← Chapters

အခန်း ၁၄၁

Vol. 11 Ch. 141

အခန်း ၁၄၁

Vol. 11 Ch. 141

စုချန်ယန်မှာ ချစ်ကြိုက်ဖူးတဲ့ မိန်းကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ဖူးသည်။

သူမက ဇာတ်ကောင်ရဲ့အတွင်းစိတ်အတွေးတွေကို မှန်းဆဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပြီး အဲ့ဒီထဲမှာ နှစ်မြှုပ်သွားကာ ဘယ်တုန်းကမှ မကျရှုံးဖူးပေ။ ဒါရိုက်တာရော၊ ပရိတ်သတ်ရော သူမကိုယ်တိုင်ပါ သူမသရုပ်ဆောင်တာကို အရမ်းကျေနပ်မိသည်။

ဒါပေမယ့် ဒီအချိန်မှာတော့ စုချန်ယန်အနေနဲ့ ဇာတ်ကောင်ရဲ့ အတွင်းစိတ်တွေကို နားလည်ပေမယ့် ဒီစိတ်လှုပ်ရှားမှုကို သူမ မခံစားနိုင်ရဘူးဆိုတာ သိလိုက်ရသည်။

သူမရဲ့ ဘယ်ဘက်လက်ကို တစ်စုံတစ်ယောက်ရဲ့ လက်ဖဝါးထဲမှာ ဆုပ်ကိုင်ခံထားပြီး နွေးထွေးမှုက သူမနှလုံးသားဆီ စီးဆင်းနေပုံရသည်။ ဆူဆူညံညံ သီးသန့်ခန်းထဲက အသံတွေအားလုံး သူမဆီကနေ ပျောက်ကွယ်သွားသည်။ ရောယှက်နေတဲ့ လက်ချောင်းတွေက အခုအချိန် သူမရဲ့ အာရုံထဲမှာ တစ်ခုတည်းသာရှိနေသည်။

တစ်ခဏလောက် သူမမှာ ကမ္ဘာတစ်ခုလုံးရှိနေသလို မူးဝေသလိုခံစားလိုက်ရသည်။

ဖော်မပြနိုင်တဲ့ ချစ်ခြင်းမေတ္တာ၊ ဒီပတ်ဝန်းကျင်မှာရှိတဲ့ သေးငယ်တဲ့ ရင်းနှီးမှုက သူမရင်ထဲ ပျော်ရွှင်နေတာ ပေါက်ကွဲထွက်တော့မလိုပင်။

တကယ်လို့ အတိတ်က ခက်ခဲမှုတွေက သူမကို အခုလို ချိုမြိန်တဲ့ အခိုက်အတန့်ဆီ ပို့ဆောင်ပေးခဲ့မယ်ဆိုရင်၊ သူမ ထပ်ရွေးချယ်ရမယ်ဆိုရင်တောင်မှ စုချန်ယန်အနေနဲ့ မိဘမရှိတဲ့ စုချန်ယန်ဖြစ်ဖို့ ရွေးချယ်ဦးမှာပင်။

သီးသန့်ခန်းရထဲရှိ လေထုမှာ ပိုပိုပူလာသည်။ လင်းယွီက သူတို့နဲ့ ပျော်ပျော်ရွှင်ရွှင်သောက်ပြီးရင်းသောက်နေကာ သူမရဲ့လက်ကိုလည်း မလွှတ်ပေးချေ။

အင်္ဂလိပ်သီချင်း စဖွင့်တဲ့အခါ မူလက ဆူညံနေသော ကိုယ်ပိုင်အခန်းသည် ပိုလို့တောင် ဂနာမငြိမ်ဖြစ်လာသည်။

"ဝိုး!"

“<Love Story>! ဒီသီချင်းကို ဘယ်သူတောင်းတာလဲ?"

