အခန်း ၁၃၈
Vol. 11 Ch. 138
ရုတ်တရက် ဆိုသလိုဘဲ စုချန်ယန်မှာ စုန့်မင်ကန် အတွက် တကယ်ကို စိတ်မကောင်းဖြစ်မိသွားသည်။ ပြဇာတ်တစ်ခုလုံးမှာ စုချန်ယန်က မှင်တက်နေပြီး စုန့်မင်ကန် ဘာဖျော်ဖြေသွားလဲဆိုတာကိုပင် မသိလိုက်သောကြောင့်ပင်။
“အဲ့ဒါ၊ အဲ့ဒါက ကောင်းပါတယ်” စုချန်ယန်က တိုးတိုးလေးပြောလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ဘဲ လင်းယွီက စင်နောက်ဘက်ကနေ ပရိသတ်ထိုင်တဲ့နေရာဆီ ရောက်လာသည်။ သူက လူတိုင်းကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။ " ဝန်ထမ်းနဲ့ စကားပြောပြီးသွားပြီ နောက်တံခါးကနေ ထွက်လို့ရတယ်"
အနောက်ဘက် ဒုတိယပြဇာတ်ရုံတွင် အရှေ့တံခါး သုံးခုနဲ့ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေအတွက် အထူးတလည် လုပ်ထားတဲ့ အနောက်တံခါးတစ်ခုရှိသည်။
စုချန်ယန်က မော့ကြည့်လိုက်ပြီး သူ့အကြည့်နဲ့ဆုံသွားတော့ တစ်စက္ကန့်အကြာမှာဘဲ အကြည့်ပြန်လွှဲလိုက်သည်။
တခြားလူတွေက စုချန်ယန်ကို ဖြတ်သွားကာ အနောက်ဘက်ကို သွားကြပြီး စုချန်ယန်ကို အနောက်မှာ တစ်ယောက်ထဲ ချန်ထားကြသည်။
အဲ့ဒီအချိန်မှာ လင်းယွီလည်း မလှုပ်ပေ။ သူက ပရိတ်သတ်ထိုင်ခုံအပြင်ဘက်မှာ ရပ်ကာ စုချန်ယန်ကို စောင့်နေသည်။
သူနဲ့ အရမ်းနီးကပ်နေတာကြောင့် စုချန်ယန်မှာ နည်းနည်း စိတ်မသက်မသာ ခံစားလိုက်ရသည်။ အခုအထိ လင်းယွီက သူမလက်ကို ဘာလို့ ဒီလိုမျိုး ကိုင်ခဲ့လဲဆိုတာ သူမ မတွေးချင်ပါချေ။
သူမ လင်းယွီ အနား ရောက်တဲ့အခါ သူက သဘာဝအတိုင်း စုချန်ယန်ဘေးမှာ ရပ်လိုက်သည်။ သူက စုချန်ယန်ရဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာကို မနှောင့်ယှက်ချင်ပေ။ သူက ငုံ့လိုက်ပြီး အသံတိုးကာ ပြောလိုက်သည်။
"အနာဂတ်မှာ ကိုယ်တို့အချင်းချင်း သိနိုင်ဖို့ အခွင့်အရေးတွေ အများကြီးရှိသေးတယ်။ လောလောဆယ်တော့ သိပ်အများကြီး မစဉ်းစားနဲ့။ မင်းသူငယ်ချင်းတွေနဲ့ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်ကုန်လိုက်"
စုချန်ယန် ရဲ့နှလုံးသားမှာ တဖျပ်ဖျပ်ခုန်နေပြီး သူမအသက်ရှုသံတွေက ကမောက်ကမဖြစ်သွားသည်။
လင်းယွီက သူတို့နှစ်ယောက် အနာဂတ်မှာ တစ်ယောက်နဲ့တစ်ယောက် သိခွင့်ရဖို့ အခွင့်အရေးတွေ အများကြီးရှိတယ်လို့ ပြောတယ်။ ဒါက သူတို့တွေ အချိန်အကြာကြီး အတူရှိကြမယ်လို့ ဆိုလိုတာလား?
သူငယ်ချင်းအဖြစ်နဲ့ပဲလား?
