← Chapters

အခန်း ၁၄၀

Vol. 11 Ch. 140

အခန်း ၁၄၀

Vol. 11 Ch. 140

လင်းယွီက ပြောလာသည်။ "ဖျော်ဖြေရေးနယ်ပယ်မှာ သူငယ်ချင်းဖွဲ့ဖို့ဆိုတာ မလွယ်ဘူး"

စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး “ရှင်ပြောတာ မှန်တယ်”

“အိုး အစ်ကိုလင်း၊ကြည့်ရတာဒီည သူတို့‌သောက်ကြမယ်ထင်တယ်။ သူတို့နဲ့ပူးပေါင်းမှာလား ဒါမှမဟုတ် ကျွန်မ ရှင့်အစား သောက်ပေးရမလား?"

ဒီစကားကြားတော့ လင်းယွီက ရယ်လိုက်ပြီး "မိန်းကလေး တစ်ယောက်ကို ကိုယ့်အစား သောက်ခိုင်းရမှာလား?"

"ဒါပေမယ့် ခဏနေကျရင် ရှင်ကားမောင်းရမှာလေ"

"ရပါတယ်၊ လုယင်းကို လာကြိုခိုင်းလိုက်မယ်။ သူက မင်းရဲ့လက်ထောက်ဘဲလေ သူ့မှာ တာဝန်ရှိတယ်"

စုချန်ယန်က ခေါင်းခါပြီး ပြောလိုက်သည်။ “သူ့ ရဲဘော်တွေနဲ့ တွေ့ဆုံပွဲသွားတာ မဟုတ်ဘူးလား? သူတို့လည်း သောက်ဖြစ်မယ်ထင်တယ်"

လင်းယွီက ခဏလောက် တိတ်သွားပြီး ပြောလာသည်။ “မဟုတ်ဘူး အခု သူအိမ်မှာ ‌ရှိနေမှာ"

"ဟင်?" စုချန်ယန် သူ့ကို နားမလည်သလို ကြည့်လိုက်သည်။

လင်းယွီက ခဏလောက် နှုတ်ဆိတ်နေပြီး သူအမှန်တိုင်း ပြောသင့်လား မပြောသင့်လား မသေချာပေ။ အမှန်ကိုသိပြီးရင် စုချန်ယန်က သူ့ကို အားမရဖြစ်သွားမလား မသိပေ။ အချိန်အတော်ကြာအောင် ရုန်းကန်ပြီးတဲ့နောက် ရိုးသားဖို့ဆုံးဖြတ်လိုက်သည်။

"ဒီနေ့ ပြဇာတ်ကို မင်းနဲ့အတူ လာကြည့်ရဖို့ သူ့ကို ကိုယ့်ကားငှားခဲ့တာ"

စုချန်ယန်က နားမလည်စွာနဲ့ ကြည့်လိုက်သည်။ "ရှင်ဘာကိုဆိုလိုတာလဲ?"

"သူက ကိုယ့်ကားကိုမောင်းတယ်၊ ကိုယ်က မင်းနဲ့အတူ လိုက်ပြီး ပြဇာတ်လာကြည့်တယ်"

စုချန်ယန်မှာ မျက်လုံးပြူးသွားကာ "ရှင်…”

လမ်းဘေးမှာလျှောက်နေရင်း လှေကားထစ်ကနေဆင်းတော့မယ့် စုချန်ယန်ကို လင်းယွီက အနောက်ကိုပြန်ဆွဲလိုက်သည်။

"ကိုယ်ကဘာဖြစ်လဲ?" လင်းယုက မျက်တောင်ခတ်လိုက်သည်။

စုချန်ယန်က သူမပါးစပ်ကိုအုတ်လိုက်ပြီး ပြောလာသည်။ "ရှင်က ပြဇာတ်ကြည့်ရတာ ကြိုက်တာလား?"

