← Chapters

အခန်း ၁၃၆

Vol. 11 Ch. 136

အခန်း ၁၃၆

Vol. 11 Ch. 136

စုချန်ယန်က လင်းယွီနောက်က‌နေလိုက်ကာ သီးသန့်ခန်းရဲ့အဝင်ပေါက်ဆီ လျှောက်သွားသည်။ လင်းယွီက လက် မြှောက်လိုက်ပြီး တံခါး ခေါက်လိုက်သည်။ အသံလုံတာကအရမ်းကောင်းသည်၊ တံခါးမဖွင့်ခင်အထိ ဘာအသံကိုမှ သူတို့မကြားရပေ။

"ချန်....အမ်းး!"

တံခါးဖွင့်လိုက်တာနဲ့ ဟန်စုန့်ရွှယ်ရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာက ပေါ်လာသည်။ စုချန်ယန် အရှေ့ကို အမြန်လှမ်းလာပြီးပါးစပ် အုပ်လိုက်တုန်းမှာ သူမက အော်ပြောလာသည်။

"နင် ဒီပြဇာတ်ကို ကောင်းကောင်းကြည့်ချင်သေးရဲ့လား?" စုချန်ယန်က သူမရဲ့လည်ပင်းကို တင်းတင်းကိုင်ထားရင်း အခန်းထဲဝင်လိုက်ကာ လင်းယွီကအနောက်ကနေ အနီးကပ်လိုက်လာကာ တံခါးကို ပိတ်လိုက်သည်။

စုချန်ယန်ကဟန်စုန့်ရွှယ်ကို လွှတ်ပေးလိုက်ပြီး ပြောလိုက်သည်။ "နင့်မှာ အမြော်အမြင်နည်းနည်း လေးတောင် မရှိဘူးလား?"

ဟန်စုန့်ရွှယ်က စုချန်ယန် လက်ကို ချိတ်လိုက်ပြီး "အိုး၊ ငါမေ့သွားတယ်"

သီးသန့်ခန်းထဲတွင် အခြားလူတွေလည်း ရှိနေတဲ့အတွက် လင်းယွီက အသိအမှတ်ပြုသလို လူတိုင်းကို ခေါင်းညိတ်ပြလိုက်သည်။

သူတို့နှစ်ယောက် ထိုင်လို့ပြီးတော့ နောက်ထပ် သုံးလေးယောက် အခန်းထဲဝင်လာသည်။ ကျန်တဲ့သူတွေရောက်လာမှာကို စောင့်ရင်း စုပြီး စကားစမြည်ပြောကြသည်။

"ဘာသောက်ချင်လဲ? မှာပေးမယ်" လင်းယွီက စုချန်ယန်ရဲ့ ညာဘက်ခြမ်းမှာ ထိုင်ကာ တည်တည်ငြိမ်ငြိမ်နဲ့မေးလိုက်သည်။

ဟန်စုန့်ရွှယ်က အဲဒါကို ကြားတော့ စိတ်အားထက်သန်စွာနဲ့ အနားကပ်လာပြီး အပြုံးနဲ့ပြောလာသည်။ "မန်နေဂျာလင်း ကျွန်မက cappuccino "

လင်းယွီက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး စုချန်ယန်ကိုကြည့်ကာ မေးလိုက်သည်။ "ဒါဆို မင်းရော?"

စုချန်ယန် Americano တစ်ခွက်ကို မှာလိုက်သည်။ လင်းယွီက ထပြီး တခြားသူတွေကို ဘာသောက်ချင်လဲ မေးလိုက်သည်။ အားလုံးက မှာလို့ပြီးတော့ ဟန်စုန့်ရွှယ်က အံ့အားတကြီးနဲ့ပြောလာသည်။ "မန်နေဂျာလင်း၊ ရှင်က ကျွန်မတို့ရဲ့ တောက်တိုမယ်ရဖြစ်နေပြီလား?"