သူငယ်ချင်းအနေနဲ့တောင် စုချန်ယန်က ဆန္ဒရှိတယ်။
လင်းယွီက သူ့စကားတွေကို ဖျက်ခဲကာ သူ့ရဲ့ ကတိမဟုတ်တဲ့ ကတိတွေက စုချန်ယန်ကို ဖော်မပြနိုင်လောက်အောင် သက်သာရာရစေပြီး သူမရဲ့စိုးရိမ်သောကရောက်နေတဲ့ ခံစားချက်က နောက်ဆုံးမှာတည်ငြိမ်သွားသည်။
စုန့်ရွယ်နဲ့ တခြားသူတွေနဲ့ အတူအချိန်ကုန်ဆုံးဖို့က တဖြည်းဖြည်းနဲ့ နည်းလာပြီဖြစ်သည်။ ဒါကြောင့် သူမအနေနဲ့ အခုလက်ရှိ သူတို့နဲ့ ကုန်ဆုံးတဲ့ စက္ကန့်တိုင်းကို တန်ဖိုးထားသင့်သည်။
စုချန်ယန်ရဲ့ တင်းမာနေတဲ့ ခန္ဓာကိုယ်က နောက်ဆုံးတော့ ပြေလျော့သွားပြီး လင်းယွီလည်း ဘာအရိပ်အယောင်မှ မပြဘဲ သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်သည်။
"ချောကလက်တွေ လိုချင်သေးလား" လင်းယွီက မေးလိုက်သည်။
“အင်း” စုချန်ယန်က နာနာခံခံနဲ့ ခေါင်းညိတ်လိုက်သည်။
လင်းယွီက စုချန်ယန်ရဲ့ လက်ထဲ ချောကလက်တစ်ပိုင်းကိုထည့်ပေးလိုက်ပြီး သူမရဲ့ လက်ချောင်းထိပ်တွေကို ညင်ညင်သာသာဆုပ်ကိုင်ဖို့ အခွင့်အရေး ယူလိုက်သည်။
စုချန်ယန်က အထုပ်ကို ဖြဲလိုက်ပြီး ချောကလက်ကို ကိုက်လိုက်သည်။ ဟန်စုန့်ရွှယ် လှည့်ကြည့်လာတဲ့အချိန် ဒီမြင်ကွင်းကို မြင်လိုက်ရတော့ သူမက ခြေလှမ်းနှစ်လှမ်းနဲ့စုချန်ယန်ရဲ့ လည်ပင်းကို ဖက်လိုက်ကာ စုချန်ယန် နားရောက်လာသည်။
"နင်ဘာစားနေတာလဲ? ချောကလက်လား? ငါလည်း လိုချင်တယ်"
သူမက စုချန်ယန်ရှေ့မှာ လက် ဖြန့်လိုက်သည်။
စုချန်ယန် အိတ်ကပ်ထဲမှာ အရည်ပျော်တော့မယ့် ချောကလက်တစ်ခု ရှိနေသေးသည်။ သူမက အဲ့ဒါကို လင်းယွီရဲ့ လက်ထဲမှာ နှစ်နာရီနီးပါး ကိုင်ထားခဲ့တာကြောင့် ဟန်စုန့်ရွှယ်ကို ပေးဖို့ နည်းနည်းဝန်လေးနေသည်။
ဒါကြောင့် က သစ္စာစောင့်သိခြင်းမရှိဘဲ လင်းယွီဘက်ကို စ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မန်နေဂျာလင်းဆီက ရတာ"
ဟန်စုန့်ရွှယ်က ချက်ချင်း ခေါင်းစောင်းလိုက်ပြီး မေးလိုက်သည်။ "မန်နေဂျာလင်းမှာ ရှိသေးလား?"