လင်းယွီ - “…”

လင်းယွီ ပါးစပ်ပိတ်ထားလိုက်ပြီး ဘာမှ ပြန်မပြောလာတော့ပေ။

သူချောကလက်တွေ ပေးတယ်၊ လက်ကိုင်ပြီး ဘီစကွတ်တွေတောင် ပေးခဲ့တာ။ ဒါပေမယ့်စုချန်ယန် ရဲ့မျက်လုံးထဲမှာတော့ ဒါက ဘာမှအရေးမပါဘူးလား?

သူနည်းနည်းမပျော်မရွှင် ဖြစ်နေတာကို စုချန်ယန်မြင်လိုက် ရတော့ ရင်ထဲမှာ မသက်မသာဖြစ်သွားရသည်။ သို့ပေမယ့် အခြားအကြောင်းအရာတွေက်ု သူမ မခန့်မှန်းရဲသလို မှန်းဆတာမှားသွားပြီး ဘယ်တော့မှ နောက်ပြန်လှည့်လို့မရတော့မှာ ကြောက်သည်။

နောက်ဆုံးမှာတော့ စုချန်ယန်မှာ သတ္တိမရှိပါချေ။

သူမရဲ့ မသက်မသာဖြစ်နေတဲ့ ပုံစံကိုမြင်တော့ လင်းယွီသည်းမခံနိုင်တော့ပေ။

သူ့စိတ်ထဲမှာ သူ့ကိုယ်သူပြောလိုက်သည် 一 မေ့လိုက်တော့၊ အနာဂတ်မျာ အချိန်တွေ အများကြီး ကျန်သေးတယ်။ အလျင်စလိုနေစရာ မလိုဘူး

“ကိုယ်က ပြဇာတ်ကြည့်ရတာကို သဘောကျတယ်လို့ပဲ မှတ်လိုက်တော့။ မီးစိမ်းနေပြီ၊ သွားကြရအောင်"

လင်းယွီက သူမရဲ့ဦးထုပ်အစွန်းကို ပုတ်လိုက်ပြီး ရှေ့ကို ခြေလှမ်း နည်းနည်းလှမ်းကာ သူမ လက်မောင်းကို လှမ်းကိုင်လိုက်သည်။ စုချန်ယန် သတိပြန်ဝင်လာမှဘဲ သူလက်လွှတ်ပေးလိုက်သည်။

သိပ်မကြာခင်မှာပဲ သူတို့အဖွဲ့ စားသောက်ဆိုင်ကို ရောက်လာသည်။ စုန့်မင်ကန်က နာမည်ပြောလိုက်တော့ စားပွဲထိုးက သူတို့ကို တတိယထပ်က VIP သီးသန့်ခန်းဆီ ခေါ်သွားပေးသည်။

အားလုံး ဗိုက်ဆာနေကြတော့ အရင်စားပြီးမှ KTV မှာ သောက်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။

စုချန်ယန်မှာ သူမရဲ့ crush က သူမဘေးမှာ ထိုင်နေပေမယ့် steakကို လှီးရတာ စိတ်မရှည်‌တော့ပေ။ သူမက သူမရဲ့ပုံရိပ်ကို လုံးဝဂရုမစိုက်‌ပေ။ သူမဘာသာစားဖို့ဘဲ အာရုံစိုက်နေပြီး အခြားအရာတွေကို ဂရုမစိုက်ပေ။

ဒါက ငယ်ငယ်ကတည်းက သူမတတ်ကျွမ်းလာတဲ့ အတတ်ပညာတစ်ခုပင်။ ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာတောင် သူမဘာသာ ဗိုက်ပြည့်အောင် ဖြည့်နိုင်သည်။