လင်းယွီ - "ပြဿနာမရှိပါဘူး၊ ဒါအပြင် ချန်ယန်လည်း တစ်ခုခုလိုချင်နေတာပဲ"

“သိပြီ၊ သိပြီ"

လင်းယွီက သီးသန့်ခန်းထဲက‌နေ လှည့်ထွက်လာသည်။ ဟန်စုန့်ရွှယ်က တစ်ချက်ကြည့်လိုက်ပြီး စုချန်ယန်ရဲ့လည်ပင်းကို ချက်ချင်းဖက်လိုက်ကာ ပြောလိုက်သည်။

"နင့်ရဲ့မန်နေဂျာလင်းက အရမ်းအံ့သြဖို့ကောင်းတယ်။ သူ့ကို ပေါ့ပေါ့ပါးပါး ၀တ်စုံနဲ့ အခုမှ ပထမဆုံးမြင်ဖူးတာ။ နိုင်ငံတကာ စူပါမော်ဒယ်တစ်ယောက်လိုပဲ။ နင်သူ့ကို နေ့တိုင်းတွေ့နေရတော့ ဆွဲဆောင်ခံရသလို မခံစားရဘူးလား?"

စုချန်ယန်ကသူမကို တွန်းထုတ်လိုက်ပြီး "မဟုတ်တာ‌တွေ ပြောနေတာရပ်လိုက်။ မန်နေဂျာလင်းကို နေ့တိုင်းမတွေ့ရဘူး။ ဒီနေ့ ရှောင်လုက အလုပ်များနေလို့ သူငါနဲ့လိုက်လာတာ"

ဟန်စုန့်ရွှယ် - “ဒါပေမယ့် နင်တို့နှစ်ယောက်ကိုကြည့်ရတာ အရမ်းပြီးပြည့်စုံတယ်၊ ကြည့်ကောင်းတဲ့ကောင်လေးနဲ့၊ ခပ်ချောချောကောင်မလေး။ နင်တို့နှစ်ယောက် မတွဲနေတာ နှမြောစရာပဲ"

စုချန်ယန်က သူမရဲ့မျက်နှာကို လက်နဲ့ဖိလိုက်ပြီး သတိပေးလိုက်သည်။ "မန်နေဂျာလင်းရှေ့မှာ မဟုတ်တာတွေမပြောနဲ့ သိပြီလား?"

ဟန်စုန့်ရွှယ်က လက်ကို ခါယမ်းလိုက်ပြီး “ငါ နင့်ကိုတကယ်အားကျတယ်။ နင်က တကယ့်ကိုပဲ ရှားရှားပါးပါးတွေ့ရတာ။ ငါသာ နင်ဆိုရင် မန်နေဂျာ လင်းကို ရဖို့ သေချာပေါက် နည်းလမ်းရှာလိမ့်မယ်။ ဒါ ဘယ်လောက်တောင်ကြီးကျယ်လိုက်လဲ?"

စုချန်ယန်က သူမရဲ့ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ညှစ်လိုက်ပြီး ပြောလိုက်သည်။ "သူ့ကိုယူမယ်? နင်ထပ်ပြီး မဟုတ်တာတွေ ဆက်ပြောနေမယ်ဆိုရင် ငါ နင့်ပါးစပ်ပိတ်အောင် ချုပ်ပေးလိုက်မယ်"

"ဝါး! စုချန်ယန် နင်က အရမ်းရက်စက်တာပဲ!"