"လေထုက နည်းနည်းတော့ အဆင်မပြေဘူး ဟားဟား"

စုချန်ယန်မှာ စိတ်မငြိမ်မသက်ဖြစ်နေတဲ့ လူအုပ်ကို နားမလည်တဲ့ အမူအရာနဲ့ ကြည့်လိုက်သည်။

လင်းယွီက သူမလက်ကို ညင်ညင်သာသာ ညှစ်လိုက်ပြီး သူ့လက်ချောင်းတွေနဲ့ သူမရဲ့လက်ဖမိုးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ စုချန်ယန် သူ့ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။

လင်းယွီက အရက်အများကြီး သောက်ထားပြီး ဆိုဖာကို မှီထားကာ သူ့အကြည့်းတွေက နည်းနည်းမှုန်ဝါးနေပြီး စုချန်ယန်ကို တည့်တည့်စိုက်ကြည့်နေသည်။

စုချန်ယန်က သူ့နှုတ်ခမ်းတွေ လှုပ်နေတာ သတိထားမိပေမယ့် သူတို့အနီးနားက လူအုပ်ကြီးကြောင့် သူမကြားရဖို့ခက်ခဲနေသည်။

တခြားသူတွေက ဒီသီချင်းကို ကြားပြီး စိတ်လှုပ်ရှားနေပုံရကာကျယ်လောင်စွာ ဆိုနေကြသည်။

သူမနဲ့လင်းယွီတို့ရှိနေတဲ့ ထောင့်ကဘဲ တိတ်ဆိတ်နေသည်။

စုချန်ယန်မှာ မနေနိုင်ဘဲ သူ့အနား ကပ်လိုက်သည်။ လင်းယွီရဲ့အသက်ရှုသံမှာ အရက်နံ့သင်းသင်းလေးနဲ့ ရောစပ်နေသည်။ စုချန်ယန်က များသောအားဖြင့် ဒီအနံ့ကို မကြိုက်ပေမယ့် လင်းယွီဆီကနေ ထွက်လာတဲ့အခါမှာတော့ သူမမှာ မသောက်ဘဲ မူးသလိုခံစားရသည်။

“<Live Story>” လင်းယွီက တိုးတိုးလေးပြောလိုက်သည်။

"ဘာလဲ?" စုချန်ယန်က အရမ်းနီးကပ်နေတဲ့ သူ့မျက်နှာကို ကြည့်ပြီး အင်္ဂလိပ်စာလေ့လာဖို့ သူမအချိန်မရခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိသည်။

“ဒီသီချင်းရဲ့ နာမည်က <Love Story>လေ၊ ရိုမီယိုနဲ့ ဂျူးလိယက်အကြောင်း"

စုချန်ယန်က ညှို့ယုခံလိုက်ရသလိုမျိုး သူ့ကိုကြည့်နေသည်။

"Romeo, take me somewhere we can be alone"

လင်းယွီရဲ့ ဩရှလေးနက်တဲ့အသံက စုချန်ယန် နားမလည်ပေမယ့် အရမ်းနှစ်သက်စရာကောင်းတဲ့ အင်္ဂလိပ်စာကြောင်းတစ်ကြောင်းကို ရွတ်လာသည်။

"ရိုမီယို၊ ငါတို့နှစ်ယောက်ထဲရှိမယ့်နေရာကို ခေါ်သွားပေးပါ"

“l’ll be waiting all there’s left to do is run"

“ငါစောင့်နေပါ့မယ် ဘာမှမတတ်နိုင်တော့ရင်လည်း ထွက်ပြေးကြတာပေါ့"

လင်းယွီက သူမနားနားမှာ သူမနားမလည်တဲ့ သီချင်းစာသားတစ်ကြောင်းချင်းစီကို ဘာသာပြန်ပေးသည်။ သူက စုချန်ယန်ကို ရှုပ်‌ထွေး‌နေပေမယ့် စိတ်အားထက်သန်နေတဲ့ အကြည့်ဖြင့် ကြည့်နေသည်၊ သူရဲ့ နက်နဲတဲ့ သူငယ်အိမ်တွေက သူမကို စွဲဆောင်လုနီးပါးဖြစ်နေပြီး သူမ အနေနဲ့လွတ်မြောက်ဖို့ ခဲယဉ်းသွားစေသည်။

ဒီကမ္ဘာမှာ ဘယ်လိုလုပ် ဒီလောက် စွဲမက်ဖွယ်ကောင်းတဲ့ လူရှိနေရတာလဲ?