လင်းယွီက သူမဘေးမှာထိုင်ပြီး အကင်ကို အတုံးသေးသေးလေးတွေ ဖြတ်နေသည်။ အကင်တုံးလေးက သိပ်မကြီးသလို စားပွဲပေါ်မှာ တခြားဟင်းတွေလည်း ရှိသည်။သူ့ကိုယ်ပိုင်အကင်တွေကို ပန်းကန်ပြားပေါ်မှာ လှီးလို့ပြီး‌တော့ စုချန်ယန်ရဲ့ပခုံးကို ပုတ်ပြီး သူမရှေ့မှာ သူ့ပန်းကန်ကို ချပေးလိုက်သည်။ သူမရဲ့ပန်းကန်တစ်ဝက်ကိုယူလိုက်ပြီး မလှီးရသေးတဲ့ အသား ကျန်တစ်ဝက်ကို သူ့ရှေ့မှာထားလိုက်သည်။

“အစ်ကိုလင်း…”

“စား” လင်းယွီရဲ့ စကားတွေက တိုတိုတုတ်တုတ်ပင်။ ဒေါသတချို့ရှိနေတာဖြစ်မည် သူက စုချန်ယန်ကိုတောင် မကြည့်ဘဲ အသားကင် တစ်ဝက်ကို လှီးနေသည်။

လင်းယွီရဲ့ လက်ချောင်းတွေက ထင်ရှားတဲ့အဆစ်တွေနဲ့ ဆွဲဆောင်မှုရှိလှသည်။ သု့ရဲ့ အကင်လှီးနေတဲ့ လှုပ်ရှားမှုတွေက မျက်စိ ပသာဒရှိလှသည်။

စုချန်ယန်က နာနာခံခံနဲ့ ခေါင်းညိတ်လိုက်ပြီး သူမဘေးနားက တူကို ကောက်ကိုင်လိုက်ကာ အရသာရှိမယ်ထင်ရတဲ့ ငါးအသားတချို့ကို ယူလိုက်ပြီး သူ့ပန်းကန်ထဲ ထည့်လိုက်ကာ ရတနာတစ်ခုလိုမျိုး ပူဇော်လိုက်သည်။ “ရှင်လည်း စားသင့်တယ်။ ရှင်ဒီနေ့နေ့လည် သိပ်မစားထားဘူး"

လင်းယွီရဲ့အမူအရာမှာ နည်းနည်းပျော့သွားသည်။ နောက်တော့ စုချန်ယန်အရှေ့မှာဘဲ မကုန်သေးတဲ့ အသားကင်တစ်ဝက်ကို ပါးစပ်ထဲသို့ထည့်ကာ ဖြည်းညှင်းစွာဝါးလိုက်သည်။

စုချန်ယန်မှာ အေးခဲသွားပြီး သူမရဲ့မျက်နှာမှာ ချက်ချင်းနီရဲလာသည်။ သတိထားမိသွားမှာကြောက်လို့ သူမခေါင်းငုံ့ထားလိုက်သည်။

သူ့ပါးစပ်ထဲ အစာကို မျိုချလို့ပြီးတော့ လင်းယွီက မထူးခြားနားစွာနဲ့ ပြောလာသည်။ "မင်း လွယ်လွယ်နဲ့ရှက်နေရင် အနာဂတ်ကျ ရည်းစားထားရင် ဘယ်လိုလုပ်မှာလဲ?"

စုချန်ယန် - “…”

လင်းယွီက ရှင်းရှင်းလင်းလင်းကိုဘဲ “သူနဲ့ ရည်းစားဖြစ်သွားရင်" လို့မပြောဘဲ "ရည်းစားထားတဲ့အခါကျရင်" လို့ပြောခဲ့ပေမယ့် စုချန်ယန်ကတော့ သူမပါးပြင်တွေ ပိုပူလာသလို ခံစားရပြီး ဆက်ပြောလာမယ့် လင်းယွီရဲ့ပါးစပ်ကို ပိတ်ထားလိုက်ချင်သည်။

လင်းယွီမှာလည်း ဒီလိုမျိုး ကျီစယ်တတ်တဲ့ဘက်ခြမ်းရှိတာ အရင်က သူမဘာလို့ သတိမထားမိရတာလဲ!

