← Chapters

အခန်း ၁၃၇

Vol. 11 Ch. 137

အခန်း ၁၃၇

Vol. 11 Ch. 137

ပလပ်စတစ် ထုပ်ပိုးမှုအသေးစားလေးက လင်းယွီရဲ့ကိုယ်အပူချိန်ကို ထိန်းထားဆဲဖြစ်သည်။

ပရိတ်သတ် အများစုက ရောက်နေပြီးဖြစ်တာကြောင့်၊ ပရိသတ်ထိုင်ခုံရှိ မီးတွေက ရုတ်တရက် ပိတ်သွားပြီး ပတ်ဝန်းကျင်က အမှောင်ထဲ ရုတ်တရက် ကျရောက်သွားသည်။ ရုတ်ခြည်း အမှောင်ထုက ခန်းမတစ်ခုလုံးကို တစ်ခဏလောက် တိတ်ဆိတ်သွားစေပြီး ပေါက်ကွဲသံများနဲ့အတူ စိတ်လှုပ်ရှားနေတဲ့ အော်သံတွေက နောက်ကနေ လိုက်ထွက်လာသည်။

ကျောင်းသားတွေ ညနှောင်းပိုင်းက ကိုယ်ပိုင်စာကြည့်ချိန်မှာ စာလုပ်နေတုန်း ရုတ်တရက် မီးပြတ်တောက်သွားသလိုပင်။

စုချန်ယန်ကတော့ ကျောင်းတက်ရတဲ့ နေ့ရက်တွေကို တစ်ခါမှ မကြုံဖူးပေမယ့် ဒီအချိန်မှာတော့ သူမလည်း လူငယ်တွေရဲ့ ရင်ခုန်ခြင်းကို သိသိသာသာ ခံစားလိုက်ရသည်။ နှစ်ပေါင်းများစွာ ခြားသွားပြီးတဲ့နောက် ကမ္ဘာနှစ်ခုကြားက ဒီအခိုက်အတန့်ဟာ သူမ ရင်ဘတ်ထဲပြည့်နှက်သွားသည်။

အမှောင်ထုထဲက အလင်းရောင်မှိန်ဖျော့ဖျော့ထဲတွင် လင်းယွီရဲ့ မျက်လုံးတွေက သူမနဲ့ နီးကပ်နေကာ ကြယ်မှုန်ကျဲကျဲရှိနေတဲ့ ညကောင်းကင်နဲ့ တူလှသည်။ ထိလို့မရနိုင်တဲ့ ကြယ်တွေက နဂါးငွေ့တန်းတွေ စုချန်ယန်ရဲ့ ရင်ဘက်ထဲ စိမ့်ဝင်သွားသည်။ နှလုံးခုန်သံတစ်ခုစီတိုင်းမှာ အမျှင်အတန်းတွေက ကြီးထွားလာပြီး သူမရဲ့နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း မြုပ်ဝင်သွားကာ ခံစားချက်က... အဲ့ဒါကို ဘယ်တော့မှ ဆွဲထုတ်လို့မရတော့သလို ခံစားလိုက်ရသည်။

သူမရဲ့ နှလုံးသားထဲက ဒီခံစားချက်ကို ဖယ်ရှားဖို့အတွက် သွေးထွက်သံယိုဖြစ်တာကို လျှော့ချရန် သူမရဲ့နှလုံးသားကို ခွဲထုတ်ဖို့ လိုအပ်မည်ဖြစ်သည်။

ဒီအခိုက်အတန့်မှာ အဆုံးမဲ့တဲ့သတ္တိတွေ စုချန်ယန်ဆီ ပေါ်လာသည်။

လင်းယွီရဲ့ ခန္ဓာကိုယ်က မရွေ့သွားခင် သူမကရုတ်တရက် သူ့လက်ကို ဖမ်းဆွဲလိုက်ပြီး သူမရဲ့ခန္ဓာကိုယ်ကို သူ့နားကပ်လိုက်ကာ သူမရဲ့ နှုတ်ခမ်းကို သူ့နား အနားကပ်လိုက်ပြီး ညင်ညင်သာသာနဲ့ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်"