လင်းယွီလည်း အဲ့ဒီအတိုင်း စုချန်ယန်ကို ကြည့်လိုက်တော့ စုချန်ယန်က အပြစ်ရှိသလို ခေါင်းကို အဝေးဆီလှည့်ထားပြီး သူ့ကိုမကြည့်ရဲပေ။
လင်းယွီက သူ့အကြည့်ကို ရုတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်သည်။ "စုချန်ယန်ဆီက တစ်ခုဘဲရှိတယ်"
စုချန်ယန် အံ့အားသင့်သွားပြီး နောက်အခိုက်အတန့်မှာ သူမရဲ့ပါးပြင်တွေ ရုတ်တရက် နီရဲလာသည်။
အခြားသူကြားရင်တော့ "စုချန်ယန်ပါးစပ်ထဲကဟာ တစ်ခုဘဲရှိတယ်" လို့ထင်ကြလိမ့်ပေမယ့် စုချန်ယန်ကတော့ သူ့ဂျာကင်အိတ်ကပ်ထဲမှာ ချောကလက်တွေ အများကြီးရှိမှန်း ရှင်းရှင်းလင်းလင်း သိသည်။ ဒါကြောင့် တကယ်တော့ "သူ့မှာရှိတဲ့ ချောကလက်တွေက စုချန်ယန် တစ်ယောက်တည်းအတွက်" လို့ သူပြောချင်တာပင်။
ဟန်စုန့်ရွှယ်က "အိုး" လို့ ပြန် တုံ့ပြန်လိုက်ပြီး တခြားအဓိပ္ပါယ်ကို နားမလည်ပေ။
ခုန်ပေါက်နေတဲ့ နှလုံးနဲ့ စုချန်ယန်က ခေါင်းငုံ့လိုက်ပြီး သူမရဲ့ပါးပြင်တွေ ပူလောင်လာသည်။ လင်းယွီရဲ့ အချစ်ရေးမှာ သူသဘောကျတဲ့လူကို ဖော်ပြတာထက် ကျော်လွန်သွားတာကို သူမ သဘောပေါက်လိုက်သည်။ သူ့ရဲ့ အပြုအမူနဲ့ အပြောအဆိုတွေက အရမ်းကို ရိုမန်တစ်ဆန်တယ်။ ဒါက သူ့ဗီဇထဲက ပါလာတာလား? တခြားသူတွေ အထင်လွဲသွားမှာ သူမကြောက်ဘူးလား?
အပြင်ထွက်တဲ့လမ်းမှာ ဟန်စုန့်ရွှယ်က သူမပခုံးကို မှီထားပြီး သူမနဲ့ စကားစမြည်ပြောသည်။ စုချန်ယန်က စကားတစ်ခွန်းကိုမှ အာရုံမရဘဲ လင်းယွီကို စိတ်ထဲမှာ တိတ်တိတ်လေး အပြစ်တင်နေသည်။
စင်နောက်ဘက်ကို ရောက်တော့ စုန့်မင်ကန်က မိတ်ကပ်ဖျက်ပြီး အဝတ်လဲဖို့ အဝတ်လဲခန်းကို သွားပြီး တခြားသူတွေက အပြင်ထွက်ကာ သူ့ကိုစောင့်ဖို့ စီစဉ်လိုက်သည်။
အနောက်တံခါးက အရှေ့တံခါးတည်နေရာနဲ့ ကွာပြီး အတွင်းဘက် ဝန်ထမ်းကားပါကင် နေရာလည်းရှိသည်။
အိတ်ထဲရှိ စုချန်ယန် ရဲ့ဖုန်းက နှစ်ကြိမ်တုန်ခါသွားသည်။ ဒီအခိုက်အတန့်မှ သူမမှာ တစ်ခုခုကို သတိရသွားပြီး ဖုန်းကို အမြန်ထုတ်ကာ WeChat ကိုဖွင့်ပြီး မက်ဆေ့ချ်ကို စစ်ကြည့်လိုက်သည်။
ပြဇာတ်ပြီးတဲ့နောက်မှာ သူမ တုစမ်ယွီနဲ့ တွေ့ဖို့ချိန်းထားတာ။ သူမ တကယ်မေ့သွားတယ်!
သူတို့ထွက်သွားတဲ့ချိန်မှာတော့ ပြဇာတ်ရုံထဲမှာ လူနည်းနည်းဘဲ ကျန်တော့သည်။ တုစမ်ယွီ အပြင်မှာ အကြာကြီးစောင့်နေခဲ့တာဖြစ်မည်။
[အစ်မ ထွက်လာပြီလား?]