"ဒီသီချင်း နောက်ခံနဲ့ လူတော်တော်များများက propose လုပ်ရတာ ကြိုက်ကြတယ်ဆိုတာ မင်းသိလား?" သူက စုချန်ယန်ကို ကြည့်နေရင်းသူ့မြင်ကွင်းကနေ ထွက်သွားဖို့ မလိုလားနေချေ။

“Marry me” လို့ ရုတ်တရက် သူပြောလာသည်။ စုချန်ယန် နားမလည်နိုင်‌ပေ - လင်းယွီက ခုနကလို ဘာကိုဆိုလိုလဲဆိုတာ ပြောပြမယ်လို့ သူမထင်လိုက်သည်။ ဒါပေမယ့် လင်းယွီက ပြောပြီးသွားတော့ စုချန်ယန်ကို ဘာမှမတုံ့ပြန်ဘဲကြည့်နေသည်။

စုချန်ယန် နည်းနည်း စိတ်ရှုပ်သွားပေမယ့် လင်းယွီရဲ့ နှုတ်ခမ်းနည်းနည်း လှုပ်လိုက်တာကို တွေ့လိုက်သည်။

သူ မကြားဖူးတဲ့ စကားကို သူပြောလိုက်တယ်လို့ထင်ပြီး သူ့နား ကပ်လိုက်သည်။

စုချန်ယန်က ဘာခုခံမှုမှမရှိဘဲ သူ့အနားကပ်လာပြီး သူ့ပခုံးကို မှီလာကာ သူမရဲ့အနွေးဓာတ်က သူတို့ရဲ့အဝတ်အစားတွေကနေတစ်ဆင့် ပျံ့နှံသွားတာကို လင်းယွီကြည့်နေရင်း နောင်တရသွားသည်။ သူ အရက်မသောက်ခဲ့သင့်ဘူး၊ KTV မှာ မပေါ်လာသင့်ဘူး၊ ဒီသီချင်းကိုလည်း နားမထောင်လိုက်သင့်ဘူး၊ တခြားလူတွေအားလုံး ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေချိန် စုချန်ယန်ကို ချောင်ပိတ်ထိုင်ဖို့ မဆွဲခေါ်လိုက်သင့်ဘူး။

စုချန်ယန်က သူက ကံကောင်းစေတယ်လို့ အမြဲပြောခဲ့ပေမယ့် တကယ်တော့ သူကိုယ်တိုင်က သူ့ကံကို သူမဆီ တွန်းပေးနေတာပင်။

ဒီအချိန်မှာတော့ သူ့ရဲ့စိတ်ရှည်သည်းခံမှုဟာ ကန့်သတ်ချက်ကျော်သွားပြီ။

ဒီအရာက အရင်းနှီးဆုံးလူတွေသာ လုပ်လို့ရတယ်ဆိုတာကို သူသိပေမယ့် ကျွမ်းရိယွင်က ဘာခုခံမှုမှမရှိဘဲ သူ့ကိုမှီလာတော့ အရက်ရီဝေဝေ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး သူခေါင်းငုံ့ကာ စုချန်ယန်ရဲ့ နည်းနည်းဟနေတဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်သည်။ .

နူးညံ့တဲ့ နှုတ်ခမ်းတွေက ချိုမြိန်တဲ့ ဂျယ်လီတုံးလေးတွေလို ခံစားရပြီး ကိုက်စားလိုက်ချင်ပေမယ့် မဝံ့မရဲ ဖြစ်ရသည်။

သူက သူ့နှုတ်ခမ်းထောင့်ကို လျက်လိုက်ပြီး သူတို့နှုတ်ခမ်းတွေ ထိလိုက်လိုက်ချင်း စုချန်ယန်ကိုယ်က ချက်ချင်း အေးခဲသွားတာကို ခံစားလိုက်ရသည်။ သို့ပေမယ့် အရက်က သူ့ရဲ့ အာရုံကြောတွေနဲ့ ကျိုးကြောင်းဆီလျော်မှုကို ထုံကျဉ်စေပြီး သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။