ဦးထုပ်ရဲ့ အနားစွန်းက အခြားသူတွေရဲ့ မြင်ကွင်းကို ဖုံးကွယ်ထားတော့ အဝေးကြည့်ပါက သူတို့က နီးနီးကပ်ကပ်နဲ့ ချိုမြိန်တဲ့စကားတွေ ပြောနေကြသလိုပင်။

လင်းယွီရဲ့ ခန္ဓာကိုယ်က နည်းနည်း တုန်ခါသွားပြီး အချိန်အကြာကြီး မတုံ့ပြန်လာဘဲ ဒီအနေအထားအတိုင်းဘဲ ရှိနေသည်။

စုချန်ယန်ရဲ့နှလုံးက ရင်ဘတ်ထဲက‌နေ ခုန်ထွက်သွားတော့မလိုပင်။ သူမရဲ့ ရဲတင်းတဲ့ လုပ်ရပ်တွေကို လင်းယွီသတိပြုမိမှာကို သူမ ကြောက်သည်။ သူ့ရင်ထဲမှာအခြားတစ်ယောက်ရှိနေတာကို သိလျက်နဲ့ သူမက ဒီလိုမျိုး မရှင်းလင်းတဲ့ အပြုအမူမျိုး လုပ်လိုက်တာကြောင့် သူမကို သူမညှာမတာ တွန်းထုတ်ပစ်မည်ကို ပိုလို‌တာင်ကြောက်သည်။ လင်းယွီက လူကြီးလူကောင်းတစ်ယောက်ဖြစ်နေရင်ဝောာင် သူသေချာပေါက်ကို သည်းခံနိုင်မှာ မဟုတ်ဘူး။

ဒါကြောင့် လင်းယွီမတုံ့ပြန်ခင် တစ်စက္ကန့်အလိုမှာ စုချန်ယန်က ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ပြီး ဟန်စုန့်ရွှယ်ဘက် တိုးလိုက်သည်။

သူမရဲ့လက်ထဲမှာတော့ လှလှပပ ထုပ်ပိုးထားတဲ့ချောကလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အပူချိန်က အဲ့ဒါကို အရည်ပျော်သွားစေမှာစိုးသည်။

သို့ပေမယ့် သူမအကြောက်ဆုံးအရာမှာ သူမအသံထဲကတုန်လှုပ်နေမှုနဲ့ ချစ်ခင်မှုတွေကို လင်းယွီ ခံစားမိပြီး သူတို့ရဲ့ ဆက်ဆံရေးကို ချက်ချင်း ဖျက်သိမ်းပစ်လိုက်မှာကိုပင်။

စိတ်လိုက်မာန်ပါ လုပ်လို့ပြီးသွားတော့ စုချန်ယန်မှာ သူမရဲ့လုပ်ရပ်အတွက် နောင်တရသွားသည်။

သူမရဲ့မျက်နှာက ဖြူဖျော့သွားကာ မက်စ်ကိုတောင် မချွတ်ရဲတော့သလို သူမရဲ့ညာဘက်မှာရှိတဲ့ အမျိုးသားကိုပင် မကြည့်ရဲတော့ပေ။ လင်းယွီ သူမကို အဝေး တွန်းထုတ်လိုက်ရင် ဘယ်လိုလုပ်မလဲ? သူငယ်ချင်းတွေအဖြစ်နဲ့တောင် နေလို့မရလောက်တော့ဘူးလား?

သူမ ဘာလုပ်သင့်လဲ…

စုချန်ယန် ဘာလုပ်သင့်လဲ…

လင်းယွီက သူမကို မကြိုက်ဘူး!