[ကျွန်တော်က ကျောင်းဝတ်စုံ အဖြူရောင်နဲ့ ဖိနပ်အနက်ရောင်ဝတ်ထားပြီး အရှေ့ဘက်ဂိတ်ရဲ့ ဘယ်ဘက်နားလေးမှာရှိနေတယ်]
[အစ်မအကြောင်း လူတွေပြောတာကြားတယ်။ နည်းနည်းကြာမှ ထွက်လာပါ။ ကျွန်တော်စောင့်နိုင်တယ်]
[အစ်မ၊ ဒီစာကိုမြင်ရင် စာပြန်ဖို့ မမေ့နဲ့နော်]
. . . .
စုချန်ယန်က သူမအနောက်တံခါးကနေ ထွက်သွားပြီဖြစ်ကြောင်း မက်ဆေ့ခ်ျအမြန်ပို့လိုက်သည်။
တုစမ်ယွီက သူမဆီ ပစ္စည်းတွေ လာပို့စေချင်တာလားလို့ အမြန်စာပြန်လာသည်။
စုချန်ယန် ယက သူ့ကို အချိန်အကြာကြီး စောင့်ခိုင်းမိတဲ့အတွက် စိတ်မကောင်းဖြစ်သွားပြီး သူမဘာသာချက်ချင်းလာယူမယ်လို့ ပြောလိုက်သည်။
တုစမ်ယွီက "ကောင်းပြီ" လို့ ပြန်ဖြေလိုက်သည်။
“အမ်...ရှင်တို့တွေ ဒီမှာ မင်ကန်ကို စောင့်လိုက်နော်၊ ကျွန်မခဏလောက် အပြင်ထွက်ရမှာမို့လို့” စုချန်ယန်က လူတိုင်းကို နှုတ်ဆက်လိုက်ပြီး သူမကိုကြည့်နေတဲ့ လင်းယွီကို လှည့်ရှာလိုက်သည်။
စုချန်ယန်က ထပ်ပေါင်းပြောလိုက်သည်။ "သူငယ်ချင်းတစ်ယောက်နဲ့တွေ့မလို့ပါ၊ ခဏနေပြန်လာမယ်"
လင်းယွီစိတ်ပူနေမှာ စိုးတဲ့အတွက် သူမက ဒီဟာကို လင်းယွီ ကြားအောင်ပြောလိုက်သည်။
"သူငယ်ချင်းတစ်ယောက်?" သူမစကားမဆုံးခင် အတင်းအဖျင်း ပြောရတာကြိုက်တဲ့ ဟန်စုန့်ရွှယ်က ပြောလာသည်။ “ရည်းစားကောင်လေးလား?"
လင်းယွီက အကြည့်တွေ ကျဉ်းမြောင်းသွားပြီး တိတ်ဆိတ်နေသည်။
ဟန်စုန့်ရွှယ်ရဲ့ ပါးစ်ပိကို ပိတ်နိုင်ပါစေလို့ မျှော်လင့်ရင်း စုချန်ယန်သူမကို စိုက်ကြည့်လိုက်သည်။ "မဟုတ်ပါဘူး၊ ဒါက အစ်ကိုတုရဲ့သား။ ငါ သူ့ဆီကနေ တစ်ခုခု ငှားထားလို့"
အတင်းအဖျင်းတွေကို သဘောကျတဲ့ စုချန်ယန်က စနောက်သလိုမေး လာသည်။ "ငါတို့ဆီကနေ မငှားနိုင်ဘဲ သူ့ဆီကနေ ငှားရတာက ဘာများလဲ?"
စုချန်ယန်က ပြောခါနီးမှာဘဲ "မင်းမှာ စာလေ့လာဖို့ ပစ္စည်းတွေ ရှိလို့လား?" လင်းယွီက ကြားဖြတ်ဝင်ပြောလာသည်။ "ချန်ယန်၊ မင်းအရင်သွားသင့်တယ်၊ ဒါမှကလေးအကြာကြီးမစောင့်နေရမှာ"
စုချန်ယန်က အတင်းရယ်လိုက်ပြီး ပြောလိုက်သည်။ "ဒါဆို အရင်သွားလိုက်ဦးမယ်၊ မြန်မြန်ပြန်လာခဲ့မယ်"
"အင်း၊ ဂရုစိုက်" လင်းယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
စုချန်ယန်က ဦးထုပ် နဲ့ မက်စ်ကို တပ်လိုက်ပြီး ကားပါကင်ကနေ လှည့်ထွက်လာသည်။
ကလေး…
ဆယ့်ခုနစ်နှစ်သားကို ကလေးလို့ သတ်မှတ်တုန်းပဲလား?