ရှောင်လုပြောခဲ့သလိုဘဲ သူက ဉာဏ်နီဉာဏ်နက်များတဲ့သူဘဲ။

ဟန်စုန့်ရွှယ်နဲ့ ကျန်းရှစ်ချီတို့က တစ်ဖက်မှာထိုင်နေကြတာဖြစ်သည်။ လင်းယွီက လှီးထားတဲ့ အသားကို စုချန်ယန်ရှေ့ချပေးတဲ့အချိန် နှစ်ယောက်စလုံးက ဗိုက်ဆာဆာနဲ့ထိုင်ပြီး မျက်တောင်မခတ်ဘဲ စုချန်ယန်ကို ကြည့်နေကြသည်။

သူတို့ရဲ့ အပြန်အလှန် တုံ့ပြန်မှုတွေကို နှစ်ယောက်စလုံး မျက်မြင်တွေ့လိုက်ရပြီးတော့ တံတွေးမျိုချပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

“အင်း…”

ဟန်စုန့်ရွှယ် - “သူတို့ကြားထဲမှာ ဘာမှမရှိဘူးလို့ ငါပြောရင် နင်ယုံမလား?"

ကျန်းရှစ်ချီက ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

အကြည့်ချင်းဖလှယ်ပြီးတဲ့နောက်၊ နှစ်ယောက်သား သူတို့ရဲ့တစ်ဖက်မှာ ရှိတဲ့ စုချန်ယန်ကို ပြန်ကြည့်လိုက်သည်။

စုချန်ယန်ရဲ့ နားရွက်တွေက နီရဲလာပြီး ခေါင်းငုံ့ကာ ပန်းကန်ပြားပေါ်က အသားအတုံးသေးသေးလေးတွေကို ကိုက်လိုက်သည်။ လင်းယွီက တဖြည်းဖြည်း မျက်လွှာပင့်ကြည့်လာပြီး အံ့သြမှုမရှိဘဲ သူတို့ကို ကြည့်လိုက်သည်။ သူ့မှာ ဖုံးကွယ်ဖို့ ရည်ရွယ်ချက် မရှိပေ။ အဲဒီအစား သူက သူတို့ကို ပွင့်ပွင့်လင်းလင်း ပြုံးပြလိုက်သည်။

သူတို့နှစ်ယောက်လုံး - “…”

အရာအားလုံးက သူ့ထိန်းချုပ်မှုအောက် ရောက်နေသလိုဘဲ!

နောက်ဆုံး အေးအေးဆေးဆေး စားသောက်လို့ပြီးတော့ လမ်းတစ်ဖက်က KTV ဆီပြောင်းကြသည်။

စုချန်ယန်က သီချင်းတွေနဲ့ သိပ်မရင်းနှီးသလို အခြားသူများကလည်း သူမကို ခက်ခဲအောင် မလုပ်ပါချေ။ သီးသန့်ခန်းထဲကို ဝင်လိုက်တာနဲ့ စုချန်ယန်က အရင်ကလိုဘဲ ခွေနေဖို့ ဘယ်သူမှမရှိတဲ့ ထောင့်တစ်နေရာကို ရှာလိုက်သည်။ သို့ပေမယ် သူမထောင့်နားဆီ သွားဖို့ ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ သူမ ညာလက်ကို တစ်‌ယောက်‌ယောက်က ကိုင်လိုက်သည်။ သူမ လှည့်ကြည့်လိုက်တော့ လင်းယွီကို တွေ့လိုက်ရသည်။

လင်းယုက သူမကို မကြည့်၊ သူက စုန့်မင်ကန် ရယ် တခြားသူတွေနဲ့ စကားစမြည်ပြောနေသည်။ စုချန်ယန်က သဘောအလျောက် သူ့အနောက်ကနေ လိုက်သွားပြီး ဆိုဖာအလယ်မှာ အတူတူထိုင်တာနဲ့အဆုံးသတ်သွားသည်။

သူတို့က သောက်စရာတချို့ကို မှာထားကြသည်။ မိန်းကလေးတွေက တစ်ဖက်မှာ သောက်စရာတွေ ပေးပြီး သီချင်းဆိုနေတုန်းမှာ ယောကျ်ားလေးတွေကတော့ သောက်နေကြသည်။

"ချန်ယန်၊ နင်လည်း နည်းနည်းသောက်ချင်လား?"