ကော်ဖီဆိုင်က ချောကလက်တစ်ခု‌လေးဘဲလေ၊ နင်က ဘာလို့ စိတ်မြန်လက်မြန် လုပ်လိုက်တာလဲ?

စုချန်ယန်ရဲ့ မျက်အိမ်တွေက နွေးထွေးသလို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်က အသံတွေဟာလည်း သူမဆီကမေ လွင့်ပါး‌ပျောက်ကွယ်သွားသည်။ သူမအနေနဲ့ နေရာမှာဘဲ သေတော့မလိုမျိုး အသက်ရှူကြပ်သလိုခံစားလိုက်ရသည်။

အဲ့ဒီအခိုက်အတန့်မှာ အရင်တုန်းက သူမကြောက်ရွံ့ခဲ့ရတဲ့အရာတွေက အရေးမပါတော့သလိုမျိုး ချက်ချင်း သူမခံစားလိုက်ရသည်။ ဒါပေမယ့် လင်းယွီက Mary ကိုလုပ်သလိုမျိုးသူမကို အဝေးဆီ တွန်းထုတ်ခံရတဲ့အခါမှာတော့ သူမနှလုံးသားရဲ့ အနက်ရှိုင်းဆုံးကနေ ဆုံးရှုံးပြီး ကြောက်လန့်သလို ခံစားရလိုက်မည်။

ရုတ်တရက် တုန်ယင်နေတဲ့ စုချန်ယန်ရဲ့လက်ကို ညင်သာတဲ့ လက်ဖဝါးကြီး တစ်ဖက်က လွှမ်းခြုံသွားသည်။ သူက ဘာမှမပြောဘဲ စုချန်ယန်ရဲ့လက်ကို ဆွဲယူလိုက်ပြီး သူ့အင်္ကျီအိတ်ကပ်ထဲ ဖြည်းညှင်းစွာထည့်လိုက်သည်။

စုချန်ယန်က မိန်းမောနေပုံရပြီး သူ့ရည်ရွယ်ချက်ကို နားမလည်သလို လှုပ်ရမှာ အရမ်းကြောက်နေသည်။

လင်းယွီရဲ့လက်က နွေးထွေးနေပြီး စုချန်ယန်ရဲ့ လက်က အေးစက်နေသည်။

အိတ်ကပ်ထဲမှာ သူ့ခန္ဓာကိုယ်က နွေးထွေးမှု‌တွေနဲ့ ပြည့်နှက်နေပြီး သူက စုချန်ယန်ရဲ့ဆုပ်ထားတဲ့လက်ကို ဖြည်းဖြည်းချင်း ဖြည်လိုက်ကာ သူမကိုခံစားခိုင်းလိုက်သည်။ သူမလက်ထဲက ချောကလက်အပြင် အိတ်ကပ်ထဲမှာလည်း တူညီတဲ့ ချောကလက်တွေ အများကြီးရှိသေးသည်။

သူက စကားမပြောပေမယ့် သူ့လုပ်ရပ်တွေနဲ့ စုချန်ယန်ကို ပြောလိုက်သည်။

"တောင်းပန်ပါတယ် မင်းကို လိမ်ခဲ့တာ။ ချောကလက်တွေက ကော်ဖီဆိုင်က မဟုတ်ဘူး ကိုယ်ဝယ်ထားတာ"

စုချန်ယန်မှာ သူမရဲ့ ညာဘက်ပခုံးကို မလှုပ်ရဲဘဲ၊ ပြဇာတ်ရုံထဲက အသံတွေက ပိုပြီးတိတ်ဆိတ်သွားဖို့ မျှော်လင့်ရင်း အခုဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက အိပ်မက်ဖြစ်နေမှာကို သူမကြောက်သည်။