လင်းယွီ ပြန်လာတဲ့အခါ စုချန်ယန်နဲ့ ဟန်စုန့်ရွှယ်တို့က သီးသန့်ခန်းထဲမှာ ရယ်မောရင်း ရန်ဖြစ်နေကြပြီး ကျန်တဲ့သူ‌တွေက သူတို့ကို ပစ်ထားကြသည်။

စုချန်ယန်က လင်းယွီကို ဖြတ်ပြေးသွားတဲ့အခါ သူက သူမရဲ့ hoodie ခေါင်းစွပ်ကိုဆွဲကိုင်လိုက်ပြီး သူ့ဆီဆွဲလိုက်ကာပြောလိုက်သည်။ "ပတ်ပြေးနေတာ ရပ်လိုက်တော့"

စုချန်ယန်မှာ ကြောင်တစ်ကောင်နဲ့တွေ့သွားတဲ့ ကြွက်တစ်ကောင်လိုမျိုး ချက်ချင်း လင်းယွီရဲ့ဘေးမှာ နာနာခံခံနဲ့ ရပ်လိုက်သည်။

ဟန်စုန့်ရွှယ်က အံ့အားသင့်သွားပြီး သူမကို မျက်စောင်းထိုးလိုက်တော့ စုချန်ယန်က မနေနိုင်ဘဲ သူမကို မထီမဲ့မြင်ပြုတဲ့ အကြည့်တစ်ချက်ပေးလိုက်သည်။

ဟန်စုန့်ရွှယ်က သူမဘာသာသူမ ပျော်နေတုန်းမှာဘဲ လင်းယွီက သူမကို ကြည့်နေတာ ရုတ်တရက် ခံစားလိုက်ရသည်။ ပေါ့ပေါ့ပါးပါး အကြည့်တစ်ချက်ဘဲဖြစ်ပေမယ့် သူမကတော့ ရုတ်တရက် စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။ ဖြည်းဖြည်းချင်း သူမက စုချန်ယန်ရဲ့ ဦးဆောင်မှုနောက်ကနေ လိုက်ကာ သူမဘေးမှာ ရပ်လိုက်ပြီး နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် စကားစမြည်ပြောကြသည်။

"နင့်မိသားစုက မန်နေဂျာလင်းက ငါ့ကို စိုက်ကြည့်နေတယ်"

“နင်မဟုတ်တာတွေ ပြောနေတာဘဲ၊ မန်နေဂျာလင်းက ဒီလိုမလုပ်ဘူး"

"ငါ နင့်ကို လိမ်နေတာမဟုတ်ဘူး တကယ်။ ငါနင့်ကိုအနိုင်ကျင့်နေတယ်လို့ သူသေချာပေါက် ထင်နေပေမယ့် နင်က ငါ့ကိုအနိုင်ကျင့်နေတာ ရှင်းနေတာပဲကို"

“မဟုတ်တာ‌တွေ မပြောနဲ့။ ငါ နင်ကို ဘယ်တုန်းက အနိုင်ကျင့်တာလဲ?"

"နင်လုပ်တယ်၊ ငါ့ကိုဦးနှောက်မရှိလို့ နင်အမြဲပြောတယ်"

. . . . .

သူတို့နှစ်ယောက် ခဏလောက် စကားစမြည်ပြောနေပြီး ချင်ယို့ကလွဲကာ ကျန်လူတွေ တဖြည်းဖြည်း ရောက်လာကြသည်။

အားလုံးစုပြီးတဲ့အခါ အနောက်ဘက် ဒုတိယပြဇာတ်ရုံမှာ လက်မှတ်စစ်ဖို့ အဖွဲ့လိုက် ကော်ဖီဆိုင်ကနေ ထွက်လာကြသည်။

သူတို့ရဲ့ မျက်နှာတွေကို နည်းနည်း ကာထားပေမယ့် သူတို့ရဲ့ ဆွဲဆောင်မှုကတော့ ထင်ရှားနေသည်။ လမ်းဘေးကိုရောက်လာတာနဲ့ တပြိုင်နက် ဘေးကကြည့်နေတဲ့သူတွေရဲ့အကြည့်ကို ဆွဲဆောင်သွားကြသည်။