အရသာကို မြည်းစမ်းရင်း သူ့လျှာကို သွားကြားက အဟလေးထဲလျှောချလိုက်သည်။

စုချန်ယန်ရဲ့ ညာလက်က ဖုန်းကို ကိုင်ထားပြီး ဖုန်းကသူမပေါင်ပေါ်လှိမ့်သွားသည်။ သူမအနီးမှာရှိနေတဲ့ လင်းယွီကို စုချန်ယန် အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက နည်းနည်းမှိတ်ထားပြီး သူ့မျက်တောင်ရှည်တွေက ယပ်တောင်တွေလိုပင်။ သူ့နှုတ်ခမ်းတွေနဲ့ သွားတွေရဲ့ နွေးထွေးမှုက သူမခေါင်းကို ပူထူသွားစေပြီး ထူးဆန်းတဲ့အသက်ရှူသံက သူမပါးစပ်ကနေထွက်လာသည်။

သီချင်းသံအောက်မှာ လင်းယွီက သူမရဲ့ အသံအားလုံးကို ဝါးမြိုလိုက်သည်။

လူအုပ်ကြီးက သူတို့ကြားက ဖုံးကွယ်ထားတဲ့ ရှုပ်ထွေးမှုတွေကို သတိမထားမိပေ။

စုချန်ယန်ညအသိပြန်ဝင်လာတော့ သူမစိတ်ထဲတွင် ကွက်လပ်ဖြစ်နေသည်။ သို့ပေမယ့် သူမရဲ့ကျိုးကြောင်းဆီလျော်မှုက‌တော့ ဒီအရာက မှန်ကန်တဲ့နေရာမှာ မဟုတ်သလို လင်းယွီလည်း မူးနေသည်လို့ ပြောနေသည်။

သူမက လင်းယွီရဲ့ ရင်ဘတ်ကို တွန်းဖို့ ညာလက်ကို သုံးလိုက်ပေမယ့် ချက်ချင်းဘဲ သူရဲ့ဘယ်လက်နဲ့ဆုပ်ကိုင်ခံလိုက်ရသည်။

လင်းယွီ သူ့ခန္ဓာကိုယ်နဲ့ သူမကိုတဖြေးဖြေး ဖိလိုက်သည်။ သူ့မှာ အတွေ့အကြုံ သိပ်မရှိပေ၊ သူကစုချန်ယန်ရဲ့ ဝင်ထွက်သက်ထွက်ကို စုပ်ယူဖို့ ဗီဇကိုသာ အားကိုးသည်။

စုချန်ယန်မှာ သီချင်းက ပြီးခါနီးပြီဆိုတာ သဘောပေါက်လိုက်သည်။ သူများတွေ သိသွားရင်မကောင်းပေ။ လင်းယွီက အခုမူးနေတာကြောင့် သူ့လုပ်ရပ်တွေကို အလေးအနက်ထားဖို့ မလိုပါချေ။ လင်းယွီအိပ်ပျော်သွားလို့ မနက်ဖြန် နိုးလာတဲ့အခါ သူမတို့အနေနဲ့ သာမာန်သူငယ်ချင်းတွေအဖြစ်နဲ့ ဘာမှမဖြစ်သလို သူမ ဟန်ဆောင်‌ရုံပင်။

စုချန်ယန်အနေနဲ့ လင်းယွီကို နောင်တရဖို့ အခွင့်အရေးပေးချင်သည်။

ဒါပေမယ့် လင်းယွီရဲ့ ခွန်အားက အရမ်းကြီးပြီး စုချန်ယန်မှာ မလွတ်မြောက်ပါချေ။ နောက်ဆုံး လင်းယွီရဲ့လျှာကို ပြင်းပြင်းထန်ထန် ကိုက်လိုက်ရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။

စူးရှတဲ့ နာကျင်မှုက လင်းယွီရဲ့ အာရုံကြောတွေကို နှိုးဆွပေးလိုက်ပြီး သူတို့ရဲ့ နှုတ်ခမ်းတွေနဲ့ သွားကြားတွင် သွေးနံ့တွေ စိမ့်ဝင်လာသည်။

လင်းယွီမှာ ခဏလောက် ကြောင်အသွားပြီး သူ့ပတ်ဝန်းကျင်က အသံတွေနဲ့ ကျိုးကြောင်းဆီလျော်မှု အားလုံးကို နာကျင်မှုက‌နေ သတိပြန်လည်လာသည်။ သူ မျက်လုံးဖွင့်လိုက်မှ စုချန်ယန်မှာ သူ့ရင်ခွင်ထဲ ရုန်းကန်နေရတာကို သိလိုက်ရသည်။

“ဘမ်း!”