အိပ်မက်တစ်ခုဖြစ်ခဲ့လို့ရှိရင် နောက်နည်းနည်းလောက်ကြာမှ နိုးသွားဖို့ သူမ မျှော်လင့်သည်။ သူမအနေနဲ့ လင်းယွီရဲ့ အရှိန်အဟုန်ကို အမီလိုက်နိုင်ဖို့၊ အခုရော အနာဂတ်မှာပါ ဒီလိုမျိုးလေး သူ့ဘေးနားမှာထိုင်ပြီး အချိန်ကုန်သွားတာကို ကြည့်ဖို့ဆန္ဒရှိသည်။

"စုန့်မင်ကန် လာပြီ!" ဟန်စုန့်ရွှယ်ရဲ့အော်သံက စုချန်ယန်ရဲ့အတွေးတွေကို နှောင့်ယှက်လိုက်သည်။

နီရဲနေတဲ့ သူမရဲ့မျက်နှာကို ကာဖို့ ခေါင်းငုံ့ကာ ဦးထုပ်နှုတ်ခမ်းနဲ့ ကာလိုက်သည်။ အနောက်တန်းက ပရိသတ်တွေရဲ့ မြင်ကွင်းကို ထိုင်ခုံတွေက ပိတ်ဆို့ထားပေမယ့် စင်ပေါ်က လူတွေကတော့ သူ့ရဲ့ လှုပ်ရှားမှုတွေကို အလွယ်တကူ မြင်ရသည်။ လင်းယွီ ပြဿနာဖြစ်မှာ စိုးတဲ့အတွက် သူမလက်ကို အလိုအလျောက် ဆွဲထုတ်ချင်သွားသည်။

ဒါပေမယ့် လင်းယွီကတော့ ဒီလိုလုပ်ဖို့ ရည်ရွယ်ချက်မရှိပေ။ သူက စုချန်ယန် ရဲ့လက်ကို ကိုင်ထားပြီး သူတို့လက်ချောင်းတွေကို သွယ်ယှက်ထားကာ သူမရဲ့ လက်ဖဝါးထဲက ချောကလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ပုံမှန်မဟုတ်တဲ့ တင်းမာမှုကို ပြလိုက်သည်။ သူက စုချန်ယန်ကို လွယ်လွယ်နဲ့ လွတ်ပေးဖို့ မရှိပေ။

“အစ်ကိုလင်း…”

စုချန်ယန်က နည်းနည်း ရှက်ရွံ့သွားပြီး သူ့ဘက်ကို နည်စနည်း စောင်းကာ တခြားသူတွေ မြင်သွားလိမ့်မယ်လို့ ပြောဖို့ ကြိုးစားလိုက်သည်။

ဒီအချိန်မှာ လင်းယွီဘာလို့ ဒီလိုလုပ်ရလဲဆိုတာကို သူမ အမှန်တကယ် မတွေးချင်ပေ။ တွေးကြည့်ရင် ရလဒ်က သူမမျှော်လင့်ထားသလို မဖြစ်မှာ သူမကြောက်သည်။

"အခုလောလောဆယ် စကားမပြောရအောင်" သူမရဲ့လက်ချောင်းတွေကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း လင်းယွီရဲ့ အသံက နည်းနည်း ဩရှနေသည်။

လင်းယွီအနေနဲ့ စုချန်ယန်ကို ဒီလိုမျိုး အတင်းအကြပ် မလုပ်ချင်ပေမယ့် သူ့နားထဲ သူမတိုးတိုးလေး ပြောလိုက်တာက သူ့ရဲ့ ဖုံးကွယ်ထားတဲ့ လူကြီးလူကောင်းဆန်ဆန်မှုတွေကို ချက်ချင်းဆုတ်ဖြဲပစ်လိုက်သည်။ ချန်ယန်လည်း သူ့ကို သဘောကျနေလိမ့်မယ်လို့ သူခန့်မှန်းလိုက်သည်။