ဟန်စုန့်ရွှယ်ကလွဲပြီး လူတိုင်းက ၎င်းတို့ရဲ့ သူငယ်ချင်းတွေ ဒါမှမဟုတ် အေးဂျင့်တွေကို ခေါ်လာကြသည်။ သူတို့က အတူတူစုဝေးနေကြပြီး တိတ်တဆိတ် စကားစမြည်ပြောနေကြသည်။ လမ်းကူးတဲ့အခါ တိတ်ဆိတ်သွားကြပြီး အထင်ကြီးစရာကောင်းတဲ့ လူအုပ်ကြီးက အံ့ဩစရာကောင်းအောင် ဖြတ်သွားကြသည်။

လက်မှတ်စစ်ဖို့ တန်းစီနေချိန် အထဲမှာ signal မကောင်းဘူးလို့ပြောတာကြားသည်။ စုချန်ယန်က သူမရဲ့ ဖုန်းကို ထုတ်လိုက်ပြီး တုစမ်ယွီဆီ မက်ဆေ့ချ်ပို့ဖို့ WeChat ကို ဖွင့်လိုက်သည်။

ပြဇာတ်အပြီးမှာ အနောက်ဘက် ဒုတိယပြဇာတ်ရုံရဲ့ အဝင်ဝမှာ တုစမ်ယွီနဲ့တွေ့ဖို့ စီစဉ်လိုက်သည်။ အနောက်ဘက် ဒုတိယပြဇာတ်ရုံမှာ signal မ‌ကောင်းမှာစိုးတာကြောင့် တုစမ်ယွီကို ကြိုအကြောင်းကြားလိုက်သည်။ ပြဇာတ်ပြီးသွာစတဲ့အခါ သူမကို မစောင့်နေဖို့ပြောလိုက်သည်။

တုစမ်ယွီ စာပြန်တာကိုရတော့ စုချန်ယန်က သူမဖုန်းကို ပြန်ထည့်လိုက်သည်။ သူမ ခေါင်း မော့ကာ လှည့်ကြည့်လိုက်တော့ လင်းယွီ သူမနောက်မှာ ရပ်နေကာ သူမကို စေ့စေ့ကြည့်နေသည်။

"ဘာဖြစ်လို့လဲ?" စုချန်ယန်က နားမလည်စွာနဲ့ မေးလိုက်သည်။

လင်းယွီရဲ့အကြည့်က သူမမျက်နှာပေါ်ခဏ‌လောက် ရောက်သွားပြီး နောက်တော့ ပြန်ရုတ်လိုက်သည်။

သူ့လေသံက တိုးသွားကာ "ဘာမှမဟုတ်ဘူး"

လက်မှတ်စစ်လို့ပြီး‌တော့ အနောက်ဘက် ဒုတိယဇာတ်ရုံထဲ ဝင်ကြသည်။ အတွင်းဘက်က မီးတွေမှာ တောက်ပနေပြီး လူတိုင်းရဲ့ထိုင်ခုံတွေက တစ်ခုနဲ့တစ်ခု မဝေးတဲ့ ပထမတန်းနှစ်တန်းတွင် ရှိနေသည်။

စုချန်ယန်ရဲ့ ထိုင်ခုံက ဟန်စုန့်ရွှယ် ဘေးမှာရှိပြီး ဟန်စုန့်ရွှယ်က သူမရဲ့ဘယ်ဘက်မှာရှိကာ လင်းယွီက ညာဘက်မှာရှိသည်။

သူတို့ထိုင်ပြီး မကြာခင်မှာပဲ အဖြူရောင် ဝတ်စုံဝတ်ထားတဲ့ စုန့်မင်ကန် ကစင်နောက်ကနေ တိတ်တဆိတ် ထွက်လာသည်။

သူက လူတိုင်းကို နှုတ်ဆက်ပြီး ချီဖုက သူ့ကို မြင်တဲ့အခါ မနေနိုင်ဘဲ သူ့ကိုချီးကျူးလိုက်သည်။ တစ်ဖက်မှာ ဟန်စုန့်ရွှယ်က လုံးဝမျက်နှာသာမပေးဘဲ ပွင့်လင်းလင်း ရယ်မောနေကာ သူတို့နောက်က ပရိသတ် တွေက ရံဖန်ရံခါ သူတို့ကို သံသယဝင်ကာ ကြည့်လာကြသည်။

"ဒီအသံ... <Travel> က ဟန်စုန့်ရွှယ်နဲ့ အရမ်းမတူနေဘူးလား?"