စုချန်ယန်မှာ မတတ်နိုင်ဘဲ ရယ်လိုက်သည်။
သူမ ထွက်လာတဲ့အခါ အရှေ့တောင်တံခါးဘက်ဆီ အာရုံစိုက်ထွက်လာပြီး မိနစ်အနည်းငယ်ကြာတော့ အရှေ့တောင်တံခါးကို တွေ့လိုက်သည်။
စုချန်ယန်က လမ်းမပေါ်မှာ အမြန် လျှောက်လာကာ လမ်းသွားလမ်းလာတွေဆီက အာရုံစိုက်ခံရပေမယ့် သိပ်ပြီးတော့ မထင်းနေပါချေ။
[ရောက်ပြီ]စုချန်ယန် လှမ်းကြည့်လိုက်တော့ အထက်တန်းကျောင်းသားပုံစံ ဝတ်စားထားတဲ့ ဘယ်သူ့ကိုမှ မတွေ့တဲ့အတွက် သူမရောက်ပြီဖြစ်ကြောင့် တုစမ်ယွီဆီ မက်ဆေ့ခ်ျပို့လိုက်သည်။
"အစ်မ!" စုချန်ယန် မက်ဆေ့ခ်ျပို့လို့ပြီးတော့ သူမနောက်ကနေ အံ့သြတဲ့အသံတစ်ခု ထွက်ပေါ်လာသည်။
စုချန်ယန် လှည့်ကြည့်လိုက်တော့ သူမအနောက်မှာ ရပ်နေတဲ့ လူငယ်လေးကို တွေ့လိုက်ရသည်။
ကောင်လေးက ဖြူစင်သန့်ရှင်းနေတဲ့ ကျောင်းဝတ်စုံကို ဝတ်ထားပြီး တောက်ပနေကာ ချောမောတဲ့ အသွင်အပြင်နဲ့ အရပ် ၁.၈ မီတာခန့်ရှိသည်။
စုချန်ယန်က လက်ယမ်းပြလိုက်ပြီး သူ့ဆီ ပြေးလာကာ မေးလိုက်သည်။ "မင်းက စမ်ယွီလား? မင်းကိုစောင့်ခိုင်းရတာ တောင်းပန်ပါတယ်"
တုစမ်ယွီနဲ့ စုချန်ယန်တို့က တောက်ပတဲ့ မျက်လုံးတွေနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ တုစမ်ယွီ က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ တွေ့ရတာဝမ်းသာပါတယ် အစ်မ။ အတူတူ ဓာတ်ပုံရိုက်လို့ရမလား? ကျွန်တော့် အတန်းထဲက အတန်းဖော် တော်တော်များများက အစ်မကို အရမ်းကြိုက်တယ်”
စုချန်ယန်က ပြုံးပြီး နည်းနည်း ရှက်သွားသည်။ “ရတာပေါ့"
တုစမ်ယွီက သူ့ဖုန်းကို ထုတ်လိုက်ပြီး အရှေ့ကင်မရာကို ဖွင့်လိုက်သည်။ စုချန်ယန်က အနားကပ်လာပြီး မက်စ်ကို ချွတ်ဖို့လုပ်လိုက်ပေမယ့် တုစမ်ယွီက ပြောလာသည်။ “မက်စ် ချွတ်စရာမလိုပါဘူး။ ဒီမှာ လူများတော့ အစ်မကို မှတ်မိသွားကြရင် ဒုက္ခရောက်လိမ့်မယ်"
စုချန်ယန်က ရယ်လိုက်ပြီး မက်စ်မချွတ်ဖို့ ဆုံးဖြတ်လိုက်သည်။
ကျေနပ်တဲ့အထိ ဓာတ်ပုံတွေကို ရိုက်လို့ပြီးတော့ တုစမ်ယွီက နည်းနည်းရှက်လာပြီး အိတ်ကပ်ထဲကနေ အရင်က စုချန်ယန်ရိုက်ခဲ့တဲ့ ပရိုမိုးရှင်းဓာတ်ပုံအချို့ကို ထုတ်လိုက်သည်။ သူက ပြောလာသည်။
“တောင်းပန်ပါတယ်၊ အတန်းဖော်တချို့က ကျွန်တော်အစ်မကို သွားတွေ့မယ်လို့ ကြားပြီး သူတို့အတွက် လက်မှတ်တွေ ယူလာခိုင်းလို့။ အစ်မအတွက် မုန့်တွေ လည်း ယူလာခိုင်းတယ်"
စုချန်ယန်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “အဆင်ပြေပါတယ်။ အားလုံး သဘောကျကြလို့ ဝမ်းသာပါတယ်"
"မင်းမှာ ဘောပင်ရှိလား"
“ဟုတ်!”