စုချန်ယန်ရဲ့ အသံထဲမှာ တုန်လှုပ်မှုနဲ့ ချစ်ခြင်းတွေကိုသူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရတာကြောင့်ပင်။

ဒါက ဖွင့်ပြောဖို့ သင့်တော်တဲ့ အခြေအနေမဟုတ်မှန်း လင်းယွီသိပေမယ့် စုချန်ယန်ရဲ့ သူ့အ‌ပေါ်ခံစားချက်က သဘောကျတာထက် ပိုလားဆိုတာ သူမဆုံးဖြတ်တတ်ပေမယ့် သူတော့ ကြီးကြီးမားမားထူးပြီး ခံစားရသည်။

ဒါပေမယ့် အခုတော့ စုချန်ယန်ရဲ့ လက်ကို သူမလွှတ်ပေးချင်သေးပေ။ သူမကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ အရေပြားရဲ့ နွေးထွေးမှုကို ခံစားချင်သည်။ လူတွေက အမြဲတမ်း လောဘကြီးတယ်။

စုချန်ယန်က မငြင်းကြောင်း သိလိုက်ရတော့ လင်းယွီက သူ့လက်ကို ကိုင်ထားတာထက် ပိုလိုချင်လာသည်။ သူကတော့ လောဘကြီးကြီးနဲ့ ပိုပြီးလိုချင်သည်။

သူက သူ့ရဲ့ဒူးကို စုချန်ယန်ရဲ့ ဒူးအပေါ် နည်းနည်းမှီလိုက်တော့ သူမ မရွှေ့တာကို သူသိလိုက်ရပြီး ကြောက်စရာကောင်းတဲ့ အတွေးက သူ့စိတ်ထဲပေါ်လာသည်။

သူသာ စုချန်ယန်ကို အခုနေ နမ်းလိုက်ရင် သူမခုခံမှာလား?

အဖြေကတော့ ဟင့်အင်း။

အကြောင်းပြချက်မရှိ လင်းယွီရင်ထဲမှာ အလိုလိုသိစိတ်ရှိသည်။ အခု သူသာ စုချန်ယန်ကို နမ်းလိုက်ရင် သူမ မငြင်းမှာ သေချာသည်။

ဒီတော့ ဒါက ဖြစ်နိုင်ပါ့မလား?

အဖြေကတော့ မဖြစ်နိုင်သေးဘူး။

နိုင်ငံခြား တိုင်းပြည်တွေက နမ်းတဲ့ယဉ်ကျေးမှု လောကဝတ်ကို သူသဘောမကျခဲ့ပါချေ။ နမ်းတယ်ဆိုတာက ကိုယ့်ရဲ့ အရင်းနှီးဆုံးလူနဲ့ လုပ်သင့်တဲ့အရာလို့ သူအမြဲယုံကြည်ထားပြီး ရှင်းရှင်းလင်းလင်းကိုပဲ သူနဲ့ စုချန်ယန်က အဲ့ဒီအထိ မရောက်သေးပါချေ။

ဒီတော့ အခု သူအောင့်ထားရမည်။

စုချန်ယန်ရဲ့ Hoodie နဲ့ သူ့လေကာအင်္ကျီတွေက ထပ်နေတဲ့အတွက် သူတို့ရဲ့အဝတ်အစားအောက်က ဝှက်ထားတဲ့ လှုပ်ရှားမှုတွေကို ဘယ်သူမှ မမြင်ရပါချေ။

သူတို့ပတ်ဝန်းကျင်ကနေ ရံဖန်ရံခါ ထွက်လာတဲ့အသံတွေက စုချန်ယန်ရဲ့ တင်းမာနေတဲ့ အသည်းညှာကို ဆတ်ခနဲ ဖြစ်ဖြစ်သွားစေသည်။