“ကြည့်ဦး အဲဒီပထမတန်းက လူက ပြဇာတ်ထဲက သရုပ်ဆောင်တစ်ယောက်လား? ရှောင်ချမ်နေရာ သရုပ်ဆောင်တဲ့သူလား?"

“ဟုတ်တယ်! အဲဒါ သူ့ဘဲ စုန့်မင်ကန်လို့ ခေါ်တယ်"

"ရှေ့က သူနဲ့စကားပြောတဲ့လူက <Travel> က ဧည့်သည်တွေဖြစ်မလား?"

"စုချန်ယန်ရောပါလား? စုချန်ယန် အထဲမှာ လား?"

"စုချန်ယန်!!"

ဆူညံနေတဲ့ အနောက်ဘက် ဒုတိယပြဇာတ်ရုံထဲကနေ ရုတ်တရက် အော်သံတစ်ခုထွက်လာကာ စုချန်ယန်ကို ထိတ်လန့်သွားစေပြီး ရှေ့ဆုံးတန်းက လူတွေမှာလည်း အေးခဲသွားကာ အသံလာရာ အရင်းအမြစ်ကိုကြည့်ဖို့ ခေါင်းလှည့်လာကြသည်။

"ဘာ? စုချန်ယန်လား?"

"စုချန်ယန်က ဒီကိုပြဇာတ် ကြည့်ဖို့လာတာလား? ဟုတ်တာလား မဟုတ်ဘူးလား?"

"<Travel> က တခြားလူတွေရော လာလား?"

“အနိုင်ကျင့်ဖို့ လွယ်တဲ့သူရေ!”

"ရှန်းဖု ငါ နင့်ကို ချစ်တယ်!"

"ဟန်စုန့်ရွှယ်၊ နင်ကအရူးပဲ!"

ဟန်စုန့်ရွှယ် - "?"

သူမက အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး ထိုင်ခုံကနေ ရုတ်တရက် ထရပ်ကာ ပြောလိုက်သည်။ "ငါ့ကို အရူးလို့ ဘယ်သူခေါ်လိုက်တာလဲ?"

<Travel>က သရုပ်ဆောင်များ - “…”

နင်မှအရူးမဟုတ်ရင် ဘယ်သူရှိသေးလို့လဲ?

စုချန်ယန်မှာ စိတ်ထဲကနေ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဟန်စုန့်ရွှယ်ဘေးကနေ ဖြည်းဖြည်းရွှေ့လိုက်ကာ လင်းယွီ ဘက်ဆီ နည်းနည်းတိုးလိုက်သည်။

"အိုဘုရားရေ!!! တကယ် သူတို့ပဲ!”

"မိန်းမရေ! စုချန်ယန် မင်းကိုချစ်တယ်!"

"အား အား အား သူတို့နဲ့ အခုလိုမျိုး နီးနီးကပ်ကပ်နေရတာ ပထမဆုံးအကြိမ်ပဲ!"

ရုတ်တရက်၊ အနောက်ဘက် ဒုတိယဇာတ်ရုံရှိ ပရိသတ်‌နေရာမှာ ပေါက်ကွဲထွက်လာပြီး ပရိသတ်‌ေတွရဲ့ ခံစားချက် ကြီးကြီးမားမားကြောင့် ဖြစ်ပေါ်လာမယ့် အနှောင့်အယှက် မှန်သမျှကို တားဆီးဖို့ လုံခြုံရေးတွေက အလျင်အမြန် ဝင်လာကြသည်။

ဟန်စုန့်ရွှယ်က နားမလည်သလိုဖြစ်‌နေပြီး အခြားသူတွေက သူမကို အထင်အမြင်သေးစွာဖြင့် ကြည့်နေကြတာကို တွေ့လိုက်ရတဲ့အတွက် ခေါင်းငုံ့ထားလိုက်သည်။

ဟန်စုန့်ရွှယ် မေးလိုက်သည်။ "ဘာဖြစ်နေတာလဲ?"