တချိန်က တိတ်ဆိတ်နေတဲ့ သီးသန့်ခန်းက ရုတ်တရက် ကျယ်လောင်တဲ့ အသံထွက်လာကာ အားလုံးက တညီတညွတ်တည်း အော်ဟစ်ပြီး ခေါင်းကို လှည့်လာကြသည်။

လင်းယွီမှာ လန့်သွားပြီး ထရပ်ကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်တော့ အနီးနားက စားပွဲကိုဝင်တိုက်မိကာ ကြမ်းပြင်ပေါ် သောက်စရာတွေ ဖိတ်ကျသွားသည်။ ကံကောင်းထောက်မစွာနဲ့ သီးသန့်ခန်းထဲက အလင်းရောင်က သိပ်မလင်းတာကြောင့် သူ့ပါးစပ်ထောင့်က လတ်ဆတ်တဲ့သွေးတွေကို ဘယ်သူမှ သတိမထားမိပေ။

သူဘာတွေလုပ်နေတာလဲ... သူဘာလုပ်လိုက်မိတာလဲ...

ချန်ယန် ရဲ့ဆန္ဒကိုဆန့်ကျင်ပြီး သူမကို နမ်းခဲ့မိတာလား? ဒီလိုကြမ်းတမ်းတဲ့ပုံစံနဲ့လေ?

လင်းယွီမှာ လုံးဝအံ့အားသင့်သွားသည်။

စုချန်ယန်မှာ သူဒီလောက်ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ မမျှော်လင့်ထားတဲ့အတွက် သူ့ကို နာအောင်လုပ်မိလိုက်တယ်လို့ ထင်သွားသည်။ “အစ်ကိုလင်း…”

“တောင်းပန်ပါတယ်…” လင်းယွီက သူမစကားကို ဖြတ်ပြောလိုက်ပြီး လှည့်လိုက်ကာ သီးသန့်ခန်းထဲကနေ ထွက်သွားတဲ့သူ့ပုံစံက ဝရုန်းသုန်းကားဖြစ်နေသည်။

"မစ္စတာလင်း!” စုချန်ယန်မှာ သူအလွန်အမင်း အရက်မူးပြီး မတော်တဆဖြစ်မှာ စိုးရိမ်သွားပြီး အနောက်ကနေ လိုက်သွားလိုက်သည်။

“မစ္စ…”

Bartender က စိတ်ရှုပ်ထွေးစွာနဲ့ ဖြတ်သွားတဲ့ လူကို ကြည့်လိုက်သည်။ သူ့မှာ ရှုပ်ထွေးနေပုံရပြီး သူရောက်နေတဲ့နေရာမှာ ရုန်းမထွက်နိုင်ပေမယ့် သူလိုချင်တာ အားလုံးက အဲဒီနေရာကို ထွက်သွားဖို့ပင်။

သူရူးသွားတာလား...?

ဘယ်လိုလုပ် ချန်ယန်ကို ဒီလိုမျိုး အတင်းအကြပ်လုပ်ရတာလဲ.....