သူမ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြည့်ဖူးတဲ့ “A Chinese Ghost Story” ရုပ်ရှင်ကလည်း သူမနဲ့ မရင်းနှီးတော့‌ပေ။ သူမရဲ့ အကြည့်တွေက စင်ပေါ် လူးလာလှည့်ပတ်နေပေမယ့် သရုပ်ဆောင်‌တွေရဲ့ မျက်နှာကိုတော့ပြတ်ပြတ်သားသား မမြင်ရပေ။ သူမရဲ့အာရုံစူးစိုက်မှုတွေအားလုံးက လင်းယွီနဲ့ သူမတို့ရဲ့ သွယ်ယှက်ထားတဲ့ ဆီမှာဘဲ အာရုံစိုက်နေမိသည်။

လက်ဖဝါးထဲက ချောကလက်တွေ တဖြည်းဖြည်း အရည်ပျော်လာတာကို သူမ သတိထားမိလိုက်သည်။ စုချန်ယန်က မနေနိုင်တော့ဘဲ လင်းယွီနားကပ်ကာ အသံတိုးလိုက်ပြီး ပြောလိုက်သည်။ “အစ်ကိုလင်း၊ ချောကလက်တွေ အရည်ပျော်ပြီး ရှင့်ရဲ့အဝတ်အစားတွေ ပေသွားလိမ့်မယ်"

သူမရဲ့အသံက လင်းယုကို ခဏလောက် အာရုံပြောင်းသွားစေသည်။

သူ ရူးသွားတော့မလို ခံစားလိုက်ရသည်။ စုချန်ယန်ရဲ့ အသံက ကြောင်သေးသေးလေးရဲ့ ခြေသည်း‌လေးတွေလိုမျိုး သူ့နှလုံးသားကို ကုတ်ခြစ်နေသည်။ စုချန်ယန်ရဲ့ မငြိမ်မသက်ဖြစ်‌နေတဲ့ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားပြီး သူမကို အစွမ်းကုန် ပွေ့ဖက်ကာ ... သူမကို ညစ်ပတ်သွားအောင် လုပ်လိုက်ချင်သည်။

"ညစ်ပတ်သွားမှာ ကြောက်လို့လား?" လင်းယွီက ရုတ်တရက် မေးလိုက်သည်။

သူက အသံကို တမင်နှိမ့်လိုက်ပြီး ဆိုးဆိုးရွားရွား အအေးမိနေသလိုမျိုး အသံထဲက ဩရှရှဖြစ်နေတာကို စုချန်ယန်ကြားနေရသည်။

စုချန်ယန် - "ကျွန်မ မကြောက်ပါဘူး"

သူမက ညစ်ပတ်တဲ့ ပတ်ဝန်းကျင်မှာတောင် နေခဲ့သည်ပင်။

"ကောင်းတယ်"

စုချန်ယန် - "?"

လင်းယွီရဲ့ အတွေးကို သူမ လိုက်မမှီနိုင်မှန်း သူမ သိလိုက်သည်။

နှစ်နာရီနီးပါးကြာပြီးနောက် စင်ပေါ်က ပြဇာတ်ဟာလည်းပြီးဆုံးသွားပြီး နောက်ဆုံးမှာတော့ လင်းယွီလည်း သူမလက်ကို လွှတ်ပေးလိုက်သည်။

စုချန်ယန်က ချောကလက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူမရဲ့လက်ကို အမြန်ပြန်ဆွဲကာ ပတ်ပတ်လည်ကို စိုးရိမ်တကြီး ကြည့်လိုက်တော့ သူမတို့ရဲ့ ထူးခြားမှုကို ဘယ်သူမှ သတိမထားမိတာကို တွေ့လိုက်ရတော့ နည်းနည်း စိတ်အေးသွားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာနေရာကိ စည်းကမ်းထိန်းသိမ်းကာ ပရိသတ်တွေက စနစ်တကျ ထွက်သွားကြောင်း အာမခံလိုက်သည်။ ပရိသတ်အများအပြားက စုချန်ယန်နဲ့ သူမတို့ရဲ့အဖွဲ့ဆီ ချဉ်းကပ်လိုပေမယ့် လုံခြုံရေးတွေက တားထားသည်။