စုချန်ယန်က သူမကို ထိုင်ခုံဆီ အမြန် ဆွဲလိုက်ပြီး ပြောလိုက်သည်။ " နင်ရူးနေတာလား? အစတုန်းက သူတို့က မှန်းဘဲမှန်းနေကြတာ နင်ပေါ်လာတော့ ငါတို့ရောက်လာတာ သူတို့တွေသိကုန်ကြပြီ။ နောက်ကျ ထွက်သွားချင်နေသေးလား?"

ဟန်စုန့်ရွှယ် - “…”

လုံခြုံရေးကြောင့် စိတ်လှုပ်ရှားနေတဲ့ ပရိသတ်တွေက နောက်ဆုံးမှာ ငြိမ်သက်သွားပေမယ့် အနောက်က ဓာတ်ပုံရိုက်နေတဲ့ အသံတွေက အဆက်မပြတ်ထွက်ပေါ်လာသည်။

စုချန်ယန်က သူမဘေးက တည်တည်ငြိမ်ငြိမ်နဲ့ စင်ပေါ်ကို အာရုံစိုက်ကြည့်နေတဲ့ လင်းယွီဘက်ကို လှည့်ကြည့်လိုက်သည်။

စုချန်ယန်က သူ့အနားတိုးလာပြီး တိုးတိုးလေးပြောလိုက်သည်။ "မန်နေဂျာ လင်း၊ နောက်မှ ထွက်ရင် သွားဖို့ ခက်လိမ့်မယ်။ ရှင်အရင်သွားသင့်တယ်၊ ကျွန်မက စုန့်ရွယ်ရယ် တခြားသူတွေနဲ့သွားလိုက်မယ်"

လင်းယွီက ခေါင်းငုံ့ကာ သူမမျက်လုံးတွေကိုကြည့်လာသည်။ သူက သူမလုပ်တဲ့အတိုင်း သူမအနားကပ်ကာ တိုးတိုးပြောလိုက်သည်။ "မင်းရဲ့ ညာလက်ကို ဆန့်လိုက်"

စုချန်ယန်က ခဏလောက်တုံ့ဆိုင်းသွားပြီး သူမရဲ့ လက်ကို ဆန့်ထုတ်လိုက်သည်။

ရုတ်တရက် လင်းယွီက သူမရဲ့လက်ဖဝါးကို သူ့လက်နဲ့ အုပ်လိုက်သည်။ စုချန်ယန်ရင်ထဲမှာ ဒိတ်ခနဲဖြစ်သွားသည်။ ခဏလောက်ကြာတော့ လင်းယွီ သူတို့ရဲ့လက်ချောင်းတွေကို ယွယ်ယှက်လိုက်မယ်လို့ သူမထင်လိုက်တာဖြစ်သည်။ သို့ပေမယ့် အဆုံးမှာတော့ လင်းယွီက သူမရဲ့ လက်ဖဝါးထဲမှာ အရာဝတ္ထုသေးသေးလေးတစ်ခုကို ထည့်လိုက်သည်။

စုချန်ယန်ရဲ့ အမူအရာမှာ အေးခဲသွားပြီး သူမရဲ့နှုတ်ခမ်းတွေ လှုပ်သွားပေမယ့် သူမ မမေးခင် လင်းယွီတုန့်ပြန်တာကို ရလိုက်သည်။

"ဒါက ကော်ဖီဆိုင်က ချောကလက်၊ တစ်လုံးပဲရှိတာ"

All Chapters