နောက်ဆုံးမှာတော့ ချန်ယန်ဆီကနေ ချစ်ခြင်း အရိပ်အယောင်လေးခံစားခဲ့ရတာကို သူက ဒီလိုမျိုး ဖျက်စီးပစ်လိုက်မိတယ်။

စုချန်ယန်က လင်းယွီနောက်ကနေ လော်ဘီကိုလိုက်သွားတဲ့အခါ ဘာအရိပ်အယောင်မှမတွေ့ရပေ။ ဟန်စုန့်ရွယ်နဲ့ တခြားသူတွေက ဘာဖြစ်သွားမှန်း မသိကြဘဲ စုချန်ယန် နောက်ကနေ ပြေးထွက်လာကြပြီး သူမရဲ့ စိတ်ရှုပ်ထွေးနေပြီး ပါးစပ်ထောင့်က သွေးကိုမြင်တော့ သူတို့ ချက်ချင်း စိုးရိမ်တကြီးနဲ့ မေးလိုက်ကြသည်။ “ဘာဖြစ်သွားတာလဲ?"

စုချန်ယန်မှာ အဖြေပေးဖို့ အချိန်မရှိပေ။ အရက်အလွန်အကျွံသောက်ပြီး အလျင်အမြန်ထွက်သွားတဲ့ လင်းယွီ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?

"မန်နေဂျာလင်းက နင့်ကို ရိုက်ခဲ့လို့လား? ဒါက မဖြစ်နိုင်ဘူး” ဟန်စုန့်ရွယ်က မျက်မှောင်ကြုတ်လိုက်သည်။

စုချန်ယန်က စိုးရိမ်တကြီးနဲ့ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "မဟုတ်ဘူး၊ သူ့ကို အရင်ရှာပေးပါဦး"

"တင်—"

စုချန်ယန် အရမ်းစိုးရိမ်နေချိန် မက်ဆေ့ခ်ျတစ်စောင်ဝင်လာသည်။

ဒီလိုမျိုး ထွက်သွားမိတာကြောင့် စုချန်ယန်စိတ်မပူစေဖို့ အကြံရလိုက်ပြီး လင်းယွီ သူမဆီ မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်သည်။ သူ့စိတ်တွေ ကမောက်ကမဖြစ်နေပြီး မူးနေတဲ့အတွက် စာတွေကလည်း ကမောက်ကမဖြစ်နေသည်။

“ကိုယ် တက္ကစီစီးပြီး ပြန်သွားပြီး တောင်းပန်ပါတယ်၊ တကယ့်ကို တောင်းပန်ပါတယ်။ ကိုယ်တို့ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လို့ရမလား? အချိန်ကောင်းလေးတွေရပါစေ စိတ်မပူပါနဲ့"

စုချန်ယန် သူမဖုန်းထဲက မက်ဆေ့ခ်ျကို ကြည့်ပြီး သူမရဲ့ အမူအရာက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ဘာမှမဖြစ်သလို ဟန်ဆောင်မယ်? ကောင်းတယ်၊ ကျေးဇူးပဲ၊ ခုနက ဘယ်သူမှ မသိလိုက်လို့ မဟုတ်ရင် လင်းယွီ အိပ်ပျော်သွားတဲ့အခါကျရင် နောင်တရဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး။

"ရှင်တို့အားလုံး အရင်ပြန်သွားကြတော့လေ ကျွန်မချက်ချင်းဝင်လာခဲ့မယ်" စုချန်ယန်က တခြားသူတွေကို ပြောလိုက်သည်။

သူမကိုကြည့်ရတာ အဆင်မပြေတာကိုမြင်တော့ တခြားသူတွေက စိုးရိမ်တကြီးမေးလာသည်။ “အဆင်ပြေရဲ့လား? မန်နေဂျာလင်းရော အဆင်ပြေရဲ့လား?"

စုချန်ယန်က ခေါင်းကို ခါလိုက်ပြီး “သူ အဆင်ပြေပါတယ်။ တက္ကစီစီးပြီး အရင်ပြန်သွားတယ်”

တခြားသူတွေ အံ့ဩသွားကြသည်။ အားလုံးအဆင်ပြေနေတာကို သူဘာလို့ ရုတ်တရက် ပြန်သွားတာလဲ? ပြီးတော့ သူ့နောက်ကျောဘက်မြင်ကွင်းက သူတို့ဆီကနေ ထွက်ပြေးချင်သလို ခံစားရသည်။

"ရှင်တို့အားလုံး အရင်ဝင်ကြတော့လေ" စုချန်ယန်က ပြောလိုက်သည်။

All Chapters