စုချန်ယန်က ခေါင်းခါလိုက်ပြီး "ငါမသောက်ဘူး"

နောက်တော့ သူမက လင်းယွီကို လှမ်းကြည့်လိုက်သည်။

တစ်ဖက်လူက ပြုံးပြီး ပြောလာသည်။ “သူ့အစား ကိုယ်သောက်ပေးမှာ"

စုန့်မင်ကန် နဲ့ အခြားလူတွေက တစ်ခုခုကို သတိပြုမိသွားသလားမသိ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။

ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းမှာ တစ်ယောက်ပြီးတစ်ယောက် လင်းယွီအတွက် အရူးအမူး ထည့်ပေးလာကြသည်။ သီးသန့်ခန်းထဲဝင်ပြီး ဆယ်မိနစ်အတွင်းမှာပင် လင်းယွီမှာ ဘီယာသုံးခွက်ထက်မနည်း ချပြီးသွားပြီဖြစ်သည်။

အရက်သောက်တာက သူ့ကို သိပ်ပြီး မထိခိုက်စေသလို သူပစကားလည်း မပြောပေ။ တစ်ယောက်ယောက် ထည့်‌ေပးသမျှ သူသောက်သည်။ စုချန်ယန်က သူ့ဘေးမှာထိုင်ကာ တစ်ခွက်ပြီးတစ်ခွက်သောက်နေတဲ့သူ့ကို နည်းနည်းစိုးရိမ်နေပုံရသည်။ ရှောင်လုကို လာလို့ရမလားလို့မေးမလို့ သူမဖုန်းကိုထုတ်လိုက်သည်။ သူမ ဖုန်းကိုဖွင့်လိုက်တာနဲ့ လင်းယွီက သူ့လက်ကို စခရင်ပေါ်တင်လိုက်ပြီး သူမကိုကြည့်ခွင့်မပေးချေ။၊

စုချန်ယန်မော့ကြည့်လိုက်သည်။ လင်းယွီက ချီဖုနဲ့ တိတ်တဆိတ် စကားပြော‌နေပြီး သူမဘက်ကိုတောင် မကြည့်နေပေ။ ဒါကိုသူ ဘယ်လို သတိထားမိမှန်း သူမ မသိပေ။

"အစ်ကိုလင်း ရှင်သောက်တာ မရပ်တော့ဘူးလား?" စုချန်ယန်က သု့အင်္ကျီလက်ကို ဆွဲလိုက်ပြီး တိုးတိုးလေးပြောလာသည်။

လင်းယွီခေါင်းလှည့်လာကာ သူမကို ကြည့်လိုက်သည်။ သူရဲ့ သစ်အယ်သီးရောင် သူငယ်အိမ်တွေက တစ်ချက်ကြည့်ရုံနဲ့တင် စုပ်ယူနိုင်လောက်အောင် ခံစားချက်ကင်းမဲ့ကာ နက်ရှိုင်းလှတဲ့ ရေကန်တွေလိုပင်။

"ရတယ်၊ မနက်ဖြန် ကိုယ့်အလုပ်မထိခိုက်ဘူး"

စုချန်ယန် - “…”

“ကိုယ့်မှာ ချောကလက် ရှိသေးတယ် မင်း လိုချင်သေးလား?" လင်းယွီက သူ့အိတ်ကပ်ထဲလက်ထည့်လိုက်ပြီး အပိုင်းနှစ်ပိုင်းကို ယူကာ စုချန်ယန်ရဲ့လက်ထဲ ထည့်‌ပေးလိုက်သည်။ အခြားသူတွေရဲ့လက် သောက်ပြီးတဲ့အခါ နွေးထွေးသလို ခံစားရပေမယ့် လင်းယွီရဲ့လက်ကတော့ အေးခဲလာသည်။