တုစမ်ယွီက ငုံ့လိုက်ပြီး ဘူးထဲက ဘောပင်နဲ့ မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။ သူက စုချန်ယန် ကို ဘောပင်ပေးလိုက်ပြီး မှတ်စုစာအုပ်မှာ လက်မှတ်ထိုးခိုင်းလိုက်သည်။
စုချန်ယန်က ကြီးမားတဲ့စာမျက်နှာတွေမှာ စေ့စေ့စပ်စပ် လက်မှတ်ထိုးပေးလိုက်သည်။
နောက်ဆုံးမှာ သူမက သူ့ရဲ့ အတန်းဖော်တွေအတွက် မက်ဆေ့ချ် ရေးပေးလို့ရမလားလို့ မေးလာတဲ့အတွက် သူမကလက်မှတ် ထိုးထားတဲ့ ဓာတ်ပုံတွေကို တုစမ်ယွီဆီ ပြန်ပေးလိုက်သည်။
စုချန်ယန်က စကားကောင်းကောင်း မပြောတတ်ပေမယ့် ဝမ်းသာအားရနဲ့ သဘောတူတဲ့အတွက် သူမက ရိုးရှင်းတဲ့ ဆုတောင်းတစ်ခုရေးပေးလိုက်သည်
“ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်မှာ မင်းတို့ကို နေမင်းကြီးက စောင့်နေပြီး မင်းတို့အပေါ် ဆက်လက် တောက်ပနေလိမ့်မယ်"
စုချန်ယန်ရဲ့လက်ရေးက နူးညံ့သိမ်မွေ့ကာ ကျက်သရေရှိပြီး ပျော်ရွှင်စွာ ကခုန်နေတဲ့ပုံဖြစ်သည်။
တုစမ်ယွီက သူ့မှတ်စုစာအုပ်ကို သေသေချာချာပိတ်လိုက်ပြီး မြေကြီးပေါ်က ကတ်ထူပုံးကို ယူဖို့ ငုံ့လိုက်သည်။ အဲ့ဒီထဲမှာ စာအုပ်တွေ၊ စာတွေ၊ သရေစာတွေ အများကြီးပါသည်။
"အစ်မကားဘယ်မှာရပ်ထားလဲ? ကျွန်တော် ယူသွားပေးမယ်" တုစမ်ယွီက ကမ်းလှမ်းလာသည်။
စုချန်ယန်က ခေါင်းခါလိုက်ပြီး သူ့လက်ထဲကနေ ယူဖို့ လုပ်လိုက်သည်။ "ရပါတယ်၊ ကျေးဇူးဘဲ၊ အစ်မတစ်ယောက်တည်း သွားလို့ရတယ်"
တုစမ်ယွီက သူ့ရှေ့သွားနှစ်ချောင်းကို ထုတ်ပြကာ ပြုံးလိုက်ပြီး "ဒါက နည်းနည်းလေးတယ်၊ ကျွန်တော် ယူသွားပေးမယ်...."
"ကိုယ့်ကို ပေးလိုက်"
ရုတ်တရက် သူတို့ဘေးကနေ ရင်းနှီးနေတဲ့ နောက်ထပ်အသံတစ်ခု ထွက်လာခဲ့သည်။