ဒါပေမယ့် အနောက်ဘက် ဒုတိယ ပြဇာတ်ရုံအပြင်ဘက်က ရင်ပြင်မှာတော့ ပရိသတ်နည်းနည်းက စောင့်နေကြဆဲဖြစ်ပြီး သူတို့ထွက်လာတဲ့အချိန်သူတို့ကို တွေ့ရဖို့ မျှော်လင့်နေကြသည်။

"မင်းတို့တွေ ဒီမှာထိုင်ပြီး ခဏစောင့်ကြဦး"

အခြားသူတွေဆီက တုံ့ပြန်မှုကို ရပြီးတော့ လင်းယွီက ထကာ စက်နောက်ဆီ လျှောက်သွားသည်။

လင်းယွီ ထွက်သွားတဲ့အခါမှ နောက်ဆုံး စုချန်ယန်မှာ အသက်ရှုဖို့ ရလိုက်သည်။ လျှို့ဝှက်တဲ့ထောင့်နားမှာ သူတို့လုပ်ခဲ့တာတွေကို တွေးရင်း စုချန်ယန်ရဲ့ပါးပြင်တွေ နီရဲသွားသည်။

သူမရဲ့ ဘယ်ဘက်မှာရှိတဲ့ ဟန်စုန့်ရွှယ်က သူမကို လှမ်းဆွဲလိုက်ပြီး သိချင်စိတ်နဲ့ မေးလာသည်။ "နင့်ရဲ့မန်နေဂျာလင်းနဲ့ ဘာတွေပြောနေကြတာလဲ? နင်တို့ တီးတိုးပြောနေကြတာ နှစ်နာရီလောက်ရှိမယ်"

စုချန်ယန်က အံ့အားသင့်သွားပြီး "နင်ဘာ မဟုတ်တာတွေပြောနေတာလဲ? ငါတို့ဘာမှမလုပ်နေဘူး!"

ဟန်စုန့်ရွှယ်က သူမရဲ့ တုံ့ပြန်မှုကြောင့် လန့်ဖျပ်သွားသည်။ "နင်ဘာလို့ ဒီလောက် ခုခံနေရတာလဲ? နှစ်တို့နှစ်ယောက် လျှို့ဝှက်ဆက်ဆံရေးရှိနေလို့လား ဒါမှမဟုတ် တစ်ခုခုရှိနေလို့များလား"

ဒါကိုကြားတော့ စုချန်ယန်က ဒေါသထွက်လာပြီး ဟန်စုန့်ရွှယ်ရဲ့ လည်ပင်းကို ဆွဲလိုက်ကာ ပါးစပ် ပိတ်ထားခိုင်းလိုက်သည်။

ထန်ချီနဲ့ ဟယ်ရှုတို့က စုန့်မင်ကန်ရဲ့ ပုံစံကို ဆွေးနွေးနေကြပြီး အဆုံးမရှိ ချီးကျူးနေကြကာ ဒီတစ်ကြိမ်တွင် သူ့ရဲ့ပြောင်းလဲမှုက သေချာပေါက် အောင်မြင်လိမ့်မယ်လို့ ပြောဆိုနေကြသည်။

ဟန်စုန့်ရွှယ်ရဲ့အာရုံက ပြောင်းသွားပြီး စုချန်ယန်ကို မေးလိုက်သည်။ “ချန်ယန်၊ သူ့ပုံစံကို နင်ဘယ်လိုထင်လဲ? သူ့မှာ ဒီလို ညံ့ဖျင်းတဲ့ ပညာတော်သင်သမား အငွေ့အသက် ရှိတုန်းပဲလို့ငါခံစားရတယ်"

စုချန်ယန် - “…”

All Chapters