“ဒီနေ့ စိတ်အခြေအနေကောင်းနေလို့ နည်းနည်းသောက်ချင်နေတယ်။ မင်း ကိုယ်နဲ့ခဏလောက် နေပေးမလား?" လင်းယွီက ပြတ်တောင်းပြတ်တောင်းနဲ့ပြောလာသည်။ ဒီအတောတွင်းမှာ သူသုံး၊ လေးပုလင်းလောက် ကုန်သွားပြီဖြစ်သည်။ သူ့မျက်နှာမှာ မသိသာနေပေမယ့် သူနည်းနည်း မူးနေပြီမှန်း စုချန်ယန်ခံစားရသည်။

"ရှောင်လုကို ဒီကိုလာခဲ့ဖို့ ကျွန်မ မက်ဆေ့ခ်ျပို့လိုက်ဦးမယ်"

လင်းယွီက "အမ်းး" လို့ ဝိုးတဝါးနဲ့တုံ့ပြန်လာပြီး သူတို့အဖွဲ့နဲ့ ဆက်သောက်ဖို့ ခေါင်းလှည့်သွားသည်။

သူတို့ရဲ့ တည်နေရာကို တောင်းလာတဲ့ ရှောင်လုဆီ စုချန်ယန် WeChat မက်ဆေ့ချ် ပို့ပေးလိုက်သည်။

လင်းယွီကသူမကို ရောင်းလိုက်ကြောင်း ရှောင်လုမသိသေးတဲ့ပုံပင်။ သူမက စုချန်ယန်နဲ့ WeChatမှာ ဟန်ဆောင်နေဆဲဖြစ်ပြီး သူမက သူတို့ကိုကြိုဖို့ မသောက်ခဲ့ကြောင်း ပြောလိုက်သေးသည်။ သူမက စုချန်ယန်နဲ့ လင်းယွီ တို့ကို သင့်မြတ်စေချင်သည်။

စုချန်ယန်က ရယ်ချင်ပေမယ့် ချက်ချင်း ထုတ်မပြပါချေ။ ရှောင်လုက သရုပ်ဆောင်နေတဲ့နေရာမှာ ဈာန်ဝင်လာပြီး သူမရဲ့လုပ်အားတန်ဖိုးကို လင်းယွီဘယ်လိုအမြတ်ထုတ်ကြောင်း မကျေမနပ်တိုင်တန်းသည်။

စုချန်ယန်မှာ မတတ်နိုင်ဘဲ ပြုံးလိုက်ပြီး သူမရဲ့ဘယ်ဘက်လက်ကို ဘေးဘက်ချလိုက်တဲ့အချိန် ရုတ်တရက် အေးခဲနေတဲ့ အရာတစ်ခုနဲ့ ထိမိသွားပြီး အလိုလို တွန့်ဆုတ်သွားသည်။

နောက်ဆုံးမှာ အဲ့ဒါက လင်းယွီရဲ့ ညာလက်ဖြစ်ကြောင်း သိလိုက်ပြီး သူမရဲ့ဖယ်ဖို့လုပ်နေတဲ့ လှုပ်ရှားမှုတွေကိုရပ်လိုက်သည်။

သူ့လက်ဖဝါးက စုချန်ယန်ရဲ့လက်ကောက်ဝတ်ကိုပွတ်တိုက်သွားပြီး သူမ မခုခံတာကို အတည်ပြုပြီးတဲ့နောက်မှာ၊ သူ့လက်ကို ဖြည်းဖြည်းချင်းရွှေ့လာပြီး လက်ဖဝါးချင်းထိကာ လက်ချောင်းတွေကို သွယ်ယှက်လိုက်သည်။

စုချန်ယန်က တည်ငြိမ်နေကာ သူ့လက်နဲ့သူမလက်တို့ တိတ်တဆိတ် သွယ်ယှက်ထားရင်း ဖုန်းစခရင်ကိုကြည့်နေသည်။

All Chapters