး ရှေ့ဆုံးတန်းက လူတွေမှာလည်း အေးခဲသွားကာ အသံလာရာ အရင်းအမြစ်ကိုကြည့်ဖို့ ခေါင်းလှည့်လာကြသည်။
"ဘာ? စုချန်ယန်လား?"
"စုချန်ယန်က ဒီကိုပြဇာတ် ကြည့်ဖို့လာတာလား? ဟုတ်တာလား မဟုတ်ဘူးလား?"
"<Travel> က တခြားလူတွေရော လာလား?"
“အနိုင်ကျင့်ဖို့ လွယ်တဲ့သူရေ!”
"ရှန်းဖု ငါ နင့်ကို ချစ်တယ်!"
"ဟန်စုန့်ရွှယ်၊ နင်ကအရူးပဲ!"
ဟန်စုန့်ရွှယ် - "?"
သူမက အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး ထိုင်ခုံကနေ ရုတ်တရက် ထရပ်ကာ ပြောလိုက်သည်။ "ငါ့ကို အရူးလို့ ဘယ်သူခေါ်လိုက်တာလဲ?"
<Travel>က သရုပ်ဆောင်များ - “…”
နင်မှအရူးမဟုတ်ရင် ဘယ်သူရှိသေးလို့လဲ?
စုချန်ယန်မှာ စိတ်ထဲကနေ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဟန်စုန့်ရွှယ်ဘေးကနေ ဖြည်းဖြည်းရွှေ့လိုက်ကာ လင်းယွီ ဘက်ဆီ နည်းနည်းတိုးလိုက်သည်။
"အိုဘုရားရေ!!! တကယ် သူတို့ပဲ!”
"မိန်းမရေ! စုချန်ယန် မင်းကိုချစ်တယ်!"
"အား အား အား သူတို့နဲ့ အခုလိုမျိုး နီးနီးကပ်ကပ်နေရတာ ပထမဆုံးအကြိမ်ပဲ!"
ရုတ်တရက်၊ အနောက်ဘက် ဒုတိယဇာတ်ရုံရှိ ပရိသတ်နေရာမှာ ပေါက်ကွဲထွက်လာပြီး ပရိသတ်ေတွရဲ့ ခံစားချက် ကြီးကြီးမားမားကြောင့် ဖြစ်ပေါ်လာမယ့် အနှောင့်အယှက် မှန်သမျှကို တားဆီးဖို့ လုံခြုံရေးတွေက အလျင်အမြန် ဝင်လာကြသည်။
ဟန်စုန့်ရွှယ်က နားမလည်သလိုဖြစ်နေပြီး အခြားသူတွေက သူမကို အထင်အမြင်သေးစွာဖြင့် ကြည့်နေကြတာကို တွေ့လိုက်ရတဲ့အတွက် ခေါင်းငုံ့ထားလိုက်သည်။
ဟန်စုန့်ရွှယ် မေးလိုက်သည်။ "ဘာဖြစ်နေတာလဲ?"
စုချန်ယန်က သူမကို ထိုင်ခုံဆီ အမြန် ဆွဲလိုက်ပြီး ပြောလိုက်သည်။ " နင်ရူးနေတာလား? အစတုန်းက သူတို့က မှန်းဘဲမှန်းနေကြတာ နင်ပေါ်လာတော့ ငါတို့ရောက်လာတာ သူတို့တွေသိကုန်ကြပြီ။ နောက်ကျ ထွက်သွားချင်နေသေးလား?"
ဟန်စုန့်ရွှယ် - “…”
လုံခြုံရေးကြောင့် စိတ်လှုပ်ရှားနေတဲ့ ပရိသတ်တွေက နောက်ဆုံးမှာ ငြိမ်သက်သွားပေမယ့် အနောက်က ဓာတ်ပုံရိုက်နေတဲ့ အသံတွေက အဆက်မပြတ်ထွက်ပေါ်လာသည်။
စုချန်ယန်က သူမဘေးက တည်တည်ငြိမ်ငြိမ်နဲ့ စင်ပေါ်ကို အာရုံစိုက်ကြည့်နေတဲ့ လင်းယွီဘက်ကို လှည့်ကြည့်လိုက်သည်။
စုချန်ယန်က သူ့အနားတိုးလာပြီး တိုးတိုးလေးပြောလိုက်သည်။ "မန်နေဂျာ လင်း၊ နောက်မှ ထွက်ရင် သွားဖို့ ခက်လိမ့်မယ်။ ရှင်အရင်သွားသင့်တယ်၊ ကျွန်မက စုန့်ရွယ်ရယ် တခြားသူတွေနဲ့သွားလိုက်မယ်"
လင်းယွီက ခေါင်းငုံ့ကာ သူမမျက်လုံးတွေကိုကြည့်လာသည်။ သူက သူမလုပ်တဲ့အတိုင်း သူမအနားကပ်ကာ တိုးတိုးပြောလိုက်သည်။ "မင်းရဲ့ ညာလက်ကို ဆန့်လိုက်"
စုချန်ယန်က ခဏလောက်တုံ့ဆိုင်းသွားပြီး သူမရဲ့ လက်ကို ဆန့်ထုတ်လိုက်သည်။
ရုတ်တရက် လင်းယွီက သူမရဲ့လက်ဖဝါးကို သူ့လက်နဲ့ အုပ်လိုက်သည်။ စုချန်ယန်ရင်ထဲမှာ ဒိတ်ခနဲဖြစ်သွားသည်။ ခဏလောက်ကြာတော့ လင်းယွီ သူတို့ရဲ့လက်ချောင်းတွေကို ယွယ်ယှက်လိုက်မယ်လို့ သူမထင်လိုက်တာဖြစ်သည်။ သို့ပေမယ့် အဆုံးမှာတော့ လင်းယွီက သူမရဲ့ လက်ဖဝါးထဲမှာ အရာဝတ္ထုသေးသေးလေးတစ်ခုကို ထည့်လိုက်သည်။
စုချန်ယန်ရဲ့ အမူအရာမှာ အေးခဲသွားပြီး သူမရဲ့နှုတ်ခမ်းတွေ လှုပ်သွားပေမယ့် သူမ မမေးခင် လင်းယွီတုန့်ပြန်တာကို ရလိုက်သည်။
"ဒါက ကော်ဖီဆိုင်က ချောကလက်၊ တစ်လုံးပဲရှိတာ"